အိန္ဒိယတိုက်ငယ်တွင်
ပါရှိ သည့် ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံတို့သည်
မုန်တိုင်းဒဏ်နှင့် ရေကြီးမှုဒဏ်ကို နှစ်စဉ် အနည်းနှင့် အများ ခံနေကြရသည်မှာ
ဆယ်စုနှစ် ပေါင်းမနည်းလှတော့ပေ။ ပါကစ္စ တန်နိုင်ငံသည် လွန်ခဲ့သော ၂ဝဝ၉
ခုနှစ်နှင့် ၂ဝ၁ဝ ခုနှစ်တို့တွင် ရေကြီး မှုဒဏ်ကို အပြင်းအထန်ခံခဲ့ရသလို
ပြီးခဲ့သည့် ၂ဝ၁၁ မှာလည်း ထပ်မံ ခံခဲ့ရသည်ကို စာဖတ်သူများ မမေ့ လောက်သေးပါ။
၂ဝ၁ဝ ပြည့်နှစ်တွင် အိန္ဒိယ မြောက်ပိုင်းနှင့် အလယ်ပိုင်း ရော၊
နီပေါနိုင်ငံမှာပါ ရေကြီး၊ မြေ ပြိုခြင်းဒဏ်တွေကို ခံခဲ့ကြရသည်။
ကမ္ဘာ့ အရင်းအမြစ်များ သုတေ
သနဌာန၏ စူးစမ်းစုစည်းမှုအရ ယနေ့ကမ္ဘာ့လေထုထဲသို့ လွှတ်ထုတ် နေသော
မှန်လုံအိမ်ဓာတ်ငွေ့ အပါ အဝင် လူလုပ်ဓာတ်ငွေ့မျိုးစုံ၏ ၇၅ ရာခိုင်နှုန်းမှာ
စီးပွားစက်မှုဖွံ့ဖြိုးပြီးနိုင်ငံ များက ထုတ်လွှတ်နေကြခြင်းဖြစ် သည်ဟု
သိရသည်။ ယင်းတို့အနက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၁ဝ ရာခိုင်နှုန်း၊ အိန္ဒိယက
သုံးရာခိုင်နှုန်းဟု ဖော်ပြထားပါသည်။
ကမ္ဘာ့လူမှုစီးပွားနှင့်
စက်မှုဖွံ့ဖြိုး ပြီးနိုင်ငံများအနေဖြင့်ဆိုခဲ့ပြီးသော လူလုပ်ဓာတ်ငွေ့ GHG
Gas လျှော့ချ ဖို့ မသင့်ပါလားဟူသော အမေးကို အိန္ဒိယအရာရှိ တစ်ဦးက အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးအား ဖြေဆိုရာ တွင် အိန္ဒိယနိုင်ငံသည် GHG Gas
ထုတ်လွှတ်မှုအဆင့် -၅ တွင် ရှိနေ သော်လည်း GHG ထုတ်လွှတ်မှုကို ကမ္ဘာ့ရာသီဥတု
ပြောင်းလဲရေး ဟန့် တားရေးအထောက်အကူအတွက် လျှော့ချနိုင်မှာ မဟုတ်ပါဟု ဖြေ
ကြားခဲ့သည်။ လက်ရှိအားဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံသည် ကမ္ဘာ့နံ ပါတ် -၁
ကာဘွန်ထုတ်လွှတ်ရာ နိုင်ငံကြီး ဖြစ်ပါလျက် လိုက်နာမှု မပြုဘဲနေကာ ''ဒီကိစ္စကို
ဖွံ့ဖြိုး ပြီးနိုင်ငံတွေကသာ တာဝန်ယူသင့်ပါ တယ်''ဟု မူအရ
တုံ့ပြန်ခဲ့ပေသည်။ ''သူတို့တွေ နှစ်ရာချီပြီး ထုတ်လွှတ် ခဲ့တဲ့ GHG နှင့်
ကာဘွန်ဓာတ် ငွေ့များအတွက် သူတို့တာဝန်ယူသင့် တာပေါ့။ ဒါတွေဟာ နှစ်များစွာက
တည်းက တစ်နှစ်ပြီးတစ်နှစ် စုပေါင်း လာတဲ့ ဓာတ်ငွေ့တွေပဲ။ အခုလဲ
အများကြီးထုတ်နေတာပါပဲ'' ဟု ပြောခဲ့သေးသည်။ သူတို့တွေမှ ဓာတ်
ငွေ့တွေထုတ်လွှတ်မှုများ စုဝေးနေခဲ့ သလို စီးပွားရေးလည်းြ<ွကယ်ဝပြီး
သားပဲ။ အခြားနိုင်ငံတွေခုမှ စီးပွား ရေးဖွံ့ဖြိုးခါစမှ လျှော့ချပေးနိုင်စရာ
မရှိဟူသော အပြောမျိုးပြောခဲ့သော ဟူ၏။ မူချထားသည့်အပေါ် ငြင်းခုံ ကြတာတွေက
ဆူညံနေပါသည်။ နိုင်ငံတွင်းက လူတွေသဘောကိုတော့ မလေးစားကြပါဘူးဟု
ပြောလိုပြော။ အမေရိကန်ကလည်း ကာဘွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့လျှော့ချဖို့
သဘောမကျသူတွေ ရှိနေပါသည်။ လက်ရှိခံယူထားသော သဘောထား ရပ်တည်ချက်တွေမှာ
အားနည်းချက် တစ်ခုတွေ့နေရသည်ကို သဘော မပေါက်ကြသူတွေ ရှိနေကြသည်။ ရာသီဥတု
ဖောက်ပြန်မှုကို ခံနိုင်သည့် ပျော့ကွက်ဒေသနှစ်ခု သီးသန့်ရှိနေ ပါသည်။
ထိုနေရာတွေက အိန္ဒိယနှင့် တရုတ်ပြည်မှာဖြစ်သည်။ ထို့ကြောင့် ရာသီဥတု ယခုထက်
ပို၍ဆိုးရွား သောအခြေအနေသို့ ပြောင်းလဲသွားခဲ့ လျှင် ကမ္ဘာကြီးပူနွေးမှု
အကျိုးသက် ရောက်မှုပို၍ ခံစားရဖွယ်ရှိသည်။ သဘာဝဘေးဒဏ်သည် ဆင်းရဲသား တို့ကို
ချမ်းသာသူတို့ထက် အထိနာ စေကြောင်း သာဓကများစွာတွေ့ရ သည်။
အမေရိကန်ပြည်ထောင်စုမှာ ကျခဲ့သော ကက်ထရီးနာကိုပြန်ကြည့် လျှင်
သိနိုင်ပါသည်။ ချမ်းသာသူတွေ က ဘေးလွတ်ရာကို မြန်မြန်ရွှေ့နိုင် သည်။
ပင်လယ်ဒီလှိုင်းကာ နံရကြီး တွေဆောက်နိုင်သည်။ အချိန်မီ အကူ
အညီတောင်းနိုင်သည်။ ရိက္ခာ ပို၍၊ ကြို၍ ဝယ်ယူထားနိုင်သည်။ ဆင်း
ရဲသားတွေကတော့ မုန်တိုင်း၊ တိုက် နေဆဲမှာပင် ငတ်မွတ်ဆာလောင်နေ ကြရင်း
သူတို့ရဲ့ဖြစ်ကတတ်ဆန်း တဲအိမ်များ ရေမျောသွားတာကို လက် ပိုက်ကြည့်နေကြရသလို
အချို့က တော့ ရှိမဲ့စုမဲ့ကလေးများ မစွန့်ပစ် ရက်လို့ အသက်လုပြီး ဆယ်ယူရင်း
အသက်ပါ ဆုံးရှုံးကြရသည်။ ထို့ အတူ အပူဒဏ်၊ မိုးခေါင်ဒဏ်တို့ကို
ခံစားကြရသောအခါ ရေငတ်ခြင်း၊ ရေ မသန့်ရှင်းခြင်းနှင့် ဆက်စပ်သော
ရောဂါများကို မိမိတို့ ဘိုးဘွား၊ သား ငယ်၊ သမီးငယ်တွေပါ အလူးအလဲ
ခံစားတတ်ကြရသည်။ ထိုထိုသော ပြဿနာတွေသည် အပူချိန် မြင့်တက် လာနေသော)
ကမ္ဘာကြီးမှာ ထူး၍ မဆန်းတွေဖြစ်နေကြဦးတော့မည်။
အိန္ဒိယနှင့် တရုတ်နိုင်ငံတို့
သည် ဖြစ်ပေါ်လာသော အကျိုးဆက်ကို အခြားဒေသများနှင့် အချိုးအဆ မညီ မျှဘဲ
ပို၍ခံစားစရာရှိသည်။ ပထဝီ ဝင်အနေအထားကိုကပင် တစ်မျိုး တစ်ဘာသာ ကွဲပြားစွာ
ရပ်တည်နေ သည်။ ဥပမာ- တရုတ်ပြည်၏ အစိတ်အပိုင်းအများစုနှင့် အိန္ဒိယ၏
အပိုင်းအများစုသည် ပို၍ အပူဒဏ် ခံရစရာရှိသည်။ ပျမ်းမျှ အပူချိန် သည်
ဖာရင်ဟိုက်ဒီဂရီအားဖြင့် ရှစ် သို့ မဟုတ် ကိုးဒီဂရီ အထိ အနောက်ဥ
ရောပထက်ပိုမိုမြင့်တက်လာမည်ဟု ၂ဝဝ၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ
အစိုးရအဖွဲ့များ စားပွဲဝိုင်းအဖွဲ့ (ရာ သီဥတုဆိုင်ရာ)၏ အစီရင်ခံစာတွင်
ဖော်ပြထားပါသည်။ မိုးရွာသွန်းမှု ပုံသဏ္ဌာန် မူမမှန်ဘဲရေကြီးရေလျှံ
ပိုများစေမည့် လွန်ကဲစွာတစ်ကြိမ် တစ်ခါတည်း ရွာချသော မိုးမျိုးဖြစ်
လာနိုင်သလို တစ်နှစ်လုံး ပုံမှန်ရွာ ရမည့်အစား တစ်နှစ်တစ်လစာကို တစ်ခါတည်း
ရွာသွန်းခဲ့ပြီး မိုးပြတ် သောကာလ လပေါင်းများစွာ ကြာ မြင့်တတ်ရာ
မြေအစိုဓာတ် ဆုတ် ယုတ် မိုးခေါင်ပြီး သီးနှံ ပျက်စီး လူသူ၊ ကျွဲ၊ နွား
သောက်သုံးရေ မရ ဖြစ်နိုင်သော အခြေအနေတွေက တိုး လာနိုင်သည်။ ယခုကပင်
အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံလုံးရေကြီး၊ ရေလျှံမှု ပိုခံစားရလိမ့်မည်ဟု
IPCC က သတိပေးထားပြီးဖြစ်သည်။
ယခုပင် တရုတ်ပြည်တောင်ပိုင်းနှင့်
အနောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုမှာ ၁၉၅ဝ ပြည့်လွန်နှစ် များထက်
ခုနစ်ဆ ပိုလာနေသည်ဟု ဆိုပါသည်။ အိန္ဒိယရော၊ တရုတ်နိုင်ငံပါ ရေသွင်းနိုင်ရန်
လိုအပ်ချက်သည် ကမ္ဘာ့ပျမ်းမျှ လိုအပ်ချက်ဖြစ်သော ၁.၃ဝ ရာခိုင်နှုန်းထက်
ပိုလိုအပ်လိမ့် မည်။
ခရစ်နှစ် ၂ဝ၂ဝ တွင် တရုတ်
ပြည်မှာ လက်ရှိထက် သော်လည်းကောင်း၊ ကမ္ဘာ့ပျမ်းမျှထက်သော် လည်းကောင်း ၁၅
ရာခိုင်နှုန်း ပို၍ ရေသွင်းပေးမှ သီးနှံထွက်ပုံမှန်ရမည်။
အိန္ဒိယလည်း ယခုထက်
ငါးရာခိုင်နှုန်း ပို၍ ရေသွင်းနိုင်အောင် စီမံထားရလိမ့်မည်။ ပစိဖိတ်သမုဒ္ဒရာ
ဘက်မှဝင်လာသော မုန်တိုင်းတွေသည် ပို၍ ပြင်းထန်လာမည်ဟု မျှော်လင့်ရသည့်အပြင်
လေတိုက်နှုန်းကလည်း အလွန်ပြင်းထန်ကာ သမ္မာကျမ်းဟောင်းလာ
နောင်ကြုံတွေ့ခဲ့ရသော ရေလွှမ်းမှုမျိုးကို သယ်ဆောင်လာသော မုန်တိုင်းတွေနှင့်
ကြုံရနိုင်သည်ဟု ဆိုပါသည်။
ယခုနှစ် သြဂုတ်၊ စက်တင်ဘာ၊
အောက်တိုဘာ၊ နိုဝင်ဘာလထဲအထိ ကြုံတွေ့ရသော ဗီယက်နမ်၊ ကမ္ဘော ဒီးယား၊
ထိုင်းနိုင်ငံထို့၏ ရေကြီးမှု မှာ ပြင်းထန်လှသည့်အပြင် အချိန်က လည်း
ကြာညောင်းလွန်းရာ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး ထိခိုက်မှု တွေ
များပြားလွန်း၍ အိမ်နီးချင်း ဖြစ်သော စာရေးသူတို့ နိုင်ငံကိုပင်
ပြဿနာတွေ ကူးစက်ခဲ့သည်။ နှစ် ၅ဝ အတွင်း အဆိုးရွားဆုံးဟု ဆို သည်။ ပြဿနာမှာ
တောင်တရုတ် ပင်လယ်မှလာသော မုန်တိုင်းများ ကြောင့် မဲခေါင်မြစ်ဖျားခံရာ
တရုတ် ပြည်တောင်ပိုင်းဘက်မှ ဆင်းလာသောရေတွေက များ လွန်းလှသည်။
မြန်မာနိုင်ငံ ပခုက္ကူ၊ မင်းဘူး ခရိုင်တို့မှာလည်း မကြံစဖူး မကြားစဖူး
မိုးသည်းထန် ရေကြီး ရေလျှံခဲ့ရာ ယခုတိုင် ပြန်လည်နေရာ ချထားဖို့
လိုအပ်နေဆဲဖြစ်သည်ကို စာဖတ်သူတို့ အသိပင်ဖြစ်ပါသည်။
ကြိုတင် သိသာလောက်သော၊
မှန်းဆနိုင်လောက်သော ပြဿနာမှာ သောက်သုံးရေအတွက် ရေကောင်း ရေသန့်
ရနိုင်စရာရင်းမြစ်များ တရုတ် နှင့် အိန္ဒိယမှာ အလွန်နည်းသွားနိုင် သည်။
တစ်ပြိုင်နက်မှာ သီးနှံတွေ ရေသွင်းဖို့ ရေမလိုပါစေနှင့်ဟုသာ
ဆုတောင်းရတော့မည့် အခြေအနေ ဖြစ်ပါသည်။ တရုတ်ရော အိန္ဒိယပါ ယခင်က တိဘက်နှင့်
ဟိမဝန္တာ တောင်တန်းပေါ်က ရေခဲမြစ်တွေဆီ မှ ပျော်ဆင်းလာသော ရေကောင်း ရေသန့်ကို
လယ်ယာလုပ်ငန်းအတွက် ရော၊ သောက်ရေအတွက်ပါ ပေါပေါ များများ ရခဲ့ကြဖူးပါသည်။
ထို တိဘက်ကုန်းပြင်နှင့် ဟိမဝန္တာ ရေခဲ မြစ်ပျော်ရည်များသည် ဂင်္ဂါမြစ်၊
အိန္ဒုမြစ်၊ ယန်ဇီမြစ်နှင့် မြစ်ဝါမြစ် အတွင်းသို့ စီးဝင်ခဲ့ကြသည်။ ယခု
ဟိမဝန္တာသည် ကမ္ဘာ့ပျမ်းမျှအပူချိန် ထက် သုံးဆပို၍မြင့်တက်နေသည်။
ရေခဲမြစ်များသည် အခြားဒေသရှိ ရေခဲ မြစ်များထက် ဆုတ်ယုတ်ခန်းခြောက်
မှုမြန်ဆန်လာနေရာ ၂ဝ၃၅ လောက် မှာလုံးဝပျောက်သွားမှာ စိုးရိမ်နေကြ ရပါသည်။
ဂင်္ဂါနှင့် အိန္ဒုမြစ်များ နှစ်ပေါက် စီးဆင်းမှုမရှိတော့ဘဲ မိုး ရာသီလုံး
ရေစီးသန်သည့် မြစ်တွေ အဖြစ် ပြောင်းလာစရာရှိသည်။
ယခု ရာစုနှစ်အတွင်းမှာပင်
အိန္ဒိယနှင့် တရုတ်ပြည်သူတို့ အတွက် ရေရနိုင်မှုပမာဏသည် ၂ဝ ရာခိုင်နှုန်း မှ
၎ဝ ရာခိုင်နှုန်းအထိ လျော့ကျသွား နိုင်သည်ဟု ခန့်မှန်းထားသူများ ရှိနေ
ပါသည်။ အပူချိန် မြင့်တက်လာ သည့်အတွက် နွေဦးပေါက်နှင့် ရေခဲ
ပျော်ရည်များကြောင့် မိုးရွာခြင်း၊ ရေ တက်လာခြင်းတွေကလည်း အချိန် မတိုင်မီ
ဖြစ်လာတတ်ရာ ရိတ်သိမ်း ချိန်မှာ အနှောင့်အယှက်ဖြစ်ပြီး သီး
နှံအထွက်နည်းတတ်ပြန်သည်။ တရုတ်ပြည်သည် ရာစုနှစ်ဝက် အတွင်းမှာပင်
ပြင်းထန်သော မိုး ခေါင်မှုဒဏ်ကို အကြိမ်ကြိမ်ခံခဲ့ရပြီး ဖြစ်သည်။ လူ
သန်းပေါင်း ၃ဝဝ သောက်ရေ မလုံမလောက်ဖြစ်ပြီး သီးနှံစိုက်ဧက သန်း ၅ဝ လောက်
ပျက်စီးခဲ့ရပြီးဖြစ်သည်။ IPCC ခေါ် ကမ္ဘာ့အစိုးရအဖွဲ့များ ရာသီဥတုအပေါ်
စားပွဲဝိုင်းအဖွဲ့၏ ခန့်မှန်းချက်အရ ပျမ်းမျှအနိမ့်ဆုံးအပူချိန်
(စိုက်ပျိုး ရာသီအတွင်း)ထက် နှစ်ဒီဂရီ မြင့် တက်တိုင်း အာရှစပါး
အထွက်နှုန်း ၁ဝ ရာခိုင်နှုန်း ကျဆင်းမည်ဟု ဆို သည်။
ရာသီဥတု ပါရဂူ တစ်ဦးဖြစ်သူ
အမျိုးသားဝန်းကျင် လေထုဆိုင်ရာ သုတေသနဗဟိုဌာနမှ Gerald Meehl ၏အဆိုအရ
ကံကြမ္မာကတော့ ရာသီ ဥတုပြောင်းလဲမှုသည် မုတ်သုံ မိုးကို မည်သို့
အကျိုးသက်ရောက်မည်နည်း ဆိုသောအချက်ပေါ် မူတည်ပါသည် ဟုဆိုသည်။
အိန္ဒိယမုတ်သုံရာသီသည် ကုန်းတွင်းနှင့် ပင်လယ်ပြင် အပူချိန် ပြောင်းလဲခြင်း
ခြားနားမှုအရ ပေါ် ပေါက်လာခြင်းဖြစ်သည်။ နွေရာသီမှာ မေလမှ အောက်တိုဘာလအထိ
ကြီးမားလှသော အာရှကုန်းမြေသည် အိန္ဒိယ သမုဒ္ဒရာထက်ပို၍ ပူပြင်းလှ သည်။
သမုဒ္ဒရာမှ လေထုကို အာရှ ကုန်းတွင်းပိုင်းကို တွန်းပို့သလိုဖြစ်ရာ လေထုသည်
အားကောင်းသော လေ နှင့်မိုးရေတွေကို သယ်ဆောင်လာခဲ့ သည်။
ထိုမိုးရာသီကိုမှီခိုပြီး လယ် ယာသီးနှံစိုက်ပျိုးကြရသည်။ အချို့ သော
ရာသီဥတုကျွမ်းကျင်သူတို့က ကမ္ဘာ့ပူနွေးမှုသည် ကုန်းမြေကို ပင်လယ်ထက်ပို၍
ပူနွေးစေလျှင် အိန္ဒိယမုတ်သုံရာသီပို၍ ပြင်းထန် မည်ဟု ခန့်မှန်းထားကြ သည်။
၂ဝဝ၄ ခုနှစ် အတွေ့အကြုံအရ မုတ်သုံအား အလွန်ကောင်းသော နှစ်ဖြစ်ရာ အိန္ဒိယ
တွင် လူ ၂၂ဝဝ သေဆုံးခဲ့ပြီး လူ ပေါင်း ထောင်နှင့်ချီ၍ နေရာရွှေ့
ပြောင်းပေးခဲ့ရဖူးပြီ။ တစ်ဖန် အိန္ဒိယ မုတ်သုံသည် သမိုင်းအစဉ်အလာအရ ဇွန်လ
နောက်ဆုံးပတ်ကျမှ ဝင်နေရာ က ယခုစောစောဝင်လာပြန်သဖြင့်
သီးနှံစိုက်နေကျပုံစံကို ထိပါးစေပြန် သည်။ တရုတ်ပြည်ကတော့ ပြောင်း
ပြန်အတွေ့အကြုံကို ရင်ဆိုင်ရစရာ ရှိသည်။ ပုံမှန်မိုးဦးမုတ်သုံလေ အား
နည်းနေတတ်သည်။
ကျွန်ုပ်တို့အနေဖြင့်
ဖြစ်ရိုးဖြစ်စဉ် ဖြစ်သင့်ရာနှင့် သမိုင်းအစဉ်အလာ အားဖြင့် ချိန်ခွင်ညှိသလို
အခါအား လျော်စွာ မိုးခေါင်မှု၊ ရေကြီးမှုတို့နှင့်
ငတ်မွတ်ခေါင်းပါးမှုများသည် ရာသီဥတုကြောင့်လား၊ လူတို့၏ ပယောဂပါသော ရာသီဥတု
ပြောင်းလဲလို့ပဲလား၊ ဗုဒ္ဓတရားတော်အရ ဒုက္ခပေါင်းစုံ ကြုံနေရသည့်လူသားတို့၏
ဘဝသံသရာကို သံဝေဂယူဖို့ ဖြစ်နေသလားဆိုတာ စောင့်ကြည့်နှလုံးသွင်း
ရန်သာရှိပါတော့သည်။
သုတကျော်
Source: China and India will Pay Though Others Started Global Warming.
News Week Sept 7 - 2009. Page -20.
|
Thursday, May 3, 2012
အိန္ဒိယနှင့် တရုတ် သို့မဟုတ် ရာသီဥတု ပြောင်းလဲမှုဒဏ် အများဆုံး ခံရနိုင်သည့် နိုင်ငံများ
Labels:အတိတ်က မြိတ်သမိုင်း
သုတဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment