ပဲခူးတိုင်း ဒေသကြီး တရားရုံးအတွင်း ယနေ့ မနက် ဆယ်နာရီ ဆယ့်ငါးမိနစ်ခန့်က ဥပဒေရုံးရှိ သန့်ရှင်းရေး ဝန်ထမ်းက အဆိုပါ ဗုံးကို စတင် တွေ့ရှိခဲ့သည်။ ထို ဖြစ်ရပ်ကြောင့် မနက်ခင်း ရုံးချိန်းကိစ္စရပ် အချို့ ဖျက်သိမ်းခံရပြီး တောင်ငူ လမ်းမကြီး တစ်လျောက် မိနစ် အနည်းငယ် လမ်းပိတ်ထားခဲ့သည်။ အဆိုပါ ဗုံးတွေ့ရှိမှု အတွက် တာဝန်ရှိသူအား မေးမြန်းရန် သွားစဉ်မှာပင် ဗုံးက အခုထိ ရှင်ူးလင်ူးရေး မလုပ်ရသေးလို့ အန္တရယ် ရှိပါတယ် ဒီနေရာက ဖယ်ပေးကြပါ ဟု ပြောဆိုခဲ့ ပါသည်။ မြို့ပြစီမံကိန်း အသိမ်းခံရသော လယ်မြေများ ပြန်လည်ရရှိရေး ဆန္ဒပြဖော်ထုတ်မှုများ လည်း ယနေ့တွင် ရှိသောကြောင့် ဆန္ဒပြသုများ အနေနှင့် ပဲခူးတိုင်း ဒေသကြီး တရားရုံးရှေ့ မရောက်ရှိစေရန် ရဲအင်အား ငါးဆယ်ခန့်က ရှင်စောပု လမ်းထိပ်တွင် တားဆီးခဲ့ပါပြီး တိုင်းရုံးအတွင်း ဗုံးတွေ့ရှိမှု ကြောင့် တိုင်းရုံးသို့ ဆက်မသွားရန်နှင့် အေးချမ်းစွာ လူစုခွဲရန် ရဲတပ်ဖွဲ့မှ မေတ္တာရပ်ခံ သဖြင့် လူစုကွဲသွားကြပါသည်။ ပဲခူးတိုင်း ဒေသကြီး တရားရုံးအတွင်း ရှာတွေ့သော ဗုံးအမျိုးအစားမှာ လက်ပစ်ဗုံး အမျိုးအစား ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment