Sunday, December 5, 2010
 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
သုတေသနနှင့်လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၂၀/၂၀၁၀)
မတရားမှုနဲ့ မသမာမှုကို သရဖူဆောင်းပေးနေတယ်
(၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်)
ကြံ့ဖံွ့ပါတီကတော့ လုပ်ချလိုက်ပြန်ပြီ။
အများအားဖြင့် သတင်းစာမှာ “ကြော်ငြာ”တွေ ထည့်လေ့ရှိတ့ေဲ နရာမှာ “ပြည်သူ့သို့ကျေးဇူးတင်လွှာ” ဆိုတာကို ဒီဇင်ဘာ
၅ ရက်နေ့ထုတ် သတင်းစာကနေ “ကြေညာ”လိုက်ပါတယ်။
(နအဖ)စစ်အစိုးရနဲ့ ကြံ့ဖံွ့ပါတီကတော့ အတိုငအ် ဖောက်ကို ညီနေတာပါပဲ။
ဗိုလ်သန်းရွှေက အမျိုးသားနေ့သဝဏ်လွှာကနေ “မှန်မှန်ကန်ကန် ကျင်းပပေးပြီးဖြစ်ပေသည်” လို့ မီးစိမ်းပြလိုက်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ အခန်း(၃) ပုဒ်မ ၉ပုဒ်မခွဲ(က)(ခ)(ဂ)မှာလည်း “ကော်မရှင်၏ ဆုံးဖြတ်ချက်
နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် ဖြစ်စေရမည်” လို့ ပြဋ္ဌာန်းထားပါတယ်။
(က) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊
(ခ) ရွေးကောက်ပွဲ ခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊
(ဂ) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ဆောင်ရွက်ချက်များ၊
ဒီတော့ ကြံ့ဖံွ့ပါတီက ဒီလုမိ ဏ္ဍပ်တိုင် တက်ပြတာ ဘာမျှမဆန်းပါဘူး။
ဒါပေမယ့် ဒီကိစ္စက မဏ္ဍပ်တိုင်တက်ပြတ့သဲ ဘောမျှ မကပါဘူး။ တရားဝင်သဘော/ ချည်ပြီးတုပ်ပြီး ဖြစ်အောင်
လုပ်လိုက်တဲ့ သဘောလည်းဖြစ်ပါတယ်။
သူတို့အနိုင်ရတဲ့ ကိန်းဂဏန်းတွေကို အတည်ပြုလိုက်တ့သဲ ဘော/ ရွေးကောက်ပွဲ မသမာမှုတွေ/ မတရားမှုတွေကို
သရဖူဆောင်းပေးပြီး အောင်ပွဲခံလိုက်တ့သဲ ဘောဖြစ်ပါတယ်။
ရေွး ကောက်ပွဲ မသမာမှုတွေ/ မတရားမှုတွေန့ဲ ပတ်သက်ပြီး ကန့်ကွက်မယ်ဆိုတဲ့ သူတွေကို စိန်ခေါ်လိုက်တာလဲ ဖြစ်ပါ
တယ်။ ရွေးကောက်ပွဲ ကျင်းပပုံနဲ့ ပတ်သက်ပြီး “စိုးရိမ်တယ်”လို့ ကော်မရှင်ကို ပြောဆိုခ့တဲ့ဲ ဗီဂျေးနမ်မီးယားကိုလည်း တုန့်ပြန်လိုက်
တာဖြစ်ပါတယ်။
“စုစုပေါင်း လွှတ်တောကိုယ်စားလှယ်နေရာ (၁၁၅၄)အနက် (၈၈၂)နေရာ အနိုင်ရခ့သဲ ည်”ဟု ဖေါ်ပြထားတာနဲ့ ပတ်
သက်ပြီး ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြဲ့ကတဲ့ အခြားသောနိုင်ငံရေးပါတီတွေက ဒီလိုပဲ ငြိမ်ခံနေကြမလား။
“တောင်ငူမဲဆန္ဒနယ် (၁)မှာ မဲပေးနိုင်သူ ရာခိုင်နှုန်း (၁၀၂ ဒသမ ၅)ရှိတယ်”လို့ ဖေါ်ပြခဲ့တာ၊ ရွေးကောက်ပွဲ မကျင်းပပဲ
ပယ်ဖျက်ထားတဲ့ မဆဲ န္ဒနယ်တွေဖြစ်တဲ့ “ကချင်ပြည်နယ်၊ အင်ဂျန်းယန် မြို့နယ်၊ မဲဆန္ဒနယ်၊ အမှတ်(၂)နဲ့ ဆွမ်ပရာဘမ်ွမြို့နယ်
မဲဆန္ဒနယ်အမှတ်(၂)”တို့မှာ ကြံ့ဖံွ့ပါတီက အနိုင်ရတယ်လို့ ကြေညာခ့တဲ့ဲ မတရားမှုတွေ၊ လိုသလောက်ရရှိနေတဲ့ “ကြိုတင်မဲ
မသမာမှု”တွေ၊ အုပ်ချုပ်ရေးပိုင်းနဲ့ ကော်မရှင်အဆင့်ဆင့်က တစ်ဖက်သတ် အနိုင်ကျင့်မှုတွေကို ဖော်ထုတ်ဖွင့်ချ တိုက်ပွဲဝင်ဖို့
လိုအပ်ပါတယ်။
မတရားတာလည်း သိတယ်/ ကြိုတင်မဲတွေနဲ့ အနိုင်ယူသွားတာလည်း သိတယ်။ ဒါပေမယ့် ကျပ်ငွေ ၁၀ သိန်းတင်ရမယ်
ဆိုတော့ ငွေမတတ်နိုင်လို့ တရားမစွဲနိုင်ဘူး။ ပိုပြီးအခရာကျတာက ကော်မရှင်အဆင့်ဆင့်ရဲ့ မသမာမှုကို အဲဒီကော်မရှင် အဆင့်
ဆင်က့ ပဲ ခုံဖွဲ့စစ်ဆေးမှာဆိုတော့ အဖြေရလဒ်က ဒီပုတ်ထဲကဒီပဲ ဖြစ်မှာဆိုတဲ့ (NDF)ပါတီက ရှုံးနိမ့်သွားတဲ့ ရှေ့နေတစ်ဦး
ပြောသလို အခြေအနေမျိုး ဖြစ်ပါတယ်။
မတရားတာကို သိတယ်။ အဲဒီမတရားတာကို အရေးယူဆောင်ရွက်လို့ မရဘူး။ အဲဒီမတရားမှုတွေကို စစ်အစိုးရ
ကိုယ်တိုင်က အကွက်ချ စီမံခ့တဲာဖြစ်တယ်ဆိုတာ ဖေါ်ထုတ်ဖွင့်ချနေရုနံ့ေဲ တာ့ မလုံလောက်တော့ဘူးဆိုတာတော့ အားလုံးရဲ့
ကိုယ်တွေ့ အတေ့အွ ကြုံနဲ့ ဘဝပေးအသိ ဖြစ်လာနေပါပြီ။
ရွေးကောက်ပွဲကျင်းပပြီးနောက် ရက်ပေါင်း(၉၀)အတွင်းမှာ လွှတ်တော်ကို ဘယ်သူက ခေါ်ရမယ်ဆိုတာကို ဖွ့စဲ ည်းပုံ
အခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၁၂၃ နဲ့ ၁၂၄ (က)မှာဖေါ်ပြထားတယ်။ ရက်ပေါင်း (၉၀)က လာမယ့် ဖေဖေါ်ဝါရီ (၇) ရကဆို ရင်
ပြည့်မှာပါ။
မတရားတာကို မတရားဘူးလို့ ထုတ်ဖေါ်ပြောဆိုရမယ်။
ဒါပေမယ့် အခုရောက်ရှိနေတဲ့ အခြေအနေက မတရားဘူးလို့ ထုတ်ဖေါ်ပြောဆိုနေတဲ့ အဆင့်မှာတင် ရပ်တန့်နေလို့
မရတော့ပါဘူး။
မတရားမှုတွေ/ မသမာမှုတေကွို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ရမယ်ဆိုတဲ့ အဆင့်ကို တက်လှမ်းကြရ ပါလိမ့်
မယ်။
တစ်ခေတ်တစ်ခါက “လာမယ့်ဘေးပြေးတေ့လွို့” ရဲရဲလှုံ့ဆော်ခြဲ့ကတယ်။ ပြတ်ပြတ်သားသား တိုက်ပဝွဲ င်ခြဲ့ကတယ်။
ဒါကြောင့် လွတ်လပ်ရေး ရခဲ့ပါတယ်။
ယခုခေတ်မှာ လာနေတဲ့ ဘေးအန္တရယ်က (နအဖ)စစ်အစိုးရကိုယ်တိုင် ကွပ်ကဲစီမံဖန်တီးလုပ်ဆောင်နေတဲ့ မတရားမှုနဲ့
မသမာမှုတွေသာဖြစ်ပါတယ်။
Saturday, December 4, 2010
အက်ရာနှင့်အိုးကလေး
အီးမေးမှ သည်ဆောင်းပါးကို ရရှိခြင်းဖြစ်သည်။ ဤပညာပေးဆောင်းပါးရေးသူကို အထူးကျေးဇူးတင်ပါသည်။
တစ်ခါက ရေထမ်းသမား တစ်ဦးမှာ ရေအိုး နှစ်လုံးရှိသတဲ့။ ရေထမ်းသမားက အဲ့ဒီ
ရေအိုး နှစ်လုံးကို ထမ်းပိုး တစ်ဘက်တစ်ချက် ဆီမှာ ချိတ်ဆွဲပြီး
ရေထမ်းထွက်လေ့ ရှိတယ်။ ရေအိုး တစ်လုံးမှာ အက်ရာရှိနေပြီး ရေတွေ စိမ့်ကျ
ကျန်နေရစ်ခဲ့လို့ အဲ့ဒီ အိုးကလေးက ဘယ်တော့မှ ရေအပြည့်
သယ်မပေးနိုင်ရှာဘူး။ ကျန်တဲ့ အိုးတစ်လုံးကတော့ အပြစ် အနာအဆာ လုံးဝ
ကင်းရှင်းနေတဲ့အတွက် ရေကို အိုးအပြည့် သယ်ပေးနိုင်တာပေါ့။
အလွန်ဝေးတဲ့ ခရီး အတိုင်း ရေထမ်းသမား ရေထမ်းပြီး ပြန်လာတိုင်း အက်ရာနဲ့
အိုးကလေးထဲက ရေဟာ အိုး တစ်ဝက်လောက်ပဲ ကျန်နေခဲ့ပြီး ကျန်တဲ့ တစ်ဝက်က အမြဲ
လမ်းမှာ ယိုစိမ့် ကျန်နေရစ်ခဲ့တယ်။ နေ့စဉ်နေ့တိုင်းမှာ ရေ တစ်ခေါက်
သယ်တိုင်း အိုးနှစ်လုံးစာ အပြည့် ဘယ်တော့မှ မရဘဲ ရေ တစ်အိုးနဲ့
တစ်ဝက်စာပဲ အမြဲ ရတာပေါ့။
ဒီလိုနဲ့ ရေထမ်းသမားက ရေ သယ်လာလိုက်တာ
နှစ်နှစ်တောင် ကြာလို့ နေခဲ့ပြီ။ အကောင်းပကတိ အတိုင်း ရှိနေတဲ့ အိုးကတော့
အမြဲ ရေအပြည့် သယ်ပေးနိုင်တဲ့ အတွက် သူ့ရဲ့ အပြစ်ကင်းမှု အပေါ်
ဂုဏ်ယူဝမ်းမြောက် နေတယ်။ အက်ရာနဲ့ အိုးကလေး ခမျာမှာတော့ သူ့ရဲ့ အပြစ်
အနာအဆာကြောင့် ရေထမ်းသမား ပင်ပန်းရကြိုး မနပ် ဖြစ်နေတာကို တွေးတွေးပြီး
ရှက်လို့ မဆုံး၊ ဝမ်းနည်းလို့ မဆုံး ဖြစ်နေရတယ်။ ရေထမ်းသမားက ရေအပြည့်
အမြဲ ဖြည့်ပြီး သယ်ခဲ့ပေမဲ့ သူက ရေကို တစ်ဝက်လောက်ပဲ အိမ်အရောက်
သယ်ပေးနိုင်ခဲ့တာကိုး။
အဲ့ဒီလို ခါးသီးတဲ့ ရှုံးနိမ့်မှု၊ သိမ်ငယ်မှုတွေကို နှစ်နှစ်လောက် ခါးစည်း
ခံခဲ့ပြီးတဲ့နောက်တော့ အက်ရာနဲ့ အိုးကလေး ဟာ ဆက်ပြီး သည်းမခံ
နိုင်တော့ဘူး။ တစ်နေ့တော့ မြစ်ဘေးနားမှာ ရေခပ် နေတဲ့ ရေထမ်းသမားကို
ဖွင့်ပြောလိုက်တယ်။
ကျွန်တော့်ရဲ့ အပြစ် အနာအဆာ အတွက် ခွင့်လွှတ် ပေးပါ ခင်ဗျာ။ ကျွန်တော့်မှာ
ရှိနေတဲ့ ဒီ အက်ရာ ကနေ ရေအမြဲ ယိုစိမ့်ပြီး ကျန်နေခဲ့လို့ သခင့်အတွက်
ရေကို အပြည့် ဘယ်တော့မှ ကျွန်တော် သယ်မပေးနိုင်ခဲ့ဘူး။ ကျွန်တော့်ရဲ့
ချို့ယွင်းချက်ကြောင့် သခင့် လုပ်အားတွေ ဆုံးရှုံးရသလို ပိုပြီးတော့လဲ
ပင်ပန်းနေရတယ်။
တာဝန်ကို ကျေပွန်အောင် မထမ်းနိုင်တဲ့ ကျွန်တော့်
အားနည်းချက်ကြောင့် သခင် ပင်ပန်းရကျိုး မနပ် ဖြစ်ရတာ စိတ်မကောင်း
ဖြစ်ရသလို အဲ့ဒီအတွက်လဲ ကိုယ့်ကိုကိုယ် ရှက်လှပါတယ်ခင်ဗျာ။
အဲ့ဒီစကားကို ကြားတော့ ရေထမ်းသမားက အက်နေတဲ့ အိုးကလေး နားလည်အောင် အခုလို
ရှင်းပြပါတယ်။
မင်းရဲ့ တစ်ခြားဘက် အခြမ်းမှာ မရှိဘဲ မင်းဘက် အခြမ်းမှာပဲ ရှိနေတဲ့
ပန်းပင်တွေကို လမ်းတစ်လျှောက်မှာ သတိ မထားမိဘူးလား။ ငါက မင်းရဲ့
အားနည်းချက်ကို သိတယ်။ ဒါကြောင့် မင်းဘက်အခြမ်းမှာ ပန်းမျိုးစေ့တွေကို
ကျဲပြီး စိုက်ခဲ့တယ်။ အိမ်အပြန် လမ်းတစ်လျှောက်လုံး မင်းဆီက ကျတဲ့ ရေတွေက
အဲ့ဒီ ပန်းမျိုးစေ့တွေကို ရှင်သန်ကြီးထွား စေခဲ့တာပေါ့။ အခုဆို အဲ့ဒီ
ပန်းပင်လေးတွေက အပွင့်တွေ ပွင့်ပေးလို့ ငါ့ အိမ်အပြန်မှာ သူတို့ကို
ခူးခဲ့ပြီး ပန်းအိုး ထိုးလို့ ရနေပြီ။ မင်းရဲ့ အက်ရာသာ မရှိခဲ့ရင်
ငါ့အိမ်ကို အခုလို ကျက်သရေရှိပြီး လှပနေအောင် ဘယ်လို အလှ ဆင်နိုင်မလဲ။
ကျွန်တော်တို့ အားလုံးမှာ အားနည်းချက် ကိုယ်စီ ရှိကြပါတယ်။ အက်ရာနဲ့
အိုးကလေး လိုပဲပေါ့။ အဲ့ဒီ ချို့ယွင်းချက်၊ အားနည်းချက၊် အပြစ်အနာအဆာ
တွေက ကျွန်တော်တို့ရဲ့ ဘဝတွေကို အလွန်တရာ စိတ်ဝင်စားဖို့ ကောင်းအောင်
ဖန်တီး ပေးသလို ကိုယ့်ဘဝရဲ့ ဆုလာဘ်တွေလဲ ဖြစ်တယ်။ ဘယ်လို လူစားမျိုးပဲ
ဖြစ်ဖြစ် ကျွန်တော်တို့က ကောင်းကွက်လေးတွေကို မြင်တတ်ဖို့ လိုပါတယ်။
အဲ့ဒီ ချို့ယွင်းချက်၊ အားနည်းချက၊် အပြစ်အနာအဆာ တွေကို မှန်မှန်ကန်ကန်
အသုံးချနိုင်အောင် တည့်ပေးလိုက်နိုင်ရင်တော့ ဒါတွေဟာ စိတ်ပျက်
အားငယ်စရာတွေ မဟုတ်တော့ဘဲ ဘဝရဲ့ ကောင်းချီးပေးမှုတွေ ဖြစ်လာမှာပါ။
နားလည်နိုင်ကြပါစေ။
phone said...
တင်ပြပုံကောင်းပါသည်၊ အိုးသည်သက်မဲ့ ဖြစ်- လူသည်သက်ရှိဖြစ်- သက်ရှိပြုမူမှု သက်မဲ့ခံရ၊ အာဏာရှိသူသည် လိုအပ်သလိုပြုမူနိုင်သော အခွင့်အလမ်းရရှိနေသည်။
Vancouver
Sat, December 4, 2010 12:22:20 PM
[8888peoplepower] http://pouktaw.blogspot.com/
...
From:
Ye Htut Soe
...
Add to Contacts
To:8888peoplepower@yahoogroups.com; wao-global@yahoogroups.com
__,_._,___
Thursday, December 2, 2010
အမျိုးသမီးများ မျက်နှာအဆိပ်ထုတ်မှု၊ပြုလုပ်လာကြ
မေစန္ဒီ
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၉၄)
ရန်ကုန်မြို့ရှိ အလှပြင်ဆိုင်များတွင် မျက်နှာအလှထိန်းသိမ်းမှု များ ကို ပိုမိုပြုလုပ်လာကြပြီး အလှပြင်ဆိုင်တစ်ခုတွင် မျက်နှာ အလှပြု ပြင်နေသည့် အမျိုးသမီးတစ်ဦးကိုတွေ့ရစဉ်။
ဓာတ်ပုံ - မြန်မာတိုင်း(မ်)
အလှအပကို မြတ်နိုးကြတဲ့ အမျိုးသမီး ထုအကြားမှာ မျက်နှာအဆိပ် ထုတ်ခြင်းက လတ်တလော ခေတ်စားနေပြီး မျက်နှာအဆိပ်ထုတ်ခြင်း ကို ပြုလုပ်သူ များလာတယ်လို့ ဒီဝန်ဆောင်မှုကို ပေး နေတဲ့ ရန်ကုန် မြို့တွင်းက အလှပြင်ဆိုင် တချို့က ပြောပါတယ်။
ပုံမှန်မျက်နှာပေါင်းတင်မယ်ဆိုရင် မျက်နှာကိုအာဟာရဖြည့်တာ၊မျက်နှာ
ဖြူအောင်ပြုလုပ်တာစတဲ့ ၀န်ဆောင်မှုတွေ ပါဝင်ပေမယ့် မျက်နှာအဆိပ် ထုတ် တာ ကတော့ မျက်နှာမှာ နှစ်ပေါင်း များစွာ ကျန်ရှိနေတဲ့ အညစ် အကြေး တွေကို သန့်စင်အောင် ပြုလုပ်ပေးတာ ပါလို့ လီလီအလှပြုပြင် ရေးမှ မန်နေဂျာ မသက်သက်လွင်က ပြောပါတယ်။
"မျက်နှာမှာ အညစ်အကြေးတွေ များတဲ့အခါ မျက်နှာအရေပြားပေါ်က ဆဲလ်တွေပျက်စီးပြီး ၀က်ခြံ၊တင်းတိပ်၊မှဲ့ခြောက်နဲ့ အမည်းစက်တွေဖြစ် လာနိုင် တယ်။ အဆိပ်ထုတ်ရင် မျက်နှာ အရေပြားပေါ်ကဆဲလ်တွေကို အသစ်ပြန်ဖြစ် အောင် လုပ်ပေးတယ်"လို့ သူကပြောပါတယ်။
အဆိပ်ထုတ်ခြင်းရဲ့အကျိုးအာနိသင် က မျက်နှာကိုကြည်လင်စေပြီး မျက်နှာ မှာ ၀က်ခြံရှိတဲ့သူတွေအတွက် ၀က်ခြံ ပျောက်ဆေးလိမ်းတဲ့ အခါမှာအရင်ထက်လျင်မြန်စွာ ပျောက်ကင်းနိုင်တယ်လို့လည်း ဆိုပါ တယ်။
ဒါပေမယ့် ၀က်ခြံရှိတဲ့အရေပြား ပိုင်ရှင်တွေအတွက် အထူးသတိထား ရမှာက အဆိပ်ထုတ်ပြီးတဲ့အခါ မြုံ နေတဲ့ ၀က်ခြံတွေက ထွက်လာတဲ့ အတွက်ပိုများလာတယ်လို့ ထင်ရပေမယ့် ဒါကအဆိပ်ထုတ်ခြင်းကြောင့် ဖြစ်တဲ့ ဆိုးကျိုးမဟုတ်ဘဲ မျက်နှာပေါ်က ၀က်ခြံတွေအားလုံး ပျောက်ကင်းဖို့ပါလို့ သူက ပြောပါတယ်။
အလှပြင်ဆိုင်တွေက မျက်နှာ အဆိပ် ထုတ်တဲ့ ၀န်ဆောင်မှုကို အပြိုင်အဆိုင် ပေးကြတဲ့နေရာမှာ တစ်ဆိုင်နဲ့တစ်ဆိုင် အသုံးပြုတဲ့ ပစ္စည်းနဲ့ နည်းလမ်းတွေ မတူဘူးလို့ မသက်သက်လွင်က ပြောပါတယ်။
"ကျွန်မတို့ဆိုင်မှာတော့ တရုတ်တိုင်း ရင်းဆေးကို သုံးပါတယ်။ ဆေးက capsule ပုံစံ အတောင့်လေးပါ။ အဲဒီဆေးတောင့်လေးကို ဖောက်ပြီး အထဲကပါလာတဲ့ခရင်မ်ကို မျက်နှာရဲ့ နေရာအနှံ့ကိုလိမ်းပေးရပါတယ်။ ပြီးရင် ကွန်ပျူတာစက်နဲ့ မျက်နှာတစ်ပြင်လုံး ကို ဖြည်းဖြည်းချင်းစီ အပိုင်းလိုက် လိမ်းသွားပါတယ်" လို့ သူက ရှင်းပြပါတယ်။
