ကျော်ဝင်း၊ အီးမေးပေးစာ
တစ်ဖက်ပိတ်လမ်းအန္တရာယ်
(ဘေးမှရပ်ကြည့်သူတစ်ဦး၏ ထင်မြင်ချက်များ)
နှစ်ကူးမှ နှစ်ဦး
နှစ်ကူးမှ နှစ်ဦး
မြန်မာနိုင်ငံရေးနှစ်ဦးမှာ ‘တစ်နေ့ရွှေ၊ တစ်နေ့ငွေ’ ဆိုရမည်လားမသိ။ ကြည့်လေ …၊
သင်္ကြန်မတိုင်မီနှစ်ကူးရက်များကပင် အားတက်မျှော်လင့်ဖွယ်ရာအပြည့်။ ဟော -
သင်္ကြန်အပြီး နှစ်ဦးလည်းရောက်ရော၊ သို့လော … သို့လော ဖြစ်ရပြန်သည်။
သင်္ကြန်မတိုင်မီနှစ်ကူးရက်များကပင် အားတက်မျှော်လင့်ဖွယ်ရာအပြည့်။ ဟော -
သင်္ကြန်အပြီး နှစ်ဦးလည်းရောက်ရော၊ သို့လော … သို့လော ဖြစ်ရပြန်သည်။
အားလုံးသိကြသည့်အတိုင်း
ဧပြီ ၁ ရက်နေ့က၊ ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပဖြစ် သည်။
ဤရွေးကောက်ပွဲမှာ အမတ်နေရာအားလုံး၏ ၇%နီးပါးမျှသာကိုယ်စားပြုသော် လည်း
အရေးကြီးသော တိုးတက် မှုခြေလှမ်းတစ်ရပ်ဟု ပြည်တွင်းပြည်ပလေ့လာစောင့်ကြည့်
သူများက အလေးထားကြသည်။ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ပါဝင်ယှဉ်ပြိုင်သည်ဖြစ်၍
မြန်မာ့နိုင်ငံရေးအင်အားစုအားလုံးအကျုံးဝင်သောရွေးကောက် ပွဲ ဖြစ်သွားသည်။
ပို၍အားတက်ဖို့ကောင်းသည်မှာ
‘လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲ’ ဆိုသည့် ပြည်တွင်းပြည်ပ အ
ကဲဖြတ်ချက်များပင်ဖြစ်သည်။ ဤအတိုင်းဆိုလျှင်သင်္ကြန်အပြီးဆက်လက် ကျင်းပမည့်
လွှတ်တော်အစည်းအဝေး များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ပေတော့မည်။
လွှတ်တော်တွေမှာ မြန်မာ့နိုင်ငံရေးအင်အားစုများ ငြင်းကြ၊ ခုံကြ၊ ညှိကြ၊
နှိုင်းကြ၊ ဆွေးနွေးကြရာ ဒီမိုကရက်တစ်ဖိုရမ်ကြီးဖြစ်သွားပေတော့မည်။
အားတက်စရာအပြည့်၊
မျှော်လင့်စရာအပြည့် …။
မျှော်လင့်စရာအပြည့် …။
သို့တစေ၊
သင်္ကြန်ပြီးသည်နှင့် လွှတ်တော်အမတ်များ ကတိသစ္စာပြုချက်၊
သို့မဟုတ်ကျမ်းသစ္စာဆို ချက် ပုံစံ (ဇယား ၄) ပါ စကားလုံးအသုံးအနှုံး နှင့်
ပတ်သတ်ပြီးအငြင်းပွားစရာပေါ်လာ သည်။ ထိုမှတဆင့် NLD ပါတီမှ အနိုင်ရ
အမတ်များလွှတ်တော်မတက်တော့ ဖြစ်လာသည်။ စာရေးသူလို ဘေးမှရပ်ကြည့်
အားတက်နေရသူများအတွက်
နှစ်ကူးကမျှော်လင့်ချက်တွေမှာ နှစ်ဦးအရောက်မှာပင် “တန်ခူးလေနှင့် လျှောတော့သည်” ဖြစ်ရလေတော့သည်။
တစ်ဖက်ပိတ်လမ်း
နိုင်ငံရေး၊ အထူးသဖြင့် ဥပဒေတွင်း နိုင်ငံရေးတွင် ဆုံးဖြတ်ချက်တစ်ခုမချမီ အထပ်ထပ်အခါခါ ဘက်ပေါင်းစုံမှ လှည့်ပတ်စဉ်းစားကြရသည့် အမှားခံလို့မဖြစ်သော ကိစ္စမျိုးတွေ မကြာခဏဆိုသလို ကြုံရတတ်ပါသည်။ Dead End ဟုခေါ်သည်။ ‘တစ်ဖက်ပိတ်လမ်း’ ဆိုပါဆို့။ မိမိဆုံးဖြတ်ချက်ကြောင့် မိမိကိုယ်ကို ချောင်ပိတ်မိစေသော၊ အဆင် မသင့် လျှင်မိမိ‘လှုပ်ရှားခွင်’(space)ကိုပင်စတေးရဖွယ်ရှိသောကိစ္စမျိုးကိုဆိုလိုသည်။အမျှော်အမြင် ရှိသော ခေါင်းဆောင်မှု အနေနှင့် ဤသို့သောပေါ်လစီမျိုးကို တတ်နိုင်သလောက်ရှောင်သည်။ အခြားရွေးစရာ ဘာတစ်ခု မျှ မရှိတော့မှ၊ ‘နောက်ဆုံးအားထားရာ’ (last resort) အဖြစ် မလွှဲမရှောင်သာ ရွေးလေ့ရှိသည်။

ပြောရလျှင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်စဉ်က
စာရေးသူဘ၀င် မကျခဲ့သည်မှာ တစ်ဖက်ပိတ်လမ်းထဲ မရောက်စေလို၍ဖြစ်သည်။ Dead End
နှင့်တိုးမှာစိုးသောကြောင်ဖြစ်သည်။ တကယ့်လက်တွေ့တွင်လည်း
တစ်ဖက်မှမျှော်လင့်သည်ထက် ပို၍သဘောထားပျော့ပြောင်းလာသောကြောင့်သာ
စာရေးသူစိုးရိမ်သလို မဖြစ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလအထိ၊
ဤမျှအခြေနေကောင်း လာလိမ့် မည်ဟု ဘယ်သူမျှ မျှော်လင့်ခဲ့ကြသည်မဟုတ်။
ယခုကိစ္စ
(လွှတ်တော်တက်ရေး မတက်ရေး) မှာလည်း တစ်ဖက်ပိတ်လမ်းအန္တရာယ်ရှိသည်
ဟုမြင်သည်။ ယခု ကိစ္စမှာ ယခင်ကိစ္စ (၂၀၁၀ ရွေးကောက်ပွဲကိစ္စ)
မှာလိုခေါင်းဆောင်တစ်ဦးနှစ်ဦး ၏ သဘော ထားပျော့ပြောင်း မှုမျှလောက်နှင့်လည်း
ပြေလည်နိုင်ဖွယ်ရာမရှိ။ ပုဒ်မ ၁၂၅ နှင့် ဇယား ၄ တို့မှာ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပါ ပြဌာန်း ချက်ဖြစ်သည်။
နိုင်ငံရေးပါတီဥပဒေလိုအလွယ်တကူပြင်လို့မရ။ လွှတ်တော်အတွင်းက
ပြင်မှရပါလိမ့်မည်။ သို့အတွက်
ပထမဆုံးလွှတ်တော်ထဲရောက်ဖို့လိုသည်။ ဒါတောင် USDP ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ခံမှုလိုလိမ့်ဦးမည်။ ရှင်းရှင်းပြောရလျှင်၊ ယခုလောလောဆယ် လွယ်မည်မထင်သေးပါ။ ဤသို့ဆိုလျှင် NLD ဘာလုပ်မည်နည်း။ တစ်ဖက်ပိတ်လမ်း အန္တရာယ်ကိုထည့်သွင်းစဉ်းစားပေးကြပါ ဟု မေတ္တာ ရပ်ခံ လိုပါသည်။
စကားလုံးတစ္ဆေ

မြန်မာ့နိုင်ငံရေးတွင်
‘နှုန်းစံအခြေပြုစဉ်းစားနည်း’ (normative thinking) များ
လွှမ်းမိုးတွင်ကျယ်နေသလား၊ မကြာခဏဆိုသလို စဉ်းစားမိသည်။ ၀ိပ္ပဿနာတွင်
‘စာခံ’နေလျင် ဥာဏ်စဉ်တက်ဖို့ခက် တတ်သည်ဟု ကြားဖူး သည်။ နိုင်ငံရေးတွင်လည်း
‘စံခံ’နေကြလျင် လိုခရီးရောက်ရေးအတွက် အဟန့်အတား ဖြစ်လိမ့်မည်ထင်သည်။ အဆို
ပါ‘နှုံးစံအခြေပြုစဉ်းစားနည်း’ နှင့် ကျွဲကူးရေပါဖြစ်လေ့ရှိသည်မှာ
စကားလုံးတွေကို အသေကိုင်ပြီး ကိုယ့်ဖာသာ ကိုယ် ပြန်လန့်နေတတ်ခြင်းဖြစ်သည်။
ယခုပြဿနာကိုပဲကြည့် …။
‘နိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်’
ဆိုသောစကားလုံးများ အပေါ် ဗဟိုပြုနေ သည်ကိုတွေ့ရသည်။ အခြားနိုင်ငံများ၏
အခြေခံဥပဒေများတွင် ဘယ်လိုရှိသည်သိချင်၍ လွယ်လွယ် ရှိသော Encarta
တွင်ရှာကြည့်မိသည်။ လွှတ်တော်အမတ်များ ကတိသစ္စာပြုချက်ကိုတော့ မတွေ့။
အမေရိကန်သမ္မတများ
ကျမ်းသစ္စာကျိန်ဆိုကြသည့် စာသားကိုသာတွေ့သည်။ သူတို့တွင်လည်း “Preserve,
protect and defend the Constitution of United States” ဆိုသောစကားရပ်ပါသည်
သာဖြစ်သည်။ (Preserve, protect and defend ဆိုသော
အဓိပ္ပါယ်မနီးယိုးစွဲစကားလုံးသုံးလုံးကြီးများတောင် သုံးထားသည်။) သို့တစေ
ပြင်သင့်ပြင်ထိုက်၊ ပြင်စရာရှိလျင်မူ ပြင်ခဲ့ကြသည်သာဖြစ်ပါသည်။
ဤသို့ပြင်ဆင်ရင်းဖြင့်သာ အမေရိက၏ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ
ပြည့်စုံကောင်းမွန်လာခြင်းဖြစ်သည်။
ပြောရလျင် စိတ်ကောင်းစေတနာနှင့် ပြင်ကြသည်မှာ အခြေခံဥပဒေကို ဖျက်စီးသည်မဟုတ်။
ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာရောက်သည် မဟုတ်ပါလော…။ ဒီမိုကရက်တစ်နည်းကျပြင်ဆင်နိုင်ကြဖို့ ပဲလိုမည်ထင်ပါသည်။
ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာရောက်သည် မဟုတ်ပါလော…။ ဒီမိုကရက်တစ်နည်းကျပြင်ဆင်နိုင်ကြဖို့ ပဲလိုမည်ထင်ပါသည်။
စာရေးသူအနေနှင့်
မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေနှင့်ကြုံတိုင်း၊
‘ဗိုလ်ချုပ်အောင်ဆန်းဘာတွေလုပ်ခဲ့ သည်’ ကိုပြန်ကြည့်လေ့ရှိသည်။
လွတ်လပ်ရေးတိုက်ပွဲ နောက်ဆုံးအဆင့်တွင် ဗိုလ်ချုပ်ကိုယ်တိုင် ဘုရင်ခံ
အမှုဆောင်ကောင်စီတွင် ပါခဲ့သည်။ ဘုရင်ခံက ဥက္ကဌ။ ဗိုလ်ချုပ်ကဒုဥက္ကဌ။
ဘုရင်ခံမှာ ဗိုလ်ချုပ်အထက်ကလူ။ ဘုရင်ခံသစ္စာခံထားသည်က ဗြတိသျှအစိုးရ။
နှုံးတွေ၊ စံတွေ၊ စကားလုံးတွေနှင့် ကြည့်လျင် အဓိပ္ပါယ်တစ်မျိုး။
သို့သော်
ဗိုလ်ချုပ်က ဒါတွေကို အသေမကိုင်။ ‘လက်တွေ့အခြပြုစဉ်းစားနည်း’ (pragmatic
thinking) ဖြင့်ချဉ်းကပ်သည်။ သူတို့မျိုးဆက်ထဲတွင် ဗိုလ်ချုပ်က သူများထက်
ခေါင်းတစ်လုံးမြင့်သည်မှာ လက်တွေ့ ကျကျ စဉ်းစားဆုံးဖြတ်တတ်သောကြောင့်
ဖြစ်လိမ့်မည်ဟုစာရေးသူက နားလည်ထားသည်။ သူက ‘စံ’ တွေကို အသေ မကိုင်၊
စကားလုံးတစ္ဆေမကြောက်။
မေတ္တာရပ်ခံချက်
ဝန်ခံရလျင် စာရေးသူအနေနှင့် ယခုစာစုကို မ၀ံ့မရဲ ရေးရခြင်းဖြစ်ပါသည်။ နိုင်ငံရေးခေါင်းဆောင်များလည်းဖြစ်၊ ဥပဒေပညာရှင်များလည်း ဖြစ်ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများအနေနှင့် စာရေးသူလို အနုံညာ တ တစ်ယောက်ထက် ပိုသိ၊ ပိုတတ်၊ ပိုစဉ်းစားနိုင်ကြမည်မှာ သေချာပါသည်။

သို့နှင့်အမျှ
‘မိချောင်းမင်းရေခင်းပြ’ သလိုဖြစ်မှာကိုလည်း အမှန်ပင်စိုးရိမ်ပါသည်။
အမှန်စင်စစ်၊ ‘နိုင်ငံရေးအကျပ် အတည်း တစ်ခုများ ကြုံလေဦးမလား’ ဆိုသော
စိုးရိမ်သောကကြောင့် ရေး မိရေး ရာ ရေး လိုက် မိသော၊ ဘေးမှရပ်ကြည့်သူတစ်ဦး၏
အတွေးစများသာဖြစ်သည်။
တစ်ဆက်တည်း၊ နှစ်ဘက်ခေါင်းဆောင်အားလုံးကိုလည်း မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
၁။
ဗိုလ်ချုပ်အောင်ဆန်း၏အစဉ်အလာ၊မဲဆန္ဒရှင်များ၏ မျက်နှာကို ထောက်ရှု၍
ဒုတိယအကြိမ် ပြန် လည်စဉ်း စားပေးပါဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ခေါင်းဆောင်များကို လေးစားစွာ တောင်းပန်အပ်ပါသည်။
၂။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်များ၊တပ်မတော်ခေါင်းဆောင်များ
ကိုလည်း နောက် ထပ် နိုင်ငံရေးအကျပ်အတည်းတစ်ခုမကြုံရလေအောင် အတတ်နိုင်ဆုံး
ညှိနိုင်းဆောင်ရွက်ပေးပါဟု အားကိုးမျှော်လင့် စွာ တောင်းပန်အပ်ပါသည်။
ကျော်ဝင်း
၂၄ ဧပြီ ၂၀၁၂
source: မိုးမခ
No comments:
Post a Comment