Thursday, December 13, 2012

ခရုတွေတွားသွားခိုင်းထားလိုက်ရင် မျက်နှာဟာတင်းပြီး အမြဲတမ်းနုပျိုနေသတဲ့


မြန်မာနိုင်ငံ နေရာအနှံ့မှာ မိုးတွေဆို သောက်မြင်ကပ်လောက်အောင်ပေါတဲ့ ခရုကောင်တွေ နောက်ဆို Export ကုန်တခုဖြစ်လာတော့မယ်...ဒီခရုတွေကို ဟောသလို မျက်နှာပေါ်တင်ပြီး (တနာရီလောက်)တွားသွားခိုင်းထားလိုက်ရင် မျက်နှာဟာတင်းပြီး အမြဲတမ်းနုပျိုနေသတဲ့...ဈေးကြီးပေးဝယ်ရတဲ့ မျက်နှာလိမ်းအလှဆီတွေမှ တချို့ဟာတွေ ဘေးဖြစ်သေးတာ ဒီခရုကို ဟောသလိုတင်ထားတာ ဘာအန္တရာယ်မှလည်း မဖြစ်တဲ့အပြင် ခရုတွားသွားရင်း ထွက်လာတဲ့ ဆဲလ်တွေဟာ အရေပြားထဲ စိမ့်ဝင်သွားရင် မျက်နှာဟာ အသက်(၃၀)ကျော်လာလို့ အရေးကြောင်းထင်တာ အရေတွန့်တာတို့ဖြစ်တာကို မဖြစ်စေတော့ပဲ အမြဲတင်းပြီး နုပျိုစေသတဲ့....။

No comments: