တရုတ်နိုင်ငံသည်
မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပုံစံသစ် တစ်ခုဖြင့် ဆက်လက်ဆက်ဆံသွား ရန်
အားထုတ်လျက်ရှိနေ ပြီး နိုင်ငံရေး ပုံစံတစ်ခုဖြစ်လာစေရန် ကြိုးပမ်းလျက်
ရှိပါ၏။
စိုးမင်းဦး ယင်းသို့သော ပုံစံသစ် ဖြင့် ဆက်ဆံရန် ဖြစ်တည်လာစေ ခဲ့ရသည့် အကြောင်းတစ်ခုကလည်း ရှိသည်။ မြန်မာနိုင်ငံမှ တာဝန်ရှိသူ များက နိုဝင်ဘာလ ၂၉ ရက်နေ့ တွင် မုံရွာမြို့အနီး ကြေးနီတောင် သတ္တုတူးဖော်ရေးလုပ်ငန်းအပေါ် မကျေနပ်၍ ဆန္ဒပြနေသူများကို အကြမ်းဖက် ဖြိုခွဲလိုက်သဖြင့် ပြည်သူများ၏ ပြန်လည်တုံ့ပြန်မှု မှာ အဖြေရှာမရလောက်သည့် အခက်အခဲများ ကြုံတွေ့နေကြရ ၍ပင် ဖြစ်သည်။ ယမန်နှစ်ကလည်း တရုတ်နိုင်ငံက ကျောထောက်နောက် ခံပြုကာ တည်ဆောက်နေသော မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်း လိုက်ခြင်း အမိန့်ထုတ်ပြန်ခဲ့သည်။ အဆိုပါအမိန့်ကို ထုတ်ပြန်ပေးခဲ့သော သမ္မတဦးသိန်းစိန်ကို အနောက်ဘက်နိုင်ငံများက အလွန် တန်ဖိုးကြီးသော ဂုဏ်ပြုချီးမွမ်း မှုလည်း ဖြစ်ပေါ်ခဲ့သည်။ ယင်းသို့ဖြစ်စဉ်များ ဖြစ်ပေါ်နေချိန်၌ တရုတ်နိုင်ငံအနေနှင့် မြစ်ဆုံစီမံကိန်းသည် မိမိတို့အ တွက် အလွန်ကြီးမားသော အခွင့်အရေး ကြီးတစ်ခု သဖွယ် ဖြစ်သော်လည်း ယင်းအချက်သည် တောက် လောင်လာမည့် မီးစတစ်ခုအဖြစ် မရောက်စေလိုပေ။ သို့သော် မြစ် ဆုံပြဿနာသည် မြန်မာနိုင်ငံ၏ နိုင်ငံ ခြားရေးရာမူဝါဒ ချိန်ခွင်လျှာ ညီစေမည့် သော့ချက် တစ်ခုဖြစ်မှန်း သိရှိသွားခဲ့သည်။ တရုတ်နိုင်ငံအနေနှင့် စီမံကိန်းကြီးများဖြစ် သည့် ကြေးနီတောင်စီမံကိန်းနှင့် မြန်မာနိုင်ငံ၏ ခါး လယ်ကိုဖြတ်ကာ တရုတ်နိုင်ငံ ယူနန်ဒေသနှင့်ဘင်္ဂလားပင်လယ်အော်ကိုဆက်သွယ်မည့် ရေနံနှင့်ဓာတ် ငွေ့အမြွှာပိုက်လိုင်းစီမံကိန်းများသည် မြန်မာနိုင်ငံ ပြည်သူ များ၏ ရင်ထဲအသည်းထဲ၌ ထိခိုက်သွားစေနိုင် ပြီး လက်ရှိအစိုးရကို ထိုးနှက်တိုက် ခိုက်နိုင်လောက်သည့် အကျပ်အ တည်း ဖြစ်စေ ခဲ့သည်။ ယင်းဖြစ်ရပ်များသည် မြန်မာနိုင်ငံ၌အာဏာရအစိုးရက တာဝန်ယူထားပြီး အတိုက်အခံဖြစ် သော ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံ ရပ်ခြားသို့ သွားရောက်နေစဉ် ကာလများအတွင်း ပေါ်ပေါက်နေ ခဲ့ခြင်း ဖြစ်သည်။ ဆန္ဒပြသူများအပေါ် မြန်မာအစိုးရ၏ ဖြေရှင်းလိုက်ပုံနှင့်ပတ်သက်၍ မကျေနပ်သော ကောလာဟလများကလည်းပျံ့နှံ့စွာ ထွက်ပေါ်လာခဲ့သည်။ တစ်ပြိုင် တည်းမှာပင် တရုတ်နိုင်ငံက စီးပွား ရေး အမြတ်ထုတ် ကုပ်သွေးစုပ်နေ သည်ဟူသော သတင်းများ က မြန်မာနိုင်ငံရေးနယ်ပယ်၌ ပျံ့နှံ့သွားခဲ့ သည်။ ယင်းသို့ ဖြစ်ရပ်နှင့်သတင်း များ ပိုမိုလျင်မြန်စွာ ပျံ့နှံ့သွားရ ခြင်းမှာ မျိုးချစ် စိတ် ဓာတ်ပြင်းထန်သည့် မြန်မာပညာရှင်များ ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါ၏။ ထိုဖြစ်ရပ်များကြောင့် မြန်မာနိုင် ငံ၏ ဒီမိုကရေစီဖြစ် ထွန်းစေမှုနှင့် ပြည်တွင်း ပြန်လည်ပေါင်းစည်း ညှိ နှိုင်းရေးလုပ်ငန်းစဉ်များအပေါ် တ ရုတ်နိုင်ငံက စိတ်ပူပန်လာခဲ့သည်။ တစ်ချိန်တည်းတွင် ၂ဝ၁၅ ခုနှစ်၌ ပါလီမန်ရွေး ကောက်ပွဲအတွက် မြန်မာနိုင်ငံ အစိုးရ၏ ပြင်ဆင်နေမှုများက လည်း တရွေ့ရွေ့ချဉ်းကပ်လာနေသည်။ ထိုရွေးကောက်ပွဲကလည်း ထပ်မံပြင်ဆင်၍မရနိုင်သည့် ကြို တင်ဆုံးဖြတ်ထားပြီး သားကိစ္စ ဖြစ်နေ သည်။ ယင်းရွေးကောက်ပွဲ၏ ၇၅% သည် တရားမျှတပြီး လွတ် လပ်သော ရွေးကောက်ပွဲ ဖြစ်ရ မည်။ အဘယ့်ကြောင့်ဆိုသော် ၂၅% က တပ်မတော်မှ ခန့်အပ် မည့် ကိုယ်စားလှယ်များက လွှတ် တော်အတွင်း၌ ဝင်ရောက်နေရာ ယူထားပြီး ဖြစ်နေ၍ ဖြစ်ပါ၏။ တစ်ဖက်မှလည်း မြန်မာ နိုင်ငံ၌ လူ့အခွင့်အရေး ဖောက် ဖျက်မှုဟုဆိုရလောက်သည့် အလွဲ သုံးစား လာဘ်စားမှုများက နိုင်ငံ အနှံ့ ပျံ့နှံ့နေသည်။ တစ်ပြိုင်တည်း မြန်မာ နိုင်ငံ၏ ချမ်းသြာ<ွကယ်ဝမှု မှန်သမျှ ကို အလွဲသုံးစားပြုကာ တရုတ်နိုင် ငံကို ရောင်းချနေသည့် သတင်းနှင့် တရုတ်နိုင်ငံက စိတ်ဝင်စားသည့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း မှန်သမျှ အစီအစဉ်တစ်ခုအနေနှင့် ဆောင် ရွက်နေ သည်ဆိုသည့် သ တင်းများ ဖြစ်ပေါ်လျက်ရှိသည်။ အထက်ပါဖြစ်ရပ်များကို ဆက်စပ်၍ အခြေခံကျကျ တွေး ကြည့်သည့်အခါ နောက်ဆုံးရရှိ သည့် အဖြေမှာ တရုတ်နိုင်ငံအစိုး ရသည်လက်ရှိ အာဏာရယူထား သော မြန်မာနိုင်ငံ၏ အစိုးရက မြန် မာဘုန်းကြီးများနှင့် ကျောင်းသား လူငယ်များကို အကြမ်း ဖက် နှိမ်နင်းစေလိုသည် ဟူ၏။ တရုတ်နိုင်ငံအနေနှင့် မြန်မာနှင့်တရုတ်နိုင်ငံတို့၏ တပ်မတော်မှ ပုဂ္ဂိုလ်အများစုပါဝင်ပတ်သက်နေသော ကြေးနီသတ္တုတွင်း ကိစ္စရပ်ကို ဖြစ်နိုင်သည့် နည်းလမ်း နှင့် ကာကွယ်ပေးစေလိုသည့် အဖြေထွက်နေပါ၏။တရုတ်နှင့်ကြေးနီတောင်ကြေးနီသတ္တုတွင်းနှင့် ပတ်သက်၍ လောလောဆယ် တရုတ်နိုင်ငံ ပါဝင်ပတ်သက်နေမှု နောက်ကြောင်းကို ပြန်သုံးသပ် သော် ၂ဝ၁ဝ ပြည့်နှစ်ခန့်က စခဲ့ခြင်းဖြစ်၏။ အမှန်တကယ် ကြေးနီ သတ္တုတွင်း တူးဖော်မှုအပေါ် ပြည် တွင်းနှင့် ပြင်ပမှ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအင်အားစုများက မျက်စိ စပါးမွှေး စူးနေသည်မှာ နှစ်အ တော်ကြာနေပြီ ဖြစ်သည်။ မူလက ယင်းသတ္တုတွင်း လုပ်ငန်းကို ပြည်တွင်း၌ ဝင်ရောက် ရင်းနှီး လုပ်ကိုင်ရသူမှာ ကနေဒါ နိုင်ငံမှ သတ္တုတွင်း တူးဖော်ရေး လုပ်ငန်း အိုင်ဗင်ဟို- Ivanhoe ဖြစ်သည်။ နိုင်ငံတကာသည် ထိုစဉ် က စစ်အစိုးရကို ပစ်မှတ်ထားကာ စီးပွားရေးပိတ်ဆို့မှုများ လုပ်ထား ခြင်းကို မျက်ကွယ်ပြု၍ အိုင်ဗင်ဟို က လုပ်ငန်းများ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ နှစ်အနည်းငယ်အကြာ၌ အိုင်ဗင်ဟိုသည်လည်း သူလုပ် ကိုင်နေသော သတ္တုတွင်းလုပ်ငန်း အပေါ် ဝေဖန်မှု၊ ဖိအားပေးမှုများ ခံစား လာရ၍ လုပ်ငန်းကို စွန့်လွှတ်ခဲ့ရသည်။ သူ့လုပ်ငန်းကို မြန်မာအစိုးရထံသို့ ရောင်းချခဲ့ရသည်။ တရုတ်နိုင်ငံကုမ္ပဏီကို တိုက်ရိုက်ရောင်းချခြင်းမျိုး မလုပ် ခဲ့ရပါ။ ထိုအခါ၌ ဗိုလ်ချုပ်ကြီး များအတွက် ဒုတိယအကြိမ်အခွင့် ကောင်းများ ရရှိသွားခဲ့ပြန်သည်။ ဆိုလိုသည်မှာ နောက် တစ်ကြိမ် စီးပွားဖြစ် သတ္တုတူးဖော် ရေးလုပ်ငန်းကို မြန်မာ့စီးပွားရေးဦး ပိုင်- Union of Myanmar Economic Holdings Ltd (UMEHL) လက်ဝယ်သို့ လွှဲခဲ့သည်။ UMEHLသည် မြန်မာ့တပ်မတော်ပိုင် စီးပွားလုပ်ငန်းအင်အားစု ဖြစ် သည်။ ထိုအခါ UMEHLက တရုတ်နိုင်ငံ သတ္တုတူးဖော်ရေးလုပ် ငန်းတစ်ခုဖြစ်သည့် ဝမ်ပေါင်- WanBaoသတ္တုတူးဖော်ရေးလုပ် ငန်းနှင့် အစုစပ်လုပ်ကိုင်ခဲ့သည်။ ယင်းဝမ်ပေါင်လုပ်ငန်း သည် တရုတ်နိုင်ငံ၌ စစ်လက်နက် များ ထုတ်လုပ်သည့် နော်ရင်ကို- Norinco ၏ ထီးရိပ်အောက်မှ လက်ခွဲလုပ်ငန်းတစ်ခုသာ ဖြစ်၏။ ကြေးနီလုပ်ငန်း၏သဘာဝ ကြေးနီသတ္တု တူးဖော် ရေးလုပ်ငန်းဆိုသည်မှာ သတ္တုရိုင်း သန့်စင်ရာ၌ ကန့်ငရဲမီး- Sulfuric Acidကို အသုံးပြုရသည်။ ယင်းသို့သော သန့်စင် မှုလုပ်ငန်းမျိုးကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက နှစ် သက်သဘောကျခြင်း မရှိပေ။ ယင်းသို့ သဘာဝပတ် ဝန်းကျင် ပျက်စီးစေသော သတ္တု တွင်းလုပ်ငန်းကြောင့် စိုက်ပျိုးမြေ များ ပျက်စီးရသည်။မြေအောက် ရေ အရင်း အမြစ် များ ပျက်စီးရ သည်။ နောက်ဆုံး ကလေးမွေးဖွား မှုပါပင် ထိခိုက်သည်ဟု စွပ်စွဲခံရ သည်။ ယင်းသို့သော ဖြစ်ရပ် သည် အံ့အားသင့်စရာမဟုတ် သည်ကို သတ္တုတူးဖော်ရေးလုပ်ငန်း သို့ သွားရောက်စစ်ဆေးသောသူ များ တွေ့ရှိခဲ့ကြသည်။ သတ္တုတူးဖော်ရေးလုပ် ငန်းခွဲသစ်တစ်ခုဖြစ်သည့် လက်ပံ တောင်းတောင်ဒေသသို့ ဒေသခံ နှင့် ပြည်တွင်းမှ ပတ်ဝန်းကျင်ကိစ္စ လှုပ်ရှားသူများက စက်တင်ဘာလ ၌ ရောက်ခဲ့ကြသည်။ အနီးကပ် ကြည့်ရှုလေ့လာခွင့်ရခဲ့သည်။ ၈၈ မျိုးဆက်သစ် ကျောင်းသားအဖွဲ့ကလည်း အုပ်စုအလိုက် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုခဲ့ကြသည်။ သို့နှင့် သတ္တု တူးဖော်ရေးလုပ်ငန်းအ ပေါ် ဆန္ဒပြသူများ တိုးလာကာ အမျိုး သားရေးစိတ်ဓာတ် နိုးထလာခဲ့၏။ နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်း- INGO များကလည်း စုစည်း၍ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုရှိ၊ မရှိဆို သော ရှုထောင့်မှ ကြည့်ရှုခဲ့ကြ သည်။ ဧရာဝတီမြစ်ကို တစ် ဖက်တစ်လမ်းက ပံ့ပိုးပေးနေသော ချင်းတွင်းမြစ်သည် မြူနှင်းများ ဖုံး လွှမ်းနေသည့် မိုးပြာရောင်တောင် တန်းများကြားမှ ဖြတ်သန်းစီးဆင်း လာသည်။ လှပပြီး ချစ်စရာကောင်း သော ကျေးလက်ရွာလေးများ အနီး အနားမှ ကွေ့ကာ ဝိုက် ကာ သဘာ ဝရင်းမြစ်များ ပြေါ<ွကယ်လှသည့် မြေလွတ်မြေရိုင်းများမှတစ်ဆင့် ဖြတ်သန်းခဲ့ခြင်း ဖြစ်ပါ၏။ ချင်းတွင်းမြစ်သည် တ မန်သီဘေးမဲ့တောနှင့် ဟူးကောင်း တောင်ကြား ကျားသတ္တဝါများရှိရာ အရပ်မှ ကွေ့ကောက်စီးဆင်း သည်။ ထိုနေရာသည် ကမ္ဘာပေါ်၌ ကျားမျိုးရင်း အများဆုံးရှိရာအရပ် ဟု သတ်မှတ်ထားကြသည်။ ကမ္ဘာပေါ်၌ သဘာဝမျိုး ရင်းများ ဖြစ်သော ကျား၊ ဆင်နှင့် ရှားပါးသော လိပ်မျိုးရင်းများ ရှိရာ ဟုလည်း ဆိုကြသည်။ ယင်းအ ထောက်အထားများ ကို မြန်မာနိုင် ငံမြစ်များအား လေ့လာသော NGO အဖွဲ့က တင်ပြသော စာ တမ်း၌ ဖော်ပြထားသည်။ အစိုးရမှ တာဝန်ရှိသူ များသည် ဒေသခံများနှင့် NGO မှ တာဝန်ရှိသူများကို နှုတ်ဖျားဖြင့် သာ အသိအမှတ်ပြုပြီး ထိုနေရာမှ မလှမ်းမကမ်းသောနေရာ၌ တရုတ် နှင့် မြန်မာ သတ္တုတူးဖော်ရေးလုပ် ငန်းသစ် တည်ဆောက်ရန်သာ စိတ်အားသန်ခဲ့သည်။ ထို့ကြောင့် ရာပေါင်း များစွာသော ဆန္ဒပြသူများကို ရှင်း လင်းသည်။ သူတို့သည် တရားဥပ ဒေနှင့် ကိုက်ညီမှုမရှိဘဲ စခန်းချ သည်။ ဥပဒေမဲ့လုပ်ရပ်ဟု သတ် မှတ်ကာ ရှင်းလင်းခဲ့သည်။ နိုဝင်ဘာ လ ၂၉ နေ့ ဖြစ်ပျက်ခဲ့မှုနှင့် ပတ်သက်၍ ယခုထက်တိုင် တိကျသေ ချာသော အဖြေ မပေါ်ပေါက်နိုင်သေးပေ။ ပြင်းထန်သော မီး လောင်ဒဏ်ရာ ရရှိစေခြင်းနှင့် စပ် လျဉ်း၍ မီးပြအချက်ပေးမှုမှ မီး လောင် မှု ဖြစ်ပွားခြင်းလား၊ မျက်ရည်ယိုဗုံးအငွေ့ကြောင့်လား သို့မ ဟုတ် အခြားလက်နက်တစ်မျိုးမျိုး ကြောင့်လား ဆိုသည်ကို လည်း မသိကြရသေးပေ။ လူအတော်များများ မီး လောင်မှုဒဏ်ရာများ ရခြင်းအပေါ် အဖြေမရသေးပေ။ ပြည်တွင်းသတင်း မီဒီ ယာများကမူ မီးလောင်ကျွမ်းခံရ သော ရဟန်းတော်များ၏ သတင်း ကို ဓာတ်ပုံများဖြင့် ဖော်ပြကြ သည်။ ဤဖြစ်စဉ်သည် မုံရွာမြို့ ၌ အသစ်စက်စက် ရာဇဝတ်ကျူး လွန်မှု ဖြစ်ခဲ့သည်ဟု ဆိုရမည်။ တစ်ဖက်ကလည်း ဒီမိုကရက်တစ် လမ်း စဉ်နှင့် နိုင်ငံကို လျှောက်လှမ်း မည်ဟု ဆိုနေကြသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- Assistance Association to Political Prisoners-AAPP က မီးစွဲလောင်စေသော လက်နက်နှင့် အရပ်သားများကို ထိခိုက်စေရန် ပြုလုပ်ခဲ့ခြင်းသည် ဂျနီဗာသဘော တူညီချက် ကို ဖောက် ဖျက်ခြင်းဟု စွပ်စွဲသည်။ မြန်မာနိုင်ငံ ပြည်တွင်း သတင်းများကလည်း တရုတ်ဆန့် ကျင်ရေး လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ ကြသည်။ ဗုဒ္ဓဘာသာကို ဆန့်ကျင် သည့် လုပ်ရပ်ဟုလည်း စွပ်စွဲကြ သည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်သော သံဃာတော်များအား ကထိန် သင်္ကန်း ကပ်လှူရမည့်နေ့၌ ဆန့် ကျင်သူများကို ရှင်းလင်းရာ၌ အ ထူးသဖြင့် သံဃာတော်များ ထိ ခိုက်ဒဏ်ရာရသွား၍ ဖြစ်ပါ၏။ အစိုးရ၏တောင်းပန်မှု နိုင်ငံတော်အစိုးရကလည်း