Thursday, August 1, 2013

သက်ဆိုင်သူများ တကယ်ဆန္ဒရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ရက်ပေါင်းသုံးဆယ်အချိန်တောင်မလို

" သက်ဆိုင်သူများ တကယ်ဆန္ဒရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန
ရက်ပေါင်းသုံးဆယ်အချိန်တောင်မလိုဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
သမ္မတဖြစ်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရန် သူရဦးရွှေမန်းနှင့် ကတိက၀တ်ထားရှိခြင်းမရှိ ဟုဆို "
====================================

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဍ် ပြင်ဆင်ရန်လိုအပ်သည့် ဥပဒေများအသက်ဆိုင်သူများဆန္ဒရှိလျှင် ကျန်ရှိသော လွှတ်တော်သက်တမ်း လပေါင်းသုံးဆယ်တောင်မလိုအပ်ဘဲ ရက်ပေါင်းသုံးဆယ်အတွင်းမှာ ပင် ဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၃၁ ရက်နေ့ သတင်းမီဒီယာများနှင့် တွေ့ဆုံရာ ဍ် The Street View ဂျာနယ်ဧ။် မေးမြန်းမှုကို ပြန်လည်ဖြေကြားကြာရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

"တကယ်တော့ သက်ဆိုင်တဲ့ လူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းချင်တယ်ဆိုရင် လပေါင်းသုံးဆယ်တောင်မဟုတ်ဘူး ရက်ပေါင်းသုံးဆယ်တောင်မလိုဘူး ဆုံးဖြတ်ချက်ချဖို့ပဲ လိုတာ။ အခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲဖို့ဆိုတာ ကော်မတီကနေလည်း
တဆင့် တတ်နိုင်သလောက်လုပ်မယ်။ ကော်မတီထဲမှာ အန်တီတို့ NLD အဖွဲ့ဝင် ၇ ယောက်ပါတယ်။နောက်တစ်ခုက အန်တီတို့ ပြည်သူလူထုကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး ချပြနိုင်ဖို့လုပ်မယ် အစကတည်းကလည်း လုပ်တယ်။ ဒါပေမယ့်အခု ပိုပြီးတော့ကျယ်ကျယ်ပျံ့ပျံ့နဲ့ စိပ်စိပ်လုပ်သွားချင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဘာပါလဲဆိုတာကို ပြည်သူလူထုက ခုထက်ထိ မသိသေးဘူး နောက်ပြီးတော့ ဘာဖြစ်လို့ ဘယ်ဟာတွေကို ပြင်သင့်တယ်လို့ အဖွဲ့ချုပ်က ဆုံးဖြတ်တယ်ဆိုတာကို ပြည်သူကို ချပြရမယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါသမ္မတလောင်းအရည်းအချင်းများနှင့် ပြင်ဆင်ပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းနှင့် ကတိက၀တ်ပြုထားခြင်းမရှိဘဲ အဆိုပါကိစ္စရပ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ တစ်ယောက်ထဲ ဆောင်ရွက်ပေး၍ မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောကြားခဲ့သည်။

"ကော်မတီကဖွဲ့စည်းပုံအခြေခံဥပဒေကြိုပန်ပြီးတော့ သုံးသပ်မယ်လို့ပြောထားတယ် မှန်မှန်ကန်ကန်သုံးသပ်မယ်ဆိုရင်တော့အဲ့ဒီထဲမှာ ပြင်စရာတွေ ရှိတယ်ဆိုတာတော့ ပေါ်လာမှာပဲ။ အခုကော်မတီမှာ သူရဦးရွှေမန်းကမပါဘူး အန်တီလည်းပါဘူး။ အန်တီကတော့ မျှော်လင့်တာက ဒီကော်မတီဝင်တွေဟာ မှန်မှန်ကန်ကန်နဲ့ သတ္တိရှိရှိလုပ်သွားမယ် တကယ်ပဲ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ စံနူန်းစံထားတွေနဲ့ မညီရင် မှန်မှန်ကန်ကန်သတ္တိရှိရှိနဲ့ ပြောရဲမယ်လို့ မျှော်လင့်တယ်။ "ဟု မကြာသေးမီက ဖွဲ့စည်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မတီ အပေါ် ဒေါ်အောင်ဆန်းစုကြည်က သဘောထားမှတ်ချက်ပေးခဲ့သည်။

အေးချမ်းမွန် Credit To >> The Street View << Thanks
Re-posted By ACM 1-8-2013
https://www.facebook.com/excellencemedia

No comments: