Friday, October 4, 2013

တရုတ် အစိုးရ က ဦးသန်းရွှေ အပေါ် သံသယ စရှိ လာ . . . .


တရုတ် အစိုးရ က ဦးသန်းရွှေ အပေါ် သံသယ စရှိ လာ . . . .

ဦးသန်းရွှေ ရဲ့ လုပ်ရပ်များဟာ တရုတ်ပြည်ကို မဟာဗျူဟာမြောက်မိတ်ဘက်အဖြစ်သဘောထား ဆောင်ရွက်နေတာထက် . . . တရုတ်ပြည်ကို အကျဉ်းအကျပ်ထဲ ဆွဲထည့်နေသလိုဖြစ်နေတယ်လို့ . . တရုတ် နိုင်ငံရေးကျွမ်းကျင်သူ ပညာရှင်များက သုံးသပ်နေကြပါတယ် . . .

မြန်မာပြည်မှာ တရုတ်ပြည်ရဲ့ ပုံရိပ်တွေ လူထု အထဲမှာ ကျဆင်းနေတာဟာလည်း ဦးသန်းရွှေရဲ့ ကစားကွက် လို့ တရုတ်စစ်တပ်ထဲက ထိပ်ပိုင်းအရာရှိတွေက ထောက်ပြနေကြပါပြီ . . .

မြန်မာပြည်ထဲက တရုတ်ထောက်လှမ်းရေးတွေရဲ့ သတင်းပေးပို့မှုမှာ ဦးသန်းရွှေဟာ အခုအချိန်ကစလို့ မြန်မာပြည်မှာ လူထုထောက်ခံမှုတွေ တော်တော်ကြီးကို ကျဆင်းသွားပြီဖြစ်ကြောင်းနဲ့ သူ့ကို စစ်တပ်အထဲမှာလည်း ထောက်ခံမှုတွေ ဆက်တိုက် ကျဆင်းနေတာ ဖြစ်ကြောင်း ဦးသန်းရွှေကို မြန်မာတပြည်လုံးက သစ္စာဖောက်အဖြစ် သတ်မှတ်ထားတာဖြစ်ကြောင်း နဲ့ တရုတ်ပြည်အနေနဲ့ မြန်မာပြည်မှာ ဂုဏ်သိက္ခာရှိစွာ ရပ်တည်ချင်တယ်ဆိုရင် ဦးသန်းရွှေ အုပ်စုနဲ့ ဆက်ပြီးလက်မတွဲဖို့ ပါရှိနေတယ်လို့ သိရပါတယ် . . .

တလောကပဲ မြန်မာပြည်တွင်းက တရုတ်ထောက်လှမ်းရေးအဖွဲ့တွေက ဦးသန်းရွှေ အုပ်စု နဲ့ ဆက်စပ်နေတဲ့ သတင်းတွေ ကို ပြည့်ပြည့်စုံစုံ စုဆောင်းပြီးဖြစ်တယ်လို့ သိရပါတယ် . . အဲဒီအထဲမှာ
ငါးလောင်းပြိုင်လူသတ်မှု ၊
ဒီပဲယင်းအရေးအခင်း ၊
၁၉၈၈ က စလို့ တပ်တွင်းထိပ်ပိုင်း ရာထူးအပြောင်းအလဲ ၊
အငြိမ်းစားတပ်ထိပ်ပိုင်းများ၏ လက်ရှိအခြေအနေ အဆက်အသွယ်ကွန်ယက်များ ၊
စင်္ကာပူနဲ့ပြည်ပမှာ အပ်နှံထားတဲ့ ဦးသန်းရွှေ အုပ်စုရဲ့ ငွေရေးကြေးရေး စီးဝင်ပုံလမ်းကြောင်းများ ၊
လက်ရှိ မြန်မာနိုင်ငံတွင်း စိုက်ပျိုးထားတဲ့ ဘိန်းစိုက်ခင်းများ နဲ့ ဦးသန်းရွှေ အုပ်စု ရဲ့ ပါဝင်ပတ်သတ်မှု ၊
စတဲ့ အချက်အလက်တွေလည်း ပါဝင်တယ်လို့ သိရပါတယ် ၊

တရုတ်ထောက်လှမ်းရေးများဟာအခြေအနေအရ အဲဒီသတင်းတွေကို ထုတ်ပြန်သွားဖို့ တရုတ်အစိုးရကို တိုက်တွန်းထားကြောင်း နဲ့ မြန်မာပြည်နဲ့ မိတ်ဆွေရင်းသဖွယ် ရေရှည် ရပ်တည်ချင်တယ်ဆိုရင် ဦးသန်းရွှေအုပ်စု နဲ့ လက်တွဲဖြုတ်ဖို့လိုနေပြီဖြစ်တယ်လို့ တိုက်တွန်းထားကြောင်း သိရပါတယ် . . .

No comments: