Saturday, January 16, 2010

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဟေတီနိုင်ငံအား ကူညီ၇န်

ဇန်န၀ါရီလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၅၃ မိနစ်အချိန်ခန့်က ဟေတီနိုင်ငံ ကမ်းလွန်တွင် အင်အား ၇.၃ ရှိသော ငလျင်တခု လှုပ်ခပ်သွားခဲ့သောကြောင့် မြို့တော် Port-Au-Prince ပတ်ဝန်းကျင်နှင့် အနီးအနားအ၀ိုက်တွင် လူပေါင်းများစွာ သေဆုံးပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ ရာစုနှစ် နှစ်ခုအတွင်း အပြင်းထန်ဆုံးသော ငလျင်ကြောင့် ကုလသမဂ္ဓရုံးချုပ် အဆောက်အဦး၊ ဆေးရုံနှင့် အဆောက်အဦးများစွာ ပြိုပျက်သွားခဲ့သည်။ ၅.၉ နှင့် ၅.၅ အင်အားရှိသော နောက်ဆက်တွဲ ငလျင်နှစ်ခုလဲ လှုပ်ခတ်ခဲ့ခြင်းကြောင့် လူဦးရေ တသိန်းကျော်ခန့် သေဆုံးနိုင်သည်ဟု ခန့်မှန်းထားကြသည်။

မြန်မာနိုင်ငံသို့ နာဂစ်မှုန်တိုင်းတိုက်ခတ်ခဲ့စဉ်က ကိုယ်ချင်းစာနာပြီး ကူညီခဲ့ကြသလို ယခုကဲ့သို့ ဟေတီနိုင်ငံ အဖြစ်ဆိုးနှင့် ကြုံတွေ့နေရသည့်အချိန်တွင် ကျနော်တို့ မြန်မာကွန်မြူနတီမှလဲ တတ်နိုင်သည့်ဘက်မှ ကူညီထောက်ပံ့သင့်သည်ဟု ယူဆမိပါသည်။

ထို့ကြောင့် မည်သို့မည်ပုံ ကူညီသင့်သည်၊ ကူညီကြမည်ကို ဆက်လက်ဆွေးနွေးပေးကြပါရန် မေတ္ကာရပ်ခံပါသည်။

No comments: