Sunday, December 2, 2012

လက်ပန်းတောင်းပြည်သူတွေပြန်လည်တိုက်ပွဲဝင်ကြပြီ

.

လက်ပံတောင်းတောင်နှင့်ပတ်သက်၍ မန်းသံဃာတော်များ ဆန္ဒထုတ်ဖော်

...................................................................

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား ဖြိုခွင်းပြီးနောက် နှစ်ရက်အကြာတွင် ဆန္ဒပြမှု ထပ်မံဖြစ်ပေါ်............

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိသပိတ်စခန်း
များအား ရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီ
အချိန်ခန့်တွင် အင်အားသုံး ဖြိုခွင်းခဲ့ပြီးနောက် ၂ ရက် အကြာ၌
ဆန္ဒပြမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြမှုကို ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ဆားလင်းကြီးမြို့နယ် တုံရွာထိပ်၌ ပြုလုပ်ခဲ့ပြီး ဒေသခံလူအင်အား
၅၀၀ ခန့်က ဆားလင်းကြီးမြို့နှင့် ညောင်ပင်ကြီးမြို့နယ်သို့သွားရာ လမ်းဘေးဝဲယာတစ်လျောက်တွင် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း၊ ယင်းဆန္ဒဖော်ထုတ်မှုမှာ ၁ နာရီခန့် ကြာချိန်တွင် လူစုခွဲသွားခဲ့ကြကြောင်း သိရှိရပါသည်။

''ဒီနေ့ဆန္ဒပြဖြစ်တဲ့ အကြောင်းအရင်းက လက်ပံတောင်းတောင်
ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းသွားဖို့ရာနဲ့ ဆန္ဒဖော်ထုတ်တဲ့သူတွေကို ဖမ်းဆီးထားတာ ပြန်လွှတ်ပေးဖို့ရာ အတွက်ဖြစ်ပါတယ်။ ဆန္ဒပြသူတွေထဲမှာ သပိတ်စခန်းတွေကို ဖြိုခွင်းခံရတုန်းက ထိခိုက်ဒဏ်ရာ
ရတဲ့သူတွေပါ ပါဝင်ပါတယ်'' ဟု ဒေသခံတစ်ဦးက ပြောပြခဲ့သည်။

Posted by EMG
လက်ပန်းတောင်းပြည်သူတွေပြန်လည်တိုက်ပွဲဝင်ကြပြီ
....................................................................

No comments: