Thursday, July 25, 2013

အပျော်မယား

 
 
 
အပျော်မယား
ဆောင်းလူ
ဇူလိုင် ၂၄၊ ၂၀၁၃
....

မပိုင်မှန်းသိတယ် ...
သူ့မျက်နှာ ကြည့်ကြည့်နေရတယ် ...
ပေးသမျှသာယူ ...
ကျွေးသမျှသာယူ ...
ကျသမျှသာယူ ...
သူ့တို့ကျေးဇူးတွေ မြင့်မိုရ်မကကျူး

သို့ကြောင့် ....
ထို့ကြောင့် ....
အကြောင်းကြောင်းကြောင့်
မလွန်ဆန်ဝံ့ဘူး ...
အာမခံဝံ့ဘူး ...
...

တောင်းသူကလည်း တောင်းတယ်....
ရောင်းသူကလည်း ရောင်းတယ် ...
ကျေးဇူးရှင်တွေ
များသထက်များလာလို့ ...

ပထွေးတွေများလွန်းလို့
တိုင်းပြည်
အဟောင်းတန်းမှာ လေလံပစ်နေရပြီ...။

No comments: