by The Modern News Journal on Sunday, December 2, 2012 at 1:15am ·
ရွှေဝါရောင်လှုပ်ရှားမှုမှာ
ခေါင်းဆောင်တစ်ယောက်အနေနဲ့ တက်ကြွစွာ
ပါဝင်လှုပ်ရှားခဲ့သူဆရာတော်ဦးကမ္ဘီရ(ခ) ကိုညီညီလွင်ကို ဒီဇင်ဘာလ(၁)ရက်နေ့
ညနေ၅း၃၀နာရီ မှာ သင်္ဃန်းကျွန်းရဲစခန်းမှ လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရတယ်။
ဆရာတော်ရဲ့ မိခင်ဒေါ်ရေးက" မနေ့က ညနေက လာခေါ်သွားတာ သင်္ဃန်းကျွန်းရဲစခန်းကိုဒီနေ့လိုက်သွားတော့ သန်လျင်ရဲ စခန်းကို ပို့လိုက်တယ်လို့
ပြောတယ်။သန်လျင်ရဲစခန်းကို လိုက်သွားတော့ အင်းစိန်ထောင် ကိုပို့လိုက်ပြီလို့ ပြောတယ်။ အခု အမေသင်္ဃန်းကျွန်းရဲစခန်းကို သွားနေတယ်။
ဘယ်နေ့ ရုံးချိန်းတွေ ရှိမလဲဆိုတာသိချင်လို့ " ပြောပါတယ်။
ဆရာတော်က နေမကောင်းဘူး။လုံးလုံးမပျောက်သေးဘူး ။ဦးနှောက်နဲ့ အာရုံကြော ကုသမှု ခံယူနေရဆဲ
ဖြစ်တုန်းပဲ။သတိမ့တာနဲ့ခေါင်းကိုက်တာ ရှိတယ်။စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေရှိတယ်။ထောင်က
ထွက်လာပြီးတဲ့နောက် ကျန်းမာရေးညံ့သွားတဲ့ သူတယောက်ကို အမြန်ဆုံးလွှတ်စေချင်တယ်လို့ ဒေါ်ရေးက ဆိုပါတယ်။
ဆရာတော်ဦးဂမ္ဘီရသည် ကျန်းမာရေးကြောင့် ယခုနှစ် နှစ်ဆန်း(၁) ရက်နေ့ မှာ လူဝတ်လဲလိုက်ရတယ်လို့ သိရတယ်။

No comments:
Post a Comment