နွေဦး
လေရူးရယ်က တသုန်သုန်
ပန်းအငုံ
တူစုံပွင့်
ပန်းပိတောက်တွေကျူးရင့်။
ထူးတင့်တဲ့
ဧပြီတရက်
မသွေမဖီ
ဥာဏ်တော်မှီလျက်
ကံကော်ပြီ
ခြုံပေါ်ရောက်
မတုန်မကြောက်ဘဲ
ဆန္ဒမဲ
NLD ကိုပေးကြမှာမလွဲ
အေးမြတဲ့ဒီအတာပွဲမှာ
ညီညာစွာမခွဲ
လက်ကိုတွဲလို့
ဆင့်ကဲမယ့်
လမ်းစုံလင့်
ဒီမိုကရေစီ
ပန်းကုန်ပွင့်။
တက္ကသိုလ်ဘုန်းကြွယ်
(မတ် ၂၅
၂၀၁၂)
ခွပ်ဒေါင်း နဲ့ ဖွတ်လောင်း
အပြုံးများဝင့်ထယ်
လူပင်လယ်နဲ့
စိတ်ဝယ်လှိုက်လှဲ
ကြိုဆိုပွဲကား
နွှဲတိုင်းလိုလို
အလှပို၏
ခွပ်ဒေါင်းကိုထောက်ခံတဲ့ပြည်သူများ။
လူခြေတိတ်ဆိတ်
လူရိပ်မမြင်
လူတွင်ကျယ်တို့
မဲဆွယ်ဖို့ကား
တောင်ဘို့သာခိုဝင်
ဖွတ်အသွင်နဲ့
လူရာမ၀င်တဲ့ဖွတ်လောင်းများ။
တက္ကသိုလ်ဘုန်းကြွယ်(မတ် ၂၅ ၂၀၁၂)
ပြည်သူအတွက် အားဆေးတခွက်
ပြည်သူလူထုနဲ့ အမေစု
သွယ်းတန်းသမှု
ပြုခဲ့ပြီ။
ပြည်သူတွေနဲ့
အမေစုကြား
ဘယ်လိုတားတား
ရနိုင်ရိုးလား။
ဘုရားလည်းဖူး
လိပ်ဥလည်းတူး
ပြည်သူတွေအတွက်
အမှန်ရည်စူး။
လှေလူးလူး
လှိုင်းမူးမူး
ထူးကဲတဲ့အမေ
နောက်မဆုတ်ခဲ့ပေ။
ဖုံတွေထူထူ
နေပူပူ
အငြူစူမဲ့ကင်း
အားမာန်တွေတင်းခဲ့ပြီ။
လေပြင်းပြင်း
မိုးထန်ထန်
အအေးဒဏ်ကိုလဲ
အမေကြိတ်ခံနိုင်ခဲ့ပြီ။
လူထုထံပါး
အရောက်သွား
ကြိုးစားခဲ့တဲ့အမေ
မွန်မြတ်လှပါပေ။
မိတ်ဆွေရန်သူ
ခွဲမယူ
ပြည်သူအများ
အမေ့ချစ်သား။
အမေ့ရဲ့စကားက
ပျားသကာထက်ချို
ဆိုခဲ့တဲ့သစ္စာတရား
မြင့်မိုရ်တောင်ထက်ကြီးမား
ထားရှိခဲ့တဲ့စေတနာ
လူတကာတွေထက်သာ
ဘာလုပ်လုပ်
ဘာကိုင်ကိုင်
လူထုကိုသာ
သစ္စာတိုင်
မယိုင်မလဲ
ခိုင်မြဲတဲ့ ခံယူချက်
ပြည်သူတွေရဲ့အားဆေးတခွက်
ဒီအတွက်ကြောက်
အမေစုတယောက်
ဘယ်ပေါက်ပေါက်
ဘယ်ရောက်ရောက်
လူထုတွေက
အကြိုရောက်
ရွေးကောက်စရာပင်မလိုပဲ
အမေစုကနိုင်နေပြီပဲ။
တက္ကသိုလ်ဘုန်းကြွယ် (မတ် ၂၅ ၂၀၁၂)
No comments:
Post a Comment