ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၅)
တောင်ငူ ကြားဖြတ်ရွေးကောက်ပွဲ မြင်ကွင်းများ |
မန္တလေး၊ ဧပြီ ၁ ( 6 : 26 )
မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ်များတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အများဆုံး ဝင်ရောက် ယှဉ်ပြိုင်သည့် မဟာအောင်မြေမြို့ နယ် မဲရုံပေါင်း ၇၉ ရုံတွင် မဲရုံ ၇၀ ၏ မဲများကိုရေတွက်ပြီးစီးခဲ့ပြီ ဖြစ်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ မဲအပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း အဆိုပါ နေရာ၌ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲ မဲဆန္ဒနယ်၌ NLD နှင့် ကြံ့ခိုင်ရေး ပါတီဝင်များ ခိုက်ရန် ဖြစ်ပွား
ပုလဲ၊ ဧပြီ ၁ ( 6 : 05 PM )
စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲမြို့ နယ်ရှိ ညောင်တုန်း ကျေးရွာတွင် NLD နှင့် ကြံ့ခိုင်ရေး ပါတီဝင်များ ခိုက်ရန် ဖြစ်ပွားခဲ့ရာ ကြံ့ခိုင်ရေး ပါတီဝင် တစ်ဦးသေဆုံးခဲ့ကြောင်း အဆိုပါ နေရာသို့ သွားရောက် သတင်း ရယူနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ယမန် ( မတ်လ ၃၁ ) ရက်နေ့ညက ပုလဲမြို့ နယ် ညောင်တုန်းကျေးရွာရှိ ဗီဒီယို ရုံတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း လုပ်ကြံ ရိုက်ကူးထားသော ဗီဒီယိုအား ပြသခဲ့ရာ NLD ပါတီဝင် လူငယ်များက သွားရောက် မပြသရန် တားမြစ်ခဲ့ရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး NLD ပါတီဝင် လူငယ်တစ်ဦး ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကာ ပြည်ခိုင်ဖြိုး ပါတီဝင် လူငယ်တစ်ဦးမှာ ဓါးထိုးခံရ၍ သေဆုံးခဲ့ကြောင်း The Voice Weekly သတင်းထောက်က ထပ်မံသတင်းပေးပို့သည်။
ဒဂုံဆိပ်ကမ်းတွင် NLDကအနိုင်သေချာဟုဆို
ရန်ကုန် ဧပြီ ၁ (6:10)
ဒဂုံဆိပ်ကမ်းမြို့နယ် NLDမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လော
ယခုသတင်းရေးသားချိန် ၆ နာရီ ၁၁ မိနစ်အထိ ရပ်ကွက် နှစ်ခုနှင့် ရွာတစ်ရွာ တို့မှ ရလဒ်ကို မရသေးသော် လည်း ကျန် ကျေးရွာနှင့် ရပ်ကွက် ၁၃ ခုတွင် NLD က အနိုင်ရရှိထားပြီး မဲဆန္ဒနယ် တစ်ခုလုံးရှိ စုစုပေါင်း မဲ၏ ၆၅ ရာခိုင်နှုန်းကို ရထားပြီဖြစ်ရာ သေချာသွားပြီဖြစ်ကြောင်း ဒဂုံဆိပ်ကမ်း NLD ရုံးအဖွဲ့မှူး ဦးထွန်းဝက ဆိုသည်။
The Voice Weekly
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၄)
၇ှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊မဲဆန္ဒနယ်မြေ အောင်ပန်းမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က မြို့ပေါ် ၁၂ရပ်ကွက်လုံးတွင် အပြတ်အသတ် အနိုင်ရရှိပါသည်။
ဟဲဟိုးမြို့တွင်လည်း NLD ကအပြတ်အသတ်အနိုင်ရရှိပြီး ဟဲဟိုးမြို့သူ မြို့သားများ အောင်ပွဲခံရန်စီစဉ်နေကြောင်းသိ
ကျေးရွာအုပ်စုတော်တော်များများ
အနိုင်ရရှိသည့်သတင်းကိုရရှိကြော
နောက်ပိုင်းတွင် အေးဆေးတည်ငြိမ်သွားပြီး ပြည်သူလူထု၊ လူငယ်အင်အားစုများက မိမိတို့မြို့နယ်အတွင် လှုပ်ရှားစောင့်ကြည့်ခဲ့ခြင်ြးေ
နိုင်ငံရေးသုံးသပ်သူများက ပြောပါသည်။ ကလောမြို့ပေါ်နှင့် ကျေးရွာများတွင်လည်း NLD ဘဲ အပြတ်အသတ်နိုင်ကြောင်းသတင်းရရှီ
ကလော၊ အောင်ပန်း၊ ဟဲဟိုးနှင့်ကျေးရွာအုပ်စုတော်ေ
ရပ်ကွက်တွေနဲ့ ရွာတစ်ချို့မှာ မဲစာရင်းများ ကျန်နေခဲ့ကြောင်း NLD
လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်းမှ ပြောပါသည်။
`ဟုတ်တယ် မဲစာရင်တွေမှားနေတဲ့ကိစ္စ နဲ့
ကျန်နေတဲ့ကိစ္စတွေများနေပါတယ်။ တစ်ချို့ မဲစာရင်းတွေကို မြင်သာတဲ့နေ ရာ
တွေမှာ မချိတ်ထားဘူး။ တစ်ချို့ကျတော့လည်း အမက ကျောင်းတွေထဲ
ဓမ္မာရုံတွေထဲမှာ ချိတ်ထားပြီး သော့ခတ်ထားကြတယ်။ မဲဆန္ဒရှင်တွေက
သူ့မဲစာရင်း ပါ မပါ လွတ်လွတ်လပ်လပ်ကြည့်ပိုင်ခွင့် မရှိဘူး။
အဲလိုဖြစ်နေတော့ ရွေးကောက်ပွဲနီးလို့ မဲစာရင်းကြည့်တော့(၂၉)ရက်နေ့မှ
ကြည့်လို့ရတယ်။ အဲဒီကျမှ မပါတာတွေကို သိရတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာကို
တော်တော်များများရှိနေပါတယ်။ မြို့ပေါ်ရပ်ကွက်တွေရော ရွာတွေမှာပါ
မဲစာရင်းကျန်တာတွေ ပေါင်းလိုက်ရင် (၇၀၀၀)ကျော်ကျော်ရှိပါ့မယ်။ ဥပမာ
စမ်းမကြီးရွာဆိုရင် (၁၇၅)ယောက်။ ညောင်ကန်တိုက်နယ်က ရွာသစ်ကြီးမှာ
တစ်ရာကျော်ကျန်ခဲ့တယ်။ သရက်လေးပင်ရွာကလည်း တော်တော်ကျန်နေတယ်
လို့ပြောပါတယ်။ ယခုလည်း ညောင်ကန်မှာ ပြဿနာဖြစ်နေလို့ ကျွန်တော့်တို့ကို
လာခဲ့ဖို့ခေါ်နေပြန်တယ်။ မြို့ပေါ်က အောင်စေတနာရပ်ကွက်တွေ၊
အောင်မေတ္တာရပ်ကွက် တွေ ၊ အောင်ရတနာရပ်ကွက် တွေ အားလုံးပေါင်းလိုက်ရင်
နှစ်ထောင်ကျော်လောက်ကျန်ပါ့မယ်။ ကော်မရှင်ကို သွားပြောတော့လည်း
သတ်မှတ်ထား တဲ့ရက် ကျော်သွားလို့ ထည့်မပေးဘူးပြောပါတယ်။ ယနေ့အခြေနေအရ
ရမယ်ထင်လို့ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း တွေကို
ကိုင်ပြီးသွားကြတော့လည်း ရက်လွန်သွားလို့ မထည့်ရတော့ဘူးလို့ ပြောလွှတ်
ပါတယ်။ ´ ဟု ဦးမြင့်သိန်းမှ ပြောဆိုပါတယ်။ ----------------------------- မင်းကင်းတွင်...မဲရုံပေါင်း (၁၁၈) ရုံရှိပြီး ယခုအချိန်တွင် (၁၃)နေရာတွင်
NLD မှ အနိုင်ရရှိနေကြောင်း သိရသည် မင်းကင်းမှ သတင်းထောက်က ပေးပို့သည်။
--------------------------------
တောင်ငူ မြို့နယ် သောက်ရေခပ်(၂) ရေအားလျှပ်စစ်စီမံကိန်း မဲစာရင်း
NLD ၁၆၃
ကြံ့ ဖွတ် ၂
-------------------------------
ပခုက္ကူ တွင် NLD က ရမဲ 662 ကြိုတင်မဲ 5ပြည်ခိုင်ဖြိုးက ရမဲ 53 ကြိုတင်မဲ 1
နှင့် ပယ်မဲ 59 မဲရှိကြောင်းအသိပေးအပ်ပါသည်။ ပခုက္ကူ တွင် NLD ဦးပိုက်ကို က အပြတ်အသတ်အနိုင်ရရှိသွားပါသည်။
နှင့် ပယ်မဲ 59 မဲရှိကြောင်းအသိပေးအပ်ပါသည်။ ပခုက္ကူ တွင် NLD ဦးပိုက်ကို က အပြတ်အသတ်အနိုင်ရရှိသွားပါသည်။
---------------------------------
အုတ်တွင်းမြို့နယ်ညောင်ပင်ကြီးေ ကျးရွာအုပ်စု အန်အယ်ဒီ က ၆၁၉ မဲ ကြံ့ခိုင်ရေး ၁၆၄ မဲ
တောင်ဝင်းကုန်းကျေးရွာ အန်အယ်ဒီက ၅၉၃ မဲ ကြံ့ခိုင်ရေး ၇၂
ကြို့ကုန်း အန်အယ်ဒီ ၅၆၂ မဲ ကြံ့ခိုင်ရေး ၄၉ မဲ အနိုင်ရရှိထားကြောင်းသတင်းရရှိ
တောင်ဝင်းကုန်းကျေးရွာ အန်အယ်ဒီက ၅၉၃ မဲ ကြံ့ခိုင်ရေး ၇၂
ကြို့ကုန်း အန်အယ်ဒီ ၅၆၂ မဲ ကြံ့ခိုင်ရေး ၄၉ မဲ အနိုင်ရရှိထားကြောင်းသတင်းရရှိ
Myanmar News Now
NLD ရုံးချုပ်မှ တိုက်ရိုက်တင်ပြနေစဉ် |
လတ်တလော မဲရေတွက်မှု ရလဒ်များ
ဧပြီ ၁ ရက်၊ ၂၀၁၂ ခုနှစ်၊ ညနေ ၅ နာရီ ၅၁ မိနစ်၊
မင်္ဂလာတောင်ညွန့် ရေတွင်းကုန်း မဲရုံ အမှတ် (၂) တွင်
ဒီချုပ် ၉၉၄ မဲ၊ ကြံ့ခိုင်ရေး ၄၆ မဲ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၈မဲ၊ အမျိုးသား ဒီမိုကရေစီပါတီသစ် ၆မဲ၊ မြန်မာအမျိုးသား ကွန်ဂရက် ၂ မဲ၊ ရရှိ၍ ဒီချုပ်မှ ဒေါ်ဖြူဖြူသင်း အများဆုံးဖြင့် အနိုင်ရလျှက်ရှိသည်။
လောင်းလုံမြို့နယ် ပန်းတဉ်းအင်းရွာ ဒီချုပ် ၇၁၀ မဲ၊ ကြံ့ခိုင်ရေး ၅၃ မဲ၊ ပယ်မဲ ၃ ၂မဲ၊ ရရှိသည်ဟု သိရှိရသည်။
မန္တလေး မဟာအောင်မြေ ရဲမွန်တောင်ရပ်ကွက် မဲရုံ အမှတ် (၃) တွင် ကြံ့ခိုင်ရေး ၆၃ မဲ ဒီချုပ် ၇၅၂ မဲ၊ အန်ဒီအက်ဖ် ၇ မဲ၊ ပြည်သူ့ဒီမိုကရေစီပါတီ ၁ မဲ၊ တစည ၁၁ မဲ၊ တသီးပုဂ္ဂလ ဦးညွန့်ဦး ၆ မဲ၊ တသီးပုဂ္ဂလ ဦးကျော်ကျော် ၆ မဲ၊ တသီးပုဂ္ဂလ ဦးစိန်လှ ၁ မဲ၊ ပယ်မဲ ၅၁ မဲတို့ဖြစ်သည်။
မန္တလေးတွင်ပင် ရဲမွန်တောင် အမှတ် (၂) မဲရုံ၌ ကြံ့ခိုင်ရေး ၁၁၅ မဲ၊ ဒီချုပ် ၈၁၆ မဲ၊ အန်ဒီအက်ဖ် ၉ မဲ၊ ပြည်သူ့ဒီမိုကရေစီပါတီ ၇ မဲ၊ တစည ၁၇ မဲ၊ တသီးပုဂ္ဂလ ဦးကျော်ကျော် ၂ မဲ၊ ဦးညွန့်ဦး ၁ မဲ၊ ပယ်မဲ ၃၃ မဲတို့ဖြစ်သည်။
ယင်း ရပ်ကွက် (၃) ရပ်ကွက်အနက် စင်္ကြာနွယ်စင် မဟာမြိုင် ၁၊ ၂ တွင်အပြတ်အသတ်နိုင်သည်ဟု သိရသည်။ ဒေးအရှေ့ ရပ်ကွက်တွင်လည်း အနိုင်ရရှိကြောင်း သတင်းပေးပို့သည်။
မော်လမြိုင်မြို့တွင် ဈေးချိုရပ်ကွက်မှလွဲလျှင် ကျိုက္ဖနဲ အမှတ် (၂) ၊ ပျဉ်ထောင်တန်း၊ ၀တ်သစ် ရွှေမြိုင်သီရိနှင့် အောက်ကျင်း ၊ ထန်းပင်ကုန်း ရပ်ကွက်များတွင် ၁၀ဆနီးပါး အသာဖြင့် ဒီချုပ်က ကြံ့ခိုင်ရေးကို အနိုင်ရရှိလျှက်ရှိသည် ။
ဒေါ်အောင်ဆန်းစုကြည် နိုင်ရန် သေချာပြီ
လတ်တလော မဲရေတွက်မှု ရလဒ်များ
ဧပြီ ၁ ရက်၊ ညနေ ၅နာရီ ၉မိနစ်
ကော့မှူးမြို့နယ်တွင် ယခုအချိန်ထိ ရေတွက်ရရှိသည့် ရလဒ်များကို ထောက်ချင့်၍ ဒေါ်အောင်ဆန်းစုကြည် နိုင်ရန် သေချာသွားပြီဟု ဒီချုပ်မှ ခန့်မှန်းထားသည်။
မိတ္ထီလာမြို့နယ် ဆိုင်းတန်းရပ်ကွက် ဒီချုပ် ၂၇၇၊ ကြံ့ခိုင်ရေး ၃၂၊ ဒေါ်မြင့်မြင့်အေး ၄၊
မိတ္ထီလာမြို့နယ် နန်းတော်ကုန်း ရပ်ကွက် ဒီချုပ် ၃၆၅ ၊ ကြံ့ခိုင်ရေး ၈၈၊ ဒေါ်မြင့်မြင့်အေး ၂၁၊ ဦးဝင်းဇော် ၇ မဲ တို့ဖြစ်သည်။
မန္တလေး၊ မဟာအောင်မြေ မဟာအောင်မြေ မြို့နယ် ဦးအုန်းကြိုင် မဲ ၅၀၀ ၊ ၆၀၀ ရသည့်အချိန်တွင် ကြံ့ခိုင်ရေးမှ ၅၀၊ ၆၀ သာရရှိသည်ဟု လတ်တလော ရေတွက်မှုများအရ သိရသည်။ ပြင်ဦးလွင်တွင်လည်း ဒီချုပ်ကိုယ်စားလှယ် ဦးကျော်သီဟက အလားတူ ၁၀ ဆ၀န်းကျင် အသာရနေသည်ဟု သိရသည်။
Yangon Press International
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၂)
Update 6:08 PM
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် မဲရုံစုစုပေါင်း ၃၆ ရုံရှိသည့်အနက် ၁၇ ရုံကို ရေတွက်ရာ NLD က ၁၆ ရုံတွင်အနိုင်ရ။
ကလောမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ NLD မှ ၇၀ % ဖြင့် အနိုင်ရရှိ
မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်း မဲရုံအမှတ်(၂) ကန်တော်လေးတောင်ရပ်ကွက်တွင် မဲရေတွက်နေသည်ကို မဲရုံပြင်ပတွင် စောင့်ဆိုင်းနားထောင်နေသည့် ပရိသတ်။ |
NLD ရုံးရှေ့တွင် ရွေးကောက်ပွဲသတင်းအချက်အလက်များကို LED ဘုတ်ဖြင့်ပြသနေမှုကို ကြည့်ရှုနေကြသူများ။ (ဓာတ်ပုံ-အေးမြတ်သူ) |
Update 5:45
စစ်ကိုင်းမြို့တွင် မဲရုံ ၁၁၉ ရုံရှိသည့်အနက် ရေတွက်ပြီးမဲရုံ ၃၉ ရုံတွင် NLD မှ ၃၈ ရုံတွင် မဲအပြတ်အသတ်နှင့် အနိုင်ရ။ သတင်းများကို ဆက်လက်ဖော်ပြပါမည်။
စစ်ကိုင်းမြို့တွင် မဲရုံ ၁၁၉ ရုံရှိသည့်အနက် ရေတွက်ပြီးမဲရုံ ၃၉ ရုံတွင် NLD မှ ၃၈ ရုံတွင် မဲအပြတ်အသတ်နှင့် အနိုင်ရ။ သတင်းများကို ဆက်လက်ဖော်ပြပါမည်။
Update 5:48
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်သော ဦးဇေယျာသော်က "အခြေအနေကောင်းနိုင်တယ်။ အတိအကျတော့ လက်ထဲမှာ စာရွက်တွေမရောက်လာသေးသည့်အတွက် မပြောနိုင်သေးဘူး" ဟု ပြောသည်။
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်သော ဦးဇေယျာသော်က "အခြေအနေကောင်းနိုင်တယ်။ အတိအကျတော့ လက်ထဲမှာ စာရွက်တွေမရောက်လာသေးသည့်အတွက် မပြောနိုင်သေးဘူး" ဟု ပြောသည်။
7Day News Journal
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၁)
ပြည်ခိုင်ဖြိုးပါတီ ၀ဏ္ကကျော်ထင်- စည်သူ-ဦးသာဌေး နှင့် NLD ပါတီ အဆိုတော် ဇေယျာသော် တို့ ၀င်ယောက် ယှဉ်ပြိုင်အရွေးချယ်ခံသည် ပုဗ္မသီရိမြို့နယ်၏နောက်ဆုံးရ မဲသတင်းအခြေအနေမှာ NLD ၆၀ % ပြည်ခိုင်ဖြိုး ၄၀ % ရပ်တည်လျှက်ရှိသည်ဟု နောက်ဆုံးရသတင်းအဖြစ် သိရှိရသည်။
မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် အလက(၅)တွင် ဖွင့်လှစ်ထားသည့် မဲရုံ(၅) ရုံ အနက် အမှတ်(၃)မဲရုံတွင် NLD ပါတီ ကိုယ်စား လှယ်လောင်း ဒေါ်မေ၀င်းမြင့်မှ မဲ ၆၀၀ကျော် ကွာဟမှု ဖြင့် အနိုင်ရ ရှိနေကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိမြို့နယ်တွင်း မဲရုံ ၃၈ ရုံရှိသည့် အနက် ၈ရုံမှာ လတ်တလော NLD အနိုင်ရရှိနေသည်ဟု NLD အသိုက် အ၀န်းက Popular News သို့အခိုင်အမာ သတင်းပေးပို့ပြောဆိုလိုက် သည်။
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်အတွင်း အနိုင်ရ
ပါတီမဲစာရင်းကိုထုတ်ပြန်ကြေငြာထ
မဟာအောင်မြေမြို့ နယ် ရှိ မဲရုံ ၁၀ တွင် NLD ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင် သာ အနိုင်ရရှိကြောင်း ထပ်မံသိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ်(၉၂) ရပ်ကွက် မဲရုံအများစုတွင် NLD မှ အပြတ်အသတ် အနိုင်ရရှိနေကြောင်း သိရသည်။
မြင့်မိုရ်တောင် မဲရုံ အမှတ် ၂ တွင် မဲပေးခွင့်ရှိသူ ၁၉၂၅ ဦးရှိသည့် အနက် ၉၉၉ ဦးလာရောက် မဲ ပေးပြီး ကြိုတင်မဲ ၁ မဲ ရှိကြောင်းသိရသည်။
မဲစာရင်းရလာဒ်မှာ
NLD ပါတီ - ၈၁၆ မဲ
ပြည်ခိုင်ဖြိုးပါတီ - ၁၁၄ မဲ
တစည ပါတီ - ၁၇ မဲ
NDF - ၉ မဲ
ပြည်သူ့ ဒီမိုကရေစီပါတီ - ၇ မဲ
တစ်သီးပုဂ္ဂလ ဦးကျော်ကျော် - ၂ မဲ
တစ်သီးပုဂ္ဂလ ဦးညွန့် ဦး - ၁ မဲ
ပယ်မဲများမှာ ၃၃ မဲရှိကြောင်းသိရသည်။
ရဲမွန်တောင် မဲရုံ အမှတ် ၂ တွင် မဲပေးခွင့်ရှိသူ ၁၉၂၅ ဦးရှိသည့် အနက် ၉၉၉ ဦးလာရောက် မဲ ပေးပြီး ကြိုတင်မဲ ၁ မဲ ရှိကြောင်းသိရသည်။
မဲစာရင်းရလာဒ်မှာ
NLD ပါတီ - ၈၁၆ မဲ
ပြည်ခိုင်ဖြိုးပါတီ - ၁၁၄ မဲ
တစည ပါတီ - ၁၇ မဲ
NDF - ၉ မဲ
ပြည်သူ့ ဒီမိုကရေစီပါတီ - ၇ မဲ
တစ်သီးပုဂ္ဂလ ဦးကျော်ကျော် - ၂ မဲ
တစ်သီးပုဂ္ဂလ ဦးညွန့် ဦး - ၁ မဲ
ပယ်မဲများမှာ ၃၃ မဲရှိကြောင်းသိရသည်။
ရဲမွန်တောင် မဲရုံ အမှတ် ၃ တွင် မဲပေးခွင့်ရှိသူ ၁၉၉၉ ဦးရှိသည့် အနက် ၈၉၈ ဦးလာရောက် မဲ ပေးပြီး ကြိုတင်မဲ မရှိကြောင်းသိရသည်။
မဲစာရင်းရလာဒ်မှာ
NLD ပါတီ - ၇၅၃ မဲ
ပြည်ခိုင်ဖြိုးပါတီ - ၆၃ မဲ
တစည ပါတီ - ၁၁ မဲ
NDF - ၇ မဲ
ပြည်သူ့ ဒီမိုကရေစီပါတီ - ၇ မဲ
ပယ်မဲများမှာ ၅၅ မဲရှိကြောင်းသိရသည်
မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် အလက(၅)တွင် ဖွင့်လှစ်ထားသည့် မဲရုံ(၅) ရုံ အနက် အမှတ်(၃)မဲရုံရှေ့မြင်ကွင်း |
ကြားဖြတ်ရွေးကောက်ပွဲရလဒ်မျ
အထက်ပါကဲ့သို့ ခရိုင်အဆင့်အထိ ကော်မရှင်များထံမှ သတင်းရယူခွင့်မပြုဘဲ တိုင်းဒေသကြီး/
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌ
ထို့ကြောင့် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲရရှိမှုနှင့် ရွေးကောက်ပွဲရလဒ်အခြေအနေမျာ
““ဒါဆိုရင် ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်ညွှန်မှူးလက်မှတ်ထိ
Update 5:12 ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာအုပ်စု၊ ထန်းတောတိုက်ကျေးရွာနေ ကိုဇော်လင်း ၂၅ နှစ်၊ ကိုတောက်ထွန်း ၃၀ နှစ်တို့ညီအစ်ကိုနှစ်ဦးသည် မဲပေးရန်အတွက် မင်းတိုင်ပင်ကျေးရွာမဲရုံသို့သွားခဲ့ရာ မဲစာရင်းထဲတွင် ၎င်းတို့အမည်မပါရှိ၍ မှတ်ပုံတင်ကိုင်ကာ မဲရုံရှေ့တွင်တစ်နေကုန်ထိုင်စောင့်နေခဲ့သည်။
ထိုသို့ထိုင်စောင့်နေစဉ် ထန်းတောတိုက်ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်ထွန်းက မဲပေးချင်လျှင်လိုက်ခဲ့ဟုဆိုကာ မဲရုံမပိတ်မီ ထိုသူနှစ်ဦးကို မဲရုံရှေ့မှရွာဘက်သို့ခေါ်ဆောင်သွားကာ လက်သီးဖြင့်ထိုးခဲ့သည်ဟုဆိုသည်။
လက်သီးဖြင့် အထိုးခံရနှစ်ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့မှုကြောင့် ယနေ့ ၄ နာရီ ၅၀ မိနစ်အချိန်ခန့်က ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်ထွန်းအား ပုလဲမြို့နယ်ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသည်ဟုသတင်းရရှိသည်။
7Day News Journal
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၉)
ပခုက္ကူမြို့နယ်အတွင်း .. | |||||||
စဉ် | ကျေးရွာအမည် | NLD | USDP | ပယ်မဲ | မှတ်ချက် | ခြားနားချက် | |
၁ | ရွှေတန်းတစ် | ၈၂ | ၁၂ | နိုင် | ၇၀ | ||
၂ | ထိန်ပင်ကုန်း | ၈၇ | ၁၀ | နိုင် | ၇၇ | ||
၃ | ပေါင်းငူစွန်း | ၉၀ | ၁၆ | ၇ | နိုင် | ၆၄ | |
၎ | မြို့ဆိုး ၄ရပ်ကွက် | ၆၇၀ | ၃၀ | နိုင် | ၆၄၀ | ||
၅ | မီးရထား | ၁၇၅ | ၄၃ | နိုင် | ၁၃၂ | ||
၆ | ရှားတော | ၂၆၃ | ၂၉ | နိုင် | ၂၃၄ | ||
၇ | မကျီးသုံးပင် | ၁၂၅ | ၉၇ | နိုင် | ၂၈ | ||
၈ | ကွမ်းရွာ | ၈၇ | ၁၀ | နိုင် | ၇၇ | ||
၉ | ဆိက္ခ၀ | ၄၂၂ | ၁၉၁ | နိုင် | ၂၃၁ | ||
၁၀ | ကျထိုး | ၃၈၉ | ၃၈ | နိုင် | ၃၅၁ | ||
၁၁ | ရေနံချပ် | ၄၂၂ | ၁၉၁ | နိုင် | ၂၃၁ | ||
၁၂ | ၀က်ကုန်း | ၁၆၀ | ၅၆ | နိုင် | ၁၀၄ | ||
၁၃ | လက်ပံပင်စု | ၁၁၀ | ၇ | နိုင် | ၁၀၃ | ||
၁၄ | စစ်ပင်+ရွာအို | ၁၅၆ | ၁၅၂ | နိုင် | ၄ | ||
၁၅ | BPI | ၂၅ | ၄၄ | ရှုံး | -၁၉ | ||
၁၆ | ခလရ(၂၅၉) | ၂၁ | ၃၀၆ | ရှုံး | -၂၈၅ | ||
၁၇ | ခလရ(၂၃၅) | ၂၈ | ၂၆၈ | ရှုံး | -၂၄၀ | ||
၁၈ | ခလရ(၂၅၂) | ၂၀ | ၁၈၀ | ရှုံး | -၁၆၀ | ||
၁၉ | ကျွဲတဲမဲရုံ (၁) | ၁၉၉ | ၁၂၈ | နိုင် | ၇၁ | ||
၂၀ | မကျီးကန်အရှေ့ | ၁၉၃ | ၆၁ | နိုင် | ၁၃၂ | ||
၂၁ | ကုန်းရွာသစ် | ၄၂၂ | ၁၉၁ | နိုင် | ၂၃၁ | ||
၂၂ | တန့်ကြည့် | ၄၈၆ | ၃၉ | နိုင် | ၄၄၇ | ||
၂၃ | ဗွက်ကုန်း | ၁၆၀ | ၅၆ | နိုင် | ၁၀၄ | ||
၂၄ | မယ်ဇလီပင်ကုန်း | ၂၃၇ | ၂၀ | နိုင် | ၂၁၇ | ||
တောင်ငူမြို့ မင်းကြီးညိုရပ်ကွက်မဲရုံ ၁ NLD 554 ကြံ့ဖွံ့ ၁၈၂ မဲရုံ ၂ NLD 894
ကြံ့ဖွံ့ ၁၄၁ ပါယ်မဲ NLD 61 ကြံ့ဖွံ့ ၅၇ ရပ်ကွက် (၂၀) NLD 1100 ကြံ့ဖွံ့ ၁၀၀
လောလောဆယ်သိထားသလောက်တော့ ပဲခူးတိုင်း မှာ NLD ကနေရာအားလုံး
ကိုအနိုင်ရသွားတယ်လို့သိရပါတယ်။
တောင်ငူမြို့ မဲဆန္တနယ်များမှ စာရင်းများကိုပေးပို့ပါသည်။ အမှတ် (ရ) ရပ်ကွက် NLD 405
ကြံ့ဖွံ့ ၁၄၆ /(၁၅) ရပ်ကွက် NLD 498ကြံ့ဖွံ့ ၈၉ NDF 6 ပာယ်မဲ ၂ မဲ။ ၁၆ ရပ်ကွက် NLD ၈၃၆
ကြံ့ဖွံ့ ၅၆ လောလောဆယ် ရရှိထားပါတယ်။
တောင်ငူမြို့ ၁၇ ရပ်ကွက်မှ NLD 902 ကြံ့ဖွံ့ ၁၂၃ ခမောက်၁၃ မဲရရှိပါတယ်။
မကွေးမြို့နယ်ကန်ပြားတိုက်နယ်ပု
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (၁)မဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ
ပုထိုးကျေးရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ
ကျန်မဲအပြဲအသတ်ဟု သတင်းရရှိပါသည်။
တောင်ငူမြို့နယ် ၁၆ ရပ်ကွကမဲစာရင်းလတ်တလော အနိုင်အရုံး NLD 800 ကျော် ကြံ့ဖွံ့ တစ်ရာနီးပါး ရရှိထား။
ယနေ့ ဧပြီလ (၁) ရက် နေ့ ကြားဖြတ်ရွေးကောက်ပွဲ တွင် မကွေးတိုင်း ၊ တောင်တွင်းကြီးမြို့ရှိ မဲပေးနိုင်သော် လည်း မဲပေးခွင့်မရသည့် လူထု က မဲပေးခွင့်ရရေးအတွက် ကော်မရှင်အဖွဲ့ခွဲသို့ သွားရောက် တောင်းဆိုမည်ဟု ဆိုသဖြင့် အမျိုးသားဒီမိုကရေစီရုံးတွင် လူ(၂၀၀)ကျော် ထားရကြောင်းသတင်းသိရှိရသည်။
ထိုလူအုပ် ကြီး တစ်ခုလုံးမှာ မဲပေးနိုင်သော်လည်း မဲပေးခွင့် မရရှိသည့် လူအုပ်ကြီးဖြစ်ပါသည်။
စစ်ကိုင်းတိုင်း မင်းကင်းမဲဆန္ဒနယ်..အထက(၁) မဲရုံတွင် တိုင်းကော်မရှင် အဖွဲ့ဝင်၊
မြို့နယ်ပညာရေးမှူးမှ မဲရေတွက်တဲ့နေရာကို မီဒီယာများ
စောင့်ကြည့်ခွင့်မပေးကြောင်း ၄င်းမဲဆန္ဒနယ်သို့ ရောက်ရှိနေသော
သတင်းထောက်တစ်ဦးမှ ပြောပြသည်။
မင်းကင်း မဲဆန္ဒနယ်တွင် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်မှ..ဒေါ်ခင်
ဆန်းဝင်း၊ တစည မှ ဦးဌေးအောင် တို့ ယှဉ်ပြိုင်နေကြောင်း သိရသည်။
Myanmar News Now
တောင်တွင်းကြီးမြို့ တွင်း မဲပေးခွင့် မရလို့ စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီး |
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၈)
မဲစာရင်းရလဒ်
ဧပြီ ၁၊ ၂၀၁၂ (YPI)
ဒက္ခိဏသီရိမြို့နယ်၊ ဟိုတယ်ဇုန်မဲဆန္ဒနယ်
NLD ၁၈၄ မဲ
USDP ၆၁ မဲ
ပယ်မဲ ၇
ကော့မှူးမြို့နယ်၊ ဒညင်းဆိပ်ကျေးရွာအုပ်စု
NLD ၄၃၄ မဲ
USDP ၂၇ မဲ
ကော့မှူးမြို့နယ်၊ ဖျာမွှတ်ကျေးရွာ
NLD ၂၀၈ မဲ
USDP ၃၂ မဲ
လတ်တလော မဲရေတွက်နေသည့် ရလဒ်များ
ဧပြီ ၁ ရက်၊ ၂၀၁၂ ၊ ညနေ ၄နာရီ ၄၀မိနစ် YPI
မိတ္ထီလာမြို့နယ်၏ ကြိုတင်မဲများအား ရေတွက်လျှက်ရှိရာ ပြည်ပကြိုတင်မဲ ၅၁ မဲ၊ မဲဆန္ဒနယ်ပြင်ပနှင့် ဋ္ဌာနဆိုင်ရာကြိုတင်မဲ ၁၇၉၁ မဲရှိသည်ဟု သိရပြီး မည်သည့်ကိုယ်စားလှယ် မည်မျှရရှိသည်ကိုမူ မဲရုံကိုယ်စားလှယ် ၄ ဦး ရပ်မိရပ်ဖ ၈ ဦးရှေ့မှောက်တွင်
ဆက်လက်ရေတွက်ဆဲ ဖြစ်သည်။
မော်လမြိုင်တွင် မုရောင်းနှင့် မောင်ငံရပ်ကွက်တို့တွင် ဒီချုပ် အားသာနေ ကြောင်း မော်လမြိုင်မှ သတင်းထောက်က သတင်းပေးပို့သည်။
ကော့မှူးမြို့နယ်၌ ၉ ရုံတွင် ဒီချုပ်အနိုင်ရရှိမှုမှာ ၈၁. ၆၈ မှ ၉၉ ရာခိုင်နှုန်းထိ ခန့် နိုင်မည် ခန့်မှန်းထားကြောင်း ဒီချုပ် အောင်နိုင်ရေး ကိုယ်စားလှယ်များကပြောသည်။ နောက်ထပ် ၆ ရွာရေတွက်လျှက်ရှိရာ ပြည်တော်သာ ရပ်ကွက် (ဖယောင်းသုတ်ခံရသည့် ရပ်ကွက်) တွင် ၈၈.၇၈ ရာခိုင်နှုန်းဖြင့်နိုင်ပြီး အခြားမဲရုံ ၅ ရုံတွင်လည်း အနည်းဆုံး ၆၈ရာခိုင်နှုန်းရရှိမည်ဟု ခန့်မှန်းကြောင်း ၎င်းတို့ကပြောသည်။
ပခုက္ကူ အမှတ် ၅ ရပ်ကွက် မဲရုံ ၁ တွင် ဒီချုပ် ၄၈၇ မဲ၊ ကြံ့ခိုင်ရေး ၄၂ မဲ၊ရရှိထားသည်ဟု သိရှိရသည်။
YPI
မဲပေးခွင့်မရလို့ ပြန်ကြပြီ
ဧပြီ ၁ ရက်၊ ၂၀၁၂ ခုနှစ် (YPI)
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့ မဲဆန္ဒနယ် ၄၅ နေရာအနက် နေရာအများစုမှာ ပြည်သူတွေဟာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းထဲ မပါတာကြောင့် မဲပေးခွင့်မရပဲ ကိုယ့်နေအိမ်တွေဆီကို ပြန်သွားကြရပြီဖြစ်ကြောင်း သိရပါတယ်။
တနင်္သာရီတိုင်း လောင်းလုံ မြို့နယ်ထဲက မဲရုံတစ်ခုမှာ မဲပေးမယ့်သူ ၄၀၀ လောက် လာပြီး စုဝေးခဲ့ပေမယ့် မဲပေးပိုင်ခွင့် စာရင်းထဲ မပါတာကြောင့် နောက်ဆုံး အိမ် ပြန်သွားကြပြီဖြစ်ပါတယ်။
အလားတူ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ရှားတောကျေးရွာ ဆပ်ပြာကျင်း အုပ်စုမဲရုံ အမှတ် (၃) မှာ လူ (၈၀) လောက် မဲစာရင်းမပါ ဖြစ်ခဲ့ပါတယ်။ မဲရုံအမှတ် (၄) မှာလည်း လူ (၂၀) လောက်မဲပေးခွင့်မရပဲ ပြန်သွားပြီ ဖြစ်ပါတယ်။
အလားတူ မန္တလေးတိုင်း သံလျက်မော် အနောက်ရပ်ကွက် မဲရုံတစ်ရုံမှာလည်း လူ ၃၀၀ လောက် မဲပေးခွင့်မရပဲ ပြန်သွားရပြီဖြစ်ကြောင်း သိရပါတယ်။ ဒါတင်မက ပခုက္ကူမြို့နယ်က မဲရုံတွေမှာလည်း တစ်ရုံကို လူ ရာဂဏန်း ကျော် မဲပေးခွင့်မရပဲ ပြန်သွားရကြောင်း အင်န်အယ်လ်ဒီ အောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒီလို မဲပေးခွင့်မရတဲ့ ပြည်သူတွေဟာ မဲရုံကိုလာ စောင့်ဆိုင်းပြီး နောက်ဆုံး မဲပေးခွင့်မရတော့မှ မဲရုံကနေ ပြန်သွားကြကြောင်း သတင်းရရှိပါတယ်။
မဲစာရင်း မပါသည့် ပြဿနာများ နိုင်ငံအနှံ့ဖြစ်ပွား
ဧပြီ ၁ ရက်၊ ၂၀၁၂ ခုနှစ်-မြင့်ကျော်(YPI)
ယနေ့ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲစာရင်းတွင် မပါသည့် ကိစ္စရပ်က နိုင်ငံအနှံ့အပြာားဖြစ်ပွားလျှက်ရှိသည်ဟု နယ်အသီးသီးတွင် ရောက်ရှိနေကြသည့် သတင်းထောက်များ၏ ပေးပို့ချက်အရ သိရှိရသည်။
ပအို့ဝ်း အမျိုးသား အဖွဲ့ချုပ် ပါတီ အောင်ပန်းမြို့ အောင်နိုင်ရေး ဒုဥက္ကဋ္ဌ ဦးခွန်သူတော်က “အနောက်ကျေးရွာ အုပ်စုက လူ ၇၀ လောက်ကို ယာယီမှတ်ပုံတင်လုပ်ဖို့ ဆောင်ရွက်ပေးလိုက်တယ်။ ဒါပေမယ့် မဲစာရင်းစစ်ဆေးဖို့ ကိစ္စတော့ မလှုံ့ဆော်လိုက်ဘူး ” ဟုဆိုသည်။
မဲစာရင်း မပါရှိသူများတွင် အစိုးရ အဖွဲ့ကိုဦးဆောင်သည့် ကြံ့ခိုင်ရေး ပါတီဝင်များ မရှိသလောက်နည်းပါးကာ အခြားသော ပါတီကိုထောက်ခံသူများဖြစ်နေသည်ဟုလည်း နယ် မဲရုံကိုယ်စားလှယ်များ၏ ပြောဆိုချက်အရ သိရသည်။
မန္တလေးမြို့ မဟာအောင်မြေ။ မိတ္ထီလာ၊ ပုသိမ်၊ ရန်ကုန် မရမ်းကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ကလော၊ ဇမ္ဗူသီရိ၊ မြောင်းမြ ၊ မော်လမြိုင် တို့တွင် မဲစာရင်းမပါရှိခြင်းကြောင့် မဲမပေးနိုင်သည့် အဖြစ်အပျက်များ ဖြစ်ပွားနေကြောင်း ဒေသခံ အန်အယ်ဒီ အောင်နိုင်ရေး အဖွဲ့ဝင်များ၊ မဲဆန္ဒရှင်များက ပြောသည်။
မဲစာရင်းတွင်ပါရှိသော်လည်း မှတ်ပုံတင်နံပါတ်မှားခြင်း၊ အမည်မှားယွင်းခြင်းများကို မဲရုံမှူးများက ပြင်ဆင်ပေးခွင့်ပြုသော်လည်း မဲစာရင်းတွင် လုံးဝ မပါဝင်သူများကိုမူ ယခင်နေ့များက သန်းကောင်စာရင်းနှင့် မှတ်ပုံတင်ယူလာပါက ပေးခွင့်ပြုမည်ဟု မြို့နယ်အများအပြားတွင် ပြောဆိုခဲ့သော်လည်း ယနေ့ မဲပေးသည့်နေ့တွင်မူ မဲစာရင်းတွင် မပါသူ မည်သူတဦးတယောက်ကိုမျှ မဲပေးခွင့်မပေးသည်ကိုတွေ့ရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နေပြည်တော်မှ ၂၉ ရက်နေ့နေ့စွဲဖြင့် ထုတ်ပြန်သည့် စာအရ အောက်ခြေ ကော်မရှင်အသီးသီးသို့ အတည်ပြုပြီး မဲစာရင်းတွင် ထပ်မံ ဖြည့်စွက် ၊ ပြင်ဆင်၊ နှုတ်ပယ်ခြင်း မပြုရဆိုသည့် ညွန်ကြားချက် ထုတ်ပြန်ထားသည်ကို ဖတ်ရှုရသည်။
အောင်ပန်းမြို့နယ်တွင်လည်း ယနေ့ နံနက်ပိုင်းက မဲစာရင်းတွင် မပါရှိသူများအား မွန်းလွဲ ၂ နာရီနောက်ပိုင်း လာရောက်ရန် ပြောဆို သဖြင့်မွန်းလွဲပိုင်းထိ စောင့်ဆိုင်းခဲ့သော်လည်း နောက်ဆုံးတွင် ပေးခွင့်မရသဖြင့် လက်လျှော့ပြန်သွားကြရသည်ဟု အောင်ပန်းမြို့ဒေသခံများက ပြောသည်။
မဲစာရင်းများကို ယခင်လ ၂၉ ရက်နေ့တွင်ကြေညာမည်ဟု တရားဝင်ကြေညာထားသော်လည်းအမှန် တကယ် ရက်အတန်ကြာ နောက်ကျပြီးမှ ကြေညာခဲ့သည်ဟု မြို့နယ် ၊ ကျေးရွာ ရပ်ကွက်များက ပြောဆိုသည်။ ။
Yangon Press International
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၇)
ဒဂုံဆိပ်ကမ်းတွင် ရေတွက်ပြီးမဲရုံများ၌ NLD မှ အနိုင်ရရှိဟုဆို
ရန်ကုန် ဧပြီ ၁
ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် ယုဇနဥယျာဉ်မြို့တော်တွင် စုစုပေါင်း မဲရုံ ၁၈ ရုံရှိရာ မဲရေတွက်ပြီးစီးသွားသော မဲရုံ ၁၀ ရုံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမျိုးအောင် က အနိုင်ရရှိထားကြောင်း NLD မဲရုံကိုယ်စားလှယ်များ၏ အတည်ပြုချက်အရ ဒဂုံဆိပ်ကမ်းမြို့နယ် NLD ရုံးအဖွဲ့ မှူး ဦးထွန်းဝက The Voice ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
ဒဂုံဆိပ်ကမ်းတွင် မဲပေးခွင့်မရသူများတိုင်ကြားရန် စီစဉ်နေဟုဆို
ရန်ကုန် ဧပြီ ၁
ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက် သော်ကမြိုင် ၄ လမ်း၊ အမှတ် ၁ အထက်တန်းကျောင်း မဲရုံ ၁၊ ၂၊ ၃ ၊ ၄ တွင် မဲစာရင်းမပါသူ၊ နာမည်မှားသူ ၊ မှတ်ပုံတင်နံပါတ်မှားသူ များဖြင့် မဲပေးခွင့်မရှိသူများ များပြားလျက်ရှိပြီး အဆိုပါမဲပေးခွင့်မရှိသူများက တိုင်းကော်မရှင်ရုံးသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း အဆိုပါ မဲဆန္ဒနယ်သို့ ရောက်ရှိနေသည့် The Voice သတင်းထောက် က သတင်းပေးပို့သည်။

ကျောက်ပန်းတောင်းတပ်နယ်တွင် NLD ရှူံးနိမ့်နေဟုဆို
မန္တလေး ဧပြီ ၁(4:00 pm)
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် တပ်နယ် ငါးနေရာ၌ မဲစာရင်း ၄၀၀ ကျော်တွင် NLD ပါတီမှ မဲအရေအတွက် ၂၀ ဖြင့် ရှူံးနိမ့် ကြောင်း၊ ကျောက်ပန်းတောင်းမြို့တွင် ကြိုတင်မဲအရေအတွက်မှာ ၃၅၀၉မဲ၊ အဝေးရောက် (ပြည်ပ)မဲမှာ ခုနစ်မဲရှိကြောင်းထို မဲဆန္ဒနယ် တွင် ရောက်ရှိနေသည့် The Voice သတင်းထောက်မှ သတင်းပေးပို့သည်

ကော့မှူးမြို့  မဲဆန္ဒနယ် တွင် NLD ပါတီမှ ရရှိခဲ့သော မဲအရေအတွက်များ
ကော့မှူး၊ ဧပြီ ၁ ( 4 : 43 PM )
ကော့မှူး မဲဆန္ဒနယ် တွင် ဆန္ဒမဲပေးမှုများ ပြီးစီးခဲ့ရာ မဲရေတွက်မှု ပြုလုပ်ခဲ့ပြီး အမျိုးသာဒီမိုကရေစီ အဖွဲ့ချုပ် မှ ဘုတ်တင် ကျေးရွာ မဲရုံ ( ၁ ) တွင် ၃၅၈ မဲ ( ၉၁ ဒသမ ၃၂ ရာခိုင်နှုန်း) ၊ မဲရုံ ( ၂ ) တွင် ၂၈၁ မဲ ( ၈၁ ဒသမ ၆၁ ရာခိုင်နှုန်း ) ၊ ကရင်စုကျေးရွာ မဲရုံတွင် ၂၃၈ မဲ ( ၈၇ ဒသမ ၈၂ ရာခိုင်နှုန်း )၊ ပျားမွတ်ကျေးရွာတွင် ၂၀၃မဲ ၊ ရေတာရှည်တွင် ၃၆၁မဲ ( ၉၁ ဒသမ ၉ ရာခိုင်နှုန်း )၊ မြတ်ဆံနီ ကျေးရွာ တွင် ၁၅၁ မဲ ( ၆၈ ရာခိုင်နှုန်း ) ရရှိခဲ့ကြောင်း The Voice Weekly သတင်းထောက်က တိုက်ရိုက်သတင်းပေးပို့သည်။

မိတ္ထီလာမဲဆန္ဒနယ်မဲရုံ လေးရုံတွင် ကြံ့ခိုင်ရေးပါတီ မဲအပြတ်အသတ်အနိုင်ရ
မိတ္ထီလာ ဧပြီ ၁(4:35 PM)
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ရှိ မဲရုံ လေးရုံတွင် မဲရေတွက်မှု ပြီးစီးပြီ ဖြစ်ရာ ယင်းမဲရုံလေးရုံတွင် ကြံ့ခိုင်ရေးပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိနေကြောင်း ယင်းမဲဆန္ဒနယ်တွင် ရောက်ရှိနေသည့် The Voice သတင်းထောက်က သတင်းပေးပို့သည်။
အဆိုပါ မဲရုံလေးရုံမှာ မိတ္ထီလာ တပ်မ ၉၉ ဆက်သွယ်ရေးတပ် ၁ ဆယ်ကုန်းကျေးရွာ မဲရုံ ၃နှင့် မဲရုံ ၄ တို့ ဖြစ်ကြပြီး မိတ္ထီလာ တပ်မ ၉၉ တွင် ကြံ့ခိုင်ရေးပါတီက ၄၇၂ မဲ၊ NLD ပါတီက ၇၅ မဲ၊ ဒေါ်မြင့်မြင့်အေး (တစ်သီးပုဂ္ဂလ)က ၁၂ မဲ၊ ဦးဝင်းဇော် အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်က သုံးမဲ၊ ဆက်သွယ်ရေးတပ် ၁ တွင် ကြံ့ခိုင်ရေးက ၃၂၀ ၊NLD ၂၄ မဲ၊ ဒေါ်မြင့်မြင့်အေး ၄ မဲနှင့် ဦးဝင်းဇော် နှစ်မဲ၊ ဆယ်ကုန်းကျေးရွာ ၃ နှင် ၄ တွင် ကြံ့ခိုင်ရေးပါတီက ၂၁၉ မဲနှင့် ၃၀၀ မဲ၊ NLD ပါတီက ၉၇ မဲနှင့် ရှစ်မဲ၊ ဒေါ်မြင့်မြင့်အေးက ၂၅ မဲနှင့် နှစ်မဲ၊ ဦးဝင်းဇော်က ရှစ်မဲနှင့် တစ်မဲ အသီးသီးရရှိကြသည်။
ထို့ကြောင့် ကြံ့ခိုင်ရေးပါတီက ၁၃၁၁ မဲ၊ NLD ပါတီက ၂၀၄ မဲ ၊ ဒေါ်မြင့်မြင့်အေးက ၄၃ မဲ၊ ဦးဝင်းဇော်က ၁၄ မဲ အသီးသီးရရှိကြရာ အဆိုပါ မဲရုံလေးရုံတွင် ကြံ့ခိုင်ရေးပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

တောင်ငူအမှတ်(၂) ရပ်ကွက် မဲပေးရန် ကျန်ရှိသူများအား မဲလက်မှတ်များ ပြန်ထုတ်ပေးနေ
တောင်ငူ၊ ဧပြီ ၁ ( 4:25 PM )
ကြားဖြတ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန်
စိတ်အား ထက်သန်လျှက်ရှိသောမြို့ တစ်ခုဖြစ်သည့်
ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့ ရှိ အမှတ် ၂ ရပ်ကွက်
ဒေသခံများအား ၎င်းတို့ ဆန္ဒမဲပေးသည့် မဲရုံ ( ၃ ) တာဝန်ရှိသူများက
မဲပေးခွင့် လက်မှတ်များ ပြန်လည် ထုတ်ပေးနေကြောင်း အမှတ်(၂) ရပ်ကွက်
ဒေသခံများနှင့် ဒေသခံ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် တစ်ဦးထံက သိရသည်။
“မဲစာရင်းကျန်လို့ ပြန်ထုတ်ပေးနေတယ် ကြားတယ်၊ အခု ၃ နာရီ
ဝန်းကျင် မှာပဲ''ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
ဦးအောင်စိုးမြင့်က The Voice Weekly ၏ဆက်သွယ် မေးမြန်းချက် ကို
ဖြေကြားသည်။
ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပသော ဧပြီတစ်ရက်နေ့ စာရင်းတွင်
ယင်းရပ်ကွက်၏ မဲပေးခွင့်ရှိသူ ၇၅၆၂ ဦး ရှိသော်လည်း မဲရုံ သုံးရုံ ၏စာရင်းအရ
၇၁၀၃ဦးသာ မဲပေးခွင့် ရကြောင်းအမှတ် ၂ ရပ်ကွက် မဲရုံ ၃ စာရင်း၏ ထုတ်ပြန်ချက် စာရင်းများ အရ သိရသည်။
“မဲမထည့်ရဘဲ ပြန်သွားတဲ့ သူတွေ အများကြီးပဲ၊ ရပ်ကွက်ထဲမှာ
တစ်အိမ်လုံး ကျန်တာတွေ မိသားစုထဲမှာ တစ်ချို့  ကျန်ခဲ့ တာတွေ ရှိတယ် " ဟု အသက်
၆၀ကျော် အရွယ် ဆန္ဒမဲ ပေးခွင့် ရသူ ဒေါ်လှဝေသန်းက The Voice Weekly သို့ အသိပေး ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အမှတ် ၂ ရပ်ကွက်
အုပ်ချုပ်ရေးမှူးရုံးသို့  မြို့ နယ် အုပ်ချုပ်ရေးမှူး မှလာရောက်ပြီး မြို့ နယ် ကော်မရှင် ဥက္ကဋ္ဌက ၂ ရပ်ကွက်နှင့် ပတ်သက်ပြီး ပြေလည်အောင် ဖြေရှင်းပေးရန် ရပ်ကွက် အုပ်ချုပ်ရေးမှူး အားပြောကြားခဲ့ကြောင်း မဲပေးခြင်းနှင့် ပတ်သက်ပြီး သန့်ရှင်းမျှတ စေရန် စောင့်ကြပ် လိုက်လံကူညီပေးသူ ရပ်မိရပ်ဖ တစ်ဦးက ရှင်းပြသည်။

ထားဝယ် လောင်းလုံမြို့နယ် ကြားဖြတ် ရွေးကောက်ပွဲနေ့ မြင်ကွင်းများ |
The Voice Weekly
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၆)
ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာအုပ်စု မဲရုံအမှတ်(၁)တွင် မဲရေတွက်နေစဉ် |
“ကျွန်မတို့ အကုန်လုံး ခွပ်ဒေါင်းကို မဲပေးဖို့လာကြတာ ဘယ်သူကမှ တိုက်တွန်းလို့လည်း မဟုတ်ဘူး။ ခွပ်ဒေါင်းကိုမဲပေးချင်လွန်းတဲ့
အထက်ပါဆန္ဒမဲ မပေးနိုင်ကြသည့် ဒေသခံအားလုံးလိုလိုမှာ NLD ပါတီကို မဲပေးကြမည့်သူများဖြစ်ကြသည်။ အထက်ပါကိစ္စနှင့်ပတ်သက်၍ မကွေးမြို့နယ် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင် နေသည့် NLD လွှတ်တော်ကိုယ် စားလှယ် ဦးမြင့်သိန်းက “ဒါတွေက ကော်မရှင်က စီမံခန့်ခွဲရေးအပိုင်းအားနည်းချ
အထက်ပါ မကြီးကျန်ကျေးရွာမဲရုံ(၁)နှင့်(
Update-1-4-2012(3:55PM) ရေကျော်ကျေးရွာအုပ်စု၏ မဲရုံအမှတ်(၁)ဖြစ်သော ချောင်းဝကျေးရွာတွင် မဲစာရင်းအပြီးသတ်ရွေးတွက်ပြီးချ
ိန်တွင် NLD မှ ၃၁၄မဲ၊ ပြည်ခိုင်ဖြိုးက
၁၆မဲ၊ ညီညွတ်ရေးနှင့်ငြိမ်းရေးပါတီက ၁မဲ၊ ပယ်မဲ ၈မဲရှိကြောင်း သိရသည်။ ရေကျော်ကျေးရွာအုပ်စုတွင် မဲရုံငါးရုံရှိသည့်အနက် မဲရုံ(၁)ဖြစ်သော ချောင်းဝကျေးရွာနှင့် မဲရုံ(၅)ဖြစ်သော နောင်လုံကျေး၇ွာနှစ်ရွာစလုံးက NLDက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိနေသည်။

ဒက္ခိဏသီရိမြို့နယ် အောင်သုခကျေးရွာနှင့်ချိုင်းကျေ
းရွာမှ မဲပေးခွင့်မရှိသူ ၅၀ ဦးကို မဲရုံမပိတ်ခင်တွင် မဲပေးခွင့်ပြန်လည်ခွင့်ပြုမည်ဖြ စ်ကြောင်း ဒက္ခိဏသီရိမြို့နယ်ကော်မရှင်ရုံး မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မန္တလေးမြို့ ရဲမွန်တောင်ရပ်ကွက် မဲရုံအမှတ် (၂)တွင်
မဲစတင်ရေတွက်နေပြီဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်
ဦးအုန်းကြိုင်က မဲအများဆုံးဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာတွင်
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကိုယ်စားလှယ် ရှိကာ တတိယနေရာတွင်
ပြည်သူ့ဒီမိုကရေစီပါတီမှ ဒေါက်တာသန်းထိုက်ဦး ရောက်ရှိနေကြာင်းသိရသည်။
7Day News Journal
No comments:
Post a Comment