အများစုက တိုင်းရင်းဆေးနဲ့ သစ်ဥ သစ်ဖုတို့က ထုတ်လုပ်ထားတဲ့ အလှပြင် ပစ္စည်းတွေကို မျက်နှာအဆိပ်ထုတ်ရာ မှာ သုံးကြပြီး Fancy House က မသီတာကတော့သူ့ဆိုင်မှာ သဘာဝသစ်သီးတွေဖြစ်တဲ့ မန်ကျည်းသီး၊ ပျားရည်တို့ကို အခြေခံပြီးထုတ်လုပ်ထား တဲ့ Spa Products တွေကိုသုံးပြီး အဆိပ်ထုတ်တယ်လို့ ပြောပါတယ်။
အရေပြားကောင်းမွန်အောင် ဘယ် လောက်ပဲ ပစ္စည်းကောင်းသုံးသုံး အသားအရေပျက်စီးခြင်းရဲ့အကြောင်း ရင်းမှန်ကိုတော့ သိထား သင့်ပါတယ်။ အရေပြား အထူးကု ဆရာဝန် ဒေါက်တာ စိုးဝင်းဦးကတော့ မျက်နှာအသားအရေ ပျက်စီးခြင်းရဲ့ အဓိက တရားခံက နေ ရောင်ခြည်ဒဏ်ခံရခြင်းပဲလို့ ဆိုပါတယ်။
နေရောင်ခြည်ကြောင့် မျက်နှာ အရေပြားတွန့်ခြင်း၊ အကြောပြတ်ခြင်း၊ မျက်နှာမညီခြင်း၊ အမည်းစက်ထွက် ခြင်း၊ တင်းတိပ်၊ မှဲ့ခြောက် ထွက်ခြင်းတို့ ဖြစ်နိုင်ပြီး ဒါတွေမဖြစ်ရအောင် ကာကွယ်ထိန်းသိမ်းဖို့ အဓိကအခြေခံ အချက်လေးချက်ကို သိထားရမယ်လို့ သူက ပြော ပါတယ်။
“ပထမအချက်က မျက်နှာကို နေရောင်ခြည်ဒဏ် မခံရအောင် နေပြင်းတဲ့အချိန် အပြင်ထွက်တဲ့အခါ ဦးထုပ်၊ ထီး၊ မျက်မှန်ဝတ်သွား တာ၊ နေရောင်ခြည် ကာကွယ်မှုအဆင့် SPF ၁၅ ကနေ ၃၀ အတွင်း ရှိတဲ့ ကရင်မ် (ဒါမှမဟုတ်) လိမ်းဆေး အရည်လိမ်း ပြီး အကာ အကွယ် သုံးတာပေါ့။ ဒုတိယအဆင့်မှာ မျက်နှာကို ဆပ်ပြာခပ် ပျော့ပျော့နဲ့ ရိုးရိုးရေ၊ ရေအေး၊ ကြက်သီး နွေးရေတို့နဲ့ အသာအယာ ဆေးကြောသန့်စင်ပေးရမယ်။ တတိယအဆင့်ကတော့ မျက်နှာအရေပြားပေါ် က ရေအစိုဓာတ်ကို အမြဲထိန်းပေးဖို့ အဆီမပါတဲ့ oil free moisturizer လိမ်းရမယ်။စတုတ္ထအဆင့်မှာတော့ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်အားဖြည့်ပေးဖို့ ဗီတာမင်အေ၊ သစ် သီးအက်စစ် စတာတွေပါတဲ့ ညလိမ်းခရင်မ်တစ်ခုခုကို လိမ်းပေးရပါမယ်" လို့ ဒေါက်တာစိုးဝင်းဦးက ပြောပါတယ်။
အရေပြားဆေးပညာအရ အဆိပ် ထုတ်ခြင်းနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့ စမ်းသပ်မှုမျိုး ခုချိန်ထိမရှိသေးဘဲ ဒီအခြေခံအချက်လေးတွေကို ဂရုတစိုက် မှန်မှန် ပြုလုပ်ထိန်းသိမ်းသွားမယ်ဆိုရင်တော့ မျက်နှာပေါ်က အရေပြားအဟောင်းတွေ မြန်မြန်ကွာထွက် စေပြီးအရေပြား အသစ်ထွက်ခြင်း ပိုမိုမြန်ဆန်လာကာ အသားအရေကို ကြည်လင်စေတယ်လို့ ဆိုပါတယ်။
Wednesday, December 1, 2010
A War for an Egg
မစ်ရှီဂန်မှပေးသောစာ - ၃၉
အောင်ဝေး
ဒီဇင်ဘာ ၂၊ ၂၀၁၀  မျိုးဆက်သစ် လူငယ်များ -
ကျော်ကိုကို၊ ဟန်နီဦး၊ စည်သူမောင်
ဒီငြိမ်းလင်း၊ နန့်ဇိုရာဖန်း၊ ဝေနှင်းပွင့်သုန်
မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါရဲ့နော်။ ဒီတစ်ခါတော့  ကျနော်တို့ လူငယ်ဘ၀က အကြောင်းတွေနဲ့ ဒီကနေ့ လူငယ်တွေ အကြောင်း စဉ်းစား တွေးတောမိတာလေး တချို့ ခင်ဗျားကို ပြောကြည့်ချင်လာတယ်။
တစ်ခါတုန်းကတော့  ကျနော်တို့လည်း ငယ်ခဲ့ကြဖူးတာကိုး ကိုဒေါင်းရဲ့။ သမိုင်းရဲ့ သံကြိုးကွင်းဆက် သဘောတရားနဲ့ ပြောရရင်၊ အခုလက်ရှိ ကျော်ကိုကိုတို့၊ ဒီငြိမ်းလင်းတို့၊ စည်သူမောင်တို့ ၂၀၀၇ ရွှေဝါရောင် ဗကသ မျိုးဆက် မတိုင်ခင်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန်တို့ ရှစ်ဆယ့်ရှစ်-ရှစ်လေးလုံး အရေးတော်ပုံ ကျောင်း သားမျိုးဆက်၊ အဲဒီ မတိုင်ခင်က ၁၉၇၄-၇၅-၇၆ အလုပ်သမား၊ ဦးသန့်၊ ရွှေတိဂုံ၊ မိုင်းရာပြည့် စတဲ့ အရေးအခင်းတွေဆီက ကျနော်တို့ မျိုးဆက်၊ ကျနော်တို့ မတိုင်ခင်က ၁၉၆၂ ဆဲဗင်းဂျူလိုင် မျိုးဆက်၊ စတဲ့-စတဲ့ မျိုးဆက် ရေစီးကြောင်းကြီးကို ထင်ထင်ရှားရှား တွေ့ရလိမ့်မယ် ကိုဒေါင်း။
          ၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင် အရေးတော်ပုံ နောက်ပိုင်း ၇၀ ခုနှစ်တွေမှာ  တက္ကသိုလ် ရောက်လာကြတဲ့ ကျနော်တို့ မျိုးဆက်ခေတ်ဟာ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲတွေ တင်းကျမ်းပြည့်၊ လှိုင်းထန် လှုပ်ရှားခဲ့တာ လူတိုင်းအသိပါ။ ဒီမျိုးဆက်ဟာ  သမိုင်းမှာ အထိအနာဆုံး မျိုးဆက်ဖြစ်ခဲ့တယ်လို့လည်း ဆိုကြတယ် မဟုတ်လား။ ဒီမျိုးဆက်ခေတ်မှာ ကျောင်းသားတွေ အမြောက်အမြား ရာသက်ပန် ကျောင်းထုတ်ခံခဲ့ကြရတယ်။ ကျောင်းသားတွေ အများအပြား အကျဉ်းထောင်တွေထဲကို ရောက်ခဲ့ကြရတယ်။ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေး ကွပ်မျက်ခံခဲ့ရတယ်။
          အခု NLD က ခွဲထွက်ပြီး သီးခြားပါတီထောင် ရပ်တည်နေတဲ့  ကိုကြည်ဝင်း-ဦးကြည်ဝင်း ဆိုရင် ကျနော်တို့ မျိုးဆက်ထဲကပါ။ ကိုကြည်ဝင်းဟာ  ၁၉၇၄ ဒီဇင်ဘာ ဦးသန့်ဈာပန အရေးအခင်းမှာ ဦးဆောင်ခဲ့တဲ့ ထိပ်တန်း ကျောင်းသားခေါင်းဆောင် တစ်ယောက်ပါ။ ဆိုပါတော့၊ အဲဒီ ဦးသန့် အရေးအခင်းတုန်းက ကိုကြည်ဝင်းနဲ့ အတူပဲ ဦးဆောင်မှု အခန်းကဏ္ဍက ပါဝင်ခဲ့ကြတဲ့ ကိုမောင်မောင်တိတ်- ကိုတိတ်ကြီး ဆိုရင် အခု လွတ်မြောက်နယ်မြေက ABSDF ကျောင်းသား တပ်မတော်မှာ ရှိနေတယ်။ ကိုစောလှငွေ ဆိုရင် အခု ဗိုလ်မှူးကြီးစောလှငွေ အဖြစ်နဲ့ KNU ကရင် အမျိုးသား အစည်းအရုံးမှာ အတွင်းရေးမှူး ဖြစ်နေတယ်။
          ၁၉၈၈ - ရှစ်လေးလုံး အရေးတော်ပုံကြီး မတိုင်ခင်က အဲဒီ ၇၄-၇၅-၇၆ ထောင်ထွက် ကျောင်းသား ခေါင်းဆောင်တွေဟာ  မဆလ အစိုးရ ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှု UG အလုပ်တွေ ဆက်လုပ်ခဲ့ကြတယ်။ UG ပေါက်လို့ ပြန်အဖမ်းခံရတဲ့ သူတွေလည်း အဖမ်းခံရတယ်။
          ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်လာတဲ့ အခါ အဲဒီ ၇၄-၇၅-၇၆ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းတွေဟာ မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်တွေ ဖြစ်လာကြတဲ့  မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန်တို့ကို အနီးကပ် ၀ိုင်းရံပေးခဲ့ကြတယ်။
          ဆိုပါတော့၊ ၁၉၈၈ခုနှစ်၊ သြဂုတ်လ၂၇ရက်၊ ရန်ကုန်တက္ကသိုလ်၊ ဆဲဗင်းဂျူလိုင်ရင်ပြင်မှာ  ကျင်းပတဲ့  ကိုမင်းကိုနိုင်တို့ရဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ ပြန်လည် ဖွဲ့စည်းတဲ့ အခမ်းအနားမှာ  မိန့်ခွန်းပြောသူ တစ်ဦးကတော့  ဘိုကလေးဦးလှရွှေပါ။ သူဟာ ၁၉၆၂ ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင် ဗကသ - တကသ ကျောင်းသားခေါင်းဆောင် ကိုလှရွှေပေါ့။
          ကိုဒေါင်းကြီး၊ မျိုးဆက်ဆိုတာ သမိုင်းသံကြိုးကွင်းဆက် သဘောတရားအတိုင်း အဲဒီလို မျိုးဆက် တစ်ခုနဲ့တစ်ခု ခိုင်ခိုင်မာမာ ချိတ်ဆက် သယ်ဆောင်သွားခဲ့ကြတာပါ။ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ် ကတည်းက နီရဲချွန်မြခဲ့တဲ့ ခွပ်ဒေါင်းအစဉ်အလာဟာ  ဒီကနေ့အချိန်အထိ ရာဇ၀င် အဆက်ဆက် ထက်မြက် ရှင်သန်နေဆဲပဲ မဟုတ်လား ကိုဒေါင်း။
          အရင်တုန်းက ၇၀ ခုနှစ်တွေမှာ တက္ကသိုလ် ရောက်လာကြတဲ့ ကျနော်တို့ ၇၄-၇၅-၇၆ တိုက်ပွဲဝင် မျိုးဆက်ဟာ အထိအနာဆုံးလို့ အထင် ရောက်ခဲ့ကြဖူးတယ်။ အခုတော့ ဒီအထင်ဟာ မှားသွားပြီ ကိုဒေါင်း။ ကျနော်တို့နောက် မျိုးဆက်တွေကမှ ကျနော်တို့ထက် ပိုပြီး အထိနာခဲ့တယ် ဆိုတာ ဒီကနေ့ တွေ့နေရပြီ မဟုတ်လား ကိုဒေါင်း။
          ကိုမင်းကိုနိုင်တို့မျိုးဆက်ဟာ  ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးသွားတဲ့ အချိန်တုန်းကလည်း အကျဉ်းထောင် အသီးသီးမှာ  နှစ်ပေါင်း ၂၀ လောက်စီ နေခဲ့ကြရတယ်။ သူတို့ ပထမ တစ်ကြိမ် ထောင်ကပြန်လွတ်လာပြီး သိပ်မကြာလိုက်ဘူး၊ နောက်တစ်ခါ ဒုတိယအကြိမ်အနေနဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကြီး မတိုင်ခင်မှာ သူတို့ အားလုံး ပြန်အဖမ်းခံရပြီး၊ အခု နယ်ဝေးထောင်တွေထဲမှာ အနှစ် ၆၀ ကျော် ၇၀ အကျဉ်းကျခံနေရပြန်ပြီ။
          သူတို့မျိုးဆက်လောက် အထိနာတဲ့ မျိုးဆက် မြန်မာပြည်မှာ ရှိနိုင်ပါဦးမလား ကိုဒေါင်းရယ်။ ဒီလိုပဲ သူတို့ ကိုမင်းကိုနိုင်တို့ မျိုးဆက်နောက်မှာ ပေါ်ထွန်းလာတဲ့  ဗကသ မျိုးဆက်သစ်တွေ ဖြစ်ကြတဲ့  ကျော်ကိုကိုတို့၊ ဒီငြိမ်းလင်းတို့၊ စည်သူမောင်တို့၊ ဟန်နီဦးတို့ ဆိုရင်လည်း အခုအချိန်မှာ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ နယ်ဝေး အကျဉ်းထောင် အသီးသီးမှာ ရောက်နေတာပဲ  မဟုတ်လား။
          တံတားအောက်မှာ  မြစ်ရေတွေ စီးဆင်းသွားခဲ့ကြပြီ ကိုဒေါင်း။ မျိုးဆက်တွေလည်း တစ်ဆက်ကနေ တစ်ဆက် လက်ဆင့်ကမ်းလို့ မပြီးဆုံးသေးတဲ့ စစ်အာဏာရှင် ဖြုတ်ချရေး တိုက်ပွဲကို ဆက်လက် ဆင်နွှဲနေကြတုန်းပါ။ မျိုးဆက်ဟောင်းတွေ အကျဉ်းထောင်ထဲရောက်၊ အဝေးရောက် ဖြစ်နေတဲ့ အချိန်မှာ၊ မျိုးဆက်သစ်တွေက ပြည်တွင်းမှာ၊ ပြည်ပမှာ ရဲရဲရင့်ရင့် ပေါက်ဖွားလာနေကြတုန်းပါ။
          လူငယ်ဆိုတာ အသက်ငယ်တိုင်းကို လူငယ် ခေါ်တာ မဟုတ်ဘူး။ မျိုးဆက်သစ်ရဲ့ အဓိပ္ပာယ်ဟာ  တော်လှန်တဲ့ သမိုင်းအစဉ်အလာကို ဆက်ခံနိုင်စွမ်းရှိတဲ့ လူငယ်တွေကိုပဲ ဆိုလိုတာပါ။ လူက ငယ်ပေမဲ့ သမိုင်းသိစိတ်မရှိဘူး၊ တော်လှန်တိုးတက်တဲ့ အရိပ်လက္ခဏာ မတွေ့ဘူး၊ ပိုဆိုးတာက ဖောက်ပြန်တဲ့ အင်အားစုဘက်မှာလည်း ရောက်နေမယ်ဆိုရင် အဲဒီလိုလူငယ်မျိုးကိုတော့  မျိုးဆက်သစ်လို့ လုံးဝ မခေါ်ထိုက်ပါဘူး။
          အခုအချိန်မှာ  ရဲရဲတောက် တိုက်ပွဲဝင်နေတဲ့  ပြည်တွင်းက NLD လူငယ်တွေဟာ  မျိုးဆက်သစ်ရဲ့ အကောင်းဆုံး ပြယုဂ်ပါပဲ။ ကျဆုံးသွားတဲ့ တိုင်းရင်းသားခေါင်းဆောင် ဖထီးပဒိုမန်းရှာရဲ့ သမီး နန့်ဇိုရာဖန်း၊ အထိန်းသိမ်းခံနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုမြအေးရဲ့ သမီး မဝေနှင်းပွင့်သုန်၊ သူတို့လို လူငယ်တွေဟာလည်း ဒီနေ့ခေတ်ရဲ့ အကောင်းဆုံးမျိုးဆက်သစ် ပြယုဂ်တွေပါပဲ။
          လူငယ်အားလုံးကို လေးစားယုံကြည်လျက်-
အောင်ဝေး
အောက်တိုဘာ ၁၂-၂၀၁၀။
မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese
အလံသစ် သီချင်းလေးပါ..: တို့ပြည်ထောင်စု အလံတော်သည်.. ဗိုလ်ချုပ်ကြီးများ ယတြာကုန်ပြီ. ပြည်သူ့အစိုးရလာပါမည်.. အဖွဲ့ချုပ် အစိုးရဖွဲ့ပါမည်.
23 Oct 10, 04:08
အလံသစ် သီချင်းလေးပါ..: တို့ပြည်ထောင်စု အလံတော်သည်.. ဗိုလ်ချုပ်ကြီးများ ပျာကုန်ပြီ. လေမုန်တိုင်းလည်း လာပါပြီ.. ကြံ့ဖွတ် ဖနှောင့်ပေါက် ပြေးပါမည်..
23 Oct 10, 04:05
အလံသစ် သီချင်းလေးပါ..: တို့ပြည်ထောင်စု အလံတော်သည်.. ယတြာရူးများ အကြံကုန်ပြီ.. လေမုန်တိုင်းလည်း လာပါပြီ.. ရွေးကောက်ပွဲလည်း ပျက်ပါမည်..
23 Oct 10, 04:02
အလံသစ် သီချင်းလေးပါ..: တို့ပြည်ထောင်စု အလံတော်သည်..ဘုရင်ရှုးရဲ့ ယတြာပါသည်.. ဆင်ဖြူကြီးလည်း လာပါပြီ ရွေးကောက်ပွဲလည်း ပျက်ပါမည်..
23 Oct 10, 04:00
အလံသစ် သီချင်းလေးပါ..: တို့ပြည်ထောင်စု အလံတော်သည်.. ကြိုင်ကြိုင်ပေးတဲ့ ယတြာပါသည်.. အီသီယိုးပီယားက လာပါသည်.. စစ်ခွေးမျိုးဆက် အတွက် ဖြစ်ပါသည်..
လူထုတိုက်ပွဲသို့ ကြွေးကြော်သံချပ်များ အမျိုးသားရေးတာဝန်
အမျိုးကိုထိတော့ မချိအောင်နာ
လူထုခေါင်းဆောင်ကို ထိတော့
တတိုင်းပြည်လုံးအနာပေါ်ဒုတ်ကျ
ဆူဝေနေတဲ့ ငါဒို့.. သွေးတွေ
ပွက်ပွက် အန်ကျတယ်
နအဖဆိုတာ နွားအဖွဲ့
အဲဒီ နွားအဖွဲ့ဟာ
ပြည်သူကို သတ်နေပြီ..
အဲဒီ နအဖ ဆိုတဲ့ နွားအဖွဲ့ဟာ
သံဃာကို သတ်
သာသနာကို ဖျက်ဆီးနေပြီ..
အဲဒီ နအဖ ဆိုတဲ့ နွားအဖွဲ့ဟာ
ခေါင်းဆောင်ကိုထောင်သွင်း
လူထုကို နှိပ်စက် ညှဉ်းပမ်းနေပြီ..
အဲဒီ နအဖ ဆိုတဲ့ နွားအဖွဲ့ဟာ
တိုင်းပြည်ကို ချောက်ထဲပို့
အနာဂတ်ကို မီးရှို့နေပြီ..
ဗိုလ်ချုပ်မှူးကြီးဆိုတဲ့
ဂြိုလ်ကုပ်ဒူးကြီး
ငသန်းရွှေဟာ
စစ်ရာဇ၀တ်ကောင်
ပြည်သူ့ချဉ်ဖတ်
သေချင်းဆိုးနဲ့ သေမဲ့ ကောင်
အဲဒီ ငသန်းရွှေဟာ.. ရန်သူနံပါတ်တစ်
အဲဒီ ငသန်းရွှေဟာ.. ဟစ်တလာ
အဲဒီ ငသန်းရွှေဟာ.. ပိုပေါစ့်
အဲဒီ ငသန်းရွှေဟာ.. လူယုတ်မာ
အဲဒီ ငသန်းရွှေဟာ.. ဖက်ဆစ်စစ်မိစ္ဆာ
နားလာကိုက်လို့
ပါးပြန်ရိုက်တာ
မင်္ဂလာတရားတော်နဲ့ ညီတယ်
သူငယ်ချင်းတို့..
ကိုက်ဖို့လာတဲ့ ခွေးကို
ဒုတ်နဲ့ ပြန်မရိုက်ရင်
ခွေးကိုက်တာ ခံရလိမ့်မယ်
ရရာလက်နက်ကိုဆွဲ
ခွေးမျိုးပြုတ်အောင်
ခွေးမျိုးကိုဖြုတ်ပစ်ရမယ်
“သပိတ်.. သပိတ်.. မှောက်မှောက်”
“မီးတုတ်.. မီးတုတ်.. ရို့ ရို့”
သန်းရွှေ.. သန်းရွှေ
သေစမ်း.. သေစမ်း
“ဒေါ်အောင်ဆန်းစုကြည်.. သက်တော်ရာကျော်ရှည်ပါစေ”
“နအဖ နွားအဖွဲ့ ကျဆုံးပါစေ”
“တတိုင်းပြည်လုံးအုံကြွ.. နအဖ ပြုတ်ကျ”
“ရရင်ရ.. မရရင် ချ..”
ငြိမ်းချမ်းအောင်
(တစ်ပိုဒ်ကို နှစ်ခေါက်ဆိုပါ)
သပိတ်စုံ သူပုန်ထ
တောရော မြို့ပါ တော်လှန်ကြ
နအဖ နွားအဖွဲ့ ပြုတ်ကာကျ။
ခေါင်းဆောင်ကို ကယ်ထုတ်ဖို့
စစ်အကျဉ်းထောင်ကို မီးတင်ရို့။
ဂြိုလ်ကုပ်ဒူးကြီး ငသန်းရွှေ
သေချင်းဆိုးနဲ့ သေပါစေ။
ခွေးဝဲစားတို့ ခွေးကြံကြံ
ပတ္တမြားမှန်ရင် နွံမနစ်ဘူး။
ဒီတစ်ပွဲမှ သွေးမရဲရင်
ခွေးဆွဲတာ ခံရကိန်းပဲ။
မြန်မာပြည်ကြီး တိုးတက်တယ်ဆို
မနက်စာ ညစာ နပ်မမှန်ဘူး။
မြန်မာပြည်ကြီး တိုးတက်တယ်ဆို
မီးမလာဘူး၊ ရေမလာဘူး။
လူထုခေါင်းဆောင်က ရှေ့ကချီ
တို့တိုင်းပြည်သူ ပါဝင်ပူးပေါင်း။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး
ပြည်သူတွေမှာ တက်တက်ကြွကြွ။
ငရဲလားမဲ့ ငသန်းရွှေ
မသေခင်မှာ ရိက္ခာယူထား။
ဗိုလ်ချုပ်ရူးကြီး ငသန်းရွှေ
နင့်မိသားစုပါ ငရဲပြည်ခေါ်သွား။
ငသန်းရွှေသမီး သန္တာရွှေ
ကလေးမွေးတာ လင်ကောင်မပေါ်ဘူး။
သမိုင်းရေးမဲ့ ပြည်သူတွေ
နအဖကို တွန်းလှန်တိုက်ထုတ်။
လူသတ်သမား ငသန်းရွှေ
ICC ကိုပို့လိုက် ပို့လိုက်။
အမျိုးယုတ်တဲ့ ငသန်းရွှေ
ငရဲပြည်ကို get out, get out
တပ်မတော်သားနဲ့ ရဲဝန်ထမ်းတွေ
ထမင်းရှင်ဟာ သန်းရွှေမဟုတ်ဘူး။
ထမင်းကျွေးတဲ့ ပြည်သူကို
ခွေးဝဲစားတောင် ပြန်မကိုက်ဘူး။
ကမ္ဘာကျော်သူခိုးကြီး ငသန်းရွှေ
နန်းတော်အိမ်ကြီးမှာနေ။
ဗိုလ်ချုပ်တွေ တိုက်ဆောက်
ပြည်သူတွေ ဗိုက်မှောက်။
ဒို့ဗိုလ်ချုပ်က မှာခဲ့တယ်
ရရင်ရ, မရရင်ချ။
တပ်မတော်ဖခင် အစစ်အမှန်ဟာ
ဗိုလ်ချုပ်အောင်ဆန်းပါ
ငသန်းရွှေဟာ မျိုးမစစ်
ငရဲပြည်ကို ပို့ပစ် ပို့ပစ်။
လယ်သမားကြီး ဦးဖိုးသာအောင်
စပါးစိုက်လို့ တိုင်းကျိုးဆောင်
ငသန်းရွှေဟာ ဆန်ကုန်မြေလေး
ပြည်သူကို ညှဉ်းဆဲသေး။
တပ်နဲ့ ပြည်သူ လက်တွဲကူ
စစ်အာဏာရူးကို တွန်းလှန်တိုက်ထုတ်။
သံချပ်ထိုးသူ ငြိမ်းချမ်းအောင်
Christian Solidarity Worldwide and Burmese Rohingya Organisation UK
For Immediate Release
30 September 2010
US CONGRESS CALLS ON BURMESE REGIME TO RECOGNISE ROHINGYAS AS “FULL AND EQUAL” CITIZENS OF BURMA
US Congressman Christopher Smith has today introduced a resolution in the House of Representatives calling on Burma’s military regime to immediately recognize the Rohingya people “as full and equal citizens of Burma”, and to lift all restrictions on movement, marriage and access to education. The resolution also calls for an end to the regime’s campaign of religious and ethnic persecution “amounting to crimes against humanity throughout Burma”.
Congressman Smith met Maung Tun Khin, President of the Burmese Rohingya Organisation UK (BROUK), earlier this year, during a visit to Washington DC organized by Christian Solidarity Worldwide (CSW). Speaking about today’s resolution, Congressman Smith said, “This legislation underscores the plight and human rights abuses endured by the Rohingyas with the hope and expectation that the light of scrutiny will result in new actions by the many governments that can and should provide assistance and refuge to the Rohingyas. It is an international call to action to alleviate their suffering and persecution in every way that we can.”
In addition to highlighting the suffering of the Rohingyas in Burma, the resolution urges the government of Bangladesh to address “the dire humanitarian conditions and food insecurity in the makeshift camps” along its border with Burma, in co-operation with the United Nations High Commissioner for Refugees (UNHCR), and to “desist from forcing unregistered Rohingya to return to Burma”. It also highlights the situation of Rohingyas in Saudi Arabia, and urges the Kingdom of Saudi Arabia to allow Rohingyas “access to education and livelihoods”.
Addressing Burma’s crimes against humanity, the resolution urges the United States Government to “proactively support” the recommendation by the UN Special Rapporteur for Human Rights in Burma for the establishment of a UN Commission of Inquiry.
Maung Tun Khin, President of BROUK, said, “This is an extremely important resolution, not only for the Rohingya people but for all the people of Burma. We are in full support of the call for a UN Commission of Inquiry to investigate crimes against humanity committed by the regime against its people, and we are grateful to Congressman Smith for his support.”
CSW’s East Asia Team Leader Benedict Rogers said, “We are delighted that Congressman Smith has introduced this very important resolution, which is the first time the plight of the Rohingyas has been given such attention. We hope that the regime in Burma will sit up, listen, end the cruel and dehumanizing treatment of the Rohingya people and restore their citizenship. We hope the Bangladeshi government will take action to improve the plight of Rohingya refugees, and that the United States will make the Rohingyas’ situation a priority.”
For further information or to arrange interviews please contact Kiri Kankhwende, Press Officer at Christian Solidarity Worldwide on +44 (0)20 8329 0045 / +44 (0) 78 2332 9663, email kiri@csw.org.uk or visit www.csw.org.uk. To interview BROUK please contact Maung Tun Khin on +44-7888-714866
CSW is a human rights organisation which specialises in religious freedom, works on behalf of those persecuted for their Christian beliefs and promotes religious liberty for all.
ENDS
__________ Information from ESET NOD32 Antivirus, version of virus signature database 5493 (20100930) __________
The message was checked by ESET NOD32 Antivirus.
http://www.eset.com
__________ Information from ESET NOD32 Antivirus, version of virus signature database 5493 (20100930) __________
The message was checked by ESET NOD32 Antivirus.
http://www.eset.com
Strategic Questions by Moethee Zun
မဟာဗျူဟာမြောက် လူထုလှုပ်ရှားမှုကြီးအတွက် ပြင်ဆင်ချက်မေးခွန်းမျာ
ထိပ်တန်းသတင်း
မြန်မာရွေးကောက်ပွဲ ဟီလာရီ ကလင်တန် ပြင်းပြင်းထန်ထန် ဝေဖန်
စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီ အခြေခံတွေ ကင်းမဲ့နေတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြစ်တင် ပြောဆိုလိုက်ပါတယ်။
ရွေးကောက်ပွဲပြီးမှ ဒေါ်စုကို လွှတ်မယ်ဆိုတာ သူရဲဘောကြောင်တဲ့ လုပ်ရပ်
ဒေါ်စုကို ရွေးကောက်ပွဲပြီးမှ လွှတ်မယ်ဆိုတာကို အမေရိကန်က အပြင်းအထန် ဝေဖန်လိုက်ပါတယ်။
ဧ၀ရက်တောင်ထိပ်မှာ အင်တာနက် သုံးလို့ရပြီ
တောင်တက်သူတွေ အနေနဲ့ ဧ၀ရက်တောင်ပေါ်ကနေ Tweeter လူမှုကွန်ယက် စာမျက်နှာပေါ်ကတဆင့် ဆက်သွယ် စကားပြောနိုင်တော့မယ်လို့ သိရပါတယ်။
ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာ တရုတ်တည်ဆောက်
တရုတ်နိုင်ငံဟာ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာကို တည်ဆောက်လိုက်ပြီလို့ ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။
ရွေးကောက်ပွဲအပြီး ဒေါ်စုကို ပြန်လွှတ်မည်
နေအိမ်အကျယ်ချုပ် လွတ်ရက်စေ့တော့မယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ဖမ်းဆီးထားဖို့ အကြောင်းမရှိဘူးလို့ အာဆီယံက ပြောဆိုလိုက်ပါတယ်။
သမ္မတသစ် လျာထားပြီး၊ ကြံ့ဖွံ့ပါတီ ပြော
အနာဂတ် သမ္မတလောင်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ရည်ရွယ်ထားပြီးသား ဖြစ်တယ်လို့ ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးက ပြောပါတယ်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ မြန်မာ့အရေး အာဆီယံ ခေါင်းဆောင်တွေ ဦးစားပေး ဆွေးနွေး
အာဆီယံ ခေါင်းဆောင်တွေရဲ့ ၃ ရက်ကြာ ထိပ်သီးအစည်းအဝေးကို ဒီနေ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ စတင် ကျင်းပပါတယ်။
ဂီရိမုန်တိုင်းဒဏ်ခံ မြေပုံမြို့မှာ အကူအညီတွေ လိုအပ်နေဆဲ
ဂီရိမုန်တိုင်းဒဏ်ကို အဆိုးဆုံး ခံခဲ့ရတဲ့ မြေပုံမြို့နယ်မှာ အခုချိန်ထိအောင် မုန်တိုင်းဒုက္ခသည်တွေ နေစရာ အလုံအလောက် မရှိဘဲ ဖြစ်နေကြပါတယ်။
အင်ဒိုနီးရှား မြေငလျင် သေဆုံးသူဦးရေ တိုး
အင်ဒိုနီးရှားမှာ ငလျင်နဲ့ ဆူနာမီ ပင်လယ်ရေလှိုင်း ဒဏ်တွေကြောင့် သေဆုံးသူ ၃၄၃ ယောက် ရှိသွားပြီဖြစ်ပြီး နောက်ထပ် ထပ်တိုးလာဖွယ် ရှိပါတယ်။
အာရှခရီးစဉ်အတွင်း မြန်မာ့အရေး အိုဘားမား ဆွေးနွေးဖွယ်ရှိ
သမ္မတ အိုဘားမားဟာ ရှေ့လထဲ အာရှခရီး ထွက်ဖို့ရှိပြီး ခရီးစဉ်အတွင်း မြန်မာနိုင်ငံကိစ္စ ဆွေးနွေးဖွယ် ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဆက်ရန်
ယနေ့ တောင်ဒဂုံမြို့နယ်မှာ အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်များအား အာဏာပိုင်များမှ တားဆီးပိတ်ပင်နေပုံ သတင်း၊ ဓာတ်ပုံ.....
ယနေ့တောင်ဒဂုံမှာ ပြုလုပ်တဲ့ မြို့နယ်အဖွဲ့ချုပ် သက်ကြီးပူဇော်ပွဲ အခမ်းအနား..
အာဏာပိုင်များမှ တားဆီးနှောင့်ယှက်နေပုံ အမှန်တရားအတွက် ရင်ဆိုင်မယ့် အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင်တွေပါ.
I Vote လုပ်တဲ့သူများအား ဘေးမဲ့ပေးပြီး No Voteများအား တားဆီးနှောင့်ယှက်နေသည့်.. အာဏာပိုင်ဆိုသူများ..
ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် အမေစုစိတ်ဓာတ် ပြည်သူ့အတွက်
အဖွဲ့ချုပ်လူငယ်တွေရဲ့ မကြောက်တရားနဲ့ ရင်ဆိုင်နေပုံ..
အထက်ကအမိန့်ဟူသမျှ မမှန်ကန်လည်း နာခံကြ..
ဥပဒေရဲ့အထက်မှာ မည်သူမျှမရှိစေရ .. ငါတို့ပဲရှိတယ်...။
မကြောက်တရားကို လက်ကိုင်ပြုရင်း အဓမ္မကို ဓမ္မနဲ့ ဥပဒေဘောင် အတွင်းက ငြိမ်းချမ်းတဲ့နည်းနဲ့ ရင်ဆိုင် တော်လှန်နေတဲ့ ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင် တွေအား လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်..။
ဒီမိုဝေယံ..။
ပေးပို့ပေးတဲ့ ညီနှင့် အရှင်ထာဝရအား ကျေးဇူးတင်ပါသည်..။
တန်ခိုး
ယမထာ   /   ၂၇ အောက်တိုဘာ ၂၀၁၀
အစွမ်းတို့ တန်ခိုးတို့ဆိုတာ အလိုလိုရောက်လာ ရလာတာမျိုးမှမဟုတ်ဘဲ။ သင့်တော်တဲ့ စနစ်ကျတဲ့ နည်းနာတွေ၊ ထောက်ကူပစ္စည်းတွေ၊ နေရာဒေသတွေ၊ အချိန်ကာလတွေ၊ ဂါထာမန္တာန်တွေ၊ ဆေးဝါး အင်းအိုင်တွေ၊ ဟိုဟာ ဒီဟာတွေ မျိုးပေါင်းစုံနဲ့ မနေမနား ဇွဲကြီးကြီးအားထုတ်ကြိုးစားပါမှ ရနိုင်တာမျိုး။ လွယ်မှတ်လို့။
သင်္ချိုင်း ကိုးသင်္ချိုင်း၊ (၁၈) သင်္ချိုင်း၊ (၂၇) သင်္ချိုင်းမှာ ညပေါင်း (၉၉) ညတိတိ တညမပျက် ဆက်တိုက်ကြိုးစားအားထုတ်ရတာ ရှိတယ်။
အုန်းပွဲ၊ ငှက်ပျောပွဲ၊ လက်ဖက်ပွဲ၊ ထန်းလျက်ပွဲ၊ ဆေးဖယောင်းတိုင်၊ အင်း-စမ ဖယောင်းတိုင်တွေ သက်စေ့ထွန်းပြီး လူသူမနီးတဲ့ ကွင်းခေါင်ခေါင်ကြီးမှာ စည်းတွေတား၊ ဆန်မန်းပေါက်ပေါက်တွေကြဲ၊ ဇွဲနပဲနဲ့ လုံးပန်းလုပ်ကိုင်ရတာမျိုးလည်းရှိတယ်။
လပြည့်လကွယ် ညတွေရဲ့ သန်းခေါင်ယံအချိန်ရောက်ရင် ထမီစောက်ထိုးခြုံ၊ ဆံပင်ဖားလျားချ၊ ခွေးတိုးပေါက်ကနေ ဦးခေါင်းချည်းပြေးထွက်သွားပြီး လမ်းဘေးအမှိုက်ပုံ၊ ချေးအမှိုက်ပုံ၊ သားသတ်ရုံအမှိုက်ပုံတွေကအစ ယင်မလုံအိမ်သာတွေအဆုံး အနှံ့အပြားခြေဆန့် (အဲ…ခေါင်းဆန့်) ရင်း အယုတ်အပတ်၊ အပုပ်အစပ်၊ အနံအဟောင်တွေကို တ၀တပြဲ ပလုပ်ပလောင်းဝါးပြီး တန်ခိုးအစွမ်းတွေ ရရှိတိုးများအောင် လုပ်ရတာတွေလည်း ရှိပြန်တယ်။
တချို့ကျတော့ ကြက်သွေး၊ ၀က်သွေး၊ ဘဲသွေး၊ ဆိတ်သွေး၊ ခွေးလေခွေးလွင့်သွေးကအစ လူသွေးအဆုံး မျှော့တွေကျွတ်တွေလို မတရားသဖြင့် စုပ်ယူသောက်မျိုတဲ့အပြင် သွေးနဲ့မျက်နှာသစ်၊ သွေးနဲ့ခြေလက်ဆေးကြော၊ သွေးကို ခြေဆုံးခေါင်းဆုံးလိမ်းကျံပြီး ဧရာမတန်ခိုးအစွမ်းတွေရအောင် လုပ်ကြပါသတဲ့။ အသုံးပြုတဲ့ သွေးက လတ်ဆတ်လေ အောင်မြင်လေဆိုပဲ။
“အတုမြင်-အတတ်သင်”ဆိုတဲ့ စကားအတိုင်းပေါ့။ ရှေးရှေးသွားလေသူ အောက်လမ်းက အယုတ်တမာတန်ခိုးရှင်ကြီးတွေလို အံ့မခန်းတန်ခိုးဣိဒ္ဓိပတ်တွေ ငမ်းငမ်းတက်လိုချင်နေတဲ့ ဠင်းတအိုကြီးတကောင်ရှိတယ်။ အရပ်အခေါ်နဲ့တော့ “လဒအိုကြီး” ပေါ့လေ။
အဲဒီလဒအိုကြီးမှာ နောက်လိုက်ကောင်းတွေလည်း ရှိတာမို့ တပည့်မိုက်တွေ အားကိုးပြီး ဘယ်သတ္တ၀ါမှ လိုက်မမီနိုင်တဲ့ မဟာအစွမ်းတန်ခိုးတွေရအောင် မနေမနား ကျင့်ကြံအားထုတ်ပါတော့တယ်။
ဒီလဒအိုကြီး အသုံးပြုတဲ့နည်းက နှစ်နည်းပါ။ ပထမနည်းက လပြည့်လကွယ် ညသန်းခေါင်တွေမှာ စံရာနန်းကနေ ဦးခေါင်းချည်းပဲ ပျံထွက်ပြီး အပုပ်အစပ်-အယုတ်အပတ်တွေကို တ၀တပြဲစားသောက်တဲ့နည်း။
ဒုတိယနည်းက အရှင်လတ်လတ်တိရစ္ဆာန်တွေရဲ့ သွေးပေါင်းစုံအပါအ၀င် လူသားသွေး၊ ကျောင်းသားသွေး၊ တိုင်းရင်းသားသွေး၊ သံဃာသွေးတွေကို အားရပါးရသောက်မျို၊ ခြေအစ ခေါင်းအဆုံး တဗွမ်းဗွမ်းလောင်းချိုးတဲ့ နည်းပဲဖြစ်ပါတယ်။
ဟုတ်ကဲ့၊ ဒီလိုနဲ့ နောက်ဆုံးမှာ သာမန်လဒအိုကြီးဟာ ပြိုင်ဘက်ကင်းတဲ့ အစွမ်းတန်ခိုးတွေကို လက်ဝယ်ပိုင်ပိုင် ရရှိသွားပါတော့တယ်။
မဟာတန်ခိုးရှင်ဖြစ်လာချိန်ကစလို့ နောက်လိုက်လဒတသိုက်ဟာ လဒအိုကြီးကို အရင်ကခေါ်သလို “ဘလဒ”လို့ မခေါ်ကြတော့ဘဲ အထွတ်အမြတ်ပြုပြီး “လဒမှူးကြီး” လို့ ဂုဏ်တင်ခေါ်ဝေါ်ခဲ့ကြပါရောလား။
တန်ခိုးရှင်စစ်စစ်ဖြစ်လာတဲ့ “လဒမှူးကြီး” ရဲ့ တန်ခိုးအစွမ်းကလည်း တကယ့်အံ့မခန်းပါဘဲ။ စောစောလေးတင် ခွေးသေကောင်ပုပ်ပေါ်ခွထိုင်ပြီး ပွဲတော်တည်နေတဲ့ “လဒမှူးကြီး”ဟာ ချက်ချင်းလက်ငင်း ဖြုန်းခနဲပျောက်သွားပြီး အနံ့အသက်တောင်မကျန်ခဲ့ဘူး။ နောက်မြီးဆွဲ လဒတသိုက်ခမျာ ဘယ်လိုက်ရှာလို့ ရှာရမှန်းမသိဖြစ်ကုန်ကြတာပေါ့။ ဒီတော့…
“လဒမှူးကြီးခင်ဗျာ… သားတော်တို့ကို မကျီစားပါနဲ့၊ ကိုယ်ထင်ပြတော်မူပါ။”
ဒီမှာတင် မလှမ်းမကမ်း လယ်ပြင်ပတ်ကြားအက်ဆီက အသံလေးတသံ ကြားလိုက်ကြရပါတယ်။
“ငါ ဒီမှာဟေ့… အခုနွားချေးပိုးဖြစ်နေပြီကွ…” တဲ့။ ဟုတ်လိုက်လေ။ အပေါ်ရေတင်းနေတဲ့ နွားချေးပုံပေါ်မှာ မဲမဲလုံးလုံး နွားချေးပိုးတကောင် ပါးစပ်အဖြဲသားနဲ့။
တပည့်တသိုက်က အားရ၀မ်းသာဝိုင်းအော်လိုက်ကြတယ်။
“ဟေး… ဒို့ နွားချေးပိုးမှူးကြီးကွ…”
အော်သံတောင် မဆုံးလိုက်ဘူး။ နွားချေးပုံပေါ်မှာ ဟာလာဟင်းလင်း။
မောင်မင်းကြီးသားက ထပ်ပြီးတန်ခိုးအစွမ်းပြလိုက်ပြန်ပြီလေ။
အကြောင်းသိသွားတဲ့ တပည့်တွေက ပြုံးပြုံး ပြုံးပြုံးနဲ့ ထပ်အော်လိုက်ကြပြန်တယ်။
“နွားချေးပိုးမှူးကြီးခင်ဗျာ… အသွင်သစ်ယူထားတဲ့ ဘ၀ကနေ အသံပေးတော်မူပါဦး”
“ဟား ဟား ငါအခု ခွေးသေကောင်ပုပ်ရဲ့ စအိုဝမှာ ဖြူဖြူဖွေးဖွေးလောက်ပဂေးကြီးဖြစ်နေပြီဟေ့”
တကယ့်ကို စွမ်းတဲ့ “လဒမှူးကြီး” ပါပဲလားလို့ ရင်သပ်ရှုမောအံ့သြ၀မ်းမြောက်စွာ ကောင်းချီးပေးလိုက်ကြတာက…
“လောက်မှူးကြီး သက်တော်ရာကျော်ရှည်ပါစေ…”
တန်ခိုးအစွမ်းတွေ တပုံတပင်ရထားပြီဖြစ်တဲ့ လဒမှူးကြီးခေါ် နွားချေးပိုးမှူးကြီးခေါ် လောက်မှူးကြီးဟာ အခါအခွင့်သင့်တိုင်း ဘ၀မျိုးစုံကို အသွင်ယူဖန်ဆင်းရင်း ပျော်မဆုံးမော်မဆုံး။
တမနက်မှာတော့ လဒမှူးကြီးခေါ်….လောက်မှူးကြီးဟာ ထုံးစံအတိုင်း ပျောက်သွားခဲ့ပြန်လေပြီ။ ထုံးစံအတိုင်းပျောက်သွားတော့ တပည့်တွေကလည်း ထုံးစံအတိုင်း အော်ကြပြန်တာပေါ့။
“တန်ခိုးရှင်ကြီးခင်ဗျား…ရောက်ရာဘ၀ကနေ အသံပြုတော်မူပါ” လို့ သုံးကြိမ်သုံးလီ လက်အုပ်ချီအသနားခံကြတဲ့အခါ
ဟိုး… မြေကြီးအောက်ဘက် အတော်နက်နက် ဝေးဝေးလံလံဆီက ပဲ့တင်ထပ်လာတဲ့ အသံညှင်းညှင်းတသံကို ကြားရပါတယ်။
“ဟေး… ငါအခု အ၀ီစိက ငရဲအိုးကြီးအောက်ခြေမှာ ငရဲချိုးကပ်ကောင်ဖြစ်နေပြီ… အောင်မယ်လေး…ကယ်တော်မူကြပါဗျို့။”
MOETHIHAAUNG
မင်္ဂလာပြည့်တဲ့ နံနက်ခင်း
Monday, November 15, 2010 
မင်္ဂလာပြည့်တဲ့ ၂၀၁၀ နံနက်ခင်း     
မျှော်လင့်ချက်ရောင်ခြည်ကိုနမ်းဖို့ 
“စု” လာရာလမ်းဆီမှန်း စုလာကြတဲ့ ပြည်သူ 
ပုရွက်အုံပမာ အရွယ်(၃)ပါးနဲ့ အတူ 
I love SU တဲ့ 
ရင်တွင်းချစ်ခြင်းပြည့်လျှံ 
ရင်ဘတ်ပေါ်လည်း “စု နှင့်အတူ ” 
စာတမ်းတူနဲ့  တူညီဝတ်ဆင် 
ကျန်းမာစေကြောင်း ဟစ်အော်သံတွေ 
မင်္ဂလာအပြည့်ဝဆုံး မနက်ခင်းလေးပါ။  
သူမဟာ ကိုကျော်သူလက်ရာပန်းချီထဲက 
ဥပမာပြု ပစ်တိုင်းထောင်ဖြစ်တယ်။ 
သူမဟာ ကိုမျိုး ပုံရိပ်ပြသလို 
ပန်းပန်လျှက် ဗေဒါပင်ဖြစ်တယ်။ 
သူမဟာ အိုဘာမား ချီးကျူးသလို 
ငါတို့ အားလုံးရဲ့ သူရဲကောင်းဖြစ်တယ်။ 
သူမဟာ ပြည်တွင်း တွင်မက 
ပြည်ပရောက် နိုင်ငံမဲ့တွေအတွက် 
အလင်း ခွန်အားဖြစ်တယ်။  
သူမပြောတဲ့စကား 
ပြည်သူမပါ ဘယ်အရာမှ  
ပြီးပြည့် အောင်မြင်မှာမဟုတ်တဲ့ ။  
ဒီမိုကရေစီပန်းတိုင်လမ်းကို 
အားလုံး အတူတူဖောက်ကြမယ် 
အားလုံး အတူတူခင်းကြမယ် 
အားလုံး အတူတူလျှောက်ကြမယ် 
ပြည်သူတွေကနေ 
ပြည်သူတွေအတွက် 
ပြည်သူတို့ ရဲ့  ဒီမိုကရေစီပုံရိပ်ကြီးတခုကို 
မြန်မာနိုင်ငံတင်မက တကမ္ဘာလုံးဆီ တိုးသွားချင်သတဲ့ ။ 
သူမကတော့ ရင်ဘတ်ကိုဖွင့် 
အားလုံးကို လက်ကမ်းကြိုဆိုလိုက်ပါပြီ။  
ကဲ ------- 
ကျနော်တို့  သူမနဲ့ အတူ 
တကယ် အလုပ်လုပ်ကြဖို့  
လက်ရုံးအားကို များများထုတ် 
ဝီရိယတွေ စိုက်ထုတ်ကြမယ် 
ဒေါ်အောင်ဆန်းစုကြည်ရဲ့  
စိတ်အင်အားများ 
ကျနော်တို့ ဆီ 
“ကူး” စေ။ 
ကျနော်တို့ ဆီ 
“ဆူး” စေ။    
မီဒီယာများမှ ကြည့်ရှုလိုက်ရသည့် မြင်ကွင်းလေးအား ခံစားရေးပါသည်။ 
ဖိုးဇီဝ (နိုဝင်ဘာ ၁၄။ ၂၀၁၀)
အမေ စစ် ဖြစ်နေချိန်တွင် ရန်သူပေးသောသစ္စာ မယုံကြည်သင့်ပါ။
Union Day
အမျိုးသားအောင်ပွဲနေ့
Posted: 30 Nov 2010 06:59 PM PST
အမျိုးသားနေ့ဆိုဟုဆိုလိုက်သည်နှင့်တပြိုင်နက် ကျွန်တော့ရင်ထဲတွင် အလိုလိုနားလည်ပြီးသားဖြစ် နေသည့်အချက်မှာ “မြန်မာကျောင်းသားထုသည် မတရားသည့်အမိန့်အာဏာ များကို တွန်းလှန်ခဲ့သည်။ ဖြိုခွင်းခဲ့သည်။ အကြမ်းမဖက်လှုပ်ရှားမှုဖြင့် တိုက်ဖျက်ခဲ့ကြသည် ” ဆိုသည့်အချက်ပင်ဖြစ်သည်။
အမျိုးသားအောင်ပွဲနေ့ဟူသည် မြန်မာလူမျိုးတိုင်း တက္ကသိုလ်ပညာကိုသင်ကြားခွင့် မရရှိနိုင်စေရန် အဖက်ဖက်မှ ကန့်သတ်ဖိနှိပ်ထား သည့် တက္ကသိုလ်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ခဲ့သည့် ကျောင်းသားထု၏ စည်းလုံးညီညွတ်မှု၊ အနစ်နာခံမှု ၊ ဇွဲ သတ္တိ၊ လုံလ၀ီရိယတို့၏အောင်မြင်ရာပြယုဂ်တစ်ခုလည်းဖြစ်ပေသည်။
ကိုလိုနီခေတ်တက္ကသိုလ်ဥပဒေ၌- -
- မြန်မာပြည်တွင် တက္ကသိုလ်တစ်ခုတည်းသာရှိရမည်။ထိုတက္ကသိုလ်လက်အောက်တွင်လည်းကောလိပ်ကျောင်း တစ်ကျောင်းတည်းသာ ရှိရမည်။
-ထိုတကျောင်းတည်းသောကောလိပ်ကျောင်းသည်လည်းရန်ကုန်မှာပင်ရှိရမည်
- ထိုကောလိပ်ကျောင်းတွင် စာသင်လိုသော ကျောင်းသူ၊ ကျောင်းသားများတို့သည် ကျောင်း အိပ်ကျောင်းစားများ အဖြစ်နေရမည်။[1]စသည့်အချက်များပါဝင်ပေသည်။
ထိုအချိန်ကမြန်မာနိုင်ငံတွင်တက္ကသိုလ်ဟူ၍မရှိသေးဘဲရန်ကုန်ကောလိပ်နှင့်ယုဒဿန်ကောလိပ်စသည့် ကောလိပ်ကျောင်း နှစ်ကျောင်း သာရှိသည်။ ယင်းကောလိပ်ကျောင်းနှစ်ကျောင်းသည်လည်း အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ်၏ အုပ်ချုပ်မှုအောက်တွင် တည်ရှိပေသည်။ ယင်းအချက်များကိုထောက်ရှုပါက အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံသားတိုင်း ပညာရည် မြင့်မားတိုးတက်လာမည်ကို စိုးရိမ်ကြောက်ရွံ့မှုကြောင့် စနစ်တကျစီမံထားသည်ကိုတွေ့ရမည်ဖြစ်သည်။ တနည်းအားဖြင့် မြန်မာနိုင်ငံသူနိုင်ငံသားများ ပညာရည်တိုး တက်မြင့်မားလာပါက၊ အသိပညာဗဟုသုတများကြွယ်ဝလာပါက အုပ်ချုပ်လျက်ရှိသည့် ကိုလိုနီအစိုးရ၏ အာဏာကိုထိပါးလာမည့် အရေးကိုကြိုတင်ကာကွယ်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံသားများအနေဖြင့် တက္ကသိုလ်ပညာရပ်များကို ဆက်လက်သင်ကြားလိုပါက နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက် ပညာသင်ကြားရပေသည်။ “ နိုင်ငံရပ်ခြားသို့ သွားရောက်ပညာသင်ကြားခြင်းကို ထိုခေတ် ထိုအခါကမဆိုထားနှင့် ယနေ့ အချိန်အခါ၌ပင်လျှင် မြန်မာနိုင်ငံသားအများစု လက်လှမ်းမမှီနိုင်သေးသည့်အခြေအနေပင်ဖြစ်သည်။”
ထို့ကြောင့် မြန်မာနိုင်ငံတွင် တက္ကသိုလ်ကျောင်းတစ်ကျောင်းထားရှိရန် မြန်မာနိုင်ငံသားများက တောင်းဆိုခဲ့ကြသည်။ ထိုသည်ကို အင်္ဂလိပ်အစိုးရအနေဖြင့် လိုက်လျောခြင်းပြုသည့်အနေဖြင့်၊ ရန်ကုန်ကောလိပ်နှင့် ယုဒဿန် ကောလိပ်တို့ကို ပေါင်း၍ ရန်ကုန်တက္ကသိုလ်အဖြစ်ထားရှိမည့်အနေဖြင့် အထက်ဖေါ်ပြပါ “ရန်ကုန်တက္ကသိုလ် ဥပဒေ” ကိုထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အင်္ဂလိပ်အစိုးရသည် ၁၉၂၀ ပြည့်နှစ် ဇွန်လ အတွင်းတွင် ယင်းဥပဒေကို ထုတ်ပြန်ကြေငြာလိုက်ခြင်း ဖြစ်သည်။ အင်္ဂလိပ်အစိုးရ ထုတ်ပြန်ကြေငြာလိုက်သည့် တက္ကသိုလ်ဥပဒေ ကိုကြည့်မည်ဆိုပါက ကြေးရတတ် လူချမ်းသာများသာ တက္ကသိုလ် ပညာသင်ကြားခွင့် ရနိုင်ရန်ရည်ရွယ်ချက်ရှိရှိပြဌာန်းထားသည်ကို တွေ့ရမည်ဖြစ်သည်။မြန်မာနိုင်ငံတွင်တက္ကသိုလ်ပညာရေးသို့ တိုးမြှင့်ပေးလိုက်သည်ဆိုသော်လည်း မြန်မာနိုင်ငံသားအများစုလက်လှမ်းမမှီနိုင်စေရန်အတွက်မတရားသည့်ဥပဒေကို ပြဌာန်းထားခြင်းဖြစ်သည်။ အဏာကိုဖက်တွယ် မက်မောကြသော အစိုးရတိုင်းသည် ၄င်းတို့အာဏာတည်မြဲရေးအတွက်ရှေ့ရှုသည့် ဥပဒေများ၊ စည်းကမ်းချက်များကိုပြဌာန်းတတ်ကြ သည်။ တနည်းအားဖြင့် မတရားသောမင်းဆိုးမင်းညစ်များသည် မတရားသည့်ဥပဒေများ၊ တိုင်းသူပြည်သားများကိုဖိနှိပ်ချုပ်ခြယ်သည့် ဥပဒေများ ကိုသာပြုလုပ်ပြဌာန်းကြသည်။
