Wednesday, May 2, 2012

ဒီမိုကရေစီခရီး၏လမ်းစ




ပြည်သူကိုကိုယ်စားပြု
အတုမရှိ နှစ်ခုမရှိ
သတ္တိရဲ့ထိပ်ခေါင်
လူထုရဲ့ခေါင်းဆောင်
အမှောင်ကိုခွင်း
အလင်းကိုဆောင်မယ့်
မီးရှူးတန်ဆောင်
ဒေါ်အောင်ဆန်းစုကြည်
လွှတ်တော်တက်ပြီ….။

အတုအယောင်တွေ မနေနိုင်
အမှုဆောင်တွေ ခွေယိုင်အောင်
အသေကိုင် အခြေနေပိုင်ပြီး
မသွေနိုင်မယ့် ဒို့အမေ….။

အမှန်တရားကိုဆုပ်ကိုင်
အကြံသမားတွေမလှုပ်နိုင်အောင်
အဟုတ်အပိုင် ချုပ်ကိုင်ပြီး
ဒီမိုကရေစီပန်းတိုင်ခရီးသို့
လှမ်းပြိုင်ကာ အပြီးလျှောက်တော့မည်…။

တက္ကသိုလ်ဘုန်းကြွယ်
မေလ ၀၂ -၂၀၁၂

No comments: