------------------------------
မြန်မာနိုင်ငံနှင့် ပြင်သစ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏ မြင့်တက်လာပြီး ၂၀၁၃ ခုနှစ် ပထမ ငါးလအတွင်း မြန်မာနိုင်ငံမှ တင်ပို့မှု ပမာဏ ယူရို ၁ ဒဿမ ၅ သန်းမှ ၂၀ ဒဿမ ၄ သန်းအထိ တိုးတက်လာခဲ့ကြောင်း ဇူ လိုင်လ ၃၁ ရက်တွင် ရန်ကုန်မြို့ ပြင်သစ်သံရုံးတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ထိုကာလအတွင်း ပြင်သစ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းသည့် ပမာဏလည်း မြင့်တက်လာခဲ့ပြီး ယူရို ၂၃ ဒဿမ ၉ သန်းအထိ ရှိလာခဲ့ကြောင်း သိရသည်။ “မြန်မာနိုင်ငံနဲ့ ပြင်သစ်နိုင်ငံ ကုန်သွယ်ရေးတိုးမြှင့်သွားမှာ ပါ။ ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ဂျီအက်စ်ပီ အကျိုးခံစားခွင့်ကို ပေးဖို့အတွက် ဥရောပသမဂ္ဂကို အ မြဲတမ်း တွန်းအားပေးခဲ့ပါတယ်။ ဂျီအက်စ်ပီ အခွင့်အလမ်းအရ မြန်မာနိုင်ငံကနေပြီး အီးယူနိုင်ငံကို တင်ပို့တဲ့ ကုန် ပစ္စည်းတွေအတွက် အကောက်ခွန်ပေးစရာ မလိုတော့ပါဘူး။ ပြင်သစ်နိုင်ငံ အနေနဲ့ မြန်မာပြည်မှာ ဈေးကွက်ရရှိဖို့ နဲ့အတူ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်”ဟု ပြင်သစ်ကုန်သွယ်ရေးဝန်ကြီး Nicole Bricqက အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
လက်ရှိ ပြင်သစ်နိုင်ငံ၏ ကုန်သွယ်ရေးဝန်ကြီး ခရီးစဉ်နှင့်အတူ လုပ်ငန်း ၂၀ ကျော်တို့မှ စီးပွားရေးလုပ် ငန်းရှင်များ လိုက်ပါလာခဲ့ကြောင်း၊ ရေနံနှင့် သဘာဝကဏ္ဍတွင် အဓိက ရင်းနှီးမြှုပ်နှံနေသော Total ကုမ္ပဏီမှာ ကျေးလက်ဒေသ ပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေး အစီအစဉ်များတွင် လုပ်ပေးနေကြောင်း၊ အလားတူ ပြင် သစ်ကုမ္ပဏီများ အနေဖြင့် အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ရေသန့်စင်ခြင်း လုပ် ငန်းများ လုပ်ကိုင်ခွင့်ရရန် ကြိုးစားဆောင်ရွက်နေကြောင်း ပြောကြားသည်။
No comments:
Post a Comment