Sunday, April 1, 2012

ဒေါ်ဖြူဖြူသင်း တောင်ညွှန့်မှာ မဲအပြတ် အသတ်နိုင်ပြီ

 


ဒေါ်ဖြူဖြူသင်း တောင်ညွှန့်မှာ မဲအပြတ် အသတ်နိုင်ပြီ မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ် တွင် NLD ပါတီကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင် သည့် ဒေါ်ဖြူဖြူသင်း တခြားပါတီ ကိုယ်စားလှယ်လောင်း များအား မဲအပြတ်အသတ် အနိုင်ဖြင့် ပြည်သူ ကိုယ်စားလှယ်လောင်း နေရာကို ရရှိသွားပြီးဖြစ်ကြောင်း သိရသည်။
 ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅၄)

 ပုလဲတွင် NLD ပါတီ အနိုင်ရရှိ

ပုလဲ၊ ဧပြီ ၁၊ (10 PM)

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုယ်စားလှယ် ဒေါ်ခင်ဆန်းလှိုင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးဌေးနိုင်ကို ဆန္ဒမဲ လေးသောင်းကျော်ဖြင့် အနိုင်ရရှိ ခဲ့ပြီ ဖြစ်ကြောင်း အဆိုပါမဲဆန္ဒနယ်တွင် သွားရောက်သတင်းယူနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့်သည်။
ပုလဲမြို့နယ်ရှိ မဲဆန္ဒနယ်ပေါင်း ၈၁ရုံတွင် မဲရွေတွက်ပြီးစီးခဲ့ပြီဖြစ်သည်။
ပုလဲမဲဆန္ဒနယ်မှာ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ၀င်ပြိုင်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးဦးကျော်ဆန်း အနို်င်ရရှိခဲ့သော မဲဆန္ဒနယ်ဖြစ်ခဲ့သည်။
-------------------------------
နေပြည်တော် မဲဆန္ဒနယ်များ အားလုံး NLD အနိုင်ရရှိ ဟုဆို

နေပြည်တော်၊ ဧပြီ ၁ ( 8 : 56 )

အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်ရှိ မဲဆန္ဒနယ် လေးနယ်လုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်လောင်းများက အနိုင်ရရှိခဲ့ပြီ ဖြစ်ကြောင်း နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ NLD ပါတီအား ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်စန္ဒာမင်းက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

နေပြည်တော် ဇမ္ဗူသီရိ မဲ ဆန္ဒနယ်တွင် ၈၈ မျိုးဆက် ကျောင်းသူတစ်ဦး ဖြစ်သူ ဒေါ်စန္ဒာမင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးအား ဆန္ဒမဲ ငါးထောင်ကျော်ဖြင့် ၎င်း၊ ဥတ္တရသီရိ မဲဆန္ဒနယ်တွင် ဦးမင်းသူ က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးလှသိန်းဆွေ အား ဆန္ဒမဲ ခုနှစ်ထောင် နီးပါဖြင့်၎င်း၊ ပုဗ္ဗသီရိ မဲဆန္ဒနယ်တွင် ဦး ဖြိုးဇေယျာသော်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးသာဌေးအား ဆန္ဒမဲ နှစ်ထောင်ကျော်ဖြင့် ၎င်း၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်တွင် NLD ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမောင်ရှိန်အား ဆန္ဒမဲ သုံးထောင့်နှစ်ရာအကွာဖြင့်၎င်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း ဒေါ်စန္ဒာမင်းကဆိုသည်။
 The Voice Weekly
------------------------------------


ကြားဖြတ်ရွေးကောက်ပွဲ မြင်ကွင်း (မန္တလေး)
The Voice Weekly
  ----------------------------------
မကွေးတိုင်း မကွေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်း
ပဲခူးတိုင်း(အရှေ့) သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်ဦး
ပဲခူးတိုင်း (အနောက်) လက်ပံတန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်မင်း
ပဲခူးတိုင်းဒေသကြီး အုတ်တွင်း၊ထန်းတပင် အမှတ်(၇) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းဦး ရန်ကုန်တိုင်း သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စုစုလွင်တို့ အနိုင်ရရှိကြောင်း သိရပါသည်။
 Burma VJ Media Network
 ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅၃)

 မိတ္ထီလာ နောက်ဆုံးရ မဲအခြေအနေ

ဧပြီ ၁ ရက်၊ ၂၀၁၂ ခုနှစ်၊ YPI

မိထ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မ


ဲရုံကိုယ်စားလှယ်များမှစာရင်းပို့ချက်အရ
ရရှိထားသောမဲစာရင်းများအရ လက်ရှိမဲရုံ ၄၉
ရုံရရှိသောစာရင်းများစုစုပေါင်း
မှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ၁၇၈၆၈ မဲ
ဒေါ်မြင့်မြင့်အေး က ၁၆၀၄ မဲ
အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် က ၁၃၅၇ မဲ
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ က ၄၆၇၉ မဲရ ရှိနေကြောင်းသိရသည်။

မိထ္ထီလာမြို့နယ် တစ်ခုလုံးတွင် မဲရုံပေါင်း ၂၇၈ ရုံရှိပြီး
မြို့နယ်ရွေးကောက်ပွဲကော်မတီရုံးတွင် မဲပုံးများကို ဆက်လက်
စစ်ဆေးလျှက်ရှိသည်။

---------------------------------


ကလောတွင် ကိုယ်စားလှယ်လောင်းများကို မဲရေတွက်မှု ကြည့်ရှုခွင့်မပေး

 ဧပြီ ၁၊ ၂၀၁၂၊ ၂၁း၀၀ (YPI)

ကလောမြို့နယ်တွင် အောက်ခြေမဲရုံများမှလာသည့် မဲရလာဒ်များကို မြို့နယ်ကော်မရှင်အဖွဲ့ရုံးတွင် စုပေါင်း အဖြေထုတ်ခြင်းကို မည်သည့်ကိုယ်စားလှယ်လောင်းကို ကြည့်ရှုခွင့်မပေးဟု ကိုယ်စားလှယ်လောင်း များကပြောသည်။

ရွေးကောက်ပွဲ ဥပဒေတွင် မဲစာရင်း ပေါင်းခြင်း၊ ပြုစုခြင်းကို အများပြည်သူ ရှေ့မှောက်တွင် ပြုလုပ်ရမည်ဟု ဖော်ပြထားသော်လည်း ကိုယ်စားလှယ်လောင်းများကို ၀င်ခွင့်မပေးဘဲ ရေတွက်ခြင်းသည် ဥပဒေကိုချိုးဖောက်ခြင်းပင်ဖြစ်သည်။

ကော်မရှင်က တံခါးပိတ်ပြီး မဲစာရင်းစားများကို ပြုစုပြီးမှသာ ပုံစံ ၁၉ တွင် ဖြည့်သွင်းကာ ကိုယ်စားလှယ်လောင်းများကို လက်မှတ်ထိုးခိုင်းမည်ဟုဆိုသည်။

၎င်းမဲဆန္ဒနယ်တွင် ကျားဖြူပါတီ ၊ PNO၊ NLD နှင့် ကြံ့ခိုင်ရေးပါတီများမှ ကိုယ်စားလှယ်များဝင်ရောက်ယှဉ်ပြိုင်ကြသည်။

၂၀၁၀ ရွေးကောက်ပွဲပြုလုပ်စဉ်ကလည်း ရွေးကောက်ပွဲကော်မရှင်ဟာ မြို့နယ်အဆင့် မဲစုပေါင်းပြုစုခြင်းကို မည်သည့်ကိုယ်စာလှယ်လောင်းကိုယ်မျှ ၀င်ခွင့်မပေးခဲ့ဘဲ သူတို့ကိုယ်တိုင်သာပြုလုပ်ခဲ့ပြီး မဲရလာဒ်များကို ၎င်းတို့စိတ်တိုင်းကျ ထုတ်ပြန်ခဲ့သည်ဟု ၎င်းအချိန်က ရွေးကောက်ပွဲစောင့်ကြည့်သူများက ဝေဖန်ခဲ့ကြသည်။            ။
----------------------------
မော်လမြိုင် မဲရေတွက်မှုရလဒ်

ည ၉ နာရီ ၊ ဧပြီ ၁ ရက် YPI

ရပ်ကျေး ၄၁ ခုရှိသည့်အနက် ၃ ၂ခုရေတွက်ပြီးနောက်တွင် အန်အယ်လ်ဒီမှ မဲ ၅ သောင်း ၆ ထောင်ကျော်ရှိထားပြီး အများဆုံးဖြင့် ဦးဆောင်လျှက်ရှိသည်။ မော်လမြိုင်မြို့နယ်တွင်မဲပေးခွ

င့်ရှိသူ ၁ သိန်းခွဲ ၀န်းကျင် ရှိသည်။

YPI

မဲရရှိမှုစာရင်း တွက်ချက်နေသော nld အောင်နိုင်ရေး အဖွဲ့ဝင်များ

 Yangon Press International
--------------------------------------------
Update 9:33 PM
ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် မဲရုံပေါင်း ၂၀၂ရုံရှိသည့်အနက် ၉၅ ရုံတွင် မဲရေတွက်ပြီးစီးပြီုဖစ်ရာ NLD က ၇၇ရာခိုင်နှုန်းနှင့် မဲအပြတ်အသတ်ဖြင့် အသာစီးရနေကြောင်း ပုသိမ်မြို့တွင်ရောက်ရှိနေသော 7Day News သတင်းထောက်ကသတင်းပေးပို့သည်။
 7Day News Journal
-----------------------------
 နေပြည်တော် မဲဆန္ဒနယ်များ အားလုံး NLD အနိုင်ရရှိ ဟုဆို

နေပြည်တော်၊ ဧပြီ ၁ ( 8 : 56 )

အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်ရှိ မဲဆန္ဒနယ် လေးနယ်လုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်လောင်းများက အနိုင်ရရှိခဲ့ပြီ ဖြစ်ကြောင်း နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ NLD ပါတီအား ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်စန္ဒာမင်းက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ်တွင် ၈၈ မျိုးဆက် ကျောင်းသူတစ်ဦး ဖြစ်သူ ဒေါ်စန္ဒာမင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးအား ဆန္ဒမဲ ငါးထောင်ကျော်ဖြင့် ၎င်း၊ ဥတ္တရသီရိ မဲဆန္ဒနယ်တွင် ဦးမင်းသူ က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးလှသိန်းဆွေ အား ဆန္ဒမဲ ခုနှစ်ထောင် နီးပါဖြင့်၎င်း၊ ပုဗ္ဗသီရိ မဲဆန္ဒနယ်တွင် ဦး ဖြိုးဇေယျာသော်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးသာဌေးအား ဆန္ဒမဲ နှစ်ထောင်ကျော်ဖြင့် ၎င်း၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်တွင် NLD ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမောင်ရှိန်အား ဆန္ဒမဲ သုံးထောင့်နှစ်ရာအကွာဖြင့်၎င်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း ဒေါ်စန္ဒာမင်းကဆိုသည်။
------------------------------------
မြန်မာနိုင်ငံတွင် ကျင်းပလျက်ရှိသော ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ ပါဝင်မှုကို အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က အသိအမှတ်ပြု ပြောကြားလိုက်ပြီး ပြုပြင်ပြောင်းလဲမှု များအတွက် ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း

ဆက်လက်ပြောဆိုခဲ့သည်။

The Voice Weekly
---------------------------------
  လှည်းကူးမြို့နယ်အတွင်းရှိ မဲရုံပေါင်း ၁၂၀ကျော်တွင် NLD ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းက မဲရုံပေါင်း၉၀ကျော်တွင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
------------------------------
ဒေါက်တာမျိုးအောင်(
ဒဂုံဆိပ်ကမ်းမြို့နယ်၊ NLD ကိုယ်စားလှယ်လောင်း)က
လွှတ်တော်ထဲရောက်ရင် ၂၀၀၈ အခြေခံဥပဒေထဲက အခက် ၁၇ချက်ကို ပြင်ဆင်ဖို့ ကြိုးစားသွားမယ်။ အခုလို အနိုင်ရတဲ့အတွက် အရမ်းဝမ်းသာတယ်။ အခုမှ ပြည်သူ့တာဝန်ကို စထမ်းရမှာပါ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လော

င်းရုံးခန်းအဖြစ် ဆိုင်းဘုတ်တင်ကာ လက်ရှိရုံးခန်းအနီးတွင် ဖွင့်လှစ်ပေးသွားမယ်။ ဒီရုံးခန်းကို အများပြည်သူတွေအနေနဲ့ တွေ့ကြုံခံစားနေရတဲ့ အခက်အခဲတွေ လာပြောနိုင်အောင် ဖွင့်မှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတွက် လုပ်ပေးသွားမှာပါ။ ဘာတွေလုပ်ပေးမယ်ဆိုတာတော့ ကြိုတင်မပြောနိုင်သေးပါဘူးဟု ပြောကြားလိုက်သည်။

----------------------------

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မဲဆန္ဒနယ် တွင် မဲရုံပေါင်း ၂၀၂ ရုံ တွင် NLD ပါတီမှ ၆၄ ရုံ အနိုင်ရရှိထားကြောင်း သိရသည်

 Yangon Media Group
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅၂)    

ရေစကြိုမြို့နယ်မှာ ရှိသည့် မဲရုံ ၂၃၃ ရုံအနက် ယနေ့ညနေ ၇နာရီအထိ  ရောက်ရှိလာသော စာရင်းများအရ မဲရုံ၁၂၀ ကျော်တွင်
ဆင်ချောင်း၊ နီပဆေးတော၊ ကျက်ဆူကျင်း၊ မြေဖြူ၊ စသည့်ကျေးရွာငါးရွာခန့် သာ
ပြည်ခိုင်ဖြိုးပါတီက အနိုင်ရပြီး ကျန်ရွာများမှာ NLD
ကအပြတ်အသပ်နိုင်နေကြောင်း သိရသည်။
------------------------------------------------------

မကွေးမြို့ ရပ်၊ကျေး မဲရုံများ၏ သတင်း ပေးပို့ မှု အရ ည ၈း၃၀ အထိ မဲ၇ုံများ တွင် NLD မှ မဲအောင်နိုင်မှု ၉၀ ၇ာခိုင်နှုန်း၇ှိနေပါသည်။
ဝန်ကြီး ဦးဘုန်းမော်ရွှေ ပေးသော အမှတ် ၅ မဲရုံတွင် ပင် NLD မှ အနိုင်ရ ရှိထားပါတယ်။

-------------------------------------------------

 မင်းကင်း နိုင်ပြီ။
××××××
ဧပြီ (၁) ရက်နေ့တွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင်
မင်းကင်းမြို့နယ်၊  NLD မှ  အနိုင်ရကြောင်း သိရသည်။
မင်းကင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်န

ှင့်
ယှဉ်ပြိုင်ဘက်များမှာ ပြည်ခိုင်ဖြိုး နှင့် တစည တို့ဖြစ်ပြီး
မင်းကင်းမြို့နယ် ၊ အမျိုးသား ဒီမိုကရေစိ အဖွဲ့ချုပ် ၊ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် မှာ ဒေါ်ခင်မွှေးလွင် ဖြစ်ကြောင်း သိရသည်။
------------------------------------ 

ကျောက်ပန်းတောင်းမြို့နယ်တွင် မဲရုံ စုစုပေါင်း (  ၃၈၃  ) ရုံ ရှိနေပီး

အမြောက်တပ်၊ အနော်ရထာ တပ်မ ၇၈ နှင့် ပြည်သူ့ဆေးရုံမဲ ဆန္ဒနယ်ကျေးရွာတစ်ရွာ စုစုပေါင်း လေးခုတွင်သာ NLD ပါတီမှ ရှုံးနိမ့် သည်ဟုသိရ ပြီး နောက်ဆုံး အထိ ကြားသမျှမဲ ဆန္ဒနယ်များတွင် NLD မှအပြတ်အသတ်အနိုင် ရ လျှက်ရှိကြောင်း နှင့်  ပြည့်သူ့ဆေးရုံ တွင် ၃၀ / ၃၃  နှင့် NLD မှ ရှုံး ကာ ကျေးရွာတစ်ရွာတွင် ၆၀ / ၆၁ နှင့်  ကပ်ရှုံးပါသည်။ စစ်တပ် ၂ ခုတို့တွင်တော့ ကြံခိုင်ရေးမှ အပြတ်အသတ် နိုင်သွားပါသည်။ သတင်းအတိအကျ ရပြီး သော ကျေးရွာများတွင်  ကြံခိုင်ရေး မဲ  ၀ % ရှိသော ကျေးရွာသုံးရွာပါသည် ဟုသိရပြီး အခြားကျေးရွာများ နှင့်မြို့ပေါ် ရပ်ကွက်များတွင် NLD မှ အပြတ်အသတ်အောင်ပွဲ ခံ လျှက် ရှိပါသည် ။

 Myanmar News Now
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် (၉၇-ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

ရက်စွဲ ။ ။ ဧပြီလ ၁ ရက်၊ ၂ဝ၁၂

ယနေ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူလူထု၏ ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ အောင်နိုင်မှုရရှိကြောင်း သတင်းများ တက်နေပါသည်။

ယခုလိုအချိန်မှာ ထောက်ခံသည့် ပြည်သူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ ပျော်ရွှင်ကြမည်မှာ သဘာဝကျပါသည်။

သို့သော်လည်း တဖက်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား စိတ်ထိခိုက်၊ စိတ်မကောင်း ဖြစ်စေနိုင်မည့် အပြောအဆို၊ အမူအယာ၊ အလုပ်အကိုင်များ လုံးဝရှောင်ရှားကြရမည် ဖြစ်ပါသည်။ ပြည်သူ၏ အောင်နိုင်မှုသည် သိက္ခာရှိသော
အောင်နိုင်မှု ဖြစ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များအားလုံး အထူးသတိပြုစေလိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် ပန်ကြားချက် ထုတ်ပြန်
 

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅၁) 

သုံးခွမြို့နယ်တွင် ယနေ့ညနေ ၇နာရီခွဲအချိန်အထိ မဲရေတွက်နေမှုအရ ကျေးရွာပေါင်း ၆၂ ရွာတွင် NLD ပါတီက ၂၁၂၃၃ မဲ၊ USDP က ၈၀၁၉၊ NDF က ၆၂၈၊ လူ့ဘောင်သစ်ပါတီက ၃၇၄ မဲ ရရှိနေကြောင်း သတင်းရရှိသည်။
--------------------------------------
ရန်ကုန်တိုင်း (၆) နေရာ၊ နေပြည်တော် (၄) နေရာ၊ ၀ါးခယ်မ ၊ မြောင်းမြ ၊တောင်ငှု၊ လောင်းလုံ၊ ရေဦး ၊မင်းကင်း၊ မကွေး၊မြို့နယ် များတွင် NLD ပါတီမှ အများစု အနိုင်ရရှိကြောင်း ယင်းမြို့နယ်များ ရှိ ရွေးကောက် ပွဲအောင်နိုင်ရေး အဖွဲ့များသို့ ဆက်သွယ် မေးမြန်းချက်အရ သိရှိရသည်။
----------------------------------------
နေပြည်တော်ကောင်စီနယ်မြေတွင် NLD ပါတီမှဝင်ရောက် ယှဉ်ပြိုင်သော ကိုယ်စားလှယ် ၄ ဦးစလုံး မြို့နယ် ၄ မြို့နယ် တွင် အနိုင်ရရှိ သွားပြီဖြစ်ကြောင်း နေပြည်တော်၏ NLD အသိုက်အ၀န်းမှသတင်းပေး ပို့ခဲ့သည်။
---------------------------------------
 မရမ်းကုန်း မြို့နယ်တွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဒေါ်မေ၀င်းမြင့် ရရှိသည့် မဲအရေအတွက် များနေသည့်အတွက် မိမိအနေဖြင့် စိတ်ပျက် မိကြောင်း တကယ်တမ်း မိမိ ရှုံးနိမ့်ခဲ့မည်ဆိုပါက ယင်းအရှုံးပေါ် မည်သို့မျှ မပြောလိုပါကြောင်းမရမ်းကုန်းမြိ

ု့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စား လှယ်လောင်း ဦးရဲထွဋ်က ယနေ့ည ၇နာရီင်္ ၁၅မိနစ်တွင် ပေါ်ပြူလာနယူးစ်
၏ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းမှုအား ဖြေကြားသည်။

---------------------------------

 "ပဲခူးတိုင်းဒေသကြီးမှာလည်း NLD ပါတီက အများစုအနိုင်ရ"

ပဲခူးမြို့နယ် သနပ်ပင်ကျေးရွာ အထက်ကြုံပါ ရွာမဲရုံတွင် NLD ပါတီက ၄၀၀ မဲ၊ တစညပါတီက ၁၀၀မဲ၊ ပြည်ခိုင်ဖြိုးပါတီက ၁၀၀ မဲ၊ပယ်မဲ ၄၀ ရှိကြောင်း၊ ကံကုန်းကျေးရွာတွင် NLD ပါတီက ၂၃၉ မဲ၊ တစညပါတီက ၂၄မဲ၊ ပြည်ခိုင် ဖြိုးပါတီက ၆၂မဲ၊ ပယ်မဲ ၃၇ မဲရှိကြောင်း၊ ငါးရှဥ့်ပိုင်းကျေးရွာတွင် NLD ပါတီက ၆၄၃ မဲ၊ တစည ပါတီက ၁၅ မဲ ၊ ပြည်ခိုင်ဖြိုးပါတီက ၆၁ မဲ၊ ပယ်မဲ ၃၇ မဲရှိကြောင်
း၊ အောက်စုကျေးရွာတွင် NLD ပါတီက ၅၂၉ မဲ၊ တစည ပါတီက ၇မဲ ၊ ပြည်ခိုင်ဖြိုးပါတီက ၁၁၂ မဲ၊ ပယ်မဲ ၄၁ မဲရှိကြောင်း၊ နတ်ရေ ကန် ကျေးရွာတွင် NLD ပါတီက ၈၇၆မဲ၊ တစညပါတီက မဲမ ရရှိ၊ ပြည်ခိုင်ဖြိုး ပါတီက ၁၂၆ မဲ ၊ ပယ်မဲ ၄၄ မဲရှိကြောင်း၊ သနပ်ပင် မြို့နယ် ဘူတာရပ်ကွက် တွင် NLD ပါတီက၅၄၇မဲ၊ တစညပါတီက ၂၄မဲ၊ ပြည်ခိုင်ဖြိုး ပါတီက ၁၅၀မဲ၊ ပယ်မဲ ၃၇မဲ၊ ဖရဲကျေးရွာတွင် NLD ပါတီက ၆၆၈မဲ၊ တစညပါတီက ၄၅မဲ ၊ပြည်ခိုင်ဖြိုးပါတီက ၁၄၈မဲ၊ပယ်မဲ ၁၄၂ မဲရှိကြောင်း၊ ဖောင်မင်းကျေး ရွာတွင် NLD ပါတီက ၃၉၂ မဲ၊ တစညပါတီက ၅၀မဲ၊ ပြည်ခိုင်ဖြိုးပါတီက ၃၉မဲ၊ ပယ်မဲ ၅၂ မဲရှိကြောင်း၊ ပြွန်ပေါက်ကျေးရွာ တွင် NLD ပါတီက၂၁၃ မဲ၊ တစည ပါတီက ၁၂ မဲ၊ ပြည်ခိုင်ဖြိုးပါတီက ၂၆၉မဲ ၊ပယ်မဲ ၆၉မဲရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် မဲရုံ ၈၉ နေရာ တွင် ၅၇ နေရာ NLD ပါတီက အနိုင်ရရှိလျှက်ရှိကြောင်း သိရသည်။

မန်း မဟာအောင်မြေမြို့ နယ် အောင်နိုင်ရေးရုံးခန်းရှေ့ ရှိ ခွပ်ဒေါင်း ရုပ် နှင့် အတူ အောင်ပွဲခံနေကြ သည့် မန်းမြိုလူထု
Popular Myanmar News Journal
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅၀)

 Update 8:30 PM
နေပြည်တော် ဇဗ္မူသိရိမဲဆန္ဒနယ်တွင် NLDကိုယ်စားလှယ်ဒေါ်စန္ဒာမင်းသည် မဲရေတွက်အပြီးတွင် မဲ၅၇၀၀ အသာဖြင့် အနိုင်ရရှိသွားပြီဖြစ်ကြောင်း 7Day News သတင်းထောက်ကသတင်းပေးပို့သည်။
---------------------------------
 Update 8:25 PM
နေပြည်တော်ဥတ္တရသီရိမဲဆန္ဒနယ်တွင်

မဲရုံပေါင်း ၄၉ ရုံရှိရာ ၄၅ ရုံတွင် မဲရေတွက်ပြီးစီးသွားပြီဖြစ်ပြီး NLD ကိုယ်စားလှယ်လောင်းဦးမင်းသူက မဲအရေအတွက် ၁၄၄၉၉ ၊ ပြည်ခိုင်ဖြိုးပါတီက ၇၀၁၇ မဲရရှိကာ NLDက မဲအပြတ်အသတ်နှင့် အနိုင်ရရှိသွားပြီဖြစ်သည်။

--------------------------

 Update-8:20- မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမဲဆန္ဒနယ်တွင် မဲရုံ(၇၉)ရုံအနက် မဲရုံ(၄၀)ကျော်ရေတွက်ပြီးချိန်တ
ွင် NLDပါတီက အပြတ်အသတ်အနိုင်ရရှိနေကြောင်း မန္တလေးအခြေစိုက် 7Day News သတင်းထောက်က သတင်းပေးပို့သည်။
-----------------------------
 Update-8:20- ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်သည့် ကော့မှူးမြို့နယ် မဲဆန္ဒနယ်တွင် မဲရုံစုစုပေါင်း၁၂၉ရုံအနက် ၁၂၄ရုံရေတွက်ပြီးဖြစ်ကာ NLDက မဲရုံတစ်ခုတွင်သာ ရှုံးနိမ့်ခဲ့ခြင်းကြောင်း ကော့မှူးမြို့ပေါ်တွင် ဒေသခံများ အောင်ပွဲခံလျက်ရှိသည်။ “ပတ်ဝန်းကျင်က ရွာတွေကပါ လူတွေတက်လာပြီးတော့ အောင်ပွဲခံနေကြ တယ်။ ဒီလောက်စည်တာ တစ်ခါမှ မကြုံဖူးဘူးလို့ ဒေသခံတွေကပြောပါတယ်”ဟု ကော့မှူးမြို့မှ 7Day News သတင်းထောက်က သတင်းပေးပို့သည်။
----------------------------
 Update : 7:43 PM
မိထ္ထီလာမြို့နယ်ပြည်သူ့လွှတ်တော်

မဲဆန္ဒနယ်တွင်မဲရုံစုစုပေါင်း ၂၇၈ရုံရှိသည့်အနက် ၆၄ ရုံ မဲရေတွက်ပြီးဖြစ်ကာ ၄၆ ရုံတွင် NLD က အသာစီးရနေပြီး ၁၈ နေရာတွင် ရှုံးနိမ့်ခဲ့ကြောင်း မိထ္ထီလာမြို့မှ 7 Day Newsသတင်းထောက်ကသတင်းပေးပို့သည်။သို့သော်လည်း ရေတွက်ပြီးမဲရုံများမှ ကြိုတင်မဲများရေတွက်ရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁၅၂၆မဲနှင့် NLD က ၂၀၁မဲ သာရရှိကြောင်း သတင်းရရှိသည်။
-------------------------
 Update 8:10 PM

ဦးဇေယျာသော်ဝင်ရောက်ယှဉ်ပြိုင်


သောပုဗ္ပသီရိမဲဆန္ဒနယ်တွင်မဲရုံ၈၂ရုံရှိ သည့်အနက် ၄၆ရုံမဲရေတွက်ပြီးသွားပြီဖြစ်ပြီး ယခုအချိန်အထိ ဦးဇေယျာသော်က မဲအရေအတွက် ၂၀၀၀ကျော်အသာရကာ အနိုင်ရနေကြောင်းနေပြည်တော်ရောက် 7 Day News သတင်းထောက်ကသတင်းပေးပို့သည်။ထိုရေတွက်ပြီးစီးသောမဲရုံ ၄၆ရုံတွင် တိုင်းစစ်ဌာနချုပ်မှမဲရုံ၃ရုံပါဝင်သည်။မဲရေတွက်ရန်ကျန်ရှိနေသောမဲရုံများမှာ ကျေးရွာများမှ မဲရုံများဖြစ်သဖြင့် နိုင်လိမ့်မည်ဟုခန့်မှန်းနေကြသည်။
---------------------------------
Update 7:38 PM
မော်လမြိုင်မြို့နယ်ပြည်သူ့လွှတ်

တော်မဲဆန္ဒနယ်တွင်မဲရုံစုစုပေါင်း ၁၁၉ရုံရှိသည့်အနက် ၉၃ရုံရေတွက်ပြီးဖြစ်ရာ မဲရုံအားလုံးတွင် NLD က မဲအပြတ်အသတ်နှင့်အနိုင်ရနေပြီးမဲရုံတစ်ရုံသာရှုံးနိမ့်ကြောင်း မော်လမြိုင်
ရောက် 7Day News သတင်းထောက်က သတင်းပေးပို့သည်။
--------------------------------
 Update 7:32 PM
စစ်ကိုင်းမြို့တွင် NLD ပါတီ ၇၅ ရာခိုင်နှုန်းဖြင့် အနိုင်ရရန် သေချာနေပြီဖြစ်ကြောင်းစစ်ကိုင်း

မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြောသည်။မဲရုံ ပေါင်း၁၀၀တွင်၉၃ရုံတွင်မဲအပြတ်အသတ်နှင့်အနိုင်ရပြီး ကျန် မဲရုံတစ်ဆယ်ကျော်မှာ မဲရေတွက်နေဆဲဖြစ်သည်။
------------------------------
မြေးအကူအညီဖြင့် လာရောက်မဲပေးသော အသက် ၈၀ ကျော် အဖွားအို
 7Day News Journal

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၉)
ဧပြီ ၁၊ ၂၀၁၂၊ ၂၀း၂၈ (YPI) ဆိုင်းဆွတ်

ဇမ္ဗူသီရိမြို့နယ်တွင် မဲရုံ ၃၆ ရုံရှိသည့်အနက် ၂၇ ရုံတွင် NLD အနိုင်ရရှိခဲ့ပြီး မဲကွာဟမှု ငါးထောင်ကျော်ဖြင့် ကြံ့ခိုင်ရေးပါတီကို အနိုင်ရခဲ့သည်။

မဲပေးခွင့်ရှိသူ ၅၃,၂၆၁ ဦးရှိသည့်အနက် NLD က ၂၂,၄၃၇ မဲ၊ ကြံ့ခိုင်ရေးပါတီက ၁၆,၆၆၀ မဲရရှိခဲ့သည်။ ကျန်မဲပေါင်း ၁၄,၀၀၀ ကျော်မှာ ပဲမယ်များနှင့် အချို့မှာမဲမပေးကြသူများဖြစ်သည်။


မဲပျောက်၊ မဲထပ်၊ မဲစာရင်းထဲတွင် နာမည်ရှာမတွေ့ခြင်းများကြောင့် ဒေသခံအများစု မဲမထည့်ခဲ့ရကြောင်း ဒေသခံများကပြောသည်။


“မဲစာရင်းတွေကို စနစ်တကျမထားဘူး။ ရှာမတွေ့တော့ မဲရုံကိုပြောတော့ မဲစာရင်းစာအုပ်လိုက်ထုတ်ပေးတယ်။ လူတွေအများကြီးကြားထဲမှာ ကိုယ့်နာမည်ရှာမတွေ့တော့ စိတ်မရှည်ဘဲပြန်သွားတဲ့သူတွေအများကြီး” ဟု ရွှေကြာပင်ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။


၎င်းကျေးရွာမှ ၄၀ ဦးခန့် စာရင်းပျောက်နေသောကြောင့် မဲမပေးခဲ့ရဟုဆိုသည်။ ၎င်းမြို့နယ်အတွင်းမှ အခြားကျေးရွာများတွင်လည်း မဲစာရင်းမပါခြင်း၊ မဲစာရင်းထပ်နေခြင်းများကြောင့် မဲမပေးခဲ့ရသူများစွာရှိသည်ဟု ဒေသခံများကပြောသည်။


၎င်းမဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “ ဒီရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့အဆုံးအဖြတ်ပါပဲ။ မဲထည့်ပေးတဲ့ ပြည်သူတွေကို အရမ်းကျေးဇူးတင်ပါတယ်” ဟု ပြောသည်။


NLD စည်းရုံးရေးဆင်းစဉ်က နေပြည်တော်အတွင်းသို့ ၀င်ခွင့်မပြုခဲ့သည့် ရွှေဒေါင်းရုပ်ကြီးကို မန္တလေးမှ နေပြည်တော်သို့ ယူဆောင်ပြီး အောင်ပွဲခံနိုင်ရန် သီရိလေးမြို့နယ်မှ ကိုယ်စားလှယ်များကတောင်းဆိုသွားမည်ဟု ၎င်းကပြောသည်။      ။

------------------------------------------------
 နေပြည်တော် မဲရလဒ် များ

ဧပြီ ၁ ရက်၊ ညနေ ၇ နာရီ ၅၈ မိနစ်၊ YPI


ဥတ္တရ သီရိမြို့နယ်မှာ မဲရုံ ၄၉ ရုံအနက် ၄၄ ရုံရေတွက်ပြီး အရ ဦးမင်းသူက မဲအရေအတွက် ၇ ထောင်ကျော်အသာရနေကြောင်း၊ ကျန်တဲ့နေရာ မှာ အနိုင်ရနိုင်တယ်လို့ ဦးမင်းသူရဲ့ ကိုယ်စားလှယ်က YPI သို့ပြောသည်။


ပုပ္ဗသီရီမြို့နယ်တွင်လည်း မဲရုံ ၈၂ ရုံအနက် ၅၀ ကျော်ရေတွက်ပြီးနောက် ဦးဖြိုးဇေယျာသော်က မဲ ၄ ထောင်ကျော် အသာရနေသည်ဟု ဦးဖြိုးဇေယျာသော်၏ ကိုယ်စားလှယ် ကိုအောင်အောင်က YPI သို့ ပြောသည်။


YPI

-----------------------------------------
 ပုသိမ်တွင် ဒီချုပ် နိုင်ခြေများနေဟု ပုသိမ်မြို့ ဒီချုပ် အောင်နိုင်ရေး အဖွဲ့ဝင်များက ပြော။

ဧပြီ ၁ ၊ ၂၀၁၂၊ ည ၇ နာရီ ခွဲ


ယခုချိန်ထိ ရေတွက်ပြီးသမျှမဲများအရ ပုသိမ်မြို့တွင် ဒီချုပ် မှ အောင်နို်င်ရေး အဖွဲ့ဝင်များက ပြောသည်။ ရာခိုင်နှုန်း ၇၀ ၀န်းကျင်ရထားပြီဟု ၀င်လာသည့် စာရင်းများကို ကိုးကားကာပြောဆိုသည်။


အခြားသိရှိရသည့် မဲဆန္ဒနယ်များမှာ မြောင်းမြတွင်လည်း ဒီချုပ်နိုင်ရန် သေချာသလောက်ရှိနေသည်ဟု YPI သတင်းထောက်က သတင်းပေးပို့သည်။


YPI

------------------------------
ဧပြီ ၁၊ ၂၀၁၂၊ ၁၉း၃၁ (YPI)

ကလောမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော ပါတီကိုယ်စားလှယ်များကို ညစာဖြင့်တည်ခင်းဧည့်ခံမည်ဟုဆိုသ


ည်။

ကျားဖြူပါတီ ၊ PNO၊ NLD နှင့် ကြံ့ခိုင်ရေးပါတီများမှ ကိုယ်စားလှယ်များဝင်ရောက်ယှဉ်ပြ
ိုင်ကြသည်။

မဲပြားများလိုက်လံစုဆောင်းနေပြီ
ဖြစ်ပြီး ညစာစားပြီးပါက မဲရေတွက်ခြင်းကို ကြည့်ရှုခွင့်ပေးမည်ဆိုသည်ဟု YPI သတင်းထောက်ကပြောသည်။
--------------------------------------
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်

မဲရုံ ၁၀၇ ရုံရှိသည့်အနက် ၉၇ ရုံရေတွက်ပြီးချိန်တွင် NLD ၃၂,၇၇၄ မဲ၊ ကြံ့ခိုင်ရေး ၅၉၈၁ မဲရရှိနေသည်။
Yangon Press International
 

  ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၈) 

 Update 6:36 PM
မြောင်းမြို့နယ် ရွေးကောက်ပွဲတွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုမဲရေတွက်မှုအခြေအနေ

များကို ညနေ ၆း၃၀ နာရီအချိန်တွင် သိရှိရသည်မှာ မြို့ပေါ်မဲရေတွက်မှုကို မသိရှိရသေးသော်လည်း ကျေးရွာအုပ်စုပေါင်း ၁၁၄ ခုအနက် မဲရေတွက်ပြီးသည့် ကျေးရွာအုပ်စု ၃၀ တွင် NLD ကအနိုင်ရရှိထားပြီး ၄၊ ၅ ခုလောက်တွင်သာ ရှုံးနိမ့်ကြောင်း မြောင်းမြမြို့ NLD အောင်နိုင်ရေးကော်မတီအဖွဲ့ဝင်တစ်ခုကပြောသည်။

 -----------------------------
 Update 6:53 PM
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမှာ ၇၉ ရုံရှိသည့်အနက် ရေတွက်ပြီး မဲရုံ ၄၀ ကျော်တွင် NLD မှ အပြတ်အသတ်အနိုင်ရကြောင်းသတင်းရရှိသည်။

-------------------------------

 update: 7:01 PM
ပုသိမ်မြို့နယ် မဲဆန္ဒနယ်တွင် မဲရုံပေါင်း ၂၂၂ ရုံအနက် မဲရုံ ၇၀ ကျော် ရေတွက်ပြီးဖြစ်ကာ NLD က ၁၀ ရုံခန့်သာ ရှုံးနေပြီး ကျန်နေရာများတွင် အသာရလျက်ရှိသည်။

------------------------------
 Update 7:18 PM
မင်္ဂလာတောင်ညွန့်မြို့နယ်တွင်ရှိ

သော ရပ်ကွက် ၂၀ တွင် မဲရုံ ၆၈ ရုံရှိရာ ၅၉ ရုံတွင် NLD အနိုင်ရပြီဖြစ်ကြောင်း မင်္ဂလာတောင်ညွန့် NLD ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

-----------------------------
 Update 7:13 PM
ပြင်ဦးလွင်မြို့နယ်တွင် မဲရုံ ၁၉၉ ရုံရှိသည့်အနက် မဲရုံ ၈၀ ကျော်မှ စာရင်းများရောက်ရှိလာပြီဖြစ်ရာစ

စ်တပ်အခြေပြု မဲရုံ ၆ ရုံ၊ ၇ ရုံမှ လွဲ၍ ကျန်မဲရုံများတွင် NLD ပါတီမှနိုင်ခြေများနေသည်ဟု ဒေသခံများက ခန့်မှန်းနေကြသည်။ ကျန်မဲရုံများမှ မဲစာရင်းများမှာ ဝေးလံခေါင်ဖျားသည့် ကျေးရွာများမှ ကျန်ရှိနေသေးခြင်းဖြစ်သည်။

-----------------------------

 Update 7:19 PM
စစ်ကိုင်းမြို့အတွင်းတွင် NLD ပါတီ ထောက်ခံသူများက မီးရှူးမီးပန်းများ ပစ်ဖောက်အောင်ပွဲခံလျက်ရှိပြီး မြို့အတွင်းတွင် ဆိုင်ကယ်များ ရာနှင့်ချီပြီး စီတန်းလှည့်လည်ကာ အောင်ပွဲခံလျက်ရှိသည်ဟု စစ်ကိုင်းမြို့ရောက် သတင်းထောက်မှ သတင်းပေးပို့သည်။

 

 7Day News Journal

လာရောက်နှုတ်ဆက်အားပေးသူများနှင့် NLD ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်း
ဓာတ်ပုံ - ငြိမ်းငြိမ်းနိုင်
  ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၇)

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် NLD အောင်ပွဲခံ

 ဧပြီ ၁၊ ၂၀၁၂၊ ၁၈း၅၅ (YPI)  (ချစ်ဦးမောင်)

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် NLD ပါတီမှ အနိုင်ရရှိသွားပြီဖြစ်ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်တွင် အတည်ပြုလက်မှတ်ထိုးရန်စောင့်ဆိုင်းနေပြီဖြစ်သည်။

၎င်းမဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၁၆,၄၆၉ ဦးရှိပြီး NLD ၇,၄၅၃ မဲ နှင့် ကြံ့ခိုင်ရေးပါတီမှ ၄,၁၇၃ မဲရရှိခဲ့သည်။  ၃၂၈၀ မဲအသာဖြင့် NLD ကအနိုင်ရခဲ့ပြီး အခြားမဲများမှာ ပယ်မဲများနှင့် မဲလာမပေးကြသူများရှိသည်ဟု NLD အောင်နိုင်ရေးအဖွဲ့ဝင်များကပြောသည်။

မဲရုံ ၁၇ ရုံရှိသည့်အနက် ရန်အောင်မြင်မဲရုံမှလွဲ၍ ကျန် ၁၆ ရုံတွင် NLD မှ အနိုင်ရရှိခဲ့သည်။

NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံခဲ့ရသော ဦးနိုင်ငံလင်းက “ ကျွန်တော်နိုင်မယ်ဆိုတာ အစကတည်းကသိပါတယ်။ ဒီပွဲဟာကျွန်တော့်ပွဲဆိုတာထက် ကျွန်တော့်လူတွေရဲ့ အောင်ပွဲလို့ပြောရမှာပါ။ မဲရုံလာပြီး မဲပေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ်။ မဲလာပေးတဲ့သူတွေဟာ နိုင်ငံတော်အတွက် အလုပ်လုပ်ပေးကြတဲ့ သူတွေလို့ယူဆပါတယ်” ဟုပြောသည်။

၎င်းအနေဖြင့် တောင်သူလယ်သမားများအရေးကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီး တောင်သူလယ်သမားများနှင့်ဆိုင်သော ဥပဒေများကို အသက်ဝင်သွားအောင် ပြုလုပ်သွားမည်ဟု YPI သို့ပြောသည်။
NLD လူငယ်ကွန်ယက်နှင့်ချိတ်ဆက်ပြီး လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများလည်းလုပ်ဆောင်သွားမည်ဟုဆိုသည်။
------------------------------------

 တနင်္သာရီတိုင်း လောင်းလုံမြို့နယ် ရေတွက်ပြီး မဲစာရင်းများ
ဧပြီ ၁၊ ၂၀၁၂ ၊ ညနေ ၆နာရီ ၅၆ မိနစ်

NLD USDP ပယ်မဲ
ချောင်းဖျားကြီးကျေးရွာ ၆၇ ၄၄
ဝါးမကိုက် ၄၆ ၁၈
စွန်းကြီး ၉ ၁၉
၁၀၄ တပ်ရင်း ၁ ၁၀၆
ညောင်ပင်ဆိပ် ၉၇ ၇
မဲမော် ၁၅၀ ၅၀
တောကျဲ ၁၇၂ ၅၈
ပြင်ကြီးကျွန်း ၁၁ ၁၂
ကထောင်းနီ ၂၄၀ ၄၀
ဖားအောက်ပြင် ၃၀၆ ၂၂
ရဘဲ ၁၂၃ ၈၁
ပန်းစိတ် ၉၇ ၃၆
ကရင်ကြီး ၁၉၆ ၂၃၅ ၂၇
ပန်းတင်အင်း ၇၁၀ ၅၃ ၃၂
ရှမ်းမော် ၁၃ ၆၅

....................
နောက်ဆုံးထပ်တိုးကျေးရွာ

သဘော့ဆိပ် ၈၇၀ ၄၂
ပြင်ကြီး ၅၃၄ ၁၆

....................................

လတ်တလောနောက်ဆုံးအခြေအနေ
မဲရုံ စုစုပေါင်း - ၁၀၇ ရုံတွင် ၇၄ ရုံ ရေတွက်ပြီး ရလဒ်
NLD - 27448
USDP- 4770

----------------------------------------------------------
 လတ်တလော မဲရေတွက်နေသည့် ရလဒ်များ

ဧပြီ ၁၊ ၂၀၁၂ (YPI)

ဇဗ္ဗူသီရိမြို့နယ်

ဓနသိဒ္ဓိ ၁ - NLD ၈၁၅
USDP ၄၅၀

ဓနသိဒ္ဓိ ၂ - NLD ၇၉၇
USDP ၄၇၂

သပြေကုန်း ၁ - NLD ၃၅၅
USDP ၇၁

သပြေကုန်း ၂ - NLD ၆၀၈
USDP ၂၀၄

ရွှေကြာပင် ၁ - NLD ၉၁၈
USDP ၆၈၅

ရွှေကြာပင် ၂ - NLD ၄၉၉
USDP ၃၉၀

-----------------------

 မော်လမြိုင်တွင် နိုင်ပြီ ဟု အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်ဆို

ဧပြီ ၁ ရက်၊ ၂၀၁၂ ခု၊ ညနေ ၆ နာရီခွဲ

မော်လမြိုင်တွင် အန်အယ်လ်ဒီ ပါတီကိုယ်စားလှယ် ဒေါ်ခင်ဋ္ဌေးကြွယ် နိုင်နေသည်ဟု ထောက်ခံသူများ အားပြောကြားသည်။

 Yangon Press International

မင်္ဂလာတောင်ညွန့် ရေတွင်းကုန်း ရပ်ကွက် မဲရုံရှေ့
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၆) 

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးပေါခင်
ပဲခူးတိုင်း(အရှေ့) တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့်
ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်း
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမေဝင်းမြင့်
ဧရာဝတီတိုင်း ဖျာပုံ၊ ဒေးဒရဲမဲဆန္ဒနယ်အမှတ်(၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိမ်းဆွေ (ဒေးဒရဲ မဲဆန္ဒနယ် နိုင်၊ ဖျာပုံ တပ်နယ်တခုနှင့် ရွာတရွာပဲ ရှုံး)
နေပြည်တော်ခရိုင် ဇဗ္ဗူသီရိ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း
ကန့်ဘလူ၊ကျွန်းလှ၊ ရေဦး၊တန့်ဆည် မဲဆန္ဒနယ် ၃ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင်
မကွေးတိုင်း ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးပိုက်ကို တို့ အနိုင်ရရှိကြောင်း သိရပါသည်။

-------------------------------------------

 နေပြည်တော်ခရိုင် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လော
င်း ဦးမင်းသူဟာ ဒီနေ့ နေ့လည်အထိ မဲအပြတ်အသတ် နိုင်နေသော်လည်း မဲရုံပိတ်ခါနီးအချိန်တွင် ဘယ်ကမှန်း မသိသည့် မဲများ ရောက်ရှိလာသည့်အတွက် ယခုအချိန်တွင် မဲများကို ပြန်လည် စစ်ဆေးနေတာ ဖြစ်ပါသည်။ (၅း၄၅ pm)

ရန်ကုန်တိုင်း ရွှေဂုံတိုင် မြို့နယ် မှာ ရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ် မှ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသော အဖွဲ့ချုပ် ကိုယ်စားလှယ် နာမည်များကို ကြေညာနေစဉ်

No comments: