Friday, December 2, 2011

ဟီလာရီရဲ့ ဂျက်လေယာဉ် ဘယ်လို အစွမ်းထက်သလဲ

(စိုင်းနေမင်း ပေးပို့သည်)

ဟီလာရီ နေပြည်တော်စီးလာတဲ့ C-40B အထူးဂျက်လေယာဉ်



အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံခရီးစဉ်အတွက် အသုံးပြူတဲ့ လေယာဉ်ကတော့ C-40B အမျိုးအစား ဘိုးရင်းဂျက်လေယာဉ်ဖြစ်ပါတယ်။


C-40B အထူး ဂျက်လေယာဉ်ထဲမှာ အလုပ်လုပ်နေတဲ့ ဟီလာရီ


ဟီလာရီအတွက် အထူး သံတမန်လုံခြုံရေးအရာရှိ


C-40B ဂျက်လေယာဉ်ဟာ အလျား ပေ ၁၁၀နဲ့ လေးလက်မရှိပီး အမြင့် ၄၁ပေနဲ့ ၂ လက်မ ရှိပါတယ်။ GE-CFM 56-7B27 အမျိုးအစား အင်ဂျင် ၂ လုံး တပ်ဆင်ထားပြီး ရေမိုင် ၄၆၀၀ ထိ ဆီမဖြည့်ဘဲ ဆက်တိုက် ပျံနိုင်စွမ်းရှိပါတယ်။ မူလအသုံးပြုဖို့ ရည်ရွယ်ချက်က တိုက်ပွဲဝင်မဲ့ အမေရိကန် တပ်မှူးတွေ အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတွေကို သွားလိုရာ ကမ္ဘာ့ဒေသအသီးသီးကို သက်တောင့်သက်သာ စိတ်ချလက်ချ သယ်ပို့ပေးဖို့ ဖြစ်ပါတယ်။


ဒီလေယာဉ်ဟာ အရပ်သုံး ဘိုးရင်းဂျက်လေယာဉ် ၇၃၇-၇၀၀ ကို စစ်သုံးဖြစ်အောင် အမေရိကန်လေတပ်အတွက် ပြုပြင်ထားတဲ့ အထူးဂျက်လေယာဉ်ဖြစ်ပါတယ်။ C-40B ဂျက်လေယာဉ်ကို အမေရိကန် ထိပ်တန်းစစ်အရာရှိတွေ အမေရိကန်အစိုးရ ခေါင်းဆောင်တွေအတွက် မိုးပျံရုံးခန်း ဖြစ်အောင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။


ဟီလာရီကလင်တန် စီးလာတဲ့ C-40B ဂျက်လေယာဉ်ပေါ်မှာ အချက်အလက်တွေ ဗီဒီယိုတွေ ပေးပို့ ဖမ်းယူနိုင်တဲ့ အမြန်နှုန်းကောင်းတဲ့ အင်တာနက်စနစ်တပ်ဆင်ထားသလို အသံနဲ့အချက်အလက် ဆက်သွယ်ရေးစနစ်ကလဲ ရှင်းလင်းကြည်လင်ပြီး လုံခြုံမှုရှိတဲ့ စနစ်မျိုးတပ်ဆင်ထားပါတယ်။


ဒီလေယာဉ်ကို အသုံးပြုတဲ့ တိုက်ပွဲဝင် အမေရိကန်တပ်မှူးတွေအနေနဲ့ လေယာဉ်ပေါ်က အင်တာနက်စနစ်၊ LAN အင်တာနက် ကွန်ယက်ဆက်သွယ်ရေးစနစ်၊ ကောင်းမွန်အောင် ပြုပြင်ထားတဲ့ တယ်လီဖုန်းစနစ်၊ ဂြိုလ်တုစနစ်တွေ၊ တီဗွီမော်နီတာတွေ၊ ဖက်စ်ပို့တဲ့စက်တွေ မိတ္တူကူးစက်တွေကိုသုံးပီး ကမ္ဘာ့ဘယ်ဒေသမှာမဆို စစ်ဆင်ရေးအတွက် အသုံးပြုနိုင်ပါတယ်။ ဟီလာရီကလင်တန် စီးလာတဲ့ C-40B ဂျက်လေယာဉ်ကို ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့အတွက် လက်နက်တပ်ဆင်ဖို့ လုပ်နေဆဲ ဖြစ်ပါတယ်။


C-40B ဂျက်လေယာဉ်ရဲ့ လေယာဉ်မှူး ခေါင်းခန်းကိုကြည့်ရင်လဲ


-ဂျီပီအက်စ်စနစ်နဲ့ ပေါင်းစပ်ထားတဲ့ လေယာဉ်ပျံသန်းမှု ထိန်းချုပ်ရေး ကွန်ပြူတာစနစ်


-နောင် အနာဂတ်မှာသုံးမဲ့ ဂျြိလ်တုဆက်သွယ်ရေးစနစ်အခြေခံ ကမ္ဘာလုံးဆိုင်ရာ လေကြောင်းစီမံခန့်ခွဲမှုစနစ် (GATM/FANS) နဲ့ လိုက်ဖက်တဲ့ လေယာဉ်မောင်းစနစ်


-လေယာဉ်တွေ လေထဲပျံနေစဉ် တစင်းနဲ့တစင်း ပုံမှန်ဒေါင်လိုက်အမြင့်ကို လျှော့ချနိုင်တဲ့စနစ်


- လေကြောင်းသတိပေးချက်နဲ့ လေယာဉ်ချင်းမတိုက်မိအောင် ရှောင်နိုင်တဲ့စနစ်-၂


-လေတိုက်နှုန်းခန့်မှန်းစနစ်


-Head-up Display (HUD) စနစ်လို့ခေါ်တဲ့ လေယာဉ်မှူးမျက်လုံးတည့်တည့်မြင်ကွင်းထဲမှာ ဒိုးယိုးပေါက်မြင်နေရတဲ့ ဒိုင်ခွက်စနစ်စတဲ့ ခေတ်မီ စနစ်တွေ တပ်ဆင်ထားတာ ဖြစ်ပါတယ်။


လေယာဉ်ထဲမှာလဲ လေယာဉ်အမှုထမ်းတွေ နားနေခန်း၊ အိပ်စင်တွေ တပ်ဆင်ထားတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေအတွက် အခန်း၊ စားဖိုခန်း နှစ်ခု၊ ရုံးခန်းစားပွဲတွေပါတဲ့ business class ထိုင်ခုံတွေ တပ်ဆင်ထားပါတယ်။


မြန်မာနိုင်ငံလို စစ်မြေပြင်မဟုတ်တဲ့ နိုင်ငံမျိုးကို သွားတဲ့အခါမှာသာ C-40B ဂျက်လေယာဉ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က သုံးပေမဲ့ ကဒတ်ဖီကို ဖမ်းမိဖို့ ကြိုးစားနေတဲ့ကာလ မြေပြင်ပစ်ခတ်မှုတွေ စိုးရိမ်ရတဲ့ လစ်ဗျားကို သွားတုံးကတော့ လုံခြုံရေးစနစ် ပိုကောင်းမွန်တဲ့ စစ်သုံး C-17 ဂလုပ်မာစတာ-၃ အမျိုးအစား ဧရာမ ဘိုးရင်းလေယာဉ်ကြီးနဲ့ သွားခဲ့ပါတယ်။


C-17 အထူးဂျက်လေယာဉ်ကြီး © Awie Badenhorst / Alamy


C-17 ဂလုပ်မာစတာ-၃ အမျိုးအစား ဘိုးရင်းလေယာဉ်ကတော့ ဧရာမဘိုးရင်းဂျက်လေယာဉ်ကြီးဖြစ်ပြီး စစ်သားတွေ အစားအစာတွေ ထောက်ပို့ပစ္စည်းတွေကို ကမ္ဘာအနှံ့ သယ်ပို့ပေးနိုင်ပါတယ်။


C-17 လေယာဉ်တွင်း မြင်ကွင်း-၁


အထုးသဖြင့် စစ်တလင်းဖြစ်နေတဲ့ လစ်ဗျားလိုနိုင်ငံမျိုးက ပစ်နိုင်တဲ့ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ အသေးစားလက်နက်တွေရဲ့ ရန်ကို ကာကွယ်ဖို့အတွက် C-17 ဂျက်လေယာဉ်ဟာ ကိုယ်ထည်ကြီးမားပေမဲ့ လေထဲကို မတ်စောက်တဲ့ ဒီဂရီအနေအထားမျိုးနဲ့ အတက်အဆင်းလုပ်နိုင်စွမ်းရှိပါတယ်။


C-17 ဂျက်လေယာဉ် အတက်အဆင်းလုပ်နေချိန်မှာ လေယာဉ်မောင်းတဲ့တာဝန်မရှိတဲ့ လေယာဉ်အမှုထမ်းတွေက လေယာဉ်ကို ပခုံးထမ်းဒုံးကျည်နဲ့ပစ်သလားဆိုတာ လေယာဉ် ပြတင်းပေါက်ကနေ ကြည့်နေရပါတယ်။ ပခုံးထမ်း ဒုံးကျည်နဲ့ ပစ်တာမြင်ပီဆိုတာနဲ့ လေယာဉ်မှူးတွေကနေ အပူဓါတ်ပါတဲ့ မီးကျည်သေနတ်ကို တည်ကြက်အနေနဲ့ ပစ်လွှတ်ပီး ကာကွယ်ရပါတယ်။


ဂျက်လေယာဉ် အင်ဂျင်ကထွက်တဲ့ မီးခိုးအပူဓါတ်ကို နောက်ယောင်ခံတက်လာတဲ့ မြေပြင်ကပစ်တဲ့ ပခုံးထမ်း ဒုံးကျည်ဟာ လေယာဉ်မှူးတွေ ပစ်ချလိုက်တဲ့ အပူဓါတ် မီးကျည်နောက်ကို ပစ်မှတ်ပြောင်း လိုက်သွားလေ့ရှိတဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး စီးတဲ့ လေယာဉ် ဒုံးကျည်ရန်က လွှတ်ကင်းသွားမှာဖြစ်ပါတယ်။


C-17 လေယာဉ်တွင်း မြင်ကွင်း-၂


C-17 လေယာဉ်တွင်း မြင်ကွင်း-၃


========================================================

ဟီလာရီကလင်တန်ထက် လုံခြုံရေး အဆင့်ဆင့် ထူပြောလှတဲ့ အမေရိကန် သမ္မတ အိုဘားမားရဲ့ ၂၀၁၁ မေလ အင်္ဂလန်ခရီးစဉ်အကြောင်းက်ုလဲ ပြန်ပြောင်း ဖောက်သည်ချပါရစေ
==========================================================
  • အိုဘားမားရဲ့ ၂၀၁၁ မေလ လန်ဒန် ဘုရင်မနန်းတော်ခရီး လုံခြုံရေး

စိုင်းနေမင်း

ပြီးခဲ့တဲ့ မေလထဲကလဲ အိုဘားမား ဇနီးမောင်နှံနဲ့အဖွဲ့ အင်္ဂလန်ကို လာလည်တော့လဲ လုံခြုံရေးစနစ် များလွန်းလို့ အင်္ဂလိပ်တွေတောင် ရင်သပ်ရှုမော ဖြစ်ကုန်ပါတယ်။

 လူ ၅၀၀ ကျော်လောက်ပါတဲ့ အိုဘားမားအဖွဲ့ထဲမှာ အိမ်ဖြူတော် အရာရှိတွေ၊ သမ္မတကို အရေးပေါ်ကုသဖို့ ဆရာဝန် ၆ ဦးပါ ဆေးအဖွဲ့၊ သမ္မတအတွက် စားဖိုမှူးတွေ၊ လက်နက်ကိုင်ဆောင်ထားတဲ့ ၂၀၀ ကျော်ရှိတဲ့ သမ္မတ ကိုယ်ရံတော် စုံထောက်တွေ ပါဝင်ပါတယ်။

အင်္ဂလန်မှာ ခရီးလှည့်နေစဉ် အမေရိကန်ကနေ လေယာဉ်နဲ့သယ်လာတဲ့ စီးတော်ယာဉ် The Beast ကို အိုဘားမား စီးနင်းပါတယ်။ အိုဘားမားကားကို တခြားမော်တော်ယာဉ် အစီး ၂၀ ကခြံရံပီး ဒီကားတန်းကိုမှ ရှေ့ပြေးမော်တော်ယာဉ်တွေက ဦးဆောင်ပါတယ်။


အိုးဘားမားရဲ့ အခြံအရံတွေထဲမှာ ညူကလီယာ ဒုံးပျံတွေ ပစ်လွှတ်ဖို့ လျို့ဝှက် ကုတ်နံပါတ်တွေပါတဲ့ လက်ဆွဲအိတ်ကိုင် အရာရှိတဦးအပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ ဌာနကြီး ၆ ခုရဲ့ ကိုယ်စားလှယ်တွေလဲ ပါဝင်ပါတယ်။ အိုဘားမား စီးတဲ့ Air Force One လေယာဉ်ကြီးဟာ အားကစားရုံတွေ ခွဲစိတ်ခန်းတွေပါဝင်တဲ့ ဧရာမ မိုးပျံဟော်တယ်ကြီးအသွင် ဆောင်နေပါတယ်။ ဒါ့ပြင် ညူကလီယာပေါက်ကွဲမြှုဖစ်ခဲ့ရင် ကာကွယ်ဖို့အတွက် ဓါတ်ရောင်ခြည် ကာကွယ်တဲ့စနစ်လဲ တပ်ဆင်ထားပါတယ်။


တည်ကြက် လေယာဉ်တစီးခြံရံထားပီး ဇိမ်ခံဟော်တယ်ကြီးအသွင် အိုဘားမားစီးတော်မူတဲ့ Air Force One လေယာဉ်ကြီးဟာ တနာရီပျံသန်းတိုင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂သိန်းနီးပါးရှိပါသတဲ့။ အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်ကလဲ ဒုံးကျည်ရန်ကို ရှောင်လွဲနိုင်တဲ့ မီးကျည်တွေ တပ်ဆင်ထားပါတယ်။


ဒုံးကျည်ကို တည်ကြက်လုပ် လမ်းလွဲခေါ်နိုင်တဲ့ မီးကျည်စနစ်


အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်နဲ့ တည်ကြက်ယာဉ်တွေအပါအ၀င် ယာဉ်မျိုးစုံ ၄၅ စီးကို အိုဘားမားသွားမဲ့ ခရီးစဉ်မတိုင်ခင် C-17 ဂျက်လေယာဉ်ကြိးနဲ့ ကြိုတင် ပို့ထားရပါတယ်။ အရင်ကဆိုရင် သတင်းစာသမားတွေ တီဗီံသမားတွေအတွက် ဘတ်စကား ၂ စီး၊ ရေဒါဖျက်တဲ့ယာဉ်တစီးနဲ့ SWAT ကွန်မင်ဒိုတွေအတွက် ကားတစီး ပါလေ့ရှိပါတယ်။ သမ္မတ အိုဘားမားရဲ့ လန်ဒန်ခရီးစဉ်အတွင်း သမ္မတမိန့်ခွန်းရေးပေးသူ ၄ ဦး ပါလာပါတယ်။


အိုင်ယာလန်ကအပြန် လန်ဒန် ဘာကင်ကမ် ဘုရင်မနန်းတော်ကို အိုဘားဘား ညအိပ်လာရောက် လည်ပတ်ခဲ့ပါတယ်။ ဘာကင်ကမ် နန်းတော်ဆိုတာ အင်္ဂလန် ပြည့်ရှင် အင်မတန် ချမ်းသာတဲ့ ဘုရင်မနန်းတော်မို့ အစစ ဘယ်လောက် ပြည့်စုံမလဲ ဧည့်ဝတ်ကျေမလဲ မှန်းကြည့်နိုင်ပါတယ်။ အိုဘားမား ဇနီးမောင်နှံထားမဲ့ နန်းတော်အခန်းဆိုတာကလဲ နယ်လဆင်မန်ဒဲလားတို့ အမေရိကန်သမတ ကနေဒီတို့ လာတုံးက တည်းခိုခဲ့တဲ့ သမိုင်းဝင် အခန်းဖြစ်ပါတယ်။


ဘယ်လောက်ဘဲ ဘုရင်မနန်းတော်အရာရှိတွေဘက်က ပြည့်စုံအောင် လုပ်ထားပါစေ…အမေရိကန် သမ္မတရဲ့ လုံခြုံရေးအရာရှိတွေအတွက်တော့ မပြည့်စုံဘူးလို့ ယူဆပါတယ်။ ဒီမှာတင် အမေရိကန်ကနေ သမ္မတကိုယ်ရံတော် လုံခြုံရေးစုံထောက်တွေ ယူလာတဲ့ ဗုံးဒဏ် ကာကွယ်နိုင်တဲ့ မှန်နှစ်ထပ်ပုံစံ အလွှာတခုကို အိုဘားမားအိပ်မဲ့ အခန်းပြတင်းပေါက်တွေမှာ အပြင်က ထပ်တပ်ခွင့်ပေးရမယ်လို့ တောင်းဆိုလာလို့ နန်းတော်အရာရှိ အံ့အားတသင့် ဖြစ်ကုန်ပါသတဲ့။


ဒီကြားထဲ သမ္မတအိုဘားမားရဲ့ ကိုယ်ရံတော် ထောက်လှမ်းရေးတပ်ဖွဲ့က နန်းတော်မြေအောက်ခန်းမှာ စစ်တပ်ပုံစံ အိပ်စင်တွေနဲ့နေရာယူ…ကိုယ်ပိုင် ဆက်သွယ်ရေး စက်ကိရိယာတွေတပ်ထားပါတယ်။


အိုဘားမား လုံခြုံရေးစုံထောက်တွေ သေနတ်တွေ တကားကားနဲ့ အင်္ဂလန်ဘုရင်မ နန်းတော်ထဲမှာ သူတို့ကိုယ်ပိုင်နန်းတော်အလား ပြေးလွှားနေလိုက်ကြတာ ၂၄ ဆိုတဲ့ တီဗွီဇာတ်လမ်းကြည့်နေရသလားထင်ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အိုဘားမား ကိုယ်ရံတော်တွေဟာ သမ္မတကို အရေးပေါ် သွေးသွင်းနိုင်ဖို့ ပစ္စည်းတွေအပါအ၀င် ဆေးခန်းအသေးစားလေးတခုကို ဆေးရုံးသုံးစက်ကရိယာတွေနဲ့ နန်းတော်ထဲမှာ တပ်ဆင်ထားပါတယ်။


နောက်ဆုံး အိုဘားမားကို အင်္ဂလန်ဘုရင်မအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သောက်ရေသန့်ကိုတောင် တိုက်ခွင့်မပေးနိုင်၊ သူတို့အမေရိကန်က သယ်လာတဲ့ သမ္မတအိုဘားမား သောက်နေကျ သောက်ရေသန့်ကိုသာ တိုက်မယ်လို့ အိုဘားမား ကိုယ်ရံတော်ထောက်လှမ်းရေးအရာရှိတွေပြောတော့ နန်းတွင်းအရာရှိတွေ အံ့သြသွားပါတယ်။


ဘာကြောင့်လဲလို့မေးတော့ “ ကျွန်တော်တို့သမ္မတ ရေပြောင်းရေလွဲမှာ ဗိုက်နာတာမျိုး အဖြစ်မခံနိုင်လို့ပါ” လို့ သမ္မတ ကိုယ်ရံတော်တွေက ဖြေပါသတဲ့….။ ဘာပြောကောင်းမလဲ။ အင်္ဂလိပ်သတင်းစာတွေဆိုတာ ဆွေ့ဆွေ့ခုန်သွားတာဘဲ။ အိုဘားမားတို့ ဘုန်းကြီးလိုက်ပုံများ အင်္ဂလန်ဘုရင်မတောင် အရှုံးပေးရတယ်။ အင်္ဂလန်ဘုရင်မ သောက်တဲ့ရေတောင် အိုဘားမားကို မတိုက်နိုင်ဘူး...တဲ့။


ဘာပြောပြော အိုဘားမားအတွက် ခုလို နန်းတော်လုံခြုံရေးလုပ်နေတာတွေဟာ ၂၀၀၃ ခုနှစ်က လာသွားတဲ့ အမေရိကန်သမတ ဂျော့ဒတ်ဗလူဘွတ်လာတုံးကထက်စာရင် အများကြီးတော်ပါသေးတယ်လို့ နန်းတော်သတင်းရပ်ကွက်က ပြောပါတယ်။


သမ္မတဘွတ်လာတုံးကများဆိုရင် သမ္မတလုံခြုံရေးအဖွဲ့က ဘာကင်ကမ် နန်းတော် ပြတင်းပေါက် ၇၆၀ လုံးကို လဲပေးရမယ် တောင်းဆိုခဲ့သလို မစ္စတာဘွတ် စီးလာတဲ့ ရဟတ်ယာဉ်တွေကလဲ အလွန်ကြီးမားလွန်းတဲ့အတွက် နန်းတော်က သစ်ပင်တွေ ပန်းပင်တွေ လေဟပ်ပီး ပြားချပ်ကုန်လို့ ဘုရင်မကြီးတောင် အတော်စိတ်ဆိုးသွားပါသတဲ့။


ထူးခြားတာက အကြမ်းဘက်တိုက်ခိုက်မှုမျိုးစုံကနေ ကာကွယ်နိုင်စွမ်းရှိပါတယ်ဆိုတဲ့ အိုဘားမားစီးလာတဲ့ The Beast စီးတော်ယာဉ် ကားကြီးဟာ အိုင်ယာလန် ဒပ်ဗလင်မြို အမေရိကန်သံရုံးကအထွက် တံခါးဝမှာတင် ကားဗိုက်နဲ့ တခါးအထွက် အရှိန်တားတုံးနဲ့ တိုက်ပီး ထိုးရပ်သွားလို့ အင်္ဂလိပ်စာနယ်ဇင်းတွေက အားမနာတမ်း လှောင်တာ ခံလိုက်ရပါတယ်။


အိုင်ယာလန် အမေရိကန်သံရုံးအထွက် တခါးဝမှာ ထိုးရပ်သွားတဲ့ အိုဘားမား ကားကြီး




အဆိုးထဲက အကောင်းလို့ပြောရရင်တော့ အင်္ဂလိပ်စာနယ်ဇင်းတွေ မသိလိုက်တဲ့ အချက်က အိုဘားမားစီးတဲ့ကားတန်းထဲမှာ The Beast နဲ့ ဆင်တူ တည်ကြက်ကားတွေလဲပါနေတာမို့ ထိုးရပ်သွားတဲ့ကားထဲမှာ အိုဘားမားပါသလား ဘယ်ကားမှာ အိုဘားမားပါသလဲဆိုတာကို အများပြည်သူတွ သံရုံးရှေ့က ကြည့်နေတဲ့ကြားက မျက်စေ့လည်သွားအောင် သမ္မတ ကိုယ်ရံတော်အဖွဲ့က လုံခြုံရေးစနစ်ကစား သွားခဲ့ပါသတဲ့။



=========================================================

အမေရိကန်သမ္မတ လုံခြုံရေးကို ဘယ်လောက်အလေးထားသလဲ နှိုင်းယှဉ်ကြည့်ဖို့အတွက် ၂၀၀၉ ခုနှစ် လန်ဒန် ဂျှီ-၂၀ ထိပ်သီး ဆွေးနွေးပွဲ အိုဘားမား လာတုံးက ခေတ်ပြိုင် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လုံခြုံရေးစနစ်ကို ပြန်လည် ကူးယူ ဖော်ပြလိုက်ပါတယ်။ (ခေတ်ပြိုင်ဂျာနယ်မရှိတော့တဲ့အတွက် အယ်ဒီတာအဖွဲ့ကို ခွင့်ပြုချက် မတောင်းနိုင်ခဲ့တာ တောင်းပန်ပါတယ်)
========================================================

သမ္မတ အိုဘားမား ဒုံးကျည်၊ ဓါတုလက်နက်ခံနိုင်တဲ့ ယာဉ်စစီးပြီ


(ခေတ်ပြိုင်ဂျာနယ်မှ)


အမေရိကန်သမ္မတ အိုဘားမား ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတက်ရန် လန်ဒန်ရောက်နေစဉ် မည်သည့်အကြမ်းဖက်မှု မျိုးမျှ မဖြစ်ပွားစေရန်နှင့် သမ္မတကြီးအား မှဲ့တပေါက် မစွန်းစေရန် အိမ်ရှင် ဗြိတိသျှအစိုးရက တာဝန်ယူထားသည်။


အိုဘားမားနှင့်အတူ အရာရှိ (၅၀၀) ၊ အထူးထောက်လှမ်းရေး (၂၀၀) နှင့် ဆရာဝန်သူနာပြုအဖွဲ့ စသည်တို့ လိုက်ပါလာပြီး အိုဘားမားနှင့်အဖွဲ့ လန်ဒန်တွင် အသုံးပြုမည့် ယာဉ်မျိုးစုံ (၃၅) စီးကိုလည်း အမေရိကန်လေတပ် စီ-၁၇ လေယာဉ်ကြီးဖြင့် တပါတည်း သယ်လာသည်။


လုံခြုံရေး အထူးအစီအစဉ်


သမ္မတအိုဘားမားစီးနင်းသည့် Air Force One အထူးလေယာဉ် အင်္ဂလန်လေကြောင်းပိုင်နက်ဝင်လာသည်နှင့် RAF အင်္ဂလန်ဘုရင့်လေတပ် တိုက်လေယာဉ်အုပ်စုက အိုဘားမားလေယာဉ် စတင်းစတက် လေဆိပ်ဆင်းသည်ထိ ကာကွယ်စောင့်ရှောက်မည်။


အိုဘားမား၏ Air Force One သမ္မတသုံး အထူးလေယာဉ်မှာ ဘိုးရင်း (၇၄၇) အမျိုးအစားဖြစ်ပြီး လေယာဉ်ပျံသန်းနေစဉ် သမ္မတအလုပ်လုပ်နိုင်အောင် လေယာဉ်အတွင်း စီမံထားသည်။ အားကစားလေ့ကျင့်ခန်း ၀ါသနာပါသူ အိုဘားမားအတွက် လေယာဉ်ထဲတွင် အားကစားလုပ်နိုင်ရန်လည်း စီစဉ်ထားသည်။


Air Force One အထူးလေယာဉ်ကို အီလက်ထရို မက်နက်တစ်လှိုင်းကာကွယ်သည့် လုံခြုံရေးပစ္စည်းများ တပ်ထားသည့်ပြင် လေယာဉ်တွင်း ဆက်သွယ်ရေးပစ္စည်းများမှာလည်း နျူကလီးယားလက်နက်တိုက်ခိုက်မှုမှ ထွက်လာသည့် ဓာတ်ရောင်ခြည်ဖြာထွက်မှုကိုပါ ကာကွယ်နိုင်သည်ဆို၏။


လေဆိပ်မှ လန်ဒန်လုံခြုံရေး


အိုဘားမားစီးတဲ့ AirForce One လေယာဉ်


အိုဘားမား စတင်းစတက် လေဆိပ်ရောက်ပြီး မိနစ်ပိုင်းအတွင်း အိုဘားမား၏ Marine One ခေါ် သမ္မတသုံး အထူးရဟတ်ယာဉ် (VH-3D) ဖြင့် လန်ဒန်မြို့လယ်သို့ သွားရောက်ခဲ့သည်။


မရင်းဝမ်း ရဟတ်ယာဉ်သည် အပူဓာတ်ကိုရှာပြီး ပစ်ခတ်သည့် ဒုံးကျည်များကို လမ်းလွှဲပေးနိုင်သည့် ရောင်ခြည်များ ပစ်လွှတ်နိုင်သည်။ အမေရိကန်သမ္မတလိုက်ပါသည့် မရင်းဝမ်း ရဟတ်ယာဉ်ကို သူ့ချည်းတစီးတည်း မပျံစေဘဲ တိုက်ခိုက်မှုများ ဖြစ်လာပါက မျက်စိလည်စေရန် အမျိုးအစားတူ အခြားရဟတ်ယာဉ်များနှင့် ရောနှောပျံသန်းလေ့ ရှိသည်။


ပျံသန်းသည့် အခါတွင်လည်း မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များ ပစ်ခတ်မှု ခက်ခဲစေရန် အမြင့်ပေ (၃၀၀) မှ (၅၀၀) ကြားပျံသန်းလေ့ရှိပြီး သမ္မတအိုဘားမားစီးသည့် မရင်းဝမ်းရဟတ်ယာဉ် မြေပြင်မှထွက်သည်နှင့် မရင်းဝမ်းနှင့်အတူ ပုံတူအခြားတည်ကြက် ရဟတ်ယာဉ် (၃-၄) စီးက လမ်းတလျှောက် အထက်တက်လိုက် အောက်ဆင်းလိုက်လုပ် ပျံနေခြင်းဖြင့် မည်သည့် ရဟတ်ယာဉ်မှာ သမ္မတပါလာမှန်းမသိအောင် ပရိယာယ်ဆင်ခြင်း ဖြစ်သည်။ ထိုနည်းကို Shell Game ဟု ခေါ်သည်။


စတင်းစတက်လေဆိပ်မှ လန်ဒန်မြို့လယ်ကောင်ရှိ အမေရိကန်သံအမတ်ကြီးအိမ်သို့ အိုဘားမားအား ပို့ဆောင်ပေးရန် ခရီးအတွက် ထိုမရင်းဝမ်းရဟတ်ယာဉ်ကို အမေရိကန်မှ သယ်လာခြင်းဖြစ်သည်။


အိုဘားမား၏ The Beast စီးတော်ယာဉ်


အိုဘားမားရဲ့ စီးတော်ယာဉ်ကား


အမေရိကန်မှ လန်ဒန်သို့ တကူးတက သယ်လာသည့် အိုဘားမားစီးမည့် သမ္မတသုံးကားမှာ The Beast ဟု အမည်ပေးထားသည့် ဇိမ်ခံကားဒီးလက်အမျိုးအစားကားကြီးဖြစ်ပြီး ဂျိန်းစဘွန်းစီးသည့် ကားကဲ့သို့ Pump action ဖြင့် ပစ်နိုင်သည့် သေနတ်များ တပ်ဆင်ထားပြီး ယာဉ်မောင်းကို အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့က လေ့ကျင့်ပေးထားသည်။


အမေရိကန်သမ္မတစီးမည့် The Beast ကားကြီးသည် ယခုနှစ်ဆန်းကမှ ထုတ်လုပ်ပြီးစီးခဲ့သည့် ကားသစ်ကြီး ဖြစ်ပြီး အိုဘားမား ပထမဆုံး စတင်သုံးမည့် သမ္မတသုံးကားဖြစ်သည်။ ဒေါ်လာ (၃၀၀,၀၀၀) တန်သည်ဆို၏။ အဆိုပါကားကို အိုဘားမား လန်ဒန်မှာ ခေတ္တရှိနေစဉ် စီးနင်းရန် အသုံးပြုမည်ဖြစ်သည်။


အမေရိကန်သမ္မတစီးသည့် The Beast ကားဘော်ဒီကို (၅) လက်မထူသည့် တိုက်တေနီယမ်နှင့် ကြွေထည်ရော ထားသည့် သတ္တုစပ်ဖြင့် ဆောက်လုပ်ထားပြီး မှန်များကိုလည်း ကျည်ကာမှန်များ တပ်ဆင်ထားသည်။ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခြင်း၊ ဒုံးကျည်နှင့် တိုက်ခိုက်ခြင်းတို့ကိုပင် ကာကွယ်နိုင်သည်ဟုဆိုသည်။


ကားတာယာများကလည်း မပေါက်နိုင်သည့် တာယာများဖြစ်ပြီး ကားထဲတွင် မျက်ရည်ယိုဗုံး၊ ညကြည့်ကင်မရာ အပြင် ဓာတုလက်နက်ဖြင့်တိုက်လာလျှင် လေသန့်အမြန် ထုတ်ပေးနိုင်မည့် အောက်ဆီဂျင်ဓာတ်အိုး စသည့် ပစ္စည်းများလည်း တပ်ဆင်ထားသည်။


အမေရိကန်သမ္မတ အခြံအရံများ


အိုဘားမားရဲ့ မရင်းဝမ်း အထူးရဟတ်ယာဉ်


လန်ဒန်၌ အိုဘားမားသွားလေရာ အထူးအမေရိကန်ထောက်လှမ်းရေး (၂၀၀) က လိုက်ပါစောင့်ကြပ်နေမည်ဖြစ်ပြီး အိုဘားမားကျန်းမာရေး ရုတ်တရက် ဖောက်လာလျှင် အရေးပေါ် သွေးသွင်းရန် သမ္မတ၏ အေဘီသွေးကို အသင့်ဆောင်ထားသည့် အမေရိကန်ဆရာဝန်များ၊ ခွဲစိတ်ကုဆရာဝန်များနှင့် သူနာပြုဆရာမများပါသည့် ဆေးအဖွဲ့လည်း ပါဝင်သည်။


အိုဘားမားစီးနင်းသည့် The Beast စီးတော်ယာဉ်ကို ကာကွယ်ရန်အတွက် အင်္ဂလန်မှ Specialist Protection Group နှင့် Diplomatic Protection Group မှ လုံခြုံရေးအရာရှိများက ကျည်ကာလင့်ရိုဘာ ကားများစီးပြီး စောင့်ရှောက်မည်။ အဆိုပါ လုံခြုံရေးအရာရှိများသည် (၉) မီလီမီတာ Glock ပစ္စတိုသေနတ်များ၊ MP5 ကာဘိုင်သေနတ်များ၊ G9 ရိုင်ဖယ်များ စသည်တို့ကို ကိုင်ဆောင်ထားမည်ဖြစ်သည်။


လန်ဒန်ရဲတပ်ဖွဲ့ ဗဟိုစစ်ဆင်ရေးဌာနခွဲ CO19 မှ လက်ဖြောင့်သေနတ်သမားများက အကြမ်းဖက်မည့် အလားအလာများကို ရှာဖွေနိုင်ရန် အိုဘားမားလာမည့် လမ်းတလျှာက် အဆောက်အဦခေါင်မိုးများပေါ်မှာ နေရာယူထားမည်။ အဆိုပါဌာနခွဲမှ ရဟတ်ယာဉ်များကလည်း အိုဘားမား၏ ကားတန်းကို ကောင်းကင်မှ ထက်ကြပ်မကွာ စောင့်ကြည့်နေပြီး အမေရိကန် သမ္မတ ကားတန်းလှုပ်ရှားသွားလာနေသည့် ဓာတ်ပုံများကို လန်ဒန် စကော့တလန်ယာဒ်အဖွဲ့ကြီး ထိန်းချုပ်ရေးဌာနသို့ ပို့ပေးမည်ဖြစ်သည်။


ခင်ရတနာ-- ဖေ့ဘုတ်မှ

8 comments:


မဒမ်ကိုး said...
သြော်ဘုန်းကြီးလိုက်တာနော်
ဂျာမွန်း ရွှေဝတ်မှုန် said...
ကျေးဇူးအထူးပါ..ကိုသစ်လွင်ရေ..မြန်မာပြည်က ငါးပိသိပ်ငါးချင်သိပ်စီးရတဲ့.မြန်မာ့အဲဝေးကလေယာဉ်တွေထက် ပိုပြီးပိုက်ဆံပေးစီးရပြီး ထိုင်ခုံတွေသေးလွန်းလို့ ကြပ်ကြပ်သပ်သပ်စီးရတဲ့.ကန်ဘောဇတို့ အဲပုဂံတို့နဲ့များ ..နံ့သာဆီ နဲ့ အီး..ဆိုတာလို...
ma phyu phyu said...
ပြောရရင်တော့ ကြောက်တတ်လိုက်တာလွန်ပါရော လို့ပဲပြောချင်ပါတယ်ကွယ်။
nyinyi said...
အဲ့ဒါဘုန်းကြီးတာမဟုတ်ဘူး ပုဂ္ဂိုလ်တို့ရေ... ဇာချဲ့ပြီး လူလူချင်း မလေးစား တန်ဘိုးမထားတာဗျို့ဟဟ
Crystal said...
စကြာမင်းဆိုတော့လည်း အရေးကြီးပေမပေါ့လေ ...
Bravo said...
ဗဟုသုတကောင်းများကို ဖြန့်ဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
Anonymous said...
သူဟာသူချမ်းသာလို့လုပ်တာမနာလိုမဖြစ်ကြနဲ့
kyaw said...
ကောင်းပါတယ်ခင်ဗျာ....ကောင်းတာပဲပြောပြော..မကောင်းတာပဲပြောပြောလူတွေရဲ့ပင်ကိုယ်စိတ်နဲ့သက်ဆိုင်ပါတယ်..စရိုက်အမျိုးမျိုးဆိုတော့..ကောင်းတာပြောချင်တဲ့သူရော..လှောင်ပြောင်ချင်ကြတဲ့သူရော..ဆိုးတာမြင်တဲ့သူရော..ဒါပေမယ့်.ဘာပဲပြောပြော..အချိန်ကုန်ခံပြီးတော့ခင်ဗျားတို့ကြည့်ကြတာမှာ.အဘိုးကြီးသားအဖ.မြည်းတစ်ကောင်နဲ့သွားတာကို..ဘေးကကြည့်ပြီးပြောကြတဲ့..လူတွေလိုမျိုး...ဘာဖြစ်ဖြစ်.ကိုယ်ပဲကောင်းကိုယ်ပဲတော်ဆိုရင်တော့မကောင်းဘူးပေါ့ဗျာ...တကယ်လို့ပြောချင်ရင်လည်းကြည့်ပြောပေါ့ဗျာ...တကယ်လို့ခင်ဗျားပြောနေတဲ့သူနေရာမှာခင်ဗျားဆိုရင်ကော.ဘာလုပ်မလဲ...ကဲပြော... December 2, 2011 9:35 PM

Thursday, December 1, 2011

ကိုမောင်မောင်စိုးအမှတ်တရ ဂုဏ်ပြုမှတ်တမ်း

http://hittai.net/?show=rm&fileid=91&t=home7&id=7

ကိုမောင်မောင်စိုး (၁၉၆၃-၂၀၁၁)

အမေရိကန်နိုင်ငံ၊အင်ဒီယားနားပြည်နယ်၊ဖို့ဝေးမြို့က ၁၉၈၈ တောခိုကျောင်းသား ကိုမောင်မောင်စိုးတယောက် အဆုတ်အအေးပတ်ပြီး၊၂၀၁၁ နိုဝင်ဘာ၂၈ တနင်္လာနေ့ ည၁၀နာရီကျော်မှာ ဆုံးသွားကြောင်း ကြားသိရသဖြင့် ဟစ်တိုင်ဝိုင်းတော်သားများက ကျန်ရစ်သူ မိသားစုနဲ့ထပ်တူ ၀မ်းနည်းကြေကွဲရပါတယ်။

ကိုမောင်မောင်စိုးဟာ ဟစ်တိုင်မှာလည်း "၈လေးလုံးစိတ်ဓါတ်" အခန်းဆက်ဆောင်းပါး အပါအ၀င် နိုင်ငံရေးဆောင်းပါးတွေ ရေးခဲ့ပါသဖြင့်- ဟစ်တိုင်မှ အမှတ်တရဖြစ်စွာ ၊ လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။

"၈လေးလုံးစိတ်ဓါတ်" အခန်းဆက် ဆောင်းပါးများ ဖတ်ရန် လင့်ခ်များ-
http://hittai.net/?show=rm&fileid=22&t=home5&id=5
http://hittai.net/?show=rm&fileid=24&t=home5&id=5
http://hittai.net/?show=rm&fileid=25&t=home5&id=5
http://hittai.net/?show=rm&fileid=26&t=home5&id=5

(နိုင်ငံတကာရောက် ဟစ်တိုင်ဝိုင်းတော်သားများ)
-----------------------------------------------------

”ရဲဘော် မောင်မောင်စိုး ၏ ကိုယ်ရေးအကျဉ်း”
ရဲဘော် မောင်မောင်စိုးကို မြန်မာနိုင်ငံ။ပဲခူးတိုင်း။ဖြူးမြို့ နယ်။ဇေယျဝတီမြို နေ အဖဦးအောင်ခင်နှင့် အမိဒေါ်မြခင်တို့ မှ ၁၉၆၃ ခုနှစ် ဇန္န၀ါရီ ၈ ရက်နေ့ တွင် မွေးဖွားခဲ့ပြီး၊ မွေးချင်း ( ၆ ) ယောက် အနက် -( ၅ )ယောက်မြောက် သားဖြစ်သည်။
ရဲဘော်မောင်မောင်စိုးသည် ၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မြန်မာစာဘွဲ့ ရရှိခဲ့ပြီး ၊ ၁၉၈၇ ခုနှစ်တွင် ဖြူးမြို့ နယ်။ကျူအင်းကျေးရွာ၊အလယ်တန်းပြ ကျောင်းဆရာ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
၁၉၈၈ ခုနှစ် နိုင်ငံလုံးကျွတ် လူထုအရေးတော်ပုံကြီးတွင် ဖြူးမြို့နယ် ဇေယျဝတီဒေသ၊ သပိတ်စခန်း အထွေထွေ အတွင်းရေးမှူးတစ်ဦးအဖြစ် တက်ကြွ ရဲရင့်စွာ ပါဝင် လှုပ်ရှားခဲ့သည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ တွင် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်- အောက်တိုဘာလတွင် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ တပ်မဟာ( ၃ )၊ တပ်ရင်း( ၈ ) မှ တဆင့်- စောထာကျေးရွာကို ညီအကိုတော် လုပ်ဖော်ကိုင်ဘက်များနှင့်အတူ ရောက်ရှိခဲ့ပြီး စောထာစခန်းကို တည်ထောင်ခဲ့သောသူဖြစ်သည်။
၁၉၈၈ ခုနှစ်တွင် ကရင်နယ်မြေ ကျောင်းသားများကော်မတီတွင် တွဲဘက်အတွင်းရေးမှူး (၂) အဖြစ် တာဝန်ယူခဲ့ပြီး၊ ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးတွင် ကျန်းမာရေးဌာန တွဲဘက် အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၉ ခုနှစ် နိုဝင်ဘာလတွင် တတိယအကြိမ် စခန်းကော်မတီ ဖွဲ့ စည်းရာတွင် တပ်ရင်း ၂၁၀။စောထာစခန်း ကော်မတီ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည်။တချိန်ထဲမှာပင် မ က ဒ တ ဗဟိုကော်မတီဝင် အဖြစ်လည်း တာဝန် ယူခဲ့သည်။
၁၉၈၉ ခုနှစ်တွင် ပါရမီဖြည့်ဘက် မအဲမိုင်စိုးနှင့် နှစ်ဦး သဘောတူ လက်မှတ်ရေးထိုး လက်ထပ်ခဲ့ကြသည်။
၁၉၉၃ ခုနှစ်အထိ မ က ဒ တ တာဝန်များကို ထမ်းဆောင်ခဲ့သည်။
၁၉၉၄ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ ချုပ်တွင် တာဝန်များကို ထမ်းဆောင်ခဲ့သည်။
၁၉၉၅ ခုနှစ်တွင် အမေရိကန်သံရုံးနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး။ ထိုင်းနိုင်ငံ။ဘန်ကောက်မြို့ တွင် နိုင်ငံရေး ခိုလှုံခွင့်တောင်းသော ကျောင်းသားများအတွက် ဘာသာပြန်တာဝန်ကို ထမ်းဆောင်ခဲ့သည် ။
၁၉၉၆ ခုနှစ်တွင် ကနေဒါ သံရုံးတွင်လည်း ဘာသာပြန် တာဝန်ကို ထမ်းဆောင်ခဲ့သည်။
၁၉၉၇ ခုနှစ်အထိ ထိုင်းအစိုးရမှ ဖွင့်ထားသော တတိယ ကမ္ဘာ့နိုင်ငံများသို့  ထွက်ခွာမည့်သူများအား ခေတ္တ နေထိုင်ရာ လပ်ပူရီခရိုင်။မနီလွိုင်ကျေးရွာရှိ ၊ ခိုလှုံရေး စခန်းတွင် နေထိုင်စဉ်အတွင်း မြန်မာကျောင်းသားများ အစည်းအရုံး နှင့် အခြား ကျန်းမာရေး။လူမှုရေး ကိစ္စများ။ နိုင်ငံခြားသို့ ထွက်ခွာ မည့်သူများအား ပြင်ဆင်ပေးမှုများကို တက်ကြွစွာ ကူညီပေးခဲ့သည်။
၁၉၉၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့  ရောက်ရှိခဲ့ပြီး၊ အင်ဒီယားနာပြည်နယ်။ဖို့ ဝိန်းမြို့ တွင် လူမှုရေးရာ၊ နိုင်ငံရေးဆိုင်ရာများကို စတင်ဆောင်ရွက်ခဲ့သည်။
ဖို့ ဝိန်းမြို့တွင် ၁၉၉၉ခုနှစ်။စက်တင်ဘာလ ၉ ရက်နေ့ တွင် ကျင်းပသော ( ၉ ) လေးလုံး ညီလာခံကြီးတွင် ဦးဆောင်ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။
၁၉၉၉ ခုနှစ်တွင် ဖွဲ့ စည်းခဲ့သော Burmese Democratic Society အဖွဲ့ တွင် ဥက္ကဌ အဖြစ် ဘ၀ နောက်ဆုံးအချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။


(၂၀၀၃ခုနှစ် ၊ မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ညီလာခံ(ဖို့ ဒ်ဝိန်း)တွင် တိုင်းရင်းသားခေါင်းဆောင်များ နှင့်အတူ ကိုမောင်မောင်စိုးကို တွေ့ရစဉ်။)

၂၀၀၃ ခုနှစ်။၂၀၀၅ ခုနှစ်။၂၀၀၇ ခုနှစ်။၂၀၁၀ ခုနှစ်တွင် ဖို့ ဝိန်းမြို့တွင် ကျင်းပသော ဒီမိုကရေစီ ညီလာခံကြီးတွင် ဦးဆောင်ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်များ ထမ်းဆောင်ခဲ့သည်၊။
၂၀၀၇ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် ဖို့ ဝိန်းမြို့ ရှိ Ivy Tecch Collage ကောလိပ်တွင် Electrical Engineering ဘာသာရပ်ဖြင့် ဘွဲ့ ရရှိခဲ့သည်။
၂၀၀၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို -့ N C U B တာဝန်ခံအဖြစ် နောက်ဆုံးအချိန် အထိ တာဝန်များကို ထမ်းဆောင်ခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ပြည်သူ့ လွှတ်တော် ဖက်ဒရယ်ပြည်ထောင်စု (မြန်မာနိုင်ငံ)တွင် လွှတ်တော် ဥက္ကဌ၏ အတွင်းရေးမှုးအဖွဲ့ ဝင် အဖြစ် နောက်ဆုံးကာလ အထိ တာဝန် ထမ်းဆောင်ခဲ့သည်။
တိုင်းရင်းသား ကရင်အမျိုးသား တော်လှန်ရေးအင်အားစုများ တည်ရှိရာ (စောထာ) ဒေသသို့ စတင် ရောက်ရှိခဲ့သည့် သမိုင်းဖြစ်စဉ်နှင့် ကျဆုံးသွားသော အာဇာနည် သူရဲကောင်း ရဲဘော်အပေါင်းတို့ ကို အလေးအနက် ဂုဏ်ပြုလျှက် (စောထာဖေါင်ဒေးရှင်း) ကို တည်ထောင်ခဲ့သည်၊။

တေးရေး+အဆိုရှင် (ငြိမ်းစေ) အမည်ဖြင့် ”စောထာ ဒဏ္ဍာရီ ”သီချင်းခွေကို ထုတ်ဝေခဲ့သည်။

ကိုမောင်မောင်စိုးသည် အမေရိကန်ပြည်ထောင်စု။ အင်ဒီးယားနားပြည်နယ် ၊ဖို့ဝိန်းမြို့တွင် ဇနီးဖြစ်သူ (မအဲမိုင်စိုး)၊သားကြီး(မောင်ဗစ်တာစိုး) ၊ သားလတ်(မောင်ဂျွန်စိုး) ၊ သားငယ် (လီယိုစိုး) တို့နှင့် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ရင်း သက္ကရာဇ် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့ ။ ၁၀နာရီ ၂၀ မိနစ် တွင် အဆုတ်ရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ပါသည်၊။

ရဲဘော်ကိုမောင်မောင်စိုးသည်  နောက်ဆုံးအချိန်အထိ ပေးအပ်သည့် တော်လှန်ရေး။ နိုင်ငံရေး။လူမှုရေး တာဝန်များကို အသက်စွန့် သွားသည့် တိုင်အောင် တာဝန်ကျေပွန်စွာ ဦးလည်မသုန် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သော ရဲဘော် ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်ခဲ့ပါသည်၊။

(ကိုဒေါင်းနီ ပေးပို့သည်။)

-------------------------------------



”ရဲဘော် မောင်မောင်စိုး ၏ ဈာပန အခမ်းအနား အစီအစဉ်”

၂၀၁၁ ဒီဇင်ဘာ ၃ ရက် စနေနေ့ ၊
နေ့လည် ၁ နာရီ ၂၀ မိနစ်။

အခန်းအနားမှုး ။ ။ (ကိုဒေါင်းနီ)

အစီအစဉ် ၁ - ပင့်သံဃာတော်များမှ အသုဘ တရားဟောကြားခြင်း။
၂ - အလေးပြုခြင်း ( ၃ )ရပ် -(ကိုကျော်စွာမြင့်)
၃ - မိသားစုကိုယ်စား သားကြီး (မောင်ဗစ်တာစိုး) မှ ကျေးဇူးတင် စကားပြောကြားခြင်း။
၎ - ကိုယ်ရေးရာဇ၀င် အကျဉ်း ဖတ်ကြားခြင်း။ (မောင်မောင်တိုး)
၅ - အမှတ်တရ စကားပြောကြားခြင်း။
- ဆရာတော် အရှင်ခေမာစာရ
- ကိုထွန်းအောင်ကျော်
- ဆလိုင်းကိုကိုဦး
- ကိုသန်းဝင်း
- ကိုဝင်းရွှေမောင်
- ကိုရာဇာ
- ကိုသန်းဦးစိုး
- ကိုမြင့်သိဏ်း ( မာမာဦး မှ ဖတ်ပေးရန် )
- ကိုပြည်ကြီး
၆ - အဖွဲ့ အစည်းအသီးသီးမှ ပေးပို့ သော သ၀ဏ်လွှာများ ဖတ်ကြားခြင်း။
A B S D F သ၀ဏ်လွှာ ဖတ်ကြားခြင်း - (ကိုဒေါင်းနီ)
N C U B သ၀ဏ်လွှာ ဖတ်ကြားခြင်း - (ကိုမိုးချမ်း)
၇ - အမိန့် ပြန်တမ်း ဖတ်ကြားခြင်း -ဆလိုင်းကိုကိုဦး

အစီအစဉ်ပြီးဆုံးချိန်။ ။ နေ့လည် ၂ နာရီ ၄၀ မိနစ်

ဓာတ်ပုံမှတ်တမ်း - ခင်မောင်လေး
ဗွီဒီယိုမှတ်တမ်း - ကိုစိုးခိုင်
--------------------------------------------

”သင်္ဂြိုဟ်မည့် အစီအစဉ်”

နေ့ရက်၊ အချိန်။ ။ဒီဇင်ဘာလ(၃)ရက်နေ့၊စနေနေ့၊နေ့ခင်း(၁)နာရီ၊
နေရာ။ ။D O McComb & Sons Funeral Homes
1140 Lake Avenue Fort Wayne, IN 46805

ဖုန်းနံပါတ်။ ။ (260) 426-9494

-----------------------------------------------------------

”ဆွမ်းကျွေးမည့်အစီအစဉ်”

ဒီဇင်ဘာလ(၄)ရက်နေ့ နေ့လည်(၁၁)နာရီ တွင် ကိုမောင်မောင်စိုး၏နေအိမ်တွင် သံဃာများအား နေ့ဆွမ်း ဆက်ကပ်မည် ဖြစ်ပါသည်၊။

လိပ်စာကတော့ ---

1009 Inwood Ave Fort Wayne, IN 46818
-------------------------
”ဆက်သွယ်ရန်”

Pyi Gyi (260-385-8900)

Mg Mg Win ( 260-415-7377)

Ko Ko Oo ( 260-755-3450) ( 260-246-3442)

---------------------------------------------

”၀မ်းနည်းမှတ်တမ်းများ”



----------------------------------------------------------------------
ကိုမောင်မောင်စိုး ကွန်လွန်သွားခြင်းအပေါ် မကဒတ အဖွဲ့ဝင်များ(အမေရိကန်ပြည်ထောင်စု)၏ ၀မ်းနည်းကြောင်း သ၀ဏ်လွှာအား ကျန်ရစ်သော မိသားစု ၊ မကဒတ ရဲဘော်ဟောင်းများ ၊ မကဒတ အဖွဲ့ဝင်များနှင့် ဈာပန အခမ်းအနား ဦးဆောင်ကျင်းပသူများထံ ပေးပို့လိုက်ပါသည်။

ကျဆုံးသွားသော ရဲဘော်မောင်မောင်စိုးအား ဦးညွှတ်အလေးပြုပါသည်။

မကဒတ အဖွဲ့ဝင်များ (အမေရိကန်ပြည်ထောင်စု)
( ကိုယ်စား ) ရဲဘော်ဇော်ကိုနိုင် ( မကဒတ အဖွဲ့ဝင် - အမေရိကန်ပြည်ထောင်စု )

-----------------------------------------------

မောင်မောင်စိုး - ကွယ်လွန်သွားခြင်းအတွက် နှမျောတသ ၀မ်းနည်းပါကြောင်း။

ဦးအေးဆောင်
အတွင်းရေးမှူးချုပ်
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။

----------------------------------------------------

ရဲဘော်မောင်မောင်စိုး၏ ရည်ရွယ်ချက်ဦးတည်ချက် ဒီမိုကရေစီလမ်း တ၀က်တွင် ဘ၀ကိုယ်စွန့်လွှတ်သွားခြင်းကြောင့် ၀မ်းနည်းကြေကွဲရပါတယ်။

မြောက်များလှသော အနာဂါတ် ရှစ်လေးလုံးကျောင်းသားများအား ချီးကျူးဂုဏ်ပြု ခြင်းနှင့်အတူ - ပြုပြင်ဖေးမ ပေးလိုသော ဆန္ဒဖြင့် ပြောကြားလိုသည်မှာ- ကျောင်းသားများသည်- သန့်ရှင်းစင်ကြယ်သော ရေကြည်နှင့်တူပါသည်။ နိုင်ငံရေးရာသည် ၀ါဒယုံကြည်ချက်ပေါင်းများစွာ ပါဝင်ကြသဖြင့် -အရောင်ပေါင်းများစွာနှင့် ဆိုးထားလျှက်ရှိသည်။ ဖြူစင်သော ရေကြည်ထဲတွင် ၀ါဒ ရေးရာ အုပ်ချုပ်ရေးရာ ဆန္ဒလောဘသည် အမြင်အားဖြင့် ပရိယာယ်-ဆောင်သည့် -ပကာသန -သဘောသာများကြသည်။

အနာဂါတ်ကာလ အတွက် ရေကြည်နှင့်တူသော လူငယ် ကျောင်းသား များက- ဒဿန- အထူးများကို ရှာဖွေ ရယူပြီး -အမှန်တ၇ားအစစ်ကိုသာ လက်ခံယူသင့်ပါသည်။ အမြင့်ဆုံးမှန်းထားပြီး -အကောင်းရလာဒ်အတွက် အဆိုးဝါဒ ယုံကြည်ချက်များကို စွန့်ပစ်ပြီး၊ နှစ်ပေါင်းများစွာဆင်းရဲဒုက္ခ ရောက်နေမှုကို -ညီညာစုပေါင်း အဖြေရှာနိုင်ကြပါစေဟု -မောင်မောင်စိုး အတွက်-အမျှဝေ -ဂုဏ်ပြုပေးပါသည်။

ပီဒီပီ (ပြည်ချစ်)

------------------------------------------

နိုဝင်ဘာ ၂၈ရက်ည ၁၀နာရီကျော်မှာ ဒကာ မောင်မောင်စိုး ဆုံးပြီးပြီးချင်း- သူ့ ဒကာမ က ငိုရင်း ဦးဇင်းဆီကို ဖုန်းဆက်ပြီး အကြောင်းကြားတယ်။
ဦးဇင်းလည်း ချက်ချင်းပဲ နီးစပ်ရာ သူ့ရဲဘော်ရဲဘက်တွေဆီ ဆက်လက် ဖုန်းဆက် အကြောင်းကြားခဲ့တယ်။တညလုံးပဲ။

ဒကာတော် ဆုံးပါးသွားတာ သိရလို့ ဦးဇင်း အပါအ၀င် တော်လှန်ရေးအသိုင်းအ၀ိုင်းက မိသားစုနဲ့ထပ်တူဝမ်းနည်းကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

ဒကာနဲ့ဦးဇင်းတို့ဟာ နယ်စပ်တော်လှန်ရေးကာလတလျှောက် လက်တွဲဆောင်ရွက်ခဲ့တယ်။ အမေရိကန်လာဖို့အတွက်လည်း သူ့ စပွန်ဆာတွေ ပါခဲ့တယ်။သူ့ဆီရောက်တော့လည်း စားဝတ်နေရေး လိုလေသေးမရှိ ပြုစုစောင့်ေ၇ှာက်ခဲ့တယ်။အခုထိလည်း ဦးဇင်းဘယ်နေရာရောက်ရောက် သူတို့မိသားစုဟာ ထောက်ပံ့လှုဒါန်းနေကြတယ်။

သူဟာ အမေရိကမှာ စက်မှုကောလိပ် ပြီးအောင်လည်း ကျောင်းတက်ခဲ့တဲ့ ဘက်စုံတော်တဲ့ ဒကာတယောက်ပါ။မသေဆုံးခင်အထိ မပြီးသေးတဲ့ တော်လှန်ရေးအပေါ်မှာ တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်နေတဲ့ တော်လှန်ရေးသမား ဒကာလည်းဖြစ်တယ်။

မသေခင် ၂ပတ်လောက်က ဦးဇင်းဆီကို ဖုန်းဆက်သေးတယ်။သူ သိနေလား မသိဘူး။ ဦးဇင်းကို ပြောတယ်။

“ဦးဇင်း ကျန်းမာရေး၊နေရေးထိုင်ရေး အဆင်ပြေရဲ့လား..”တဲ့။”တပည့်တော် အရေးကြီးတာ ပြောစရာလေးတွေလည်း ရှိတယ်ဘုရား..”တဲ့။”အားတဲ့နေ့ ပြောပြမယ်”..တဲ့။

အခု မထင်မှတ်ဘဲ ဆုံးပါးသွားတာ သိရလို့ ၀မ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။

သူ့ဈာပနကို အမှီရောက်အောင် သွားမယ်။နာရေးအတွက် စုပေါင်းပြီး ကူကြစေချင်တယ်။

(ဦးခေမာစာရ)
မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂ
ခေတ္တ-ဖီးနစ်မြို့-အာရီဇိုးနားပြည်နယ်။

------------------------------------------

We heard that one of the comrade Ko Mg Mg Soe passed away.He was a very respectable activist for our democratic revolution since 1988.

We are very sorrow for him same as his family.We believe that his spirit will stay with who, served their life for our motherland freedom.

Zar Ni (ABFSU).

Zaw Khin (Bettalion 210,Saw Hta Camp)

---------------------------------------------------

ဆောင်းတွင်းကြီး ချမ်းအေးလွန်းတဲ့ အမေရိကန်၊အင်ဒီယားနားပြည်နယ်၊ဖို့ဝေးမြို့က ၁၉၈၈ တောခိုကျောင်းသား ကိုမောင်မောင်စိုးတယောက်- အဆုတ်အအေးပတ်ပြီး၊ နိုဝင်ဘာ၂၈ တနင်္လာနေ့ည၁၀နာရီကျော်မှာ ဆုံးသွားတယ် ကြားတယ်။ လုပ်ဖော်ကိုင်ဖက်ဟောင်းရဲဘော် ရဲမေတွေ မိသားစုဝင်တွေနဲ့အတူ ၀မ်းနည်းကြေကွဲရပါတယ်။

(အိုးဝေအောင်)
ဖီးနစ်မြို့၊အာရီဇိုးနားပြည်နယ်။

--------------------------

ကိုမောင်မောင်စိုး

ရုတ်တ၇က် ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ထပ်တူ ၀မ်းနဲရပါတယ်။ ကိုမောင်မောင်စိုးနဲ့ သွားခဲ့ နေခဲ့ စားခဲ့တဲ့ တော်လှန်ရေးနယ်မြေများကို အမြဲအမှတ်ရနေမှာပါ။ ကိုမောင်မောင်စိုး ကောင်းရာသုဂတိလားပါစေ။

ထွန်းထွန်းဦး (NLD_LA) Australia

-----------------------------------------------

ကိုမောင်စိုး

စိတ်မကောင်း ၀မ်းနည်းရပါတယ်။ ကောင်းရာသုဂတိလားပါစေဗျာ ...။ ခင်ဗျားနဲ. အတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို ခင်ဗျား သီချင်းသံတွေကို သတိရနေပါတယ် ....။

တော်လှန်ရေးရဲဘော်ကြီးရေ ... ကောင်းရာသုဂတိလားပါစေဗျာ ...

TSL

--------------------------------

ကိုမောင်မောင်စိုး မမျှော့်လင့်ပဲ သေဆုံးသွားတဲ့ အတွက် ကျွန်တော့် အနေနဲ့ အထူး ဝမ်းနည်း တမ်းတ ကြေကွဲမိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ကိုမောင်မောင်စိုးနှင့်ပူးတွဲ လုပ်ဆောင်မှုမှန်သမျှသည် အောင်မြင်တိုးတက်မှုရရှိခဲ့ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ကိုမောင်မောင်စိုး မိသားစုအား အထူးကြေကွဲကြောင်း ဝမ်းနည်းသဝဏ်လွှာ ပေးပို့အပ်ပါသည်။

( ဦးပီတာလင်ပင်း )

--------------------------------

ကြေကွဲလွမ်းဆွတ် နှမျောတမ်းတ မိသည်မှအပ ဘာမှမတတ်နိုင်ပါ၊
မသေခင်တရက်က ပြောခဲ့တဲ့စကား နားက မထွက်ပါ။
“ခင်ဗျားနဲ့အတူတူ နယ်စပ်မှာလာနေမယ်...တဲ့” ။
အခု ကျွန်တော်ခင်ဗျားအတွက် သက်ပျောက်ဆွမ်းချက်နေတယ်၊
သင်္ခါရတရားအတွက် မျက်ရည်မှတပါး အခြားမရှိပြီ။

ကျော်သက်
(ညောင်တုန်း}

---------------

ကျွန်တော်အနေဖြင့် ကိုမောင်မောင်စိုးကွယ်လွန်ကြောင်း ကြားသိရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။

(ရဲဘော်သံဒုတ်)

---------------------

ကိုမောင်မောင်စိုးရေ

ဘယ်အချိန် ဘယ်နေရာမှာဘဲ တွေ့တွေ့- မြန်မာပြည်မှာ စစ်အာဏာရှင် ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီ ရရှိရေးကိုသာ အမြဲဆွေးနွေးလေ့ရှိတဲ့ ခင်ဗျားကို ကျနော်ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။ အခုလို လမ်းခုလတ်မှာ ရုတ်တရက်ကြီး ထွက်ခွါသွားတဲ့အတွက် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူ ထပ်မျှ ဝမ်းနည်းမိပါတယ်။

ချစ်မိတ်ဆွေကြီး ကောင်းရာသုဂတိ လားပါစေ။

အောင်တင်
ကနေဒါ

-------------------------------------------------

”စံရိပ်ငြိမ်”

နှလုံးမခုန်
မျက်စုံလဲ မှိတ်
ဝိဉာဉ် အိပ်တဲ့
အပူမဲ့ အိမ်။

အေးချမ်းမြေ့
ပြောင်းလဲ မရွေ့
လမ်းမကွေ့ပဲ
ရောက်ရမယ့် အိမ်။

ထာဝရ ရိပ်ငြိမ်။

(လွတ်လပ်မယ့် တနေ့မှာ မြန်မာပြည်မှာ ဆုံဖြစ်မယ်လို့ ယုံခဲ့ပေမယ့် အခုတော့ မမျှော်လင့်ပဲ အရင်သွားနှင့်တာပေါ့။)

မစ္စတာ ဘားမား
ဝထ

---------------------

ABSDF ရဲ့  ရဲဘော် ကိုမောင်မောင်စိုး ကွယ်လွန်ကြောင်းကြားသိရသည့်အတွက် ကျနော်တို့ ဂျပန်ရောက် ABSDF ရဲဘော်ဟောင်းများမှလည်း အထူး ကြေကွဲ ၀မ်းနည်းခြင်း ဖြစ်ရပါကြောင်း နှင့် တော်လှန်ရေးစိတ်ဓါတ်ပြည့်ဝစွာဖြင့် တာဝန်ထမ်းဆောင်ခဲ့သော ဒေါင်းတကောင်ဆုံးရှံးရခြင်း အတွက် မိသားစုနှင့်ထပ်တူဝမ်နည်းရပါကြောင်း။

သောင်းလှိုင်(၂၀၇)

---------------------------------------------

ရဲဘော်(ကို)မောင်မောင်စိုး ဟာ ၁၉၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှု မှ စကာ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေး ၊ ဒီမိုကရေစီရေး ၊ငြိမ်းချမ်းရေး ၊ အမျိုးသားညီညွတ်ရေး တိုက်ပွဲများ အထိ ရှေ့ တန်းမှ မနားတမ်း တိုက်ပွဲဆင်ခဲ့သော ၈၈၈၈ သူရဲကောင်းဖြစ်တယ်၊

၈၈၈၈ ပြည်သူ့ နေ့ စဉ်

http://www.8888peopletoday.net/

ဆရာကြီး ဦးဝင်းတင် နှင့်ကိုမောင်မောင်စိုး တို့  တယ်လီဖုန်းလိုင်းပေါ်က စကားပြောခြင်း
လွတ်လပ်သောအာရှအသံ (RFA) မှ တင်ဆက်ထားတာ ဖြစ်ပါတယ်။
ကျေးလက်ဒေသ လူထုအသံဖိုင် နားထောင်ရန်-
http://www.8888peopletoday.net/

-----------------------------------------------

ရည်ရွယ်ချက်ပန်းတိုင်ကို မရောက်ခင် တမလွန်ဘ၀ကို ပြောင်းသွားတာ စောလွန်းတယ်လို့  ၀မ်းနည်းကြေကွဲစွာ ခံစားရတယ်ကွာ၊

ဒါပေမဲ့လည်း နောက်ဆုံးထွက်သက်အထိ ဒူးမထောက် လက်မမြောက်ပဲ တိုက်ပွဲဝင်သွားတဲ့ သူငယ်ချင်း၇ဲ့ သမိုင်းကို မျက်ရည်တွေကြားထဲက ဂုဏ်ယူနေလျက်ပါ။

လွတ်လပ်မှအမျှဝေမယ့်သူစာရင်းထဲမှာ ရဲဘော် မောင်မောင်စိုးဟာ ပထမစာမျက်နှာမှာရှိနေမှာပါ၊

ကျန်၇စ်သူမိသားစုနဲ့ အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲလျက်---

(ကိုကိုလေး)

------------------

မောင်မောင်စီုး ကွယ်လွန်သွားသည့်အတွက် အံ့သြခြင်းနှင့်အတူ အထူးစိတ်ထိခိုက်ကြေကွဲမိပါသည်။ ရဲဘော်မောင်မောင်စိုးဟာ တော်လှန်ရေးသမားလည်းဖြစ်၊ အနုပညာသမားလည်းဖြစ်တဲ့ အရည်အချင်း ရှိသူတဦးပါ၊

ABSDF ဗဟိုကော်မီတီဝင်ဘဝကနေ ဖို့ဝိန်းရောက်တဲ့အထိ ဆက်တိုက် တော်လှန်ရေးနဲ့ မျက်ခြေမပြတ်ဘဲဇွဲရှိရှိ တိုက်ပွဲဝင်ခဲ့သူတဦးအဖြစ် ရင်ထဲက မှတ်တမ်းတင်ထားပါတယ်၊

ညီတယောက်၊ တော်လှန်ရေးကို ယုံကြည်သူတဦး ဆုံးရှုံးသွားခဲ့ပါပြီ၊

မပြီးဆုံးသေးတဲ့ တော်လှန်ရေးကို ဆက်လက်ပြီး သူ့ကို လေးစားသောအားဖြင့် ကျန်ရစ်သူအားလုံးက မဆုတ် မနစ် တိုက်ပွဲဝင်ကြလိမ့်မယ်လို့ မျှော်လင့်ပါသည်။

ရဲဘော်မောင်မောင်စိုးကောင်းရာသုဂတိလားပါစေ။

(ထွန်းအောင်ကျော်)

---------------------------

စောထဖောင်ဒေးရှင်းကို စတင်တည်ထောင်သူ။ စောထဒိုင်ယာ၇ီစီးရီးကိုထုတ်လုပ်သူ-ရဲဘော်မောင်မောင်စိုး၊တပ်ရင်း၂၁၀ စောထစခန်းသည် တနင်္လာနေ့ ည၁၀နာ၇ီ မိနစ်၂၀ခန့်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည့်အတွက်မိသားစုနှင့်ထပ်တူထပ်မျှကြေကွဲရပါကြောင်း ။

ရဲဘော်မောင်မောင်စိုး ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းလိုက်ပါသည်။

စစ်အာဏာရှင်စနစ်ကိုတော်လှန်တိုက်ပွဲဝင်ခဲ့သည့် ရဲဘော်၏ပေးဆပ်မှုကိုလည်း ရင်ထဲ၊အသဲထဲမှ အသိအမှတ်ပြုလေးစားပါသည်။

ရဲဘော်၏ဈာပနကိုလည်း တိုက်ပွဲဝင် ခွပ်ဒေါင်းအလံအုပ်၍ သဂြိုလ်စေချင်ပါကြောင်း။

မပြီးဆုံးသေးသည့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး၇ရှိရေးတို့အတွက် ဆက်လက်တော်လှန်တိုက်ပွဲဝင်သွားမည်ဆိုသည်ကိုလည်း အလေးအနက်သစ္စာပြုဦးညွှတ်လိုက်ပါသည်။

ရဲဘော်ဂျာကြီး။
တပ်ရင်း=၂၁၀
စောထစခန်း

-------------------------

ကိုမောင်မောင်စိုး ဆုံးသွားကြောင်း ကြားသိရလို့များစွာ စိတ်မကောင်းဖြစ်မိပါတယ်။ မိသားစုနဲ့ထပ်တူထပ်မျှဝမ်းနည်းမိပါတယ်။

ဤ သတင်းပေးပို့ သူ ကိုကိုဦး ကိုလည်း ကျေးဇူးပါ။

(ဝင်းမောင်)

---------------------

စိတ်မကောင်းဖြစ်ရပါတယ်။ "May he be in peace."

CKK

----------------------------

အထူးပဲ ယူကြုံးမရ ၀မ်းနည်းမှုဖြစ်မိပါတယ်။ ကြယ်တပွင့် ကြွေလွှင့် သွားသလိုပါပဲ။ ထာဝစဉ် ဦးညွတ်နေမှာပါ။

ကိုမောင်မောင်စိုး ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းလိုက်ပါတယ်။

(လင်းအောင်)

--------------------------------

ဒို့အတွက်ကောင်းတဲ့ သတင်း မဟုတ်တဲ့ အတွက် စိတ်ထိခိုက်ရတယ် ။စိတ်မကောင်းဖြစ်မိတယ်။ မောင်မောင်စိုးရဲ့ မိသားစုကို ဆက်သွယ်ရန် ဖုန်းနံပါတ်ထည့်ပေးလိုက်တဲ့အတွက်လဲ ကိုကိုဦးကို ကျေးဇူးတင်ပါတယ် ။

သူ့မိသားစုနဲ့ ဆက်သွယ်ပြီး ဒို့ရဲ့လုပ်ဖေါ်ကိုင်ဘက် သူငယ်ချင်း မောင်မောင်စိုးကို ကူညီနိုင်တာ လိုအပ်တာ ကူညီကြတာပေါ့။

ကျုပ်တို့လဲ အသက်တွေလဲကြီးလာပြီ ။ တိုက်ပွဲက မပြီးသေးဘူး။ ကျန်တဲ့ကျုပ်တို့သူငယ်ချင်းတွေလဲ ကျမ်းမာရေးကို ဂရုစိုက်ကြပါလို့ မေတ္တာနဲ့ပြောပါရစေ။

မောင်မောင်စိုးရေ

မင်းတို့နဲ့ခွဲခွါသွားပေမဲ့ ရောက်ရာအရပ်ကနေ တိုက်ပွဲပြီးဆုံးထိ ကျုပ်တို့နဲ့အတူ ရှိနေမယ်လို့ ကျုပ်ယုံကြည်တယ် ။

သူငယ်ချင်းမောင်မောင်စိုး

ငါအနေနဲ့ကတော့ ယ္ခုချိန်မှာ အမျှမဝေလိုဘူး။ လွတ်လပ်မှာပဲ သူရဲကောင်း ဗိမ္မာန်ရှေ့မှာ စစ်အာဏာရှင်တွေ ကျဆုံးရေးအတွက် တိုက်ပွဲဝင်ခဲ့သူတွေနဲ့ အတူ အမျှဝေပေးမယ်။

ရွှေထီး(၈၈၈၈)
ခေတ္တ -မာရာမီး, ဖလော်ရီတာ

--------------------------------------------------

ကိုမောင်မောင်စိုး ကွယ်လွန်သွားခြင်း အပေါ် မိသားစုများ၊ သူ့ လုပ်ဖေါ် ကိုင်ဘက်များနှင့် အတူ ထပ်တူ ၀မ်းနည်းကြောင်း ဖေါ်ပြအပ်ပါသည်။

ခိုင်မြတ်ကျော်
ABSDF ရဲဘော်ဟောင်း
(၉၀၉) တပ်ရင်း
ဘင်္ဂလားဒေခ်ျ့

----------------------------------------

ကျွန်တော်တို့ ၏ ဒီမိုကရေစီေ၇း လှုပ်ရှားမှုတွင်လည်း အင်အားတရပ် ဆုံးရှုံးရခြင်း ဖြစ်သဖြင့် အထူးတလည် ၀မ်းနည်းစိတ်ထိခိုက်ရပါကြောင်း။

၈၈၈၈ ရဲဘော်များ

-------------------------------

ရှေ့ တန်းမှ မနားတမ်း တိုက်ပွဲဆင်ခဲ့သော ၈၈၈၈ သူရဲကောင်း ရဲဘော်မောင်မောင်စိုး။

ရဲဘော်(ကို)မောင်မောင်စိုး ဟာ ၁၉၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုမှစကာ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေး ၊ ဒီမိုကရေစီရေး ၊ငြိမ်းချမ်းရေး ၊ အမျိုးသားညီညွတ်ရေး တိုက်ပွဲများ အထိ ရှေ့ တန်းမှ မနားတမ်းတိုက်ပွဲဆင်ခဲ့သော ၈၈၈၈ သူရဲကောင်းဖြစ်တယ်၊

ဒီလိုအချိန်ဒီလိုအခါမှာ ကျန်ရစ်သူ မိသားစုနည်းတူ ကျနော်တို့ လည်း လွန်စွာမှ ၀မ်းနည်းပူဆွေး ကြရပါကြောင်း အသိပေးလိုပါတယ်။

ရဲဘော်မောင်မောင်စိုး အား ဦးညွတ်အလေးပြုရင်း.....

ရဲဘော်ကျော်မြထူး

-------------------------------------------

”ခွပ်ဒေါင်းမျိုး သေရိုးမရှိ”

ပန်းတိုင်မရောက် ခရီးမပေါက်ခင်
ဘ၀တစ်ပါး ရောက်သွားတဲ့
ရဲရဲတောက် ဇာနည်မျိုး
ဒေါင်းမာန်မညှိုးတဲ့ ကိုမောင်မောင်စိုး။

အာဏာရှင်စနစ်ဆိုး
ရိုက်ချိုးဖို့မာန်တင်း
ရန်မျိုးစုံခွင်းတဲ့ သင့်လုပ်ရပ်
သမိုင်းမှတ်တိုင်မှာ ခတ်ခိုင်ခိုင်
ရပ်နိုင်ပြီး မော်ကွန်းရေး
ဖေါ်ညွှန်းပေးကြမှာ မလွဲပါ။

သင့်ဘ၀စခန်း လျှောက်ရာလမ်းမှာ
ကြမ်းတမ်းကွေ့ကောက် ဆူးညှောက်အသွယ်သွယ်
အန္တရာယ် ရန်စွယ်အမျိုးမျိုးကို
မစိုးမရွံ့ နောက်မတွန့်ဘဲ
သက်စွန့်ကြိုးပမ်း လျှောက်ခဲ့တဲ့လမ်းကို
ဆက်လှမ်းမယ့် ခွပ်ဒေါင်း
ထောင်သောင်းမက
အတောင်မညောင်းကြသေး။

တော်လှန်ရေး မအောင်မချင်း
အမှောင်ခွင်းပြီး အလင်းဆောင်
အလင်းရောင်မြင်လာတဲ့အထိ
သတ္တိဇွဲ ရဲရဲဆောင်
တောင်ပံဆန့်
မြန်ပြည်အနှံ့ခွပ်သွားမယ့်
လွတ်ကြောင်းအမှန်ကြံတဲ့
ခွပ်ဒေါင်းမာန်။

အာဏာရှင် စစ်ဖိနပ်အောက်
လက်မမြှောက် ဒူးမထောက်
ပန်းတိုင်ပိုင်ပိုင် ရောက်တဲ့ထိ
သတ္တိရှိရှိ တာဝန်သိသိနဲ့
တုံးဖိတဲ့ဖါး မြုံးမိတဲ့ငါးလို
မပိမပြား သတိထားပြီး
ကြိုးစားသွားမဲ့စိတ်ဓါတ်
ဘယ်တော့မှ ရပ်မသွားဘူး။

ရဲဘော်ကိုမောင်မောင်စိုး
အကြောင်းအကျိုး မခေတဲ့
ဒေါင်းအိုးဝေ သေရိုးမရှိ။

သင့်ခန္ဓာကိုယ် သေပေသော်ငြား
သင်ထားခဲ့တဲ့စိတ်ဓါတ်
သင်မှတ်ခဲ့တဲ့ဖြစ်ရပ်တွေဟာ
ဇာတ်ကြောင်းအဖန်ဖန်တပ်

ရဟတ်ပေါင်း အတန်တန်ခတ်သလို
မရပ်မနား တသွားထဲသွား
တကြွားထဲကြွားနေရအုံးမှာပါ။

သင့်ကို ဆုံးရှုံးရတဲ့အတွက်
မျက်ရည်စက်လက်နဲ့
စိတ်မှာတသက်သက်ဖြစ်နေတဲ့ကြားက
သင့်လုပ်ကွက်တွေကို ကျုံးပြီး
အပြုံးနဲ့ ဂုဏ်ယူနေမယ့်အကြောင်း
ရဲဘော်ဟောင်း ဘ၀အပြောင်း
ကောင်းပါစေ အကြောင်းသာပါစေဗျာ။

သင့်ကိုရှေးရှု အလေးပြုလိုက်ပါတယ်။

သင့်ရဲဘော်
ကိုကိုအောင်(ဆန်ဖရန်စစ္စကို) 11-29-11

------------------------------------------------

ABSDF ရဲ့ ရဲဘော် ကိုမောင်မောင်စိုး ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက်...

မောင်မောင်စိုးဟာ တော်လှန် ရေးသမားလည်းဖြစ်၊ အနုပညာသမားလည်းဖြစ်တဲ့အရည်အချင်း ရှိသူတဦးဖြစ်ပါတယ်။။ ကျွန်တော်နှင့် အနုပညာ အကြောင်းများ ဂျီတော့ပေါ်တွင် မကြာခဏ ပြောလေ့ရှိပါတယ်။

အရမ်းမြန်လွန်းတယ်။ မထင်ထားဘူး၊၊မဲဆောက်က ဗိုလ်ကျောက် ပြောမှဘဲ သိရတာပါ၊၊

ကျနော်တို့ ဂျပန်ကABSDF ရဲဘော်ဟောင်းများမှလည်း အထူးကြေကွဲ ၀မ်းနည်း နှမြောမိပါတယ်၊၊

တော်လှန်ရေးစိတ်ဓါတ်ပြည့်ဝစွာဖြင့် တာဝန်ထမ်းဆောင်ခဲ့သော ခွပ်ဒေါင်းတကောင် ဆုံးရှံးရခြင်း အတွက် မိသားစုနှင့်ထပ်တူဝမ်နည်းရပါကြောင်း။

အစ်ကို ကိုစိုး ...ကောင်းရာသုဂတိ ရောက်ပါစေဗျာ။

ထွန်းဝေ (ဂျပန်)

-------------------------------------------------------------

ရဲဘော် မောင်မောင်စိုး( ဖို့ဝိန်း) ကွယ်လွန်ကြောင်းကြားသိရသည့်အတွက် ကျန်၇စ်သူမိသားစုနဲ့ အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲ ရပါကြောင်း....။

နေတင်မြင့်( နယူးယောက်)

------------------------------------------------------

သူ bronchitic ဖြစ်နေတာတော့ကြာပြီသိထားတယ်၊ဆေးပြင်းတွေသောက်နေရတယ်၊ ဒီလောက်မြန်သွားမယ်လို့တော့ ဘယ်သူမှ မထင်ထားဘူး၊မနေ့ညက ဆုံးတယ်၊သတင်းမေး အားပေးချင်ရင်တော့ သူမိသားစု ဖုံးနံပါတ်က ၂၆၀-၄၂၂-၁၃၂၄ ကို ဆက်လို့ရပါတယ်။

(ကိုကိုဦး)











စိတ်မကောင်းဝမ်းနည်းမှုဖြစ်မိပါတယ်။   ကိုမောင်မောင်စိုး ကောင်းရာသုဂတိ ရောက်ပါစေဗျာ။
Aung Moe (aka) Myo Lwin Aung    ( Canada, Toronto)

a letter from President Barack Obama to Myanmar's leading democracy campaigner Aung San Suu Kyi

Yangon, Myanmar (CNN) -- Secretary of State Hillary Clinton personally delivered a letter from President Barack Obama to Myanmar's leading democracy campaigner Aung San Suu Kyi Thursday. Here is the letter in full as released by the State Department:
Aung San Suu Kyi
Rangoon, Burma
Daw Aung San Suu Kyi:
It was a pleasure and an honor to speak with you recently. As I said during our conversation, I have long admired your brave and unwavering struggle for democracy, and I consider our conversation a highlight of my recent visit to Asia.
U.S. reaches out to Myanmar
I am pleased that the Burmese government has taken several encouraging steps in the direction of democracy and reform. Secretary of State Clinton's visit will explore how the United States can support efforts to foster political opening and respect for universal human rights, as well as demonstrate the seriousness of our commitment to helping the people of Burma achieve their democratic aspirations.
I thank you for your welcome of the Secretary's visit, and look forward to speaking to you again. Thank you for the inspiration you provide all of us around the world who share the values of democracy, human rights, and justice. We stand by you now and always.
Sincerely,
Barack Obama

Clinton meets Myanmar leaders

Press Availability Hillary Rodham Clinton in Nay Pyi Taw, Burma

Press Availability in Nay Pyi Taw, Burma


Press Availability
Hillary Rodham Clinton
Secretary of State
Nay Pyi Taw, Burma
December 1, 2011


SECRETARY CLINTON: Good afternoon, and – mingalaba, is that how you say it? Yeah? How? QUESTION: Mingalaba.
SECRETARY CLINTON: Mingalaba. Thank you.
Let me start by saying that I want to emphasize that while I may be the first United States Secretary of State to visit in over a half century, our two nations are far from strangers. We’ve had a long history together, from the earliest American missionaries to generations of traders and merchants to the shared sacrifices of World War Two. The United States was among the first to recognize this country’s independence, and we have welcomed the many contributions of Burmese Americans to our own culture and prosperity. And Americans from all walks of life are following closely the events here.
So I come with a great deal of interest and awareness of what is happening. And on behalf of my country and President Obama, I came to assess whether the time is right for a new chapter in our shared history. Today, I met with President Thein Sein, his foreign minister, other senior ministers, and the speakers and members of parliament in both houses. We had candid, productive conversations about the steps taken so far, and the path ahead for reform.
Tomorrow, I will be meeting with ethnic minority groups and civil society. I will be meeting tonight and tomorrow with Aung San Suu Kyi and other members of the political opposition.
President Thein Sein has taken the first steps toward a long-awaited opening. His government has eased some restrictions on the media and civil society, opened a dialogue with Aung San Suu Kyi, rewritten election and labor laws, and released 200 prisoners of conscience. The president told me he seeks to build on these steps, and I assured him that these reforms have our support. I also told him that while the measures already taken may be unprecedented and certainly welcome, they are just a beginning. It is encouraging that political prisoners have been released, but over a thousand are still not free. Let me say publicly what I said privately earlier today. No person in any country should be detained for exercising universal freedoms of expression, assembly, and conscience.
It is also encouraging that Aung San Suu Kyi is now free to take part in the political process. But that, too, will not be sufficient unless all political parties can open offices throughout the country and compete in free, fair, and credible elections. We welcome initial steps from the government to reduce ethnic tensions and hostilities. But as long as terrible violence continues in some of the world’s longest-running internal conflicts, it will be difficult to begin a new chapter.
This country’s diversity, its dozens of ethnic groups and languages, its shrines, pagodas, mosques, and churches should be a source of strength in the 21st century. And I urged the president to allow international humanitarian groups, human rights monitors and journalists access to conflict zones.
National reconciliation remains a defining challenge, and more needs to be done to address the root causes of conflict and to advance an inclusive dialogue that will finally bring peace to all of the people. We discussed these and many other challenges ahead, including the need to combat illegal trafficking in persons, weapons, and drugs. And I was very frank in stating that better relations with the United States will only be possible if the entire government respects the international consensus against the spread of nuclear weapons. We look to the government to fully implement UN Security Council Resolutions 1718 and 1874, and we support the government’s stated determination to sever military ties with North Korea.
In each of my meetings, leaders assured me that progress would continue and broaden. And as it does, the United States will actively support those, both inside and outside of government, who genuinely seek reform. For decades, the choices of this country’s leaders kept it apart from the global economy and the community of nations. Today, the United States is prepared to respond to reforms with measured steps to lessen the isolation and to help improve the lives of its citizens. That includes an invitation to join neighboring countries as an observer in the Lower Mekong Initiative. We have agreed to IMF and World Bank assessment missions to begin studying the needs on the ground for development, particularly in rural areas, and poverty reduction.
We discussed loosening restrictions on UNDP health and microfinance programs, pursuing education and training efforts, and resuming joint counter-narcotics missions. And just as the search for missing Americans once helped us repair relations with Vietnam, today we spoke about a new joint effort to recover the remains of hundreds of Americans lost here during World War II during the building of the Burma Road.
These are beginning steps, and we are prepared to go even further if reforms maintain momentum. In that spirit, we are discussing what it will take to upgrade diplomatic relations and exchange ambassadors. Over time, this could become an important channel to air concerns, monitor and support progress, and build trust on both sides.
The last time an American Secretary of State came to Burma, it was John Foster Dulles, and this country was considered the jewel of Asia, a center of higher learning and the rice bowl of the region. In the last half century, other countries have raced ahead and turned East Asia into one of the world’s great centers of dynamic growth and opportunity. So the most consequential question facing this country, both leaders and citizens, is not your relationship with the United States or with any other nation. It is whether leaders will let their people live up to their God-given potential and claim their place at the heart of the 21st century, a Pacific century.
There is no guarantee how that question will be answered. If the question is not answered in a positive way, then once again, the people could be left behind. But if it is answered in a positive way, I think the potential is unlimited.
I’m told there is an old Burmese proverb which says, “When it rains, collect water.” Well, we don’t know yet if the path to democracy is irreversible, as one of the leaders told me today, if the opening of the economy will be considered a positive and moved quickly to achieve. So the question is not for me to answer. The question is for all of you, particularly leaders, to answer. But we owe it to nearly 60 million people who seek freedom, dignity, and opportunity to do all we can to make sure that question is answered positively.
President Obama spoke of flickers of progress. Well, we know from history that flickers can die out. They can even be stamped out. Or they can be ignited. It will be up to the leaders and the people to fan those flickers of progress into flames of freedom that light the path toward a better future. That and nothing less is what it will take for us to turn a solitary visit into a lasting partnership. As I told President Thein Sein earlier today, the United States is prepared to walk the path of reform with you if you choose to keep moving in that direction. And there’s no doubt that direction is the right one for the people.
I’ll be happy to take some questions.
MS. NULAND: We have time for four questions today. I guess the first one is The New York Times, Steve Myers.
QUESTION: Thanks, Toria. Madam Secretary, thank you. Sorry. Thank you, Madam Secretary. The – Aung San Suu Kyi yesterday said that she personally trusted the president but wasn’t sure about the views of others in the government. After your meetings today, do you share that view?
And in your discussions today, did you talk about a timetable for some of the reciprocal steps from both countries that you would like to see? Is this a matter of months or years? Thank you.
SECRETARY CLINTON: Well, Steve, we had a very substantive, serious, and candid, long discussion, both in the formal setting and then over lunch, between myself and President Thein Sein. He laid out a comprehensive vision of reform, reconciliation, and economic development for his country, including specifics such as the release of political prisoners, an inclusive political process, and free, fair, and credible bi-elections, a rigorous peace and reconciliation process to bring to an end some of the longest-standing conflicts anywhere in the world, and strong assurances regarding his country’s compliance with United Nations Security Council Resolutions 1718 and 1874, and their nonproliferation commitments with respect to North Korea.
I made it clear that he and those who support that vision which he laid out for me, both inside and outside of government, will have our support as they continue to make progress, and that the United States is willing to match actions with actions. We want to be a partner in this reform process, starting with the steps that I laid out today. I also told him that, based on my experience and my observation, I am well aware that he has people in his government who are very supportive of this reform agenda, and he has people who are worried about it or opposed to it, and he has people in the middle who are sitting on the fence, trying to make up their minds. What I hope is that our strong commitment, coupled with the willingness of the international community – particularly multinational organizations from the UN to the IMF to the World Bank and others – expressing our strong support for this path. And what it will mean in terms of delivering concrete benefits will give him extra support in the internal debates that are underway.
So I certainly believe that we now have a clear sense of what he is trying to achieve and how best we can support him. And let me add that, in my meetings with the foreign minister and the speakers of both the upper and the lower house, I heard the same things about the issues that had to be addressed in order for reform to continue. I wasn’t given specific dates, but I was certainly assured that actions would be taken on a regular and ongoing basis.
MS. NULAND: Next question, from Shwe Gin Maru (ph) of Myanmar Times.
QUESTION: Thank you, Madam. I would like to know, do you think (inaudible) reaching with the new Government of Myanmar, and (inaudible)?
SECRETARY CLINTON: I thought that today was an excellent opportunity for me to both listen to officials in the government describe what their intentions are and the actions that they are planning to take and for them to hear from me on behalf of the United States how much we support this path of reform, how we expect to see additional steps taken on political prisoners, on peace and reconciliation, on the bi-elections, on the enforcement of the laws that have been passed, which are quite encouraging but need to be implemented. And I will certainly emphasize that if what I heard today is followed through on by the government, that meets the concerns that we have as to whether or not this is a serious and sincere effort. And we hope that it is.
MS. NULAND: Next question, Keith Johnson, Wall Street Journal.
QUESTION: Madam Secretary, thank you. China’s response to your visit and the U.S. reengagement in general has been one of concern. And in fact, they’ve spoken openly about a competition between the U.S. and China for inputs in Myanmar. Their state media just today warned that they will not accept their interests being stamped on here. And I wondered, just briefly, two things. Do you fear that U.S. reengagement could cause any sort of backlash with Beijing? And more broadly, countries like Myanmar in the region, what can the U.S. do to assuage countries like that? They’re sort of caught between these two titans of the new Pacific century.
SECRETARY CLINTON: That’s an important question, and it’s one that I addressed in all of my discussions. Our engagement here is rooted in our longstanding interest in seeking positive change. We have, as I said at the very beginning, a long history that has many positive aspects to it. But we have been dismayed by some of the actions of the past decades, and we are encouraged to see the changes that are taking place.
This is an interest that spans decades, that cuts across every political divide in the United States, because it’s a country that has both fascinated and worried Americans for many years. And we are not about opposing any other country; we’re about supporting this country. And we actually consult regularly with China about our engagements in the Asia Pacific region, including how we see events unfolding here. And we welcome – as I specifically told the president and the two speakers, we welcome positive, constructive relations between China and her neighbors. We think that’s in China’s interest as well as the neighborhood’s interest. We think that being friends with one doesn’t mean not being friends with others. So from our perspective, we are not viewing this in light of any competition with China. We’re viewing this on its merits as an opportunity for us to reengage here. And we think that that is a very open possibility. And that’s why I’m here to assess it for myself.
MS. NULAND: And the last question today, Fine Kin Zin Lay (ph) from The Voice.
QUESTION: (Inaudible) asking two questions. One question is: Do you see any probability for release all political prisoners? And the second question is: Did you discuss about sanctions with the president? Are there any probability to ease sanction, or never? Thank you.
SECRETARY CLINTON: We discussed both of those issues at some length because, obviously, they are important subjects in our renewed dialogue.
With respect to political prisoners, we believe that any political prisoner anywhere should be released. One political prisoner is one too many, in our view. And we’re concerned about the continued detention of more than a thousand prisoners of conscience here. We welcome the release of the 200 political prisoners in October, and we have consistently called for and encouraged the release of all political prisoners. I did so again. And I made it clear that was an issue that would have to be resolved before we could take some of the steps that we would be willing to take because the immediate and unconditional release of all political prisoners is a key test of the government’s commitment to human rights and democracy and internal national reconciliation.
So we’re aware of the process that is followed and the constitutional provision that gives authority to the president. We know that for the release in October, the parliament agreed to support that. So I discussed it with the president and both speakers, and we are certainly hopeful that we will see such release of all prisoners in the near future.
With regard to sanctions, we’re in the early stages of our dialogue. And I want to state for the record that my visit today is the result of over two years of work on our behalf. We’ve had at least 20 high-level visits. We have Assistant Secretary Campbell, our former representative Scott Marciel. We’ve had a very active engagement by our chargé, and then we filled the position that the Congress created for a permanent special representative with Ambassador Derek Mitchell.
So for more than two years, ever since I asked that we do a review of our Burma policy in 2009, we have been reaching out, we’ve been trying to gather information, because we wanted to see change for the benefit of all of the people. And so we have been working toward this, and the reason that we were finally able to reach the decision that the president announced for me to visit is because of the steps that the government has taken.
We know more needs to be done, however, and we think that we have to wait to make sure that this commitment is real. So we’re not only talking to senior members of the government, but we’re talking to civil society members, we’re talking to members of the political opposition, we’re talking to representatives of ethnic minorities, because we want to be sure that we have as full a picture as possible.
So we’re not at the point yet that we can consider lifting sanctions that we have in place because of our ongoing concerns about policies that have to be reversed. But any steps that the government takes will be carefully considered and will be, as I said, matched because we want to see political and economic reform take hold. And I told the leadership that we will certainly consider the easing and elimination of sanctions as we go forward in this process together. And it has to be not theoretical or rhetorical. It has to be very real, on the ground, that can be evaluated. But we are open to that, and we are going to pursue many different avenues to demonstrate our continuing support for this path of reform.
MS. NULAND: Thank you very much.
SECRETARY CLINTON: Thanks, everyone. Thank you all very much. Wonderful to have a chance to talk to you.
# # #


PRN: 2011/T56-05

တိဗက်တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြင့်ဖို့ အလားအလာရှိ


Posted: 30 Nov 2011 05:13 AM PST

Buddha FM တည်ထောင်သူလည်းဖြစ်၊ ဘလော့ဂါလည်းဖြစ်တဲ့ မွန်ဘိုင်းတက္ကသိုလ်မှာ ပါရဂူဘွဲ့အတွက် ပညာသင်ကြားနေတဲ့ အရှင်မေတ္တာစာရဟာ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ဖေဖေါ်ဝါရီလမှာ တွေ့ဆုံခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို တိဗက်တက္ကသိုလ်က ဂုဏ်ထူးဆောင်ဘွဲ့တခုခုပေးဖို့ အကြံပေးခဲ့တာကို စဉ်းစားပေးတဲ့အနေနဲ့ ဒီကနေ့မနက်မှာအကြောင်းပြန်လာတယ်လို့ သိရပါတယ်။ 



ခင်မင်လေးစားရပါသော အရှင်

ဘုန်းတော်ကြီးထံသို့ ၂၆ နိုဝင်ဘာက သင် ပေးပို့လိုက်သော အီးမေးလ်အတွက် ကျေးဇူးတင်ပါတယ်။ ဘုန်းတော်ကြီးက သူ၏ကိုယ်စား ကျွန်ုပ်ကို စာပြန်ခိုင်းပါတယ်။သင်အကြံပြု တင်ပြသော ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်ုပ်တို့ဖက်မှ ဂုဏ်ထူးဆောင်ဆု ပေးအပ်ရန်ကို ကျွန်ုပ်တို့ အင်မတန် ကျေးဇူးတင်ပါတယ်။ ဘုန်းတော်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ကို အင်မတန် လေးစားချစ်ခင်တဲ့သူဖြစ်ပြီး သူမနဲ့လည်း ရံဖန်ရံခါ ဆက်သွယ်မှု ပြုပါတယ်။ သင်တင်ပြသော အကြံပြုချက်ကို တိဘက်ရေးရာဗဟို တက္ကသိုလ်မှ လက်ထောက် အုပ်ချုပ်ရေးမှူးထံကို တင်ပြပေးပါမည်။ အဆိုပါ တက္ကသိုလ်မှာ အိန္ဒိယတက္ကသိုလ်များဆိုင်ရာ အက်ဥပဒေနှင့်အညီ ဖွင့်ထားသည့် တက္ကသိုလ်ဖြစ်ပါသည်။

လာမည့် ဒီဇင်ဘာ ၁၁ ရက်နေ့ ပရက်မြို့တွင် သမ္မတ Vaclav Havel၏ ဖိတ်ကြားချက်အရ ပြုလုပ်မည့် ခေါင်းဆောင်များ စုဝေးတွေ့ဆုံပွဲရှိကြောင်းကိုလည်း အကြောင်းကြားလိုပါတယ်။ အဲ့ဒီပွဲမှာ နိုဗယ်ငြိမ်းချမ်းရေးဆုရတဲ့သူတွေကိုလည်း ဖိတ်ကြားထားပါတယ်။ တရုတ်နိုင်ငံက လူရှောက်ဘို နိုဗယ်ငြိမ်းချမ်းရေးဆုရတဲ့ ပထမ နှစ်ပတ်လည်အခမ်းအနားလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီပွဲ တက်ဖို့ ဖိတ်ထားတယ်လို့ ကျနော်တို့ကို ပြောပါတယ်။ အကယ်၍ သူမသာ ဒီပွဲ လာတက်ဖို့ ဖြစ်နိုင်မယ်ဆိုရင် ဘုန်းတော်ကြီးက သူမကို တွေ့လိုတယ်လို့ ပြောပါတယ်။

ကောင်းသောဆန္ဒများဖြင့်
Chhime R. Chhoekyapa
ဘုန်းတော်ကြီး ဒလိုင်းလားမား၏ ကိုယ်ရေးအရာရှိ

အမေရိကန်အနေဖြင့် မြန်မာအစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန် လတ်တလော စဉ်းစားဦးမည်မဟုတ်ကြောင်း


အမေရိကန်အနေဖြင့် မြန်မာအစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန် လတ်တလော စဉ်းစားဦးမည်မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ယနေ့ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောလိုက်သည်။
နေပြည်တော် သင်္ဂဟ ဟိုတယ်၌ သတင်းထောက်များအား ရှင်းလင်းပြောပြနေသော မစ္စ ဟီလာရီ ကလင်တန် (ဓာတ်ပုံ - ဧရာဝတီ)
“အမေရိကန်အနေနဲ့ အားလုံး အကျိုးဖြစ်ထွန်းတာ မြင်ချင်တယ်။ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ဆောင်ဖို့ လိုတယ်။
ဒီ ပြုပြင်ပြောင်းလဲမှုတွေက အမှန်တကယ် ဖြစ်ဖို့လိုပါတယ်။ ကျမတို့အနေနဲ့ အစိုးရအပါအ၀င် တိုင်းရင်းသားတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ အားလုံးနဲ့ ဆွေးနွေးနေပါတယ်။ အခုအချိန်မှာတော့ စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ စဉ်းစားတဲ့အထိ မရောက်သေးပါဘူး။ အစိုးရက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်မယ် ဆိုရင် ကျမတို့အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ ချက်ချင်း စဉ်းစားပါ့မယ်။ နောက်ပြန် မသွားဖို့လိုတယ်။ ပြုပြင်ပြောင်းလဲမှုက အစစ်အမှန် ဖြစ်ဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှု အစ ခြေလှမ်းများကို ကြိုဆိုကြောင်း၊ ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ရန် လိုအပ် နေသေးကြောင်း၊ ပြုပြင်ပြောင်းလဲမှုများ စစ်မှန်စွာ လုပ်ဆောင်ပါက စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးကို ချက်ချင်း စဉ်းစားမည်ဖြစ်ကြောင်း မစ္စ ကလင်တန်က ပြောဆိုသည်။
မြန်မာပြည်တွင်း၌ တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေး အပြည့်အဝ မရနိုင်သေးခြင်း၊ နိုင်ငံရေး အကျဉ်းသားများအား ဆက်လက် ဖမ်းဆီးထားခြင်း အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု များမှာ စိုးရိမ်စရာ အခြေအနေတွင် ရှိနေသေး သောကြောင့် မြန်မာအစိုးရ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာအစိုးရသစ်က နိုင်ငံရေးအကျဉ်းသား မရှိဟု စဉ်ဆက်မပြတ် ငြင်းဆိုခဲ့သော်လည်း မစ္စ ကလင်တန်ကမူ နိုင်ငံရေး အကျဉ်းသားများကို မဝေးတော့သော အနာဂတ်တွင် လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်သည်ဟု သတင်းထောက်များအား ပြောသည်။
“နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရမယ်။ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရေးဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လုပ်မယ်လို့ ပြောထားတဲ့ အစိုးရတရပ် ချက်ချင်း လုပ်ဆောင်ရမယ့် အရေးကြီးတဲ့ လုပ်ငန်းစဉ်တရပ် ဖြစ်ပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု မစ္စ ကလင်တန်က ဆိုသည်။
ဟီလာရီ ကလင်တန်က ၎င်း၏ ခရီးစဉ်သည် ၂၀၀၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ စတင် ပြောင်းလဲလာသော ထိတွေ့ဆက်ဆံမှု မူဝါဒသစ်အရ လာရောက်ခြင်း ဖြစ်ကြောင်း၊ ၂ နှစ်အတွင်း အမေရိကန် အစိုးရ ထိပ်တန်းတာဝန်ရှိသူများ၊ အထူး ကိုယ်စားလှယ်များ အကြိမ် ၂၀ နီးပါး မြန်မာပြည်သို့ လာရောက်ခဲ့ကြကြောင်း၊ ယနေ့ လာရောက်မှုသည် အမေရိကန် နှင့် မြန်မာဆက်ဆံရေးအတွက် ကောင်းမွန်သော အခွင့်အလမ်း ဖြစ်ကြောင်း ရှင်းပြသည်။
မြန်မာအစိုးရသည် တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်ကို ကြိုဆိုကြောင်း၊ နိုင်ငံတနိုင်ငံတည်း နှင့်သာမကဘဲ တခြားနိုင်ငံများနှင့်လည်း မိတ်ဆွေအဖြစ် ဆက်ဆံနိုင်ကြောင်း ၎င်းက ပြောသည်။
အမေရိကန်ပြည်ထောင်စုက မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေးအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့သည်ကို
မြန်မာ အစိုးရသစ်က ကုလသမဂ္ဂ ချမှတ်ထားသော မြောက်ကိုရီးယားဆိုင်ရာ ဆုံးဖြတ်ချက်များအား လိုက်နာမည်ဟု ပြောဆိုကြောင်း ဟီလာရီ ကလင်တန်က သတင်းထောက်များအား ပြန်လည် ပြောပြသည်။

ဆက်လက်၍ ၎င်းက အစိုးရအဖွဲ့အတွင်း၌ ပြုပြင်ပြောင်းလဲမှု လုပ်လိုသူ၊ ပြုပြင်ပြောင်းလဲမှုများအား ဆန့်ကျင်သူ၊ ကြားနေသူများ ဟူ၍ ၃ စု တွေ့ရကြောင်း၊ အမေရိကန်ပြည်ထောင်စုသည် ပြုပြင်ပြောင်းလဲမှု လုပ်လိုသော အစိုးရ အဖွဲ့အတွင်းမှ လူများ၊ အစိုးရအဖွဲ့ ပြင်ပမှ လူများအားလုံးကို ထောက်ခံသွားမည် ဖြစ်ကြောင်း ပြောသည်။
ဟီလာရီကလင်တန်သည် နေပြည်တော်မှ ရန်ကုန်သို့ ယနေ့ညနေ ၃ နာရီခွဲတွင် ထွက်ခွာသွားပြီး ညနေ ၄ နာရီကျော်၌ ရန်ကုန်မြို့သို့ ရောက်ရှိကာ ရွှေတိဂုံ စေတီကို ဖူးမျှော်မည် ဖြစ်သည်။ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသားများ၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်သည်။

ဟီလာရီကလင်တန် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နေပြည်တော်မှ ရန်ကုန်မြို့သို့ ရောက်ရောက်ချင်း ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော် PDF Print
Thursday, 01 December 2011 20:33
AddThis Social Bookmark Button

clinton-ygn
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် နေပြည်တော်မှ ရန်ကုန်မြို့သို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အမေရိကန်လေယာဉ် ၈၀၀၀၂ ဖြင့် ရောက်ရှိလာခဲ့သည်။

အမေရိကန်လေယာဉ် ၈၀၀၀၂ ဖြင့် ရန်ကုန်မြို့သို့ရောက်ရှိလာသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးများက ကြိုဆိုခဲ့ကြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် လေယာဉ်ပေါ်မှ ဆင်းဆင်းလာချင်း ၎င်းအား ကြိုဆိုရန် ကြိုတင်ရောက်ရှိနေကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၀န်ကြီးများကို လက်ဆွဲနှုတ်ဆက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ မော်တော်ယာဉ် အမှတ် သံ-၁/၁ ပေါ်သို့ တက်ရောက်ခဲ့သည်။

ထို့နောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လိုက်ပါလာသည့် မော်တော်ယာဉ်တန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရွှေတိဂုံစေတီတော်သို့ ထွက်ခွာလာခဲ့ကြသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဦးဆောင်သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီတော်သို့  ညနေ ၅ နာရီ မိနစ် ၃၀ ၀န်းကျင်တွင် ရောက်ရှိလာခဲ့ပြီး ရွှေတိဂုံစေတီတော်ပေါ်သို့ တောင်ဘက်မုဒ်မှ တက်ရောက်ကာ လက်ယာရစ် လှည့်လည်ဖူးမြော် ကြည်ညိုခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ဘုရား၌ ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူပူဇော်ကာ ရွှေတိဂုံစေတီတော်သို့ အလှူငွေများ လှူဒါန်းခဲ့ပြီး ဟံသာဝတီမင်းခေါင်းလောင်း၌ ခေါင်းလောင်းထိုးခဲ့သည်။ ထို့နောက် ရွှေတိဂုံစေတီတော် အင်္ဂါထောင့်ရှိ ဗောဓိညောင်ပင်ကို ကြည့်ရှုလေ့လာပြီး ညနေ ၆ နာရီကျော်တွင် တောင်ဘက်မုဒ်မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို ပြည်တွင်း၊ ပြည်ပ သတင်းထောက်များသာမက ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော် ကြည်ညိုကြသည့် ကမ္ဘာလှည့်ခရီးသည်များကလည်း စိတ်ဝင်တစား စောင့်မျှော် ဓာတ်ပုံရိုက်ခဲ့ကြသည်ကို တွေ့ရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံ နေပြည်တော်သို့ နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေတွင် တောင်ကိုရီးယားနိုင်ငံမှ ရောက်ရှိလာပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် နေပြည်တော်၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအ၀င် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အစရှိသူများနှင့် တွေ့ဆုံကာ မွန်းလွဲ ၃ နာရီကျော်တွင် ခေတ္တတည်းခိုရာ သင်္ဂဟဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာလာခဲ့ခြင်းဖြစ် သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ဆုံရန်ရှိပြီး  အရပ်ဘက် လူ့အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတွင် တွေ့ဆုံရန်ရှိသည်။ ထို့နောက် ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ကာ ပြည်တွင်း၊ ပြည်ပ သတင်းထောက်များနှင့် တွေ့ဆုံရန်ရှိသည်။






အခြားဆက်စပ်မှုရှိသောသတင်းများ
နေပြည်တော် သင်္ဂဟ ဟိုတယ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် ဟီလာရီ ပြောကြားခဲ့သည်များ PDF Print
Thursday, 01 December 2011 18:42
AddThis Social Bookmark Button

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်သည် နိုဝင်ဘာလ ၃၀ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ဒီဇင်ဘာလ ၁ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအ၀င် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ အစရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံခဲ့ပြီး မွန်းလွဲသုံးနာရီကျော်တွင် ခေတ္တတည်းခိုရာ သင်္ဂဟဟိုတယ်၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲ၌ ဟီလာရီကလင်တန်ပြောကြားခဲ့သော စကားရပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မြန်မာအစိုးရအနေနဲ့ ရွေးကောက်ပွဲဥပဒေတွေကို ပြန်လည်ရေးသားခဲ့တဲ့ အပြင်ဥပဒေတွေကိုလည်း ပြင်ဆင်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား ၂၀ဝကျော် လွှတ်ပေးခဲ့ပါတယ်။ ကျွန်မအနေနဲ့ ပြောခဲ့တာက အခုယူခဲ့တဲ့ ခြေလှမ်းတွေဟာ အစဉ်အလာမရှိခဲ့ပေမယ့် အစဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာက အားရစရာဖြစ်ပေမဲ့လို့ ၁၀ဝ၀ကျော် ကျန်ရှိနေပါသေးတယ်။ ဒီကိစ္စကို ကျွန်မအနေနဲ့ သီးခြားပြောခဲ့သလို လူသိရှင်ကြားပြောလိုတာကတော့ ဘယ်နိုင်ငံမှာမဆို ဘယ်သူကိုမှ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့် ယုံကြည်ချက်တွေကြောင့် အကျဉ်းချထားခြင်း မရှိခဲ့ပါဘူး။  ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလွတ်လာပြီးတော့ နိုင်ငံရေးဖော်ဆောင်မှုမှာ ပါဝင်တာဟာ အားရစရာဖြစ်ပါတယ်။ ဒါပေမဲ့လို့လည်း နိုင်ငံရေးပါတီတွေ အားလုံးဟာ နိုင်ငံတစ်ဝှမ်း ရုံးတွေကို ဖွင့်လှစ်ခွင့်ရပြီးတော့ လွတ်လပ်ပြီး တရားမျှတပြီး ယုံကြည်ကိုးစားမှုရှိတဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်ခွင့်ရရှိဖို့ လိုအပ်ပါတယ်။

နောက်တစ်ချက်ကတော့ တိုင်းရင်းသား ဒေသတွေမှာ တင်းမာမှုတွေ လျော့ကျစေဖို့ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အကြာရှည်ဆုံးဖြစ်တဲ့ ပဋိပက္ခတွေမှာ အကြမ်းဖက်မှုဖြစ်တဲ့အခါ ဝမ်းနည်းစရာကောင်းပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေ များစွာရှိပြီးတော့ ကိုးကွယ်မှုဆိုင်ရာ ဘာသာရေးအမျိုးမျိုးလည်း ရှိပါတယ်။

မြန်မာသမ္မတကို ကျွန်မတိုက်တွန်းခဲ့တာကတော့ လူ့အခွင့်အရေး စောင့်ကြည့်သူတွေကို လာရောက်တာကို ခွင့်ပြုဖို့ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ တကယ်တန်းတော့ အကဲစမ်းမှုတွေ ဖြစ်ပါတယ်။ ပဋိပက္ခရဲ့ အခြေခံအကြောင်းတရားတွေကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒါမှလည်း အားလုံးကို ငြိမ်းချမ်းရေးရရှိစေမှာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဒီအချက်တွေအပြင် အခြားအကဲစမ်းမှုတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အပစ်အခတ်ရပ်စဲရေး အကြောင်းတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။

အမေရိကန်နဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့အတွက် အရေးကြီးတာကတော့ အစိုးရတစ်ရပ်လုံးဟာ နျူကလီးယားလက်နက်မပြန့်ပွားရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ သဘောတူညီမှုတွေကို လိုက်နာစေဖို့ ဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာပြီးတော့ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု ဖြတ်တောက်ဖို့အတွက် မြန်မာနိုင်ငံရဲ့ သန္ဓိဌာန် ခိုင်မာမှုကိုလည်း ကျွန်မတို့ ကြိုဆိုပါတယ်။

ဒီတိုးတက်မှုတွေကို အခုထက်ပိုပြီး ကျယ်ပြန့်အောင် မြှင့်တင်ပြီးတော့ လုပ်ဆောင်သွားလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ အစိုးရအတွင်းနဲ့ အစိုးရပြင်ပရှိ ခိုင်မာတဲ့ စစ်မှန်တဲ့ စေတနာရှိသူတွေကို ထောက်ခံပါတယ်။ မြန်မာနိုင်ငံက ခေါင်းဆောင်တွေရဲ့ ရွေးလမ်းမှားတွေကြောင့် လွန်ခဲ့တဲ့ အတိတ်မှာ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။

အမေရိကန်အနေနဲ့ အခုလိုမျိုး တိုးတက်မှုတွေ မြင်လာတာကို အပြုသဘောဆောင် တုန့်ပြန့်ဖို့ရှိပါတယ်။ အဲဒီတုန့်ပြန်ဆောင်ရွက်မယ့် အရာတွေဟာ မဲခေါင်ဒေသ အောက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုတွေ လေ့လာရာမှာ ပါဝင်နိုင်မှုနဲ့ ကမ္ဘာ့ဘဏ်၊ ADB စရှိတဲ့ အဖွဲ့ အစည်းတွေ မြန်မာနိုင်ငံကို လာရောက်လေ့လာနိုင်ဖို့တို့ ဖြစ်ကြပါတယ်။ ဒါတွေအပြင် UNDP ရဲ့ အသေးစားငွေချေးလုပ်ငန်းတွေ၊ ပညာရေး ကဏ္ဍတွေမှာ ကူညီနိုင်မယ့်ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

တစ်ချိန်က ဗီယက်နမ်နဲ့ ဆက်ဆံရေးမှာ ပျောက်ဆုံးနေတဲ့ အမေရိကန် စစ်မှုထမ်းတွေကို ပြန်လည်ရှာဖွေရေးဟာ အကျိုးပြုခဲ့သလို မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်အတွင်းက Burma Road တည်ဆောက်စဉ်က ပျောက်ဆုံးခဲ့တဲ့ အမေရိကန်စစ်သားတွေ ပြန်လည် ရှာဖွေရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့လည်း မြန်မာအစိုးရနဲ့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒါတွေဟာ ခြေလှမ်းတွေ ဖြစ်ပါတယ်။ ဒီအရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အတွက် ကျွန်မတို့ဘက်က လုပ်ဆောင်သွားမှာတွေ ရှိပါတယ်။ မြန်မာ-အမေရိကန် သံတမန်ရေးဆက်ဆံမှု တိုးတက်ဖို့နဲ့ သံအမတ်ချင်း ဖလှယ်ဖို့လည်း ပါဝင်ပါတယ်။ နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်မှုတွေကို တင်ပြနိုင်ဖို့လည်း လမ်းကြောင်းတစ်ရပ် ချမှတ်ထားပါတယ်။ ဒါဟာ နှစ်နိုင်ငံအပြန်အလှန် ယုံကြည် ကိုးစားမှုရရှိဖို့အတွက် ဖြစ်ပါတယ်။

တစ်ချိန်က မြန်မာနိုင်ငံဟာ စပါးကျီတစ်ခု ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်အချိန်မှာ တခြားနိုင်ငံတွေက ဖြတ်ကျော်သွားပြီးတော့ အရှေ့အာရှဒေသမှာ အင်အားကြီးမားတဲ့ နိုင်ငံတွေ ဖြစ်လာခဲ့ကြပါတယ်။ ဒါကြောင့်မလို့ မြန်မာအစိုးရအတွက် အရေးကြီးတဲ့ မေးခွန်းရှိလာပါတယ်။ အခုချိန်မှာ အရေးကြီးတာက အမေရိကန် ဒါမှမဟုတ် အခြားနိုင်ငံတစ်ခုခုနဲ့ ဆက်ဆံရေး မဟုတ်ပါဘူး။ မြန်မာခေါင်းဆောင်တွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့ မွေးရာပါ အခွင့်အရေးကို နိုင်ငံသားတွေ ခံစားနိုင်ဖို့အတွက် ယုံကြည်ချက်ခိုင်မာစွာနဲ့ ဆောင်ရွက်မလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

ဒီလိုလုပ်မှလည်း အာရှ-ပစိဖိတ်ဒေသမှာ အင်အားကြီးအဖြစ် ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီမေးခွန်းကို ဖြေကြားရာမှာ ဘယ်လိုထွက်လာမလဲဆိုတာတော့ မသိပါဘူး။ အပြုသဘောဆောင် ဖြေကြားမယ်ဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ တိုးတက်လာမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ကျွန်မတို့အနေနဲ့လည်း အထောက်အကူပေးဖို့ အဆင်သင့်ပါပဲ။

မြန်မာသမ္မတနဲ့တွေ့တုန်းက မိုးရွာတုန်းရေခံ ဆိုတဲ့ မြန်မာစကားပုံတစ်ခုကို သူပြောခဲ့ပါတယ်။ ကျွန်မတို့ အနေနဲ့ မသိပါဘူး။ ခေါင်းဆောင်တွေယူတဲ့ ခြေလှမ်းတွေဟာ နောက်ပြန်ဆုတ်လို့ မရတဲ့ ခြေလှမ်းတွေလား၊ စီးပွားရေးကို ဖွင့်ပေးရင် အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေလား။ ဒီမေးခွန်းတွေဟာ ကျွန်မဖြေဖို့ မဟုတ်ပါဘူး။ ဒီမေးခွန်းတွေကို ဖြေရမယ့်သူတွေက နိုင်ငံသားတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ခေါင်းဆောင်တွေ ဖြစ်ပါတယ်။

မြန်မာခေါင်းဆောင်တွေရဲ့ ခြေလှမ်းဟာ သန်းပေါင်း ၆၀ ရှိတဲ့ မြန်မာနိုင်ငံသားတွေ လွတ်လပ်မှု ဂုဏ်သိက္ခာနဲ့ နေထိုင်ကြဖို့ အခွင့်အလမ်း ဖြစ်ပါတယ်။ သမ္မတအိုဘားမားက မြန်မာနိုင်ငံမှာ မှိန်ပျပျတိုးတက်မှုတွေ တွေ့ရှိရပြီလို့ ပြောခဲ့ပါတယ်။ သမိုင်းကြောင်းအရတော့ မှိန်ပျပျ အလင်းရောင်တွေဟာ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒီမှိန်ပျပျ အလင်းရောင်တွေဟာ လွတ်လပ်မှုအတွက် ထတောက်နိုင်ဖို့နဲ့ အနာဂတ် ကောင်းစားရေးအတွက်ဆိုတာ ခေါင်းဆောင်တွေအပေါ်မှာ မူတည်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ တစ်ကြိမ်တစ်ခါ လာရောက်တဲ့ ခရီးစဉ်အပေါ် အခြေခံပြီးတော့ နှစ်နိုင်ငံ ဆက်ဆံရေး မဟာမိတ်ထားရှိဖို့ ဖြစ်ပါတယ်။ မြန်မာသမ္မတကို စောစောက ပြောခဲ့တဲ့အတိုင်းပါပဲ။ အမေရိကန်အနေနဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းနှင့်အတူ ကူညီဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။

စီးပွားရေးပိတ်ဆို့မှု၊ နိုင်ငံရေး အကျဉ်းသားအရေးနှင့် တရုတ်-မြန်မာ ဆက်ဆံရေးတို့နှင့် ပတ်သက်ပြီး ဟီလာရီ၏ ဖြေဆိုမှုများ စီးပွားရေးပိတ်ဆို့မှု၊ နိုင်ငံရေး အကျဉ်းသားအရေးနှင့် တရုတ်-မြန်မာ ဆက်ဆံရေးတို့နှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သော ဟီလာရီ၏ ပြောစကားများကို ဆက်လက်ဖော်ပြပါသည်။ မေးခွန်းမေးမြန်းခြင်းကို အမေရိကန်တာဝန်ရှိသူများမှ စီစဉ်ခဲ့ခြင်းဖြစ်ပြီး သတင်းစာရှင်းလင်းပွဲ မစတင်မီ နာရီပိုင်းအလိုက ကြိုတင်ရယူခဲ့သော မေးခွန်းများကိုး မေးမြန်းစေခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ မေးမြန်းရာတွင် အမေရိကန်နိုင်ငံခြား သတင်းထောက်နှစ်ဦးနှင့်အတူ မြန်မာတိုင်း(မ်)နှင့် The Voice ဂျာနယ်တို့မှ မေးမြန်းခွင့်ရရှိခဲ့ပါသည်။ သတင်းထောက်များ မေးမြန်းခဲ့သည်များအနက် ဖြေကြားမှုအချို့ကို ကောက်နှုတ်ဖော်ပြပါသည်။

စီးပွားရေး ပိတ်ဆို့မှုအတွက် အဆင်သင့်မဖြစ်သေးကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တိုက်တွန်း
သမ္မတနဲ့နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ကိစ္စနဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှု ကိစ္စနှစ်ရပ်လုံးကို ကျွန်မတို့ဆွေးနွေးခဲ့ကြပါတယ်။  ဒါဟာကျွန်မတို့ရဲ့ဆွေးနွေးမှုမှာ အရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ကိုတောင်းဆိုပါတယ်။ ဘယ်နိုင်ငံမှာမဆို  နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်တည်း ရှိတာတောင် လွန်လွန်းလှပြီလို့ ကျွန်မတို့ယူဆပါတယ်။ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေရှိတာ တွေ့ရပါတယ်။   နိုင်ငံရေးအကျဉ်းသားနှစ်ရာကို အောက်တိုဘာထဲမှာ လွှတ်ပေးခဲ့တာကို ကျွန်မတို့ ကြိုဆိုပါတယ်။ နိုင်ငံရေးအကျဉ်းအားလုံးလွှတ်ပေးဖို့ကို ကျွန်မတို့ထပ်လောင်း တောင်းဆိုပါတယ်။ ကျွန်မတို့အနေနဲ့ တစ်ချို့ခြေလှမ်းတွေကို ယူနိုင်ဖို့ရာ ဒီဟာကိုလုပ်ဆောင်ဖို့အရေးကြီးပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ  လွှတ်ပေးရေးဟာ မြန်မာအစိုးရရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဖော်ဆောင်မှု၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးမှာ အရေးကြီးတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။ ဒီဖော်ဆောင်မှုဟာ ခက်ခဲတယ်ဆိုတာကို ကျွန်မတို့ နားလည်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတမှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာကို နားလည်ပါတယ်။ ဒါကို ကျွန်မတို့ ဒီနေ့ဆွေးနွေးရာမှာလည်း လွှတ်တော်ဥက္ကဋ္ဌတွေနဲ့အပြင် သမ္မတနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။  အခုလိုအကျဉ်းသားတွေ လွှတ်ပေးရေးကိုလည်း မကြာမီအနာဂတ်အတွင်းမှာ ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်။

ကျွန်မအနေနဲ့ တရားဝင်ပြောကြား လိုတာကတော့ ဒီနေ့ ကျွန်မလာရောက်တဲ့ ခရီးစဉ်ဟာ နှစ်နှစ် တာကာလအတွင်း ကျွန်မတို့ လုပ်ဆောင်ချက်တွေကို ပြန်ပြောင်းတာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ကိုယ်စားလှယ်အဖွဲ့တွေ မြန်မာနိုင်ငံကို သွားရောက်တာ အနည်းဆုံး အကြိမ်နှစ်ဆယ် ရှိပါတယ်။ သူတို့တွေရဲ့ ကြိုးပမ်းမှုလည်း ပါပါတယ်။  ကျွန်မတို့အနေနဲ့ ၂၀ဝ၉ခုနှစ်က မြန်မာနိုင်ငံအပေါ် ထားရှိတဲ့မူဝါဒကို  ပြန်လည်သုံးသပ်ခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ အပြောင်းအလဲကို မြင်လိုပါတယ်။ အထူးသဖြင့် လူထုအားလုံးအတွက်ဖြစ်ပါတယ်။ ဒီလမ်းကြောင်းကိုရောက်ရှိဖို့အတွက် ကျွန်မတို့ ကြိုးပမ်းနေပါတယ်။  နောက်ဆုံးဒီဆုံးဖြတ်ချက်ရရှိတဲ့အထိ ရောက်အောင်လည်း ကျွန်မတို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

မြန်မာသမ္မတနဲ့ဆွေးနွေးခဲ့ရာမှာ  ပြီးခဲ့တဲ့ ခြေလှမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီခြေလှမ်းတွေဟာ စစ်မှန်ဖို့အရေးကြီးပါတယ်။ ဒါ့အပြင် ကျွန်မတို့အနေနဲ့ တိုင်းရင်းသား လူနည်းစုတွေ၊ နိုင်ငံရဲ့အတိုက်အခံအုပ်စုတွေနဲ့ ဆွေးနွေးပြီးတော့ အားလုံးအာမခံချက်ရရှိဖို့ကို ကျွန်မတို့ ကြိုးစားမှာဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့အဆင်သင့် မဖြစ်သေးပါဘူး။  လက်ရှိကျင့်သုံးနေတဲ့မူဝါဒကို  ပြုပြင်ပြောင်းလဲဖို့က လေ့လာရဦးမှာ  ဖြစ်ပါတယ်။ ဒါပေမဲ့လို့ အစိုးရရဲ့ခြေလှမ်းတွေကို သေချာစွာ လေ့လာပြီးတော့ ကျွန်မအနေနဲ့ တုန့်ပြန်မှာဖြစ်ပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ကြည့်ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို စဉ်းစားပေးမှာ ဖြစ်ပါတယ်။ ဒါဟာ အပြောပဲ မဟုတ်ဘဲနဲ့ လက်တွေ့ ဖော်ဆောင်ဖို့ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေကို အကဲဖြတ်လေ့လာပြီးတော့ ကျွန်မတို့အနေနဲ့ ဘက်စုံကနေပြီးတော့ ကြိုးပမ်းပြီးတော့ ဒီပြုပြင်ပြောင်းလဲမှုများကို လေ့လာမှာဖြစ်ပါတယ်။
တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် အကောင်းမြင်
ကျွန်မတို့ အစိုးရသစ်နဲ့ ဆွေးနွေးညှိနှိုင်းမှု တစ်လျှောက်လုံး အပြုသဘောဆောင်တဲ့ အပြောင်းအလဲ တွေမြင်ဖို့ပါ။ ဆယ်စုနှစ်တစ်ခု ကြာလောက်ကစပြီး နိုင်ငံရေး ကုလားဖန်ထိုးသူတွေရဲ့ ပုံဖော်မှုကြောင့် အမေရိကန်နဲ့ တရုတ်နိုင်ငံရဲ့ ဝမ်းနည်းစရာ ကောင်းလှတဲ့ ဆက်ဆံရေး သမိုင်းကိုလည်း နိုင်ငံတကာကများစွာ စိတ်ဝင်စားစေခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အပြောင်းအလဲတွေ ဖြစ်နေခဲ့ပြီးဖြစ်သလို ပြောင်းလဲမှုတွေ ဖြစ်နေတယ်လို့လဲ ပြောလို့ရတယ်။ ကျွန်မတို့ဟာ နိုင်ငံတိုင်းကို ပဋိပက္ခတွေကိုသာ ဖြစ်ပွားစေတဲ့နိုင်ငံတော့ မဟုတ်ပါဘူး။ ထောက်ပံ့မှုကိုသာ ပေးရုံသက်သက်ပါ။ အမြဲတမ်းလိုလို တရုတ်နဲ့ အာရှ-ပစိဖိတ်ဒေသအရေး ဆွေးနွေးတိုင်းလည်း မြန်မာ့အရေးကို အမြဲပါဝင် ထည့်သွင်းပြောကြားမြဲပါ။ အခုအစိုးရသစ်နဲ့ သီခြားတွေ့ဆုံဆွေးနွေးတဲ့ အခါမှာလည်း မြန်မာ့အရေးကို အပြုသဘောဆောင်တဲ့ ဆက်ဆံရေးနဲ့ တည်ဆောက်နေကြတဲ့ တရုတ်အပါအဝင် အခြားအိမ်နီးချင်းနိုင်ငံတွေက စိတ်ဝင်စားတယ်ဆိုတာ အများကြီးကို ကြိုဆိုပါတယ်။ ကျွန်မတို့ စဉ်စားတယ်။ တရုတ်နိုင်ငံက စိတ်ဝင်စားရင် ကျန်တဲ့ နိုင်ငံတွေလည်း စိတ်ဝင်စားမှာပဲ။ ကျွန်မထင်ပါတယ်။ တစ်ဦးတည်းနဲ့ သူငယ်ချင်း ဖြစ်တာထက် သူငယ်ချင်း မိတ်ဆွေ အများကြီးရှိနေတဲ့အခါ ဘယ်လိုပဲ ယှဉ်ပြိုင်မှုတွေရှိနေပါစေ အကျိုးဖြစ်ထွန်းတာ ဒီနိုင်ငံပါပဲလို့ မြင်ပါတယ်။
ရလဒ်ကောင်းမျှော်လင့်
ဒီနေ့လို အစိုးရသစ်နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုအရ ကောင်းမွန်တဲ့ အခွင့်အရေးတွေ ရှိနေပြီ ဆိုတာတွေ့ခဲ့တယ်။ ပြီးတော့ နိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေအတွက် လိုအပ်တဲ့အဆင့်တွေကို ဆောင်ရွက်နိုင်ဖို့ အမေရိကန်နိုင်ငံကိုယ်စား ကျွန်မက မျှော်လင့်ပါတယ်။ ဒီမှာ ထပ်ပြီးဖြေရှင်းရမယ့် အဆင့်တွေဖြစ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေးကိစ္စ နိုင်ငံရေးအကျဉ်းသား ထောင်ကျော် ကျန်ရှိနေသေးတဲ့ကိစ္စ၊ တိုင်းရင်းသားအရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကိစ္စတွေမှာ ဘယ်လောက်အထိဖြစ်လာမလဲဆိုတာ ကျွန်မတို့မျှော်လင့်ထားပါတယ်။

ယနေ့ည ညစာစားပွဲမှာတွေ့ရတဲ့ အမေစုနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်..







ယနေ့ည ညစာစားပွဲမှာတွေ့ရတဲ့ အမေစုနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်..




သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၁၀

အရေးပေါ်ညီလာခံနဲ့ ဗဟိုကော်မတီအသစ်
ကျနော်တို့အုပ်စု မဲဆောက်မှာ တရုံးရုံးဖြစ်နေတုန်း ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းမှာ အရေးပေါ် ညီလာခံ ခေါ်မယ်ဆိုပြီး ဖိတ်စာရောက်လာပါတယ်။
ဘာကြောင့်ခေါ်ဖို့လိုသလဲဆိုတဲ့ အကြောင်းပြ ချက်ကို ကျနော် အတိအကျ မမှတ်မိတော့ပေမယ့် အကြမ်းအားဖြင့်ကတော့ ဗဟို ဦးစီးအဖွဲ့မှာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်နဲ့ အတွင်းရေးမှူး ကိုသန်းဝင်းတို့ပဲ ရှိနေပြီး ဒုတိယ ဥက္ကဋ္ဌ ကိုဝင်းမိုး၊ တွဲဘက် အတွင်းရေးမှုး ၂ ဦးဖြစ်တဲ့ ကိုအောင်နိုင် (အခု VOA မြန်မာပိုင်းဌာနမှူး) နဲ့ ဆလိုင်းကိုကိုဦး တို့က မရှိကြပါဘူး။ ထိုင်းရဲက ဖမ်းလို့ ဘန်ကောက်မှာ သောင်တင်နေပြီး နယ်စပ်ကို ပြန်လာလို့မရ ဖြစ်နေတယ်လို့ဆိုပါတယ်။ တချိန် တည်းမှာပဲ သူတို့
၃ ဦးကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မြက ဖမ်းမိန့်ထုတ်ထားလို့ KNU နယ်ဆီ ပြန်မလာရဲဖြစ်နေတယ် လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။



မာနယ်ပလောရောက် ကျောင်းသားတပ်မတော် စစ်ကြောင်းတခု (ဓာတ်ပုံ - စာရေးသူ၏ facebook)
ထိုင်းကဖမ်းတဲ့ သတင်းကို သတင်းစာထဲမှာ တွေ့လိုက်ရပေမယ့် KNU က ဖမ်းမယ်ဆိုတဲ့ သတင်းကိုတော့ တဆင့်စကားနဲ့ ပြောနေကြတာကိုသာ ကြားခဲ့ရပါတယ်။
သေချာတာကတော့ အရေးပေါ်ညီလာခံဆီ သူတို့ ၃ ဦးရောက်မလာခဲ့ပါဘူး။ နောက်တခါ ဗဟိုကော်မတီဝင်တွေ ထဲမှာလည်း ကိုထွန်းဦးနဲ့ ကိုကိုလေးတို့ ၂ ဦးကိုပဲတွေ့ရပြီး ကျန်တဲ့လူတွေကို ကျနော်မတွေ့မိဘူး။ ယူဂျီအတွက် ပြည်တွင်းပြန်ဝင်သွားသူ၊ အဖမ်းခံ လိုက်ရသူ၊ ဘန်ကောက်ကနေ ပြန်မလာတော့သူ စသဖြင့်အမျိုးမျိုးနဲ့ လူမစုံတော့တာကလဲ အရေးပေါ် ညီလာခံ ခေါ်ယူရခြင်း အကြောင်းရင်းတခု ဖြစ်မယ်လို့ စဉ်းစားမိပါတယ်။
ဒီလိုနဲ့ ညီလာခံကျင်းပမဲ့သံလွင်စခန်းဆီ ကျနော်တို့ ကေအန်ယူ-နယ်မြေက ပုဂ္ဂိုလ်တွေဟာ မဲဆောက်ကနေ ကားတွေငှား၊ တချို့လည်း KNU ကားကြုံစီးပြီး လက်ဒေးနဲ့ မယ်သဝေါဘက် ပြန်လာရပါတယ်။ အဲဒီအချိန်မှာ မက်သဝေါတောင်ကို န၀တ-တပ်က သိမ်းထားလိုက်ပီဖြစ်တဲ့ အတွက် မယ်သဝေါ ကနေ လှေမစီးနိုင်တော့ဘဲ တောလမ်းအတိုင်း နောက်ထပ် တနာရီနီးပါး
ထပ်မောင်းရတဲ့ ခလေတလူ ဆိုတဲ့နေရာကနေ သောင်ရင်းမြစ်ထဲ လှေစီးရပါတယ်။

အဲဒီလှေဆိပ်ရဲ့ ဒီဘက်မှာတော့ နော်တ ခံစစ်ကြောင်း၊ အဲဒီတောင်တန်းဘေးက သောင်ရင်းမြစ်အတိုင်း နာရီဝက်လောက် စုန်ဆင်းလာတော့ သစ်တောဝန်ကြီး ပဒိုအောင်ဆန်း (နောက်ပိုင်းမှာ နအဖ နဲ့ အပစ်ရပ်သွားသူ) တို့အိမ်နဲ့ အထက ကျောင်းကြီးရှိရာ ထီးတခီးဆိုတဲ့ ကရင်ရွာကြီး တရွာကို လှေပေါ်ကနေ လှမ်းမြင်ရပါတယ်။ ဆက်ဆင်းလာတော့ KNU ဌာနချုပ် မာနယ်ပုလော စခန်း ဖြစ်ပါတယ်။
မာနယ်ပလောကနေ နာရီဝက်လောက် ဆက်မောင်းတော့ သောင်းရင်းနဲ့ သံလွင်ဆုံရာ မြစ်ဆုံ (၁၉၉၄-၉၅ မှာတော့ အဲဒီမြစ်ဆုံနားမှာ ရှိတဲ့ ဘုန်းကြီးကျောင်းကနေ စ ပြဿနာတက်ပြီး DKBA ပေါ်လာခဲ့ပါတယ်။ အဲဒီမှာ မာနယ်ပလော
ကျဆုံးခဲ့ရပါတယ်) ကိုသောင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့ စက်လှေဟာ သံလွင်ရောက်တော့ ရေဆန်ဖြစ်သွားပါတယ်။ သံလွင်ဟာ သောင်ရင်းထက် ရေစီးသန်ပေမယ့် စက်အားကောင်းတဲ့ လှေနဲ့မို့ လှေသမားအတွက် ပြဿနာ ရှိပုံမရ ပါဘူး။ သောင်းရင်းကတော့ ရေစုန်ဆင်းရတယ် ဆိုပေမယ့် ရေတိမ်လွန်းတာကြောင့် တချို့နေရာတွေမှာ သောင်တင်တာ၊ ကျောက်ဆောင်တွေ၊ သစ်ပင်တွေနဲ့ ၀င်ဆောက်မိတာမျိုးတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ သံလွင်ကတော့
သောင်ရင်းထက် ၃ ဆလောက် ကျယ်ပြီး ရေကလည်း နက်တဲ့အတွက် ကြုံရတဲ့ ပြဿနာချင်း မတူတော့ပါဘူး။

မြစ်ဆုံကနေ သံလွင်ကို ဆန်တက်တဲ့ မြစ်ကြောင်းတလျောက်မှာတော့ စီးပွားဖြစ် သစ်ထုတ်လုပ်ရေး စခန်းတွေနဲ့ ကရင်ရွာလေးတွေကို မြန်မာဘက်ကမ်းတလျောက် မြင်နေရပါတယ်။ သစ်ဆွဲနေတဲ့ ဆင်တွေ။ ခေတ်မီ သစ်ဖြတ်၊သစ်သယ် ယန္တယားတွေ၊ နံပတ်ပြားမပါတဲ့ သစ်တင်ကားတွေ၊ သေနတ်လွယ်ပြီး သွားလာနေတဲ့ ကရင်စစ်သားတွေ၊ သဲသောင်စပ်က
ဟင်းသီးဟင်းရွက် စိုက်ခင်းလေးတွေ၊ ဒေသခံ ကရင်ရွာသူရွာသား တွေကို စက်လှေပေါ်ကနေ လှမ်းမြင် နေရပါတယ်။ထိုင်းဘက်ကမ်းကို ကြည့်လိုက်တဲ့ အခါမှာတော့ မြန်မာဘက်ကမ်းနဲ့ ပြောင်းပြန်ပါ။ သစ်ခုတ်၊ သစ်ဖြတ် နေတာကို လုံးဝ မတွေ့ရဘဲ ကျွန်းပင် သေးသေးလေးတွေကို စနစ်တကျ တန်းစီစိုက်ထားတဲ့ ကျွန်းခြံတွေကို သံလွင်မြစ်ကမ်း တလျောက်က
တောင်ကုန်းတွေမှာ တွေ့နေရပါတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ သူတို့နိုင်ငံမှာ သစ်ခုတ်ခွင့် လုံးဝမရှိပါဘူး။
သစ်တော ထိမ်းသိမ်းရေးကို စနစ်တကျ ဆောင်ရွက်နေပြီ ဖြစ်ပေမယ့် မြန်မာဘက်က သစ်ကိုတော့ ရတဲ့နည်းနဲ့ ၀ယ်ယူ နေဆဲဖြစ်ပါတယ်။

သံလွင်မြစ် တခုခြားလိုက်ရုံ၊ သောင်ရင်းမြစ် တခုခြားလိုက်ရုံ၊ နယ်စပ်မျဉ်း တကြောင်း ခြားလိုက်ရုံနဲ့ သစ်တောပြုန်းတီးမှု၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၊ ရာသီဥတု ဖောက်ပြန်မှုတွေကို တားဆီးထားနိုင်လိမ့်မယ်လို့ ထိုင်းဘက်က တွက်ဆ ထားဆဲလားလို့ ကျနော်စဉ်းစားနေမိပါတယ်။
ဒီလို အတွေးနယ်ချဲ့ရင်းနဲ့ ငိုငေးဒီငေး တနာရီ နီးပါး ကြာတဲ့အခါမှာတော့ စော်လဲထာ ဆိုတဲ့ လှေဆိပ်နဲ့ ဈေးတန်းကြီး တခုကို ထိုင်းဘက်ကမ်းမှာ တွေ့ရပါတယ်။ အဲဒီ စော်လဲထာမှာ ဆိုက်ထားတဲ့ လှေတွေဟာ အရွယ်အစားမျိုးစုံ ရှိနေပြီး တချို့ လှေကြီးတွေ ဆိုရင် နွားကောင်ရေ ၂၀ လောက်အထိ တင်နိုင်တဲ့ အကြီးကြီးတွေ ဖြစ်ပါတယ်။ ဒီဈေးဟာ မာနယ်ပလော အပါအ၀င် သောင်းရင်းနဲ့ သံလွင်မြစ်တလျောက်က KNU စခန်းတွေ၊ ကရင်ကျေးရွာတွေ အတွက် အဓိက ဈေးကြီး ဖြစ်တာကြောင့် ဒေသတွင်း အစည်းကားဆုံး ဈေးတန်းကြီး တခုဖြစ်ပြီး ပစ္စည်းမျိုးစုံ ၀ယ်ယူနိုင်ပါတယ်။ ကျနော်တို့ အုပ်စု ကတော့ အဲဒီဈေးမှာ ခဏနား၊ ပစ္စည်းတွေကို ဟိုငေးဒီငေး လုပ်ရုံမှတပါး ဘာမှ မ၀ယ်နိုင်ပါဘူး။ အဲဒီကနေ နောက်ထပ် တနာရီကျော် ရေဆန် ဆက်မောင်းတဲ့ အခါမှာတော့ ဒေသအခေါ် ဥသုထ စခန်း၊ ကျနော်တို့ ကျောင်းသားတွေအခေါ် သံလွင်စခန်း ကိုရောက်ပါတယ်။
ကျနော့် မျက်စိထဲမှာတော့ သံလွင် စခန်းမှာ တွေ့ရတဲ့ အစည်းအဝေး ခန်းမက ကလက်ဒေးထက်တောင်မှ ပိုကောင်းနေသလိုပါပဲ။ ဒါပေမယ့် ကလက်ဒေးမှာလို ကုန်သွယ်ရေးစခန်းနဲ့ ကုန်သည်ရွာတွေကိုတော့ သံလွင်မှာ ကျနော်မတွေ့မိပါဘူး။
ကျနော်တို့ ရောက်သွားတဲ့အချိန်မှာ အဲဒီအစည်းအဝေး အခန်းဘေးက ဘောလုံးကွင်းထဲမှာ ကျောင်းသား၊ ကျောင်းသူ ၁၀၀ လောက် မယ်ညား-ပါသား အော်ပြီး ၀ါးရင်းတုတ် သေနတ်တွေနဲ့ လေ့ကျင့်လို့ ကောင်းနေဆဲပါ။ သူတို့ကိုမြင်တော့မှပဲ
ဝါးရင်းတုတ်နဲ့ လေ့ကျင့်တာ ငါတို့ချည်းမဟုတ်ဘူး၊ ကျောင်းသား အတော်များများ ဒီလိုပဲ ဖြစ်မှာပါလို့ စိတ်ဖြေရာ ရခဲ့ပါတယ်။

အဲဒီသင်တန်းမှာ သံလွင်နဲ့ စောထစခန်း ၂ ခုစလုံးက ကျောင်းသားတွေ ပါဝင်ပြီး စောထစခန်းက ကိုကျော်ဦးခေါ်
ကိုကျော်နီ (၁၉၉၉ အောက်တိုဘာမှာ ဘန်ကောက်က မြန်မာသံရုံးကို ဝင်သိမ်းဖို့ ကြိုးစားမှုနဲ့ နာမည်ကြီးလာတဲ့ ကိုဂျော်နီ) လည်း ပါဝင်တယ်လို့ ဒီဆောင်းပါး ရေးချိန်မှာ စောထစခန်းတုန်းက ကျောင်းသားတယောက်က ကျနော့်ကို ပြောပြခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်ကတော့ ကိုကျော်ဦးကို ဘယ်သူမှန်း ကျနော် မသိခဲ့ပါဘူး။

ဒီလိုနဲ့ အစည်းအဝေး ခန်းမမှာ ခဏနား၊ စစ်သင်တန်းကို ကြည့်ပြီးတဲ့နောက် အဲဒီအစည်းအဝေးခန်းမ နောက်က အဆောင် တခုမှာ ကျနော်တို့ ညီလာခံ ကိုယ်စားလှယ်တွေ၊ လေ့လာသူတွေကို နေရာချပေးပါတယ်။ ကျွန်းသစ်ပေါပြီး သစ်စက်တွေ ရှိတဲ့အတွက် ဒီဒေသက အဆောက်အဦ အားလုံးဟာ သစ်မာတွေနဲ့ အခိုင်အမာ ဆောက်ထားတာ ဖြစ်ပြီး ကျနော်တို့ တည်းတဲ့ အဆောင်ဟာလည်း အတော်ကောင်းမွန် ခိုင်ခန့်တဲ့ အဆောင်တခု ဖြစ်ပါတယ်။
ညနေပိုင်း ရေဆင်းချိုးတဲ့အခါမှာတော့ “အားပါးပါး … သံလွင်ရေဆိုတာ ဒီလိုလား” ဆိုပြီး အော်ရတဲ့အထိ အေးစက်နေတဲ့ ရေကို ကျနော့်ဘ၀မှာ ပထမဆုံးအကြိမ်ကြုံလိုက် ရပါတယ်။ ဒီလောက်အေးနေတဲ့ ရေကိုမှ ဟိုဘက်ကမ်း ဒီဘက်ကမ်း လက်ပိုက်ကူးတဲ့ မောင်ကျောင်းတွေက ရှိပါသေးတယ်။ သံလွင်ဟာ သောင်ရင်းထက် ၃-ဆနီးပါး ပိုကျယ်တယ်လို့ ကျနော့်စိတ်ထဲ ခန့်မှန်းမိပြီး သံလွင် စခန်းရှေ့က ရေပြင်ဟာ ပေ ၁၀၀ လောက်ကျယ်မယ် ထင်ပါတယ်။
သံလွင်ရဲ့ ဟိုဘက်ကမ်းက တောင်ကုန်းလေးပေါ်မှာတော့ စိုက်ခင်းတခုနဲ့ တဲတန်းလေး တခုကိုမြင်နေရပြီး “သံလွင်ချောင်းခြား တို့နှစ်ယောက်သား” ဆိုတဲ့ စိုင်းထီးဆိုင်ရဲ့ သီချင်းလေးကိုတောင် သွား သတိရမိပါတယ်။

ကိုယ်စားလှယ်အသစ်နဲ့ ဗဟိုကော်မတီအသစ်
ဒီတခေါက်ညီလာခံအတွက် ကျနော်တို့ မင်းသမီးစခန်းကနေ ကိုယ်စားလှယ်အသစ် တဦးကို ထပ်လွတ်လိုက်ပါတယ်။ အဲဒီပုဂ္ဂိုလ်ကတော့ နောက်ပိုင်းမှာ ဗဟိုကော်မတီ ပြန်ကြားရေးဌာန တာဝန်ခံ ဖြစ်လာပြီး အခု DVB ဒု ညွန်မှူး ဖြစ်နေသူ ကိုခင်မောင်ဝင်း ဖြစ်ပါတယ်။
ကျနော်တို့ နယ်မြေကော်မတီထဲက ကိုကျော်ထင်လည်း စခန်းကိုယ်စားလှယ်အဖြစ် ထပ်ရွေးခံရပါတယ်။ ကျနော်နဲ့
ဥက္ကဋ္ဌ ကိုကျော်ကျော်အပါအ၀င် နယ်မြေ ကော်မတီ် အတော်များများကတော့ လေ့လာသူအဖြစ် လာတက်ကြတာပါ။ နောက်တခါ မောတောင် စခန်းကလည်း ပထမဆုံးအကြိမ်အဖြစ် ကိုယ်စားလှယ် ၂ ဦး ရောက်လာပါတယ်။ ကိုကျော်ဇေယျ
(ပုသိမ်ကောလိပ်က ကျော်ဇေယျဟာ တောကျောင်းသား အမည်နဲ့ ကဗျာတွေရေးခဲ့ပြီး ၁၉၉၀ လောက်က ဘန်ကောက်မှာ ငှက်ဖျားနဲ့ ကွယ်လွန်သွားပါတယ်) နဲ့ မြိတ်မြို့က ကျနော်နာမည် မမှတ်မိတော့တဲ့ ကျောင်းသားတဦး ဖြစ်ပါတယ်။

နောက်တရက် ညီလာခံစတဲ့ အခါမှာတော့ အရေးပေါ် ညီလာခံ ခေါ်ရခြင်းအကြောင်းရင်းနဲ့ ဗဟို ကော်မတီရဲ့ အစီရင်ခံစာကို တင်သွင်းတယ်လို့ ထင်ပါတယ်။ အစီရင်ခံစာပါ အချက်အလက်နဲ့ ဆွေးနွေးချက် တွေကို ကျနော် မမှတ်မိတော့ပါဘူး။ ဒါပေမယ့် ထူးထူးခြားခြား ကျနော်မှတ်မိနေတဲ့ အချက်တခုကတော့ ညီလာခံ ကျင်းပတဲ့ ပထမနေ့လား၊ ဒုတိယနေ့လား မသိပါဘူး။ သီဘောဘိုးစခန်းက တပ်ရင်းမှူးတဦး ဖြစ်သူ ကိုတင်မောင်ဆန်းနဲ့ ရဲဘော် ၃၊ ၄ ဦး ရောက်လာပြီး
ညီလာခံမှာ အရေးပေါ် တင်ပြစရာရှိလို့ သူ့ကို ဆွေးနွေးခွင့် ပေးပါဆိုပြီး ညီလာခံထဲ ၀င်လာပါတယ်။

တင်မောင်ဆန်းဆိုတာ အဲဒီကာလက ခေသူမဟုတ်ပါဘူး။ အသားဖြူဖြူ အရပ်က မနိမ့်မမြင့်၊ ခန္တာကိုယ် ဖွဲ့စည်းပုံ အချိုးကျပြီး ပါးမြိုင်းမွေး၊ မုတ်ဆိတ်မွေး ခပ်ရေးရေးနဲ့ မင်းသားပုံ ပေါက်နေသူပါ။ ပြီးတော့ DSA (မေမြို့စစ်တက္ကသိုလ်) ကျောင်း ဒုတိယ နှစ်ကနေ ထွက်လာသူ၊ အင်အားအများဆုံး ကျောင်းသား စခန်းတွေထဲက သီဘောဘိုး စခန်းခွဲတခုရဲ့ တပ်ရင်းမှူးလည်း ဖြစ်တယ်။ နောက်တခါ အဲဒီကာလက မြန်မာကျောင်းသား တဦးကို ပြည်တော်ပြန်ပို့နိုင်အောင် သတင်းပို့နိုင်ရင် ဘတ် ၅၀၀၀ နှုံး ပေးမယ်လို့ မြန်မာသံရုံးက ကြေငြာချက် ထုတ်ထားတဲ့အချိန်ဆိုတော့ အဲဒီငွေကို လိုချင်လို့ တွေ့သမျှ ကျောင်းသားတွေကို မဲဆောက်ကနေ ရန်ကုန်ပြန်ပို့ဖို့ အကျိုးဆောင်လုပ်ပေးနေတဲ့ မဲဆောက် ဒုတိယမြို့တော်ဝန်ကို တောင် ဖမ်းဆီးပြီး သူ့တပ်ရင်း အချုပ်ခန်းထဲ ထည့်ပညာပေးခဲ့တဲ့ ကိုတင်မောင်ဆန်းပါ။ စသည်ဖြင့် သတင်းကြီး နေပြီး လမ်းသိပ်မယူသူအဖြစ် ကျနော်တို့ကြား နားလည်ထားပါတယ်။
ကိုတင်မောင်ဆန်း ညီလာခံမှာ ဘာတွေ တင်ပြခဲ့သလဲ ဆိုတာကို ကျနော် မမှတ်မိတော့ပေမယ့် သူနဲ့ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်တို့ ၂ ဦး အပြန်အလှန် ပြောတာကို နားထောင်နိုင်ဖို့ဆိုပြီး ညီလာခံကိုတောင် ခဏရပ်ခဲ့ရ သေးတယ်လို့ ကျနော့် စိတ်ထဲ မှတ်မိနေပါတယ်။
ယခင် ဆက်စပ် အောက်မေ့ဖွယ်ဆောင်းပါး – သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၉