Thursday, December 19, 2013

အာဆီယံထိပ်သီး အစည်းအဝေးအတွက် BMW ကား ၉၅ စီး စပွန်ဆာပေးမည်


ဒီဗွီဘီ

လာမယ့် ၂၀၁၄ ခုနှစ်အတွင်း ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွေအတွင်း အာဆီယံခေါင်းဆောင်တွေနဲ့ ၀န်ကြီးတွေ အသုံးပြုဖို့ BMW ကားကုမ္ပဏီကနေ မြန်မာအစိုးရကို ကား ၉၅ စီး ပံ့ပိုးကူညီသွားမယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေငြာပါတယ်။

လာမယ့် ၂၀၁၄ မေလနဲ့ နိုဝင်ဘာမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်လာမယ့် နိုင်ငံတကာ ခေါင်းဆောင်တွေဟာ အရည်အသွေးကောင်းတဲ့ BMW 7 Series ကားတွေကို အသုံးပြုနိုင်ကြမှာ ဖြစ်ပါတယ်။

လက်ရှိ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အတွင်းမှာလည်း Octagon international services ကုမ္ပဏီက အားကစားသမားတွေ၊ နည်းပြတွေနဲ့ တာဝန်ရှိသူတွေစီးဖို့ Scania ဘတ်စ်ကားသစ် တွေကိုလည်း အကူအညီ ပေးထားပါသေးတယ်။
http://burmese.dvb.no/?p=48796
အာဆီယံထိပ်သီး အစည်းအဝေးအတွက် BMW ကား ၉၅ စီး စပွန်ဆာပေးမည် | DVB
burmese.dvb.no
လာမယ့် ၂၀၁၄ ခုနှစ်အတွင်း ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွေအတွင်း အာဆီယံခေါင်းဆောင်တွေနဲ့ ၀န်ကြီးတွေ အသုံးပြုဖို့ BMW ကားကုမ္ပဏီကနေ မြန်မာအစိုးရကို ကား ၉၅ စီး ပံ့ပိုးကူညီသွားမယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေငြာပါတယ်။ လာမယ့်

No comments: