Saturday, December 3, 2011

12/3/2011

မောင်မောင်စိုး သို့မဟုတ်စောထသူရဲကောင်း
ရဲဘော်တို့


ယနေ့ဟာငါတို့ချစ်ခင်မြတ်နိုးတဲ့၊ငါတို့နဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့ကျောင်းသားတပ်မတော်ခေါင်းဆောင်တဦးဖြစ်

အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ရဲဘော်မောင်မောင်စိုးကိုနောက်ဆုံးနှမြောတသစွာနှုတ်ခွန်းဆက်ရတဲ့နေ့ဖြစ်လို့

ရင်ထဲမှာနာကြင်နေမိတာအမှန်ပါ။
 
တိုင်းပြည်အတွက် အသက်ပေးတိုက်ပွဲဝင်နေကြတဲ့မကဒတရဲဘော်များအားလုံးအ တွက်ရော၊

အမိမြန်မာပြည်ကြီးအတွက်ပါ ၊ ငါတို့အားလုံးမျှော်မှန်းထားတဲ့ဒီမိုကရေ စီပန်းတိုင်မရောက်ခင်အကြွေစောသွားတဲ့

ရဲဘော် မောင် မောင်စိုးကိုအောင်ပွဲရ တဲ့ အထိအတူရှိနေစေချင်ပေမဲ့ညှာတာမှုမရှိတဲ့ လောကဓံတရားကြောင့် ၊

ဒီကနေ့ ငါတို့ သူနဲ့ခွဲရတော့မယ်။

စောထစခန်းဟာမကဒတကျောင်းသားတပ်မတော်ရဲ့သူရဲကောင်း တွေမွေးထုတ် ပေးရာစခန်းတခုဖြစ်တယ်၊

ရဲဘော်မောင်မောင်စိုးဟာ ဒီစခန်းရဲ့ဥက္ကဌတာဝန် ကို ယူပြီးရဲဘော်တွေကိုကြောသားရင်သားမခွဲခြားဘဲ

လမ်းညွှန်အုပ်ချုပ်နိုင်ခဲ့သူဖြစ်တယ်၊ ရန်သူဖမ်းမိပြီးကျဆုံး သွားတဲ့ရဲဘော်ဒေါက်တာမင်းသိမ်း၊ ကင်းထောက်ရင်း

ရန်သူ့လက် တွင်းသက်ဆင်းရင်းကျဆုံးသွားရတဲ့ဗဟိုကော်မီတီဝင်ရဲဘော်ဆန်းလင်း၊ နအဖ တုန်လှုပ်သွား

လောက်အောင်ထိုင်းနိုင်ငံမြန်မာသံရုံးပေါ်မှာငါတို့ခွပ်ဒေါင်းအလံ ကိုစိုက်ထူခဲ့တဲ့ ဂျော်နီတို့ တသိုက်ဟာ

စောထသူရဲကောင်းတွေဖြစ် တယ်။

မောင်မောင်စိုးဟာလက်ရုံးရည်ရောနှလုံးရည်ပါစွယ်စုံရသူတဦးဖြစ်တယ်၊ စစ်ငြိမ်းစေ ဆိုတဲ့ကလောင်နဲ့

စာပေရေးသားသလို၊ တေးသီချင်းတွေကိုရေးစပ်နိုင်တဲ့အပြင်တီးဝိုင်း ဖွဲ့ပြီးတီးခတ်နိုင်သူတဦးလည်းဖြစ်တယ်။

ဒီလိုအဖက်ဖက်ကထူးချွန်တဲ့ရှားပါးတဲ့အရည် အချင်းရှိသူတဦးဆုံးရှုးံရတာဟာအခုလိုပန်းတိုင်မရောက်

ကျဆုံးရတာဖြစ်လို့အထူးဝမ်းနည်းကြေကွဲခြင်းဖြစ်ရတယ်။

ဒါပေမဲ့ငါတို့အားလုံးဝမ်းနည်းကြေကွဲနေယုံနဲမပြီးဘူး၊ မောင်မောင်စိုးကိုတကယ် ချစ်တယ် တကယ်လေးစားတယ်

ဆိုရင် ငါတို့၊ မောင်မောင်စိုးတို့မျှော်မှန်းထားတဲ့ ဒီမိုကရေစီစံနစ်ကြီးမတည်ဆောင်မနိုင်မချင်း၊

ပြည်သူတွေလူ့အခွင့်အရေးအပြည့် အဝမရမခြင်းအားလုံးဆက်လက်ပြီး အတူတကွ လက်တွဲတိုက်ပွဲဝင်သွား

ကြဘို့ လိုတယ်။

ဒါမှသာငါတို့ဟာကိုယ့်ရဲဘော်ကိုတကယ်လေးစားရာရောက်လိမ့်မယ်။ မောင်မောင်စိုးလူ့လောက

ကပျောက်ကွယ်သွားပေမဲ့ ရဲဘော်မောင်မောင်စိုး ဟာ ငါတို့ရဲ နှလုံးသားထဲမှာထာဝရတည်ရှိနေမှာ

ကတော့ကြိမ်းသေတယ်။


ရဲဘော်မောင်မောင်စိုးကောင်းရာသုဂတိလားပါစေ။


အလေးပြုလျက် တော်လှန်ရေးသစ္စာဖြင့်


ရဲဘော်ထွန်းအောင်ကျော်

ရဲဘော် မိုးသီးဇွန်
ရုပ်ရှင်သရုပ်ဆောင်များ ဒေါ်အောင်ဆန်းစုကြည်ကိုလာရောက်တွေ့ ဆုံ
ရုပ်ရှင်သရုပ်ဆောင်များ ဒေါ်အောင်ဆန်းစုကြည်ကိုလာရောက်တွေ့ ဆုံ ကြခြင်းဖြစ်ပါတယ်။

အကယ်ဒမီပွဲထက်လူပိုစုံတယ်လို့ ကိုဇာဂနာက မှတ်ချက်ချပါတယ်။ တချို့ ရုပ်ရှင်သရုပ်ဆောင်တွေက

၂၀၁၀ ရွေးကောက်ပွဲမှာ နအဖ ဗိုလ်ချုပ်များအတွက်မဲဆွယ်ပေးခြင်းများပြုလုပ်ခဲ့ကြ ပါတယ်။ နအဖ များ။
 
ခေတ်ပျက်သူဌေး များနှင့် ပေါင်းခဲ့ကြသူများလည်း ဒီပွဲကိုတက်ရောက်ခဲ့ကြပါတယ်။

ဒါကတော့ ဒီမိုကရေစီဖက်ကို  စတင်ကူးပြောင်းလာတဲ့ အချက်ပြ မှုတခု မှုဖြစ်လာပြီလား ဗိုလ်လိုချုပ်သန်းရွှေနဲ့

ဒေါ်ကြိုက်ကြိုက်တို့  ရဲ့  သြဇာ စတင်ကျဆုံးလာပြီလားလို့  နိင်ငံရေးအင်အားစုများက သုံးသပ်လျှက်ရှိကြပါတယ်။ 


နိုင်ငံရေးအကျဉ်းသားများအားလုံး......ချက်ခြင်းလွှတ်.....ချက်ခြင်းလွှတ်။ ဓါတ်ပုံများ...........

http://ashin-htavara.blogspot.com/

__._,_.___
 


ရွှဟင်္သာသတင်းဌာန
Prisoner_031နိုင်ငံရေး အကျဉ်းသားဟောင်းများ အယောက် (၁၀၀)ခန့် စုပေါင်းပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်စေရန် ရှေးရှုသည့် တွေ့ဆုံပွဲ တစ်ရပ်ကို ဒီဇင်ဘာလ ၁ ရက်နေ့ မနက်(၁၀) နာရီမှ နေ့လည် (၁)နာရီ အချိန်အထိ ရန်ကုန်မြို့ သာဓုကျောင်းတိုက်ဝန်း ရွှေည၀ါကျောင်း၌ ကျင်းပခဲ့သည်ဟု ၄င်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ အကျဉ်းသားဟောင်း တဦးကပြောပါသည်။
ထိုဆွေးနွေးပွဲ၌ အောက်ပါအချက် (၄) ချက်ကိုပါ ဆုံးဖြတ်ခဲ့ပါသည်။ (၁) နိုင်ငံရေး အကျဉ်းသားဟောင်းများ အချင်းချင်း ရိုင်းပင်းကူညီရေး ၊ (၂) နိုင်ငံရေး အကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်လာရေး ၊ (၃)တိုင်းရင်းသား ဒေသများ၌ ဖြစ် ပေါ်နေသည့်စစ် ပွဲများကို ရပ်ဆိုင်းပြီး အဓိပ္ပါယ်ပြည့်ဝသော ပြည်တွင်းငြိမ်းချမ်းရေး တရပ် ဖော်ဆောင်နိုင်ရေး နှင့် (၄) မြန်မာ့ လူ့အဖွဲ့ အစည်းတွင်း လူမှုအကျိုးပြုလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနိုင်ရေးတို့ဖြစ်ပါသည်။
“ နိုင်ငံရေး အကျဉ်းသားကိစ္စက ကစားကွက်လိုဖြစ်နေတယ်လေ၊ ဒုက္ခရောက်နေတာက နိုင်ငံရေးအကျဉ်းသား တွေရဲ့ မိသားစုတွေပါ၊ ဒါကြောင့် အပြန်အလှန် အကူအညီပေးနိုင်ဖို့ နဲ့  လိုအပ်တဲ့ အဆက်အသွယ်တွေ ရရှိလာဖို့ကို အသင်းမဟုတ်ရင် အဖွဲ့ တခုခုဖြစ်လာဖို့ စပြီးစဉ်းစားလာတာဖြစ်ပါတယ်။” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြော ပါသည်။  
ထို့အပြင် အထက်ပါ အချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း အောက်ပါအဖွဲ့ (၄)ဖွဲ့ ကိုစည်းခဲ့ပါသည်။ (က)ဆက်သွယ်ရေးနှင့် သတင်းထုတ်ပြန်ရေး၊ (ခ) နိုင်ငံရေး အကျဉ်းသားအားလုံး ပါဝင်လာနိုင်ရန် စည်းရုံးခြင်း (ဂ)အဖွဲ့ စည်းကမ်းချက် များရေးဆွဲခြင်းနှင့် ငွေစာရင်းပြု စုရေးဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့၊ (ဃ) လုပ်ငန်းဖေါ်ဆောင်ရေးကော်မီတီဟူ ၍ဆုံးဖြတ်ခဲ့ပါသည်။
prisoner_021
အကျဉ်းသား လွတ်ပေးရေး မိသားစုဝင်များ စောင့်ဆိုင်းနေပုံ (ဓါတ်ပုံ - အင်တာနက်)
ဤတွေ့ဆုံမှုသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက် အမျိုးသားအောင်ပွဲနေ့အပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ ထပ်မံတွေ့ဆုံတဲ့ပွဲလည်းဖြစ်ပါတယ်။ တချိန်ထဲ၌ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မစ္စစ်ကလင်တန်ကလည်း နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးစေလိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအ၀င် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းတို့နဲ့ ဒီဇင်ဘာလ ၁ ရက်နေ့၌ တွေ့ဆုံစဉ်မှာ တိုက်တွန်းပြောဆိုသွားခဲ့ပါသည်။

Dassk meets with film artists (3-12-2011)

ကျော်ဆန်းကို စိန်ခေါ်ရဲသူများ

Saturday, December 3, 2011

ကျော်ဆန်းကို စိန်ခေါ်ရဲသူများ

ပုံကြည့်လိုက်တာနဲ့ ဘာလဲဆိုတာ သိမှာမို့ အညွန်းမရေးတော့ဘူးနော်

အညတြ သူရဲကောင်း ကိုဇော်လင်းထွန်း

နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇော်လင်းထွန်း ကွယ်လွန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၊ ၂၀၁၁

တည်ဆဲအစိုးရရဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ အင်းစိန်ဆေးရုံမှ လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ကိုဇော်လင်းထွန်း၊ ၃၈ နှစ်ဟာ သူ့ရဲ့ ဇာတိမြေ ကျောက်တံခါးမြို့၊ နှင်းဆီလမ်း နေအိမ်မှာ ဒီနေ့ နေ့လည် (၁) နာရီက အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားကြောင်း ဒေသခံများရဲ့ ပြောပြချက်အရ သိရပါတယ်။

“သူက ၁၉၉၀ ခုနှစ်လောက်ကတည်းက နိုင်ငံရေးတွေလုပ်ရင်း ဒီမြို့ကပျောက်သွားတာ အခုမှ ပြန်ရောက်လာတာလေ။ အနှစ် ၂၀ ကျော်လောက် ထောင်ထဲနေလိုက်၊ တောထဲနေလိုက် နိုင်ငံရေးလုပ်ခဲ့တာ။ အဲဒီဒဏ်ရာတွေနဲ့ အခု ဆုံးသွားတာပေါ့”
ကျောက်တံခါးမြို့မှ ကိုဇော်လင်းထွန်းရဲ့ မိတ်ဆွေတဦးက ကိုဇော်လင်းထွန်းရဲ့ နိုင်ငံရေးဖြတ်သန်းမှုကို ပြောပြပါတယ်။ သူက ဆက်ပြီးတော့ ကိုဇော်လင်းထွန်း ဈာပန ဆောင်ရွက်ခဲ့ပုံကို အခုလိုပြောပြပါတယ်။
“ကိုဇော်လင်းထွန်းက ဒီနေ့ နေ့လည် (၁) နာရီမှာ ဆုံးသွားတယ်။ နေ့လည် ၃ နာရီမှာ အသုဘ ချပါတယ်။ မြို့ခံ နိုင်ငံရေးသမားတွေနဲ့ သူ့မိတ်ဆွေ အပေါင်းအသင်းတွေ လိုက်ပို့ကြပါတယ်။ ကျောက်တံခါးမြို့ မစိုးရိမ်ကျောင်းဆရာတော်က ရေစက်ချ တရားဟောတယ်။ လူတိုင်းဟာ နိုင်ငံရေးလုပ်သင့်တယ်။ ကိုဇော်လင်းထွန်းဟာ နိုင်ငံ့အတွက် ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ အသက်ပါစွန့်သွားတဲ့ အညတြ သူရဲကောင်းတဦးဖြစ်တယ်လို့ ဆရာတော်က မိန့်ကြားသွားပါတယ်။”
ဖိုးဇော် (ခ) ကိုဇော်လင်းထွန်း (ဘ) ဦးတင်ညွှန့်ဟာ ကျောက်တံခါးမြို့ဇာတိဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်က ၅ (ည)၊ ၁၇/၁ ပုဒ်မများနဲ့ ထောင်ဒဏ် ၇ နှစ်ကျခံခဲ့ရပြီး ၁၉၉၇ ခုနှစ်မှာ လွတ်မြောက်ခဲ့ပါတယ်။ လွတ်မြောက်ပြီး မကြာခင်မှာဘဲ နယ်စပ်ဒေသရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ နိုင်ငံခြားရေးရာကော်မီတီရဲ့ ပြည်တွင်းလှုပ်ရှားမှုဖြစ်တဲ့ နအဖ စစ်အစိုးရရဲ့ Road Map လမ်းပြမြေပုံ ၇ ချက်ကို ဆန့်ကျင်ခဲ့တဲ့အတွက် ၂၀၀၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့မှာ ဖမ်းဆီးခံရပြီး ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ၅ (ည)၊ ၁၇ (၁/၂)၊ ပုဒ်မ ၆၊ ၁၃ (၁) များနဲ့ ထောင်ဒဏ် ၂၀ နှစ် ကျခံခဲ့ရတာဖြစ်ပါတယ်။ ထောင်ဒဏ် ကျခံနေရတဲ့ ကာလအတွင်း အသည်းကင်ဆာ ဝေဒနာခံစားနေရတဲ့ ကိုဇော်လင်းထွန်းကို လွှတ်ပေးဖို့ သူ့မိသားစုများက သက်ဆိုင်ရာကို တင်ပြခဲ့ပေမယ့် လွှတ်မပေးခဲ့ဘဲ လွှတ်ငြိမ်းချမ်းသား ခွင့်အမိန့်နဲ့သာ လွှတ်ပေးခဲ့တာဖြစ်ကြောင်း သတင်းရရှိပါတယ်။


Tu Tu on December 1, 2011 at 10:49 pm
နိုင်ငံရေးကို အသက်နဲ့ရင်းပြီး လုပ်ဆောင်သွားတဲ့ ကိုဇော်လင်းထွန်း ကို လေးစား ဂုဏ်ယူပါတယ်။
ကိုဇော်လင်းထွန်းကောင်းရာသုဂတိလားပါစေ။
ဘ၀ဆက်တိုင်း ဒီလိုရုတ်မာ ရက်စက်တဲ့ စစ်ခွေးဘီးလူးတွေနဲ့ ကင်းဝေးပါစေ။



ထွန်းထွန်းဦး (nld ) on December 2, 2011 at 4:55 pm
ဖိုးဇော် မင်းမှန်းအကိုမသိခဲ့ဘူး
သေသေချာချာနာမည်နဲ့လူ နေရပ်ကိုကြည့်မှ အကိုမင်းမှန်းသိခဲ့ရတယ်
အကိုပြည်တွင်းလုပ်ငန်းကို ၁၉၉၁ စလုပ်ခဲ့စဉ် ညီလေးရဲ့ကူညီမူတွေ
ညီလေးရဲ့ ရဲစွမ်းသတိတွေကို အကိုဘယ်တော့မှမေ့ပျောက်လို့ ရမှာမဟုတ်ပါဘူး
အကိုကိုကူညီခဲ့မူတွေကြောင့် ညီလေး ထောင်ကျခဲ့တာတွေ အကိုနောက်ပိုင်းမှသိခဲ့ရတယ်
ညီလေးရဲ့စွန့်လွတ်အနစ်နာခံမူတွေကို အကိုအမှတ်ရနေမှာပါ
အကိုညီလေးကို အမြဲသတိယနေမှာပါ

ညီလေးကောင်းရာမွန်ရာရောက်ပါစေ အကိုဆုတောင်းပေးပါတယ်
ထွန်းထွန်းဦး (nld)

Friday, December 2, 2011

ကာတွန်းများ



   
  













 






   

မြန်မာပြည်ကို ဆွဲကြသည်

မနေ့တုန်းက ထိုင်းနိုင်ငံ နေးရှင်းသတင်းစာမှာ ဖော်ပြထားတဲ့ ကာတွန်း ဖြစ်ပါတယ်။

သမိုင်းဝင်မယ့် အပြုံးများ By featured, အောင်သက်ဝိုင်း on December 2, 2011 7

မနက် ၆ နာရီ အချိန်ဖြစ်လို့ ပတ်ဝန်းကျင်တခုလုံး အလင်းရောင် အနည်းငယ်သာ ရှိသေးချိန်၊ ရန်ကုန် ဗဟန်းမြို့နယ်
တက္ကသိုလ်ရိပ်သာ လမ်းတလျှောက်မှာတော့ အပြာရင့်ရောင် ယူနီဖောင်းဝတ် လက်နက်ကိုင် ရဲတွေကို အများအပြား တွေ့နေရတယ်။ ၁၅ ပေအကွာတိုင်းမှာ ရဲသား ၂ ဦးကျ ချထားပြီး နေရာတိုင်းမှာ ရဲတွေကို အသင့်အနေအထား တွေ့မြင်နေရပါတယ်။
ခြံအမှတ် ၅၄/ ၅၆ ရှေ့မှာတော့ ဓာတ်ပုံ ကင်မရာတွေ၊ ဗီဒီယိုကင်မရာတွေ ကိုင်ဆောင်ထားတဲ့ သတင်းသမားတွေ
အစုအဝေးလိုက် တရုံးရုံးဖြစ်နေကြပါပြီ။
ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းအတွင်း မစ္စ ဟီလာရီ ကလင်တန်နှင့် အတူ (ဓာတ်ပုံ - Reuters)
လူစုလူဝေးထဲမှာ နိုင်ငံခြားသားတွေ ပါသလို၊ မြန်မာ့ရိုးရာ တိုက်ပုံနဲ့ ပုဆိုးဝတ်ဆင်ထားတဲ့ မြန်မာနိုင်ငံသား သတင်းထောက် တွေ၊ အမျိုးသမီး သတင်းထောက်တွေလည်း အများအပြား ရောက်ရှိနေကြတယ်။
“အားလုံးပဲဗျာ၊ ခဏလေးပါ။ ၇ နာရီခွဲမှ ၀င်ခွင့်ပေးမယ်။ အခုဝင်ခွင့် မပေးသေးဘူးဗျာ။ နားလည်ပေးကြပါ” လို့
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ပြန်ကြားရေး တာဝန်ခံတဦးက မေတ္တာရပ်ခံ ပြောဆိုနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဆီ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရအရာရှိတွေ၊ အထူးကိုယ်စားလှယ်တွေ လာတိုင်း ခြံဝန်းထဲ သတင်းယူခွင့် ပေးနေကြဖြစ်ပေမယ့် ဒီနေ့ လာရောက် တွေ့ဆုံမယ့်သူက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဖြစ်နေတာကြောင့် နိုင်ငံတကာ သတင်းထောက်တွေ၊ ပြည်တွင်းပြည်ပ သတင်းထောက်တွေ အပါအ၀င်
နိုင်ငံတကာ အသိုင်းအ၀န်းက အထူးစိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။
နှစ်ပေါင်း ၅၆ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် လာရောက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ
သမိုင်းဝင် ခရီးစဉ်တခု ဖြစ်တဲ့အတွက် လုံခြုံရေးအရလည်း တင်းကျပ်မှုများစွာ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။
အမေရိကန် လုံခြုံရေးတပ်သားတွေကလည်း သူတို့ နိုင်ငံခြားရေး ဝန်ကြီးရဲ့ လုံခြုံရေးအတွက် အရမ်းကို ဂရုစိုက်နေကြသလို မြန်မာအစိုးရ ဘက်ကလည်း အစိုးရ မနက် ၇ နာရီခွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်းအတွင်းကို
သတင်းထောက်တွေအားလုံး ၀င်ခွင့်ပြုခဲ့ပါတယ်။
ကြိုတင် စာရင်းမပေးမိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်းအတွင်း ၀င်ရောက်သတင်းယူခွင့် မရတဲ့ နိုင်ငံခြားသား သတင်းထောက်တွေ၊ မြန်မာနိုင်ငံသား သတင်းထောက် ၃၀ နီးပါးလောက်လည်း ခြံရှေ့ရောက်နေပြီး သူတို့တတွေ သတင်းယူခွင့် ရမလားဆိုတဲ့ မျက်ဝန်းတွေနဲ့ ခြံဝန်းတံခါးကို လှမ်းမျှော်ကြည့်နေကြတယ်။
“အားလုံးပဲဗျာ၊ အိတ်တွေ၊ ကင်မရာတွေ၊ အားလုံးကို ကွန်ကရစ်လမ်းပေါ်မှာ စုပုံချထားပေးပါ၊ အိတ်တွေလည်း ဖွင့်ထားပေးပါ” လို့ အမေရိကန် သံရုံးလုံခြုံရေးဌာနက မြန်မာ ၀န်ထမ်းတဦးက အော်ဟစ်ပြောဆိုနေတယ်။
ဟီလာရီ ကလင်တန် နေပြည်တော်လေဆိပ်ကို မဆိုက်ရောက်ခင်မှာ သတင်းသမားတွေရဲ့ အိတ်တွေ၊ ကင်မရာတွေ စုပုံ ချခိုင်းထားပြီး ခွေးနဲ့ အနံ့ခံ မိုင်းရှာခိုင်းခဲ့ သလိုမျိုး ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းထဲ သတင်းလာယူတဲ့ သတင်းသမားတွေရဲ့ အိတ်တွေ၊ ကင်မရာတွေကိုလည်း ခွေးနဲ့ အနံ့ခံ မိုင်းရှာခိုင်းပါတယ်။
ဒါပေမယ့် ဒီတကြိမ်မှာတော့ ခွေးနဲ့ မိုင်းရှာနေတဲ့ပုံကို မိုဘိုင်းလ်ဖုန်း ကင်မရာနဲ့ လုံးဝ ဓာတ်ပုံရိုက်ခွင့် မပေးတော့ပါဘူး။
အဲဒီနောက် သတင်းထောက်တွေ အားလုံးကို ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ အိမ်ရဲ့ဘေးမှာ ထိုင်ခုံတွေနဲ့  နေရာချထား ပေးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စ ကလင်တန်တို့ကို ဤသို့ ရင်းရင်းနှီးနှီး တွေ့ရသည်။ (ဓာတ်ပုံ Getty Images)
ပူပြင်းလှတဲ့ နေရောင်အောက်မှာ သတင်းထောက်တွေအားလုံး နေရာကိုယ်စီယူလို့ အပူဒဏ်ကို ဂရုမစိုက်အား ကြပါဘူး။
အထူးသဖြင့် နိုင်ငံခြားသား သတင်းထောက်တချို့က ခြစ်ခြစ်တောက် ပူနေတဲ့ နေရောင်အောက်မှာ သူတို့ ပြင်ဆင်စရာ ရှိတွေကို ပြင်ဆင်ပြီး သတင်းယူဖို့ စောင့်ဆိုင်း နေကြပါတယ်။
မနက် ၉ နာရီ ၁၀ မိနစ်လောက်မှာတော့ သတင်းထောက်တွေ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ သံ ၁/ ၁ တံဆိပ်ကပ်ထားတဲ့ အနက်ရောင် ကားကြီးထဲက မိုးပြာရောင်အင်္ကျီ၊ အနက်ရောင် စတိုင်ဘောင်းဘီကို စမတ်ကျကျ ၀တ်ဆင်ထားတဲ့ အမျိုးသမီးကြီး တဦးထွက်လာတယ်၊ သူ့ကို ဒေါ်အောင်ဆန်းစုကြည်က ခရီးဦးကြိုပြုရင်း အပြုံးနဲ့ နှုတ်ဆက်ပါတယ်။ အဲဒီ အမျိုးသမီးကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ပါပဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟီလာရီ ကလင်တန်တို့ စတင်တွေ့ဆုံ ကြတဲ့အချိန်မှာ သူတို့နှစ်ဦးစလုံးရဲ့ အသွင်အပြင်က နှစ်ပေါင်းများစွာ ကွဲကွာသွားခဲ့ရတဲ့ ညီအစ်မ အရင်းတွေလို တဦးကို တဦး ကြင်ကြင်နာနာ ဖေးဖေးမမနဲ့ လက်ဆွဲ နှုတ်ဆက် ကြတယ်။ နှစ်ဦးစလုံးရဲ့ မျက်နှာပြင်ပေါ်မှာ ၀မ်းသာပီတိဖြစ်တဲ့ အပြုံးရိပ် တွေက အထင်သား ပေါ်လွင်နေတယ်။
နှစ်ဦးစလုံးရဲ့ မျက်ဝန်းတွေက ပီတီမျက်ရည်တွေနဲ့ လင်းလက်နေတာကို တွေ့မြင်ရပါတယ်။
ဟီလာရီ ကလင်တန်နဲ့အတူ မစ္စတာ ကာ့ကမ်း ဘဲလ်၊ မစ္စတာ ဒဲရစ် မစ်ချဲလ်၊ မစ္စတာ ပို့စနာ အစရှိတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိကြီးတွေ အားလုံး စုံစုံညီညီ လိုက်ပါလာကြတယ်။ ဟီလာရီ ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေအိမ်ထဲကို ၀င်ရောက်ပြီး တွေ့ဆုံဆွေးနွေး စကားပြောတာတွေ စတင်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းထဲမှာ ရောက်ရှိနေတဲ့ သတင်းထောက်တွေကတော့ ချွေးတပြိုက်ပြိုက် ကျလို့ ရေသန့် ဘူးလေးတွေ ကိုင်ထားကြတယ်။
“ဟီလာရီ ကလင်တန်လို ကမ္ဘာ့ နာမည်ကျော် ခေါင်းဆောင်တဦး လာရောက်တာ အရမ်းကို ၀မ်းသာတယ်။ မြန်မာ့ ဒီမိုကရေစီ အရေးအတွက် အရမ်းအားတက်ပါတယ်” လို့ မြန်မာသတင်းထောက်တဦးက ဂျပန်နိုင်ငံသား သတင်းထောက်တဦးရဲ့
မေးမြန်းချက်ကို အင်္ဂလိပ်လို ဖြေကြားတာ ကြားလိုက်ရပါတယ်။
မြန်မာနိုင်ငံသား သတင်းထောက်တွေရဲ့ မျက်နှာတွေက ချွေးတွေအလိမ်းလိမ်း ဖြစ်နေပေမယ့် အပျော်ရိပ်တွေ အထင်းသား တွေ့မြင်နေရတယ်။ သူတို့အားလုံး တက်ကြွနေကြတယ်။
မနက် ၁၀ နာရီကျော်လာပြီဖြစ်လို့ နေရောင်က ပိုပူပြင်းလာတယ်။ အပူဒဏ်မခံနိုင်တော့တဲ့ သတင်းထောက်တွေက နီးစပ်ရာ အရိပ်ကိုခိုရင်း၊ အချင်းချင်းစကားပြောရင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟီလာရီ ကလင်တန်တို့နှစ်ဦး ထွက်လာတော့ လေမလား ဆိုတဲ့ အတွေးနဲ့ စောင့်ဆိုင်း နေကြပါတယ်။
မနက် ၁၁ နာရီထိုးခါနီးခန့်မှာ ဟီလာရီ ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး လမ်းလျှောက်ရင်း စကား တပြောပြောနဲ့ ခြံဝန်းထဲကို ဆင်းလာကြတယ်။
သတင်းထောက်တွေ အားလုံးက သူတို့နှစ်ဦးစလုံး လမ်းလျှောက် လာနေတာကို အမိအရ ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကူး ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အစိမ်းရင့်ရောင် ရင်ဖုံးအင်္ကျီ၊ အစိမ်းနုရောင် ချိတ်ထမီ ၀တ်ဆင်ထားပြီး ခွပ်ဒေါင်းပုံစံ ရင်ထိုးလေးကို တပ်ဆင်ထားတယ်။ စမတ်ကျကျ ၀တ်ဆင်ထားတဲ့ ဟီလာရီကလင်တန်ရဲ့ လည်တိုင်မှာ ဆွဲထားတဲ့ ငွေရောင် ဆွဲကြိုးကလည်း နေရောင်အောက်မှ တောက်ပနေတယ်။ သူတို့နှစ်ဦးစလုံး အတူယှဉ်တွဲ ရပ်နေပုံက လှပပြီး ကျက်သရေ ရှိလှပါတယ်။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို စတင် စကားပြောတယ်။
ဒီအချိန်က နှစ်နိုင်ငံလုံးအတွက် သမိုင်းဝင် အချိန်အခါဖြစ်တယ် ဆိုတဲ့အကြောင်းနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှုကို ရတယ်ဆိုတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နောက်တော့ မြန်မာပြည်အတွက် ဖွံ့ဖြိုးတိုးတက်မှု နည်းပညာ အကူအညီတွေ လိုအယ်တယ် ဆိုတဲ့အကြောင်းနဲ့ ပြည်တွင်းစစ်ရပ်စဲရေးတွေ၊ ဥပဒေစိုးမိုးရေးတွေ အတွက် အမေရိကန်က အမြဲ ပံ့ပိုးပေးသွားမယ် ဆိုတာ ယုံကြည်တယ်လို့လည်း သူက ပြောပါတယ်။
“အစိုးရ၊ အတိုက်အခံတွေ၊ တိုင်းရင်းသားတွေ၊ နိုင်ငံတကာ အသိုင်းအ၀န်းနဲ့ ကျမတို့အားလုံး အတူတူ လက်တွဲ လုပ်ကြမယ်ဆိုရင် ကျမတို့ နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းက နောက်ကြောင်း ပြန်လှည့်စရာ မရှိပါဘူး။ အခု ဒီမိုကရေစီ လမ်းကြောင်းကို ကျမတို့ မရောက်သေး ပေမယ့်လည်း ကျမတို့ မိတ်ဆွေကောင်းတွေရဲ့အကူအညီနဲ့ အဲဒီလမ်းကို အမြန်ဆုံး ရောက်နိုင်တော့မယ်လို့ မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံက မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရ ထိတွေ့ဆက်ဆံမှုကို ကြိုဆိုတယ်လို့ ထုတ်ပြန်တဲ့အတွက် ဒီထိတွေ့ဆက်ဆံမှု မူဝါဒဟယ တကမ္ဘာလုံးရဲ့ ထောက်ခံမှု ရှိနေတာကို ပြသနေတာနဲ့ အတူတူပါပဲ” အစရှိတဲ့ အချက်အလက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
မစ္စ ကလင်တန်၊.ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အမျိုးသမီး အဖွဲ့ဝင် တချို့ကို ပြုံးပျော်စွာ တွေ့ရစဉ်(ဓာတ်ပုံ - Reuters)
ဟီလာရီ ကလင်တန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧည့်ဝတ်ကျေ ကြိုဆိုမှုကို ၀မ်းသာတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှင်းလင်းပြတ်သားတဲ့ ခေါင်းဆောင်မှု ကိုလည်း ချီုးကျူးတယ်၊ မြန်မာနိုင်ငံနဲ့ မိတ်ဆွေရင်းခြာ နိုင်ငံ ဖြစ်ချင်တယ်လို့ ပြောပါတယ်။
“သန့်ရှင်းလွတ်လပ် တရားမျှတတဲ့၊ ယုံကြည်ရတဲ့ ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုရင် အမေရိကန်နဲ့ မိတ်ဆွေ နိုင်ငံအဖြစ် အတူတူ လက်တွဲနိုင်မယ်၊ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ဖို့ လိုအပ်ပါသေးတယ်” လို့ သူက ဆိုပါတယ်။
ပြီးတော့ မြန်မာနိုင်ငံ အပေါ်မှာ ကျန်းမာရေး၊ ပညာရေး ကိစ္စတွေနဲ့ တောရောမြို့ပါ အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်ဖို့ ကိစ္စတွေကို ကူညီချင်တယ်လို့ ပြောတယ်။
သူတို့ ၂ ယောက် စကားပြောချိန်ဟာ ၉ မိနစ်ပဲ ကြာတာပါ။ ဒါပေမယ့် တယောက်နဲ့ တယောက် ရင်းနှီးချစ်ခင်မှုတွေတော့ မြင်တွေ့နေရပါတယ်။
မစ္စ ကလင်တန် ပြောအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတကြီး အိုဘားမား၊ ဟီလာရီ ကလင်တန်နဲ့ အမေရိကန် အစိုးရကို ကျေးဇူးတင်တဲ့ အကြောင်း ပြန်လည် ပြောဆိုပါတယ်။
အဲဒီနောက်မှာတော့ ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို သိုင်းဖက်လိုက်တယ်။ သူတို့နှစ်ဦး တဦးကို တဦး စိုက်ကြည့်လိုက် ကြတယ်။ သူတို့ရဲ့ နှုတ်ခမ်းတွေမှာ တင်နေတဲ့ အပြုံးတွေက အစစ်တွေဆိုတာ မြင်တဲ့သူတိုင်း သိနိုင်တဲ့ အနေအထားပါ။ သူတို့ နှစ်ဦးစလုံး အသံ ထွက်တဲ့အထိ ရယ်လိုက်ကြတာပါ။
နှစ်ဦးစလုံးရဲ့ မျက်ဝန်းတွေမှာ အရည်လဲ့ပြီး တောက်ပနေကြတယ်။ မကြာခင် ခွဲခွာရတော့မယ့် ညီအစ်မတွေလို တဦးကို
တစ်ဦး ရင်းရင်းနှီးနှီး နှုတ်ဆက်နေကြတယ်။  ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို သူရဲ့ အစ်မရင်း တယောက်လို နှုတ်ဆက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်တွေက ဟီလာရီ ကလင်တန်ရဲ့ လက်တွေကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ထားတယ်။ ဟီလာရီ ကလင်တန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်သိုင်းဖက် ထားတယ်။
နိုင်ငံ့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ သူတို့နှစ်ဦးစလုံးရဲ့ မျက်နှာပေါ်မှာ ဟန်ဆောင်မှုမပါတဲ့ ရိုးသား ဖြူစင်မှုတွေကို တွေ့မြင်နေရပါတယ်။
သတင်းထောက် အားလုံးက ဒီမြင်ကွင်းကို အမိအရ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးနေကြတယ်။ တချို့ သတင်းထောက် တွေက ဓာတ်ပုံရိုက်ဖို့ မေ့ပြီး ငေးကြည့် နေကြတယ်။
မကြာခင်မှာပဲ ဟီလာရီကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝန်းထဲကနေ ပြန်လည် ထွက်ခွာသွားပါတယ်။

လက်ရှိမြန်မာ့နိုင်ငံရေးအပေါ် အကြံပြုခြင်း

ကျွန်တော့်  အကြောင်း  ပဌမ  မိတ်ဆက်ပါရစေ။     ၈.၈.၈၈  တုန်းက
ချောင်းဦးမြို့ နယ်  ကျောင်းသားသမဂ်ဂ အတွင်းေ၇းမှူး   နောက်  မြိဲု့
နယ်သပိတ်ကော်မီတီ အတွင်းရေးမှူး  လုပ်ပြီး   ထောင်  ၁၀  နှစ်ကျ
မုံရွာထောင်  မန်းတလေး နန်းတွင်း     အကျဉ်းထောင်း  အုတ်ဖိုထောင်   ကနေ
လွတ်လာတဲ့   ဦးသိန်းဝင်း   အခု   နော်ဝေေ၇ာက်နေတာ    ၂  နှစ်
ကျော်လာပြီ   ၈၈  တုန်းက  အလယ်တန်းပြကျောငိးဆ၇ာ   B.A  (Economic)
အဲဒါ   ကျုပ် အကြောင်းပါပဲ   ။။။
လက်ရှိနိုင်ငံရဲ့  အခြေအနေကို   ပြော၇၇င်    ကျုပ်အမြင်ကိုပြောတာနော်
....   လူတစ်ယောက်သည်  လမ်းပေါ်ရှိ ကျောက်တုံး ကြီး  တစ်တုံးကို
လမ်းဘေးသို့ တွန်ူးချနေသည်     ထိုလူသည်   မောဟိုက်နေသည်
ချွေးဒီးဒီးကျနေသည်   ပင်ပန်းနေသည် အမြင်အားဖြင့်ပြော၇လျှင်  ထိုလူသည်
အလွန်  အလုပ် လုပ်နေသည်    သို့သော်   ရူပဗေဒ  သဘောအရ  ပြော၇လျှင်
ကျောက်တုံးကြီး   မရွေ့သည့် အတွက်  လုံးဝ  အလုပ်မလုပ်။
            ၈.၈ .၈၈ ကနေ  ဒီနေ့ အထိ   ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD
အပါအ၀င်   ပြည်တွင်း  ပြည်ပ  ပါတီပေါင်းစုံ   အဖွဲ့ အစည်းပေါင်းစုံ
မဆလ    န၀တ   နအဖ   ကြံဖွံ့    အတူတူပါပဲ     အာဏာ၇ှင်  စစ်အုပ်စုကို
ပုံစံ အမျိုးမျိုး နဲ့   တော်လှန်ခဲ့ကြတာ      အောင်မြင်ခဲ့သလား
စဉ်းစားဖို့ လိုလာပြီ      ဒီ အနှစ်   ၂၀  ကျော်အတွင်းမှာ   ဘယ်ပါတီ
ဘယ်အဖွဲ့အစည်းက    အာဏာရှင်စစ်အုပ်စုကို   ကိုင်လှုပ်နိုင်ခဲ့သလဲ
ဒီကြားထဲ   အလုပ်အကြောင်းပြပြီး   လုပ်စားနေကြတဲ့သူတွေက   အနံ့
တထောင်းထောင်း   ပေါ်ထွက်လာသေး         ဒီနေ၇ာမှာ  ကိုယ်လဲပဲ  ထိထိ
ေ၇ာက်ေ၇ာက်  မလုပ်နိုင်ပဲနဲ့       ဟိုလိုမ၇လို့  ဒီလို
ဒီလိုမ၇လို့    ဟိုလို     ပုံစံအမျိုးမျိုးနဲ့    လုပ်ကိုင်
ဆောင်ရွက်နေတာ   မ၇တဲ့အဆုံး   ၇တဲ့နည်းလမ်းနဲ့   လုပ်ကိုင်
ဆောင်ရွက်နေတဲ့    ဒေါ်စု နဲ့  NLD  ကို   သဘောမတူလို့   မထောက်ခံ၇င်တောင်
  ခလုပ် ကသင်း   မလုပ်သင့်ဘူးထင်တယ်   လွယ်အိတ်လို  ကန့်လန့်  ကန့်လန့်
 မလုပ်သင့်ဘူးထင်တယ်      တစ်ခုရှိတယ်    ဒီမိုကေ၇စီ  ရ ရင်
လုပ်စားလို့   ရတော့မှာမဟုတ်တဲ့   AAPP   လို  စသည်ဖြင့်   အဖွဲ့အစည်းတွေ
 ရှိပါလိမ့်မယ်      ဒီလို  အဖွဲ့အစည်းတွေ   လူတန်းစားတွေ၇ဲ့
သွေးဆောင်မှု့နောက်ကို    လိုက်ါပမသွားမိဖို့    လိုပါလိမ်မယ်။။။
 ခင်ဗျားတို့ကို   ကျူပ် ကိုယ်တွေ့   တစ်ခုပြောပြမယ်
ကျုပ်ထောင်ကထွက်လာပြီတဲ့နောက်    ၃  ရက်အကြာမှာ   ရန်ကုန်ေ၇ာက်သွားတယ်
ဒေါ်စုနဲ့ တွေ့တယ်   အဲဒီတုန်းက   ကျုပ်နဲ့အတူ       ဦးအုန်းသန်း  တို့
၅   ယောက်ပါတယ်   ဧည့်ခန်းထဲမှာ    စားပွဲမှာ    လဘက်၇ည်  ၆  ခွက်   လူ
၆ယောက်   ဒေါ်စုအပါအ၀င်  ၇  ယောက်   တစ်ယောက်တလှည့်  မိတ်ဆက်စကားပြောကြတယ်
 ကျူပ်အလှည့်မှာ       ဒေါ်စုခင်ဗျာ     BBC    မှာ အင်တာဗျူးသလိုပေါ့
     တကယ်လို့များ   န၀တ   က     တိုင်းပြည်ရဲ့   ဦဆောင်မှု့
အပိုင်းမှာ     သူတို့  နဲ့ အတူ  လက်တွဲ လုပ်ဆောင်၇အောင် လို့
ဖိတ်ခေါ်မယိဆို၇င်    ဒေါ်စုအနေနဲ့   ဘယ်လိုသဘော၇ပါသလဲ       လို့
မေးခဲ့ဘူးတယ် ဘာဖြေတယ်မှတ်သလဲ      ..........
သိတ်ကောင်းတဲ့မေးခွန်း...     ကျွန်မ  ဒီမေးခွန်းကို   အခုပဲ
ပြောလိုက်ပါ့မယ်     ..........     လက်တွဲမှ  ပြည်သူလူထု
အကျိုးရှိမယ်ဆိုရင်   လက်တွဲသင့်ရင်    တွဲ၇မယ်........    အဲ
..လက်မတွဲပဲ    ပြည်သူလူထုအကျိုး ရှိအောင်   လုပ်နိုင်မယ်ဆို၇င်လဲ
မတွဲသင့် ၇င်မတွဲဘူး  .....    ဒါ့ကြောင့်    ...  တွဲမယ်  ...
မတွဲဘူး...ဆိုတာ   အခုအချိန်မှာ    ပြောလို့  မရသေးပါဘူး။။။။
                            အဲဒီတုန်းက    ကျုပ်လဲ   အဲဒီအဖြေကို
လုံးဝသဘောမကျခဲ့ဘူး       ဒါပေမဲ့   နောက်  ၁၀  နှစ်လောက်ကြာတော့
........     ဟာ   ...ဒေါ်စုပြောတဲ့စကားဟာ    ..သွေထွက်အောင်ကိုမှန်ပါလား
 နောင်  ၁၀  နှစ် ၁၅  နှစ်  အနှစ်  ၂၀    မှာလုပ်၇မဲ့    လုပ်ငန်းကို
 အခု  တစ်ထိုင်တည်းနဲ့   ဖြေလိုက်တာ    ကျုပ်စိတ်ထဲမှာတော့   ဒေါ်စု
ဦးဆောင်လုပ်တဲ့    လုပ်ငန်းမှန်သမျှ      အမှားနည်းမယ်   အမှားကင်းမယ်
   အဲဒါ   ကျုပ်အမြင်   ကျုပ်သဘောထားပဲ
မိမိလုပ်တဲ့အလုပ်    တန်ဘိုးရှိတဲ့အလုပ်    အကျိုးရှိတဲ့အလုပ်
ဖြစ်အောင်    လုပ်နိုင်တဲ့   ဦးဏှောက်ပိုင်ရှင်    တိုင်းပြည်က
တကယ်အားကိုးနိုင်တဲ့   လူကြီး  လူငယ်များ   ဖြစ်နိုင်ကြပါစေ
    ဦးသိန်းဝင်း        နော်ဝေ




ကိုသိန်းဝင်းခင်ဗျား

ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ဆောင်ချက်ကို ထောက်ခံအားဖြည့်ပေးရမှာအားလုံးရဲ့ တာဝန်ဆိုတာ အမှန်ပါပဲ။  တခုပဲရှိတာက ဘယ်လိုအားဖြည့်မလဲ၊ ထောက်ခံတယ်ပြောပြီး ဘာအလုပ်တွေနဲ့ ဒေါ်အောင်ဆန်း စုကြည်ကိုပိုအားရှိအောင်လုပ်မလဲ။  အရင်ကလို အားလုံး ဒေါ်စုလုပ်တာပဲ ထိုင်ပြီး စောင့်ကြမလား။  နောက်ပြီး ဒေါ်စုပြောခဲ့တဲ့စကားလို အကောင်းဆုံးကိုမြှော်လင့်ပြီး အဆိုးဆုံးအတွက်ကိုလဲ ပြင်ဆင်ထားကြပါဆို တာကော မေ့ပစ်ကြမယ်လား။ အကောင်းဆုံးမျှော်လင့်ကြတာကောင်းပါတယ်။  သက်သာတယ်။  တကယ်လို့အကောင်းဆုံးမဖြစ်လာခဲ့ဘူး အဆိုးဆုံးဖြစ်လာခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ပုံချကြမလား၊ ဒါမှ မဟုတ် ဘာတွေလုပ်သင့်တယ်ဆိုတာကို အစီစဉ်ချပြင်ကြမလား။  ဒါမှမဟုတ် ထုံးစံထုံးစံ များအတိုင်း အိုး- ဖြစ်လာတော့ မှမီးစင်ကြည့်ကကြဦးမယ်လား။  စဉ်းစားသင့်တာတွေကို ပြောတာပါ။ 

ကျွန်တော်တို့ အားလုံးလုပ်သင့်ကြတဲ့အခန်းကဏ္ဍတွေကကောဘာတွေလဲ။  ဘာတွေလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေးပွဲမှာ အားယှဉ်ရာမှာ ပိုအားရှိအောင်လုပ်မလဲ။  ထုံးစံပဲ ပွဲထိုင်ကြည့်ကြမည်လား။  အဲ့ဒါတွေကို စဉ်းစားစေကြချင်တာပါ။ 
ငြိမ်းချမ်း


 
 
အဖြေကတော့ ထိုင်မကြည့်ဘဲ ဝိုင်းလုပ်သင့်တယ်ဘဲ ဖြစ်မှာပါ။ ထပ်ဆင့်မေးခွန်းက ဘာတွေ ဝိုင်းလုပ်နိုင်သလဲ ဖြစ်ပါတယ်။ ပြည်ပမှာက ပြည်ပက လုပ်နိုင်တာတွေဘဲ ရှိမှာပါ။ ထိရောက်သင့်သလောက် ထိရောက်မှုတွေ ရှိနေပါတယ်။ ဘုရားလည်း ဖူးရင်း၊ လိပ်ဥလည်း တူးရင်း လိပ်မကြီးလည်း ဖမ်းနေတဲ့သူတွေ အကြောင်းကတော့ ခဏထားလိုက်ပါဦး။ ကျနော့အမြင်ကတော့ တစ်ကယ်လုပ်နိုင်တာက ပြည်တွင်းကဘဲ ဖြစ်မယ်ထင်တယ်။
 
Aung Tin


  ကျေးဇူးပါပဲ။  တကယ်က ပြည်တွင်းကော၊ ပြည်ပကကော အဘက်ဘက်က ဝိုင်းလုပ်နိုင်သမျှ ဝိုင်းလုပ်နေကြရင် အားဖြစ်လာမှာပါပဲ။  ပြည်တွင်းမှာ ဆင်းရဲမွဲတေနေတဲ့လူထုတွေကို လူမှုရေးစီးပွါးရေးတွေမြှင့်တင်ပေး ဘို့နဲ့၊ စည်းရုံးညီညွတ်မှုရှိလာပြီး အားတရပ်အဖြစ်မားမားမတ်မတ်ပေါ်လာစေဘို့ ပြည်တွင်းမှာကြိုးစားနိုင်သလို၊ ပြည်တွင်းကအလုပ်တွေကို အထောက်အကူပြုဘို့ (အရင်လို နိုင်ငံတကာအကူအညီမျှော်ပြီး လုပ်စားနေကြတာမျိုးထက်) ပြည်ပကလူတွေ ကိုယ့်ဘာသာ ကိုယ်စုစည်းကြပြီး ဝိုင်းဝန်းထောက်ပံ့တာလုပ်တာမျိုး၊ အစိတ်စိတ်အမွှာမွှာကွဲပြားနေပြီး ညီညွတ်မှု ကင်းမဲ့ ၊ စုပေါင်းလုပ်ဆောင်မှုကင်းမဲ့တဲ့ ပြည်ပအင်အားစုတွေအားလုံးကို စုစည်းတာမျိုးလဲလုပ်ကြဘို့သင့်တာပဲ။ 
အမြဲပဲ ထောက်ခံတယ်ဆိုတဲ့ စကားလုံးတွေတွင်တွင်သုံးပြီး အနှစ်သာရရှိရှိမလုပ်တဲ့ အရင်အတိုက်အခံအဖြစ်တွေက ကင်းလွတ်ဘို့ စလုပ်ကြဘို့သင့်ပြီမဟုတ်ပါလား။ 

ငြိမ်းချမ်း


 
 
ဝိုင်းပြီးဆွေးနွေးပါရစေ- ပြည်ပအွန်းလိုင်းပရိဿတ်များ အဲဒိလို ဆွေးနွေးတိုင်ပင်ကျ အလေးယူ ဆောင်ရွက်ကျသင့်တာ ကြာလှပါပြီး-
ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေနဲ့ ကိုယ်ရည်သွေး ၀င့်ကြွား သူများစိန်နားကပ်ရောင် နဲ့ ပါးပြောင်တဲ့ -သဘောသာဝ တွေနဲ့ -ဝေဖန်ခြင်း ဆန်စစ်ခြင်း
ဝိုင်းဝန်းပြုပြင်လိုသျူအကြံဥာဏ်ပေးခြင်းများကို -ရန်လိုကြခြင်းများသာ-တွေ့ခဲ့နေရတာပါဘဲ။ -ဒါတွေကို -အပြစ်မပြောလိုတော့ဘဲ -မိမိတို့နိုင်ငံ၏
စံနစ်ဆိုးကိုက-နှစ်ပေါင်း ရာစု တ၀က်မျှ- ပိတ်ပင်တားဆီးထားခြင်း -ခံလာခဲ့ကြရပြ်း- ဝေဖန်သူများကို ထောင်သွင်းအကျင်းချ ထားသော စံနစ်ဆိုး
စရိုက်ဆိုးက နမူနာဖြစ်လာတော့ နောက်လာနောက်သား အားလုံးပင် ဝေဖန်သူ ဆန်းစစ်သူသည် ရန်သူလို့သာ သဘောပေါက်သွားကြလို့သာ
ဖြစ်လာခဲ့တာ အခု ထိဘဲပေါ့- သတင်းဌါနနှင့် ဝေဖန်ရေးသမားများသည် -ထောင်လမ်းတ၀က်လျှောက်ခဲ့ခြင်းသည် -စစ်အာဏာရှင်နိုင်ငံမှလွဲ၍
ဒီမိုကရေစီ နိုင်ငံများမှာ မရှိတော့ပါ။ မြန်မာနိုင်ငံအတွက် အမှန်တကယ်ဒီမိုကရေစီကို လိုလားပါက- လွတ်လပ်သော ဝေဖန်ခြင်းကို လေးစားတတ်
ဖို့လိုလာပေပြီး။ တရားမဲ့ မမှန်မကန် စွတ်စွဲ ရမ်းကားမှုကိုတော့ -တရားဥပဒေစိုးမိုး သောနိုင်ငံများက တရားဥပဒေ ဘောင်အတွးင်းက ဆောင်ရွက်
သင့်တာပါဘဲ။
           ပါတီအဖွဲ့အစည်းဆိုတာလည်း အများပြည်သူအပေါင်းက ပါဝင်ဖွဲ့စည်းထားတာကြောင့်- အားလုံး၏ လုံးလ ၀ိရိယ အင်းအားများနှင့်သာ
ကူညီ ထောက်ပံ့ ခြင်းက အမှန်အကန် ဆုံး ပါဘဲ။ နိုင်ငံရေးပါတီသည် အရင်းရှင်တဦး လူနည်းစု အုပ်စုတစ်ခု၏ ပါတီမဖြစ်ဖို့ အရေးအကြီးဆုံးပါဘဲ
အုပ်စုတစ်ခု အင်အားအနဲစု၏ အထောက်အပံ့ ဖြစ် - ထောက်ပံ့ပိုးသူ များကသာ ခြယ်လှယ်ခြင်သလို -ကြိုးကိုင်သွားရင်တော့ -အဲဒီနိုင်ငံရေးပါတီ
ဟာ မကြာခင်-ပတိပက္ခ နှင့် နေရာလု မှု- လူနည်းစု ဗိုလ်ကျ မှုကြောင့် ပါတီတွင်း လူကောင်းသူကောင်း ရှာမရဘဲ- အာဏာရှင် တပါတီ စံနစ်ဆိုး
ဖြစ်လာခြင်းကြောင့်- အများဆန္ဒ` နှင့် ဖီလာ ဆန့်ကျင်လာခြင်းကို တွေ့ရလာပါလိမ့်မယ်။
             ဒါကြောင့် နိုင်ငံရေးပါတီသည် ဒီမိုကရေစီ နှင့် နိုင်ငံရေးသမားများ မွေးထုတ်ရာ- အုပ်ချုပ်ရေးစံနစ်ကောင်း၏ တက္ကသိုလ် တစ်ခုသာ
ဖြစ်ကြောင်း နိုင်ငံရေးသမားများသည် မိမိ၏ နိုင်ငံရေးပါတီကို စံပြနမူနာသာဖြစ်သင့်ကြောင်း -အာဏာရရေး မရေ၇းမှာ ပါတီတွင်းရှိသော
နိုးင်ငံရေးသမားများ အားလုံး၏ တာဝန်သာဖြစ်ကြောင်း-ဆွေးနွေးပေးခြင်းသာ ဖြစ်ပါသည်။
အောင်မင်း (ပြည်ချစ်)
 
 
 
Friday, December 2, 2011 3:57:57 PM
On 12/3/2011 3:15 AM, Lal Thanga wrote:
 
ဆောရီးဗျာ။  ကျွန်တော်မေ့သွားတာလဲရှိနေလို့ ထပ်ရေးတာ။  ချင်းပြည်နယ်မှာ လူတွေ အေးအေးချမ်းချမ်းနေထိုင်နေကြပြီလား။  သူတို့အများစုကိုးကွယ်ယုံကြည်တဲ့ ခရစ်ယာန်ဘာသာကို အနှောင့်အယှက် မရှိပဲ လုပ်နေနိုင်ကြပြီလား။ လုပ်အားပေးတွေ၊ အဓမလုပ်တာတွေပျောက်ကွယ်ကုန်ပြီလား။  အဲ့ဒီအချိန်မှာကိုယ့်အဖွဲ့ချုပ်ရုံးမှာ အေးအေးဆေးဆေးရုံးတက်ကြဘို့ငွေလေးဘာလေးနဲနဲစုပို့ကြဘို့ စဉ်းစားတာ တော် တော်လေးကောင်းတယ်ပြောရမယ်  ဟုတ်တယ်နော။ 



ဘာမှ ကြီးကြီးကျယ်ကျယ် လုပ်ဖို့ မလိုသေးပါဘူး--ကိုယ့်နယ်က အဖွဲ့ချုပ်ရုံး ပုံမှန်လည်ပတ်နိုင်အောင် ကိုယ့်မြို့ကိုယ့်တာဝန် သဘောထားပြီး ပိုက်ဆံ ပို့ရုံပါပဲ-။ တကထဲမှ တခါလာလဲ အဖွဲ့ချုပ်ဗဟိုကိုပဲ ဆက်ချင်သလိုလို-- ဒေါ်စု ဘာဖြစ်ရင်--ဘာလုပ်မယ် ကြီးကြီးကျယ်ကျယ် စဉ်းစားပြီး အတွေးခေါင်နေဖို့ မလိုပါဘူး--။
 
 -----------------------------------------------------------------------------------------



လက်ရှိမြန်မာ့နိုင်ငံရေးအပေါ်ဒီလိုမြင်တယ်။
(၁)အယူဝါဒအပေါ်မှာအခြေခံပြီးသံတမန်ရေးဆက်ဆံမှုတွေမဟုတ်တော့ဘူး။
(၂)ပထ၀ီအကျိုးအပေါ်မှာအဓိကဖြစ်ပေါ်လာတဲ့သံတမန်ဆက်ဆံရေး။
(၃)ကမ္ဘာ့စီးပွားပျက်ကဒ်အပေါ်မှာဖြစ်ပေါ်လာတဲ့မာတီဆက်ဆံရေး။

(၄)ဒီလိုဆက်ဆံရေးနိုင်ငံရေးဖြစ်စဉ်တွေမှာမြန်မာပြည်ဟာနှစ်(၅၀)အတွင်းတရုပ်နဲ့ပေါင်းသင်းလာတယ်။
တဘက်မှာအမေရိကန်ရဲ့စီးပွား ပိတ်ဆို့မှုကိုရုပ်သိမ်းစေချင်တယ်။အမေရိကန်ရဲ့မုန့်ကျွေးမယ်၊ဒုတ်ပေးမယ်ပေါ်လစီအပေါ်သိပ်မနှစ်မျို့လှပါဘူး။
အမေရိကန်နိုင်ငံခြေားရေးဝန်ကြီးကိုယ်တိုင်လာသော်လည်းတရုပ်အ ပေါ်သံတမန်ဆက်ဆံရေးကိုလက်
လွှတ်လို့မဖြစ်ဘူးဆိုတာစစ်အုပ်စုထဲမှာတသဘောတည်း၇ှိတာကိုတွေ့တယ်။အမေ၇ိကန်နဲ့လုံးလုံးပူးပေါင်း
မယ်ဆိုတာလက်တွေ့မှာခွင့်ပြုမှုမ၇ှိဘူး။
ဒီတော့လက်ရှိလွှတ်တော်နိုင်ငံရေးအခင်းအကျင်းမှာ-အမေရိကန်ပါဝင်လာမှုအတွက်အုပ်စု(၂)စု ဖြစ်တည်လာတယ်။အမေရိကန်ကိုလိုလားပြီးဆက်ဆံလိုတဲ့အုပ်

စုနဲ့အဲဒီလိုလိုလားတဲ့အုပ်စုအပေါ်တဘက်မလိုလားတဲ့အုပ်စုကအမေရိကန်ရဲ့ထင်သာမြင်သာဘာမှမ၇ှိသေး
တဲ့သဘောထားတွေအပေါ်မှာလက်ရှိတရုပ်အစိုးရနှင့်ဆက်ဆံမှုတွေထိခိုက်စေမယ့်ကိစ္စရပ်တွေကိုအထူး
ဂရုစိုက်နေတာကိုတွေ့ရမယ်။ဗိုလ်ချုပ်မင်းအောင်လှိုင်တရုပ်ကိုချက်ချင်းသွားပြီးသံတော်ဦးတင်နေတာကို
ကြည့်ရင်သိသာနိုင်ပါတယ်။သံတမန်လောကမှာတရုပ်နဲ့ဆက်ဆံရေးကိုဘယ်လိုမှထိခိုက်မှုမ၇ှိဘူးဟုပြော
ဆိုတာဟာအပေါ်ယံသဘောပါပဲ။ဒီတော့မြန်မာနိုင်ငံ၏နိုင်ငံခြားရေးမူဝါဒဟာအတော်ကိုစိုး၇ိမ်စရာတွေတွေ့ရ
ပါတယ်။အမေရိကန်နိုင်ငံနဲ့တရုပ်နိုင်ငံနှစ်ခု၇ဲ့မင်းရေးကြွယ်မှုတွေအောက်မှာဘယ်လိုဆက်လက်ပြီးသွားမလဲ
ဆိုတာစိတ်ဝင်စားဘို့ကောင်းပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလာတဲ့အထဲ မှာအကြောင်းပြချက်တွေကမြန်မာပြည်အရေးကိစ္စဟုဆိုသော်လည်းသိပ်ပြီးတော့မထူးခြားပါဘူး။ဒီကိစ္စတွေက
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကိုတိုင်လာစရာမလိုပဲေ၇ှ့မှာလုပ်ထားတွေအများကြီးပဲ။
အမေ၇ိကန်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်လာရလောက်တဲ့အခြားကိစ္စရပ်ကတော့ရှေ့ဆက်အင်အား
ချိန်ခွင်လျှာကိုအာ၇ှမှာအရေးတကြီးလိုအပ်လာတာတွေရယ်။စစ်ရေးအင်အားတွေအဆမတန်မြှင့်တ င်နေတဲ့တရုပ်ရဲအင်အားအပေါ်မှာသံသယစိတ်တွေကြီးထွားလာမှုတွေအပေါ်မှာအဓိကမူတည်နေတာ
ကိုတွေ့ရမှာဖြစ်ပါတယ်။မြန်မာတွေကတော့-သူတို့နိုင်ငံကိုအမေ၇ိကန်ကူညီဘို့ရောက်လာတယ်လို့တကယ်ထင်နေကြတာမထူးဆန်းပါဘူး။
အဲဒီနောက်မှာတိမ်တောင်သဖွယ်မင်းရေးကြွယ်ဝလာတာတွေဟာမြန်မာပြည်ဒီမိုကရေစီအတွက် သဘောထားအမှန်ဖြစ်ရင်တော့ပို၍ကောင်းတာပေါ့။ဒီလိုမှမဟုတ်ပဲတရုပ်ရဲ့ခြေလှမ်းတွေအပေါ်မှာ
သံသယနဲ့မြန်မာပြည်ကိုဝင်လာခဲ့မယ်ဆို၇င်တော့မြန်မာပြည်ရဲနိုင်ငံခြားရေးပေါ်လစီအတွက်အကြပ်ရိုက်
သွားစေနိုင်ပါတယ်။ဒီလိုအကြပ်ရိုက်သွားအောင်တရုပ်ကအရင်စလုပ်မလား၊အမေရိကန်ကအရင်စလုပ်မ
လားစောင့်ကြည့်ရဦးမှာပါ။

ဒေးဗစ်။


==========================================


အမွှန်းတင်နိုင်ငံရေး
 ကျနော်အပါအ၀င် မြန်မာပြည်သူတွေဟာ ရေနစ်သူတွေနှင့်တူကြသည်။ ရေနစ်သူဟာ ရေမှာမနစ်မြုပ် ရစေဖို့  ကောက်ရိုးမျှင်ပဲဖြစ်ဖြစ်၊သစ်ကိုင်းခြောက်ပဲဖြစ်ဖြစ်တွေ့ရင်အားကိုးတကြီးဆွဲကြသည်။ကျနော်တို့လည်းအာဏာရှင် စံနစ်၏ဖိနှိပ်မှုအောက်မှ လွတ်မြောက်ချင်လို့ ခေါင်းဆောင်ဆိုတာနှင့် ကောက်ကောက်ပါအောင် နောက်ကလိုက် ကြသည်။သူရဲကောင်းကိုးကွယ်လိုသည့် စိတ်အခြေခံလေးကလည်းရှိနေသဖြင့်မီးလောင်ရာ လေပင့်ဖြစ်နေသည်။ ခေါင်းဆောင်တွေ ခေါင်းရှောင်ကြသည့်အခါ၊ခေါင်းဆောင်မရှိသည့်အခါမှာ အယောင်ယောင်အမှားမှားတွေဖြစ်ပြီး တိုင်းပြည်နှင့် ပြည်သူလူထုနစ်နာဆုံးရှုံးရမှုသည် တွက်ချက်ပြလို့ မရအောင်ပင်ကြီးမားသည်။
 မှတ်မိပါသေးသည်။ ၁၉၈၈ခုနှစ်၊မတ်လဆန္ဒပြမှုများဖြစ်ပေါ်လာသည့်အခါမှာ ဗိုလ်ချုပ်အောင်ကြီးမှ ၄၈မျက်နှာ စာတမ်းနှင့်ဗိုလ်နေ၀င်းအပါအ၀င်မဆလစံနစ်ကြီးကိုဝေဖန်ခဲ့သည်။ဗိုလ်အောင်ကြီးကိုသူရဲကောင်းအဖြစ်အားကိုး
ကြသည်။၄၈မျက်နှာစာတမ်းကိုလည်းဝိုင်းဝန်းပြီး ဖြန့် ပေးကြသည်။ သားသတ်သမားဘွဲ့ ရ ဗိုလ်စိန်လွင် သမတ ဖြစ်ချိန် အထိ ကြက်ဥတလုံးနှစ်ကျပ်ခွဲ၊စိန်လွင်ခေါင်းကိုခွဲ။ ဆန်တပြည်၁၅ပြား၊အောင်ကြီးသမတဖြစ်မှစား ဆိုပြီးလည်းအသံဝင်သည့်အထိကြွေးကြော်ခဲ့သည်။ ဗိုလ်နေ၀င်းမှ စစ်တပ်ဆိုတာမိုးပေါ်ထောင်မပစ်ဘူး၊ပစ်ရင်မှန်
အောင်ပစ်တက်တယ်၊ဆူဆူပူပူလုပ်ချင်သူတွေမသက်သာဘူးမှတ် ဆိုပြီးကြေညာ၍ ကန့် လန့် ကာ နောက်ကွယ် ၀င်သွားခဲ့သည်။ ၁၉၈၈ခုနှစ်၊သြဂုတ်လ(၂၁)ရက်နေ့ မှာဗိုလ်ချုပ်အောင်ကြီး အဖမ်းခံထားရာမှ လွတ်လာသည့် အခါမှာ စမ်းချောင်းမြို့ နယ်ရှိ ပဒုမ္မာကွင်းမှာ လူထုအစည်းအဝေးကြီး ကျင်းပဖြစ်သည်။ ဗိုလ်အောင်ကြီးက တိုက်ပုံအောက်မှာကျည်ကာအကျီင်္ကြီးဝတ်ထားပြီးတရားဟောသည်။စစ်တပ်ကိုစိတ်နှင့်တောင်မပစ်မှားပါနဲ့လည်း ပြောဆိုရော လူထုကြီးကွင်းထဲကပြန်ထွက်သွားသည်။ ကျနော်တို့ နောက်ခေါင်းဆောင်တဦးကို ရေကန်အသင့်၊ ကြာအသင့် ဆိုသလို ရှာတွေ့ ပါသည်။ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်ဟောင်းများမှာပါနေသည့် ဦးထွေးမြင့် ကျေးဇူး ဆိုလည်းမမှားပါဘူး။ ဦးထွေးမြင့်သယ်ထုတ်လာတာက လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေသည်။ ၁၉၈၈ခုနှစ်၊သြဂုတ်လ(၂၆)ရက်နေ့ ရွှေတိဂုံဘုရားအနောက်ဖက်မုခ်ကွင်းထဲ မှာ ဒေါ်အောင်ဆန်းစုကြည် စတင်ပြီး လူထုတရားပွဲပြုလုပ်ခဲ့သည်။ သူမလည်း ဖေဖေတည်ထောင်ထားသည့် စစ်တပ်နှင့်စကားချီပြောဆိုပြီး ဆန္ဒပြသူများကို အကြမ်းမဖက်ဖို့ ပြောဆိုပြန်သည်။ တပ်ဦးအဖွဲ့ တွေကွင်းထဲမှ ပြန်ထွက်သွားခဲ့သည်။နောက်သူရဲကောင်းတဦးကို ရှာကြပြန်သည်။ အစဉ်အလာရှိသည့် ရှေ့ မှီ၊နောက်မှီအာဂ နိုင်ငံရေးသမားကြီးဖြစ်သည့် ဘဘနုဖြစ်သည်။ ဘဘနု(၀န်ကြီးချုပ်ဦးနု) စင်ပြိုင်အစိုးရဖွဲ့ ခဲ့သည်။ ကျနော်တို့  ကျောင်းသားများသည်လည်း ဒီမိုကရေစီစာဝါလိုက်နေချိန်ဖြစ်သဖြင့် နိုင်ငံရေးအခင်းအကျင်းတွေကိုမသိရှိဖြစ်နေ သည်။ ရှုပ်ထွေးနေသည်ကို နားလည်သည့်အဆင့်သာဖြစ်သည်။ ဗိုလ်ချုပ်အောင်ကြီး၊ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်ကြီးငါးကြီး(ဦးနု၊ဦးတင်ဦး၊ဗိုလ်ရန်နိုင်)တို့ တွေ့ ဆုံဆွေးနွေးပွဲအား ကျောင်းသားတွေမှ ကမကထပြုပြီး ဆေးတက္ကသိုလ်(၁)မှာကျင်းပခဲ့သည်။အောင်မြင်မှုမရှိဖြစ်ရသည်။ဗိုလ်အောင်ကြီးကအခမ်းအနားစီစဉ်ပေးခဲ့သည့် ကျောင်းသားတွေကို ပြောသွားခဲ့တာရှိသည်။ မင်းတို့  မတူတာကို တူအောင်လုပ်လို့ မရဘူး။ ဦးနုကအိမ်ရှေ့ တံခါး က၀င်လာရင် ငါက အိမ်နောက်တံခါးက ပြန်ထွက်သွားမှာ၊ ဦးနုက အိမ်နောက်တံခါးက၀င်လာရင် ငါကအိမ်ရှေ့  တံခါးကပြန်ထွက်သွားမှာဆိုပြီးပြောဆိုသွားပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘဘနုကိုယုံပါသည်ဆိုပြီး ဦးနု၏ စင်ပြိုင်အစိုးရကို မထောက်ခံခဲ့ဘူး။ ကျနော်တို့ ၏ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံက စကတည်းက ယဉ်သကိုးဆိုသည့် ပတ်ပျိုးလေးနှင့် တာထွက်ခဲ့ပါသည်။ စစ်တပ်အာဏာသိမ်းတော့မည်ဆိုတာကို ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှေ့ မှာ သပိတ်အဖွဲ့ တွေ သွားဆန္ဒပြစဉ်ကတည်းက သိရှိနေပါသည်။စက်တင်ဘာလ ၁၇ ရက်နေ့  ၁၉၈၈ခုနှစ် ကုန်သွယ်ရေးရုံးကိစ္စသည် ကြိုတင်ဂွင်ချထားပြီး အာဏာသိမ်းယူဖို့ အကြောင်းပြခြင်းဖြစ်သည်။ စက်တင်ဘာလ ၁၈ရက်နေ့ မှာ စစ်တပ် က အာဏာသိမ်းယူသွားပြီးဆိုသည့် သတင်းကို မြန်မာ့အသံကနေ ညနေ၄နာရီမှာ စစ်ချီသီချင်းတွေလွှင့်ပြီးကြေညာသွားပါသည်။
 ၂၀၁၁ခုနှစ်၊မတ်လ(၃၀)ရက်နေ့  သမတကြီးဦးသိန်းစိန်၏ အစိုးရသစ်မိန်ခွန်းကိုလည်း ညနေ ၄နာရီမှာ ကြေညာ သွားခဲ့သည်။စစ်တပ်အာဏာသိမ်းပိုက်ပြီဆိုတာနှင့် ညတွင်းချင်းသပိတ်အဖွဲ့ တွေကို နှိမ်းနင်းခဲ့ပါသည်။စက်တင် ဘာလ၁၉ရက်နေ့ မှာ သိမ်ဖြူကုန်း၊ မေဓါဝီလမ်းဆုံ၊ သာကေတလမ်းစုံတို့ မှာရှိသည့် ဒီမိုကရေစီသူရဲကောင်း ကျောက်တိုင်များအား စစ်တပ်မှ ဖျက်ဆီးပစ်ခဲ့သည်။ သပိတ်မှောက်အင်အားစုတွေက အာဏာသိမ်း တရားမ၀င် န၀တစစ်ကောင်စီ အား အသိအမှတ်မပြုဖို့ ပါတီမှတ်ပုံမတင်ရေး၊ အထွေထွေသပိတ်တိုက်ပွဲကို တိုးချဲ့ ဆင်နွဲ ရေးနှင့်အလုပ်သမားများလုပ်ငန်းခွင်ပြန်မ၀င်ရေးကို ချပြစည်းရုံးခဲ့သောလည်းမစွမ်းဆောင်နိုင်ဖြစ်ခဲ့သည်။တိုက်ပွဲ ပုံစံအမျိုးအစားကွဲပြားစွာတိုက်ပွဲခဲ့သည့်ဒီမိုကရေစီအင်အားစုများသည်စစ်အာဏာရှင်စံနစ်တိုက်ဖျက်ရေးဆိုသည့် ဘုံဦးတည်ချက်ရှိကြသောလည်း ခိုင်မာသည့် ခေတ်ပြောင်း၊စံနစ်ပြောင်း လုပ်ရပ်ကို ရှစ်လေးလုံးအချိန်ကာလ တ၀ိုက်မှာ မဖော်ထုတ်နိုင်ခဲ့ခြင်းသည် ဗိုလ်စောမောင်၊ဗိုလ်ခင်ညွန့် ၊ဗိုလ်သန်းရွှေ၊ဗိုလ်သိန်းစိန်တို့ ကို ၂၀၀၈ခုနှစ် စစ်ကျွန်စံနစ်ဖွဲ့ စည်းပုံနှင့် အသက်ဆက်ပေးလိုက်ခြင်းဖြစ်သည်။
 ၉၀ခုနှစ် ဇူလိုင်လ မိုးတွေတအားရွာနေသည့် နေ့ တနေ့ ဖြစ်သည်။ ကျနော်တို့ ၈၈အက်တစ်ဗစ် ကျောင်းသား လူငယ်တွေဂန္ဒီခန်းမကြီးရှေ့ မှာလက်ချင်းချိတ်ပြီးဒီမိုကရေစီပြည်သူ့ အစိုးရသစ်တရပ် ပေါ်ထွက်ဖို့  မျော်လင့်ချက် တွေအပြည့်ဖြင့်စောင့်မျော်ခဲ့ကြသည်။ရဟန်းသံဃာတော်တွေလည်း ပါဝင်ခဲ့သည်။ မင်းကိုနိုင်(ကိုပေါ်) ဖမ်းခံနေရ သဖြင့် သူ မပါဝင်နိုင်ခဲ့ပါ၊ကေကြူ (ကိုကိုကြီး-ဗကသ ဒုတိယဥက္ကဌ) ကတော့ အတော့်ကိုအားခဲထားသည်။ သူကိုကြည့်လိုက်တော့ မိုးရေတွေနှင့်ရွှဲရွှဲစိုနေသည်။ ဂန္ဒီခန်းမကြီးအောက်မှ ပြည်သူလူထုကလည်း ကိုယ်မဲပေးခဲ့ သည့် လွှတ်တော်ကိုယ်စားလှယ်တွေကို ၀ရံတာထွက်ပြီး စကားပြောခိုင်းသည့်အခါ လက်ခုပ်သံတွေဖြင့် ညံညံစီ နေကြသည်။မိုးထဲလေထဲရေထဲမှာအားရစရာကြီး၊ပျော်စရာကြီးဖြစ်သည်။လူထုသူရဲကောင်းတွေဖြင့်အောင်ပွဲခံချင် တာကို ၈၈မျိုးဆက်တွေယုံစားခဲ့သည်။ အရှုံးထဲကအမြတ်ထွက်ခြင်းဖြစ်သည်။ မကြာလိုက်ပါဘူးဗျာ။ ဒီချုပ်၏ ဂန္ဒီကြေညာစာတမ်းထွက်လာပါသည်။အာဃာတကင်းစင်ရေး၊အထွေထွေသဟဇာတဖြစ်စွာ ငြိမ်းချမ်းစွာ အာဏာ လွဲပြောင်းရေးမူဆိုပြီး ကြေညာခဲ့ပါသည်။ အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများမှတ်ချက်ပေးခြင်းသည် အင်န်အယ်လ်ဒီ မေတ္တာကမ္မ၀ါစာလို့  ဖြစ်ပါသည်။ ရလဒ်သည် အင်န်အယ်ဒီဥက္ကဌဖြစ်သည့် ဦးကြည်မောင်ကို နူရင်ဘတ်ခုံရုံးတင်မယ့် ဆိုတဲ့ စကားကြောင့် ဗိုလ်ခင်ညွန့်  လန်ကြုပ်လုပ်ပြီး အင်းစိန်ထောင်ထဲသွင်းခဲ့သည်။ ဒီချုပ်၏ အထွေထွေသဟဇာတကျစွာဖြစ်ရေးဆိုသည့်မူသည် ကျားနှင့်နွားမိတ်ဖွဲ့ ရေးဖြစ်သည်။ သဘာဝတရား အရ မည်သို့ မျှ လက်ခံပေးလို့ မရဖြစ်သည်။ ဆင်၊မျောက်၊ခါပုံပြင်ထဲကလို မြန်မာ့နိုင်ငံရေးမှာ အချင်းချင်း ရိုသေးသမှု ရှိခဲ့ကြရင်ဖြင့် ဦးမောင်ကို၊ဦးသော်က၊ဦးတင်ရွှေ(မုံရွာ) ဦးလှသန်း(ကိုကိုးကျွန်းမဲဆန္ဒနယ်)အစရှိသည့် အင်န်အယ်လ်ဒီသူရဲကောင်းများလည်းကျဆုံးခဲ့မှာမဟုတ်ဘူးလို့ ထင်ပါသည်။အဆိုပါ သူရဲကောင်းတွေရဲ့ ဝိဥာဉ် သည် အင်န်အယ်လ်ဒီမှာ ထာဝစဉ်ကိန်းအောင်းနေမှာဖြစ်သည်။ ပါတီဝင်တွေမှတ်ပုံတင်အဟောင်း၊ အသစ်နှင့် ဖျောက်ဖျက်ပစ်လို့ ရနိုင်သည့် ကိစ္စများလည်း မဟုတ်၍ ခိုင်မြဲစွာ တည်ရှိသွားမှာဖြစ်သည်။ အရှိတရားများအား အတုအယောင်တွေဖြင့် ဖုံးအုပ်ဖျောက်ကွယ်ဖို့ မရိုးမသား ကြိုးစားနေခြင်းများအပေါ် အမှန်တရား ချစ်မြတ်နိုး သည့်စိတ်ဓါတ်တွေနှင့်ရင်ဆိုင်တိုက်ဖျက်သွားရမှာဖြစ်ပါသည်။
 နိဂုံးချုပ်အနေနှင့် စိုးရိမ်သည့်အချက်တချက်ကိုဖော်ထုတ်ပြလိုသည်။ သခင်သန်းထွန်း၊သခင်ဇင်၊သခင်ချစ်တို့ လို လွတ်လပ်ရေးတိုက်ပွဲကြသူအချင်းချင်းကို လုပ်ကြံသတ်ဖြတ်သည့်အခြေအနေမျိုး မဆိုက်ရောက်စေဖို့ ဒီမိုကရေစီ တိုက်ပွဲဝင်သူများမှကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည်။စစ်ကျွန်စံနစ်အဆုံးသတ်ရေးအတွက်အဖိနှိပ်ခံတိုင်းရင်း သားပြည်သူလူထုတရပ်လုံးကိုဝင်ရိုးပြုသည့် ဒီမိုကရေစီခံကတုတ်တွေကို စံနစ်တကျတည်ဆောက်ကာဘုံရန်သူ ကို တိုက်ပွဲဝင်သွားရမှာဖြစ်သည်။
စစ်အောင်

Aung San Suu Kyi and Hillary Clinton talks to media after meeting

ဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စားမှုပုံစံ မြန်မာအမျိုးသမီးများ အပေါ်လွှမ်းမိုးမှုရှိ



အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စားဆင်ယင်မှုပုံစံကို သဘောကျနှစ်သက်ကြသူများတွင် ၄င်းနှင့်ရွယ်တူ အမျိုးသမီးများသာမက လူငယ်အမျိုးသမီးများပင် ပါဝင်ကြောင်းသိရသည်။ "အမေစုက ဘယ်အချိန် မြင်ရမြင်ရ မြန်မာဆန်ဆန်ပဲ ဝတ်စားဆင်ယင်တယ်။ ကျက်သရေရှိအောင် ဝတ်တတ်တယ်။ အရမ်း စမတ်ကျတယ်" ဟု... ...


ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် စီးပွားရေးပညာမဟာတန်း တက်ရောက်နေသူ မသီသီလွင်ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်တုန်းက လန်ဒန်တက္ကသိုလ်မှာလည်းကျောင်းသွားတက်ဖူးတယ်လို့  သိရတယ်။ နောက် နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျခဲ့တာတောင်မှသူဟာ မြန်မာတစ်ဦးဆိုတဲ့စိတ်၊ မြန်မာပြည်ကို ချစ်တဲ့စိတ်အမြဲတမ်းရှိနေတယ်လို့ထင်ပါတယ်။
ဘာလို့လဲဆိုတော့ သူနိုင်ငံခြားမှာ ကျောင်းသွားတက်တဲ့အချိန်တွေမှာရော၊ အိမ်ထောင်ကျတဲ့ အခါတွေမှာရော အရင်တုန်းက ဓာတ်ပုံတွေကိုပြန်ကြည့်လိုက်ရင်မြန်မာ အဝတ်အစားနဲ့ ပဲ တွေ့ ရတယ်။ ဂုဏ်ယူစရာ လည်းကောင်းတယ်ဟု ၄င်းကဆိုသည်။
အချို့သူများက ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်သော အင်္ကျီဒီဇိုင်းများအတိုင်းလိုက်ချုပ်ကြသည်အထိ ရှိသည်ဟုသိရသည်။ အခုနောက်ပိုင်း လိုက်ပြီးချုပ်ကြတာကတော့ ဒေါ်စုဝတ်သလို အရောင်ပြောင်နဲ့ လက်ရှည်ရင်ဖုံးမှာ အပေါ်ထောင့်ကြယ်သီးနေရာမှာ ပန်းထည့်ကြတဲ့ပုံ အချုပ်များတယ်။ ရင်စေပုံတော့သိပ်မချုပ်ကြဘူး။ ဒီဇိုင်းက ရိုးရိုးယဉ်ယဉ်လေးပဲလေ။ အသက်၃၀ အရွယ်တွေရော၊ နောက်၅၀ကျော်တွေရော အရွယ်မျိုးစုံပါပဲ။ လာအပ်ကြတာ။ ကျွန်မတို့ ငယ်ငယ်တုန်းကလည်း (၁၉၉၀ ကျော်နောက်ပိုင်းမှာ) ဒေါ်စုအဆင်ဆိုပြီး သိုးမွေးအင်္ကျီိုကို ရောင်စုံချိတ်လို ပုံစံထိုးပြီးဝတ်ဆင်ကြတာ ကြုံဖူးသေးတယ်ဟု စမ်းချောင်းမြို့နယ် “ဝင်း” စက်ချုပ်ဆိုင်မှ ဒေါ်တင်ခိုင်က ပြောကြားပါသည်။ မြန်မာဆန်စွာ ဝတ်ဆင်သည့်အပြင် ကတ္ထီပါပုံတော် ဖိနပ်သာစီးပြီး ပန်း ပန်လေ့ရှိသဖြင့် မြန်မာ အမျိုးသမီးတဦး၏ ကျက်သရေရှိသောဟန်ပန် အပြည့်ရှိသည်ဟု ဂျာနယ်တစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေသူ အမျိုးသမီးအယ်ဒီတာ တစ်ဦးကဆိုသည်။ "ဒေါ်စု ဝတ်တာက ဘာမှဆန်းဆန်းပြားပြားကြီးတွေမပါဘူး။ ဒါပေမယ့်ပြည်သူက ချစ်တဲ့စိတ်ကြောင့် သူဝတ်ပုံစားပုံတွေ နေထိုင်ပုံတွေက ပြည်သူတွေအပေါ် လွှမ်းမိုးမှုရှိတာပါ "။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton

02 December 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton တို့တွေ့ဆုံသော ဓာတ်ပုံမှတ်တမ်း





















ဓာတ်ပုံ...AP

Friday, December 2, 2011 လက်ခလယ်တချောင်းကြောင့် အလုပ်ပြုတ်သွားတဲ့ သတင်းတင်ဆက်သူ



နိုဝင်ဘာ ၁၄ ရက်နေ့က လွှင့်တဲ့ သတင်းအစီအစဉ်တခုမှာ အိုဘားမားနဲ့ APEC ညီလာခံ သတင်းဖတ်နေတဲ့ တာတီရာနာ လီမနိုဗာ (source: IANS)

APEC ညီလာခံမှာ အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောတဲ့ သတင်းကြေငြာရင်း အိုဘားမား ဆိုတဲ့ နာမည်အရောက်မှာ လက်ခလယ်ထောင်ပြလိုက်မိလို့ ရုရှက သတင်းတင်ဆက်သူ တာတီရာနာ လီမနိုဗာ တယောက် အလုပ်ရပ်နားခံလိုက်ရပါတယ်။

သတင်း တင်ဆက်မှု ထူးချွန်ဆု ရထားတဲ့ သူမဟာ ရုရှက REE TV ရုပ်သံ သတင်းဌာနကပါ။ သူမကတော့ ဒီလို လုပ်တာဟာ ကင်မရာနောက်ကွယ်ကနေ သူ့ကို စ နောက်နေတဲ့ အယ်ဒီတာအဖွဲ့နဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို တုံ့ပြန်တာပါ၊ အိုဘားမားကို ဆိုလိုတာ မဟုတ်ဘူး၊ အဲ့ဒီအချိန်က သူမကို ကင်မရာရိုက်နေမှန်းလည်း သူမသိပါဘူးလို့ ငြင်းပါတယ်။

REE TV အုပ်ချုပ်ရေးအဖွဲ့ကတော့ ဒီလိုပြောတာဟာ အပြစ်မခံရအောင် ပြောတဲ့ အကြောင်းပြချက်သပ်သပ်သာ ဖြစ်တယ်၊ ဒီလိုလုပ်ရပ်ဟာ သတင်းလွှင့်နေချိန်မှာ မလုပ်သင့် မလုပ်အပ်တာကြောင့် ဒါဟာ သတင်းသမား မပီသဘူးဆိုတာကို ပြတာပဲ လို့ ဆိုပြီး သူ့ကို တာဝန်ကနေ ရပ်နားလိုက်ပါတယ်။

ဒီလို သတင်းတင်ဆက်နေရင်း မလုပ်သင့်တာတွေ လုပ်မိလို့ အလုပ်ပြုတ်တာကြောင့် ရုရှသတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ ဟိုးလေးတကြော်ဖြစ်သွားတဲ့ ရုရှသတင်းသမားတွေထဲမှာ မစ္စ တာတီရာနာ လီမနိုဗာ တယောက်တည်း မဟုတ်ပါဘူး။

ရုရှ အစိုးရပိုင် ရုပ်သံဌာန ဖြစ်တဲ့ Channel One က သတင်းတင်ဆက်သူ အီရာဒါ ဇိုင်နာလိုဗာ ဟာလည်း သတင်းတင်ဆက်နေတုန်း ဆဲဆိုခဲ့တဲ့အတွက် အလုပ်ပြုတ်ခဲ့ဖူးပါသေးတယ်။ သူ့အဖြစ်ကတော့ လူအများကြားမှာ ရပ်လို့ တိုက်ရိုက်သတင်း တင်ဆက်နေတဲ့အချိန်မှာ ကင်မရာနောက်ကနေ သူမကို ပြောင်ပြနေတဲ့ ကောင်ကလေးတယောက်ကို ဆဲဆိုမိခဲ့တာပါပဲ။

Aung San Suu Kyi's Acceptance of the Chatham House Prize 2011

Aung San Suu Kyi's Acceptance of the Chatham House Prize 2011

စီးပွါးရေးပိတ်ဆို့ မှု ရုတ်သိမ်းဖို့ စဉ်းစားတော့မည်

စီးပွါးရေးပိတ်ဆို့ မှု ရုတ်သိမ်းဖို့ စဉ်းစားတော့မည်