Saturday, March 3, 2012

အာဏာရှင်နဂါးရဲ့ မျက်စောင်းတထိုး





ကျော်ဇင်ဝင်းအမည်ရ
တည်ကြည်လှတဲ့တပ်မတော်သားတဦး
အထူးစေတနာပို
အမေစုကိုကြိုချင်လွန်းလို့
တွန်းအားတွေကြား အနားကပ်သွားပြီး
အားပါးတရ နှုတ်ဆက်
ယုံကြည်ချက်အခိုင်အမာနဲ့
အပိုင်အနိုင်လူ့မြင်းကွင်းမှာ
အတိအလင်းဖေါ်ထုပ်
ဗိုလ်ချုပ်အောင်ဆန်းရဲ့သွေးအရင်းမချား
မွေးဖွားပေးထားခဲ့တဲ့
တပ်မတော်သားစစ်စစ်ပါ။

ခေတ်တွေဘယ်လိုပြောင်းပြောင်း
စနစ်တွေဘယ်လိုညောင်းညောင်း
မပြောင်းလဲနိုင်တာက အမှန်တရား
တပ်မတော်ကိုမွေးဖွားပေးခဲ့တဲ့အမှန်တရား
အောင်ဆန်းမွေးဖွားပေးခဲ့တဲ့တပ်မတော်
ဖခင်အပေါ်ရိုသေသမှု အလေးပြုတဲ့အနေနဲ့
(သူ့သမီး) အမေစုအလာကို
စေတနာနှင့် ကြိုသည်ကို
ကြိုသင့်ကြိုထိုက် အကြိုဆိုက်သင့်တယ်လို့
သဘောပိုက်ကာ စစ်ဝတ်စစ်စားဝတ်လာပြီး
ဝမ်းပန်းတသာ ကြိုရှာခဲ့ပါသည်
အမိစုခမျာ ၀မ်းသာလွန်းလို့
မျက်ဝန်းမှမျက်ရည်များပါ ဝေဖြာစီးဆင်းခဲ့ရှာသည်။

ဒါပေမယ့် ဒေါ်စုအား အကြိုကောင်းတဲ့
တပ်မတော် အပေါင်းအဖေါ်ခမျာ
အထောင်းအဆော် ခံခဲ့ရရှာသည်။
ရဲဘော်လေးခမျာ ဤအတွက်နဲ့
ရက်စက်ခံ အထိုးအကြိတ်ခံလိုက်ရ
လူရုပ်ပင်ပေါ်မလာတော့ဖူးဗျ
ကွာတား(တပ်ချုပ်လည်း)ခံလိုက်ရ
ဘယ်လိုလူစားတွေလဲဟ။

အာဏာရှင်နဂါး မျက်စောင်းတထိုး
တပ်မတော်သားတတွေအဖြစ်ဆိုး
အမျိုးဂုဏ်တောက် တပ်မတော်ဂုဏ်မောက်အောင်
အာဏာရှင်လက်အောက်က
ရဲရဲတောက်ရုန်းထွက်လာကြလော့။

တပ်မတော်နဲ့ပြည်သူ
ပြည်သူနဲ့တပ်မတော်
လက်တွဲခေါ် အဖေါ်ပြု
ပြည်ထောင်စု အဓွန့်တည်ရေး
စုပေါင်းကာ ချီတက်ကြလေး။

တက္ကသိုလ်ဘုန်းကြွယ် မတ်လ ၃ ၂၀၁၂

No comments: