မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
“လယ်ယာမြေပြဿနာများ အမြန်ဖြေရှင်းပေးရန်အတွက် တိုင်းနှင့်ပြည်နယ် ၁၄ ခုသို့ လမ်းလျှောက်မည်”
Mizzima ဖိုးစိုးသူ | သောကြာနေ့၊ သြဂုတ်လ ၀၉ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၅၃ မိနစ်
ပြည်တွင်းတွင်ဖြစ်ပွားနေသော လယ်ယာမြေပြဿနာများနှင့် ပတ်သက်၍
အစိုးရမှအမြန်ဆုံးဖြေရှင်းပေး ရန်နှင့် တောင်သူလယ်သမားများအား
တရားစွဲဆောင်ရွက်မှုများကို ဖြေရှင်းပေးရန်အတွက် တောင်ငူမြို့ လယ်သမားအရေး
ဆောင်ရွက်နေသူများက တိုင်းနှင့် ပြည်နယ် ၁၄ ခုသို့ လမ်းလျှောက် ဆန္ဒဖော်ထုတ်
မည်ဖြစ်ကြောင်း သြဂုတ် ၇ ရက်က ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။
ယင်းသို့လမ်းလျှောက်ခြင်းမှာ တိုင်းနှင့်ပြည်နယ်၁၄ခုမှ လယ်သိမ်းခံ တောင်သူလယ်သမားများနှင့် လယ်ယာမြေ
ပြန်လည်ရရှိရန် တောင်းဆိုသည့်အတွက် တရားစွဲဆိုခံထားရသူများ
ပြန်လည်လွတ်မြောက်ရန်အတွက် လမ်းလျှောက် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်သည်ဟုလည်း
လမ်းလျှောက်ရာတွင်ပါဝင်သူ တောင်ငူမြို့ဒေသခံ ဦးခင်ဇော်က ဆိုသည်။
ယင်းသို့ လမ်းလျှောက်ခြင်းနှင့် ပတ်သက်ပြီး ဦးခင်ဇော်က
“ပြည်သူ့လွှတ်တော်မှာ ဗိုလ်ချူပ်ဝေလွင်က တပ်မတော်မှ
အကြောင်းအမျိုးမျိုးကြောင့် သိမ်းထားတဲ့ လယ်မြေတွေကို ပြန်ပေးမယ် ပြောတယ်။
လယ် ပြန်မရဘူး လယ်သမားတွေကို ပြန်ပြီး တရားစွဲတာတွေပဲ ခံနေကြရတယ်။
ဒါကြောင့် အပြောသာရှိပြီး အလုပ်မရှိတဲ့အတွက် တိုင်းနှင့်ပြည်နယ် ၁၄ ခုကို
လမ်းလျှောက်ရခြင်းဖြစ်တယ်” ဟု ပြောသည်။
ယင်းသို့ လမ်းလျှောက်ရာတွင် ပထမဆုံးအကြိမ်အဖြစ် တောင်ငူမှ ကချင်ပြည်နယ် လိုင်ဇာသို့ လမ်းလျှောက်မည်
ဖြစ်ပြီး တစ်လခန့်ကြာမည်ဟု ၎င်းတို့က ခန့်မှန်းထားသည်။ ဒုတိယတစ်ကြိမ်တွင်
တောင်ငူမှ တနင်္သာရီ တိုင်းဒေသကြီး တစ်လျှောက် လမ်းလျှောက်မည်ဖြစ်ပြီး
တတိယအကြိမ်တွင် တောင်ငူမှ က ရင်ပြည်နယ်ဘက်သို့
လျှောက်မည်ဖြစ်သည်။ တစ်ကြိမ်လမ်းလျှောက်ပြီးလျှင် တောင်ငူသို့ ကားဖြင့်ပြန်၍ တစ်ပတ်ခန့် နားမည်ဟုလည်း ၎င်းတို့ထံမှ သိရသည်။
လမ်းလျှောက်ရာတွင် ပါဝင်မည့်သူများမှာ လယ်သမားအရေး ဆောင်ရွက်ပေးနေသူ တောင်ငူဒေသခံ ၁၀ ဦး၊
ရေတာရှည်မြို့နယ်မှ နှစ်ဦး၊ အုတ်တွင်းမြို့မှ နှစ်ဦးနှင့်
ဘုန်းတော်ကြီးတစ်ပါး အပါအ၀င် စုစုပေါင်း၁၅ ဦးဖြစ်သည်။ လမ်းလျှောက်ရာတွင်
တိုင်းနှင့် ပြည်နယ် ၁၄ ခုသို့ သုံးလခန့် အချိန်ပေးပြီး ဆန္ဒဖော်ထုတ်
လမ်းလျှောက် သွားမည်
ဖြစ်သည်ဟု လမ်းလျှောက်ရာတွင် ပါဝင်သူ
တောင်ငူမြို့မှ NLD ပါတီဝင်တစ်ဦးက ရှင်းပြသည်။ ယင်းသို့ ဆန္ဒဖော်ထုတ်
လမ်းလျှောက်ခြင်းကို သြဂုတ် ၁၃ ရက်တွင် စတင်မည် ဖြစ်သည်။
NLD
ပါတီဝင်တစ်ဦးက “တောင်ငူ - နေပြည်တော် - မိထ်္ထီလာ - စစ်ကိုင်း - မုံရွာကနေ
လိုင်ဇာအထိ လမ်းလျှောက် မှာပါ။ ကျွန်တော်တို့အဖွဲ့တွေနဲ့ ပူးပေါင်းပြီး
လယ်ယာမြေပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ အတွက် လမ်းလျှောက် ချင်တဲ့
လူတွေကိုလည်း ဖိတ်ခေါ်ပါတယ်”ဟု ပြောသည်။
လမ်းလျှောက်မည့်သူများသည်
ကျန်းမာရေးအတွက် တစ်နိုင် ဆေးဝါးများကိုသာ သယ်ဆောင်သွားမည် ဖြစ်ပြီး
အခြားမည်သည့် ကျန်းမာရေးစောင့်ရှောက်မှုကိုမှ စီစဉ်ထားခြင်းမရှိဟုလည်း
ဆိုသည်။
အစီအစဉ်ကို တိုင်းဒေသကြီး ၀န်ကြီးချူပ်နှင့် နိုင်ငံတော်သမ္မတထံသို့ ယခုလ ၅ ရက်တွင် တင်ပြတောင်းဆိုခဲ့ပြီး
ဖြစ်သည်။
ဇန်န၀ါရီလ ၂၁ ရက်ကလည်း ရန်ကုန်မှ လိုင်ဇာသို့ ငြိမ်းချမ်းရေးအတွက် လူငယ်များ လမ်းလျှောက်ခဲ့ဖူးသည်။
No comments:
Post a Comment