Friday, August 9, 2013

ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသာ အကြောင်းသတင်းများနှင့် ပတ်သက်ပြီး ဘင်္ဂလီများဘက်မှ ထိုသို့ ဖြစ်လာရခြင်း အကြောင်းအရင်းများအားသုံးသပ်ချက်



သြဂုတ်လ ၉ ရက်နေ့အတွင်း စစ်တွေမြို့နယ် ဘ င်္ဂလီဒုက္ခသည် စခန်းတွင်ဖြစ်ပွားခဲ့သော ကိစ္စရပ်သည် ကင်တားနားလာမည် ဆိုသည့်သတင်းကြောင့်ဖြစ်ပေါ်လာခဲ
့ရခြင်းဖြစ်ပြီး ယင်းသို့ဖြစ်ပွားစဉ် Human Right အဖွဲ့ ယင်းနေရာသို့ ရောက်ရှိနေ ခြင်းအပေါ်သံသယ ဖြစ်စရာအကြောင်းအရာတစ်ခုလည်းဖြစ်ပါသည်။

ရဲလုပ်ထုံးလုပ်နည်းအရ အလောင်းအား စစ်ဆေးခြင်းအပေါ်မကျေနပ်စရာအကြော င်းမရှိသည့်အပြင်ရဲများအား သတ်ပုတ် ထိုးနှက် ခြင်းများပြုလုပ်ခဲ့ရုံသာမကရဲကင်းတစ်ခုနှင့် နစက အခြေချနေထိုင်ခဲ့သော တဲအိမ် ၄ လုံးကိုပါ မီးရှို့ခဲ့ခြင်းအား အဆိုပါHuman Right အဖွဲ့မှ မည်သို့မျှပြောဆိုခြင်းမရှိဘဲဘင်္ဂလီများနှင့်တွေ့ဆုံကာ ကယ်ဆယ်ရေးစခန်းများတွင် စစ်တပ်များချထားပေးရန် တောင်းဆိုခဲ့ပါသည်။

ထိုသို့တောင်းဆိုမှုသည် ဘင်္ဂလီများ၏ တောင်းဆိုမှု ဟုတ်မဟုတ်ကိုမသိရှိရပေ။

သို့သော်လည်း ဘင်္ဂလီများသည် ကြိုတင်စီမံချက်များဖြင့် ဘောဒူဖကယ်ဆယ်ရေးစခန်းနှင့် အုန်းတောကြီးကယ်ဆယ်ရေးစခန်းအကြား ကားများသွားလာ၍မရအောင် ၃ ပေအထိနက်သော ကျင်းများကို တူးခြင်း၊ ဆူငြှေင့် များထောင်ထားခြင်း၊သစ်ပင်ကြီးများအား ကားလမ်းတွင် ချထားခြင်းများအားပြုလုပ်ခဲ့ သည်မှာ နောက်ကွယ်က ကြိုးကိုင်သူများက အစီစဉ်တကျခိုင်းစေနေခြင်းများအပြင် ဘင်္ဂလီများရှိရာ ကယ်ဆယ်ရေးစခန်းများတွင်လည်း ဒုတိယ ကြိုးကိုင်သူများရှိနေကြောင်းသုံးသပ် မိပါသည်။

အုန်းတောကြီးနှင့်ဘောဒူဖကယ်ဆယ်ရေး စခန်းများတွင်ပြဿများဖြစ်ပေါ်နေသော်လည်း ရထားလမ်းတစ်ခုသာခြားသည့် သက်ကယ်ပြင်ကယ်ဆယ်ရေးစခန်းများမှ ဘင်္ဂလီများသည် ယနေ့အခါတွင် တံခါးပိတ် အိပ်နေကြသည်မှာ လည်းထူးခြားသော လက္ခဏာ တစ်ရပ်ဖြစ်ကြောင်းသုံး သပ်မိပါသည်။

ယခု လေးယောက်သေဆုံးကြောင်းသိရသည်မှာ လည်းစစ်တပ်နှင့်ရဲက ပစ်ခတ်ခြင်းဖြင့်သေဆုံးခြင်းမဟုတ်ဘဲဘင်္ဂလီအချင်း အချင်း စကားများရာတွင် ခိုက်ရန်ဖြစ်ပွားပြီးသေဆုံးခြင်း သာဖြစ်ကြောင်း လည်းဘောဒူဖ ကယ်ဆယ်ရေးစခန်းတွင်ရောက်ရှိနေသာ ဘင်္ဂလီ တစ်ဦးဖြစ်သူအဒူရှုကူမှပြောကြားခဲ့ပါသည်။

အလားတူယင်ခင်လည်းမြောက်ဦးမြို့နယ် ပရိန်ကျေးရွာတွင်လည်းအချင်းချင်းသတ် ဖြတ်ပြီး သေဆုံးသည်ကို စစ်သားများက သေနတ်ပစ်သည်ဟု စွပ်စွဲခဲ့သည့်သာဓကလည်း ရှိခဲ့ပါသည်။

အဆိုပါ ပရိန်ကိစ္စဖြစ်စဉ်နောက်ပိုင်းတွင ဘင်္ဂလီတို့၏လီဆယ်လုပ်ရပ်များအတိုင်း ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ကင်တားနားကထိုကိစ္စကို စုံစမ်းဖော်ထုတ်ပေးရန် မြန်မာအစိုးရကိုတိုက်တွန်းခဲ့သည်များလည်းသဓက ရှိခဲ့သည်မှာ ငြင်းနိုင်စရာ မရှိပေ။

ယခု ဘင်္ဂလီအချင်းချင်းပြဿနာဖြစ်ပြီး လေးဦးသေဆုံးသောကိစ္စမှာလည်းသြဂုတ်လ ၁၁ ရက်နေ့တွင်ရောက်ရှိမည့် ကင်တားနားအပေါ် အားကိုးပြီးပြုလုပ်ခြင်းဖြစ်နိုင်ကြောင်းလည်းသုံးသပ်မိပါသည်။

ထို့အပြင်ခရိုင်မှူးနှင့်မြို့နယ်မှူးများ အုန်းတောကြီးကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေခိုက်တွင် စခန်းနှစ်ခုကြားတွင်ရှိသော တံတားငယ်များနှင့် လမ်းများအားဖျက်ဆီးခြင်းများအားပြုလုပ်ခြင်းမှာလည်းအစီစဉ်တကျ ပြုလုပ်ခြင်းဖြစ်ကြောင်း ထင်းရှားနေပါသည်။

ရခိုင်ပြည်နယ်အတွင်းရှိဘင်္ဂလီများသည် ပြည်ပအားကိုးပုဆိန်ရိုးဆိုသည့်စကားအတိုင်း နိုင်ငံခြားအဖွဲ့အစည်းများအားအားကိုးမှုများ ရယူကာ ထိုသို့ပြုလုပ်နေခြင်းများနှင့် ကယ်ဆယ်ရေးစခန်းများတွင်ခေါင်းဆောင်များ ရှိနေခြင်းကြောင်းထိုသို့ဖြစ်ရသည်ဟုလည်းသုံးသပ် မိပါသည်။

ယနေ့ဖြစ်စဉ်တွင် ဘောဒူဖ ကယ်ဆယ်ရေးစခန်းတွင် အလံများထောင်ခြင်းနှင့် ရိုဟင်ဂျာဟု အော်ဟစ်ကြွေးကြော်ခြင်းသည်နိုင်ငံတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များအပေါ်စိန်ခေါ်လိုက်ခြင်း သာဖြစ်ကြောင်း လည်းသုံးသပ်မိပါသည်။

Human Right အဖွဲ့သည့်ယနေ့အခင်းဖြစ်ပွားရာ သို့ရောက်ရှိပြီးဘင်္ဂလီခေါင်းဆောင်များနှင့်တွေ့ဆုံစကားပြောဆိုကာ အစိုးရမကောင်းကြောင်း၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမကောင်းကြောင်းနှင့် ရခိုင်မကောင်းကြောင်းကိုနောက်နေ့များ တွင် ကမ္ဘာအနှံ့ကြေငြာချက်ထုတ်ပြန်လိမ့်မည်မှာ မုချဧကန်ဖြစ်ပါလိမ့်မည်။

(မယုံလျှင် စောင့်ကြည့်လိုက်ပါ)။ အဘယ်ကြောင့်ဆိုသော် အဆိုပါHuman Rightအဖွဲ့သည်သူများမကောင်းကြောင်းကိုပြောဆို ရန်နှင့် တရားမ၀င်ဘင်္ဂလီများအားနိုင်ငံသားအဖြစ် ပြုလုပ်လိုခြင်းများကြောင့်သာဖြစ်ကြောင်းလည်း သုံးသပ်မိပါသည်။

နောက်ဆုံးအနေဖြင့်ပြောရလျင် ယနေ့ဘင်္ဂလီ ၎
ဦးသေဆုံးသည်ဆိုသောကိစ္စမှာလည်းလုပ်ဇာတ်သာဖြစ်ကြောင်းသိရှိရ ပါသည်။

RSV

No comments: