Tuesday, December 4, 2012

စုံစမ်းစစ်ဆေးရေး ကိစ္စကိုအမြန်ဆုံး စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း


  • သပိတ်စခန်း၌ဖြစ်ပွားခဲ့သော ကိစ္စရပ်များ၊ သံဃာတော်များနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်အဖွဲ့ဝင်များ အနေဖြင့် (က) ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် နိုင်ငံတကာပြဌာန်းချက်များ ဆောင်ရွက်သင့်သည့် နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောင်ရွက်နေခြင်းရှိမရှိ၊ (ခ)ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးများ (ဂ) ကြေးနီ စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော် ၊ ပြည်သူလူထုနှင့် အနာဂတ် မျိုးဆက်များအတွက် အကျိုးရှိမရှိ အဖွဲ့ ၃ ဖွဲ့ ဖွဲ့စည်းပြီး တပြိုင်နက် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ယနေ့ လွှတ်တော်ဝန်း I-12 စုံစမ်းစစ်ဆေးရေး ကော်မရှင်ခန်းမ၌ ကျင်းပသော စုံစမ်း စစ်ဆေးရေး ကော်မရှင် ၁/ ၂၀၁၂ အစည်းအဝေးတွင် ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
     
     
     
                                                                                                                                                                                 ဒေါက်တာစိုးခိုင်

No comments: