Friday, November 1, 2013

တပ်ဦးအိုးဝေ


တပ်ဦးအိုးဝေ

အမျိုးသားလွတ်မြောက်ရေးအစကို
ဒေါင်းတွေကပြန်ဌာန်းခဲ့တယ် ။
လွတ်မြောက်ရေးမှ
ငြိမ်းချမ်းရေးနဲ့
တန်းတူရေးဆီ
သင်တို့ရဲ့ခရီးရှည်သမိုင်း
ရာဇဝင်မရိုင်းခဲ့ဘူး ။
သင်တို့သည်
ပြည်သူကမွေး
ပြည့်သူ့သွေးသား
သင့်တို့ကအမှန်တရားဖြစ်တယ် ။
သင်တို့သည်
ခရီးရှည်ဖြတ်သန်း
နည်းလမ်းသုံးသွယ်နဲ့
ခရီးသည်တွေဖြစ်တယ် ။
သင်တို့သည်
နီသောခွပ်ဒေါင်း
ပြောင်းလဲတော်လှန်
လေဟုန်စီးမဲ့တောင်ပံတစုံ
လည်ဆံမော့မော့နှုတ်သီး
သုတ်ချီတင်မဲ့ခြေအစုံနဲ့
အဟုန်နဲ့ချီပါလေ ။
သင်တို့ရင်အစုံကိုဖွင့်
နားစွင့်ထားကြ
စက်သွားနဲ့စပါးနှံ
သွေးသံတရဲရဲ
တိုက်ပွဲထဲမှာ
သင်တို့ကိုရှာဖွေလိမ့် ။
သင်တို့မြင်ရဲ့
မြေရှင်ပဒေသရာဇ်အမွေဆိုးနဲ့
တောင်သူတွေမြေမဲ့ယာမဲ့
ပေါက်ပင်ဘာကြောင့်ကိုင်းခဲ့ရတယ်
သင်တို့ကြားရဲ့
စက်ရုံများဆီ
သွေးချွေးနီရဲ
လုပ်အားခတိုက်ပွဲထဲက
မမျှတတဲ့ခေတ်
ဟစ်ကြွေးသံတွေ
နွေဦးခေါ်သံညံမစဲ ။
ဒေါင်းအလံကို
သံလွင်ခက်ချီလျှက်
စက်ရုံနံရံ
တောတောင်ခပါးရံ
စပါးနှံတောဆီ
ပြည်သူနဲ့အတူချီလော့ ။
သင်တို့သည်
ဧရာဝတီ
မြစ်လွှာဆီမှ
နီသောသွေးစက်
မျိုးဆက်အစုံရဲ့ခန္တာကို
သစ္စာတည်စွာ
ဆောက်တည်ပါလှဲ့ ။
တိုက်ပွဲခေါ်သံ
သံလွင်ရိုးမ
မိုးမခ
မြယာတော
တောတောင်နံရံ
စက်ရုံနံရံ
ထောင်နံရံတို့
ရှင်သန်နိုးထ
မိုးသောက်ရောင်နီ
ပျံသန်းချီမဲ့ငှက်
ဒေါင်းငှက်တွန်သံ
မိုးလုံးညံစေ
အိုးဝေညီ၍
ချီစေသတည်း ။ ။

(မကဒတ ကျောင်းသားတပ်မတော်တည်ထောင်ခြင်း(၂၅)နှစ်မြောက်နှစ်ပတ်လည်နေ့သို့ ဦးညွှတ်ဂုဏ်ပြုပါသည်။ )

နီလွင်သွေး(ဒဿနိက)
၁၀ ၊ ၁၈ ၊၂၀၁၃
တနင်္လာနေ့ ။

No comments: