မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ဦးခေါင်းဒဏ်ရာများဖြင့် အမျိုးသားအလောင်းတွေ့
ပခုက္ကူ၊ ဇူလိုင်
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် မြင်းချိုင့်ကျေးရွာ မြောက်ဘက်ယာခင်း
အတွင်း ဦးခေါင်းတွင် ရိုက်နှက်ခံထားရသော ဒဏ်ရာများဖြင့် သေဆုံးနေသည့်
အမည်မသိ အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိထားကြောင်း ပခုက္ကူမြို့နယ်
မြို့မရဲစခန်းထံမှ သိရသည်။
အဆိုပါသေဆုံးသူ အမည်မသိ အမျိုးသားသည် ဦးခေါင်းတွင် ရိုက်နှက်ခံထားရသော
ဒဏ်ရာများ ရရှိထားပြီး အသက် ၃၅ နှစ်ခန့် အရွယ်ရှိကြောင်း ၎င်း၏လက်ယာလက်ဖျံတွင်
ဇွဲနှင့်သော်စာလုံးကို ဆေးမင်ကြောင်အနက် ထိုးထားကြောင်း ပခုက္ကူမြို့
မြို့မရဲစခန်းမှူး ဦးအောင်မြင့်နိုင်က ပြောကြားသည်။
သေဆုံးသူကို
ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့်က မြင်းချိုင့်ကျေးရွာရှိ
ဦးညီလွင်ပိုင်သည့် ယာခင်း၏ အရှေ့ဘက် လေးဖာလုံခန့် အကွာတွင်
တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး
ဦးကျော်နိုင်က ပြောကြားသည်။
လက်ရှိ ယင်းသေဆုံးသူ အလောင်းကို
ပခုက္ကူမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးလျက်ရှိပြီး ပခုက္ကူမြို့
မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ် ၇/၁၃ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက်
ရှိကြောင်း အဆိုပါ မြို့မရဲစခန်းမှူး ဦးအောင်မြင့်နိုင်က ပြောကြားသည်။
No comments:
Post a Comment