“ဥပဒေဟူသည်ပြဌာန်းသင့်မှသာပြဌာန်းရပေသည်။ပြဌာန်းသင့်သည်ဆိုရာတွင်လည်းမဖြစ်မနေကန့်သတ်သင့်သည့်အချက်ကိုသာကန့်သတ်ပြဌာန်းရပေသည်။သို့မဟုတ်လျှင်ကြီးစွာသောဆိုးကျိုးကိုဖြစ်ပေါ်စေတတ်ပေသည်။”ထို့အတူ အင်္ဂလိပ် အစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံသားအများစု၏ ပညာရည်တိုးတက်မြင့်မားမှုကို မလိုလားသဖြင့် ကန့်သတ်လိုက်သော ရန်ကုန်တက္ကသိုလ် ဥပဒေ မှသည် အင်္ဂလိပ် ကိုလိုနီကို ဆန့်ကျင်တော် လှန်ရန် ပြန်လည် အစပျိုးသည့် အမျိုးသားစိတ်ဓာတ်တို့ ရှင်သန်ပေါက်ဖွားရာ “ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်ကျောင်း သားသပိတ်” စတင်ပေါ်ပေါက်ခဲ့ရပေသည်။တနည်းဆိုရပါလျှင် အင်္ဂလိပ်အစိုးအရအနေဖြင့် မကောင်းသည့် ရည်ရွယ်ချက်ဖြင့် ပြန်ဌာန်းလိုက်သည့် ယင်းဥပဒေကြောင့်ပင် ကိုလိုနီနယ်အုပ်စိုးမှုကို အစပျိုး တွန်းလှန်ဖြိုဖျက် နိုင်ရန် လမ်းစကို ဖွင့်လှစ်ပေးလိုက်သကဲ့သို့ဖြစ်သွားရပေတော့သည်။
၁၉၂၀ပြည့်နှစ်ဒီဇင်ဘာလ(၃)ရက်နေ့တွင်ရန်ကုန်ကောလိပ်မှ-
၁။ကေညီပိတ်
၂။ထွန်းဝင်း
၃။ဖေသိန်း
၎။ဘခင်
၅။ဘရှင်(သံတွဲ)
၆။ဘရှင်(ထားဝယ်)
၇။ဘဦး
၈။ဘိုးကွန်း
၉။လှတင့်
၁၀။မောင်ဧ
၁၁။အောင်ဒင်
စသည့် ကောလိပ်ကျောင်းသား(၁၁)ဦးတို့သည်ယင်းဥပဒေကို သပိတ်မှောက်ကြရန် ရွှေတိဂုံဘုရား စနေ ထောင့်တွင်သစ္စာဆိုအဌိဓာန် ပြုခဲ့ကြသည်။[2]
ဒီဇင်ဘာလ (၄) ရက်နေ့တွင်မူ ဗဟန်း ဦးအရိယ ကျောင်းတိုက်အစည်းအဝေးတွင်၊ အထက်ဖေါ်ပြပါ ကျောင်းသားများအပြင် -
၁။ကိုလှစိန်
၂။ကိုဘတင်
၃။ကိုမြ(အာဇာနည်ခေါင်းဆောင်ကြီးသခင်မြ)
၎။ကိုမြင့်
၅။ကိုဖိုးကျား(အမျိုးသားပညာဝန်)
၆။ကိုစိုးဝင်း
၇။ကိုဖိုးလတ်
၈။ကိုထွန်းဖေ
၉။ကိုဘဟန်
၁၀။ကိုဘကျော်
၁၁။ကိုလူဖေ၀င်း(အငြိမ်းစားညွှန်ကြားရေးဝန်၊ရှေးဟောင်းသုတေသန)
၁၂။ကိုမောင်ကို
၁၃။E.မောင်စိန်
၁၄။N.Cဆင်း
၁၅။မစ္စတာဘို့စ်
စသည့်ကျောင်းသားများထပ်တိုးပါဝင်လာခဲ့ကြပြီးဆုံဖြတ်ချက်များအဖြစ်-
(၁) ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၇) ရက်နေ့တွင် မြန်မာလက်ထောက်ဘုရင်ခံ ဖုတ်တစ္ဆေ ဆာရယ် ဂျီနယ်ကရက်ဒေါက်သည် ရန်ကုန် တက္ကသိုလ်သို့ရောက်ရှိလာပြီးသကာလ မြန်မာပြည်တွင် သီးသန့် ရန်ကုန် တက္ကသိုလ်ကျောင်းကြီးဖွင့်ပြီးကြောင်း ကြေငြာသောအခါ ရန်ကုန်တက္ကသိုလ်နှင့် ယုဒဿန်ကောလိပ် ထိုကောလိပ် နှင့် ကျောင်းရှိကျောင်းသားကြီးများတို့က မိမိတို့စာအုပ်များကို ပွေ့ပိုက်၍ ရန်ကုန်တက္ကသိုလ် ကျောင်းကို သပိတ်မှောက်တိုက်ပွဲဆင်နွှဲသည်ဟု အော်ဟစ် ခုန်ပေါက်ကာ တညီတညွတ်တည်း ထွက်ခွာလာကြရန်။
(၂)ဤသို့သပိတ်မှောက်တိုက်ပွဲဆင်နွှဲပြီးကာမှရန်ကုန်တက္ကသိုလ်ဥပဒေသည် မြန်မာလူမျိုးများ အထက်တန်းပညာသင်ကြားရေးအတွက် တံခါးပိတ်ဝါဒ ကျင့်သုံးထားသည့် နစ်နာချုပ်ချယ်ထားသောအချက် အလက်များကို ပြန်လည်ပြုပြင်ပေးရန် ဗြိတိသျှနယ်ချဲ့ ဗြူရိုကရက်အစိုးရသို့အရေးဆိုဆောင်ရွက်ရန်နှင့်
(၃) ပြုပြင်ပေးရန် တရားသောတောင်းဆိုချက်များကို နယ်ချဲ့တို့က ပြုပြင်၍ မပေးသမျှကာလပတ်လုံး ကျောင်းပြန်၍ မတက်ရောက်ကြ ရန်-စသည့်အချက်များကိုဆုံးဖြတ်ခဲ့ကြသည်။[3]
ဤ သို့ဖြင့်ရန်ကုန်တက္ကသိုလ် ဥပဒေပါ မတရားသော ပြဌာန်းချက်များကို သပိတ်မှောက်တိုက်ပွဲဝင်ကြ ရန်ဆုံးဖြတ်လိုက်ကြပြီးသည်နှင့် တပြိုင်နက်တည်းဒီဇင်ဘာလ(၅)ရက်နေ့တွင် ဗဟန်းရှိဆရာတော် ဦးအရိယကျောင်းတိုက်တွင်သပိတ်စခန်း စတင်ဖွင့်လှစ်လိုက် ကြသည်။
ရှင်းလင်းပြတ်သား၊ ရဲရင့်လှသည့် ကျောင်းသားစိတ်ဓာတ်ကို အထက်ဖေါ်ပြပါ ကျောင်းသား (၂၆) ဦးတို့ က ထင်ထင်ရှားရှား ဦးဆောင်လမ်းညွှန်ပြသခဲ့ကြခြင်းဖြစ်သည်။ တိုင်းပြည်နှင့်လူမျိုးအတွက် မတရားမှုကို တွန်းလှန်ဖယ်ရှားရဲကြသည့် ကျောင်းသားထု၏ သမိုင်းမှတ်တိုင်ထွန်းတောက်မှုကို အစပြုခဲ့သည့်နေထူးတစ်ရပ်ဖြစ်သည်ဆိုကလည်း လွန်အံ့ထင်မည်မဟုတ်ပါ။ ထိုနေ့သည် အမျိုးသား အောင်ပွဲနေ့ဖြစ်သည်။ထိုနေ့သည်တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့ဖြစ်သည်။
၁၉၂၂ခုနှစ်၊ဇွန်လတွင်၊ ရန်ကုန် ဂျူဗလီ ခန်းမ ၌ ကျင်းပသော ဂျီစီဘီအေ အသင်းကြီး၏ အထူးညီလာခံမှ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့ကိုအမျိုးသားအောင်ပွဲနေ့အဖြစ် တညီတညွတ်တည်းသတ်မှတ်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ဒီဇင်ဘာလ(၈) ရက်နေ့တွင်မူ သပိတ်မှောက်ကျောင်းသားများသည် ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံးသို့သွားရောက် လှည့်လည် ကြွေးကြော် ဆန္ဒပြခဲ့ကြသည့်အပြင်ရန်ကုန်မြို့ရှိကျောင်းများအားလုံးသာမကနယ်မြို့များရှိ အထက်တန်းကျောင်းသားကျောင်းသူများ၊ အလယ်တန်း ကျောင်းသားကျောင်းသူများ ပါဝင်လာသည်အထိကျယ်ပြန့်လာခဲ့ပေသည်။ နောက်ဆုံးတွင်ပြည်သူလူထု၏ပူးပေါင်းပါလာမှုကြောင့် အမျိုးသားပညာရေးကောင်စီ၊ အမျိုးသားကောလိပ် နှင့် အမျိုးသား အထက်တန်း ကျောင်းများ ပေါ်ပေါက်လာသည်အထိ အောင်မြင်မှု ရရှိခဲ့ပေသည်။
ထို့ကြောင့်အမျိုးသားအောင်ပွဲနေ့ဟူသည်“ကိုလိုနီနယ်ချဲ့ကိုတော်လှန်သပိတ်တိုက်ပွဲဆင်နွှဲခဲ့သည့် နေ့ထူးနေမြတ်တစ်ရပ်ဖြစ်သကဲ့သို့ မတရားသည့်အမိန့်အာဏာဖြစ်သည့် တက္ကသိုလ်ဥပဒေကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်တွန်းလှန်ဖီဆန်ခဲ့သည့် သမိုင်းမှတ်တိုင် တစ်ရပ်လည်းဖြစ်ပေသည်။ ကိုလိုနီနယ်ချဲ့သည်သော်လည်းကောင်း၊ အာဏာရှင်များသည်သော်လည်းကောင်း၊ မတရားသော မင်းဆိုးမင်းညစ်များသည်သော်လည်းကောင်း ပြည်သူလူထုအားဖီစီးနှိပ်စက်သည့် ဥပဒေများကိုသာ ပြဌာန်းတတ်ကြသည်မှာ ယနေ့မှပင်မဟုတ် ရှေးယခင်အဆက်ဆက် ၏ အစဉ်အလာများသာဖြစ်သည်။ ထို့နည်းတူစွာ မတရားသောအမိန့်အာဏာများနှင့်အာဏာရှင် မင်းဆိုးမင်းညစ်တို့ကို ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့၏ စုစည်းညီညွတ်သောအင်အား၊ စွန့်လွှတ်အနစ်နာခံသောစိတ်ဓာတ်၊ ဇွဲ၊ သတ္တိ၊ လုံ့လ၀ီရိယတို့ဖြင့်တွန်းလှန် ဖယ်ရှားနိုင်သည်မှာလည်း အစဉ်အလာများပင်ဖြစ်ကြောင်းကို အမျိုးသားအောင်ပွဲနေ့ဖြင့် သက်သေထူရမည်သာဖြစ်ပေတော့သည်။
မြင့်မြတ်အလင်း
၁.၁၂.၂၀၁၀
ကိုးကား-
[1]ရန်ကုန်တက္ကသိုလ်ဥပဒေ“မြန်မာ့သတင်းဆက်သွယ်ရေးနည်းပညာအဖွဲ့အင်တာနက်စာမျက်နှာမှ”
[2]၁၉၂၀တက္ကသိုလ်ကျောင်းသားသပိတ်“သတင်းဆက်သွယ်ရေးနည်းပညာအဖွဲ့အင်တာနက်စာမျက်နှာမှ”
[3] ၁၉၂၀ တက္ကသိုလ်ကျောင်းသားသပိတ် “သတင်းဆက်သွယ်ရေးနည်းပညာအဖွဲ့ အင်တာနက်စာမျက်နှာမှ”
မန္တလေးဂေဇက်မှ ပြန်လည်ကူးယူဖေါ်ပြပါသည်။
အညာနွေတမာမြေ