မီးလောင်ကျွမ်းဒဏ်ရာရခဲ့သည့် ရဟန်းတော်များအတွက် အနူးအညွတ် တောင်းပန်ခဲ့သည် ကို ဧရာဝတီ မဂ္ဂဇင်း၌ ဖော်ပြခဲ့သည်။ စစ်ကိုင်းဒေသရဲတပ်ဖွဲ့ အကြီးအကဲ စန်းယုဆိုသူက ယခုကဲ့သို့ ဝင်ရောက်စီးနင်းမှုကြောင့် မတော် တဆ ဖြစ်ခဲ့ရပါကြောင်း တောင်းပန်ခဲ့သော်လည်း နိုင်ငံ အနှံ့ ပြည်သူအများစုက မကျေ နပ်ခဲ့ကြပေ။ မီးလောင်ဒဏ်ရာနှင့် ဆေးရုံတက် ကုသမှု ခံယူနေရ သော ဆရာတော် ဦးဝဏ္ဏသိဒ္ဓိက- ''ကျုပ်တို့ကို အခုလို တောင်းပန်တာကို လက်သင့်မခံ ဘူး။ ကျုပ်တို့ တောင်းဆိုတာက သမ္မတဦးသိန်းစိန်ကိုယ်တိုင် လာ ပြီး တောင်းပန်၊ နောက် ဒီစီမံကိန်း ကို ပိတ်ပေးရမယ်။ အဲဒီလိုလုပ်မှ ကျုပ်တို့ ခွင့်လွှတ်မယ်'' ဟု မိန့် ခဲ့သည်။ အခြားဆရာတော် အ ရှင်သုစိတ္တကမူ ''ဒီလိုပေးကမ်းတာ မျိုး ကျုပ်တို့လက်မခံနိုင်ဘူး။ သူ တို့ လုပ်ခဲ့တာအတွက် ကျုပ်တို့ စိတ်ပြေအောင် လုပ်နေကြတာ'' ဟု ဆိုကာ ဒေသခံတာဝန်ရှိသူများ လှူဒါန်းသော အချိုရည်များကို ဆေးရုံစင်္ကြံလမ်း၌ပင် ချထားခဲ့ သည်။ နောက်ဆက်တွဲဖြစ်ရပ်များ အထက်ပါဖြစ်ရပ်အပြီး နှင့် တစ်ချိန်တည်းတွင် ကြေးနီ တောင်သတ္တုစီမံကိန်းကို ဆန့်ကျင် သည့် ဆန္ဒပြပွဲများသည်လည်း မြန် မာနိုင်ငံ အနှံ့အပြား၌ ဖြစ်ပွားခဲ့ သည်။ ထိုဆန္ဒပြပွဲများက မြန် မာနိုင်ငံ၌ တရုတ်နိုင်ငံသားများ ခြယ် လှယ်နေခြင်းကို ဆန့်ကျင်မှု ဖြစ်သည်။ တရုတ်နိုင်ငံသား ဆန့် ကျင်ရေးစိတ်ဓာတ် ကြီးမားလာခဲ့၍ ဆန္ဒပြသူမှန်သမျှ ရန်ကုန်၊ မန္တ လေးနှင့် အခြားမြို့များ၌ ဖမ်းဆီး ခံခဲ့ကြရသည်။ ထို့ကြောင့် တရုတ်နိုင်ငံ ၌ မြန်မာသံအမတ်ကြီး တာဝန်ယူ ထားခဲ့ဖူးသူ သံတမန်ဟောင်းကြီး တစ်ဦးက ယင်းဖြစ်ရပ်ကို သတိ ပေး စကား ပြောခဲ့၏။ အဆိုပါ ဖြစ် ပေါ်မှုကို မထိန်းသိမ်းနိုင်ပါက တရုတ်မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်နိုင်သည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း မုံရွာမြို့သို့ သွားရောက် ခဲ့သည်။ သူသွားရောက်သည့် ခရီး စဉ်မှာ အစီအစဉ်အတိုင်းသာ ဖြစ် သည်။ သူသည် သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးနှင့် ပတ်သက်၍ ယင်းစီမံကိန်းသည် မည်မျှထိ ခိုက်စေခဲ့သနည်း။ ဆန္ဒပြခြင်းဖြင့် တုံ့ပြန်မှုသည် မည်မျှအထိ ဖြစ် ပွားခဲ့သနည်းကို စုံစမ်းလေ့လာခြင်း သာ ဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့်နေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ ဖြစ်ရပ် သည် ဖြစ်ပျက်ခဲ့ရသမျှအရာအား လုံး ကပြောင်းကပြန် ဖြစ်သွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ကြေးနီတောင်စီမံကိန်းနှင့် ပတ်သက်၍ အချက်အလက်ရှာ ရန် သွားခြင်းအစား အကြမ်းဖက်ခံရ သည့် ဆန္ဒပြသူများ၏ ဒဏ်ရာအနာတရဖြစ်မှုကို ဆေးရုံသို့ သွားရောက်မေး မြန်းရသည့် အဖြစ်မျိုးနှင့် ရင်ဆိုင်ရသည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ လုပ်ပိုင်ခွင့်တာဝန်ကို ကြေညာပြီးဖြစ်သော် လည်း ယင်းအချက်များကို ပြန်လည်ပြင် ဆင်ရသည်။ အရုပ်ဆိုးအကျည်းတန်သည့် ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန်ပါ ဖြစ်လာ ခဲ့၏။ ဤနေရာ၌ သတိ ပြုစရာတစ်ခုမှာ ကြေးနီ တောင်စီမံကိန်းနှင့်ပတ်သက် ၍ မကျေနပ်ဖြစ်ကာ ဆန္ဒ ပြခဲ့ကြသော ၈၈ မျိုးဆက် သစ်အဖွဲ့ဝင်များသည် စုံစမ်းစစ်ဆေးရေးကော်မရှင်ထဲ၌ ပါဝင်ရန် ငြင်းဆန်ခဲ့ကြသည်။ ဒေါ်အောင်ဆန်း စုကြည်ကမူ ယင်းကော်မ ရှင်၌ ဆက်လက်တာဝန်ယူခဲ့၏။ တရုတ်နိုင်ငံ၏တုံ့ပြန်မှု တရုတ်နိုင်ငံအစိုး ရ၏ ကြေညာချက်နှင့် တ ရုတ်နိုင်ငံ၏ သဘောထား များကို ထုတ်ပြန်ချက်များ ၌ တွေ့ရသည်။ မြန်မာနိုင်ငံရှိ တ ရုတ်နိုင်ငံသံအမတ်ကြီး- Li Junhua ၏ တွေ့ဆုံမေး မြန်းမှုများလည်း ထွက်ပေါ် လာသည်။ စုံစမ်းစစ်ဆေး ရေးကော်မရှင်၏ လုပ်ငန်း များကိုတရုတ်နိုင်ငံကပူးပေါင်းကူညီမည်ဖြစ်ပြီးယင်းစီမံကိန်းအတွက် ချုပ်ဆိုထားသော စာချုပ်များသည် တရားဝင်ဆဲ ရှိသေးကြောင်း သတိပေးထားသည်။ ''ကျွန်တော်တို့ မြန်မာ နိုင်ငံနဲ့ စာချုပ်ချုပ်ဆိုတဲ့အခါမှာ အကြောင်းအရာမျိုးစုံကို နှစ်ဖက်ပူး ပေါင်းပြီးမှ ဆွေးနွေး သဘောတူခဲ့ ကြတာပါ။ နေရာဌာန ရွေးချယ်မှု၊ လျော်ကြေးပေးရေး၊ ပတ်ဝန်းကျင် ထိခိုက်မှု၊ အကျိုးအမြတ် ခွဲဝေမှု အားလုံး နှစ်ဦးနှစ်ဖက် သဘော တူညီမှုနဲ့ လုပ်ခဲ့တဲ့နေရာမှာ မြန်မာနိုင်ငံရဲ့ ဥပဒေထုံးတမ်းစဉ်လာများနဲ့အညီ ဖြစ်ပါတယ်။ အခုလို ဖြစ်ပျက်ခဲ့ရတဲ့ ကိစ္စရပ်ရဲ့ အဓိက အကြောင်းအရာကတော့ ပြည်သူတွေအနေနဲ့ သတင်းအချက်အလက်တွေကို မသိရှိလို့ပါ။ဒါကြောင့် သူတို့နားလည်မှု လွဲနေကြ တာပါ'' သံအမတ်ကြီး ဆက် ပြောသည့် စကား၌ မုံရွာမြို့ ကြေး နီသတ္တုတူးဖော်ရေးလုပ်ငန်း စီမံ ကိန်း၌ ရင်းနှီးမြှုပ်နှံသည့် Wan Bao သည် ၂ဝ၁ဝ ပြည့်နှစ်က မြန် မာ့ဦးပိုင်လုပ်ငန်းနှင့် အစုစပ်လုပ် ကိုင်လျက် ရှိသည်။ Wan Bao သည် တရုတ်နိုင်ငံပိုင် စစ်လက် နက်များ ထုတ်လုပ်သည့် China North Industries Corpouation လုပ်ငန်းကြီးမှ လုပ်ငန်းခွဲဖြစ်သည်။ ယင်းလုပ်ငန်းကြီးကို Norincoဟု လည်း ခေါ်ကြသည်။ အဆိုပါ မုံရွာသတ္တုတူး ဖော်ရေးလုပ်ငန်း ဖြစ်သည့် လက်ပံ တောင်းတောင် သတ္တုတူးဖော်ရေး လုပ်ငန်း၏ စာချုပ်သက်တမ်း မှာ နှစ်ပေါင်း ၃ဝ ဖြစ်သည်။ Wan Bao လုပ်ငန်းက US$ ၁ သန်း အထိ ရင်းနှီးထားသည်။ မြန်မာ နိုင်ငံအစိုးရက မြတ်စွန်းမှု၏ ၁၆. ၈% ရသည်။ ဦးပိုင်လုပ်ငန်းက ၁၃.၈% ရသည်။ Wan Bao လုပ်ငန်းက ၁၃.၈% ရသည်ဟု သံအမတ်က ဆိုသည်။ သံအမတ်က ဆက်ပြော ရာ၌ လက်ပံတောင်းတောင် သတ္တု တူးဖော်ရေးလုပ်ငန်းအတွက် တိုးချဲ့ မြေနေရာ ရရှိရန် မြေဧက ၆ဝဝဝ ကျော် လိုအပ်ခဲ့သည်။ ထိုမြေဧက ၆ဝဝဝ ကျော်အတွက် တစ်ဧက လျှင် US$ ၈၃ဝ နှုန်း နစ်နာကြေး ပေးခဲ့ပြီးဖြစ်သည်။ လူနေအိမ် ပြောင်းရွှေ့ရခြင်းအတွက် လူထု အိမ် ၂ဝဝ လည်း ပြန်လည် ဆောက်လုပ်ပေးခဲ့ပြီးပြီ ဖြစ်သည်။ တစ်ပြိုင်နက်တည်းမှာပင် လူနေ အိမ်များနှင့်အတူ စာသင်ကျောင်း တစ်ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းနှင့် ဆေးရုံ တစ်ရုံပါ ဆောက်လုပ်ပေး ခဲ့ပြီးဖြစ်သည်ဟု ဆိုခဲ့သည်။ (ရှေ့တစ်ပတ်ဆက်ရန်) |
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ ဦးပိုင် တွေ့
Updated 2 hours ago · Taken at Nay Pyi Taw
၉-၁-၂၀၁၃
နေ. ညနေ ၄နာရီခွဲက လက်ပံတောင်းတောင်ကိစ္စ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် ဥက္ကဋ္ဌ ဒုတိယ
ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး က လွှတ်တော်ဝင်းအတွင်းရှိ ရုံးခန်းမှာ
လာရောက်တွေ.ဆုံ ဆွေးနွေးခဲ့။ (ဓါတ်ပုံ-DVB)
|
Wednesday, January 9, 2013
သမိုင်းပုံရိပ်ထဲက တရုတ်နှင့်လက်ပံတောင်း သတ္တုတွင်းစာချုပ်
Labels:အတိတ်က မြိတ်သမိုင်း
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment