Friday, August 9, 2013

ပွဲစားပါးစပ်မှာ ဈေးဖြစ်နေတဲ့ မြန်မာ့အိမ်ဈေးကွက်..။


နယူးယောက်ထက်ဈေးကြီးနေသော ရန်ကုန်အိမ်ခြံမြေဈေးကွက်
( ဆဲဗင်းဒေးသတင်းစာပါ ဘာသာပြန်ဆောင်းပါး)
ထားထားမြင့်။ ဓာတ်ပုံ H

အမေရိကက သူ၏ကုမ္ပဏီရုံးခွဲကိုစတင်ရန် မြန်မာနိုင်ငံကို သူ့ ကိုစေလွှတ်လိုက်ကတည်းက ရှောင်ဒန်နလေက သူ၏ရုံးခန်းဖွင့်လှစ်မည့် နေရာကို လိုက်ရှာနေသည်မှာ ခြောက်လခန့်ရှိပါပြီ။

ရန်ကုန်က အထပ်မြင့်အဆောက်အအုံသုံးခုကို သူသွားကြည့်ခဲ့ပါသည်။ ထိုနေရာများတွင် နှစ်စဉ်ငှားရမ်းခက တစတုရန်းပေကို ဒေါ်လာတရာထက်ပင် ကျော်နေပါသည်။ CBRE အိမ်ပွဲစားအုပ်စု၏အဆိုအရ အမေရိကန်နိုင်ငံနယူးယောက်မြို့ ၏ စီးပွားရေးအချက်အချာ မက်ဟန်တန်ရပ်ကွက်မှာပင် တစတုရန်းပေကို ရ၅ဒေါ်လာထက်ပင် လျော့နည်းနေသေး၏

‘အရမ်းကို ဈေးကြီးလွန်းတယ်’
ရန်ကုန်က သူကြည့်ခဲ့သည့်နေရာတွေမှာ ဘယ်နေရာမှအရေးပေါ်ထွက်ပေါက်မရှိသည့်အပြင် သန့်ရှင်းမှုလည်းမရှိပါ။ တခြားကုမ္ပဏီများနှင့်အတူငှားရမ်းရပြီး ခပ်စုတ်စုတ်နေရာတွေသာဖြစ်ပါသည်။

သူ၏ အမေရိကန်ဒေါ်လာ၂၉သန်းဝင်ငွေရင်းနှီးမြုပ်နှံမည့် ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာလုပ်ငန်းအနေအထားနှင့် မသင့်လျော်ချေ၊ နေရာ ဆယ်နေရာလောက်ကို လိုက်ကြည့်ခဲ့ပြီး ဖြစ်နိုင်ချေရှိသောနေရာတနေရာကလည်းသူ့ ထက်လက်မြန်ငွေပိုပေးနိုင်သူတယောက်နောက်ပါသွားသည်။ သို့ သော် ဒန်နလေက ယခုထိနေရာရှာတုန်းဘဲဖြစ်ပါသည်။
“တညလုံး လူသွားလမ်းပေါ်မှာ တယောက်ယောက
်က ထမင်းကြော်ရောင်းနေတဲ့ နေရာကိုလည်း မပြောင်းနိုင်ပါဘူး”

မြန်မာနိုင်ငံမှာနိုင်ငံရေးအရ တံခါးဖွင့်လာပြီး နိုင်ငံတကာကပိတ်ဆို့ မှုများရုပ်သိမ်းပြီးနောက်မှာ မြန်မာမှာလုပ်ငန်းစတင်ရန် အခြေချဖို့ ကြိုးစားနေသော ဒင်နလေတို့ ကဲ့ သိုလူအများကြုံရသော အခက်အခဲတခုဖြစ်ပါသည်။ ရိုးမကုမ္ပဏီ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့ တော်ရန်ကုန်သည် ရုံးခန်းများအတွက် အနည်ဆုံးစတုရန်းပေသန်းပေါင်း ၈.၇သန်းခန့် လိုအပ်နေသည်ဟုဆိုပါသည်။ စတုရန်းပေ ၁.၉ သန်းခန့်က ၂၀၁၅ အကုန်တွင် ရှိလာမည်ဖြစ်ပြီးယခုအချိန်မှာတော့ ရုံးခန်းငှားစရာ စတုရန်းပေ ၆သိန်းမျှသာရှိသည်ဟု အိမ်မြေပွဲစား Colliers International UK Plcက ခန့်မှန်းထားပါသည်။

‘အငှားလိုက်လာနဲ့ အမျှ နောက်ထပ် ခုနှစ်နှစ်အတွင်းမှာ အိမ်ဈေးတွေကပိုဆိုးလာမယ်။ နိုင်ငံတကာအိမ်ခြံမြေရင်းနှီးသူတွေအတွက် အကွက်ကောင်းဘဲ’ဟု ။ ရိုးမဘဏ်က အမှုဆောင်ဒါရိုက်တာ Cyrus Pun က ပြောကြားသည်။

စင်ကာပူအခြေစိုက် မြန်မာနိုင်ငံက အိမ်ခြံမြေလုပ်ငန်းပိုင်ဆိုင်မှု မှာဝင်ငွေကောင်းအောင်မြင်နေသည့်ရိုးမကုမ္ပဏီက ၂၀၁၂ ရွေးကောက်ပွဲပြီးကတည်းက သူ၏ရှယ်ယာဈေးနှုနိးများမှာ နှစ်ဆထက် မြင့်တက်လာခဲ့ သည်။ စီးပွားရေးပိတ်ဆို့မှုများရုပ်သိမ်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကိုခွင့်ပြုခဲ့သည့် အကျိုးဆက်ကြောင့်လည်းဖြစ်သည်။

“ လိုအပ်နေတဲ့ ကွာခြားမှုက အတော်ကြီးပါတယ်။ အခုအချိန်မှာ ဘာတွေဘဲဆောက်ဆောက် ချက်ချင်းလိုအပ်နေတာတွေကိုတော့ အကုန်ဘယ်ဖြည့်တင်းပေးနိုင်ပါမလဲ

အမှုဆောင်ဒါရိုက်တာ Cyrus Pun ကတယ်လီဖုန်းဖြင့် မေးမြန်းရာတွင်ပြောကြားဖြစ်သည်။ ရိုးမဘဏ်က ဂျပန်၊စင်ကာပူ။အင်ဒိုနီးရှားက အိမ်ခြံမြေ ရင်းနှီးမြုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးနေသည်ဆိုသည်ကိုမှု ယခုအချိန်မှာ လူသိရှင်ကြားမပြောချင်သေးဟုဆိုသည်။

မြန်မာမှာ အိမ်မြေဈေးကောင်းနေသည့်အချက
်က အရှေ့တောင်အာရှက အိမ်ခြံမြေရင်းနှီးမြုပ်နှံသူများကို ဆွဲဆောင်နေပြီး စင်ကာပူက SOIL ဗီယက်နမ်က HAGL တို့ က ဟောင်ကောင်ရှန်ဂရီလာတို့ နှင့်အတူ ရုံးခန်း၊အိမ်ခန်း ပါဟိုတယ်စီမံကိန်းတခုကို ဆောက်လုပ်ရန် သို့ မဟုတ်ငှားရမ်းစီမံခန့်ခွဲသွားမည်ဟု ကျေညာလိုက်သည်။

အနည်းဆုံးရုံးခန်းအဆောက်အအုံသုံးခုကို ပြည်တွင်းအိမ်ခြံမြေကုမ္ပဏီများက ဆောက်လုပ်နေသည်ဟု အမှုဆောင်ဒါရိုက်တာ Pun က ဆိုပါသည်။

ကြီးမားသောစွန့်စားမှု

‘မြန်မာမှာ ဈေးကွက် ပွင့်လာတာမို့ အရှေ့တောင်အာရှကအိမ်ခြံမြေဈေးကွက်အတွက် နောက်ဆုံးစိတ်လှုပ်ရှားစရာ အခွင့်အလမ်းကြီးတခုလို့  လူတွေက ထင်ကြတယ်’
ထိုင်းနိုင်ငံက CBRE ကုမ္ပဏီဥက္ကဌ ဒေးဗဟ် ဆီမက်စတာကဆိုသည်
ရန်ကုန်က အထပ်မြင့်အဆောက်အအုံသုံးခုတွင်ငှားရမ်းခများက ယခင်ကထက် ငါးဆခန့်ဈေးတွေတက်လာနေသည်။ထိုနေရာမှာ ၂၀၁၁ခုနှစ်အကုန်က တစတုရန်းပေကို ၂၂ဒေါ်လာ ကနေတက်လာခြင်းဖြစ်သည်။ ဆာကူရာ၊FMI စင်တာနှင့်စင်ထရယ်ပွိုင့် တာဝါများမှာ ကိုကာကိုလာ၊ ဂျပန်မစ်ဆုဘုရှိ။ မလေးရှားဘဏ်များက ရုံးခန်းများအသီးသီးငှားရမ်းထားသည်။

အက်ဆွန်မိုဘိုင်းလ် နှင့်တိုတယ်စည့်ရေနံကုမ္ပဏီကြီးများကလည်း မြန်မာနိုင်ငံစွမ်းအင်လုပ်ငန်းမှာလုပ်ရန်တာစူနေရာ စွမ်းအင်လုပ်ငန်းကလည်း အိမ်ခြံမြေဈေးကွက်လိုအပ်ချက်ကို ပိုဆိုးလာနိုင်ဖွယ်ရာရှိသည်ဟု မျှော်လင့်ရပါသည်။

ဟိုတယ်ကိုရွေးမလား

တချို့ ကုမ္ပဏီများက ရုံးခန်းနေရာစောင့်ရင်းဟိုတယ်ဘက်ကို ပြောင်းသွားကြပါသည်။ Mizuho Bဘဏ်က ဆိဒိုနားဟိုတယ်ကို ရွေးချယ်လိုက်ပြီး တလကို စတုရန်းပေတထောင်ရှိရုံးခန်းကို အမေရိကန်ဒေါ်လာ ၆၇၂၀ ဖြစ်ပြီး မနှစ်ကဧပြီလက ဒေါ်လာ ၃၂၀၀ ပေးရသည့်ရုံခန်းဖြစ်သည်ဟုဘဏ်၏ ဌာနေကိုယ်စားလှယ် တက်ဆုရို နိုနာကာကပြောပါသည်။ ထိုဟိုတယ်မှာ ဟွန်ဒိုင်း၊ ယာမဟာတို့ ကလည်းအခန်းများ ငှားထားသည်ဟုသိရသည်။

ကမ္ဘာဒုတိယအကြီးဆုံးလူ့သုံးကုန်များထုတ်လုပ်သည့် Unilever NV ကုမ္ပဏီကမှု ဒန်နလေငှားရန်စဉ်းစားခဲ့ဖူးသည့် အငှားခများမိုးထိမြင့်နေသောနေရာတွင် အခန်းလေးခန်းပါအိမ်တလုံးကို တလကို ဒေါ်လာ၆၅၀၀ ကျပ်ဖြင့်ငှားရမ်းထားပါသည်။ နှစ်ကုန်လျှင်တော့ ထိုနေရာမှာငှားရမ်းခများတလကို ဒေါ်လာ၉၅၀၀ ထိဖြစ်သွားနိုင်သည်ဟု ရန်ကုန်အခြေစိုက် Scipio အိမ်ခြံမြေအကျိုးဆောင်မှဒါရိုက် ဘာရက်မီလာက ပြောကြားပါသည်။

တက်သထက်တက်
ဈေးနျူန်းတွေက ယခုအပတ်မှာပိုတက်လာသည်ဟု ဂရင်းအဲလီဖင့် စားသောက်ဆိုင်မှ ဒေါ်ချယ်ရီအောင်ခင်ကဆိုသည်။ ဇွန်လအစောပိုင်းက စတုရန်းပေ ၃၀၀၀အကျယ်ကို တလကို အမေရိကန်ဒေါ်လာ ၃၈၀၀ဖြင့် သူကြည့်ရှုခဲ့ သည်ဟုဆိုသည်။ ဘန်ကောက်ကို သူခရီးသွားပြီးနှစ်ပတ်အကြာမှာ ပြန်ရောက်လာသောအခါ အိမ်ရှင်က အငှားခကို ဒေါ်လာ ၄၅၀၀ ဟုဆိုသည်။ နှစ်ဖက်ညိနှိုင်းအပြီးမှာတော့ တလဒေါ်လာ ၄၂၀၀ နှင့်ရလိုက်သည်ဟု ဒေါ်ချယ်ရီအောင်ခင်က ပြောကြားသည်။

‘နောက်လမှာ အခုလထက် ပိုပြီးလိုချင်သူတွေများလိမ့်မယ် ဒါကြောင့်အငှားခတွေထပ်တက်အုန်းမှာဘဲ’ဟု
မစ္စတာ မီလာက ပြောကြားသည်။

တံခါးပိတ်စီးပွားရေး

နှစ်ပေါင်းများစွာစစ်အုပ်ချုပ်ရေးအောက်မှာနေခဲ့ ရပြီးနောက်မြန်မာနိုင်ငံမှာ အခုအချိန်ထိ ဖုန်းလိုင်းများမကြာခဏပြုတ်ကြခြင်း ငွေစက္ကျူများကိုသာ ငွေပေးငွေယူအသုံးပြုနေကြဆဲဖြစ်သည်။

နောက်ထပ်အခက်အခဲတခုကလည်း စီးပွားရေးသမားများက ဟောင်းနွမ်းနေသော အမေရိကန်ဒေါ်လာ ငွေစက္ကုများကို လက်မခံကြခြင်းဖြစ်သည်။
ယခင်မြန်မာစစ်အစိုးရခေါင်းဆောင်ပိုင်းနှင့် ပတ်သတ်လုပ်ကိုင်သည်မှလွဲပြီး အမေရိကန်ပြည်ထောင်စုက သူ့ ကုမ္ပဏီများကို ဆောက်လုပ်ရေးနှင့်အိမ်ခြံမြေဖွံဖြိုးရေးလုပ်ငန်းများမှာ လုပ်ပိုင်ခွင့်ပေးထားပါသည်။

ကန့်သတ်ချက်မရှိ

အီးယူခေါ်ဥရောပသမဂ္ဂကမြန်မာနိုင်ငံကို ကန့်သတ်ထားချက်များမှာ အိမ်ခြံမြေလုပ်ငန်းမပါဟု စင်ကာပူအခြေစိုက်အီးယူ ရုံးအကြီးအကဲ ဘန်ဟန် ဖရောင်စတင်းဟန်မားက အီးမေးလ်နှင့်ဖြေကြားပါသည်။သို့ သော်လည်း ကုမ္ပဏီများက အစိုးရနှင့် ပတ်သတ်သည့်ပြည်တွင်းကုမ္ပဏီများကို မရွေးချယ်နိုင်သည့်အခက်အခဲတော့ ရှိသည်ဟုသူကဆိုသည်။

“စီးပွားရေးပိတ်ဆို့ မှုလုပ်တုန်းက အနောက်တိုင်းက အိမ်ခြံမြေသမားတွေ မြန်မာကို ၀င်တောင် မ၀င်နိုင်ခဲ့ ဘူး”ဟု ကွိုင်လာအင်တာနေရှင်နယ်က မန်နေဂျင်းဒါရိုက်တာ တိုနီပီကွန်ကပြောသည်။ထို့ ကြောင့်အနောက်တိုင်းသားများက ဟောင်ကောင်နှင့် စင်ကာပူနီုင်ငံသားများကဲ့ သို့ မြန်မာနိုင်ငံတွင်အလုပ်လုပ်သည့်အတွေ့ အကြုံ့မရှိဟုသူဆိုသည်။”

“အနောက်တိုင်းကရင်းနှီးမြုပ်နှံသူကြီးကြီးမားမားတွေ ဆိုရင် ဒီလိုဈေးကွက်သစ်မှာ ရင်းနှီးမြုပ်နှံရမှာကို အန္တရာယ်ကြီးတယ်လို့ ထင်ကြမယ်။ လုပ်ငန်းသေးကျသော့ အလုပ်ရှုပ်ပြီး လုပ်ငန်းလုပ်ဖို့ လည်းမကာမိဘူးလေ”

လက်တွဲဖော်လိုက်ရှာခြင်း

မြန်မာမှာ စည်းမျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်းတွေကို မသေချာကျွမ်းကျင်သေးသည့်အတွက် နိုင်ငံတကာအိမ်မြေလုပ်ငန်းလုပ်သူတွေက ပြည်တွင်းက လုပ်ငန်းရှင်တွေကို အကျိုးတူပူးပေါင်းဆောင်ရွက်ရန်လိုက်ရှာနေကြောင်း မစ္စတာပန်က ပြောပါသည်။။ ကြီးမားသောစီမံကိန်းကြီးများအတွက် သူတို့ ၏ အလုပ်သမားများကို အပြင်ကနေခေါ်လာပြီး ပြည်တွင်းအလုပ်သမားများကိုလည်းအသုံးပြုကြသည်ဟု သိရသည်။

‘အလုပ်သမားပေါပေမယ့် သေချာကျွမ်းကျင်တဲ့  ဆောက်လုပ်ရေးအလုပ်သမားနဲ့ ကျွမ်းကျင်သူနည်းပါးလိုအပ်မှုတွေ အနာဂတ်မှာကြုံလာလိမ့်မယ်’




ဆောက်လုပ်ရေးနှင့်မြေယာပိုင်ဆိုင်မှုတွေမှာ မြန်မာအစိုးရ၏မသေချာသောဥပဒေများကြောင့် အချို့ ကမှု ထိုလုပ်ငန်းများကို ဝေးဝေးရှောင်ကြသည်။စင်ကာပူနိုင်ငံက အကြီးဆုံးအိမ်ခြံမြေလုပ်ငန်း Far East Orchard Ltdကတာဝန်ရှိသူ လူကပ်ချုးစ်က မြန်မာမှာရင်းနှီးမြုပ်နှံရန် အလျင်မလိုပါဟုဆိုသည်။

‘ တကယ့်ကို ကောင်းဘွိုင်မြို့ လိုဘဲ။ လုပ်ထုံးလုပ်နည်းတွေက မရှင်းဘူး၊ဥပဒေလည်းတိတိကျကျမရှိဘူး အိမ်ငှားစာချုပ်လည်းမရှင်းဘူး ၊ကွန်ဒိုအဆောက်အအုံဥပဒေကလည်း မရှင်းဘူး ၊ဘာမှတိတိကျကျရှင်းရှင်းလင်းလင်းမရှိတော့ ဒီဈေးကွက်ကို ဘာလို့ ကျနော်တို့ က သဘောကျရမှာလဲ’

ရိုးမကုမ္ပဏီကတော့ သူ၏ဆပ်ချပန် နှင့်အပေါင်းအသင်းများ မြန်မာကုမ္ပဏီနှင့်ပူးပေါင်းပြီး ထရိတ်ဒါးဟိုတယ်နှင့်မျက်နှာချင်းဆိုင်တွင် ရုံးခန်းအဆောက်အအုံနှစ်ခုကို ၂၀၁၄ခုနှစ်မှာ ဆောက်လုပ်မည်ဖြစ်ပါသည်။
အဆိုပါအထပ်မြင့်အဆောက်အဦနှစ်ခုက ရန်ကုန်မြို့ လယ်မှာ စတုရန်းပေခုနှစ်သိန်း အကျယ်ရှိစီးပွားရေးနေရာဖြစ်လာမည်ဟု ဦးသိမ်းဝေခေါ် ဆပ်ချပန်က ပြောပါသည်။
ဟောင်ကောင်ပိုင် ထရိတ်ဒါးဟိုတယ်က ရန်ကုန်မြို့ လယ်ရှိ သူ၏ဟိုတယ်ကို အသစ်ချဲ့ ထွင်ပြီးနောက်ထပ် စတုရန်းပေ ၃၅၀၀၀ လောက်ရှိသော စီးပွားရေးရုံးခန်းနေရာများထပ်တိုးချဲ့ မည်ဟု သိရသည်။
ဗီယက်နမ်က HAGL အိမ်ခြံမြေလုပ်ငန်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အနီးက သူတို့ ၏ ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၁၆ အပြီးတည်ဆောက်မည်ဟုဆိုပါသည်။ အဆိုပါနေရာကို အကျယ်စတုရန်းပေ၂.၄ သန်းရှိ ရုံးခန်းဟိုတယ်နှင့် အခန်းများအတွက်ရည်ရွယ်ထားပါသည်။

မြန်မာနိုင်ငံမှာဆက်သွယ်ရေးလုပ်ငန်းလုပ်ရန် လိုင်စင်ရခဲ့ သော နော်ဝေးနိုင်ငံမှ တယ်လီနောနှင့် ကာတာနိုင်ငံမှ အောရဒူးကုမ္ပဏီများအတွက်လည်း မြန်မာမှာ အနည်းဆုံးစတုရန်းပေ ၃၀၀၀၀ ခန့်ရှိမည့် ရုံးခန်းများလိုမည်ဟု ရိုးမကဒါရိုက်တာPun က ခန့်မှန်းပါသည်။

ဟီလတန်ဟိုတယ်ကလည်း စင်တာပွိုင့် တာဝါ၏ဒုတိယထပ်မှာ နောက်နှစ်ဖွင့်လှစ်သွားရန် မျှော်မှန်းထားကြောင်း LPကုမ္ပဏီက ဒါရိုက်တာ ရစ်ချတ်မေရူးကပြောကြားသည်။

စိတ်ရှည်မှ လိုတာရ

မြန်မာနိုင်ငံမှာအိမ်ခြံမြေလုပ်ငန်းနှင့်ဆောက်လုပ်ရေးဈေးကွက်မှာ လုပ်ငန်းပိုကျွမ်းကျင်မှုရှိလာစေရန် စင်ကာပူအခြေစိုက် Soilbuild ကုမ္ပဏီ ကစီမံကိန်းစီမံခန့်ခွဲမှုနှင့် ဟိုတယ်များအတွက် အကြံညဏ်ပေးမှုများကို ပြုလုပ်ပေးသွားမည်ဟု အမှုဆောင်ဒါရိုက်တာ ဟိုတွန်ဘာက ပြောကြားပါသည်။

‘မြန်မာက တိုးတက်ဖွံဖြိုးမှူမှာတကယ့်ကို စလုပ်ရမယ့်အခြေအနေမှာဘဲရှိပါသေးတယ်။ ဒီနေရာမှာသူတို့ အများကြီးဆောက်လုပ်စရာတွေ လိုသေးတယ်။ ဒါပေမဲ့  သူတို့ က ပိတ်ဆို့ ထားတာကြာနေတော့ ဒီနိုင်ငံရဲ့ စည်းကမ်းတွေဥပဒေတွေက နိုင်ငံတကာစံနှုန်းတွေနဲ့ မကိုက်ညီဘုး’
US Multional က စီးပွားရေးမန်နေဂျာဒန်နလေကတော့ ပေးသည့်ပိုက်ဆံနှင့် တန်သည့်သင့်တော်သော ရုံးခန်းတခန်းကို မကြာခင်ရှာဖွေတွေ့ ရှိမည်ဟု မျှော်လင့်နေတုန်းဖြစ်သည်။ ရန်ကုန်ကိုလာသည့်ကုမ္ပဏီများသည် တကယ့်မျှော်မှနိးချက်နှင့် စိတ်ရှည်သည်းခံဖို့ လိုသည်ဟု သူကဆိုသည်။
“ကိုယ့်ရုံးခန်းကို နေရာကောင်းကောင်းမှာရချင်တယ်ဆိုရင်တော့ ရန်ကုန်ကိုပြောင်းမလာခင် နှစ်နည်းနည်းတော့ စောင့်ကောင်းစောင့်ရမယ်’

(Bloomberg တွင်ဖော်ပြထားသော Yangon More Expensive than NYC sparking boom ဆောင်းပါးကို ထားထားမြင့်မှ ဘာသာပြန်ဆိုပါသည်)

No comments: