မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
လေးဝတီ(၅)မိနစ် အရေးကြီး သတင်းပေးပို့ချက်
လေးဝတီသတင်းဌာနမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်နေထိုင်သော ဒေသခံတစ်ယောက်ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ သူက ခုလိုပြောပြသွားပါတယ်..
“တောင်ကုတ်မြို့မှာ သေဆုံးသွားတဲ့ မူဆလင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား
ဘင်္ဂလီလူမျိုးတွေဖြစ်တယ်လို့ ကုလားတွေကြားမှာ ကောဟလဟထွက်နေတယ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂလီလူမျိုး ဘာသာရေးအစွန်းရောက်တွေ
မြန်မာပြည်မှာဖြစ်နေတဲ့ လူမျိုးရေးပြဿနာတွေမှာ ၀င်ပါလာအောင်
သွေးထိုးလှုံ့ဆော်မှုတွေ လုပ်နေကြတယ်။ အဲဒီကောဟာလဟကို ယုံတဲ့လူတွေက
သူတို့လူမျိုးတွေ အသတ်ခံနေရပါတယ်ဆိုပြီး ဒေသအာဏာပိုင်တွေဆီမှာတိုင်တယ်
ဒေသအာဏာပိုင်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်နေရင်လည်း
နိုင်ငံကူးလက်မှတ်မပါပဲသွားလို့ အသတ်ခံရတာဆိုရင်
ဘာမှမတတ်နိုင်ဘူးလို့ပြန်ပြောလိုက်တယ်။
ဘင်္ဂလား-မြန်မာ နယ်စပ်ဒေသမှာနေထိုင်တဲ့ လူ့အခွင့်အရေးစောင့်ရှောက်ရေးအသင်းက ပြောရေးဆိုခွင့်ရှိသူ ဦးမောင်သိန်းပြောပြသွားတာပါ။
မောင်တောမြို့ရဲ့ လက်ရှိအခြေအနေမှာတော့ ဘင်္ဂလီတွေက
ဆုတောင်းပွဲကိုအကြောင်းပြုပြီး လူအုပ်စုနဲ့
ဆူပူအုံကြွဖို့ကြိုးစားလာတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက သေနတ်အချက်လေးဆယ်ခန့်
မိုးပေါ်ထောင်ပစ်ဖောက်ပြီး လူစုခွဲရန်ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ အကယ်၍
အဆိုပါဘင်္ဂလီများမှ နောက်တစ်ကြိမ် ရုန်းရင်းဆန်ခတ်လုပ်ပြီး
အကြမ်းဖက်ရန်ကြိုးပမ်းလာမယ်ဆိုရင်
လူအုပ်ထဲသို့တိုက်ရိုက်ပစ်ခွင့်ပြုထားကြောင်း မောင်တောရဲစခန်းမှ
လေးဝတီကိုပြောပြသွားပါတယ်။
ခုချိန်မှာတော့ ဆူပူသောင်းကျန်းနေတဲ့
ဘင်္ဂလီလူအုပ်ကြီးကို ရဲတွေက လူစုခွဲလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်
ညအချိန် မောင်တောမြို့ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ လုံခြုံရေးက
စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်လို့ မောင်တောမြို့ခံတစ်ဦးက
လေးဝတီကိုပြောပြသွားပါတယ်
No comments:
Post a Comment