ကလေးမြို့တွင် ကျင်းပမည့် ၈ လေးလုံး ငွေရတုအခမ်းအနား တွင် မြေ
မြှုပ်သိမ်းဆည်းထားခဲ့ရသော ၈၈ လှုပ် ရှားမှုသမိုင်းမှတ်တမ်း ဗီဒီယိုများ ပြသ
သွားမည်ဟု ကလေးမြို့ ၈၈ သပိတ် ခေါင်းဆောင် တစ်ဦးဖြစ်ခဲ့သူ မိုက်ကယ်
ဝင်းကျော်က ပြောသည်။
ကလေးမြို့တွင်လည်း ရှစ်လေးလုံး ငွေရတုကျင်းပမည့် ကလေးမြို့ ၈၈ မဟာ
အရေးတော်ပုံကြီး၏ ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ် ပွဲတော်အား စည်
ကားစွာကျင်းပမည်ဖြစ်ကြောင်း မိုက် ကယ်ဝင်းကျော်ထံမှ သိရသည်။
ကလေးမြို့ ၈၈ ငွေရတုအခမ်း အနားကို ကျွန်တော်တို့ တစ်နိုင်ငံလုံး နည်းတူ
ကျင်းပမှာပါ။ ဒါဟာ မမေ့နိုင် တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့မဟာ
အရေးတော်ပုံကြီးပါ။ တစ်ကမ္ဘာလုံး ဘယ်မှာမှ မဖြစ်ခဲ့ဖူးတဲ့ ကျွန်တော်တို့
နိုင်ငံက အရေးတော်ပုံကြီးပါ။
ကျွန်တော်တို့ အခမ်းအနားမှာ ၈၈
တုန်းက လှုပ်ရှားမှုတွေမှတ် တမ်း တွေကို ရုပ်အရှင်တွေနဲ့ပြမယ်။ မမီလိုက် တဲ့
ကလေးငယ်တွေ လူငယ်တွေကို ၈၈ သမိုင်းကိုသိစေချင်၊ မြင်စေချင်လှပါ တယ်။ ၈၈
လို့ပဲ သိနိုင်တဲ့ လူငယ်တွေ လည်း အဲဒီနေ့ကျရင် ပြီးခဲ့တဲ့ ၈၈
မဟာအရေးတော်ပုံကြီးမှာ ကိုယ်တိုင် ပါဝင်ခဲ့ရသလို တစ်သွေး တစ်သားတည်း
ဖြစ်စေတဲ့အထိ ကျွန်တော်တို့ကြိုးစား ကျင်းပဖို့ စီစဉ်နေပါတယ်ဟု ၄င်းက
ဆက်လက်ပြောသည်။
ရှစ် လေးလုံး ၂၅ နှစ်ပြည့် အမှတ် တရ (ကလေးမြို့)
အခမ်းအနား တွင် ၈၈ ခုနှစ်က ကလေးတစ်ခရိုင်လုံး ဌာန ဆိုင်ရာ အားလုံးပါဝင်ကာ
လှုပ်ရှားခဲ့မှု ဗီဒီယိုမှတ်တမ်းများအား ပရော်ဂျက်တာ ဖြင့် ထိုးပြရန်၊
နံရံကပ်စာစောင်များ ထားရှိရန်၊ ကလေးမြို့ ၈၈ မဟာ အရေး တော်ပုံ
သမိုင်းဖတ်ကြားရန်၊ နိုးကြား သော သီချင်းများဖြင့် ဖျော်ဖြေရန်၊
ကဗျာရွတ်ခြင်းအခန်းကဏ္ဍများ ထည့် သွင်းရန် စီစဉ်နေပြီဖြစ်ကြောင်း သိရ သည်။
အခမ်းအနားကို လာမည့် ၈ လ ပိုင်း ၈ ရက်နေ့ နံနက် ၈ နာရီ ၈ မိနစ် ၈ စက္ကန့်တွင် စတင်မည်ဖြစ်သည်။
အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုပရဟိတ အဖွဲ့
များကိုပါ ဖိတ်ကြားမည်ဖြစ်သည်။ အခမ်းအနားအား ကလေးမြို့ ရှိ အောင်
မင်္ဂလာဇာတ်ရုံတော်ကြီးအတွင်းတွင် ကျင်းပရန် စီစဉ် ထားကြောင်း သိရ သည်။
ချစ်သူမောင်
Popular Myanmar News Journal
ကလေးမြို့တွင် ကျင်းပမည့် ၈ လေးလုံး ငွေရတုအခမ်းအနား တွင် မြေ မြှုပ်သိမ်းဆည်းထားခဲ့ရသော ၈၈ လှုပ် ရှားမှုသမိုင်းမှတ်တမ်း ဗီဒီယိုများ ပြသ သွားမည်ဟု ကလေးမြို့ ၈၈ သပိတ် ခေါင်းဆောင် တစ်ဦးဖြစ်ခဲ့သူ မိုက်ကယ် ဝင်းကျော်က ပြောသည်။
ကလေးမြို့တွင်လည်း ရှစ်လေးလုံး ငွေရတုကျင်းပမည့် ကလေးမြို့ ၈၈ မဟာ အရေးတော်ပုံကြီး၏ ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ် ပွဲတော်အား စည် ကားစွာကျင်းပမည်ဖြစ်ကြောင်း မိုက် ကယ်ဝင်းကျော်ထံမှ သိရသည်။
ကလေးမြို့ ၈၈ ငွေရတုအခမ်း အနားကို ကျွန်တော်တို့ တစ်နိုင်ငံလုံး နည်းတူ ကျင်းပမှာပါ။ ဒါဟာ မမေ့နိုင် တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့မဟာ အရေးတော်ပုံကြီးပါ။ တစ်ကမ္ဘာလုံး ဘယ်မှာမှ မဖြစ်ခဲ့ဖူးတဲ့ ကျွန်တော်တို့ နိုင်ငံက အရေးတော်ပုံကြီးပါ။
ကျွန်တော်တို့ အခမ်းအနားမှာ ၈၈ တုန်းက လှုပ်ရှားမှုတွေမှတ် တမ်း တွေကို ရုပ်အရှင်တွေနဲ့ပြမယ်။ မမီလိုက် တဲ့ ကလေးငယ်တွေ လူငယ်တွေကို ၈၈ သမိုင်းကိုသိစေချင်၊ မြင်စေချင်လှပါ တယ်။ ၈၈ လို့ပဲ သိနိုင်တဲ့ လူငယ်တွေ လည်း အဲဒီနေ့ကျရင် ပြီးခဲ့တဲ့ ၈၈ မဟာအရေးတော်ပုံကြီးမှာ ကိုယ်တိုင် ပါဝင်ခဲ့ရသလို တစ်သွေး တစ်သားတည်း ဖြစ်စေတဲ့အထိ ကျွန်တော်တို့ကြိုးစား ကျင်းပဖို့ စီစဉ်နေပါတယ်ဟု ၄င်းက ဆက်လက်ပြောသည်။
ရှစ် လေးလုံး ၂၅ နှစ်ပြည့် အမှတ် တရ (ကလေးမြို့) အခမ်းအနား တွင် ၈၈ ခုနှစ်က ကလေးတစ်ခရိုင်လုံး ဌာန ဆိုင်ရာ အားလုံးပါဝင်ကာ လှုပ်ရှားခဲ့မှု ဗီဒီယိုမှတ်တမ်းများအား ပရော်ဂျက်တာ ဖြင့် ထိုးပြရန်၊ နံရံကပ်စာစောင်များ ထားရှိရန်၊ ကလေးမြို့ ၈၈ မဟာ အရေး တော်ပုံ သမိုင်းဖတ်ကြားရန်၊ နိုးကြား သော သီချင်းများဖြင့် ဖျော်ဖြေရန်၊ ကဗျာရွတ်ခြင်းအခန်းကဏ္ဍများ ထည့် သွင်းရန် စီစဉ်နေပြီဖြစ်ကြောင်း သိရ သည်။
အခမ်းအနားကို လာမည့် ၈ လ ပိုင်း ၈ ရက်နေ့ နံနက် ၈ နာရီ ၈ မိနစ် ၈ စက္ကန့်တွင် စတင်မည်ဖြစ်သည်။
အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုပရဟိတ အဖွဲ့ များကိုပါ ဖိတ်ကြားမည်ဖြစ်သည်။ အခမ်းအနားအား ကလေးမြို့ ရှိ အောင် မင်္ဂလာဇာတ်ရုံတော်ကြီးအတွင်းတွင်
ချစ်သူမောင်
Popular Myanmar News Journal
No comments:
Post a Comment