၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကာ
ပြည်သူလူထုအကြား သပ်သျှိုသွေးခွဲတာတင်မက မြို့ တွေ ရွာတွေ ရပ်ကွက်တွေအတွင်းမှာ မီးကွင်းတွေ ပစ် မီးရှို့ တာတွေ၊ သောက်သုံးရေတွေ ရေကန်တွေ အစားအသောက်တွေမှာ အဆိပ်ခပ်တာတွေ၊ အများပြည်သူပိုင် ပစ္စည်းသိုလှောင်ရာ ဂိုဒေါင်တွေ စက်ရုံ အလုပ်ရုံတွေကို ဖောက်ထွင်း ခိုးယူတာတွေ၊ ပဋိပက္ခတွေဖြစ် တစ်ဦးနဲ့ တစ်ဦး တစ်အုပ်စုနဲ့  တစ်အုပ်စု ရိုက်ပုတ်သတ်ဖြတ် အစရှိတဲ့ ဖျက်လိုဖျက်ဆီးလုပ်ရပ်မှန်သမျှ
ဒီလို အဖျက်လုပ်ရပ်တွေကို တစ်ခုပြီး တစ်ခု နေရာတိုင်းမှာ ဖြစ်ပေါ်လာတာကို သတိထားမိ သုံးသပ်မိကြတဲ့ ကျောင်းသားကျောင်းသူ ပြည်သူလူထုဟာ အဖျက်လုပ်ငန်းတွေ ဖန်တီးလုပ်နေကြသူတွေရဲ့  ဘေးအန္တရာယ်က ရှောင်ရှားကာကွယ်နိုင်ရန်အတွက် ကိုယ့်မြို့  ကိုယ့်ရွာ ကိုယ့်လမ်း ကိုယ့်အိမ်တွေမှာ လူစိမ်းသူစိမ်း အ၀င်မခံဘဲ ပိတ်ဆို့ တားဆီး ကာကွယ်စောင့်ရှောက်ခဲ့ကြတယ်။
အဖျက်လုပ်ငန်းတွေကို အာဏာရှင်ရဲ့  အလိုကျ ဖန်တီးလုပ်ဆောင်ပေးနေသူတွေကို လက်ရဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခဲ့ကြတယ်။ ဖမ်းဆီးရရှိခဲ့တဲ့ အဖျက်သမားတွေကို စစ်ဆေးမေးမြန်းခဲ့တဲ့အခါမှာ အဆိုပါ အဖျက်လုပ်ရပ်လုပ်သူတွေဟာ သူတို့ ကို ငွေကြေး မူးယစ်ဆေးဝါး စိတ်ကြွဆေးများပေးကာ ခိုင်းစေခဲ့သူတွေဟာ အာဏာရှင်တွေဖြစ်တယ်ဆိုတာ ဖွင့်ချဝန်ခံခဲ့ကြတယ်။ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေကို မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းတွေ သက်သေသာဓကအဖြစ် ရှိနေကြပါတယ်။
အာဏာရှင်က ခိုင်းစေမှုကြောင့် ရဟန်းရှင်လူ ပြည်သူလူထုရဲ့  အသက်အိုးအိမ်စည်းစိမ် ပျက်ဆီးအောင်၊ နာကျင်ထိခိုက် အသက်အန္တရာယ်ကြုံတွေ့ ရအောင် အဖျက်လုပ်ငန်းတွေကို စနစ်တကျ ဖန်တီးဆောင်ရွက်သူတွေဟာ အာဏာရှင်တွေက ခိုင်းစေတဲ့သူတွေဖြစ်တယ်ဆိုတာ ပြည်သူလူထု သိရှိရလေအောင် မီးမောင်းထိုး သတိပေးဖေါ်ပြခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကာ
ဒီ ကာတွန်းမှတ်တမ်းလေးက ယခုဆိုရင် (၂၅) နှစ်သက်တမ်းကြာပြီ ဖြစ်ပေမယ့် ယနေ့ ယခု အာဏာရှင်တွေရဲ့  လက်ပါးစေတွေရဲ့  အဖျက်လုပ်ငန်းတွေ လုပ်ဆောင်နေမှုနဲ့  ထပ်တူကျနေဆဲဆိုတာ အထူးပြောစရာ မလိုဖူး ထင်ပါတယ်။
No comments:
Post a Comment