Tuesday, October 1, 2013
ကျွန်မအိမ်ခန်းထဲ ကြွက်တစ်ကောင်ဝင်နေတယ်။ ကြွက်က ကြွက်သတ်ဆေးလည်း
မစားသလို၊ ထောင်ချောက်နဲ့လည်း ဖမ်းမရဘူး။ ကြွက်က တော်တော်လည်တဲ့ကြွက်လို့
ထင်တယ်။ ညညဆိုလည်း သောင်းကျန်လိုက်တာ ကျွန်မကောင်းကောင်း အိပ်မရဘူး။ ဒါနဲ့
ကြွက်ဖမ်းဖို့ ကြွက်ရဲ့လှုပ်ရှားသွားလာမှုတွေကို
ကျွန်မ လေ့လာရတော့တယ်။ ရက်အနည်းငယ်ကြာ လေ့လာပြီးနောက် ကြွက်ဟာ
အိမ်ခန်းထဲကို ပြတင်းပေါက်ကတစ်ဆင့် ဝင်လာတယ်ဆိုတာကို
ကျွန်မသတိထားမိလိုက်တယ်။ ပြတင်းပေါက်က ခြင်ဇကာကို ကိုက်ဖြတ်ပြီး
မှောင်စပျိုးတာနဲ့ ကျွန်မအခန်းထဲ သူဝင်လာတယ်။ မိုးလင်းတာနဲ့
သူပြန်ထွက်သွားတယ်။
မိတ်ဆွေတစ်ဦးကို ကျွန်မအကြောင်းပြောပြတော့ သူကရယ်ပြီး "ဒါ လွယ်လွယ်လေးပါ..
ကြွက်ဖောက်ထားတဲ့အပေါက်ကို စက္ကူတစ်ချပ်နဲ့ ကပ်ထားလိုက်ရုံပဲ"လို့
အကြံပေးတယ်။ သူ့အပြောကို သိပ်ယုံကြည်ပုံမပေါက်တဲ့ ကျွန်မကိုကြည့်ပြီးသူက
"တကယ်ပြောတာ စမ်းလုပ်ကြည့်လိုက်ပါ" လို့ပြောတယ်။
မိတ်ဆွေရဲ့အကြံအတိုင်း ကျွန်မလုပ်ကြည့်လိုက်တယ်။ ဒါပေမယ့် စိတ်ထဲမှာ
သိပ်ဘဝင်မကျခဲ့ဘူး။ မှောင်စပျိုးတာနဲ့ ကျွန်မစောင့်ကြည့်မိတယ်။
ပါးလျတဲ့စက္ကူတစ်ချပ်က ပါးနပ်တဲ့ကြွက်တစ်ကောင်ကို တားနိုင်ပါ့မလား? တကယ်လည်း
အခြေအနေက ထူးခြားခဲ့တယ်။ ပြတင်းပေါက်အပြင်က ကြွက်ဟာ အထဲကိုဝင်မရလို့
စိတ်လှုပ်လှုပ်ရှားရှားဖြစ်ပြီး ဂနာမငြိမ်ဖြစ်နေတယ်။ တကယ်တော့
လက်သည်းလေးတစ်ချက် ကုပ်လိုက်တာနဲ့၊ ခေါင်းနဲ့သာသာလေး တိုးလိုက်ရုံနဲ့
စက္ကူဗြဲပြီး အထဲကိုသူဝင်နိုင်ပါတယ်။ ဒါပေမယ့် ကြွက်ကအဲဒီလို မလုပ်ခဲ့ဘူး။
သွားနဲ့ပဲ ကိုက်ဖြတ်တတ်တဲ့သူ့အကျင့်က ပြောင်ချောချောစက္ကူကို
မကိုက်ဖြတ်တတ်ခဲ့ဘူး။ စက္ကူလေးတစ်ချပ်ကြောင့် သူ့ရဲ့ ပါးနပ်မှုတွေ
အသုံးမဝင်တော့တာ တကယ့်အံ့သြစရာပါပဲ။
နောက်ပိုင်းမှာ
ကျွန်မအိမ်ခန်းထဲ အဲဒီကြွက် ထပ်ဝင်မလာခဲ့တော့ဘူး။ စက္ကူတစ်ချပ်နဲ့ သူတားဆီး
ခံလိုက်ရတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး "ဘာကြောင့်"ဆိုတဲ့မေးခွန်းက ကျွန်မကို
အချိန်တော်တော်ကြာ နှိပ်စက်ခဲ့တယ်။
နောက်ဆုံးမှာ တစ်သတ်မှတ်တွေးတောမှုကြောင့်ဆိုတာကို
ကျွန်မသဘောပေါက် နားလည်ခဲ့ ပါတယ်။ ကျွန်မတို့ရဲ့ အခက်အခဲ၊ အတားအဆီးတွေဟာ
ကြွက်ကိုတားဆီးထားတဲ့ စက္ကူချပ်လိုပါပဲ။ အခက်အခဲ၊ အတားအဆီးနဲ့ကြုံတဲ့အခါ
တစ်သတ်မှတ်အတွေးတွေကို ကျွန်တော်တို့ လှည့်ပြောင်းပေးခဲ့မယ်ဆိုရင်
ကြံစည်မှုအသစ်တွေနဲ့ စက္ကူကို အလွယ်တကူ ဆုတ်ဖြဲနိုင်မှာ အသေအချာဖြစ်ပါတယ်။
YeeMon' Diary
Tuesday, October 1, 2013
ကျွန်မအိမ်ခန်းထဲ ကြွက်တစ်ကောင်ဝင်နေတယ်။ ကြွက်က ကြွက်သတ်ဆေးလည်း မစားသလို၊ ထောင်ချောက်နဲ့လည်း ဖမ်းမရဘူး။ ကြွက်က တော်တော်လည်တဲ့ကြွက်လို့ ထင်တယ်။ ညညဆိုလည်း သောင်းကျန်လိုက်တာ ကျွန်မကောင်းကောင်း အိပ်မရဘူး။ ဒါနဲ့ ကြွက်ဖမ်းဖို့ ကြွက်ရဲ့လှုပ်ရှားသွားလာမှုတွေကို
မိတ်ဆွေတစ်ဦးကို ကျွန်မအကြောင်းပြောပြတော့ သူကရယ်ပြီး "ဒါ လွယ်လွယ်လေးပါ.. ကြွက်ဖောက်ထားတဲ့အပေါက်ကို စက္ကူတစ်ချပ်နဲ့ ကပ်ထားလိုက်ရုံပဲ"လို့ အကြံပေးတယ်။ သူ့အပြောကို သိပ်ယုံကြည်ပုံမပေါက်တဲ့ ကျွန်မကိုကြည့်ပြီးသူက "တကယ်ပြောတာ စမ်းလုပ်ကြည့်လိုက်ပါ" လို့ပြောတယ်။
မိတ်ဆွေရဲ့အကြံအတိုင်း ကျွန်မလုပ်ကြည့်လိုက်တယ်။ ဒါပေမယ့် စိတ်ထဲမှာ သိပ်ဘဝင်မကျခဲ့ဘူး။ မှောင်စပျိုးတာနဲ့ ကျွန်မစောင့်ကြည့်မိတယ်။ ပါးလျတဲ့စက္ကူတစ်ချပ်က ပါးနပ်တဲ့ကြွက်တစ်ကောင်ကို တားနိုင်ပါ့မလား? တကယ်လည်း အခြေအနေက ထူးခြားခဲ့တယ်။ ပြတင်းပေါက်အပြင်က ကြွက်ဟာ အထဲကိုဝင်မရလို့ စိတ်လှုပ်လှုပ်ရှားရှားဖြစ်ပြီး ဂနာမငြိမ်ဖြစ်နေတယ်။ တကယ်တော့ လက်သည်းလေးတစ်ချက် ကုပ်လိုက်တာနဲ့၊ ခေါင်းနဲ့သာသာလေး တိုးလိုက်ရုံနဲ့ စက္ကူဗြဲပြီး အထဲကိုသူဝင်နိုင်ပါတယ်။ ဒါပေမယ့် ကြွက်ကအဲဒီလို မလုပ်ခဲ့ဘူး။ သွားနဲ့ပဲ ကိုက်ဖြတ်တတ်တဲ့သူ့အကျင့်က ပြောင်ချောချောစက္ကူကို မကိုက်ဖြတ်တတ်ခဲ့ဘူး။ စက္ကူလေးတစ်ချပ်ကြောင့် သူ့ရဲ့ ပါးနပ်မှုတွေ အသုံးမဝင်တော့တာ တကယ့်အံ့သြစရာပါပဲ။
နောက်ပိုင်းမှာ ကျွန်မအိမ်ခန်းထဲ အဲဒီကြွက် ထပ်ဝင်မလာခဲ့တော့ဘူး။ စက္ကူတစ်ချပ်နဲ့ သူတားဆီး ခံလိုက်ရတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး "ဘာကြောင့်"ဆိုတဲ့မေးခွန်းက ကျွန်မကို အချိန်တော်တော်ကြာ နှိပ်စက်ခဲ့တယ်။
နောက်ဆုံးမှာ တစ်သတ်မှတ်တွေးတောမှုကြောင့်ဆိုတ
YeeMon' Diary
No comments:
Post a Comment