နေပြည်တော်၊ ဒီဇင်ဘာ ၁၉
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ပျော်ဘွယ်မြို့နယ်၊ ပေပင်လေးအမြန်လမ်းရဲစခန်းအပိုင် မန္တလေးမှ နေပြည်တော်သို့ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကမာဆဲကျေးရွာနေ ခိုင်လင်းအောင်(၃၂)နှစ် မောင်းနှင်သော ၈ည/xxxx စူပါကာစတန်ခဲရောင် ယာဉ်သည် ၀ဲဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဘာရီယာတုံးများအား ၀င်ရောက်တိုက်မိကာ ပက်လက်လန်တိမ်းမှောက်ခဲ့သဖြင့် ခိုင်လင်းအောင်အား ပေပင်လေးအမြန်လမ်း ရဲစခန်း ယာဉ်(ပ) ၁၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးထားကြောင်း သတင်းရရှိသည်။
No comments:
Post a Comment