Thursday, August 1, 2013

ကျောင်သား ခွပ်ဒေါင်းစိတ်ဓါတ် နဲ့ ကြေကွဲ ကွဲကြေနေသူတို့


(ဗကသ) ကိုကျော်ကိုကို ရဲ့  စိတ်ထား ကျနော်တို့  အားလုံးမှာ ရှိရမယ်..ရှိသင့်တယ်....ဒါဟာ မဖောက်ပြန်တဲ့ ကျောင်းသားသမဂ္ဂစိတ်ဓါတ်....ရှစ်
လေးလုံးစိတ်ဓါတ်ဆိုတာ အဲဒါပဲဗျာ..
ငွေရတုသဘင်ကျင်းပတဲ့ ကျောင်းသားခေါင်းဆောင်များက ပြည်သူ့ အရေးတော်ပုံက မွေးထုတ်ပေးလိုက်တာပါ.... ခင်ဗျားတို့ အားလုံးထောင်ထဲမှာရှိနေစဉ်က နိုင်ငံတကာက လှုံဆော်မှုတွေ တခဲနက်အော် နိုင်ငံတကာအစိုးရတိုင်းကို လက်မှတ်ထိုး စာတွေတင်.. ရိုက်ရင် ရိုက်ပြန်ပြီဗျ... ဖမ်းရင် ဖမ်းပြန်ပြီဗျ လို့  ၀ိုင်းအော်ပေးခဲ့ကြ...တချို့ များ အလုပ်တွေ အပြုတ်ခံ. ဆေးရုံတွေရောက်...မိုင်ထောင်ချီ လမ်းလျှောက်သူ လျှောက်.. နိုင်ငံကို ကားပတ်မောင်းသူမောင်း..အစာငတ်ခံပြီး တောင်းဆိုသူက တောင်းဆို
.ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ..(ကို) မင်းကိုနိုင်အတွက် မွေးနေ့ ... (ကို)ဌေးကြွယ်အတွက်.. (ကို)ပြုံးချို ညီ (သက်ဝင်းအောင်)အတွက် စသဖြင့် စသဖြင့် လုပ်လိုက်ကြရတဲ့အလှူ ....ကျနော်တို့ မမြင်ဖူးတဲ့(ကို) နေဖုန်းလတ်..(မ)စုစုနွေး..အော် သူတို့ တွေအတွက်လည်း ဂုဏ်ယူအော်ဟစ်တောင်းဆိုပေးခဲ့ကြရတာ.... အဲဒါ နိုင်ငံတကာမှာရှိတဲ့ ပြည်သူတရပ်လုံးရဲ့  လေးစားမှုတွေပါ...
အခုတော့ ခင်ဗျားတို့ မို့  လုပ်ရက်တယ်....ပြည်သူကိုနှိပ်စက်သူများနဲ့  ကြားပွဲစားလိုလို ငြိမ်းချမ်းရေး center က လုပ်စားသူများနဲ့  ခရိုနီများ ထောက်ပံ့ မှုနဲ့  ငွေရတုကြီးကို ကျင်းပမယ်..
လူတိုင်းသိနေတဲ့ (မ)၀င်းမော်ဦးရေ.....ညီမလေးအစား ကြေကွဲလွန်းတယ်...

No comments: