Thursday, August 1, 2013

ပုပ္ပါးက ဇော်ဂျီတွေ ဆေးကြိတ်တဲ့ ကျောက်ပြင်တဲ့။



ဒဏ္ဍာရီထဲက နတ်ဆေးမြစ်တွေ ကြိတ်တဲ့နေရာပေါ့။အဲဒီမှာ နံ့သာသွေးပြီး လိမ်းရင် ရောဂါဘယကင်းတယ်တဲ့။အချို့လဲ တကယ်ရောဂါတွေပျောက်တယ်ဆိုပြီး မဂ္ဂဇင်းတွေထဲမှာ လဲတွေ့ရပါတယ်။
ဒါတွေက အခုအချိန်မှာတော့ ရိုးရာလို့ပဲပြော၇မလား ယဉ်ကျေးမှုလို့ပဲ ပြောရမလား။အချို့နိုင်ငံခြားသားတွေတောင် နံ့သာသွေးပြီး ဘူးတွေနဲ့ယူနေကြတာလဲတွေ့ရပါတယ်။ဂျာမနီက လာတဲ့ ခရီးသွားတစ်ယောက်ဆို သုံးဘူးတောင်သွေးပြီးယူပါတယ်။နေပူပူထဲမှာ ဘာလို့သွေးနေတာလဲမေးတော့ သူ့သူငယ်ချင်းက မြန်မာပြည်က ဒီလိုသွေးလာတဲ့နံ့သာကို လိမ်းတာ နာတာရှည်ရောဂါတစ်ခုပျောက်သွားတယ်တဲ့။သူ့ကိုလဲ မြန်မာပြည်သွားရင် သွေးပြီးယူခဲ့ပါဆိုလို့ ယူတာပါတဲ့။မြန်မာနိုင်ငံမှာ ဒီလို သိပ္ပံနည်းနဲ့ ရှင်းမပြနိုင်တဲ့ အ၇ာတွေ အများကြီး ရှိနေပြီး အချို့လှို့ဝှက်ချက်တွေဆို နိုင်ငံခြားသားတွေကတောင်ပို သိနေပြီး နိုင်ငံခြားမှာနာမည်ကြီးနေကြပါတယ်တဲ့။
အများကြီးရှိပါသေးတယ်. . .

မောင်စိုင်း
(ကနောင်)

No comments: