Saturday, June 11, 2011

သံဝေဂအစု



2:32am Jun 11
မိုးကုတ် တရား ပတ္တမြားအမြူတေ သစ္စာလေးပါးတရားအဆီအနှစ်များ
သံဝေဂအစု
၁။ငါသည်မုချသေရမည်။ အချိန်ပိုင်းသာလိုတော့သည်။
၂။အဇ္ဇေ၀ သုေ၀၀ ယနေ့လားမနက်ဖြန်လား သေနိုင်ပါ၏။
၃။ရခဲလှတဲ့လူ့ဘ၀ကို အလွဲသုံးစားနဲ့ အချိန်အလကား မဖြုန်းပါနဲ့။
၎။မမျှော်လင့်ဘဲ ဖြုန်းခနဲ နာလည်းနာနိုင်သည်။
၅။မမျှော်လင့်ဘဲ ဖြုန်းခနဲ သေလဲသေနိုင်သည်။
၆။ခန္ဓာကိုယ်က မွေးကတည်းက အသေဖက် တရစပ်ပြေးနေတယ်။
၇။မနေ့ကထက်ယနေ့သေဖို့တရက် ပိုနီးသွားပြီ။
၈။သက်တမ်းတိုတဲ့ ဘ၀လေးမှာ တရားအားမထုတ်ပဲနှင့် ချောင်ခိုနေ ရင် လူဖြစ်ရှုံးပြီမှတ်။
၉။အသေစောက ကိုယ်ကျိုးအနည်းကြီးနည်းပြီမှတ်

၁၀။အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿာန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန်လုပ်။
၁၁။လူပြောသူပြောမယုံပါနဲ့ ခန္ဓာပြောတာသာ အယုံကြီးယုံလိုက်ပါ။
၁၂။လူပြောယုံတော့ သူများပါးစပ် လမ်းဆုံး ခန္ဓာပြောတာယုံမှသံသရာလမ်းဆုံး။
၁၃။ရှေ့နောက်ခွဲတတ်ပါစေ သားရေးသမီးရေးနောက်ထား ကိုယ့်ကိုကိုယ် ကယ်တင်မယ့်အရေး ရှေ့ထား။
၁၄။ကိုယ့်ကိုယ်သနားရင် ၀ိပဿနာလုပ်ကြ။ ကိုယ်ကိုကိုယ်မသနားရင် သားရေးသမီးရေးစီးပွားရေးလုပ်ကြ။
၁၅။ဘုန်းကြီးက ပြောရက်လိုက်လေ မလုပ်ပါနဲ့ ခင်ဗျားတို့အဖြစ်က ဆိုးလွန်းလို့ ဖော်ပြောပြနေရတာ။
၁၆။ခင်ဗျားတို့မှာ ကိလေသာရေနစ်နေတာ လည်ပင်းရောက်နေပြီ။ သေခါနီးတွေက သေခါဝေးတွေအတွက် ပူမနေနဲ့။
၁၇။ယခုသားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ပစ္စည်းတွေနဲ့ ဒီလို မသိပြုံးပြုံးနေသလောက် မသိပျော်ပျော်နေသလောက် သေခါနီး အိပ်ရာညောင်စောင်းထက်မှာ မျက်ရည်ကျရပါလိမ့်မယ်။
 
ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏ ကမ္မဋ္ဌါန်း သံပေါက်လင်္ကာများ
၁။သဗ္ဗေသတ္တာ ဝေနေယျာ သံသာရှည်လှပြီ။
၂။အတည်ကျကျ ဘယ်ဘ၀ ရကြမရှိပြီ။
၃။ရအံ့နိုးနိုး လောဘမျိုး အကျိုးယုတ်လှပြီ။
၎။သုံးပါးညီးညီး လောင်မီးကြီး ဖိစီးလှပေပြီ။
၅။လောင်မှန်းမသိ မောဟဖိ မိုက်မဲလှလေပြီ။
၆။ပိုးဖလံမျိုးမီးကိုတိုး ကိုယ်ကျိုးနဲလှပြီ။
၇။ကာမဂုဏမွဲ ဒီမိုက်ခဲ မခွဲနိုင်ကြပြီ။
၈။မခွဲနိုင်ကြ လူ့ဗာလ မိုက်စသိမ်းသင့်ပြီ။
၉။ဂင်္ဂါသဲတူ ပွင့်တော်မူ ဆူဆူများလှပြီ။
၁၀။များအသင်္ချေ ရှင်စောထွေ ရှောင်သွေလွဲခဲ့ပြီ။
၁၁။တစ်ဆူမသင့်တစ်ဆူသင့် ဖူးခွင့်တွေ့ထိုက်ပြီ။
၁၂။မတော်မတရား ကျင့်ဖောက်ပြား မိုက်အားကြီးလှပြီ။
၁၃။အလိုမလိုက် သည်အမိုက် ပယ်ထိုက်သင့်လှပြီ။
၁၄။မပယ်မချိုး ဆင်ကန်းတိုး ဟုတ်နိုးထင်လှပြီ။
၁၅။ဟုတ်နိုးသမှု ထင်တိုင်းပြု ယခုတိုင်ခဲ့ပြီ။
၁၆။တရားလက်လွှတ် ငှက်တောင်ကျွတ် ၀ဋ်နဲပမကင်းပြီ။
၁၇။မနုဿတ ဒုလဘ္ဘ မရများလေပြီ။
၁၈။အရတော်စွ သည်ဘ၀ လှလှကျင့်ထိုက်ပြီ။
၁၉။ကြုံကြိုက်တော်စွာ သာသနာ ရောင်ဝါထွန်းလှပြီ။
၂၀။သတိရရ မြတ်ပုညပြုရကောင်းသင့်ပြီ။
၂၁။တစ်နေ့တစ်နေ့ နက်ဖြန်ရွေ့ မမေ့ကောင်းသင့်ပြီ။
၂၂။ငါ့ကိုယ် ငါ့သား ငါ့မယား ထင်မှားလှပေပြီ။
၂၃။ထင်မှတ်တတ်စွာ သက္ကာယာ မိစ္ဆာကင်းသင့်ပြီ။
၂၄။ငါးခုခန္ဓာ ရုပ်နာမ်မှာ မှန်စွာ မှတ်သင့်ပြီ။
၂၅။သမ္မသန ဥာဏ်အစ ထင်လှသင့်ကြပြီ။
၂၆။နင်ဖြင့်နင့်ကိုယ် ဆုံးမဆို နင့်ကိုယ်အမှုသည်။
၂၇။နင်မဆုံးမ နင့်တာပ ဘယ်ကခံလိမ့်မယ်။
၂၈။နှလုံးဖုံဖုံ ထုံတုံတုံ နင့်ပုံကြော့ကြမ်းသည်။
၂၉။နင်နှင့်နင့်ကံ စီရင်ဖန် အမှန်ဖြစ်တော့သည်။
၃၀။ယခုနင့်ကိုယ် နင့်အလို ဘယ်ကိုပြည့်စုံသည်။
၃၁။နင့်ကိုယ်နင်နှစ် နင့်အပြစ် နင်ဖြစ်ခံရမည်။
၃၂။နင့်ကိုယ်နင့်အား နင်မသနား နင်မှားရှာတော့သည်။
၃၃။ဒါန သီလာ ဘာဝနာ နင်သာပြုသင့်သည်။
၃၄။ဇာတိဇရာ မ၇ဏာ မကြာနင်တွေ့မည်။
၃၅။မျက်တောင်တယှက် လျှပ်တပြတ် နင့်သက်သေလိမ့်မည်။

နောက်ထပ်ဆက်လက်တင်ပေးပါအုံ့းမည် ။
တရားမဦးအမှားကျူး တရားကဦးမမှားဘူး
တရားအသိဥာဏ်နဲ အားလုံးကိုကျေးဇူးဆပ်ပါမည်
 
 
ရောဂါကင်းရှင်း ကျမ္မာခြင်းသည် နာခြင်းသာလျှင်
ဆုံးရှိချေဧ။်...သဗ္ဗံ အာရောဂျံ ဗျာဓိ ပရိယောသာနံ..

နုနယ်ရုပ်ဆင်း လှပခြင်းသည် အိုခြင်းသာလျှင်
ဆုံးရှိချေဧ။်....သဗ္ဗံ ယောဗ္ဗနံ ဇရာ ပရိယောသာနံ..

ဇီဝိန်ထိန်လင်း သက်ရှည်ခြင်းသည် သေခြင်းသာလျှင်
ဆုံးရှိချေဧ။်.....သဗ္ဗံ ဇီဝိတံ မရဏ ပရိယောသာနံ

ခြံရံသင်ပင်း ပြည့်စုံခြင်းသည် ပျက်ခြင်းသာလျှင်
ဆုံးရှိချေဧ။်......သဗ္ဗာသမ္ပတ္တိ ၀ိပတ္တိ ပရိယောသာနံ......
 
အခါတပါး၌ အရှင်သာရိပုတြာသည် ရာဇဂြိုလ် မြို့၌ ဆွမ်းခံအပြီး လမ်းဘေးဇရပ် တခုနံရံကိုမှီ၍ ဆွမ်းဘုန်းပေးနေစဉ် သုစိမုခီမည်သော ပညာတတ် ပရိဗုဇ်မ တဦးက အရှင်ဘုရား ဆွမ်းကို ငုံ့ပြီးဘုန်းပေးပါသလား ၊ မော့ပြီး ၊ အရပ်လေးမျက်နှာကိုကြည့်ပြီး၊ ထောင့်လေးထောင့်အရပ်ကိုကြည့်ပြီး ၊ ဘုန်းပေးပါသလား ဘုရားဟု တခုစီမေး၍ တခုစီပင် မဟုတ်ဟု ဖြေတော်မူ၏။ မဟုတ်ပုံကိုထပ်၍ မေးလျှောက်သဖြင့် တခုစီရှင်းပြတော်မူရ ဖူး၏။
၁။ငုံစား---------ဘူမိနတ်သံမြေ
ကန်အတတ်ဖြင့် မြေခံ ရေခံ စိုက်ပျိုးမှု ကိုပြောဟော၍ ၀မ်းကျောင်း စားသောက်ရသော ရဟန်း။
၂။မော့စား-----------နေလ နက္ခတ် ဂြိုလ် အတပ်ဖြင့် ၀မ်းကျောင်းစားသောက်သောရဟန်း။
၃။တူရူကြည့်စား---------------
လူဒကာ ဒကာမ တို့၏ အစေအပါးခံကာ အရပ်လေးမျက်နှာ လှည့်လည် သွားလာ ဆောင်ရွက်ပေးပြီးမှ စားသောက်ရသော ရဟန်း၊
၎။ထောင့်ကြည့်စား-----------သာ
သနာနှင့်ဖီလာ ထောင်အရပ်ဖြစ်သော အင်္ဂ၀ိဇ္ဇာ ၊လက္ခဏာ ဗေဒင် ဓာတ်ဆင်ဓာတ်ရိုက် အင်းအိုင် ခလှဲ့ လက်ဖွဲ့ ဂါထာ မန္တန် ဘိုးတော် ဘွားတော် ၀ိဇ္ဇာဓိုရ် လမ်းစဉ် ကန်တော့ပွဲထိုး၍ ၀မ်းကျောင်းပေးသောရဟန်း
မျိုးဟာ ကျင့်ရမယ်အရာမဟုတ် ရဟန်တိုင်းရှောင်ကျဉ် သင့်မည်လို မိန့်ကြားခဲ့ပါတယ်။
 
 
NEWS

Wednesday, 20 April 2011 02:22 Editor

အခမဲ့ အွန်လိုင်း သင်တန်း ၁၀ မျိုးကို နာမည်ကျော် ယေးလ် တက္ကသိုလ်ကြီးက ဖွင့်လှစ်လိုက်သည်။ မြန်မာအပါအ၀င် တကမ္ဘာလုံးမှ အင်တာနက်ကွန်ယက် ဆက်သွယ်ထားရှိသည့် နေရာတိုင်းတွင် ဤသင်တန်းများကို တက်ရောက် လေ့လာ နိုင်ကြမည် ဖြစ်သည်။
အမေရိကန်ပြီးလျှင် ဤသင်တန်းများသို့ တရုတ်၊ ယူကေ၊ ကနေဒါ၊ တောင်ကိုးရီးယား၊ ဂျာမဏီ၊ ဘရားဇီး၊ အိန္ဒိယနှင့် သြစေတြးလျတို့မှ ကျောင်းသားများ ၀င်ရောက် လေ့လာလျက်ရှိကြသည်။

အခမဲ့ သင်တန်း ၁၀ မျိုးမှာ ဘဏ္ဍာငွေကြေး သီအိုရီမှသည် ဒွန်ကီအုတ်အထိ၊ သဘာဝပတ်ဝန်းကျင် နိုင်ငံရေးမှသည် ဥပဒေနှင့် ကောင်းကင်ဘုံသစ် အထိ မျိုးစုံစွာ ပါဝင်ကြောင်း ကွန်နတ်တီကတ်အခြေစိုက် တက္ကသိုလ်က ကြေညာလိုက်သည်။
ယေးလ်ကောလိပ်ကျောင်းသားများကို သင်ကြား ပို့ချခဲ့သည့် ဗီဒီယိုမှတ်တမ်း တစ်ခွေလုံးစီကို သင်တန်းတိုင်းတွင် ကြည့်ရှု လေ့လာနိုင်ကြမည်ဖြစ်သည်။ ထင်ရှားသော ယေးလ်ပါမောက္ခများ၏ သင်ကြားချက်များလည်း ဖြစ်သည်။ ဤသင်တန်းများကို http://oyc.yale.edu ဆိုဒ်တွင် ၀င်ရောက် လေ့လာနိုင်ကြသည်။



အရည်အသွေး ကောင်းမွန်စွာ ရိုက်ကူးထားသည့် ပညာရေး ဗီဒီယိုများ၊ အသံဖိုင်များဖြင့် သင်တန်းများကို အွန်လိုင်း တက်ရောက် လေ့လာနိုင်ပါမည်။ အမှန်တကယ် ယေးလ် စာသင်ခန်းများထဲ ၀င်ရောက် သွားသည့်အတိုင်း ခံစား လေ့လာနိုင်မည်ဟုလည်း ဆို၏။
သင်တန်းတိုင်းအတွက် အညွှန်းများကို ထားရှိပြီး ပုံနှိပ်ရန် ဖိုင်များ၊ သင်ရိုးမာတိကာများ၊ စာဖတ်ရန် ကဏ္ဍများ၊ ပြဿနာ ပုစ္ဆာများနှင့် အခြားသော သင်ထောက်ကူများကို ရှာဖွေနိုင်မည်ဖြစ်သည်။

မိမိအားလပ်သည့်အချိန်တွင် ကြည့်ရှုလေ့လာရန်အတွက် စိတ်ဝင်စားသည့် ပညာရပ်ဆိုင်ရာ ဗီဒီယိုဖိုင်၊ အသံဖိုင်တို့ကိုလည်း မိမိ၏ကွန်ပျူတာထဲတွင် ဒေါင်းလုပ်ယူ၊ သိမ်းဆည်းထားနိုင်ပါသည်။

အိုင်ဖုန်းနှင့် အိုင်ပက်တို့အတွက်လည်း သီးသန့်ကဏ္ဍ ထားရှိပြီး ခရီးထွက်ရင်း လမ်းပေါ်တွင်လည်း အင်တာနက်မှတဆင့် သင်ယူလေ့လာနိုင်သေးသည်။

သင်တန်း တက်ရောက်ခွင့်အတွက် မှတ်ပုံတင်ရန် မလိုအပ်ဟု သိရသည်။ တက္ကသိုလ်က ရမှတ်နှင့် အောင်လက်မှတ် ထုတ်ပေးမည် မဟုတ်သလို ပါမောက္ခများနှင့်လည်း ဆက်သွယ် ပြောဆိုခွင့်တော့ မရှိပါ။

ဒီဇင်ဘာ ၂၀၀၇ ခုနှစ်က စတင်ခဲ့ရာတွင် ယနေ့အချိန်အထိ အွန်လိုင်း ကျောင်းသား ၃ သန်းကျော် လေ့လာခဲ့ကြသည်။ ၂၀၀၉ ဧပြီလမှစပြီး ယနေ့အထိ ဖတ်ရှုသည့် စာမျက်နှာပေါင်း ၂၆ သန်း ကျော်ရှိသည်။

ယေးလ် ယူကျူ့ YouTubeနှင့် အဲပဲလ် အိုင်ကျွန်း iTunes ချန်နယ်များမှလည်း ၀င်ရောက်လေ့လာနိုင်ကြသည်။

လိပ်စာများမှာ
http://oyc.yale.edu
http://www.youtube.com/yalecourses
http://itunes.yale.edu

လူ ၁၅ သန်းကျော်ခန့် ဤယေးလ်ချန်နယ်များမှတဆင့် ပညာဆည်းပူးနေကြောင်း သိရသည်။
“တကမ္ဘာလုံးက ပြည်သူတွေဟာ ယေးလ်အွန်လိုင်းသင်တန်းကို အခမဲ့ ၀င်ရောက်လေ့လာနိုင်ကြတဲ့အတွက် ကျွန်တော်တို့ အင်မတန် ၀မ်းသာပီတိဖြစ်ရပါတယ်။” တက္ကသိုလ် ဥက္ကဌဖြစ်သူ ရစ်ချဒ်စီလဲဗင်က ဆိုသည်။
“ဒီနေ့ ထုတ်လွှင့်မယ့် သင်တန်းအသစ်တွေမှာတော့ နောက်ဆုံးနည်းပညာကို အပြည့်အ၀ အသုံးချထားပါတယ်။ တက္ကသိုလ်ရဲ့ အထင်ကရဌာနကြီးတွေရဲ့ သင်ကြားမှုတွေကို လေ့လာချင်ကြတဲ့သူတွေဆီ ရောက်နိုင်ဖို့ပါ။”

Source: Yale University
မောက္ခနိုင်ငံတကာ ပညာရေးသတင်း
 
       
 
 
 
 

No comments: