Thursday, August 1, 2013

အဘိဇ္ဈာဖျောက် ပြည်သစ်ရောက်


======================
မရှိသေးသူက
ရှိပြီးသူကို ရှိတာမဖြူစင်
လိမ်လည် မှောက်မှား အဂတိများဟု
မှန်ရာမပြု သန်ရာရှူ လျှက်
ကဲ့ရဲ့ လက်ညှိုးထိုးကြလေတာ
ပြည်မြန်မာ။

ရှိပြီးသူက မရှိသေးသူကို
ဥာဏ်ပညာမွဲ လုံ့ လနည်း၍
ဆင်းရဲဖန်တာ နင့် ကံ သာဟု
စာနာမပြု ညှာတာမရှူပါ
ပြည်မြန်မာ။

ရှိသူ မရှိသူ ထိုထိုသူသည်
မင်းလည်းမြန်မာငါလည်းမြန်မာ
မင်းချမ်းသာတာငါချမ်းသာဘို့ 
မင်းဆင်းရဲတာ ငါဆင်းရဲတာလို့ 
စိတ်ဝယ်မှက်သား အားထုတ်ညားက
အဘိဇ္ဈာပျောက် ဝိဇ္ဇာရောက်မလေ
မြန်မာပြည်။

No comments: