Sunday, March 4, 2012

ချမ်းလိုက်တာတုန် ဒို့မဖြုံ




အမေစု အမေစု
လူထုတွေချစ်တဲ့ အမေတခု။

လူထုတွေချစ်တဲ့ ဒို့အမေ
မန္တလေးသား/သူကကြိုပါသလေ။

မြို့နေလူထုတွေ အကုန်ထွက်
အောင်ပင်လယ်တကွင်းလုံး ပြည့်နက်နက်။

မကြည့်ရက်တဲ့ မိုးမင်းခမျာ
မိုးတွေလေတွေ အကြီးကျယ်ရွာ။

ချမ်းလိုက်တာမှ ခိုက်ခိုက်တုန်
ဒို့လူထုက နဲနဲမှ မဖြုံ။

ခိုလုံစရာမရှိလဲ ကြိုနေမြဲ
အမေစုကို အသဲစွဲ။

မိုးထဲလေထဲ ကြိုရလဲ
အမေစုကို အားကိုးမြဲ။

အမေလဲတူမကွာ သား/သမီးရင်းချာ
မေတ္တာတွေက သမုဒ္ဒရာ။

ပမာတောင်ထု နှိုင်းယှဉ်ပြု
မြင့်မိုရ်တောင်လောက် ကြီးလုလု
အဲဒါ ဒို့အမေစု။

တက္ကသိုလ်ဘုန်းကြွယ် (၃-၃-၂၀၁၂)

No comments: