by Maung Gyi on Thursday, January 26, 2012 at 4:19am
လုံးနဲ့  ပြည်တွင်းနက်ဝပ် စာရင်းကိုင်၊ မန်နေဂျာတွေ အကြီးအကျယ် ပြဿနာ ပေါ်ခဲ့ပါတယ်။
အဲသည် ပြဿနာပေါ်မှာ လူချင်း ယုံကြည်ချက်ချင်းလည်း ထိပ်တိုက်တိုးပြီး မုန်းတီးမှုတွေ
စတင်လာပါတယ်။ အဲသည် မုန်းတီးမှုတွေက နောက်ထပ် ပြဿနာတွေ ပေါ်ဖို့
အခြေအနေကိုလည်း ဒါရိုက်တာ နှစ်ဦးက ဖန်တီးပေးခဲ့ ပါတယ်။ တခြား ဆက်စပ်တဲ့
အကြောင်းအရာတွေက ရွေးကောက်ပွဲ မတိုင်ခင်မှာတင် ဦးဟန်ညောင်ဝေက ခေါ်တွေ့ပေးလို့
ဆိုပြီး ဘန်ကောက်မှာ အခု ကွယ်လွန်သွားပြီဖြစ်တဲ့ ဒေါက်တာ နေ၀င်းမောင်၊ ဦးလှမောင်ရွှေ တို့နဲ့ 
သွားတွေ့ရတာပါ ဆိုပြီး ကိုအေးချမ်းနိုင်က ပြောခဲ့တာ။ နောက်ကွယ် ဇာတ်လမ်းတွေက ယုံဖို့
ခက်ခဲလာပါတယ်။ ဒီကိစ္စတွေက နောက်ဆုံး ပြည်တွင်း မန်နေဂျာတွေနဲ့  စက်တင်ဘာလတွင်း
ကိုအေးချမ်းနိုင် ကျွန်တော့်ကို ဖယ်ထားပြီး တိုက်ရိုက်သွား ဆွေးနွေးတဲ့ ဆွေးနွေးပွဲမှာ နှစ်ဖွဲ့
ကွဲကြတော့မယ်လို့ ဆုံးဖြတ်ချက် တရားဝင်ချအပြီးမှာ ပိုပြီး ရှင်းလင်း သေချာလာပါတယ်။
မြတ်ခိုင်နဲ့  ရင်းနှီးတဲ့  အော်စလိုကို ခေါ်ယူထားတဲ့ သတင်းထောက် အံ့ဘုန်းမြတ်နဲ့  အင်တာဗျူး
ကဏ္ဍမှာ အားလုံးကို မကွယ်မ၀ှက် မြတ်ခိုင်က ဂျာနယ်မှာ ရေးချလိုက်တဲ့အခါ ကျွန်တော်တို့ထဲက
ဖမ်းခံရတဲ့  လူစာရင်းတွေကို မြတ်ခိုင်လို လူ လက်ထဲကို ထည့်မယ်ဆိုတာ ငြင်းမရအောင် ပေါ်လာ
ပါတယ်။ ပြည်တွင်းက လူစာရင်းကို သတင်းပေးလုပ်တဲ့ လုပ်ရပ်ပါ။ တကယ်တော့ အကြိမ်ကြိမ်
ပြည်တွင်းနက်တ်ဝက်နဲ့  သဘောတူခဲ့ တဲ့ လုံခြုံရေးစည်းကို အကြီးအကျယ် ချိုးဖောက်ခဲ့ တာပါ။
စာချုပ်စာတမ်း မရှိတဲ့ အတွက်ကြောင့် တရားရုံး မတင်နိုင်ပေမယ့် ယုံကြည်ချက် တရားရုံးကတော့ 
သမိုင်းမှာ ရှောင်လွှဲရနိုင်မယ့် ကိစ္စ မဟုတ်ပါ။
၁၁။ ဒိုနာတွေရဲ့ လိုအပ်ချက် အခြေအနေအရ ငွေစာရင်း သက်သေပြမှုကို တောင်းဆိုလာရတာပါ
ဆိုပေမယ့် ပြည်တွင်းနက်ဝပ် အနေနဲ့ အခြေအနေကို သုံးသပ်ရင် ယုံကြည်ဖို့ မကောင်းတဲ့ 
အခြေအနေ ဖြစ်လာတာက ဒီဗီဘီတွင်း ဖြုတ်ထုတ်သတ် အခြေအနေပါ။ အားနည်းချက်တွေကို
သိနေတဲ့ လူဟောင်းတွေဖြစ်တဲ့ ကိုမိုးအေးကို အယ်ဒီတာအဖြစ်က ဖြုတ်၊ ဘေးချိတ်ပြီး
အခြားလူဟောင်းတွေဖြစ်တဲ့ အတွေ့အကြုံရှိ လူဟောင်းသတင်းထောက်တွေ ဖြစ်တဲ့
ကိုထက်အောင်ကျော်၊ မခင်နှင်းထက်၊ နန်းခမ်းကယောက် တို့ကို ပြည်တွင်းနက်ဝပ်နဲ့ 
အဆင်မပြေဘူး ဆိုတဲ့ ခေါင်းစဥ်နဲ့  ရှင်းလင်းခဲ့ ပါတယ်။ ရှင်းလင်းခဲ့ တဲ့ နေရာမှာလည်း သိတဲ့
အတိုင်း ပြောရရင် သူတို့ဟာ ဒီဗီဘီအတွက် အရေးပါတဲ့ ပြည်တွင်းနက်ဝပ်နဲ့  ပူးပေါင်း
ဆောင်ရွက်မှု မရှိဘဲ ဆန့်ကျင်နေလို့ ဆိုတဲ့ အကြောင်းပြချက်ကို ကျွန်တော်နဲ့  ပြည်တွင်း
နက်တ်ဝက်ကို ပေးသိခဲ့ ပြီး သူတို့ကို ဖြုတ်ထုတ်သတ် လုပ်ခဲ့ တာပါ။ ဒါရိုက်တာ အေးချမ်းနိုင်က
အဖွဲ့အစည်း ပုံဖော်ရေး (institutionalize) လုပ်တယ်လို့ ကျွန်တော့်ကို ဆွေးနွေးခဲ့ပေမယ့်
နောက်ဆုံး ပစ်မှတ်ဟာ ဒါရိုက်တာတွေ သြဇာကို ဆန့်ကျင်နိုင်တဲ့ ပြည်တွင်းနက်ဝပ်ကို
ဦးတည်လာပြီလို့ သိရတဲ့ အခါ ဒါဟာ အဖွဲ့အစည်းကို (personalize) လုပ်လာတဲ့ ပုဂ္ဂိုလ်ရေး
သြဇာအာဏာ တည်ဆောက်တဲ့လုပ်ရပ်လို့ပဲ ထင်းထင်း ပေါ်လာပါတယ်။ တကယ်တော့ သီးခြား
အဖွဲ့သဖွယ်ဖြစ်နေတဲ့ သူတို့ တိုက်ရိုက် ကိုင်တွယ်ခွင့်မရတဲ့ ဗီဂျေနက်ဝပ် တစ်ခုလုံးကို
အပြီးပိုင်သိမ်းဖို့ စီမံချက်ဖြစ်သလို ဒီဗီဘီတွင်း အာဏာတည်ဆောက်ရေးကို အခြေအနေကို
အသေးစိတ် မသိနိုင်တဲ့ နိုင်ငံခြားသားတွေ များတဲ့ ဘုတ်အဖွဲ့ကိုပါ အယုံသွင်းပြီး ပုံဖေါ်လာခဲ့ 
တာပါ။
၁၂။ အရေးကြီးတဲ့  အချက်က ပြည်တွင်းဗီဂျေနက်ဝပ်ကို စထူထောင်စဉ်က စလို့ ဒါရိုက်တာ
နှစ်ဦးဟာ သူတို့ လက်ကိုင်လျှို့ဝှက်အင်အားစု အဖြစ် ဖန်တီးခဲ့ တာပါ။ ကျွန်တော် အပါအ၀င်
ပြည်တွင်းနက်ဝပ် အဖွဲ့ဝင်အားလုံးက ဒီဗီဘီနဲ့  ပတ်သက်လို့ အစိမ်းပါ။ ဘာမှ အတွင်းရေး
သိသူတွေ မဟုတ်ပါ။ ယုံကြည်ချက်ကြောင့်သာ လုပ်သင့်တယ်လို့ ယုံတာကို ထောက်ခံတဲ့
အဖွဲ့အစည်း ရှိလာလို့ လုပ်ခဲ့ ကြတာ ဖြစ်ပါတယ်။ ဘေးဘီရှေ့နောက် လှည့်ကြည့်ခဲ့ သူတွေ
မဟုတ်ပါ။ နောင်တစ်ချိန် အခုလို တေ့ ဖြုတ်တဲ့ လုပ်ကြံမယ့် ပြဿနာမျိုးကိုလည်း ကြိုသတိနဲ့ 
တွေးထားခဲ့သူတွေ မဟုတ်ပါ။ ပြည်တွင်းနက်ဝပ် တဖြည်းဖြည်း အောင်မြင်လာချိန်မှာ ဒီဗီဘီ လူ
ဟောင်းတွေနဲ့  လုပ်ငန်းသဘောအရ လက်တွဲ မလုပ်ကိုင်လို့ မဖြစ်တဲ့ အခြေအနေကြောင့်
ဆွေးနွေးဖို့ တောင်းဆိုရင်တောင်မှ ဒါရိုက်တာ နှစ်ဦးက သူတို့ နှစ်ဦးနဲ့ သာ အလုပ်သဘော
ပြောဆိုဖို့ ပြောပြီး ကျန်ဒီဗီဘီ လူဟောင်းများနဲ့  ပြည်တွင်းနက်ဝပ်ကြား ဆက်ဆံရေးကို
ဖြတ်တောက်ထားခဲ့ပါတယ်။ ဆိုလိုတာက အဖွဲ့အစည်း တစ်ခုထဲမှာ စည်းခြားထားပြီး
နှစ်ဖက်အားနဲ့ အပြန်အလှန် ရန်တိုက်ပေးပြီး လက်ကိုင်ကစားခဲ့ကြတာပါ။ ဆိုးကျိုးကို လက်တွေ့
ခံစားရတာက အခုလို အခြေအနေမှာ ဒီဗီဘီအဖွဲ့အစည်းတွင်းမှာ ပြည်တွင်း နက်ဝပ်ကိုလည်း
လူဟောင်းတွေ အနေနဲ့ မုန်းတီးသူများပြီး အခုလို အခြေအနေမှာ ယုံကြည်လောက်တဲ့ သက်သေ
မရှိတော့တာပါ။ သူတို့ ရည်ရွယ်ချက် အတိုင်းအတာ တခုအထိ အောင်မြင်တယ် ဆိုရပါမယ်။
တဖက်မှာလည်း ပြည်တွင်းနက်ဝပ် အင်အားကို သုံးပြီး သြဇာ မညောင်းနိုင်တော့မယ့်
လူဟောင်းတွေကို ဖြုတ်ထုတ်သတ်၊ လူဟောင်းတွေ မလှန်နိုင်တော့မှ အားရှိနေသေးမယ့်
ပြည်တွင်းနက်ဝပ်ကို ဖြိုဖို့ ကြိုးစားခဲ့တာပါ။ ပြဿနာ မဖြစ်ခင်အထိ ကျွန်တော့ရှေ့တင်
ယုံကြည်စွာ ဒါရိုက်တာ နှစ်ဦး ဆွေးနွေးခဲ့တဲ့ ဖြုတ်ထုတ်သတ် စီမံချက်ထဲမှာ အခုထိ မပါသေးဘဲ
စာရင်းထဲရှိသူ တချို့လည်း ကျန်သေးပေမယ့် မသင့်တော်၊ သက်သေ မရှိလို့ ထုတ်မပြောတော့ ပါ။
သေချာတာက ကျန်ရှိသူတွေထဲမှာလည်း သူတို့သဘောနဲ့ မကိုက်၊ အာခံနိုင်သူလို့ ယူဆသူ
တချို့ကိုလည်း ဆက်လက် ရှင်းလင်းသွားဦးမှာပါ။ အထူးသဖြင့် လူတော်တွေ
သတိထားရပါလိမ့်မယ်။ အဓိကက အဖွဲ့အစည်း ပြုပြင် ပြောင်းလဲရေးထက် အဖွဲ့အစည်းတွင်း
အာခံသူ မရှိအောင် ပုဂ္ဂလိကပိုင်ပြု၊ အာဏာ တည်ဆောက်ရေး လုပ်တာပါ။ အောင်မြင် သင့်
သလောက်လည်း အောင်မြင်တယ် ပြောရပါမယ်။
၁၃။ မီဒီယာကနေပြီး အခု ဖြစ်တဲ့ ပြဿနာဟာ နိုင်ငံရေးပြဿနာ မဟုတ်၊ သဘောထားကွဲလွဲမှု
ပြဿနာ မဟုတ်ပါလို့ အကြိမ်ကြိမ် ၀ါဒဖြန့် ရုပ်သံတောင် လွှင့်နေတာကို ပြောဖို့ လိုလာပါတယ်။
ငွေကြေး အလွဲသုံးစားမှု တကယ် စစ်မှန်ခဲ့ တယ်လို့ ယုံကြည်တယ်၊ အထောက်အထား
ခိုင်ခိုင်မာမာ ရှိခဲ့ တယ်လို့ ဆိုရင် တကယ်တော့ ဒီကိစ္စကို အကြိမ်ကြိမ် ကြေညာချက်ထုတ်ယုံတင်
မလုံလောက်ဘဲ ဘာကြောင့် တီဗီကနေ ကိုယ့်လူနဲ့ ကိုယ် စည်းဝါးရိုက်ထားတဲ့ အင်တာဗျူးတွေ
အကြိမ်ကြိမ် လွှင့်လာပါသလဲ။ သေချာတာက ဒီကိစ္စဟာ ဒီဗီဘီအနေနဲ့ အဖွဲ့အစည်းရဲ့ ဂုဏ်ယူ
လောက်တဲ့ အောင်မြင်မှုကြီး မဟုတ်သလို့ ပရိတ်သတ်အတွက်လည်း ဘာမျှ အကျိုးဖြစ်စေတဲ့
သတင်း မဟုတ်တာ လူတိုင်း သိနိုင်တဲ့ကိစ္စပါ။ တကယ် ငွေကြေး အလွဲသုံးစားမှု စစ်မှန်ခဲ့ရင်
အဖွဲ့အစည်း အနေနဲ့ အရှက်ရဖို့တောင် ကောင်းတဲ့ ကိစ္စပါ။ ဒီကိစ္စကို ဘာကြောင့် အကြိမ်ကြိမ်
အထပ်ထပ် ထုတ်လွှင့်နေရပါသလဲ။ ရည်ရွယ်ချက်က ဘာပါလဲ။ ရှင်းပါတယ်။ ပုဂ္ဂိုလ်ရေး
အမုန်းတရားနဲ့  မီဒီယာကို အသုံးချပြီး သိက္ခာချချင်တာ၊ မကြာခင်ကမှ ပြည်တွင်းမှာ ထောင်က
လွတ်လာကြတဲ့ ရဲဘော်ရဲဘက်ဟောင်းတွေနဲ့  ကြားမှာ ယုံကြည်မူပျက်သွားစေဖို့နဲ့  ရှင်းရှင်း
ပြောရရင် နိုင်ငံရေးအရ ဂုဏ်သိက္ခာချဖို့နဲ့  ဒီဗီဘီဘက်ကို ဆွဲဆောင် စည်းရုံးဖို့ပါ။ တကယ်တော့
အထောက်အထား ခိုင်လုံတယ်၊ ငွေကြေး အလွဲသုံးစား လုပ်တာမှန်တယ်လို့ ယုံကြည်ရင်
အကြိမ်ကြိမ် မီဒီယာကနေ ကြော်ငြာထိုးနေစရာ မလိုပါ။ အမှုဖွင့်ဖို့နဲ့  တရားရုံးမှာကို တင်ဖို့သာ
ရှိပါတယ်။ သတ္တိရှိရှိ ရိုးရိုးသားသားနဲ့  တရားရုံးမှာ ရှင်းကြဖို့သာ ရှိပါတယ်။
၁၄။ နောက်ဆုံးအနေနဲ့ ပြောရရင် တရားရုံးတခုရဲ့ ဆုံးဖြတ်ချက် မတိုင်ခင် လူနာမည်
အသေးစိတ်ကို ဖော်ပြပြီး ရာဇ၀တ်မှုနဲ့  အပြစ်ရှိပါတယ်လို့ တဖက်သတ် စွပ်စွဲယုံတင်မက
မီဒီယာကို သုံးပြီး မီဒီယာတစ်ခုရဲ့ ကျင့်ဝတ်နဲ့ မညီတာ ဂျာနယ်လစ်အားလုံး အခြေခံအားဖြင့်
နားလည်ရတဲ့  ကိစ္စပါ။ မီဒီယာရဲ့ ကိုယ်ကျင့်တရားနဲ့တင်မက တရားဥပဒေအရလည်း မကိုက်ညီပါ။
မလျော်ကန်ပါ။ အဲသည်လို ကိစ္စကို လူပုဂ္ဂိုလ် အမုန်းတရား၊ အယူအဆ မတူ ကွဲပြားတာနဲ့
အဖွဲ့အစည်းကို အသုံးချ ထုတ်လွှင့်တာဟာ လုပ်ပိုင်ခွင့် အလွဲသုံးစားမူနဲ့  လူ ပုဂ္ဂိုလ် ဂုဏ်သိက္ခာကို
အကြီးအကျယ် ထိခိုက် စော်ကားမှုတရပ်ပါ။ ဒီအတွက် မဖြစ်မနေ ကျွန်တော့် အနေနဲ့
တရားစွဲရပါမယ်။ ဦးဆာင်သူတွေ အဖွဲ့အစည်းကို အလွဲသုံးစားလုပ်မှုအတွက် အဖွဲ့အစည်းက
ပြန်လည် ပေးဆပ်ရပြီဆိုရင် ပေးဆပ်မှုက ကြီးမားပါလိမ့်မယ်။ ကျွန်တော်တို့ တရားပြိုင်တွေ
အနေနဲ့ တရားမျှတတဲ့  တရားရုံးတစ်ခုမှာ မျက်နှာချင်းဆိုင် ရင်ဆိုင်တွေ့ကြပါမယ်။ အဲသည်လိုပဲ
မီဒီယာကို ဆက်အသုံးချပြီး ၀ါဒဖြန့်ချိ နေဦးမယ်ဆိုရင် တခြားသော တရားမျှတမှု ရှိမယ့်
နည်းလမ်းများနဲ့ လည်း ရင်ဆိုင်တွေ့ကြပါမယ်။ ကျွန်တော် အပါအ၀င် အဖွဲ့အစည်းအတွင်း
ထဲထဲဝင်ဝင် ရှိခဲ့ သူတွေအနေနဲ့ ဒီဖက်မှာလည်း ပြောစရာ အချက်အလက် များစွာ ရှိနေဦးမယ်
ဆိုတာလည်း သတိပြုဖို့ လိုပါတယ်။ ခြိမ်းခြောက်တာ မဟုတ်ပါ။ တရားရုံးမှာလည်း ပြောစရာ
များစွာ ရှိနေဦးမှာမို့ ဒီမှာ အသေးစိတ်တော့ ပြောမှာ မဟုတ်ပါ။ အစိုးရတစ်ခုလုံးကို နှစ်
နှစ်ဆယ်ကျော် တော်လှန်ခဲ့ တဲ့ သမိုင်းရှိခဲ့ သူ တစ်ယောက်အနေနဲ့ မက ကိုယ့်လိပ်ပြာ
ကိုယ်လုံသူတစ်ယောက် အနေနဲ့ နည်းနည်းမှ မကြောက်ပါ။ တရားရုံးမှာ အဖြေပေးမှာ
ဖြစ်တဲ့အပြင် အချိန်နဲ့  ရပ်တည်ချက်ကလည်း အဆုံးသတ်အဖြေကို ပေးလာပါလိမ့်မယ်။
သစ္စာရှိစွာဖြင့်
မျိုးမင်းနိုင် ( ခေါ်) ကိုနန္ဒ
ဆက်သွယ်ရန်ဖုန်း +47 92888324
No comments:
Post a Comment