(၆၇ခုနှစ်မြောက်တော်လှန်ရေးနေ့သို့)
ကိုယ့်ပြည်သူပြည်သား
နွားလိုပင်ခိုင်းစား
အသားကိုမျို အဆီကိုစုပ်
ဂုတ်သွေးပါစုပ်တဲ့နယ်ချဲ့ယုတ်ကို
တိုက်ထုတ်ဖို့ရန်
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
သခင်လူစွမ်းကောင်းများက
လှညှ်းနေလှေအောင်း မြင်းဇောင်းမကျန်
ဖက်ဆစ်ရန်ကို တွန်းလှန်ဖို့ရန်
ဇွဲမာန်ညီညီ လူညီညီနဲ့
အတည်ခံချ တော်လှန်ခဲ့ကြတယ်။
မပြေးမကြောက်
သွေးသောက်ရဲဘော်တွေရဲ့သွေးနဲ့
မော်ကွန်ရေးခဲ့ကြတယ်။
တော်လှန်ရေးအောင်ပွဲ
စတင်ဆင်နွှဲတဲ့ မတ်လ ၂၇-ကို
ရက်မွန်ရက်မြတ်
တော်လှန်ရေးနေ့ဟူ၍သတ်မှတ်ခဲ့ကြတယ်။
အာဏာသူခိုး နေ၀င်းကြီးစိုးပြီး
သူခိုးလက်က တ၀က်လု
ဗိုလ်ရှုသဘင်မှာ ထင်ပေါ်
ဆင်ဖြူတော်ရူး ယတြာရူးတဲ့
ဘုရင်ရူး ငသန်းရွှေ က
တိုင်းပြည်ကိုကယ်တင်သယောင်
အမှောင်ကိုအလင်းလုပ်
မဟုတ်တရားတွေကို အဟုတ်ထား
လုပ်မှားမှုအဖုံဖုံ ကလိမ်မှုအစုံစုံနဲ့
တော်လှန်ခဲ့ပုံတွေကိုမေ့ပျောက်
သူတို့တတွေရဲ့ အလိမ်အကောက်တွေကို
ခြေရာကောက်မလိုက်နိုင်အောင်
မှောက်မှောက်မှားမှား
ဖေါက်ဖေါက်ပြားပြားနဲ့
လမ်းပေါက်လွဲမှားသွားအောင်
ဖေါ်ဆောင်ပြောင်းလိုက်ပုံက
အရပ်ကျော်မမေ့နဲ့
တပ်မတော်နေ့တဲ့။
သွေးနဲ့ခြေဆေး
သွေးနဲ့မော်ကွန်းရေးခဲ့တဲ့
လေးနက်တဲ့တော်လှန်ရေးနေ့ကို
မေ့မေ့ပျောက်ပျောက်
ကွေ့ကွေ့ကောက်ကောက်အကြံနဲ့
သံယောင် သရုပ်ဖေါ်
တပ်မတော်နေ့လို့ပြောင်းခေါ်ပြီး
လူထုကိုစော်ကား
သမိုင်းကိုကျော်လွှား
မော်ကြွားကြွားနဲ့
တပ်မတော်သားတွေကိုလဲလှည့်စား
သူ့မယား သူ့ဆွေမျိုးသားချင်းများကိုသာ
မပျက်မယွင်းကာကွယ်ပေးဖို့
အသက်သွင်းဖန်ဆင်းထားတဲ့
အာခံတွင်းက မီးထွက် လူထုကိုသတ်ရက်တဲ့
လူထုတပ်မတော်ဖြစ်လာတော့တယ်။
အာဏာရှင်လက်ကိုင်ဒုတ်
အဟုတ်မဖြစ်ရလေအောင်
ထောင်ထားတဲ့စစ်ထောင်ချောက်က
လွတ်မြောက်အောင်ကြိုးစားကြလော့။
မတ်လ ၂၇ နေ့ဟာ
တော်လှန်ရေးနေ့ဆိုတာ မမေ့ကြနဲ့။
တော်လှန် တော်လှန်
ဘာကိုတော်လှန်မှာလဲ။
ယနေ့ယခု သက်သေပြုကြစို့
ပြည်သူ့အင်းအားထုနဲ့
စစ်အုပ်စုမှန်သမျှကို
အံတုမှောက်လံ တော်လှန်ကြမယ်။
တပ်မတော်နဲ့ပြည်သူ ချစ်ကြည်ဖြူ
အတူလက်တွဲ ဒို့အောင်ပွဲ။
ဆရာတင်မိုးရဲ့နိုးကြားသောတပ်လှန့်သံနဲ့
ထပ်ထပ်ညံ ကြွေးကြွော်လိုက်ချင်တယ်။
တပ်မတော်နေ့
ဒို့မေ့ ဒို့မေ့။
တော်လှန်ရေးနေ့
ဒို့နေ့
ဒို့နေ့။
တက္ကသိုလ်ဘုန်းကြွယ်
မတ် ၂၇ ၂၀၁၂
No comments:
Post a Comment