Saturday, March 3, 2012

ဒေါင်းမိခင်ကို လှမ်းလို့ကြို







အလှမ်းဝေးမသွားတဲ့
မန္တလေးသား(သူ)တွေက
ပန်းကလေးများနဲ့ ကြိုရုံတင်မက
(ယခင်အခါသမယက)
ငွေငန်းကလေးဆို  ကျော့လို့လှ
(ယခုအခါမှာက)
ခွပ်ဒေါင်းဆို ကော့လို့က
မော့နေတဲ့အာဏာရှင် ဘူစွာလေးကို
အချိန်ခါမရွေး ခွပ်မယ့် ခွပ်ဒေါင်းဗျ။

အနွတ္တအမည် ကိုက်ညီအောင်
ခါတော်မီ အတိတ်လမောင်း
အာဏာရှင်တွေကို ကြိတ်ကာမောင်းမယ့်
ကကယ့်ခွပ်ဒေါင်း ခွပ်ဒေါင်း။

လွတ်ကြောင်းကိုမှန်းမြော်ရည်
အမေစုက ဦးဆောင်ပြီ
ထူးအောင်တည်မယ့်အနာဂတ်လမ်း
ဒီမိုကရေစီ အရောက်လှမ်း။

ပြည်သူတွေရဲ့ဒုက္ခ အ၀၀ကို
တူးစွပြီး မြူးကြွတဲ့ဘ၀ဟန်
ဖန်ပေးမယ့် ဒေါ်အောင်ဆန်းစုကြည်
ပြည်သူများက တတပ်တအားယုံကြည်
စုံစုံညီညီ ထောက်ခံမနှေး
လူထုတွေက မဲကိုပေး
ရွှေရင်အေးမယ့် ပန်းတိုင်အရောက်
အမေစုနဲ့အတူတူလျှောက်။

တက္ကသိုလ်ဘုန်းကြွယ်(မတ်လ ၁ ၂၀၁၂)

No comments: