မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
“ဝန်ကြီးများ ခရီးစရိတ် များလွန်းကြောင်း လွှတ်တော်အမတ်များ ထောက်ပြ”
RFA - 2013-11-01
လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် သမ၀ါယမ ဝန်ကြီးဌာန ဝန်ကြီးတွေရဲ့
ခရီးသွားလာရေးစရိတ် ဓါတ်ဆီ စက်ဆီအသုံးစရိတ် တင်ပြတောင်းခံငွေဟာ
များပြားလွန်းနေကြောင်း ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ
လွှတ်တော်ကိုယ်စားလှယ်တွေ က ထောက်ပြဆွေးနွေးခဲ့ပါတယ်။
နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းမှာပါတဲ့ သမ၀ါယမဝန်ကြီးဌာနရဲ့
တင်ပြတောင်းခံငွေနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာအေးမောင်က အခုလိုထောက်ပြ ဆွေးနွေးခဲ့ပါတယ်။
"ဝန်ကြီး
ဒုဝန်ကြီး နှစ်ပါးခရီးစဉ်တစ်ခုကြောင့် ၃ သန်းကျော်လောက်သုံးမယ်လို့
ညွှန်းပါတယ်၊ နောက်ဂျပန်နိုင်ငံကို သွားပြီးကာမှ
သမဝါယမဖွံ့ဖြိုးနေတဲ့လုပ်ငန်းတွေကို
လေ့လာဖို့အတွက် ၃ သန်းလောက် ထပ်လိုတယ်လို့ ကြည့်တဲ့အခါမှာ ဝန်ကြီး
ဒုဝန်ကြီးနှစ်ပါးသုံးတဲ့ငွေဟာ ၇၄ သိန်းလောက်ဖြစ်သွားပြီ၊ ထပ်ပြီးတော့ ၉
သန်းလောက် တောင်းထားပါတယ်၊ ဆိုတော့ သမဝါယမဝန်ကြီးဌာန ရုံးအဖွဲ့အပါအဝင်က
သုံးတဲ့ပမာဏ ၁ဝ၇ သန်းလောက်ရှိပါတယ်၊ အဲဒီထဲမှာ ခရီးသွားလာစရိတ်အပြင် ခုနက
စက်ဆီ၊ ဓာတ်ဆီနဲ့ ပတ်သက်ပြီး ကဏ္ဍကိုကြည့်တဲ့အခါမှာ ပြန်တောင်းတာဆိုရင်
၇၄.၁၆ သန်းပါ၊ လစာရဲ့ ၃ ပုံ ၁ ပုံလောက်ဟာ စက်ဆီ၊ ဓာတ်ဆီနဲ့ ချောဆီမှာ
တောင်းထားတယ်ဆိုတဲ့သဘောကို တွေ့ရပါတယ်"
သမ၀ါယမဝန်ကြီးဌာနက
တင်ပြတောင်းခံထားတဲ့ ဖြည့်စွက်ဘဏ္ဍာငွေကျပ် ၉ သန်းကို တဝက်လျှော့ချပြီးမှ
ခွင့်ပြုပေးဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက
တောင်းဆိုဆွေးနွေးခဲ့ပါတယ်။
လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ်
ဘဏ္ဍာရေးနှစ်အတွက် ဗဟိုအဖွဲ့အစည်း ၆ခု၊ ဝန်ကြီးဌာန ၃၀ခု ၊ နိုင်ငံတော်ပိုင်
စီးပွားရေးအဖွဲ့အစည်း ၁၂ခု၊ စည်ပင်သာယာရေးကော်မတီ ၂၃ခု စုစုပေါင်း
အဖွဲ့အစည်း ၅၁ ခု တင်ပြတောင်းခံငွေဟာ ကျပ်သန်းပေါင်း ၁၅၀၀ နီးပါးရှိကြောင်း
သိရပါတယ်။
No comments:
Post a Comment