ကိုကိုဦး(တပ်ရင်း-၁၀၂)
မလွတ်မလပ်မချင်းလူထုတိုက်ပွဲကတော့ရှိနေမှာပဲ။
မပြောင်းမလဲမချင်းလူထုတိုက်ပွဲက တော့ရှိနေမှာပဲ။
ဘယ်သူမှလည်းတားလို့မရဘူး၊ ဘယ်လိုလူမျိုးမှတားလို့မရဘူး၊
ဒီတိုက်ပွဲကပဲခေါင်းဆောင်တွေပေါ် လာတာပါ၊
ဒီတော့လူထုတိုက်ပွဲကိုမလုပ်ပါနဲ့ ပြောနေတဲ့ခေါင်းဆောင်ဟောင်းတွေ
ဘ၀ဟောင်းကိုခဏာလေးပြန်တွေးကြည့် ပါတယ်၊
ထိပ်တိုက်ရင်ဆိုင်မှုတွေမလုပ်ပါနဲ့လို့ပြောနေတဲ့သူတွေကို
မေးကြည့်ချင်ပါတယ်၊ အဲဒါစကားကလူထုကိုပြောရမဲ့စကားလား
စစ်အရေချုံဦးသိန်းစိန်အစိုးရကိုပြောရမယ်စကားလား၊
လူထုကအားအားယားဟားဆန္ဒပြနေကြတာမဟုတ်ဘူး၊
လူအများစုဘ၀တွေကစုတ်ပြတ်သတ်နေလို့ငတ်နေကြလို့
သည်းခံပြီးနေလို့မရတော့လို့သူတို့လိုလားချက်ကိုရင်ဖွင့်တာ၊
အစိုးရကသူတို့ကိုလိမ်နေတာကိုသိလို့အမှန်တရားကိုတောင်းဆိုတာ၊
ဆန္ဒပြခွင့်ပေးထားပြီးမှဆန္ဒပြခွင့်ကိုနည်းလမ်းမျိုးစုံနဲ့ပိတ်ပင်တာဘာသဘောလဲ၊တရားနည်းလမ်းကျဖြေရှင်းပေးရမဲ့အစားမူလက်ဟောင်းလမ်း စဉ်အတိုင်း
အကြမ်းဖက်ဖိနှိပ်ခြေရှင်းမှုဟာတိုးတက်ပြောင်းလဲမှုလို့ဆိုနိုင်ပါ သလား၊
အမှန်တရားကိုတောင်းဆိုတာအပြစ်ရှိတယ်လို့ယူဆသလား၊
လူထုဆန္ဒကိုဖေါ်ထုတ်တာအပြစ်ရှိတယ် လို့ယူဆသလား၊
အမှန်တရားကိုတရားနည်းလမ်းကျဖြေရှင်းပေးရမဲ့တာဝန်
လက်ရှိဦးသိန်းစိန်အစိုးရမှာလုံးဝတာဝန်ရှိနေပါတယ်၊
ခေါင်းပေါင်းစတွေတလူလူလွင့်နေတဲ့ လွတ်တော်အမတ်တွေ
မှလည်းလုံးဝတာဝန်ရှိနေပါတယ်၊ ဖြစ်ပေါ်တိုးတက်မှုလို့
ယူဆရမဲ့ဟာတွေလည်း ဒီအကြမ်းဖက်ဖြေရှင်းမှုကြောင့်
ဆုတ်ဆိုင်းခဲ့ရတယ်၊ ဒါလူထုအပြစ်မဟုတ်ဘူး၊
အစိုးရရဲ့အပြစ်သာလျှင်ဖြစ်တယ်၊
လူထုရုပ်မြင်သံကြားထဲမှာ ကြေငြာချက်ထုတ်ပြီးမှ နှိမ်နင်းတာကို
ဦးသိန်းစိန်ကသူ့နဲ့မဆိုင်ပါဘူး ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့ကလည်း
မသိပါဘူး၊ လွတ်တော်အမတ်တွေကလည်းကျနော်ကျမတို့မသိရ
ပါဘူးဆိုရင်တော့ အဲဒါလူထုကိုအကြီးအကျယ်လိမ်တာပဲ၊
ဒီနေ့ဆက်သွယ်ရေးခေတ်ကြီးမှာ ဖုန်းဂဏန်းကိုးလုံးလောက်
နှိပ်ရမဲ့ကိစ္စလောက်လွယ်ကူတာဘာမှ မရှိဘူး၊ ဒါကြောင့်
ပြည်ထဲရေးဝန်ကြီးတစ်ခုထဲတာဝန်ရှိတာမဟုတ်ဘူး၊
သာသနာရေးဝန်ကြီးတစ်ခုတည်းတာဝန်ရှိတာမဟုတ်ဘူး၊
ကျနော်မြင်တာကတော့အားလုံးမှာတာဝ န်ရှိခဲ့တယ်၊
ဒီတာဝန်ဟာတို့တာဝန်လို့ယူဆရင်
အကြမ်းဖက်ဖြေရှင်းမှုကိုလုံးဝရပ် တန့်ရပါလိမ့်မယ်၊
အစိုးရတဖွဲ့လုံးလူထုကိုတောင်းပန်ပြီး နစ်နာမှုတွေအားလုံးအတွက်
တာဝန်ယူပေးရမယ်၊ လူထုပေးထားတဲ့အခွန်တွေနဲ့လူထု
နစ်နာမှုတွေအားလုံးအတွက်တာဝန်ယူေ ပးရမယ်၊
ဒီတာဝန်ကိုမယူနိုင်ရင် အစိုးအဖွဲ့ဝင်အားလုံးသိက္ခာရှိရှိနှုတ်ထွက်သင့်ပါတယ်၊
ကိုကိုဦး(တပ်ရင်း-၁၀၂)
မလွတ်မလပ်မချင်းလူထုတိုက်ပွဲကတေ
မပြောင်းမလဲမချင်းလူထုတိုက်ပွဲက

ဒီတိုက်ပွဲကပဲခေါင်းဆောင်တွေပေါ်
ဒီတော့လူထုတိုက်ပွဲကိုမလုပ်ပါနဲ
ဘ၀ဟောင်းကိုခဏာလေးပြန်တွေးကြည့်
ထိပ်တိုက်ရင်ဆိုင်မှုတွေမလုပ်ပါန
မေးကြည့်ချင်ပါတယ်၊ အဲဒါစကားကလူထုကိုပြောရမဲ့စကားလာ
စစ်အရေချုံဦးသိန်းစိန်အစိုးရကု
လူထုကအားအားယားဟားဆန္ဒပြနေကြတာမဟ
လူအများစုဘ၀တွေကစုတ်ပြတ်သတ်နေလု
သည်းခံပြီးနေလို့မရတော့လို့သူတု
အစိုးရကသူတို့ကိုလိမ်နေတာကိုသိလ
ဆန္ဒပြခွင့်ပေးထားပြီးမှဆန္ဒပြခွင
အကြမ်းဖက်ဖိနှိပ်ခြေရှင်းမှုဟာတု
အမှန်တရားကိုတောင်းဆိုတာအပြစ်ရှ
လူထုဆန္ဒကိုဖေါ်ထုတ်တာအပြစ်ရှိတယ်
အမှန်တရားကိုတရားနည်းလမ်းကျဖြေရ
လက်ရှိဦးသိန်းစိန်အစိုးရမှာလုံ
ခေါင်းပေါင်းစတွေတလူလူလွင့်နေတဲ
မှလည်းလုံးဝတာဝန်ရှိနေပါတယ်၊ ဖြစ်ပေါ်တိုးတက်မှုလို့
ယူဆရမဲ့ဟာတွေလည်း ဒီအကြမ်းဖက်ဖြေရှင်းမှုကြောင့်
ဆုတ်ဆိုင်းခဲ့ရတယ်၊ ဒါလူထုအပြစ်မဟုတ်ဘူး၊
အစိုးရရဲ့အပြစ်သာလျှင်ဖြစ်တယ်၊
လူထုရုပ်မြင်သံကြားထဲမှာ ကြေငြာချက်ထုတ်ပြီးမှ နှိမ်နင်းတာကို
ဦးသိန်းစိန်ကသူ့နဲ့မဆိုင်ပါဘူး
မသိပါဘူး၊ လွတ်တော်အမတ်တွေကလည်းကျနော်ကျမတ
ပါဘူးဆိုရင်တော့ အဲဒါလူထုကိုအကြီးအကျယ်လိမ်တာပဲ၊
ဒီနေ့ဆက်သွယ်ရေးခေတ်ကြီးမှာ ဖုန်းဂဏန်းကိုးလုံးလောက်
နှိပ်ရမဲ့ကိစ္စလောက်လွယ်ကူတာဘာမှ
ပြည်ထဲရေးဝန်ကြီးတစ်ခုထဲတာဝန်ရှ
သာသနာရေးဝန်ကြီးတစ်ခုတည်းတာဝန်ရ
ကျနော်မြင်တာကတော့အားလုံးမှာတာဝ
ဒီတာဝန်ဟာတို့တာဝန်လို့ယူဆရင်
အကြမ်းဖက်ဖြေရှင်းမှုကိုလုံးဝရပ်
အစိုးရတဖွဲ့လုံးလူထုကိုတောင်းပန
တာဝန်ယူပေးရမယ်၊ လူထုပေးထားတဲ့အခွန်တွေနဲ့လူထု
နစ္နာမႈေတြအားလုံးအတြက္တာ၀န္ယူေ
ဒီတာဝန်ကိုမယူနိုင်ရင် အစိုးအဖွဲ့ဝင်အားလုံးသိက္ခာရှိရှ
No comments:
Post a Comment