by Messenger News Journal on Tuesday, December 4, 2012 at 3:58am ·
Friday November 16 2012 နေ့ထုတ် The Biweekly Journal No.33 Vol.5 မှာ ဆရာ ဒေါက်တာ ခင်မောင်ညို ရေးသားတဲ့ 'ကိုယ်ချင်းစာ'နာ'ခဲ့ရပါသည်' ဆောင်းပါးမှာ အလွန်ထိတ်လန့် ရွံရှာ နာကြည်းစရာ ကောင်းတဲ့ အကြောင်းအရာတစ်ခုကို ဖတ်လိုက်ရပါ တယ်။ ဆရာများ၊ ပင်စင်စားများအတွက် လစာငွေနှင့် ပင်စင်ငွေကို Smart card ဖြင့် ထုတ်ရမည်ဖြစ်ပြီး Smart card တစ်ခုကို ကျပ် ၃ဝဝဝ ပေးရမည်။ ဆရာများ ပင်စင်စားများအတွက် ဘယ်လောက်မှ အသုံးမဝင်သည် ကို သိသာထင်ရှားစွာ သက်သေပြနိုင်ပေမယ့် ပင်စင် စား နှစ်သိန်းအတွက် Smart card ဝင်ငွေ ကျပ် သိန်း ခြောက်ထောင် အသားတင်ရသွားပြီး၊ အကယ်၍ ပင်စင် စားနှစ်သန်းရှိလျှင် ကျပ် သိန်းနှစ်သောင်း (သန်းခြောက် ထောင် ဖြစ်ပါလိမ့်မယ်)ရသွားပေမည်ဖြစ်ကြောင်း ရေးသားညွှန်ပြထားသည့် ပြည်သူ့အကျိုးပြု၊ ပင်စင်စား ဟစ်တိုင် ဆောင်းပါးကောင်းတစ်ပုဒ် ဖြစ်ပါတယ်။
အဲဒီ ကျပ်သိန်းခြောက်ထောင်၊ ဒါမှမဟုတ် သိန်း နှစ်သောင်းမှာ ဟိုလမ်းညွှန်မှုခံယူ၊ ဟိုကြီးကြပ်ကွပ်ကဲ မှုနာခံ၊ ဟိုဂါရဝပြု၊ ဟိုလိုအပ်သည်များ လမ်းညွှန်မှာ စားသည်ကို ဆက်သ၊ ဟိုခွဲသည်ဝေ၊ ဟိုပေးဒီကျွေး၊ နောက်ဆုံး မကောင်းတတ်လို့ ဟိုသူ ဒီသူတွေကို အရိုးအရွတ်တွေ ပစ်ပေး၊ ပြီးရင်တောင်မှ အသားတင်အမြတ် Net Profit of Black Mailing ဟာ ကျပ်သိန်းတစ်သောင်း ဒါမှမဟုတ် ကျပ်သိန်းသုံးထောင် တော့ ကျန်မှာပဲ မဟုတ်လား။
ဆက်စပ်တွေးကြည့်လိုက်တော့ လွန်ခဲ့တဲ့ နှစ် အနည်းငယ်က တက္ကစီ အငှားယာဉ်တွေကို မီတာ မတပ် မနေရ တပ်ဆင်ရပါတယ်။ စကတည်းက ဒီမီတာစနစ် ဟာ အလုပ်မဖြစ်မှန်း သက်ဆိုင်ရာကလည်း သိတယ်။ မီတာရောင်းပေး တပ်ပေးတဲ့ ကုမ္ပဏီကလည်း သိတယ်။ Taxi Owner နဲ့ တက္ကစီဆွဲစားသူတွေလည်းသိတယ်။ ယုတ်စွအဆုံး တက္ကစီ စီးသူရော မစီးသူရော ဒီသတင်း ကို ကြားသိရသူ လုပ်သားပြည်သူအပေါင်းလည်း သိ တယ်။ မီတာတွေတပ်ကြရတယ်၊ မဖွင့်ဘူး၊ ခရီးသည် ကလည်း ယောင်လို့တောင် မမေးဘူး။ ရံဖန်ရံခါ စစ်ဆေး ဖမ်းဆီးတယ်လို့ သိရတယ်။ အဲဒီ ဖမ်းဆီးစစ်ဆေးမှု ကနေ သက်ဆိုင်ရာဌာနကို အခွန်တော်ဝင်ငွေ ဘယ် လောက်ရှာပေးနိုင်သလဲ မသိပေမယ့်၊ တက္ကစီမီတာ တစ်လုံးဟာ ကျပ်နှစ်သောင်းလို့ စိတ်ကူးကြည့်မယ် ဆိုရင် တက္ကစီအစီးရေလည်း နှစ်သောင်းလို့ ဥပမာထား စဉ်းစားရင်တောင် ဝင်ငွေ ကျပ်သိန်းလေးထောင်ရနေ ပါပြီ။ အဲဒီအထဲက ဟိုလမ်းညွှန်မှုခံယူ၊ ဟိုကြီးကြပ် ကွပ်ကဲမှုနာခံ၊ ဟိုဂါရဝပြု၊ ဟိုလိုအပ်သည်များ လမ်း ညွှန်မှာစားသည်ကို ဆက်သ၊ ဟိုခွဲသည်ဝေ၊ ဟိုပေး သည်ကျွေး၊ နောက်ဆုံး မကောင်းတတ်လို့ ဟိုဂုတ်ကျား ဒီအောင်နက်တွေကို အရိုးအရွတ်တွေ ပစ်ပေးပြီးရင် တောင်မှ ကျပ်သိန်းနှစ်ထောင်တော့ အသားတင် အသာ လေး ကျန်တာပဲ မဟုတ်လား။
မြန်မာနိုင်ငံမှာ လက်ကိုင်ဖုန်းတွေ ကျပ်သိန်းငါး ဆယ်ကနေ ကျပ်ခြောက်သိန်းပေးမှရမည့် အခြေအနေ မှာ FEC 20 မှ 50 တန် ဖုန်းကတ်တွေ ထုတ်ရောင်း လိုက်တာ သန်းနဲ့ချီပြီး အလုအယက် ဝယ်လိုက်ကြတာ၊ ကတ်တစ်ကတ်မှာ အမြတ် FEC 10 ပဲတွက်ရင် အသုံး ပြုသူဦးရေ ဆယ်သန်းရှိရင်တောင် FEC သန်း (၁ဝဝ) မြတ်လိုက်ပါပြီ။ ဒါနှစ်ပတ် (၁၄)ရက်တစ်ကြိမ် ဝယ်ကြ ရဦးမှာ။ တစ်ခါ ပြည်သူတွေရဲ့ အကျိုးကို အစဉ်အမြဲ ရှေးရှု ဦးစားပေးရမည့် အသိနဲ့ ကျပ် (၅ဝဝဝ) ဖုန်းကိစ္စ တစ်တိုင်းပြည်လုံး ဆူညံလာတဲ့အချိန်မှာ ကျပ်နှစ်သိန်း နှင့် နှစ်သိန်းခွဲ Sim card တွေကို မဟာကရုဏာကြီးစွာနဲ့ အလားတူ ကုမ္ပဏီတွေကနေပဲ တစ်ဆင့် ရောင်းချပေး လာပါတယ်။ (Sim card အလကားပေးသင့်တယ်လို့ထိ ပြောတဲ့ ပညာရှင်တစ်ဦးကတော့ ရက်ပိုင်းအတွင်း ဒုတိယဝန်ကြီးဖြစ်သွားပါတယ်။) လူဦးရေ သန်း (၂ဝ) ဝယ်ရင် ကျပ်နှစ်သိန်းခွဲရဲ့ အဆသန်း(၂ဝ)ကို မသိလို့ မရေးတော့ပါဘူး။ အဲဒီအထဲက ဟိုလမ်းညွှန်မှုခံယူ၊ ဒီကြီးကြပ် ကွပ်ကဲမှုနာခံ၊ ဟိုဂါရဝပြု၊ ဟိုလိုအပ် သည်များ လမ်းညွှန်မှာစားသည်ကို ဆက်သ၊ ဟိုပေး ဒီကျွေး၊ နောက်ဆုံး မကောင်းတတ်လို့ ဟိုသူ ဒီသူတွကို အရိုးအရွတ်တွေ ပစ်ပေးပြီးရင် တောင်မှ အသားတင်အမြတ် အဲ ဘယ်လောက်လဲ မတွက်တတ်တော့ကြောင်းပါ ခင်ဗျာ။
ဆရာ ဒေါက်တာခင်မောင်ညိုက သူ့ရဲ့ ဆောင်း ပါးမှာ ဒီလို နိဂုံးချုပ်ပါတယ်။ စီမံခန့်ခွဲမှုများ မှန်ကန် ပါက ပြည်သူများ စိတ်ချမ်းသာပြီး အလေအလွင့် နည်း ပါးမည်။ (ဒီလိုပြစ်တင် စွပ်စွဲခံရပြီး ဝန်ချတောင်းပန်ဖို့ နဲ့ နုတ်ထွက်ပေးဖို့ ဖိအားပေးခံရတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက ဝန်ကြီချုပ်ကို သနားမိပါရဲ့။ မြန်မာနိုင်ငံ မှာ လာနေပါလား။) Crony များဟုပြောလျှင် မခံချင် ကြပါ။ Cronies များဆိုသည်မှာ အာဏာရှိသူများ၊ လုပ်ပိုင်ခွင့်ရှိသူများနှင့် ပေါင်းစားသူများဖြစ်သည်။ သူတို့သည် ပြည်သူများ အကျိုးကို အဓိကထား ဆောင် ရွက်သူများ မဟုတ်ပါလို့ ဆရာက ရေးထားပါသည်။
လေးစားစွာ ဆွေးနွေးတင်ပြပါရစေ ဆရာခင်ဗျား။ ထိုသူများသည် Cronies များ မဟုတ်ကြပါ။ Shogun များနှင့် Bandits များ လက်ဝါးရိုက် ပူးပေါင်းပြီး စား သုံးသူ ပြည်သူများကို Black mail လုပ်ကြသော Robbers, Sicily Corleones များဖြစ်ကြပါသည်။ စင်စစ် မြန်မာ နိုင်ငံတွင် ယခုအခါ လာဘ်ပေးလာဘ်ယူခြင်းဟူသညI.Q နိမ့်သူများ၊ သို့မဟုတ် မဖြစ်စလောက် လုပ်ပိုင်ခွင့် အာဏာရှိသူများသာ လုပ်ဆောင်တတ်သော အဆင့်မရှိ သည့် Carpet begger လုပ်ရပ်များဖြစ်ပါသည်။ အဆင့်မြင့်နည်း မသမာမှုပြုသော စနစ်မှာ ယခု ဆရာ ရေးသားထားသော Smart card ဥပမာကဲ့သို့ ချောင်ပိတ် ပြီးမှ ကြိုးတုပ်ရိုက်သောနည်း ဖြစ်နေကြပါပြီ။
သုံးလူထွဋ်ထား ရှင်တော်မြတ်ဘုရား ဟောကြား တော်မူသော နတ်နှင့်တကွသော လူတို့၏ စီးပွားချမ်း သာကို ပေးသော မင်္ဂလသုတ် ပရိတ်တရားတော်တွင် ဗာဟုသစ္စဉ္စ သိပ္ပဉ္စ အကြားအမြင်များသော သူ၏ အဖြစ်သည်လည်းကောင်း၊ လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ရခြင်းသည်လည်း ကောင်း၊ အနာကုလာစကမ္မန္တာ အနှောင့်အယှက်မရှိကုန် သော၊ အပြစ်မရှိသော အကြင်အမှုတို့ကို ပြုရခြင်းသည် ၄င်း မင်္ဂလသုတ်မည်၏လို့ ဟောကြားဆုံးမတော်မူကာ လမ်းညွှန် သွန်သင်တော်မူထားပါတယ်။
လောကနီတိကျမ်းမှာ ကြည့်ရင်လည်း အတတ် မရှိသောသူအား ဥစ္စာ အဘယ်မှာ ရှိအံ့နည်း။ အတတ် နှင့်တူသော ဥစ္စာသည်မရှိ၊ ဤလောက၌ အတတ်သည် ကား အဆွေခင်ပွန်းနဲ့ ဖြစ်၏။ ချမ်းသာကို ဆောင်တတ် ၏လို့ ပြဆိုထားပါတယ်။ ဆရာ ဒေါက်တာခင်မောင်ညို ဆောင်းပါးထဲက ဝါသနာ၊ စေတနာ၊ အနစ်နာခံတဲ့ ဆရာ၊ ဆရာမတွေဟာ စာသင်ခြင်း အတတ်နဲ့ တာဝန်ထမ်း ဆောင်ရင်း အသက်မွေးနေကြတဲ့ ပညာရေးဝန်ထမ်းတွေ၊ အတတ်ပညာတစ်ခုကို အမှီပြုပြီး ဝမ်းစာရှာ၊ ဥစ္စာစု နေတဲ့ မင်္ဂလသုတ် အဆုံးအမ ခံယူကြသူ၊ လောကနီတိ ကျမ်းက ပြဆိုတာကို ယုံကြည်သူ သူတော်ကောင်းများ ဖြစ်ကြသလို၊ ဒီနေ့ ကိုယ့်ရဲ့ လက်မှုပညာအတတ်၊ နှုတ် မှုပညာအတတ်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အဋ္ဌာ ရသတစ်ဆယ့်ရှစ်ရပ် အတတ်နဲ့ အသက်မွေးဥစ္စာရှာနေ ကြသူတွေဟာ၊ ကိုယ့်လုပ်အားနဲ့ ထိုက်သင့်တဲ့ ငွေကြေး ဓနကို ရနိုင်ခွင့် ရှိကြပေမယ့် ဆိုခဲ့ပြီးတဲ့ Robber, Bandit, Shogun, Corleones, Big brothers တွေလို နေ့ချင်း ညချင်း၊ ရက်ပိုင်း လပိုင်း အချိန်ကာလအတွင်းမှာ ကျပ် သိန်း ထောင်သောင်းချီပြီး ဘယ်လိုရနိုင်မှာလဲဆရာ၊ ဘုရားဟော မင်္ဂလပရိတ်တော်ကို စော်ကားပစ်ပယ်ပြီး လောကနီတိကျမ်းကို ပါးလိမ်ဆွဲ၊ ခေါင်းပုတ်၊ နားရွက် တံတွေးဆွတ်ကြတဲ့ အဲဒီလို တရားဝင်အမိန့်တော်ရ Licensed to Rob Fortune Terrorists တွေသာ အတတ် ပညာကိုမှ အားကိုးပြု အသက်မမွေးကြပါပဲ ဘီလီယံ နာတွေ၊ ထရီလျံနာတွေ ချက်ချင်းဖြစ်ကြပြီး သူတို့ ကြောင့် အိမ်ဈေး၊ မြေဈေးတွေဟာ မြန်မာနိုင်ငံမှာသာ မဟုတ်ဘဲ စင်ကာပူ၊ နယူးယော့ခ်၊ ဆွစ်ဇာလန်၊ သြ စတြေးလျမှာပါ မိုးထိတိုင်အောင် ဈေးတက်ကုန်ကြတာ ပေါ့။ ဒီလူတွေက Bill Gate ကို ခေါင်းပုတ်၊ Donald Trump ကို ထိပ်ကိုင်၊ Rock Feller ကို ဆင်းရဲသားလို့ ကဲ့ရဲ့မည့် မြန်မာ့ Slumbags, The Fathers of the Sin တွေ ဖြစ်ကြပါတယ်။
ဒီမိုကရေစီ အစိုးရလက်ထက် နိုင်ငံတော်သမ္မတ ကြီး ဦးသိန်းစိန်မိန့်ကြားတဲ့ Clean Government, Good Governance နဲ့ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌတာဝန် ယူထားတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်း ရေးကော်မတီတို့ရဲ့ ကြိုးစားဖော်ဆောင်မှုအောက်မှာ ဒီလို တရားဝင်လိုင်စင်ရ၊ Cronies ထက်ပိုပြီး ဆိုးယုတ်တဲ့ Bandit, Corleone, Big brother တွေကို သုတ်သင်နိုင် ပါစေလို့ မျှော်လင့်ရပါတယ်။
No comments:
Post a Comment