Wednesday, February 1, 2012

စာနယ်ဇင်း ဆိုင်ရာ ဥပဒေမူကြမ်း နိုင်ငံရပ်ခြား ဥပဒေတွေ ကိုးကား


2012-01-31
မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းဖို့ ရေးဆွဲနေတဲ့ စာနယ်ဇင်းဆိုင်ရာ ဥပဒေမူကြမ်းဟာ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံက ဥပဒေတွေကို အထူး ကိုးကားထားတယ်လို့ စာပေ စိစစ်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန် မီဒီယာဂရုပ် ဥက္ကဋ္ဌ ကိုကို (စက်မှုတက္ကသိုလ်)က ပြောဆိုလိုက်ပါတယ်။
AFP
စာနယ်ဇင်းများကို ရောင်းချရန် ပြင်ဆင် ခင်းကျင်းနေသော ဈေးသည်တဦး ဖြစ်ပါသည်။
မြန်မာအစိုးရ ရေးဆွဲနေတဲ့ စာနယ်ဇင်းဆိုင်ရာ ဥပဒေမူကြမ်းဟာ လွတ်လပ်စွာ ရေးသား ပုံနှိပ်ထုတ်ဝေခွင့် ဘယ်လောက် ပါရှိမလဲလို့ အာအက်ဖ်အေက မေးမြန်းတဲ့အခါ ဦးကိုကိုက အခုလိုပြောဆိုလိုက်တာပါ။ ဒီဥပဒေ ပေါ်လာရင် စာပေစိစစ်ရေး ရှိတော့မှာ မဟုတ်ကြောင်း၊ စာနယ်ဇင်းတွေကို ဖိနှိပ်ချုပ်ချယ်ဖို့ မဟုတ်ဘဲ လွတ်လပ်ခွင့် ပေးတဲ့ ဥပဒေ ဖြစ်ကြောင်း ဦးတင့်ဆွေက ပြောသွားတယ်လို့လည်း ဆိုပါတယ်။ ဒီဥပဒေ ပြဋ္ဌာန်းပြီးရင် နေ့စဉ် ထုတ်ပုဂ္ဂလိက သတင်းစာတွေလည်း ထုတ်ဝေခွင့် ရလာနိုင်ဖွယ် ရှိတယ်လို့ ဦးကိုကိုက ခန့်မှန်းပြောဆိုပါတယ်။ ဒါပေမယ့် ဒီဥပဒေသစ်အရ စာနယ်ဇင်းလောက ပိုမို ကောင်းမွန်လာမလား ဆိုတာကိုတော့ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို မသိရသေးတာက တစ်ကြောင်း၊ လွှတ်တော် အဆင့်ဆင့်ကလည်း ဆွေးနွေး အတည်ပြုဦးမှာ ဖြစ်တာက တစ်ကြောင်းကြောင့် ကြိုတင် ပြောလို့မရဘူးလို့ ဦးကိုကိုက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ နဲ့ ၃၁ ရက်မှာကျင်းပခဲ့တဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ခုမှာ သတင်းမီဒီယာကို ဘယ်လို ဖွံ့ဖြိုးအောင်လုပ်ကြမလဲဆိုတဲ့ စာနယ်ဇင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာတော့ Code of Ethics ဆိုတဲ့ စာနယ်ဇင်း ဆိုင်ရာ ကျင့်ဝတ် ရေးဆွဲရေး သဘောတူညီမှု ရသလို ကျင့်ဝတ် ရေးဆွဲရေး ကော်မတီတစ်ခု ဖွဲ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စာနယ်ဇင်း သင်တန်းကျောင်း ပေါ်ပေါက်ရေးကို ဆက်လက် ဆောင်ရွက် သွားကြဖို့ သဘောတူကြတယ်လို့ ဦးကိုကိုက ပြောပါတယ်။

မြန်မာနိုင်ငံ၏ စုစုပေါင်းချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၀၀၀ ကျော်ရှိ

မြန်မာနိုင်ငံ၏ စုစုပေါင်းချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၀၀၀ ကျော်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၀၀၀ ကျော် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရ


PDF
Wednesday, 01 February 2012 15:46
မြန်မာနိုင်ငံ၏ ပြည်ပနိုင်ငံများသို့ ပြန်လည်ပေးဆပ်ရမည့် စုစုပေါင်း ချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၀၂၃. ၂၉၈ ရှိပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အများဆုံးချေးယူခဲ့သည့် နိုင်ငံမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဖြစ်ပြီး အမေ ရိကန်ဒေါ်လာ သန်းပေါင်း ၂၁၃၁.၇၄၄ကို ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃၁ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက'' နိုင်ငံတော်မှရယူခဲ့တဲ့ ပြည်ပချေးငွေများကို ကြည့်မယ်ဆိုရင် ၁၉၈၈ခုနှစ် မတိုင်မီ ချေးငွေများနဲ့ ၁၉၈၈ခုနှစ် နောက်ပိုင်းချေးငွေများအဖြစ် နှစ်ပိုင်းခွဲပြီး တင်ပြပါမယ်။၁၉၈၈ ခုနှစ်မတိုင်မီ ရယူခဲ့တဲ့ ပြည်ပချေးငွေအများစုကတော့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ချေးငွေများနဲ့ နှစ်နိုင်ငံအစိုးရများအကြား ချေးငွေများဖြစ်ပြီး ပေးဆပ်ရန်ကျန်ငွေကတော့ အမေရိကန်ဒေါ်လာ ၈၄၀၈.၃၄၈သန်း ဖြစ်ပါတယ်။ ချေးငွေများ ပေးဆပ်ရန် ကျန်ရှိနေခြင်းမှာ အဆိုပါနိုင်ငံနှင့် အဖွဲ့အစည်းများမှ မြန်မာနိုင်ငံသို့ ချေးငွေနှင့်အကူအညီပေးမှုများရပ် ဆိုင်းခဲ့ခြင်း၊ မြန်မာနိုင်ငံအနေဖြင့် တိုင်းပြည်ဖွံဖြိုးရေး လုပ်ငန်း များကို ဆောင်ရွက်နေရခြင်းကြောင့် ဖြစ်ပါတယ်။ ယခု အစိုးရအဖွဲ့သစ်အနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး နိုင်ငံတကာဆက်ဆံရေးများ တိုးချဲ့ဆောင်ရွက်လျက်ရှိသဖြင့် မြီရှင်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ကြွေးမြီပြသနာများဖြေရှင်း ရေးကို ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ ယခုဆိုလျှင် ဂျပန်နိုင်ငံ အီတလီနိုင်ငံတို့နှင့် ကြွေးမြီကိစ္စကို စတင် ညှိနှိုင်းနေပြီဖြစ်ပါတယ်၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ရယူခဲ့ သော ချေးငွေအများစုမှာ နှစ်နိုင်ငံအစိုးရအကြား နိုင်ငံတော်စီမံကိန်းများအတွက် ချေးယူခဲ့တဲ့ ဘဏ်ချေးငွေများဖြစ်ပြီး ပေးဆပ်ရန် ကျန်ငွေကတော့ အမေရိကန် ဒေါ်လာ ၂၆၁၄.၉၅၀ သန်း ဖြစ်ပါတယ်။သို့ဖြစ်ပါ၍ ၁၉၈၈ခုနှစ် မတိုင်မီ ချေးငွေများနှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း ချေးငွေနှစ်ရပ်ပေါင်းအတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၁၀၂၃.၂၉၈ ပေးဆပ်ရန် ရှိပါတယ်။ နိုင်ငံတော်၏ နိုင်ငံခြားရန်ပုံငွေ အခြေအနေမှာ ယနေ့အချိန်တွင် အမေရိကန်ဒေါ်လာ ၇၁၉၆.၄၅၄ သန်း ရှိပါကြောင်း တင်ပြအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။
၁၉၈၈ခုနှစ်မတိုင်မီ ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများမှ ချေးယူခဲ့သည့် ချေးငွေများအတွက် ပေးဆပ်ရန် အများဆုံးကျန်ရှိသောနိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၃၈၈.၃၂၀ ဖြစ်ကြောင်း သိရှိရသည်။
၁၉၈၈ခုနှစ်နောက်ပိုင်းတွင် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများမှ ချေးယူခဲ့သည့် ချေးငွေများအတွက် ပေးဆပ်ရန် အများဆုံးကျန်ရှိသောနိုင်ငံမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း ပေါင်း ၂၁၃၁.၇၄၄ ဖြစ်ကြောင်း သိရသည်။
sourceးEMG 

Burma reveals external debt of $US11bn

Burma owes $US11 billion ($A10.4 billion) in sometimes-decades-old foreign debt and is negotiating with Japan and Italy to repay the outstanding sums, the finance minister says, disclosing the country's external debt for the first time in recent years.
Burma's economy was stunted for many years by mismanagement and by Western sanctions imposed as the long-ruling military failed to implement democratic reforms. The military-backed but elected government that took office last year has pushed political and economic changes.
Finance Minister Hla Tun told Parliament that as Burma makes reforms and expands its international relations, it has begun discussions on the debt with multilateral institutions and donor nations, including Japan and Italy.
He revealed the figures in Parliament on Tuesday, and politician Thein Nyunt recounted details to The Associated Press on Wednesday.
Hla Tun said $8.4 billion in debt dated from the socialist regime of the late General Ne Win between 1962-1988, and a $2.61 billion debt was incurred after a military junta took over in 1988, making a total of $11.023 billion.
He said the pre-1988 debt represented bilateral loans and borrowing from multilateral institutions that the government was unable to pay because loans and grants were stopped after the junta violently quashed a 1988 pro-democracy uprising. Available revenue at the time went into development projects.
The largest creditor before 1988 is Japan, with loans of $6.39 billion, he said, and the biggest post-1988 creditor is China with $2.13 billion.
     

သာကေတ ဇိနမာရ်အောင် ဘုရားဝတ္တကမြေကိစ္စ (တိုင်ကြားစာ)

ရွှေညဝါဆရာတော် အသနားခံစာအား ပယ်ချခဲ့သည့် တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးကုဏ္ဍလသည်.. ၂၀၀၈ခုနှစ်မဟန(၄၇)ပါးစုံညီ အစည်းအဝေးမှ သတိပေးခြင်း ခံထားရသည့် ဆရာတော်တပါး ဖြစ်ကြောင်းနှင့် သာကေတ ဇိနမာရ်အောင် ဘုရားဝတ္တကမြေကိစ္စ (တိုင်ကြားစာ)


တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးကုဏ္ဍလ ဆရာတော်ကြီးသို့ အိတ်ဖွင့်ပေးစာ
ဆရာတော်ဘုရား..

တိုင်းသံဃနာယက အဖွဲ့အတွင်းမှာ သာသနာတော် အကျိုးများကို သဒ္ဒါတရား ထက်ထက် သန်သန်ဆောင်ရွက်နေ၍ အထူးလေးစားပါတယ် ဘုရား။ အရှင်ဘုရား လက်မှတ်နှင့် ရွှေည၀ါဆရာတော်ဘုရား ကိစ္စကိုအဆုံးအဖြတ် ပေးလိုက်တာကိုလည်း ဘုရားတပည့်တော် တွေ့မြင်လိုက်ရပါတယ် ဘုရား။ ဘုရားတပည့်တော်မှ ဆရာတော်ဘုရား ဆုံးဖြတ်ပေးခဲ့ဖူးသော ကိစ္စတစ်ခုကိုလဲ သတိတရ. တပည့်ဒကာ၊ ဒကာမများ သာဓုခေါ်နိုင်စေရန် တင်ပြပေးချင်ပါတယ်ဘုရား..။

ဆရာတော်ဘုရားရဲ့ တပည့် ဦးဝါယာမသာရ  (သာသနာ့ဓဇဓမ္မာစရိယB.A(B) မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ၀ိနယ ပိဋကဥဘ တောဝိဘင်္ဂဓရ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းမှုး၊ ကမ္ဘာအေးကုန်းမြေ) ယခုသာကေတမြို့နယ်၊ မူလကျောက်ချောင်း ကျောင်းဆရာတော်နှင့် သာကေတမြို့နယ် ဇိနမာရ်အောင် စေတီတော်ကိစ္စတွင် ဆရာတော် အဆုံးအဖြတ် ပေးခဲ့တာလေးပါဘုရား။ ဘုရားတပည့်တော်မှာ ထိုကိစ္စကို အစအဆုံးသိခဲ့သော်လည်း၊ သာသနာကိစ္စ ဖြစ်သည့်အပြင် ဆရာတော်များ ဖြစ်သည့်အတွက် သည်းခံရေငုံနှုတ်ပိတ် နေခဲ့ပါတယ်ဘုရား။

သာသနာရေးကိစ္စများကို ဆောင်ရွက်တော်မူနေသော ရွှေည၀ါဆရာတော်ကြီး ကိစ္စတွင် ဆရာတော်ဘုရား၏ လက်မှတ်ကို မြင်ရ၍၊ ဘုရားတပည့်တော် ယခုအခါ ဖွင့်ဟလိုက်ရပါသည် ဘုရား။ ဆရာတော် ဦးဝါယာမသာရမှာ ၂၀၀၇ခုနှစ်တွင်မှ မူလကျောက်ချောင်းကျောင်းကို ရောက်ရှိလာခဲ့ပြီး ကျောင်းဂရန် လုံဝမရှိသည်ကို သာကေတ ဇိနမာရ်အောင် ဂေါပကထံမှ ဘုရားမြေကို တောင်းယူခဲ့ပါတယ်ဘုရား။ ဂေါပကမှဘုရားမြေကို မပေးနိုင်ကြောင်း ဆိုသောအခါ ဂေါပကအဖွဲ့ကို တိုင်စာပို့ပြီး ဖြုတ်ပစ်ရန် ကြိုးစားခဲ့ပါတယ် ဘုရား။ သာကေတ ဇိနမာရ်အောင် ဘုရားမှာ ၁၉၉၃ခုနှစ်ကတည်းက အခွန်လွတ် သာသနာ့ဂရန် မြေပတ္တာစာချုပ်ကို ရရှိထားပြီး ဘုရားဝတ္တက မြေအဖြစ် စာရွက်စာတမ်း ခိုင်ခိုင်မာမာ ရှိခဲ့ပါတယ်ဘုရား။ အရှင်ဘုရားထံသို့လည်း စာရွက်စာတမ်း ပြည့်ပြည့်စုံစုံကို တင်ပြပါလိမ့်မယ်ဘုရား။

ထိုမြေကိစ္စမှာ ဘုရားနယ်နိမိတ် ဆိုသည်မှာ သေချာကြောင်း တိုင်းအိုးအိမ်ဦးစီးဋ္ဌာနမှ အတည်ပြုပြီး မြေတိုင်းအဖွဲ့မှ  ဘုရားတွင် ငုတ်လာရိုက် ပေးခဲ့ပါတယ် ဘုရား။ ဘုရားတပည့်တော်မှာ သာကေတ ဇိနမာရ်အောင် ဘုရားနားတွင် နေထိုင်သော ဒကာဖြစ်သည့်အပြင်၊ ဇိနမာရ်အောင်ဘုရားတွင် အစဉ်အမြဲ လှုဒါန်းနေသော ဒကာတစ်ဦးဖြစ်ပါတယ် ဘုရား။ ထိုငုတ်လာရိုက်ပေးစဉ် ဆရာတော်ဘုရား၏ တပည့်ကြီး ဦးဝါယာမသာရမှ မြေငုတ်ရိုက်ခြင်းကို လက်မခံပဲ (မြေငုတ်ရိုက်ရာတွင် သာကေတမြို့နယ် မြေတိုင်းဋ္ဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးဝင်းဇော် ခေါင်းဆောင်သော မြေတိုင်းအဖွဲ့၊ ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့များ၊ မြို့နယ်အေးချမ်း သာသနာရေးမှုး၊ သာသနာရေးမှုးများ ပါဝင်ကြပါတယ်) ကန့်ကွက်ခဲ့တာကိုလဲ မြင်ပါတယ်ဘုရား။ ဘုရားတပည့်တော် ကိုယ်တိုင်လဲကြားခဲ့၊ မြင်ခဲ့ရပါတယ်။ ဆရာတော်ဘုရား၏ တပည့်ကြီး ဦးဝါယာမသာရနှင့် အတူထိုစဉ်က မြို့နယ် အေးချမ်းသာယာရေး ဥက္ကဋ္ဌဦးကံစောလှိုင်၊ မြို့မယ်သာသနာရေးမှုး ဦးထွန်းခင်၊ သာကေတမြို့နယ် သံဃနာယကဥက္ကဋ္ဌနှင့် တိုင်းသာသနာရေးမှုး ဦးကြင်ခိုင်တို့လည်း ထိုမြေပြဿနာ ဖြစ်စဉ်မှာ နောင်သံသရာအတွက် အကုသိုလ် ထုပ်လေးများကို ထုပ်ယူထားကြောင်း ကြားရပါတယ်ဘုရား။

ဆရာတော်ဘုရား၏ တပည့်ကြီး ဦးဝါယာမသာရနှင့် ဂေါပကများ မြေအငြင်းပွားနေကြပုံများကို အခွေမှတ်တမ်းများအဖြစ် ဘုရားယောဂီတစ်ဦး ကောင်းမှုကြောင့် ကြည့်ရှုရ၍ ဘုရားတပည့်တော်မှာ အလွန်အမင်း အံ့သြမိပါတယ်ဘုရား။ ဆရာတော်ဘုရားရဲ့ တပည့်ဆရာတော် ဦးဝါယာမသာရမှာ (သာသနာ့ ဓဇဓမ္မာစရိယB.A(B) မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ၀ိနယပိဋကဥဘတောဝိဘင်္ဂဓရ)ဘွဲ့များ ပိုင်ရှင်ဖြစ်သောကြောင့် မြေကိစ္စ အငြင်းပွားခြင်းမှာ မည်မျှအပြစ် ကြီးလေးသည်ကို သိမည်ထင်ပါသည်ဘုရား။

ဆရာတော်ဘုရား (ရွှေညဝါဆရာတော်အား အမိန်လက်မှတ် ထိုးပေးတဲ့ တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးကုဏ္ဍလ)နှင့် တပည့်ကြီး ဦးဝါယာမသာရ ဆရာတော်ဘုရားတို့ဟာ ဘုရားသားတော်များ ဖြစ်ကြပြီး၊ မြေကိစ္စကို ဘယ်လိုများ ဆုံးဖြတ်ခဲ့ကြလဲ ဆိုတာကတော့ ဂေါပကအဖွဲ့ဝင်များပဲ သေသေချာချာ သိနိုင်မှာပါဘုရား။ ဂေါကပအဖွဲ့ဝင်များလဲ သက်ရှိထင်ရှား ရှိကြတာမို့ ဆရာတော်ဘုရားများ အပေါ် တပည့်တော်များ စွပ်စွဲခြင်း မဟုတ်ကြောင်း အထောက်အထားများ ပြနိုင်ကြမှာပါဘုရား။ ဘုရားတပည့်တော်ဟာ သာကေတမြို့နယ်(၇) အနောက်ရပ်ကွက်တွင် မွေးဖွားကြီးပြင်းခဲ့တာမို့၊ ဇိနမာရ်အောင်ဘုရားကြီး ဖြစ်တည်ပုံကအစ ယခုကိစ္စများအထိသိခဲ့၊ မြင်ခဲ့၊ ကြားခဲ့ရသူပါဘုရား။ 

ယခုအခါဘုရားကြီးမြေမှ လမ်းဖောက်ယူပြီး၊ မူလကျောက်ချောင်း ကျောင်းမြေ လုပ်လိုက်သည်ကို တပည့်တော်များမှ နေ့တိုင်း မြင်တွေ့နေရပြီး၊ သာသနာတော်နှင့် ဆရာတော်ကြီးများကို နေ့တိုင်း သာဓုခေါ်ဆို နေရပါတယ်ဘုရား။ ဆရာတော်ဘုရားမှ အဖွဲ့နှင့် ဆုံးဖြတ်ခြင်းမရှိပဲ၊ အတွင်းရေးမှုးအနေနှင့် အာဏာနှင့် လုပ်ဆောင်တတ်၍ (၃၁.၁၀.၂၀၀၈)ရက်နေ့မှ ကျင်းပသော(၄၇)စုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ (၁၅/၂၀၀၈)ဖြင့် သတိပေးခံထားရသော စာလေးပါ ကံမကောင်း အကြောင်းမလှစွာ တပည့်တော် လက်ထဲရောက်ရှိ လာပါ၍ တင်ပြပေးလိုက်ပါတယ် ဘုရား။

မဟနဆရာတော်ကြီးများကို တပည့်တော် အံ့သြကြီးစွာ လျှောက်ထားလိုသည်မှာ ၂၀၀၈ခုနှစ်ကတည်းက (၄၇)ပါးစုံညီမှ သတိပေးခြင်း ခံထားရသော ဆရာတော်အား ယခု၂၀၁၂ ခုနှစ်အထိ တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်အဖြစ် ဆက်လက်ထား ရှိနေခြင်းကို ဘုရားတပည့်တော်မှ အထူးလေးစားစွာ သာဓုခေါ်မိပါကြောင်းနှင့် ဆရာတော် ကြီးများကိုယ်တိုင် ယခုဘုရားမြေကို (သာသနာ့ဓဇဓမ္မာစရိယB.A(B) မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ၀ိနယပိဋက ဥဘတောဝိဘင်္ဂဓရ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းမှုး၊ ကမ္ဘာအေးကုန်းမြေ)မှ ဆရာတော်တစ်ပါးမှ အလွဲသုံးစား လုပ်နေခြင်းကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးတော်မူ ကြပါရန်နှင့် သာသနာတော်ကို ချစ်မြတ်နိုးသောဘုရား သားတော်များမှ လည်း မြတ်စွာဘုရား သာသနာကြီး မညှိုးနွမ်းစေရန် ဆက်လက်စုံစမ်း ပေးကြပါရန် ဘုရားတပည့်တော်မှ လျှောက်ထားလိုက်ရပါတယ် ဘုရား။ ယခုရေးသော စာပါအထောက် အထားများကို အခွေမှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်း၊ စာရွက်စာတမ်း မှတ်တမ်းများ ပြည့်ပြည့်စုံစုံဖြင့် ဆရာတော်ကြီးများမှ တင်ပြပေးစေ လိုပါကလည်း၊ ဘုရားတပည့်တော်မှ ဆရာတော်ဘုရားများ ရန်ကိုကြောက်ရှာ၍ ထွက်သွားရသော (ဂေါပကမှ မလွှဲပေးပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟု စာအပို့ခံရသော) ဂေါပကများကိုရှာဖွေ၍၊ နိုင်ငံတော်သံဃ မဟာနယကများ၏ ဆုံးဖြတ်မှုများကို ကမ္ဘာသိအောင် တင်ပြပေးရပါမယ် ဘုရား။

သာသနာမှန်ရင်  ဆန်တက်မယ်။ သာသနာမမှန်ရင် စုန်မျောမယ်။ 
မြတ်စွာဘုရားသာသနာကို ဘုရားသားတော် သံဃာများ စောင့်ရှောက် ပေးနိုင်ကြပါစေ။

စာများကို တင်ပေးသော ဒီမိုဝေယံအား အထူးကျေးဇူးတင် ရှိပါသည်။

လေးစားစွာဖြင့်
ဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦး

ညောင်မြစ်တူးတော့ ပုတ်သင်ဥ ပေါ်တယ်ဆိုမလား သာကေတ ဇိနမာရ်အောင် ဘုရားဝတ္တကမြေကိစ္စ တိုင်ကြားစာ.. ပေးပို့လာတဲ့ စာပါအကြောင်းအရာအရ ရွှေညဝါဆရာတော် အသနားခံစာအား ပယ်ချခဲ့ပြီး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးကုဏ္ဍလသည်.. ၂၀၀၈ခုနှစ်မဟန(၄၇)ပါးစုံညီ အစည်းအဝေးမှ သတိပေးခြင်း ခံထားရသည့် ဆရာတော်တပါးဖြစ်ကြောင်း  ၂၂.၁၀.၂၀၀၈ခုနှစ် နိုင်ငံတော် သံဃမဟာနယက အစည်းအဝေး ဆုံးဖြတ်ချက်ပါ အစီရင်ခံစာကို ဖတ်ရှုနိုင်ပါတယ်..။

ဆဋ္ဌမအကြိမ် ဗဟိုဝန်ဆောင် တတိယအစည်းအဝေးသို့ မဟာနာယကအဖွဲ့၏ အစီရင်ခံစာ...
(၂၂.၁၀.၂၀၀၈)
အပိုဒ်(၄၁) ဆုံးဖြတ်ချက် တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်၏ ဆုံးဖြတ်ချက်အား တိုင်ကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍

(က) တိုင်းသံဃနာယက အဖွဲ့သို့တင်ပြလာသော ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနဲ့အညီ အစည်းအဝေးဆုံးဖြတ်ချက် အရသာ ဆောင်ရွက်ရန်နှင့် အဖွဲ့အစည်းဂုဏ်သိက္ခာ မိမိ၏ဂုဏ်သိက္ခာကို ထိခိုက်စေမည့် လုပ်ပိုင်ခွင့်ကို ကျော်လွန်၍ ပုဂ္ဂိုလ်ရေးသဘောဖြင့် ဆောင်ရွက်ခြင်းများကို အထူးရှောင်ကြဉ်ရန်

(ခ) မိမိ၏ တာဝန်မဟုတ်သော အလှူရှင် ဒါယိကာ၊ ဒါယိကာမတို့၏ လုပ်ငန်းဖြစ်သော ဆွမ်းလောင်းခြင်း၊ ကထိန်ခင်းခြင်း စသည်တို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်တို့၌ ပါဝင်ခြင်း၊ စွက်ဖက်ဟန့်တားခြင်း စသည်တို့ကို

မပြုလုပ်ရေး တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တကုဏ္ဍအား သတိပေးရန် ဆုံးဖြတ်ခဲ့ပါသည်။ 

ပေးပို့လာတဲ့ တိုင်ကြားစာထဲက စာပါအကြောင်းအရာပါ...။

မြောက်ကိုရီးယားထံမှ အနုမြူပညာရယူမှုဟာ အနောက်နိုင်ငံများရဲ့ သက်သေမရှိတဲ့ သံသယဖြစ်မှုတခုသာဖြစ်ကြောင်း သမတပြောကြား


မိုးမခအထောက်တော်
ဖေဖော်ဝါရီ ၂၊ ၂၀၁၂


မြန်မာသမ္မကြီးဦးသိန်းစိန်နဲ့ ဇနီးဒေါ်ခင်ခင်ဝင်းတို့ ၃ ရက်ကြာ၊ စင်ကာပူအစိုးရဧည့်သည်တော်အဖြစ် ၃၀ ဇန္န၀ါရီမှ ၁ ဖေဖေါ်ဝါရီ ၂၀၁၂ အထိ နေထိုင်ခဲ့ကြပါတယ်။ စင်ကာပူအစိုးရရဲ့ The Straits Times သတင်းစာမှာတော့ S’pore supports Myanmar’s journey to democracy လို့ ရေးထားပြီး၊ စင်ကာပူသမ္မတတိုနီတန်နဲ့ ဦးသိန်းစိန်တို့ ဇနီးမောင်နှံ၂ ဦး စင်ကာပူသမ္မတအိမ်တော်ဓါတ်ပုံကိုဖေါ်ပြထားပါ တယ်။ အာဏာအရှိဆုံး စင်ကာပူဝန်ကြီးချုပ် လီရှန်လုံးနဲ့ နှုတ်ဆက်တဲ့ဓါတ်ပုံလည်း ပါဝင်ပါတယ်။ စင်ကာပူနဲ့ နည်းပညာပိုင်းဆိုင်ရာပူး ပေါင်းဆောင်ရွက်ဖို့၊ အထူးသဖြင့် စင်ကာပူကျွမ်းကျင်တဲ့ လူသားအရင်းအမြစ်အသုံးချရေးများအတွက် စာချုပ်များချုပ်ဆိုကြပါတယ်။ စင် ကာပူရဲ့အိမ်ယာစိမံကိန်း HDB တိုက်ခန်းတွေက အစိုးရအရာရှိတဦးနေတဲ့ တိုပါးရိုးမြို့နယ်၊ အခန်း ၅ ခု တိုက်ခန်းကို သွားရောက်လေ့လာ ပါတယ်။ သမ္မတ ၂ ဦးတွေ့ဆုံပွဲမှာ စင်ကာပူ Nanyang Technological University (NTU) အီလက်ထရွန်းနစ် စကောလားရှစ်ကျောင်းသူ မစုမြတ်နန္တာ (၂၃) နှစ်ကိုလည်း ဖိတ်ထားပါတယ်။ ထိုမိန်းကလေးက ဦးသိန်းစိန်ရဲ့ နိုင်ငံပြောင်းလဲမှုများကြားရလို့ အလွန်ဝမ်းသာကြောင်းပြော ပါတယ်။

စင်ကာပူ-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးမှာ ၃ နေရာ (Economic Development, Human Resource Development & Public Administration) တွေမှာ အဓိကဆောင်ရွက်မယ်ဆိုပါတယ်။

သတင်းစာဆရာများနဲ့ မိနစ် ၃၀ အင်တာဗျူးကိုဖြေရာမှာ မြောက်ကိုးရီးယာထံမှအနုမြူပညာရယူခြင်း မရှိပါဘူး။ ဦးသိန်းစိန်က ထိုသတင်း ဟာ အနောက်နိုင်ငံများက သက်သေမရှိတဲ့၊ သံသယဖြစ်မှုပါလို့ ဖြေပါတယ်။ Straits Times သတင်းထောက်များနဲ့ အင်တာဗျူးအကြောင်း ဆောင်းပါးတိုမှာတော့ ဒီမိုကရေးစီနိုင်ငံကို သွားနေကြောင်း၊ နိုင်ငံငြိမ်းချမ်းသာယာရေးကိုဦးစားပေးရင်း၊ စီးပွားတိုးတက်ရေးကို ဒုတိယဦးစားပေးအနေနဲ့ဆောင်ရွက်နေကြောင်း၊ အစိုးရသစ်ရဲ့ ပါလီမန်မှာဆွေးနွေးချက်များပေါ်မူတည်ပြီး ပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်လာရ ကြောင်း ပြောကြားပါတယ်။ မီဒိယာကိုအခန်းကဏ္ဍကြီးတခုအနေနဲ့ပြုပြင်ပြောင်းလဲမှုမှာထားမလား မေးခွန်းကို Yes လို့ဖြေသွားပါတယ်။ အ မေရိကန်နိုင်ငံခြားရေးဝန်ကြီးဟိလာရီကလင်တွန်ရဲ့ သမိုင်းဝင်အလည်လာခြင်း၊ အမေရိကန်၊ ဥရောပပူပေါင်းဆောင်ရွက်မှုများကိုလည်း ဖေါ်ပြထာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အရေးလည်း ညှိနှိုင်းဆွေးနွေးလျှက်ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အခန်းကဏ္ဍကို မေးမြန်းတဲ့အခါ ပြုပြင်ပြောင်းလဲမှု၊ အနောက်နိုင်ငံများနဲ့ဆက်ဆံမှုမှာ မိမိတို့အစိုးရအဖွဲ့ရဲ့ဆောင်ရွက်မှုများဖြစ်ကြောင်း၊ လူတစ်ဦး၊ အဖွဲ့အစည်းတခုနဲ့ပြုပြင်ပြောင်းလဲလို့မရကြောင်း ဖြေကြားသွားပါတယ်။ သတင်းထောက်များက အစိုးရသစ်မှာ စစ်တပ်ရဲ့ရွေးကောက်ပွဲ မပါတဲ့ ၂၅ ရာနှုန်းအမတ်များ၊ ကြားဖြတ်ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်အရွေးခံမှုများကို မေးမြန်းရာမှာလည်း အခြေခံဥပဒေကို လွှတ်တော်မှာ ၃ ပုံ၂ ပုံက သဘောတူမှသာ ပြောင်းလဲနိုင်ကြောင်း ဖြေသွားပါတယ်။ “We have a national plan in place to ensure that benefits of the reforms reach the people at the grassroots level” လို့ ရေးသားထားပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ပညာရေးဆိုင်ရာ NTU, ITE College East, Tanjong Katong Secondary School တွေကိုလည်း လေ့လာ သွားပါတယ်။

အမေစု ပြန်သွားတဲ့အခါ ဘဘဦးတင်ဦးနဲ့ ဘဘဦးဝင်းတင်တို့ကို တွဲခေါ်ပြီးတော့ ကားပေါ်တင်ပေးမယ့်လူ လုံးဝ မရှိတော့ပါ


NLD တရားဝင် ဖြစ်သွားပြီ ဆိုကတည်းက အမေစု အနားမှာ ရှိတဲ့ လူတွေ
အချိုးပြောင်းသွား တယ်လို့ စတုတ္ထမဏ္ဍိုင် အသိုင်းအ၀ိုင်းက ပြောကြပါတယ်။
ကျွန်တော်က အဲဒီ အချိန်တုန်းက အဲဒီ စကားတွေကို လက်မခံနိုင်အောင်
ဖြစ်ခဲ့ရပါတယ်။ သည်ကြားထဲ NLD နဲ့အမေစုကို ပါတီ မှတ်ပုံတင်လို့
မကောင်းကြောင်းပြောတဲ့ ပြည်ပက မီဒီယာတွေကိုလည်း မေတ္တာတွေ နည်းမျိုးစုံ
ပို့ပြီးတော့ ကိုယ့်ထမင်းကိုယ်စားပြီး ဒေါသများ သောကပွားခဲ့ရပါတယ်။
ပြည်တွင်း/ပြည်ပ မီဒီယာတွေ ဘာတွေပဲ ပြောနေ ပြောနေ NLD နဲ့ အမေစု ကို
လုံးဝ (လုံးဝ) နားလည်ပေးခဲ့ပါတယ်။



ဒါကြောင့်လည်း ပါတီမှတ်ပုံတင်ဖို့ မဲခွဲတဲ့နေ့၊ ဈေးရောင်းပွဲတော်၊
နေ့ထူး နေ့မြတ် အထိမ်းအမှတ်ပွဲ တွေသာမက တော်ဝင်နှင်းဆီမှာ ပြုလုပ်တဲ့
ကန်တော့ပွဲကိုလည်း ဘယ်သူမှ မဖိတ်ပဲ ကိုယ့်စိတ်ကိုယ်ဆောင်ပြီး တက်ရောက်
အားပေး ခဲ့ပါတယ်။ အဲသည်လို ပွဲတွေ ပွဲတွေ သွားရင်းနဲ့ သတိထားမိလာတာတွေက
ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင် တို့လို လူကြီးတွေကို NLD လူငယ်တွေ ဂရုစိုက်မှု
အတော်လေး လျော့တီးလျော့ရဲ နိုင်လှတာကို မကြာခဏ ဆိုသလို ကိုယ်တိုင်
မြင်တွေ့ သတိထားမိခဲ့ပါတယ်။



အဲသည်လို စိတ်ထဲမှာ မချင့်မရဲ ဖြစ်နေချိန်မှာပဲ မင်္ဂလာတောင်ညွှန့် မြို့နယ်
NLD ရုံးဖွင့်ပွဲကို ကိုယ်တိုင် သွားရောက်အားပေးစဉ် တုန်းက
ကျွန်တော့်စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ စိုးရိမ်စိတ်ကြီးက မမှားဘူး
ဆိုတာကို ကိုယ်တိုင် မျက်စိနဲ့ ကွက်ကွက် ကွင်းကွင်း မြင်တွေ့
သိရှိလိုက်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ၀င်ရောက်ကူညီခဲ့ပါတယ်။
အဲဒါကတော့ ဖွင့်ပွဲပြီးလို့ အမေစု ပြန်သွားတဲ့အခါ ဘဘဦးတင်ဦးနဲ့
ဘဘဦးဝင်းတင်တို့ကို တွဲခေါ်ပြီးတော့ ကားပေါ်တင်ပေးမယ့်လူ လုံးဝ မရှိတော့ပါ
…အထူးသဖြင့် ဘဘဦးဝင်းတင်ကို ကျွန်တော်ကိုယ်တိုင် လူအုပ်ကြားထဲမှာ
တွဲပြီးတော့ ကားရှိတဲ့ နေရာကို ခေါ်သွားပေးဖို့ ကြိုးစားပေးသော်ငြား
မည်သူမျှ ဘဘဦးဝင်းတင် စီးနင်းရန်မော်တော်ယဉ် မည်သည့် နေရာတွင်
ရပ်ထားကြောင်း လုံးဝ (လုံးဝ) မသိခဲ့ကြပါ။



လမ်းလည်ကောင် လူအုပ်ကြီးထဲမှာ ဘဘဦးဝင်းတင် စီးမယ့်ကား ဘယ်မှာလဲလို့
အော်ဟစ်ပြီးတော့ ခေါ်ယူခဲ့ရပါတယ်။ အချိန်တော်တော်ကြာနေပူကြီးထဲမှာ
မတ်တပ်ရပ်ခဲ့ရပါတယ်။ အဲဒါတွေကို ဘယ်သူတွေ စီစဉ်တာလဲ၊ အဖွဲ့ချုပ်က
တိုက်ရိုက် စီစဉ်ခဲ့တာလား၊ မြို့နယ်က စီစဉ်ခဲ့တာလား ဆိုတာကို ကျွန်တော်
မသိခဲ့ပါဘူး။ အဖွဲ့ချုပ်က စီစဉ်သည် ဖြစ်စေ၊ မြို့နယ်က စီစဉ်သည် ဖြစ်စေ
ဒါမျိုး ဖြစ်ရပ်ဟာ လုံးဝမဖြစ်သင့်ဘူးလို့ ကျွန်တော် ယူဆမိပါတယ်။

စတုတ္ထမဏ္ဍိုင် တွေကလည်း အဲသည်နေ့က အင်တာနက်မှာ အမေစု ပြောတဲ့
မိန့်ခွန်းတွေ၊ ဓာတ်ပုံတွေကိုသာ အလုအယက် ရေးသား ဖော်ပြကြပါတယ်။
ဘဘဦးတင်ဦး ပြောသွားတဲ့ မိန့်ခွန်း၊ ဓာတ်ပုံ စတာတွေကို ဖော်ပြတာ
မတွေ့ရပါဘူး။ နောက်ရက်များတွင်လည်း ဂျာနယ် တစ်ခုမှသာ ဘဘဦးတင်ဦး
မိန့်ခွန်းကို ပြန်လည်ဖော်ပြသည်ကို တွေ့ရှိရပါတယ်။ ဒါတွေကလည်း
စတုတ္ထမဏ္ဍိုင်တွေ အနေနဲ့ ပေါ်ပင် ဖြစ်တဲ့ နောက်ကို လိုက်နေသလားလို့
ထင်မြင်ယူဆမိပါတယ်။



ကျွန်တော့်မှာ စစ်ဘက်ကနေ အရပ်ဘက်ကို ကူးပြောင်းတာဝန်ထမ်းဆောင်နေတဲ့
မိတ်ဆွေ တစ်ဦးရှိပါတယ်။ တစ်နေ့တော့ သူက “ငါတို့ ဒေါ်စုကို လက်ခံတယ်
အားပေးတယ်၊ ပြောင်းလဲမှာကိုလည်း ကြိုဆိုတယ်၊ ပြောင်းကိုလည်း
ပြောင်းရမယ်၊ ဒါမှလည်း ကောင်းမယ်” “ဒါပေမယ့် ဒေါ်စု အနားမှာ သာကူးတွေ
ရှိတယ်၊ အဲသည် လူတွေကြောင့် ဒေါ်စု ဂုဏ်သိက္ခာထိခိုက်မှာ
အရမ်းစိုးရိမ်မိတယ်” လို့ သူက ဆိုပါတယ၊ သူတို့ ကိုယ်တိုင် သိထားတဲ့
လူတွေလည်း ရှိပါတယ်၊် (လုပ်ကြံဖန်တီး ရေးသားခြင်း မဟုတ်ရပါ)။



ဒါကြောင့် ကျွန်တော် စိုးရိမ်မိတယ် အမေစုနဲ့ NLD ကို လက်ညိုးထိုးပြီး
အခွင့်အရေးရချင်သူ၊ အခွင့်အရေး ဖန်တီးလိုသူ၊ နိုင်ငံရေး
အကြောင်းပြချက်နဲ့ အမြတ်ထုတ်လိုသူ၊ ရိုင်းရိုင်းပြောရရင် အမေစုနဲ့ NLD
မျက်နှာကို အိုးမဲတင်မက ကတ္တရာစေးပါ သုတ်သွားမယ့်သူ၊ ဘယ်လို
အခြေအနေမျိုးပဲ ရောက်ရောက် အမြတ်ထုတ်လိုက်ရဖို့က အဓိကပဲ လို့
ခံယူထားတဲ့လူ၊ နာမည်ကြီးချင်သူ၊ ခံယူချက် ပြင်းပြင်းထန်ထန်မရှိပဲ
နာမည်ကြီးဖို့ အရိပ်အောက် တစ်ထောက် ၀င်ရောက် ခိုနားသူ အစရှိတဲ့
နိုင်ငံရေး လောကရဲ့ အမှိုက်ထုပ် အရှုပ်ထုပ် တွေရဲ့ ဘေးကနေ
လွတ်မြောက်စေချင်မိပါတယ်။  ရန်သူ ကလည်း အမြဲတမ်း အခွင့် အရေးကောင်း
တစ်ခုကို စက္ကန့်မလပ် စောင့်ကြည့်နေပြီး အဲသည် အမှိုက်တွေနဲ့တင် အဖွဲ့ချုပ်
ကို မီးတင်ရှို့သွားနိုင်ပါတယ် ဆိုတာကို လုံးဝ (လုံးဝ) မမေ့သင့်ပါ။



ဒါကြောင့် NLD ဗဟိုမှာ တာဝန်ယူနေတဲ့ လူတွေ အနေနဲ့ အသေးအဖွဲ့ ဆိုပေမယ့်
လုံးဝ ပစ်ထားလို့ မရပါဘူး၊ တစ်ကယ့်ကို စီမံခန့်ခွဲမှု စနစ်တကျဖြစ်မှု၊
အားကောင်းသော ဖွဲ့စည်းမှု၊ စနစ်ကျသော လှုပ်ရှားမှုများ ဖြင့် အောက်ခြေကနေ
အပေါ်၊ အပေါ်ကနေ အောက်ခြေ စ၊ လယ်၊ ဆုံး သုံးပါးမကျန် ထောင့်စေ့ နေအောင်
အမြင်ရှိရှိ နဲ့ ခု အခြေအနေတစ်ရပ်သာမက နောင်လာမည့် အခြေအနေပေါင်း
မြောက်မြားစွာ အတွက်ကိုပါ ကြိုတင် ဝေဖန် သုံးသပ် နိုင်ပြီး အဲသည်လို
နောင်လာမယ့် အနေအထားတွေအတွက် ကြိုတင် ပြင်ဆင် အသင့်ပြင်
ထားနိုင်ဖို့ကိုပါ ယနေ့ကစပြီး အားနဲ့ အင်နဲ့ လုပ်သင့်နေပါပြီ၊
လိုအပ်နေပါပြီလို့ ကျွန်တော် ပြောချင်ပါတော့တယ်။



လေးစားစွာဖြင့်

စိုင်းဇော် (B.B)

သမိုင်းတခုအတွက်ရဲဘော်(PRMG)2010

ထားဝယ်အိမ်ခြံမြေများ ကျပ်သိန်း သောင်းဂဏန်းအထိ ပေးဝယ်နေ

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း တဖြည်းဖြည်း အကောင်အထည် ဖော်လာသည်နှင့်အမျှ ထားဝယ်မြို့ပေါ်ရှိ အိမ်ခြံမြေ ဈေးနှုန်းများ ယခင်ထက် ပိုမိုမြင့်တက်လာပြီးကျပ်သိန်းပေါင်း သောင်းဂဏန်းအထိ ခေါ်ဈေးမြင့်နေကြောင်း ထားဝယ်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များထံမှ သိရသည်။
စည်ကားနေသည့် ထားဝယ် စည်ပင်သာယာဈေးကြီး (ဓာတ်ပုံ - ဧရာဝတီ)
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထားဝယ်မြို့ပေါ်နှင့် မြို့ပြင်ပရှိ အိမ်ခြံမြေ ဈေးနှုန်းများ အဆပေါင်းများစွာ ထိုးတက်သွားခဲ့ပြီး မြို့ပေါ်တွင် ကျပ်သိန်းထောင်ဂဏန်းမှ သောင်းဂဏန်းထိ ခေါ်ဈေးရှိနေကြောင်း၊ ပုဂ္ဂလိကဘဏ် အများစုက ထားဝယ်မြို့ပေါ်တွင် ဘဏ်ခွဲများလာရောက်ဖွင့်လှစ်ခြင်းနှင့် ပြည်တွင်းပြည်ပ စီးပွားရေးကုမ္ပဏီများက ရုံးခွဲနှင့် ဟိုတယ်များ ဖွင့်လှစ်လိုခြင်းတို့ကြောင့် ဈေးများ ထိုးတက်လာရခြင်း ဖြစ်ကြောင်း ထားဝယ် စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။
“ပေ ၄၀x ၆၀ အကွက်က မြို့ပေါ်ဆိုရင် သိန်း ၂၀၀၀၊ ၃၀၀၀ ကနေ သိန်းတသောင်းကျော် အထိ ဈေးခေါ်တယ်။ ၀ယ်တဲ့သူတွေလည်း ရှိတယ်။ ဥပမာ- မက်စ်မြန်မာ ကုမ္ပဏီဆိုရင် မြို့ပေါ်မှာ သိန်းထောင်ချီပေးပြီး မြေကွက် ၀ယ်ထားတယ်။ ထားဝယ်ရေနက်စီမံကိန်း စလုပ်တုန်းကလည်း ခေါ်ဈေးတွေ တအားထိုးတက် သွားခဲ့ဖူးတယ်။ အဲဒီနောက်တော့ ပြန်ငြိမ်တယ်။ အခု ပြန်တက်လာတာ” ဟု သူက ဆိုသည်။
ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး လာရောက်ပြီး ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းအတွက် လေယာဉ်ကွင်း ပြန်ပြင်ရေးနှင့် စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မည့် အရိပ်အရောင်များ မြင်ရသောကြောင့် အေးနေသော အိမ်ခြံမြေဈေးများ ပြန်တက်လာခြင်းဖြစ်သည်ဟု ထားဝယ်မြို့ခံ တဦးက ရှင်းပြသည်။
ထားဝယ်မြို့ပေါ်တွင် ဈေးအကြီးဆုံး အိမ်ခြံမြေများမှာ အာဇာနည် လမ်းမပေါ်တွင် တည်ရှိပြီး ယင်းလမ်းတလျှောက်တွင် ပုဂ္ဂလိက ဘဏ်ခွဲအများဆုံး ဖွင့်လှစ်ထားကြောင်း၊ ဗိုလ်ချုပ်လမ်း၊ နိဗ္ဗာန်လမ်းတို့ရှိ အိမ်ခြံမြေနှင့် မြေကွက်များမှာလည်း ကျပ်သိန်း ထောင်ချီ ဈေးခေါ် ရောင်းဝယ်မှု ရှိကြောင်း စုံစမ်းသိရှိရသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း ဆောက်လုပ်မည့် နေရာကို ဇန်နဝါရီ ၃၀ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
“မြို့ပေါ်တင်မကဘူး လေယာဉ်ကွင်းနားက ၀ဲကျွန်းမှာပါ မြေကွက်တွေ အရောင်းအ၀ယ် လိုက်လာတယ်။ လေယာဉ်ကွင်း ချဲ့ဖို့ကလည်း သိပ်မကြာခင် လုပ်မှာဆိုတော့ ရေနက်စီမံကိန်း ပီပြင်လာတာနဲ့အမျှ ထားဝယ်မြို့ပေါ်မှာလည်း အိမ်ဈေး၊ မြေဈေး တက်ဖို့ရှိတယ်” ဟု ထားဝယ်မြို့နေ အိမ်ခြံမြေ ၀ယ်ရောင်း ပွဲစားတဦးက ဆိုသည်။
ထားဝယ်မြို့ပေါ်တွင် ဂရန်ပါရှိသော အိမ်ခြံမြေဈေးမှာ အနည်းဆုံး ကျပ်သိန်း ၁၀၀၀ မှ အများဆုံး ကျပ်သိန်း ၁ သောင်းခွဲအထိ ရှိသည်ဟု သိရှိရသည်။
ထားဝယ် ရေနက်စီမံကိန်းကို အီတာလျံ-ထိုင်း ကုမ္ပဏီက ရင်းနှီးမြှုပ်နှံထားပြီး ယခုအခါ ဂျပန်အပါအဝင် အာရှနိုင်ငံများက ရင်းနှီး မြှုပ်နှံရန် လေ့လာမှုများ ရှိနေကြောင်း၊ လက်ရှိတွင် စီမံကိန်းအတွက် မြေသားလမ်းများ ဖောက်လုပ်ခြင်း၊ စီမံကိန်း ဧရိယာ ရှင်းလင်းခြင်းတို့ ပြုလုပ်နေပြီး စီမံကိန်းအကြမ်းထည်ကို ထိုင်းနိုင်ငံမှ အင်ဂျင်နီယာနှင့် အလုပ်သမားများ၊ မြန်မာ အလုပ်သမားများ စုစုပေါင်း လုပ်သားအင်အား ထောင်ဂဏန်းကျော်ဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်လျှက် ရှိသည်။

ကချင် ဒုက္ခသည်များ ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားနေ။။။။။။ကချင်တိုင်းရင်းသူ စစ်တပ်ဖမ်းဆီးမှု နေပြည်တော်၌ ကြားနာမည်

ကချင်ပြည်နယ် အတွင်းရှိ စစ်ပြေး ဒုက္ခသည် ခစန်းတချို့၌ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများသည် ၀မ်းပျက် ၀မ်းလျှော ဖြစ်ပွားနေကြောင်း သိရသည်။
မိုင်ဂျာယန်၊လွယ်ဂျယ်၊ ပါဂျောင်ဒေသ တ၀ိုက်၊ တရုတ်နယ်စပ် ရွှေလီ ဒေသများရှိ စခန်းများတွင် ဖြစ်ပွားနေကြောင်း၊ အာဟာ ရ မလုံလောက်ခြင်း၊ အနွေးထည်၊ သောက်သုံးရေ မလုံလောက်ခြင်းနှင့် ရာသီဥတု မမျှတခြင်းတို့ကြောင့် ဖြစ်ကြောင်း ကချင် ကူညီ ကယ်ဆယ်ရေး အဖွဲ့များ က ပြောသည်။
၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် သေဆုံးသွားသော စစ်ပြေးဒုက္ခသည် ကလေးတဦးကို သဂြိုင်္ဟ်ရန် ဇူလိုင် ၁ ရက်နေ့က လိုင်ဇာဒေသတွင် ပြင်ဆင်နေသော မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)
ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေပြီး စိုးရိမ်ရသည့်အခြေအနေ မရှိသေးကြောင်း ကချင်စစ်ပြေး ဒုက္ခသည်များ ကူညီ ကယ်ဆယ် ရေး ကော်မတီ မှ ကိုလာရစ် ကလည်း ပြောဆိုသည်။
“ရှမ်းပြည်နယ်နဲ့နီးစပ်တဲ့ စခန်းတွေမှာ အခြေအနေပိုဆိုးနေပါတယ်၊ အစိုးရ စစ်ကြောင်းတွေ ချထားတော့ ကူညီကယ်ရေး အဖွဲ့တွေ သွားလို့ မရဖြစ်နေတော့ ဒုက္ခသည်တွေရဲ့အရေးပေါ်လိုအပ်နေတဲ့ ကိစ္စတွေ ကူညီမပေးနိုင်ကြဘူး ဖြစ်နေတယ်”ဟု ကို လာရစ် က ဆိုသည်။
စစ်ပြေး ဒုက္ခသည်များသည် ရေအနည်းငယ်သာ ရှိသည့်ချောင်းရေကို အသုံးပြုနေကြရကြောင်း၊ ရေတွင်း၊ ရေကန် တူးဖော်ရန် အခက်အခဲများရှိပြီး ရေရှိရာ အရပ်မှ သွယ်တန်းပေးရန်အတွက်လည်း ငွေကြေး အခက်အခဲကြောင့် အကူအညီမပေးနိုင်
ဖြစ် နေကြောင်း သိရသည်။

ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) ထိန်းချုပ်ရာ လိုင်ဇာဒေသဘက်၌ တိုက်ပွဲများ မရှိသော်လည်း ရှမ်းပြည်နယ်နှင့် ဆက်စပ်နေသည့် မန်စီမြို့နယ် တ၀ိုက်တွင် တိုက်ပွဲငယ်တချို့ဖြစ်ပွားလေ့ရှိသည့်အတွက် အစိုးရ စစ်တပ်၏ စစ်ကြောင်းများ ချထားကြောင်း သိရသည်။
ရန်ကုန်အခြေစိုက် ယူနီဆက် အပါအ၀င် ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ ကူညီကယ်ဆယ်ရေး အဖွဲ့တချို့သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက လာရောက်ခဲ့ပြီး နောက်ပိုင်းတွင် မည်သည့်ကူညီ ကယ်ဆယ်ရေးအဖွဲ့မှ လာရောက်ခြင်း မရှိတော့ကြောင်း၊ လက်ရှိတွင် ဒေသခံ ကူညီကယ်ဆယ်ရေး အဖွဲ့တချို့က ကူညီရေး လုပ်ငန်းများ လုပ်ကိုင်ပေးနေရကြောင်း ဒုက္ခသည်များ အရေးဆောင်ရွက်ပေးနေသည့် WNP အဖွဲ့၏ ဒါရိုက်တာ ဒေါ်မေလီအောင် က ပြောသည်။
“လတ်တလော သေဆုံးမှုတော့ မရှိသေးပါဘူး၊ ပြီးခဲ့တဲ့ တလကျော်အတွင်းမှာ ကလေး၊ လူကြီး ၅ ဦးလောက် သေဆုံးခဲ့ပါ တယ်၊ လူ ထောင်ချီရှိတဲ့ စခန်းတွေမှာ ရေအိမ်သာက လေး ငါး လုံး ပဲရှိတယ်”ဟု ဒေါ်မေလီအောင် က ဆိုသည်။
တရုတ်နယ်စပ်တ၀ိုက်ရှိ ဒုက္ခသည် စခန်း ၁၀ ခု ၀န်းကျင်၌ ရောဂါ ဖြစ်ပွားနေပြီး အစားအသောက်၊ အ၀တ်အထည်နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်းလည်း သိရသည်။
“ပူရင်လည်း အလွန်ပူပြီး အေးရင်လည်း အရမ်းအေးတော့ ကလေးနဲ့ လူကြီးတွေက ခံနိုင်ရည် မရှိကြတော့ ဖြစ်တာမြန်တယ်၊ လူကြီးတွေဖြစ်ရတဲ့ အဓိက အချက်ထဲမှာ စိတ်ဖိစီးမှု ဒဏ်တွေကြောင့်လည်း ပါတယ်”ဟု ဒေါ်လီမေအောင်က ပြောသည်။
အစိုးရထိန်းချုပ်ရာဒေသ ဗန်းမော်၊ မြစ်ကြီးနား ဒေသဘက်သို့ နာရေးကူညီမှု အသင်း(ရန်ကုန်)၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့်လူမှုရေး အဖွဲ့တချို့ကလည်း စစ်ပြေးဒုက္ခသည်များအား မကြာသေးခင်က သွားရောက်ကူညီပေးခဲ့ကြသေးသည်။
KIA ထိန်းချုပ်ရာ လိုင်ဇာဒေသ တ၀ိုက်ရှိ ဒုက္ခသည် စခန်းများ၌ စစ်ပြေး ဒုက္ခသည်ဦးရေ ၃ သောင်းကျော်နှင့် မန်စီ၊ ၀ိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မိုင်ဂျာယန် စသည်တို့ တွင်လည်း ဒုက္ခသည်များရှိပြီး စုစုပေါင်း ၅ သောင်းဝန်းကျင် ရှိကြောင်း ဒုက္ခသည် ကူညီ ကယ်ဆယ်ရေး အဖွဲ့များ က ပြောသည်။
ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့်နှစ် ဇွန်လမှစတင် ဖြစ်ပွားသော KIA နှင့် အစိုးရတပ်များ၏ တိုက်ပွဲများကြောင့် ဒေသခံ အရပ်သားပြည်သူများ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကချင်တိုင်းရင်းသူတဦးကို အစိုးရစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုဆိုသော အမှုနှင့်ပတ်သက်၍ နေပြည်တော် ပြည် ထောင်စု တရားလွှတ်တော်ချုပ်ရုံးတွင်လာမည့် ဖေဖော်ဝါရီ ၉ ရက်၌ နှစ်ဘက်သက်ဆိုင်သူများ လျှောက်လဲ ကြားနာမည် ဖြစ်သည်။
KIA ကို ထိုးစစ်ဆင်ရန် လာနေသော အစိုးရ စစ်ကြောင်းတခု
ဖမ်းဆီးခံထားရသည်ဟု ဆိုသော ကချင်အမျိုးသမီး၏ ခင်ပွန်း ဖြစ်သူနှင့် အစိုးရ ခြေမြန်တပ်ရင်း(ခမရ-၃၂၁)တို့ လျှောက်လဲကြ မည် ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် လွယ်လုံတောင် အခြေစိုက် ခမရ ၃၂၁ မှ တပ်သား ၃ ဦးက ကချင်အမျိုးသမီး မဆွမ်လွတ်ရွယ်ဂျာ ဆိုသူအား ပြီး ခဲ့သည့်နှစ် အောက်တိုဘာ၂၈ ရက်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့တိုင် ပျောက်ဆုံးနေ၍ စုံစမ်းစစ်ဆေးပေးရန် ခင်ပွန်း ဖြစ်သူ ဦးမရူလွန်းဒေါင်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ရှေ့တော်သွင်း စာချွန်လွှာ လျှောက်ထားခဲ့ရာ တရားလွှတ်တော် ချုပ် က နှစ်ဘက်လျှောက်လဲရန် ရက် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။
“တပ်ရင်းဘက်ကလည်း လာရမှာပါ။ တရားလွှတ်တော်ချုပ်က သမ္မန်စာ (ဆင့်ခေါ်စာ) တပ်ကို ပေးပို့ ထားပါတယ်”ဟု ယင်းအမှုကို လိုက်ပါကူညီပေးနေသူ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီဝင် ရှေ့နေ ဦးမာခါးက ဧရာဝတီကို ပြောသည်။
နိုင်ငံသားအခွင့်အရေးနှင့် ပတ်သက်၍ ပြည်သူက တောင်းဆိုလာပါက ပြည်ထောင်စုတရားလွှတ်တော်  ချုပ် မှ စာချွန်တော် အမိန့်ဆင့်ထုတ်၍ စုံစမ်းစစ်ဆေးရန် အာဏာရှိကြောင်း၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၇၈ တွင် ဖော်ပြထားသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ် အနေဖြင့် ရှေ့တော်သွင်း၊ အာဏာပေး၊ တားမြစ်စေ၊ အာဏာပိုင်မေးနှင့် အမှု ခေါ် စသည့် စာချွန်တော်အမိန့် ၅ မျိုး ဆင့်ထုတ်နိုင်သည့် အာဏာရှိသည်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ခိုင်ပန်ကျေးရွာမှ အသက်၂၈ နှစ်အရွယ် မဆွမ်လွတ်ရွယ်ဂျာအပါအ၀င် တောင်ယာ ပြောင်းဖူး ခင်းအတွင်း ခင်ပွန်း ဦးမရူလွန်းဒေါင်၊ ယောက္ခမ ဦးဇဲဒေါင်တို့ အတူအလုပ်လုပ်နေစဉ် ၎င်းတို့သုံးဦးအား ခမရ ၃၂၁ မှ တပ်သားများ က ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့ဝင်များဟု စွပ်စွဲ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဦးမရူလွန်းဒေါင် က ပြောသည်။
ခင်ပွန်းနှင့်ယောက္ခမ ဖြစ်သူတို့က ထိုနေ့တွင် ပြန်လည် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ကလေး တယောက်မိခင် မဆွမ်လွတ် ရွယ်ဂျာမှာ အစိုးရတပ်၏ ဖမ်းဆီးခြင်းခံထားရကြောင်း သိရသည်။
“မရွယ်ဂျာရဲ့ ကလေးလေးက အခု အသက် တနှစ်နဲ့ သုံးလ ပဲရှိသေးတယ်။ ကလေးကို သူ့ အဘိုးနဲ့ အဘွားက စောင့်ရှောက် ထား ရတယ်”ဟု ဦးမာခါးက ဆိုသည်။
ကချင်တိုင်းရင်းသား ဦးဘရန်ဆိုင်းနှင့် ဦးဇော်ဆိုင်းတို့သည်လည်း အစိုးရစစ်တပ်၏ ဖမ်းဆီးခြင်းခံနေရသဖြင့် စုံစမ်းစစ်ဆေးပေးရန် မိသားစုဝင်များက ပြည်ထောင်စု တရား လွှတ်တော်ချုပ်သို့ ရှေ့တော်သွင်းစာချွန်လွှာ လျှောက်ထားကြောင်း သိရသည်။
ဦးဘရန်ဆိုင်းမှာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့၊ ဦးဇော်ဆိုင်းမှာ ယခုလ ဇန်န၀ါရီ ၅ ရက်နေ့တို့တွင် အစိုးရ ခြေလျင်တပ်ရင်း (ခလရ-၃၇) တပ်၏ ဖမ်းဆီး ခံထားရခြင်း ဖြစ်သည်ဟု ဦးမာခါးက ပြောပြသည်။

မွန်ပြည်သစ်ပါတီနှင့် အစိုးရ ကိုယ်စားလှယ်တို့ သဘောတူညီချက် ၅ ခုရ

မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယနေ့ ပြုလုပ်သည့် ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးမှုအရ ပဏာမ သဘောတူညီချက် ၅ ခု ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီနှင့် အစိုးရကိုယ်စားလှယ်အဖွဲ့တို့ မော်လမြိုင်မြို့ ကမ်းနားဟိုတယ်တွင် ကျင်းပသော ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (ဓာတ်ပုံ - Mon News Agency)
သဘောတူညီချက်တွင် အပစ်အခတ်ရပ်စဲရန်၊ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ကိုယ်စားလှယ်အဖွဲ့ ဖွဲ့ရန်၊ ဆက်ဆံရေးစခန်းဖွင့်ရန်၊ သတ်မှတ်နေရာများမှအပ တခြားဒေသများသို့ လက်နက်ဖြင့် မသွားရန်၊ နှစ်ဘက်သဘောတူညီထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရန်တို့ ဖြစ်ကြောင်း ဆွေးနွေးပွဲတက်ရောက်သည့် မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ် နိုင်စိုးမြင့်က ဧရာဝတီသို့ ပြောသည်။
သို့သော် ယင်းပဏာမ သဘောတူညီချက်ကို မွန်ပြည်သစ်ပါတီဘက်မှ လက်မှတ်ရေးထိုးခြင်း မရှိသေးဘဲ ပါတီဗဟိုကော်မတီသို့ တင်ပြပြီးမှသာ ဖေဖော်ဝါရီလ တတိယပတ်တွင် အတည်ပြု လက်မှတ်ရေးထိုးမည်ဟု သိရသည်။
ကမ်းနားဟိုတယ်တွင် ကျင်းပသော ယင်းဆေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီဘက်မှ ဒု ဥက္ကဋ္ဌ နိုင်ရောစနှင့် ပါတီခေါင်းဆောင် ၇ ဦး၊ မွန်လူထုခေါင်းဆောင် ၄ ဦးနှင့် သံဃာတော် ၃ ပါးတို့ ဆွေးနွေးပွဲတက်ရောက်သည်။
မွန်ပြည်သစ်ပါတီခေါင်းဆောင်များက ဦးအောင်မင်းကို တိုက်တွန်းတောင်းဆိုချက်အရ အစိုးရအနေဖြင့် မွန်ပြည်နယ်တွင် မွန်ဘာသာဖြင့် သင်ကြားခွင့် ပြုမည်ဖြစ်ကြောင်း၊ ထို့အပြင် တသက်တကျွန်း ချမှတ်ခံထားရသည့် မွန်နိုင်ငံရေးသမား ၂ ဦးဖြစ်သည့် မင်းနေဝင်း (နိုင်ယက္ခ) နှင့် မင်းမျိုးသွေး တို့ကိုလည်း လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
“မွန်ပြည်သစ်ပါတီသာ တရားဝင်ရပ်တည်လာနိုင်ရင် အဲဒီ မွန်နိုင်ငံရေးသမားနှစ်ယောက်ကို လွှတ်ပေးဖို့ရှိတယ်လို့ ဦးအောင်မင်းက ပြောပါတယ်” ဟု နိုင်စိုးမြင့်က ပြောသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ယမန်နေ့ ညစာစားပွဲ၌ အစိုးရအနေဖြင့် မွန်ပြည်နယ်အတွင်းရှိ မွန်ကျေးရွာ စာသင်ကျောင်းများတွင် မွန်ဘာသာဖြင့် သင်ကြားပေးနိုင်ရန် စီစဉ်နေသည်ဟု ပြောကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များက အစိုးရအနေဖြင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရန်၊ ၄၅ ရက်အတွင်း မွန်ပြည်သစ်ပါတီနှင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်၊ ယင်းဆွေးနွေးပွဲတွင် လေ့လာသူများကို တက်ရောက်ခွင့်ပြုရန် ဆွေးနွေးပွဲတွင် တောင်းဆိုကြောင်း သိရှိရသည်။
အစိုးရနှင့် နိုင်ငံရေးဆေးနွေးပွဲ အောင်မြင်လျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီများနှင့် ပဋိပက္ခများ ဖြေရှင်းရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် အစိုးရထံတောင်းဆိုမည်ဟု မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူများက ဆိုသည်။
ယခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ၁၉၉၅ ခုနှစ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် မတူကြောင်း၊ ထိုစဉ်က ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် အပစ်ရပ်ရေးကိုသာ ပြောဆိုခွင့် ရခဲ့ပြီး၊ နိုင်ငံရေးအရ ဆွေးနွေးခွင့်ရရန် ပြောခွင့်မသာခဲ့ကြောင်း နိုင်စိုးမြင့်က ပြောသည်။
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူဒေသတွင် စီးပွားရေးဇုန် ထူထောင်ရန် ဦးအောင်မင်းက တိုက်တွန်းကြောင်းလည်း သိရသည်။
မွန်ပြည်သစ်ပါတီသည် ဦးအောင်မင်းဦးဆောင်သော အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယမန်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ စံခရဘူရီမြို့၌ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။
မွန်ပြည်သစ်ပါတီက ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို မထောက်ခံကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်လျှင် လွှတ်တော်တွင်း၌ ပါဝင်မည် မဟုတ်ကြောင်း သိရသည်။

The Lady မိတ်ဆက်ပွဲ ထိုင်းဝန်ကြီးချုပ် ယင့်လပ် တက်ရောက်

ဒေါ်အောင်ဆန်းစုကြည် ဘ၀ အကြောင်း ရိုက်ကူးသည့်  The Lady ရုပ်ရှင်ကား မိတ်ဆက် ဖွင့်လှစ်သော အခမ်းအနားကို ယမန် နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့Paragon Cineplex, Siam Paragon ၌ ကျင်းပရာ ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင် နာဝပ် တက်ရောက်သည်။
The Lady ရုပ်ရှင်းကား မိတ်ဆက် အခမ်းအနားတွင် တွေ့ရသော မစ္စ ယင့်လပ် နှင့် မီရှဲလ်ယိုး(ဓာတ်ပုံ - (ဓာတ်ပုံ - Yingluck / Facebook)
ယင်းအခမ်းအနားသို့ သက်ဆိုင်ရာ တာဝန်ရှိသူများအပါအ၀င် The Lady တွင် ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်သည့် ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး မီရှဲလ်ယိုးနှင့် ဇာတ်ကားရိုက်ကူးသော ပြင်သစ် ဒါရိုက်တာ Luc Besson တို့လည်း ကိုယ်တိုင် တက်ရောက်ကြသည်။
အခမ်းအနား၌ မီရှဲလ်ယိုးက ရေဘေး ကယ်ဆယ်ရေးအတွက် ထိုင်း ဘတ် တသိန်း လှူဒါန်းကြောင်း ၎င်း၏ ကိုယ်ပိုင် ၀က်ဘ်ဆိုက် တွင် ဖော်ပြထားသည်။
ထိုရုပ်ရှင် ဇာတ်ကားအား ဖေဖော်ဝါရီ ၂ ရက်မှ ၁၆ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် မြန်မာ အလုပ်သမား များစွာရှိသော စမွတ်စခွန်ခရိုင် မဟာချိုင်မြို့များတွင် ပြသမည်ဖြစ်ပြီး ရုံဝင်လက်မှတ်များလည်း ရောင်းချနေကြောင်း သိရသည်။
The Lady ကို Major Cineplex Group Public Co. Ltd. က IT Computer အဖွဲ့သို့ ဈေးကွက်မြှင့်တင်ရေးအနေဖြင့် အဆိုပါမြို့ များတွင် ပြသခွင့် ပေးထားခြင်းဖြစ်သည်ဟုလည်း တာဝန်ရှိသူတဦးက ပြောဆိုထားသည်။

အာဇာနည်တိုင်း သမိုင်း မသေပါ။

  • UPDATED POSTS
  • ယနေ့ ဖေဖေါ်ဝါရီလ ၁ ရက်။ ၂၀၁၂ခုနှစ်၊ အင်းစိန်မြို့နယ် တရားရုံးမှ တရားခွင် တခု၊ အခန်းတွင်းတွင် လာရောက်နားထောင်ကြသော လူငယ်လူရွယ် လူကြီးအစုံ ဆယ်ယောက်ခန့်နှင့် တံခါးဝတွင် ရပ်လျှက်၊ ကော်ရစ်တာတွင် တိုးဝှေ့လျက် လူပေါင်းက နှစ်ဆယ်ခန့် ။ အောက်ထပ်မြေပြင်တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းပုံပါ အကျီဝတ်ဆင်ထားသူများ ဟိုဟိုဒီဒီသွားလာနေသလို တရားခွင် အတွင်းမှာလည်း စွပ်စွဲခံရသူ အပါအ၀င် တက်ရောက်လာသူ အားလုံးနီးပါးသည်လည်း ဗိုလ်ချုပ်အောင်ဆန်းပုံ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်ပုံပါ အကျီ များဝတ်ဆင်ထားသူများသာဖြစ်ကြသည်
    ကော်ရစ်တာရှိ လူအုပ်များ အတွင်းတွင် အရပ်ဝတ် ရဲအရာရှိများ ပါသလို၊ ညီတိုးငြိမ်း အလွန်ရင်းနှီးခဲ့သော တပ်မတော်မှ အရာရှိ အချို့ကိုလည်း လှမ်းတွေ့ရသည်။ မိမိမှာ တရားခံ နေရာ ခုံငယ်မှ နေ၍ အပြင်သို့ မထွက်နိုင်သေးသောကြောင့် လှမ်းသာမြင်လိုက်ရသည် ။ နှုတ်ဆက်ခွင့် မကြုံလိုက်။

    ထိုအခိုက် တရားခွင် တက်ရောက်လာသူ တဦးလက်ကိုင်ဖုန်းမှ ဖုန်းခေါ်သံတီးလုံးဖြစ်သော မျိုးချစ် နိုင်ငံသိ အဆိုတော်ကြီးဖြစ်သော လားရှိုးသိန်းအောင်၏ အမေဒေါ်စု ပြန်လာပြီ ဆိုသည့် မြူးကြွသော တေးသံလွင်လွင် ထွက်ပေါ်လာသည်။ အားလုံးနီးပါ နှစ်ခြိုက်ကျေနပ်စွာပြုံးလိုက်ကြသည်။ ခနအကြာတွင် တရားသူကြီး ၀င်လာသည်။
    တရားသူကြီး ၀င်လာခိုက် အားလုံးမတ်တပ်ရပ် ဂါရ၀ပြုချိန် လူများရောထွေးသွားသည်။

    တရားသူကြီးက တိုတိုနှင့် လိုရင်းသာပြောတော့မည်။ တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များမှာ ထူးမခြားနားဖြစ်သောကြောင့် ဖတ်မပြတော့ပဲ သုံးသပ်ချက်နှင့် အမိန့်ကိုသာ ဖတ်ပြတော့မည် ဆိုသောအခါ တရားခွင် တခုလုံး တိတ်ဆိတ်သွားတော့သည်။
    နေမျိုးဇင်အား ဆွဲဆိုထားသော ဖြစ်စဉ် စွပ်စွဲချက်များပါ သက်သေခံ ပစ္စည်းများသည် အကျဉ်းထောင် အက်ဥပဒေများအရ တရားမ၀င် ပစ္စည်းများ မဟုတ်ကြောင်း ထင်ရှားပေါ်ပေါက်သည့် အပြင်။ စွပ်စွဲခံရသူ ထွက်ဆိုသည့် လုံးဝ အပြစ်မရှိပါဆိုသည့် ထွက်ဆိုချက်ကိုလည်း မယုံကြည်နိုင်စရာ အကြောင်း မရှိသည်ကိုတွေ့ရသည်။ ထောင်တွင်းသို့ သွင်းယူခွင့်ပြုရန် စွပ်စွဲခံရသူက ခွင့်ပန်ကြောင်း ထင်ရှားပေါ်ပေါက်သည့် အပြင် သက်သေခံပစ္စည်းများ သိမ်းယူသည့် နေရာမှာလည်း ထောင်စည်းရုံး အပြင်ဘက်တွင်သာ ဖြစ်ရာ။ ယခု စွပ်စွဲဆိုထားသော ပြစ်မှုတွင် ပြစ်မှုထင်ရှားပေါ်ပေါက်ခြင်း မရှိသည်ဖြစ်သောကြောင့် အမှုမှ အပြီးပြတ်လွှတ်လိုက်သည်။
    လက်ခုပ်သံ တဖြောင်းဖြောင်း ထွက်လာသည်။ ရှေ့နေကြီး ဦးလှမျိုးမြင့်က ရှုး တိုးတိုး ဟု မျက်ရိပ်ပြမှ တိတ်သွားသည်။ တရားသူကြီးလည်း ပြုံးလို့။ တက်ရောက်လာသူများလည်း ပျော်လို့၊ လာရောက်နားထောင်သူများ အားလုံးလည်း ပျော်ရွှင်ဟန်ဖြင့် ...........

    သေချာသည်ကတော့ တပ်မတော်သားများရော။ ပြည်သူပြည်သားများအားလုံးပါ ဗိုလ်ချုပ်အောင်ဆန်း အာဇာနည် အမျိုးသားခေါင်းဆောင်ကြီးကို ချစ်ခင်မြတ်နိုးလေးစားကြသည် ဆိုသည်ပင်။
    အာဇာနည်တိုင်း သမိုင်း မသေပါ။
    ခေတ်စနစ်တို့ ပြောင်းလေပြီ။ တ၇ားစီရင်ရေး မဏ္ဍိုင် ယနေ့ ယခုမှ စ၍ တည့်မတ်မှန်ကန်လာလေပြီ။ နှုတ်မိန့်တို့ လွှမ်းမိုးသော စီရင်ရေး စနစ်အောက်မှ လွန်မြောက်လေပြီဟုသာ ရင့်ကျူးမိသည်။ ဆက်လက်တင်ပြပါအုန်းမည်

ဆည်းပူးလေ့လာ၊ နိုင်ငံရေးပညာ (အခန်း ၁၊ အပိုင်း ၂)


နိုင်ငံရေးဆိုတာ အစိုးရဆိုင်ရာ အနုပညာတရပ်ဖြစ်တယ်။
သိပံ္ပပညာရပ်မဟုတ်တဲ့ ၀ိဇ္ဇာပညာရပ် တခုဖြစ်တယ်

ဂျာမန် Chancellor Bismarck က နိုင်ငံရေးဆိုတာ သိပ္ပံပညာမဟုတ်ဘူး။ ၀ိဇ္ဇာပညာရပ်ဖြစ်တယ်လို့ ဆိုထားခဲ့ပါတယ်။ သူယူဆတဲ့ ၀ိဇ္ဇာပညာဆိုတာက လူ့အဖွဲ့အစည်းအတွင်းက လူအများစုပေါင်းပြီး ဆုံးဖြတ်ချက်တွေ ချမှတ်မှု၊ ဒီဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်မှုတွေအပေါ် အခြေခံပြီး လူ့အဖွဲ့အစည်းအတွင်း အစိုးရလုပ်ငန်းဆောင်တာ လုပ်ဆောင်ခွင့် တည်ဆောက်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ ရှေးခေတ်ဂရိနိုင်ငံတွေမှာ ပေါ်ထွက်လာခဲ့တဲ့ နိုင်ငံရေးဆိုတဲ့ စကားလုံးအဓိပ္ပာယ်ကနေ မြစ်ဖျားခံလာတယ်လို့ ဆိုနိုင်ပါတယ်။

Politics ဆိုတဲ့ စကားလုံးဟာ polis ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာပြီး၊ အဓိပ္ပာယ်ကတော့ မြို့ပြနိုင်ငံဖြစ်ပါတယ်။ ရှေးခေတ် ဂရိလူ့အဖွဲ့အစည်းမှာ လွတ်လပ်တဲ့ မြို့ပြနိုင်ငံငယ်လေးတွေ အများအပြား ဖွဲ့စည်းပါဝင်ပါတယ်။ ဒီမြို့ပြနိုင်ငံငယ်လေးတွေမှာ သူတို့နဲ့ သက်ဆိုင်ရာ အစိုးရတွေ သီးခြားရှိကြပါတယ်။ ဒီမြို့ပြနိုင်ငံတွေထဲမှာ အကြီးဆုံးနဲ့ နိုင်ငံရေးအရ လွှမ်းမိုးနိုင်မှု အရှိဆုံးနိုင်ငံကတော့ အေသင်နိုင်ငံဖြစ်ပါတယ်။ အေသင်ကို ဒီမိုကရေစီအစိုးရရဲ့ ပုခက်လို့ ပြောစမှတ်ပြုခဲ့ကြပါတယ်။

နိုင်ငံရေးကို ဒီအမြင်ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ နိုင်ငံရေးဆိုတာ polis နဲ့ ဆက်စပ်တဲ့ ကိစ္စရေးရာတွေလို့ ခေါ်ဆိုနိုင်ပါတယ်။ ခေတ်သစ်အဓိပ္ပာယ် ဖွင့်ဆိုချက်အရဆိုရင်တော့ နိုင်ငံတော်နဲ့ ဆက်စပ်တဲ့ ကိစ္စရေးရာတွေ မှန်သမျှဟာ နိုင်ငံရေးပဲ ဖြစ်ပါတယ်။ ဒီအမြင်ကို ယနေ့ခေတ်တွေမှာ လက်ခံနားလည် ထားတာ ပိုများပါတယ်။ လူတွေဟာ ပါလီမန်၊ အစိုးရအုပ်ချုပ်ရေးဆိုင်ရာတွေမှာ လုပ်ကိုင်နေရင်၊ လုပ်ကိုင်ဖို့ကြိုးပမ်းအားထုတ်နေရင် ဒီလူတွေကို နိုင်ငံရေးသမားတွေလို့ လူအများက သတ်မှတ်ကြပါတယ်။

ဒီတော့ ဒီအမြင်နဲ့ ကြည့်မယ်ဆိုရင် နိုင်ငံရေးပညာလေ့လာတယ်ဆိုတာ အစိုးရကို လေ့လာတာဖြစ်ပြီး၊ ကျယ်ကျယ်ပြန့်ပြန့်ထပ်ချဲ့လိုက်ရင် အာဏာကျင့်သုံးမှုကို လေ့လာတာလို့ ဆိုနိုင်လာပါတယ်။ ဒီအမြင်ကို ခိုင်ခိုင်မာမာ ဆိုခဲ့သူကတော့ အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင် ဒေးဗစ်အီစတန်ပါ။ သူက နိုင်ငံရေးဆိုတာ လူထုက ပေးလာတဲ့ ဖိအားတွေကို အစိုးရက ဆုပေး၊ ဒဏ်ပေးတာတွေ ပြုလုပ်ပြီး တုန့်ပြန်ဆောင်ရွက်တဲ့ ဖြစ်စဉ်ပေါင်းများစွာ ပါဝင်တဲ့ “တန်ဖိုးတွေကို အာဏာကျင့်သုံးပြီး ခွဲဝေခြင်း“ လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ ဒီအခါမှာ အာဏာကျင့်သုံးမှုတန်ဖိုးဆိုတာကို လူအဖွဲ့အစည်းက ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာတာဖြစ်တယ်လို့ သူက ဆိုထားပါတယ်။ ဒါကို ထပ်ချဲ့ပြီး ကြည့်မယ်ဆိုရင် နိုင်ငံရေးဆိုတာ လူ့အဖွဲ့အစည်းတခုလုံးရဲ့ လုပ်ငန်းဆောင်တာ စီမံချက်တွေကို အာဏာကျင့်သုံးပြီး ချမှတ်ပေးတဲ့ ဆုံးဖြတ်ချက်၊ မူဝါဒတွေနဲ့ ဆက်စပ်လာပါတယ်။

ဒေးဗစ်အီစတန်တဲ့ ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပညာရှင်အများအပြားက ကန့်ကွက်ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်က နိုင်ငံရေးကို ကျဉ်းမြောင်းတဲ့ အမြင်ရှုထောင့်ကနေ ရှုမြင်မှုကို ဖြစ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတဲ့ အဓိပ္ပာယ်ကို ကျဉ်းမြောင်းတဲ့ အမြင်နဲ့ ရှုမြင်သူများဟာ နိုင်ငံရေးဆိုတာ Polity အတွင်းမှာပဲ ရှိတယ်လို့ မြင်ကြပါတယ်။ Polity ဆိုတာက အစိုးရလည်ပတ်မှုယန္တရားအပေါ်မှာ အခြေတည်ထားတဲ့ လူမှုအဖွဲ့အစည်း စနစ်တရပ်ဖြစ်ပါတယ်။ နိုင်ငံရေးတွေးခေါ်ပညာရှင် အရစ္စတိုတယ်ကတော့ ဒါကို လူအားလုံးရဲ့ အကျိုးစီးပွားအတွက် လူမှုအဖွဲ့အစည်းတရပ်ကနေ နိုင်ငံရေးအာဏာကျင့်သုံးပြီး အုပ်ချုပ်တာလို့ ဖွင့်ဆိုထားခဲ့ပါတယ်။

ဒီလို နိုင်ငံရေးဆိုတာ Polity အတွင်းမှာပဲ ရှိတယ်လို့ ရှုမြင်တယ်ဆိုရင်တော့ နိုင်ငံရေးလုပ်ငန်း ဆောင်တာတွေကို ကက်ဘိနက်ထဲမှာ၊ ဥပဒေရေးရာချိန်ဘာတွေထဲမှာ၊ အစိုးရဌာနဆိုင်ရာတွေမှာ နိုင်ငံရေးသမားတွေကပဲ ကျင့်သုံးနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီအခါမှာ စီးပွားရေးလုပ်ငန်းတွေ၊ ကျောင်းတွေ၊ တခြားပညာရေး အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ မိသားစုတွေက နိုင်ငံရေးပြင်ပကို ရောက်သွားသလို ဖြစ်နေပါတယ်။ ဒီအမြင်ဟာ အစိုးရမှာ မပါဝင်တဲ့ လူအများကို နိုင်ငံရေးပြင်ပကို ဖယ်ထုတ်ထားတာကြောင့် ကျဉ်းမြောင်းတဲ့ နိုင်ငံရေးအမြင်လို့ လူအများက သတ်မှတ်ကြပါတယ်။ အစိုးရပိုင်းဆိုင်ရာ တာဝန်ယူနေသူတွေကပဲ နိုင်ငံရေးနဲ့ ဆိုင်သလိုဖြစ်နေတဲ့ ဒီအမြင်ထက် ပိုမိုကျယ်ပြန့်တဲ့ နောက်ထပ်အမြင်တခုကတော့ နိုင်ငံရေးဆိုတာ အများနဲ့ ဆိုင်တယ်ဆိုတဲ့ အမြင်ပဲ ဖြစ်ပါတယ်။
နိုင်ငံရေးဆိုတာ လူအများနဲ့ ဆိုင်တဲ့ ပြည်သူ့ရေးရာဖြစ်တယ်

ဒီအမြင် မြစ်ဖျားခံလာတာကတော့ ဂရိနိုင်ငံရေးတွေးခေါ်ပညာရှင် အရစ္စတိုတယ်ရဲ့ “လူဆိုတာ နိုင်ငံရေးသတ္တ၀ါဖြစ်တယ်“ ဆိုတဲ့ အဆိုအမိန့် အပေါ်မှာ ဖြစ်ပါတယ်။ ဒီတော့ လူဆိုတာ နိုင်ငံရေးသတ္တ၀ါဖြစ်တာကြောင့် နိုင်ငံရေးဆိုတာ လူအများနဲ့ ဆိုင်တဲ့ ပြည်သူ့ရေးရာလို့ ရှုမြင်လာတဲ့အခါမှာ နိုင်ငံရေးရာလား၊ နိုင်ငံရေးရာ မဟုတ်ဘူးလားဆိုတဲ့ ခွဲခြားမှုဟာ ကိုယ်ပိုင်ဘ၀ (private life) နဲ့ အများဆိုင်ဘ၀ (public life) ခွဲခြားမှုအပေါ်မှာ မူတည်လာပါတယ်။

ကိုယ်ပိုင်ဘ၀နဲ့ အများဆိုင်ဘ၀ကို အစဉ်အလာအရ ခွဲခြားမှုကတော့ နိုင်ငံတော်နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society) အနေနဲ့ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ဆိုင်တဲ့ အစိုးရယန္တရား၊ တရားရုံး၊ ရဲအဖွဲ့၊ စစ်တပ်၊ လူမှုဖူလုံရေးစနစ် စတာတွေက လူအဖွဲ့အစည်းတခုလုံးအပေါ်မှာ တာဝန်ရှိတာမို့ အများဆိုင်ဘ၀ လို့ သတ်မှတ်ပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းမှာကျတော့ မိသားစု၊ မျိုးနွယ်စု၊ ကိုယ်ပိုင်စီးပွားရေး၊ ကုန်သွယ်မှုအသင်းအဖွဲ့၊ လူမှုအဖွဲ့အစည်း စတာတွေ ပါဝင်ပြီး၊ ဒါတွေကို နိုင်ငံတော်က တည်ထောင်တာမဟုတ်ပဲ ပြည်သူပြည်သားတွေက ဖွဲ့စည်းတည်ထောင်တာ ဖြစ်တဲ့အတွက် ကိုယ်ပိုင်ဘ၀လို့ သတ်မှတ်ပါတယ်။ Edmund Burke ကတော့ သေးငယ်တဲ့ တပ်စုလေးတွေလို့ ခေါ်ဆိုပါတယ်။ ဒီလိုခွဲခြားမှုအပေါ်မှာ အခြေခံမယ်ဆိုရင်တော့ နိုင်ငံရေးဆိုတာ နိုင်ငံတော်က ထမ်းဆောင်တဲ့ လုပ်ငန်းဆောင်တာ တာဝန်ဝတ္တရားတွေနဲ့ပဲ ပတ်သက်ပြီး၊ လူတဦးချင်းစီရဲ့ စီးပွားရေး၊ လူမှုရေး၊ အိမ်တွင်းရေး၊ ကိုယ်ရေးကိုယ်တာ၊ ယဉ်ကျေးမှုရေး စတာတွေက နိုင်ငံရေးမဟုတ်ပါဘူး။

သို့ပေမယ့်လဲ အရပ်ဘက်လူ့အဖွဲ့အစည်းဆိုတာက နိုင်ငံတော်နဲ့သာ ခွဲခြားလို့ရပေမယ့် လူအများနဲ့ကျတော့ ခွဲခြားလို့ မရပြန်ပါဘူး။ ဘာလို့လဲဆိုတော့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေဟာ လူအများကြားမှာ ပါဝင်ပတ်သက်ပြီး လူအများနဲ့ သက်ဆိုင်နေလို့ပဲ ဖြစ်ပါတယ်။ ဒီအခါမှာ ခေတ်သစ်နိုင်ငံရေးပညာက ကိုယ်ပိုင်ဘ၀နဲ့ အများဆိုင်ဘ၀ဆိုတာကို ခွဲခြားမှုသဏ္ဍာန်သစ်တမျိုးနဲ့ ချဉ်းကပ်လာပါတယ်။ အများဆိုင်ဘ၀ဆိုတာဟာ နိုင်ငံရေး၊ ကုန်သွယ်ရေး၊ အလုပ်အကိုင်၊ အနုပညာ၊ ယဉ်ကျေးမှုအားလုံးနဲ့ သက်ဆိုင်ပြီး၊ ကိုယ်ပိုင်ဘ၀ကတော့ မိသားစုနဲ့ အိမ်တွင်းရေးရာတွေနဲ့ သက်ဆိုင်တဲ့ ဆိုတဲ့ သဏ္ဍာန်ပါ။

ဒီသဏ္ဍာန်ကို အမျိုးသမီးဝါဒီတွေက ဝေဖန်ကြပါတယ်။ နိုင်ငံရေးဆိုတာ အိမ်ရှေ့တံခါးမှာတင် ရပ်တန့်သွားပြီး မိသားစုရေးရာတွေ၊ အိမ်တွင်းရေးရာတွေ၊ တဦးနဲ့တဦးဆက်ဆံရေးတွေနဲ့ မပတ်သက်ဘူးဆိုလိုသလို ဖြစ်နေကြောင်း သူတို့ကဆိုပါတယ်။ လူတယောက်က မိမိအိမ်မှာ အိမ်ထောင်ဘက်ဖြစ်သူကို လိမ်ညာလှည့်ဖျားတာ၊ ရိုက်နှက်နှိပ်စက်တာ၊ သားငယ်သမီးငယ်တွေကို ရိုက်နှက်ညှဉ်းပန်းတာတွေ လုပ်နေမယ်ဆိုရင် ဒါတွေကို ကိုယ်ပိုင်ဘ၀ရေးရာလို့ပဲ သတ်မှတ်လို့ မရနိုင်ကြောင်း သူတို့က မီးမောင်းထိုးပြကြပါတယ်။

နိုင်ငံရေးဆိုတာ ပြည်သူ့ရေးရာ ဖြစ်တယ်ဆိုတဲ့ ဒီအမြင်နဲ့ ပတ်သက်ပြီး အကောင်းမြင်သူရော၊ အဆိုးမြင်သူတွေပါ ရှိပါတယ်။ အရစ္စတိုတယ် ခေတ်မှာတုန်းကတော့ နိုင်ငံရေးဆိုတာ ပြည်သူတွေရဲ့ အရေးကို ဆောင်ကျဉ်းပေးတာကြောင့် အင်မတန်မြင့်မြတ်ပြီး၊ တိုးတက်တဲ့ လူ့ဘောင်သစ်ကို ဖော်ဆောင်ပေးတဲ့ လုပ်ငန်းဆောင်တာတရပ်အနေနဲ့ သတ်မှတ်ကြပါတယ်။ ဒါကို ဂျာမန်နိုင်ငံရေးသီအိုရီပညာရှင်နဲ့ တွေးခေါ်ပညာရှင်ဖြစ်တဲ့ Hanna Arendt က ထောက်ခံခဲ့ပါတယ်။ သူမရဲ့ The Human Condition (1958) စာအုပ်ထဲမှာ နိုင်ငံရေးဆိုတာ လွတ်လပ်ပြီး တန်းတူညီမျှတဲ့ လူသားတွေရဲ့ ဆက်နွယ်မှုဖြစ်တာကြောင့် လူမှုလုပ်ငန်းဆောင်တာတွေအားလုံးရဲ့ အရေးအကြီးဆုံး လုပ်ငန်းဆောင်တာ အနေနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။ နိုင်ငံရေးသီအိုရီပညာရှင်ကြီးတွေဖြစ်တဲ့ Jean-Jacques Rousseau နဲ့ John Stuart Mill တို့ကလဲ ဒီလို အဆိုတွေ ဆိုခဲ့ကြဖူးပါတယ်။ Rousseau က နိုင်ငံသားတွေရဲ့ နိုင်ငံရေးရာတွေမှာ တိုက်ရိုက်စဉ်ဆက်မပြတ် ပါဝင်ပတ်သက်မှုကသာ နိုင်ငံတော်ကို အများနဲ့ ဆိုင်တဲ့ အကျိုးစီးပွား (common good) တနည်းဆိုရင် အများသဘောတူတဲ့ ဆန္ဒ(general will) ကို ဖြည့်ဆည်းဆောင်ကျဉ်းပေးနိုင်မယ်လို့ ဆိုပါတယ်။ Mill ရဲ့ အမြင်အရလဲ ပြည်သူ့ရေးရာတွေမှာ ပါဝင်ပတ်သက်မှု၊ တနည်းဆိုရင် နိုင်ငံရေးပါဝင်ပတ်သက်မှုဟာ လုတဦးချင်း၊ တယောက်ချင်းရဲ့ စိတ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ၊ မြော်မြင်တွေးခေါ်မှုဆိုင်ရာတွေကို တိုးမြှင့်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီအမြင်ကို လစ်ဘရယ်သီအိုရီပညာရှင်တချို့က ဆန့်ကျင်ကြပါတယ်။ သူတို့အဆိုအရ ကိုယ်ပိုင်ဘ၀ဆိုတာ ရွေးချယ်မှု၊ တဦးချင်းလွတ်လပ်မှု၊ တဦးချင်း တာဝန်တွေနဲ့ စပ်ဆိုင်တဲ့ အရာဖြစ်တာကြောင့် စီးပွားရေး၊ မိသားစုဘ၀နဲ့ အားကစားရေးရာတွေမှာ နိုင်ငံရေးကို ဖယ်ထုတ်ထားသင့်တယ်လို့ ဆိုကြပါတယ်။ ဒီရေးရာတွေမှာ နိုင်ငံရေးပါဝင်တဲ့အခါကျရင် စီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုလုပ်ကိုင်မယ်၊ ကလေးသူငယ်တွေကို ဘယ်လိုပြုစုပျိုးထောင်မယ်၊ အားကစားကို ဘယ်လိုကစားမယ်၊ ဘယ်သူတွေနဲ့ ကစားမယ်စတဲ့ ရွေးချယ်ခွင့်တွေမှာ လွတ်လပ်စွာရွေးချယ်ခွင့်မရှိပဲ ၀င်ရောက်စွက်ဖက် သလို ဖြစ်စေနိုင်တယ်လို့ သူတို့ ဆိုကြပါတယ်။ သူတို့ရဲ့အမြင်အရတော့ ကိုယ်ရေးကိုယ်တာတွေကိစ္စရပ်တွေမှာ နိုင်ငံရေးဆိုတာ မလိုလားအပ်တဲ့ ၀င်ရောက်စွက်ဖက်နှောင့်ယှက်မှုအဖြစ် တွေးမြင်ကြပါတယ်။

နိုင်ငံရေးဆိုတာ အပေးအယူ၊ အလျှော့အတင်းပြုလုပ်မှု (compromise) နဲ့ အများသဘောတူလက်ခံမှု (consensus) ဖြစ်တယ် (နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေတွေကို ပြုလုပ်တဲ့ အနုပညာတရပ်ဖြစ်တယ်)

ဒီအမြင်ရှုထောင့်အရဆိုရင် နိုင်ငံရေးဆိုတာ ပဋ္ဋိပက္ခတွေကို ဖြေရှင်းတာဖြစ်ပါတယ်။ ဒီလိုဖြေရှင်းတဲ့အခါမှာ အင်အားသုံးဖြေရှင်းမှု၊ အာဏာကို ပရမ်းပတာ အသုံးပြုမှုမဟုတ်ပဲ အပေးအယူ၊ အလျှော့အတင်းပြုလုပ်တာ၊ ပြန်လည်သင့်မြတ်ရေးပြုလုပ်တာ၊ ညှိနှိုင်းဆောင်ရွက်တာတွေ ဖြစ်ပါတယ်။ တနည်းဆိုရင်တော့ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေတွေကို ပြုလုပ်တဲ့ အနုပညာတရပ်လို့ ခေါ်ဆိုတာဖြစ်ပါတယ်။ ဒီအမြင်ဟာ ဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတွေရဲ့ နိုင်ငံရေးရာပြဿနာတွေကို အဖြေရှာမှုသဏ္ဍာန်တွေကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာတွေကို အဖြေရှာတဲ့အခါမှာ စစ်ရေးနည်းလမ်းနဲ့ မဖြေရှင်းပဲ ငြိမ်းချမ်းတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာမှုတွေ၊ အပြန်အလှန်သဘောတူလက်ခံမှုတွေနဲ့ အဖြေရှာသင့်တယ်ဆိုတဲ့ သဏ္ဍာန်ဖြစ်ပါတယ်။ ဒီနေရာမှာ အများသဘောတူလက်ခံမှု (consensus) ဆိုတာက သာမန် သဘောတူညီမှု (agreement) ကို ဆိုလိုတာ မဟုတ်ပါဘူး။ အများသဘောတူလက်ခံမှုဆိုတဲ့သဘောတရားမှာ လူအများ၊ အုပ်စုအများအပြားက ကျုယ်ကျယ်ပြန့်ပြန့် သဘောတူညီမှု၊ အခြေခံသဘောတရားများပါဝင်မှု စတာတွေ ပါဝင်ပါတယ်။

ဒါကြောင့် အများသဘောတူလက်ခံမှုဆိုတာမှာ တချို့သော အကြောင်းအရာ၊ သဘောတရားတွေ ကွဲပြားမှုကို အတိုင်းအတာ တခုအထိ လက်ခံပေးမှု ပါဝင်ပါတယ်။ အဲဒီမှာ ဆုံးဖြတ်ချက်ချမှတ်ရာမှာ အကြံပြုမှု၊ အပေးအယူပြုမှုတွေအပေါ် အခြေတည်ပြီး ပြုလုပ်တဲ့ procedural consensus ဆိုတာရှိသလို၊ အခြေခံ မူဝါဒရေးရာတွေမှာ သဘောတူညီမှုနဲ့ မတူညီတဲ့ အိုက်ဒီယိုလော်ဂျီရပ်တည်မှုတွေကို ညှိနှိုင်းဆောင်ရွက်တဲ့ sustantive consensus ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီလို အများသဘောတူလက်ခံမှုတွေ ပေါ်ထွက်လာအောင်ပြုလုပ်ခြင်းကို နိုင်ငံရေးလုပ်ခြင်းအနေနဲ့ အချို့က ရှုမြင်သုံးသပ်ကြတာဖြစ်ပါတယ်။

ဒီအမြင်မှာ အရစ္စတိုကရေစီနဲ့ ဒီမိုကရေစီ သွင်ပြင်လက္ခဏာတွေ ပေါင်းစပ်ပါဝင်နေပါတယ်။ ဒီအမြင်ကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားတင်ပြခဲ့သူကတော့ Bernard Crick ပါ။ သူ့ရဲ့ In Defence of Politics မှာ ဘားနတ်က နိုင်ငံရေးဆိုတာ မတူညီတဲ့ အကျိုးစီးပွား၊ ရပ်တည်ချက်တွေကို ကိုင်ဆောင်ထားသူတွေအကြားမှာ အများပြည်သူတရပ်လုံးရဲ့ အကျိုးစီးပွားနဲ့ ရှင်သန်ရပ်တည်မှုကို ဦးစားပေးပြီး အာဏာခွဲဝေကျင့်သုံးဖို့ ညှိနှိုင်းဆောင်ရွက်တဲ့ လုပ်ငန်းဆောင်တာအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ ဒီအမြင်က လစ်ဘရယ်- ရာရှင်နယ်လစ် အခြေခံသဘောတရားတွေမှာ အခြေခံပြီး ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီအမြင်မှာ အားနည်းချက်နှစ်ခုရှိပါတယ်။ ဒီအမြင်က လူ့အဖွဲ့အစည်းအတွင်းမှာ ဆွေးနွေးညှိနှိုင်းမှု၊ သဘောမတူညီမှုတွေကို လူကြီးလူကောင်းဆန်ဆန် ငြင်းခုံဆွေးနွေးတတ်မှုရှိတဲ့ နိုင်ငံရေးယဉ်ကျေးမှုထွန်းကားနေတယ်လို့ ကြိုတင် ထင်မြင်သတ်မှတ်ချက်အပေါ်မှာ အခြေတည် ထားပါတယ်။ နောက်တချက်က လူ့အဖွဲ့အစည်းအတွင်းမှာ အများသဘောတူလက်ခံမှု ထွက်ပေါ်လာ အောင် ဆွေးနွေးပြီးလုပ်ယူလို့ရတယ်ဆိုတဲ့ ယုံကြည်ချက်ပါဝင်ပါတယ်။ ဒါကြောင့် ဒီအမြင်ဟာ ရွေးကောက်ပွဲတရားမျှတမှု၊ ပါတီများလွတ်လပ်စွာဖွဲ့စည်းတည်ထောင်ယှဉ်ပြိုင်ခွင့် စတာတွေအပေါ်မှာ အခြေတည်တဲ့ အနောက်နိုင်ငံလူ့အဖွဲ့အစည်းနဲ့ အစိုးရစနစ်တွေအတွက်ပဲ ပိုမိုသင့်တော်တယ်လို့ ပညာရှင်များက သတ်မှတ်ကြပါတယ်။ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေတွေကိုပဲ ပြုလုပ်တဲ့ အနုပညာတရပ်ဆိုတဲ့ ဒီအမြင်ကို တပါတီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေနဲ့ စစ်အာဏာရှင်နိုင်ငံတွေမှာ အသုံးပြုလို့ မရနိုင်ကြောင်း ပညာရှင်များက ထောက်ပြပြောဆိုထားခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံတွေမှာ ရွေးကောက်ပွဲ တရားမျှတမှု၊ ပါတီများလွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ယှဉ်ပြိုင်ခွင့် ဆိုတာတွေ မရှိတဲ့အပြင်၊ ဆွေးနွေးညှိနှိုင်းတတ်မှု၊ သဘောမတူညီမှုတွေကို လူကြီးလူကောင်းဆန်ဆန် ငြင်းခုံဆွေးနွေးတတ်မှုရှိတဲ့ နိုင်ငံရေးယဉ်ကျေးမှု ကလဲ မထွန်းကားနိုင်သေးလို့ပဲ ဖြစ်ပါတယ်။

နိုင်ငံရေးအပေးအယူပြုလုပ်မှုဆိုတာမှာ နှစ်ဦးနှစ်ဘက်စလုံးက မိမိတို့ရဲ့ ရပ်တည်ချက်အမြင်တွေကို လျှော့ချပြီး အပေးအယူပြုလုပ်ရတာကြောင့် နှစ်ဘက်စလုံးမှာ ကျေနပ်နှစ်သိမ့်မှုရှိမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘက်တဘက်ရဲ့ အဆိုပြုချက်၊ လုပ်ငန်းဆောင်တာ၊ လမ်းကြောင်းမှာပဲ ပါဝင်ဆောင်ရွက်ရတာဆိုရင်တော့ ဒါကို နိုင်ငံရေးအပေးအယူပြုလုပ်ခြင်းလို့ မခေါ်ဆိုနိုင်ပါဘူး။ နိုင်ငံရေးအရ အရှုံးပေးပြီး၊ တဘက်ရဲ့ လမ်းကြောင်းမှာ ပါဝင်ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးပြီး၊ နှစ်ဘက်စလုံးက အပေးအယူ၊ အလျှော့အတင်းလုပ်ပြီး နောက်ပိုင်းမှာမှ အများသဘောတူလက်ခံတဲ့ procedural consensus, sustantive consensus ကို ကိုင်ဆောင်ပြီး လမ်းကြောင်းသစ်တခုကို ဖော်ဆောင်ခြင်းကသာ နိုင်ငံရေးအရ ဖြစ်နိုင်ချေတွေကို ပြုလုပ်ခြင်းလို့ ခေါ်ဆိုနိုင်တာဖြစ်ပါတယ်။ တပါတီစနစ်နဲ့ စစ်အာဏာရှင်စနစ်နိုင်ငံတွေမှာ ဒီလိုအခြေအနေ ဖြစ်ထွန်းနိုင်ချေ နည်းပါးတာကြောင့်” နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေတွေကို ပြုလုပ်တဲ့ အနုပညာတရပ်ဖြစ်တယ် ” ဆိုတဲ့ ဒီအမြင်နဲ့ အာဏာရှင်နိုင်ငံများရဲ့ နိုင်ငံရေးကို ဆုံးဖြတ်လုပ်ကိုင်လို့ မရကြောင်း နိုင်ငံရေး ပညာရှင်တွေက လေ့လာဖော်ပြခဲ့ကြပါတယ်။


(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၁၇၊၉၊ ၂၀၀၉)

နိုင်ငံရေး အကျဉ်းသားဟောင်းများစွာ ဘ၀ပျက်ခဲ့ဟု မင်းကိုနိုင် ပြော


by Myat Thi Ha on Wednesday, February 1, 2012 at 7:40am
By featured, လင်းသန့် on February 1, 2012 4:25 pm in သတင်း

စစ်အာဏာရှင် စနစ်ကြောင့် နိုင်ငံရေး အကျဉ်းသားဟောင်း များစွာ၏ဘ၀ ပျက်ခဲ့ရကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားသည်။
“ဘ၀ပျက်ခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အနေနဲ့ ကိုယ့်အချင်းချင်း ရိုင်းပင်းကူညီနိုင်ကြဖို့ အချင်းချင်း ကွက်လပ်တွေ ဖြည့်ဖို့ လိုတယ်”ဟု လည်း ယမန်နေ့က ရန်ကုန်မြို့ အင်းလျားကန် စိမ်းလန်း စိုပြည် ဥယျာဉ်တွင် ကျင်းပသော နိုင်ငံရေး အကျဉ်းသား ဟောင်းများ ကြိုဆိုတွေ့ဆုံပွဲ အခမ်းအနားတွင် ၎င်းက ထည့်သွင်း ပြောကြားသည်။


ယမန်နေ့က ကျင်းပသော နိုင်ငံရေး အကျဉ်းသားဟောင်းများ ကြိုဆိုတွေ့ဆုံပွဲ၌ တွေ့ရသည့် ကိုမင်းကိုနိုင် (ဓာတ်ပုံ - မိုးမခ)

အဆိုပါ အခမ်းအနားတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့က အမှာစကားများ ပြောကြား ခဲ့ပြီး မကြာခင်က ပြန်လည်လွတ်မြောက်လာသည့် ကိုဝင်းမော်(ရွှေသံစဉ်)လည်း တက်ရောက်၍ ဂီတ အနုပညာရှင် ကိုရဲလွင်၊ ကိုနေ၀င်း တို့နှင့်အတူ တေးဂီတဖြင့် ဖျော်ဖြေသည်။


ကိုမင်းကိုနိုင်ကလည်း သရက်အကျဉ်းထောင်တွင် စပ်ဆိုခဲ့သည့် သီချင်းတပုဒ်ကို မျိုးဆက်သစ် လူငယ်များ အစည်းအရုံးမှ လူ ငယ် တဦး၊ ကိုမင်းကိုနိုင်၏ ညီမငယ် မသန္တာ အပါအ၀င် နိုင်ငံရေးအကျဉ်းသား ညီအစ်ကို မောင်နှမများနှင့် သီဆိုဖျော်ဖြေခဲ့
ကြောင်း သိရသည်။
ဒီမိုကရေစီရေးအတွက် ဘ၀များကို စွန့်လွှတ် ဆောင်ရွက်ရင်း အကျဉ်းကျခဲ့ကြရသည့် နိုင်ငံရေး အကျဉ်းသား ဟောင်းများအနေဖြင့် ဘ၀ရှင်သန် ရပ်တည်ရေး၊ အနာဂတ်ဘ၀ ထူထောင်ရေးတို့ အတွက် အခက်အခဲများ ရှိနေ၍ အချင်းချင်း ရိုင်းပင်း ကူညီသွားနိုင်ရန် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်သည်ဟု ပွဲစီစဉ်သူ တဦးဖြစ်သည့် နိုင်ငံရေး အကျဉ်းသူဟောင်း မဇင်မာအောင်က ဧရာဝတီကို ပြောသည်။

ကိုကိုကြီးကလည်း“လက်တွေ့ ထိထိရောက်ရောက် ကူညီပေးနေကြတဲ့ မျိုးဆက်သစ်တွေ၊ တခြား ကူညီပေးနေကြတဲ့ ညီ အစ်ကို တွေ၊ ညီနောင်တွေ၊ သူတို့တွေကိုလည်း အလေးအနက် ဂုဏ်ပြုတဲ့အကြောင်း၊ တန်ဖိုးထားတဲ့ အကြောင်း အခမ်း အနားမှာ ကျနော်ပြောပါတယ်”ဟု ပြောသည်။
ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ရေး အတွက် သံတိုင်နှင့် အုတ်နံရံ ပုံသဏ္ဌာန် ကိတ်မုန့်ပေါ်တွင် ဖယောင်းတိုင်ထွန်း ဆုတောင်းခြင်း၊ မီးထွန်းညှိထားသော ဖယောင်းတိုင်များကို ရေမျှော ဆုတောင်းခြင်းများ ပြုလုပ်ကြောင်းလည်း သိရသည်။

ယမန်နေ့ က အခမ်းအနား ၌ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း လက်မှတ်ထိုး လှုပ်ရှားမှု လုပ်ဆောင်ခဲ့သူများ ၏ အမှတ်တရ ပစ္စည်းကိုလည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ပေးအပ်ခဲ့သည်။
“ဧရာဝတီ မြစ်ကြီးဟာ ငါတို့ အသွေးအသားနဲ့ထပ်တူပြုပြီး ခံစားကြမယ်ဆိုတဲ့ ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ခဲ့ကြတဲ့အတွက် ကြောင့် နိုင်ငံတော် သမ္မတကိုယ်တိုင် ဆည်စီမံကိန်းကြီးကို ရပ်တန့်ပစ်ခဲ့ရတဲ့အထိ အောင်ပွဲခံနိုင်ခဲ့တာဟာ တမျိုးသားလုံး စည်း လုံး ညီညွတ်မှုကို ပြသတာပဲ”ဟု ကိုကိုကြီး က ပြောသည်။

အဆိုပါ အခမ်းအနားကို ဦးဆောင်ကျင်းပကြသူများမှာ ဦးစွာလွတ်မြောက်ပြီးနှင့်သော နိုင်ငံရေးအကျဉ်းသား ဟောင်းများဖြစ်ပြီး အချင်းချင်း ရိုင်းပင်းကူညီနိုင်ရန် စုဖွဲ့ထားကြသူများ ဖြစ်သည်။

ကိုကိုကြီးက“ကျနော်တို့ ဆုံးရှုံးနစ်နာခဲ့ရတာတွေ သား မြေးတွေအထိ ဆက်ပြီး ခံစားရမယ့် ဝေဒနာတွေကို ကျနော်တို့ လက် ထက် မှာ နုတ် ပယ်ပေးဖို့၊ ဖြေလျော့ ပေးဖို့ အားလုံး တပေါင်းတစည်းတည်း ဝိုင်းဝန်းကြိုးပမ်း ကြပါစို့ လို့ တိုက်တွန်းပါတယ်”ဟု အခမ်းအနား တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကျော် လွတ်မြောက်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

Burma reveals external debt of $US11bn

Burma owes $US11 billion ($A10.4 billion) in sometimes-decades-old foreign debt and is negotiating with Japan and Italy to repay the outstanding sums, the finance minister says, disclosing the country's external debt for the first time in recent years.
Burma's economy was stunted for many years by mismanagement and by Western sanctions imposed as the long-ruling military failed to implement democratic reforms. The military-backed but elected government that took office last year has pushed political and economic changes.
Finance Minister Hla Tun told Parliament that as Burma makes reforms and expands its international relations, it has begun discussions on the debt with multilateral institutions and donor nations, including Japan and Italy.
He revealed the figures in Parliament on Tuesday, and politician Thein Nyunt recounted details to The Associated Press on Wednesday.
Hla Tun said $8.4 billion in debt dated from the socialist regime of the late General Ne Win between 1962-1988, and a $2.61 billion debt was incurred after a military junta took over in 1988, making a total of $11.023 billion.
He said the pre-1988 debt represented bilateral loans and borrowing from multilateral institutions that the government was unable to pay because loans and grants were stopped after the junta violently quashed a 1988 pro-democracy uprising. Available revenue at the time went into development projects.
The largest creditor before 1988 is Japan, with loans of $6.39 billion, he said, and the biggest post-1988 creditor is China with $2.13 billion.

Military-Backed Rule Blurs Hopes for Democracy in Burma

Burmese democracy icon Aung San Suu Kyi (R) gives a speech to supporters of her National League for Democracy (NLD), with another party candidate Phyu Phyu Thin beside her, during the opening of an NLD office in Rangoon, on Jan. 17. (AFP/AFP/Getty Images)
Nearly unimaginable a year ago, the recent reforms in Burma—releasing political prisoners, allowing democracy icon Aung San Suu Kyi to run for Parliament, loosening censorship, and holding peace talks with armed ethnic groups—have been widely lauded and even rewarded by Western governments. In the last month, the United States restored diplomatic relations with Burma (also called Myanmar), and the EU removed travel bans on top officials.
Yet the reforms are inherently fragile, supported only by good will, and not rule of law. The country’s less than democratic constitution and the lack of transparency over who is really governing the country, means that any change could be reversed at any moment.
“If we are saying we are going toward democracy, these undemocratic elements in the constitution have to change,” says Dr. Sein Win, Burma’s prime minister-in-exile, who lives in Washington, D.C.
Dr. Sein Win, a first cousin to Suu Kyi, is chairman of the National Coalition Government of the Union of Burma (NCGUB), the government-in-exile. The NCGUB was formed in the aftermath of the 1990 general election that Suu Kyi and her National League for Democracy (NLD) party won by a landslide and the junta ignored.

Suu Kyi can initiate the changes but the president has to drive them. If he is not interested in these changes, it is not going to happen. But I think he is.

— Paul Copeland, Toronto-based lawyer
A guiding principle of the NCGUB is that once democracy and human rights are restored in Burma it will dissolve. That time has yet to come.
Under Burma’s Constitution—drafted by the military generals in 2008 and endorsed in a sham referendum—the military has an enshrined role in political leadership in the form of the National Defense and Security Council (NDSC), a permanent military institution.
The NDSC has 11 members, including the president, two vice presidents, the commander in chief, his deputy, and two speakers, and four key ministers—foreign affairs, home affairs, defense, and border affairs. The latter three ministries all go to the military, or “Tatmadaw,” effectively giving them majority voice in the council.


Moreover, 25 percent of seats in the national Parliament and regional assemblies are also reserved for Tatmadaw members.
And although the president appoints the commander in chief, the military chief has a strong say in ruling the country through his ministers. He can also suspend all “fundamental rights” “if necessary” during an emergency, although formally he needs presidential approval.
After the November 2010 election, the country’s first in 20 years, the ruling junta was dissolved and power was handed to a quasi-civilian government under President Thein Sein, a former general. The 2008 constitution also remains in place.
Win says the real power in Burma, therefore, is still in the hands of the army, which means that without the agreement of the commander in chief, nothing substantial can happen.
It is possible, the army supports democratic reform, but Win says without a real change to the constitution, those reforms can be reversed at any time.
“Only reforms are not enough—they have to be backed by law,” said the PM-in-exile.
Achieving this is what’s tricky. Tim Aye-Hardy, director of the New York-based Burma Global Action Network, describes the current constitution as intentionally designed to create significant confusion and a lack of consistency between the president, parliament, and the military.
“This is what they [the generals] have planned for so long to happen and I feel like the international community and Daw Suu are somehow compelled to play along with it.” Daw is an honorific affectionately used to refer to Suu Kyi.
Following the plan, Suu Kyi and the NLD are allowed to run for government in by-elections in April. Out of 664 seats in Parliament, 48 are vacant. If elections are fair, the NLD can be expected to win all of them.
Continued: Window of Opportunity 

လူထု ဆိုတိုင်းလည်း ……




ဒေါ်စု ထားဝယ်ကိုခရီးထွက်တဲ့ ပုံတွေကိုမြင်ရတော့ ဘယ်လိုကြည်နူးမိမှန်းမသိ
ထွက်ကြိုတဲ့ လူထုကြီးဟာ လူပင်လယ်တမျှ အဆုံး..အစ… မရှိပါလား
လူထုချစ်တဲ့ ….. လူထုခေါင်းဆောင်ဆိုတာ ဒါပါလားနော်လို့် အံ့သြော မဆုံးဖြစ်မိတယ်

အင်္ဂလိပ်စကားးမှာလည်း A picture is worth a thousand words ဆိုတာရှိပါတယ်
အဟုတ်ပဲ ဒေါ်စု ကိုကြိုနေကြတဲ့ လူထုကြီး ဟာ ကြောက်ခမန်းလိလိ များလိုက်ပါဘိ
ဒါမှ လူထုအစစ်ကွ လို့ ဟစ်ကြွေးမိရင်း အတွေးတစ်ခုဟာ ဖြတ်ခနဲ ဖြစ်ပေါ်လာမိတယ်

ထောင်ကထွက်လာတော့ ဆိုရှယ်လစ် ခေတ်မှာ ဘယ်ဌါနမှာမှ အလုပ်မရနိုင်တာကြောင့် အမေက ရှိတာလေးရောင်းပြီး
အရင်းတည်ပေးတာကြောင့် ပလပ်စတစ်စက်ရုံလေးထောင်မိတယ်။ လက်လှမ်းမှီရာလေးရောင်းရတော့ marketing ဆိုတာဘယ်နားလည်ပါ့မလဲ။
အမေရိကားရောက်တော့ Product ကိုင်ရရုံမက end-to-end ကိုင်ရမှ marketing ကိုနားလည်လာရတော့တယ်။
ဒီကမှ တဆင့် Brand Marketing ကိုကောင်းကောင်း နားလည်လာရတော့တယ်။

အထူးသဖြင့် Consumer goods လို့ခေါ် ကြတဲ့ လူသုံးကုန်ပစ္စည်းမှာ Brand marketing ဟာ သိပ်အရေးကြီးပါတယ်
Super market ၊ ဒါမှမဟုတ် grocery stores တွေသွားရင် စားသုံးသူတွေဟာ မသိစိတ်က နှိုးဆော်လို့ ကိုယ်သိဖူး မြင်ဖူး တဲ့ brand ကိုအရင် (စ)ကိုင်ကြတယ်တဲ့
ဒါငွေအကုန်ခံ ပြီးသုတေသန ပြုထားတာကြောင့် ရလာတဲ့ (အသိ) တွေပါ။
ဒါကြောင့် ထုတ်လုပ်သူတွေဟာ ငွေကြေးအကုန်အကျ ခံပြီး မီဒီယာ တွေမှာ ကျော်ငြာထဲ့ ကြရတာပါ။

ရေဒီယို ၊ တီဗီ ၊ စာဆောင် အိုအကုန် လုံးမှာ မိမိ brand လူသိအောင် ကျော်ငြာ လိုက်ကြရတာ။ ကောင်မလေးလှလှ လေးတွေသုံးကြရတာကြောင့် စူပါမော်တယ် တွေတောင် ပေါ်လာရသေး။
အမေရိကားမှာဆို Super Bowl လို့ခေါ်တဲ့ အမေရိကန် football final ပွဲမှာ (၃) စက္ကန့် ကျော်ငြာခ ဟာ ဒေါ်လာသန်း ချီပေးရပါတယ်။
ဒါကြောင့် ဘေးးမှာ ဘယ်ကျော်ငြာ ဟာအကောင်းဆုံးလည်း ဆိုတာကို ပြိုင်ကြရသေးတယ်။

ဒါပေမဲ့ ကျော်ငြာ ဘယ်လောက်ကောင်းကောင်း Product မကောင်းလို့ လမ်းဘေးရောက်သွားတဲ့ ၊ မြောင်းထဲရောက်သွားတဲ့ ထုတ်ကုန် Product တွေလည်းအများကြီးပါ။
ထုတ်ကုန် မစစ်ရင် (အင်) ကြီးဖြစ်နေရင် ကျော်ငြာ ဘယ်လောက်ကောင်းကောင်း စားသုံးသူတွေက သိကြပါတယ်။
တစ်ခါတစ်ခါ လည်း စားသုံးသူ လူထု ခမြာ label အစစ်ကို အင်ထုတာတွေလည်းတွေ့တတ်ပါသေးတယ်။

မှတ်မိပါသေးတယ်။ အဖေက ကသူ့ငယ်သူငယ်ချင်းကို ကျွေးမွေးချင်တယ်ဆိုတာနဲ့ မြို့ထဲမှာ Johnnie Walker Black Label တစ်လုံးပြေးဝယ် လိုက်ရတယ်။
ဦးနေ၀င်းရဲ့ ဆိုရှယ်လစ်ခေတ် ၊ ဦးဘငြိမ် လက်စွမ်းပြ လို့ကောင်းနေတဲ့ အချိန်ကာလ။ မြန်မာတွေ လိုသမျှ မှောင်ခို ပြေးဝယ်ရတဲ့ အချိန်ကာလပေါ့။
မောမောနဲ့ အဖေ ပျော်ပါစေတော့ရယ် စေတနာနဲ့ လော်ကွပ်ချော်မိတယ်။
အဖေကလည်း သူ့ ငယ်သူချင်းကို ပြုစုလိုက်မယ်ပေါ့
ဖွင့်လိုက်မှ ဆေးထိုးအပ်နဲ့ Black Label အစစ်ကို စုပ်ထုတ်ပြီး လ္ဘက်ရေချမ်းတွေ ရောထားတဲ့ (အင်) ကြီးဖြစ်နေတော့ ဘယ်လိုစိတ်ဆိုးမိမှန်းမသိ။
Product ဆိုတာ label တစ်ခုထဲနဲ့ မသိ နိုင်ဆိုတာကို ရင်နာနာနဲ့ (သိ) ခဲ့ရတယ်။

ဒီလိုပဲ တချို့က ရှေ့က (လူထု) ထဲ့လိုက်ရင် label တပ်လိုက်ရင် (လူထု) က အားပေးသယောင် ၊ လူထုကထောက်ခံသယောင် ထင်ရာင်ထင်မှားဖြစ်အောင် ပုံမှားရိုက်ကြတယ်လေ။
လျှင်တဲ့ စီးပွားရေးသမားဆွေဆိုရင်လည်း ဒီလိုပုံမှား ရိုက်ကြသဗျှ။ ဦးနု ခေတ်မှာ လူထုစီးကရက်ဆိုတာ ပေါ်လာဖူးတယ်။ မှတ်မိကြမလားတော့မသိကြဖူး။ မကြာဖူး …  ပိုင်ရှင် အရှေ့မှာ
(လူထု) ဆိုတဲ့ လေဘယ် ကပ်ပါလာတော့တယ်။ “လူထုဦးချို” တဲ့ ….. ရုတ်တရက်ကြားလိုက်ရင် (လူထု) အတွက် စီးကရက် လိုလို … (လူထု) ကြိုက်တဲ့ … (လူထု) အားပေးတဲ့ စီးကရက်
လိုလို ..အမှန်ကတော့ ပိုက်စံမပေးရတိုင်း (လူထု) ဆိုတဲ့ Label ကြီးကိုယူပြီး ထောင်စကားနဲ့ပြောရ ရင် (တွန်) ရိုက်တာပါ။ လူထုဆိုတဲ့ လေဘယ် ပါတိုင်း အထင်မကြီးလိုက်နဲ့ လူထု ဆိုတဲ့ လူကြီးက အိစံကွားလား ရေမရောတဲ့ ပေါက်ဖေါ်ကြီးကိုး …….

အင်းလေ … (၀) စစ်စစ်ဆိုတော့ ….တော်သေးတယ်ပေါ့ … တချို့ ကတော့ (၀) တွေကိုထိုင်ကန်တော့ နေကြတဲ့ မျိုးချစ်တွေလေ …… ရှင်ကြီးဂေါတမ ထက် … မော် ကြီးကို မှ ဘုရားထင်နေသူတွေပေါ့။
ဒါထက်ဆိုးတာက … လူထု ..ဖေါင်းပွမှု ..ကရှိသေး … စာရေးသူတို့ HP တို့ Cisco တို့လို တကမ္ဘာလုံးက သိကြတဲ့ က Fortune 50 အဆင့်မြင့် ကုမ္ပဏီကြီးတွေမှာ လုပ်ခဲ့တာပါ။ ဘယ်သူကမှ HP Frankie …. Cisco Johnny ဆိုပြီး မိမိအလုပ်လုပ်ရာ ဌါနေကို အမှူးပြုပြီး label မတတ်ကြပါဖူး။ ကိုယ်ရွှေ ဗမာ တွေပဲ … ကဲကိုကဲ လွန်းပါတယ် ….. လူထု မောင်ဘ …. လူထုမောင်မြ … လူထု .. ဖေါင်းပွမှုတွေလေ …. တသက်လုံး တူသဇင် အလံထောင်ပြီး ရဲရဲနီ ပြောရေးဆိုခွင့် ရှိသူကြီးတောင် မကြာသေးမှီက ပဲ အို… ရှေ့မှာ (လူထု) တပ်လာသေးတယ်။ စွာစွာ..စွာစွာ.. နဲ့ ဘ၀င်လေခပ်နေတဲ့ လန်းဒန် က   နပုန်သက ပဏ္ဍုပ် တောင် … ကြာရင် (လူထု) ပဏ္ဍုပ် လို့ ကိုယ့်ကိုယ်ကိုကိုယ် ကင်ပွန်းတပ် လေဘယ်ကပ်လေ မလား မသိ။

စာရေးသူ အမြင်အရတော့ ခေတ်သစ် မြန်မာနိုင်ငံ ရာဇ၀င်မှာ (လူထု) က အသဲထဲရင်ထဲ ကနှစ်နှစ်ကာကာ ချစ်မြတ်နိုးလို့ (လူထု) ခေါင်းဆောင်ပါ လို့ အသိအမှတ် အပြုခံရတာ နှစ်ဦးပဲ ရှိပါတယ်။ နှစ်ပေါင်းများစွာ အင်္ဂလိပ်ကျွန်ဘ၀ က တိုင်းပြည် နဲ့ လူမျိုးကို ကယ်တင်ခဲ့တဲ့ လွပ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒုတိယ လွပ်လပ်ရေး အတွက် တိုက်ပွဲဝင်နေတဲ့ တကမ္ဘာလုံးက ဒီမိုကရေစီ ကို တောင့်တ နေကြတဲ့ လူထု ကြီးအတွက် မျှော်လင့်ချက်ပေးနေတဲ့ ဒီမိုကရေစီ မီးရှူးတိုင် ဒီမိုကရေစီ အိုင်ကွန် ဒေါ်အောင်ဆန်းစုကြည် တို့နှစ် ယောက်ပဲ ရှိပါတယ်။ တနည်းအားဖြင့် အင်မတန် ကြီးမားလှတဲ့ (လူထု) ဆိုတဲ့ label နဲ့ ထိုက်တန်တာလို့ဆိုချင်တာပါ။

ထူးခြားတာက (လူထုခေါင်းဆောင်) ဆိုတာ (လူထု) က အသိမှတ်ပြု ကင်မွန်းတပ် တင်စား ခေါ်ဝေါ်ကြတာပါ။ ဗိုလ်ချုပ်အောင်ဆန်း က သူ့ကိုယ်သူ (လူုထု အောင်ဆန်း) လို့ဘယ်တုန်းကမှ မိမိကိုယ်မိမိ တင်စားခဲ့ သည်မရှိပါ။ ထို့နည်းတူ ဒေါ်စုကလည်း မိမိကိုယ်မိမိ လူထုအောင်ဆန်းစုကြည် လို့ တခါမျှ မခေါ်ခဲ့ရှာပါ။ အစစ် မှန်ုရင် လေဘယ်တတ်စရာ မလိုပါ။ ဒေါ်စု အကျယ်ချုပ်ကျစဉ်က အထင်သေး ခဲ့သူတွေရှိကြတယ်။ ပတ္တမြားမှန်ရင် နွံမနစ်ဖူးဟေ့ ….  တချက်ထွက်လိုက်ရုံနဲ့ လူပင်လယ် ပေါ် တာကြည့််ကြ လို့ …သာ .. အသံကုန် ဟစ်လိုက်ချင်တယ်။ တော်လှန်ရေး သူငယ်နာ မဆင်ပဲ ဒေါ်စုကို … မလောက်လေး …မလောက်စား … တိုက်ခိုက်နေကြတဲ့ ၀ဲစွဲ (အက်ဆစ်) တို့ လူစု ဟာ ဘယ်သူတွေလဲ? အနှစ် ၂၀ ထမိန်အနောက် က တူသဇင်ခိုးထောင်ခဲ့ကြ သူတွေပဲမဟုတ်လား။ ခုမှ ဘာလေး ညာလေး အသံကောင်း ဟစ်ချင်သေးတယ်။ ဟိုတုန်းကလည်း အောင်ဆန်းဘယ်လည်း ၊ ဘာလည်း ဆိုတာတွေဟာလည်း ဒီလူအုပ်ပါပဲ။

ဒေါ်စုကို ကြိုနေကြတဲ့ ထားဝယ်က လူပင်လယ် လူထုကြီးကိုကြည်ပြီး … နောင်တချိန် .. တိုင်းပြည်တာဝန် ယူကြရမဲ့ လူငယ်လေးတွေကို အသိ ပေးချင်ပါတယ်။
(အတု နဲ့ အစစ်) နှိုင်းလို့ မရ ပါဖူး …..

ဘိုဘိုကျော်ငြိမ်း
ချင်းမိုင်
ဖေဖေါ်ဝါရီလ (၁)ရက် ၂၀၁၂





ဒေါ်စုနှင့်လူထု
လူထုနှင့်ဒေါ်စု

88 student leaders and ex-political prisoner meet