မြန်မာ့တပ်မတော်
သန္ဓေတည်ရာ ရဲဘော်သုံးကျိပ်၏ နောက်ဆုံးကျန်ရစ်သူ ဗိုလ်ရဲထွဋ်
(သခင်အောင်သိန်း) ၏ ဈာပန အခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုဿာန်တွင်
နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ရာ လက်ရှိ တာဝန် ထမ်းဆောင်နေသော
တပ်မတော် အရာရှိကြီးများနှင့် ပြည်ထောင်စု အစိုးရအဖွဲ့မှ အကြီးတန်း
အရာရှိကြီးများ တက်ရောက်ခြင်း မရှိခဲ့ပေ။
ဈာပနအခမ်းအနားကို ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်များ၊ သက်ကြီး နိုင်ငံရေးသမားများ အပါအဝင် လူဦးရေ ငါးရာဝန်းကျင် တက်ရောက် ဂါရဝပြုခဲ့သော်လည်း လက်ရှိ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသူများ ပါဝင်ခြင်း မရှိကြောင်း ဈာပနအခမ်းအနား ကျင်းပရေး တာဝန်ခံ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇင်ယော်၏ မြေးဖြစ်သူ ဦးပြည့်ဖြိုးအောင်က ပြောကြားသည်။
The Voice Weekly

No comments:
Post a Comment