Thursday, August 1, 2013

ကိုးတောင်ပြည့်စေတီ ဖောက်ထွင်းခံရမှုဖြစ်


ပုသိမ်၊ ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ငွေဆောင်မြို့နယ်ခွဲ ညောင်အုပ်ကျေး ရွာရှိ ကိုးတောင်ပြည့် စေတီတွင် ဇူလိုင်လ ၂၇ ရက်နေ့က တောင်ဘက် ပန်းတင်ခုံကို ဖောက်ထွင်း၍ ခိုးယူမှု ဖြစ်ပွားကြောင်း စေတီဂေါပက အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ဖောက်ထွင်းမှုမှာ ပန်းတင်ခုံကို ဖြိုဖျက်ပြီး စေတီကို အပေါက်ဖောက်ခြင်းဖြစ်ကာ ပိန္နဲတိုင် (ခေါင်းပိတ်သံလုံး) ပျောက် ဆုံးနေကြောင်း ငွေဆောင် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

အခြားမည်သည့်ပစ္စည်းများ ပျောက်ဆုံးနေသည်ကို မသိရှိသေးဘဲ သံသယရှိသူ ညောင်အုပ်ကျေးရွာမှ အသက် ၂၀ အရွယ်ရှိ မျိုးလှိုင်သန်းနှင့် အသက် ၁၅ နှစ်အရွယ် ဘိုလင်းထွန်းတို့ကို ဖမ်းဆီး စစ်ဆေးနေကြောင်း ငွေဆောင် ရဲတပ်ဖွဲ့စခန်းမှူးက ပြောကြားသည်။

အဆိုပါ ကိုးတောင်ပြည့်စေတီမှာ ညောင်အုပ်ဘုန်းကြီးကျောင်း အရှေ့ဘက် ကိုက် ၅၀၀ ခန့်အကွာ စမ်းတောင်ပေါ်တွင် တည်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

No comments: