Showing posts with label သံချပ်. Show all posts

Thursday, March 28, 2013
အိန္ဒယမြန်မာ ဒီမိုကရေစီမိသားစုများရဲ့ သံချပ်များ
Friday, January 25, 2013
မြန်မာ အတိုက်အခံများ အစိုးရလုပ်ဖို့ အသင့်ဖြစ်ကြပြီလား
by Myat Thi Ha on Friday, January 25, 2013 at 11:12am ·
Friday, January 25, 2013
ယခင် အစိုးရရဲ့ စစ်ဗိုလ်ချုပ်တွေ အများစု ယူနီဖောင်းချွတ်၊ ပုဆိုးဝတ်၊ ခေါင်းပေါင်း ပေါင်း ထားကြတာဖြစ်တယ်ဆိုတဲ့ အနေအထားကို ငြင်းလို့ မရသေးဘူးဗျ။

(မောင်ဝံသ- ပြောချင်လွန်းလို့)
သည်ဆောင်းပါးရဲ့ အရင်းခံ
သမ္မတကြီး ဦးသိန်းစိန်နဲ့ အင်တာဗျူး လုပ်ခွင့်ရခဲ့တဲ့ ဘေဂျင်း အခြေစိုက် အရှေ့တောင်အာရှ သတင်းထောက် Hannah Beech ကို Times မဂ္ဂဇင်းကပဲ ပြန်လည် အင်တာဗျူး လုပ်ထားတဲ့ ဆောင်းပါး ဇန်န၀ါရီလထဲမှာ ဖတ်လိုက်ရပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ အင်မတန် စိတ်ဝင်စားစရာကောင်း တဲ့ သုံးသပ်ချက်တွေ အများကြီးပါဝင်တဲ့ အင်တာဗျူးမို့လို့ နိုင်ငံရေး စိတ်ဝင်စားသူတွေ မလွတ်တမ်း ရှာဖွေ ဖတ်ရှုသင့်ပါတယ်။ ဂျာနယ် တချို့မှာလည်း မြန်မာပြန် ဖော်ပြခဲ့ကြပြီးပါပြီ။
ယခု ကျွန်တော့်ဆောင်းပါးဟာ ဟန်နားဘိခ်ျရဲ့ အဖြေထဲက တစ်ပိုဒ်ကို ဖတ်မိရာက အတွေးနယ်ချဲ့မိ တာ ဖြစ်ပါတယ်။ သူက ဘယ်လို ပြောထားလဲဆိုရင် “တကယ်လို့ NLD သာ အစိုးရအဖွဲ့ထဲ ရောက် သွားပြီဆိုရင် သူတို့မှာ အဲဒီ အစိုးရအလုပ်ကို လုပ်နိုင်မယ့် လူအင်အား ရှိမှာလား၊ ကျွန်မတော့ သိပ်မ ထင်မိပါဘူး” တဲ့ဗျာ။ အသေးစိတ်ကိုတော့ ရှာဖွေ ဖတ်ကြည့် ကြပါတော့။
နိုင်ငံရေးသမားနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံ
အဲဒီ အစကို အခြေခံပြီး ကျွန်တော် ဆက်ဆွေးနွေးပါမယ်။ ကျွန်တော်တို့ နိုင်ငံဟာ အင်္ဂလိပ် ကိုလိုနီ ကျွန်ဘ၀မှာ နှစ်ပေါင်းတစ်ရာကျော် နေခဲ့ရတယ်။ ၁၈၂၄ နဲ့ ၁၈၅၂ မှာ မြန်မာပြည်အောက်ပိုင်း တစ်ခြမ်းလုံး ပါသွားပြီး ၁၈၈၅ မှာ တစ်ပြည်လုံး ကျွန်ဖြစ်တယ်။ ၁၉၂၃ ခုနှစ် ဒိုင်အာခီ အုပ်ချုပ်ရေး ပေါ်လာတော့မှ မင်းတိုင်ပင် အမတ်လို့ခေါ်တဲ့ လူထုမဲဆန္ဒပေးပြီး ရွေးကောက် တင်မြှောက်တဲ့စနစ်ကို စတင် မိတ်ဆက်ရ တယ်။
မြန်မာပြည်ကို အပြီး သိမ်းပြီးချိန်ကစလို့ အိန်္ဒိယပြည်ရဲ့ ပြည်နယ်တစ်ခုအဖြစ် သွတ်သွင်းထားရာက ၁၉၃၇ ခုနှစ်ကျမှ သီးခြား နိုင်ငံအဖြစ်ခွဲပြီး ဘုရင်ခံတစ်ယောက်ကို ဦးစီး အုပ်ချုပ်စေခဲ့တယ်။ အုပ်ချုပ်ပုံ စနစ်က ဟုမ်းမရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေး အဆင့်ထက် တစ်ဆင့်နိမ့်သေးတဲ့ ၉၁ ဌာန အုပ်ချုပ်ရေးပုံစံ ဖြစ်တယ်။
ဒေါက်တာ ဘမော်တို့ ဦးပုတို့ ဂဠုန်ဦးစောတို့ ၀န်ကြီးချုပ်ဖြစ်ခဲ့ကြတယ်ဆိုတာ အဲဒီ ၉၁ ဌာန အုပ်ချုပ်ရေး ပုံစံထဲမှာပဲ ဖြစ်ခဲ့ကြတာပါ။ အဲဒီအတိုင်း စခန်းသွား နေရာကနေပြီး ဒုတိယ က်္ဘာစစ်ဖြစ်ပြီး ဂျပန်ဝင် လာကာ နိုင်ငံရေး ချိန်ခွင်လျှာတွေ ပြောင်းပြီး နောက်ပိုင်း ကျတော့ သခင်အောင်ဆန်း ခေါင်းဆောင် တဲ့ နိုင်ငံရေး မျိုးဆက်သစ်တွေရဲ့ ခေတ်ဖြစ်လာတယ်။ သည်လိုနဲ့ ၁၉၄၈ မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးနောက် ပြည်သူတွေရဲ့၊ ပြည်သူတွေ ရွေးကောက် တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းတဲ့ ပါလီမန် ဒီမိုကရေစီနဲ့ ပါလီမန် အစိုးရပေါ်လာတယ်။ ပါလီမန် ဒီမိုကရေစီစနစ်ကို စတင် ကျင့်သုံးခွင့် ရခဲ့တယ်။
လွတ်လပ်ရေးခေတ်ဦး အစိုးရအာဏာ ရလာသူတွေဟာ တို့ဗမာ အစည်းအရုံးဝင် သခင်တွေ အများစုဖြစ် တယ်။ သူတို့ဟာ နယ်ချဲ့အင်္ဂလိပ် ဆန့်ကျင်ရေး ရဲရဲတောက် နိုင်ငံရေးလှုပ်ရှားမှု အတွေ့အကြုံတွေ ရှိခဲ့ဖူးတယ်။ ဖက်ဆစ်ဂျပန်ခေတ် ၁၉၄၃ သြဂုတ် ၁ ရက်နေ့မှာ ဂျပန်စစ်တပ်က ဖွဲ့စည်းပေးတဲ့ ရုပ်သေးအစိုးရအဖွဲ့မှာ ဆင်းရဲသား (ဓားမ ပါတီ) က ဒေါက်တာဘမော် ခေါင်းဆောင်တဲ့ နိုင်ငံရေးသမား ၀ါရင့်ကြီးတွေနဲ့ ပူးတွဲ ပါဝင်ခဲ့ကြဖူးတယ်။
ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်း စသူတွေဟာ ဂျပန် ခေတ်အစိုးရမှာ ၀န်ကြီးတွေ ဖြစ်ခဲ့ကြ တယ်။ အစိုးရ အာဏာရ အဖွဲ့အစည်းကို တို့ဗမာ ဆင်းရဲသား အစည်းအရုံးကြီးလို့ ခေါ်တွင်စေပြီး အဆင့်ဆင့်သော အုပ်ချုပ်ရေး ရာထူးတွေ၊ ရဲအဖွဲ့ရာထူးတွေမှာ ဓားမတွေနဲ့ သခင်တွေ အာဏာခွဲဝေ ယူခဲ့ကြဖူးတယ်။
သို့သော် ဖက်ဆစ်ဂျပန်ကို ပြန်တော်လှန်တဲ့အခါကျတော့ ဓားမတွေ မပါတော့ဘဲ သခင်တွေနဲ့ ရဲဘော်သုံး ကျိပ်တွေပဲ ပါဝင်ခဲ့ကြတယ်။ သည်လိုနဲ့ တော်လှန်ရေးအပြီး အင်္ဂလိပ် ပြန်ဝင်လာတော့ ပထမဆုံး သူတို့ အလိုတော်ရိ နိုင်ငံရေး လက်ဟောင်းကြီးတွေနဲ့ အစိုးရဖွဲ့ပြီး အုပ်ချုပ်ခိုင်းသေးတယ်။ နောက်ဆုံး ဘယ်လိုမှ မဟန်တော့မှ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဖဆပလအဖွဲ့ကြီးကို အာဏာ ခေါ်ပေးရပါတယ်။ သည်တော့ သခင်တွေနဲ့ ဖက်ဆစ် တော်လှန်ရေးသမားဟောင်း တွေဟာ အစိုးရအာဏာ ရကြပြန်တယ်။
အဲဒီကနေ လွတ်လပ်ရေးရတော့လည်း သည်လူတွေထဲက အများစုပဲ အစိုးရအဖွဲ့ဝင်တွေ ဖြစ်လာကြ တာပါပဲ။ သူတို့ထဲက အများစုဟာ နိုင်ငံရေးသမားကောင်းတွေ ဖြစ်ရုံမက အုပ်ချုပ်ရေး အမြော်အမြင် ရှိသူတွေလည်း ဖြစ်တယ်ဆိုတာ သူတို့ သက်တမ်းအတွင်း ပြည်တွင်းစစ်ကြီး ဗလောင်ဆူနေ တဲ့ကြားက မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ခဲ့ပုံကို လေ့လာနိုင်ပါတယ်။
သို့ပေမဲ့ အထိအနာဆုံးကတော့ ဖဆပလကြီး နှစ်ခြမ်းကွဲပြီး ငါးကြင်းသားကို မြေခွေးက အပိုင်စီး ခံလိုက်ရခြင်းပါပဲ။
နှစ်ငါးဆယ်နီးပါး စစ်အစိုးရ အုပ်ချုပ်ရေး
ပါလီမန် ဒီမိုကရေစီ စနစ်ဟာ ၁၄ နှစ်ပဲ သက်တမ်းရှည်လိုက်တယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေ၀င်းရဲ့ အာဏာသိမ်းမှုကြောင့် နိဂုံးချုပ်သွားခဲ့ရတယ်။ အဲဒီ ၁၉၆၂ ကစပြီး နာမည် အမျိုး မျိုးနဲ့ စစ်အစိုးရတွေရဲ့ အမိန့်ပေးစနစ်နဲ့ အုပ်ချုပ်မှုအောက်မှာ နေလာခဲ့ရတာ နှစ်ငါးဆယ်နီးပါး ကြာခဲ့ပါသဗျာ။
အခု ၂၀၁၁ ခု မတ်လက စပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပေါ်ပေါက်လာတဲ့ အစိုးရသည် ပင်လျှင် ယခင် အစိုးရရဲ့ စစ်ဗိုလ်ချုပ်တွေ အများစု ယူနီဖောင်းချွတ်၊ ပုဆိုးဝတ်၊ ခေါင်းပေါင်း ပေါင်း ထားကြတာဖြစ်တယ်ဆိုတဲ့ အနေအထားကို ငြင်းလို့ မရသေးဘူးဗျ။
အဲဒီ စစ်အစိုးရ အဆက်ဆက် လက်အောက်နေခဲ့ရတဲ့ ကာလအတွင်း ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုစတဲ့ နယ်ပယ်တွေ ဖွံ့ဖြိုးတိုးတက်ခဲ့သလား၊ ဆုတ်ယုတ် ကျဆင်းခဲ့သလား ဆိုတာကိုတော့ ကျွန်တော် စစ်တမ်း ထုတ်မပြလိုတော့ဘူးဗျ။
များစွာသော ပြည်သူထူထု အားလုံးလိုလို ကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ကြရပြီး ဖြစ်တဲ့အပြင် ပိုင်းခြား စိတ်ဖြာ သုံးသပ်သူ ပညာရှင်များက ရှုထောင့်မျိုးစုံက ကြည့်ပြီး ပြောဆို ရေးသား တင်ပြခဲ့ကြပြီဖြစ်လို့ ကျွန်တော်က စကားတံရှည်ပြီး ၀ိတ္ထာရ ချဲ့နေစရာ မလိုတော့ဘူး ထင်တယ်ဗျ။
အုပ်ချုပ်ရေး ကိုင်တွယ်နိုင်စွမ်း ရှိကြပြီလား
ဒီဆောင်းပါးမှာ ကျွန်တော် ဆွေးနွေးချင်တာက အခုလို ကျွန်တော်တို့ နိုင်ငံမှာ ပြည်သူတွေက နိုင်ငံတော် အာဏာကို အမှန်တကယ် ပိုင်စိုးတဲ့ ဒီမိုကရေစီစနစ် တစ်ကျော့ပြန် ရှင်သန်လာဖို့ အားယူနေတဲ့ အချိန်မှာ ပြည်သူလူထုရဲ့ တပ်ဦးနေရာမှာ ရှိနေကြတဲ့ အဆင့်ဆင့်သော ပြည်သူ့ခေါင်းဆောင် လူထုခေါင်းဆောင်များဟာ နိုင်ငံတော်ရဲ့ အရေးအရာများကို ကျွမ်းကျင်ပိုင်နိုင်စွာ စီမံခန့်ခွဲနိုင်တဲ့ (တစ်နည်း) နိုင်ငံတော် အာဏာကို ပါးနပ်လိမ်္မာစွာ ကိုင်တွယ် သုံးစွဲနိုင်တဲ့ အခြေအနေမှာ ရှိနေကြပြီလား၊ ဒါမှမဟုတ် မရှိသေးဘူးလားဆိုတဲ့ အကြောင်းအရာပဲ ဖြစ်တယ်ဗျ။ ဒီကနေ့ အတိုက်အခံလို့ ခေါ်ဝေါ် သုံးနှုန်းခြင်း ခံနေကြရတဲ့ နိုင်ငံရေး ခေါင်းဆောင်များဟာ နိုင်ငံတော် အာဏာရဲ့ အဓိက မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ယ်္တရားတွေကို စေစား မောင်းနှင်ရမယ့် နေရာများကို ရောက်လာကြတဲ့အခါ နိုင်ငံတော် အကျိုး စီးပွားဆိုတဲ့ ပန်းတိုင်ဆီသို့ လမ်းချော် တိမ်းစောင်းခြင်း မရှိစေဘဲ မောင်းနှင်နိုင်စွမ်း ရှိကြပြီလား၊ အဲဒီလို အရည်အချင်းတွေကို ပိုင်ဆိုင်ထားဖို့ကော လေ့ကျင့် ပြင်ဆင်ထားကြရဲ့လားဆိုတဲ့ မေးခွန်းဟာ ဒီကနေ့ အင်မတန် အရေးကြီးတဲ့ မေးခွန်းဖြစ်လာပြီလို့ ကျွန်တော် ယူဆတယ်ဗျ။
ကမ္ဘာပျက်ခါနီး လူလာဖြစ်ရသလို
ကျွန်တော် ဒီကိစ္စကို စဉ်းစားဖြစ်ခဲ့တာရဲ့ အကြောင်းရင်းက နှစ်ပေါင်းငါးဆယ်လောက် နိုင်ငံရေးကို အဖွဲ့အစည်း တစ်ခုထဲက အပိုင်စီးထားတာခံခဲ့ရတဲ့ အခြေအနေမှာ နေထိုင်ခဲ့ကြရတဲ့ အရပ်သား အတိုက်အခံ ခေါင်းဆောင်တွေအတွက် နိုင်ငံတော် အာဏာသုံးရပ်ဆိုတဲ့ ကိစ်္စဟာ ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ် ထဲကလို “ကမ္ဘာ ပျက်ခါနီးမှ ယောင်တိယောင်န လူလာဖြစ်ရသူကဲ့သို့” ဆိုသ လို ဖြစ်နေလောက် တယ်လို့ တွေးတောခဲ့မိခြင်း ဖြစ်တယ်ဗျ။
နှစ်ပေါင်းငါးဆယ်ကျော် နိုင်ငံ အုပ်ချုပ်ရေး ကိစ္စတွေကို စစ်ဗိုလ်တွေကပဲ လုပ်ကိုင် ဆောင်ရွက်လာခဲ့တာ ဆိုတော့ ကျွန်တော်တို့ အရပ်သားတွေဟာ စစ်တုရင်ခုံပေါ်က အရုပ်တွေလို စစ်ဗိုလ်တွေ ရွှေ့တဲ့ နေရာမှာပဲ မလှုပ်မရှား နေတတ်တဲ့ အလေ့အထက အရိုးစွဲနေခဲ့ပြီဗျ။
စစ်အစိုးရခေတ် ကနဦးပိုင်းမှာ အရပ်ဘက် အုပ်ချုပ်ရေး ပညာရှင်တွေ၊ ဥပဒေပြုရေး ပညာရှင်တွေ၊ တရားစီရင်ရေး ပညာရှင်၊ ပညာရေးသမား ပညာရှင်တွေကို အထိုက်အလျောက် နေရာပေးခဲ့သေးပေမယ့် စစ်အစိုးရ သက်တမ်းရင့်ညောင်းလာတာနဲ့အမျှ နယ်ပယ် ကဏ္ဍ အားလုံးရဲ့ ထိပ်ဆုံးက နေရာတွေကို မိုးကျရွှေကိုယ် စစ်ဗိုလ်တွေကချည်း သိမ်းပိုက်လာခဲ့ကြတာမို့ အဲဒီပညာရှင်တွေဟာလည်း နိုင်ငံခြား ထွက်သူတွေထွက်၊ မထွက်ဘဲ ပြည်တွင်းမှာ ပေတေပြီးနေသူတွေဟာလည်း သံချေးတက် အသွားတုံး “ဓားမတုံး”တွေ ဖြစ်ကုန်ခဲ့ကြတာ ဖြစ်တယ်ဗျာ။
အဲဒီခေတ်မှာ လူပြောများတဲ့ နေနည်း ထိုင်နည်းတွေတောင် ပေါ်ခဲ့သေးတာ မှတ်မိကြဦးမယ် ထင်ပါတယ်။ “ခေါ်ရင်သွား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့” ဆိုတဲ့ “ခသုံးလုံး” နဲ့ “မလုပ်၊ မရှုပ်၊ မပြုတ်”ဆိုတဲ့ “မသုံးလုံး” တဲ့ဗျ။
အတိုက်အခံဆိုတာ နောက်တက်မယ့် အစိုးရလောင်း
အခု ကျွန်တော်တို့ နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံ ခေါင်းဆောင် (opposition leader)? NLD ကို အတိုက်အခံပါတီ (main opposition party) လို့ နိုင်ငံခြားက စာနယ်ဇင်းတွေမှာ ခေါ်ဝေါ် သုံးစွဲနေကြပေမယ့် ကျွန်တော်တို့ဆီက အတိုက်အခံ ဆိုတာဟာ အနောက် ကမ္ဘာဆီက အတိုက်အခံ ဆိုတာနဲ့ မတူဘူး ဆိုတာကို စေ့စေ့စပ်စပ် လေ့လာထားသူတွေ သိကြတယ်ဗျ။
သူတို့ဆီမှာက အတိုက်အခံ ခေါင်းဆောင်ဆိုတာ နောင်ကျင်းပမယ့် ရွေးကောက်ပွဲ တစ်ခုခုမှာ အနိုင်ရပြီး သမ္မတ သို့မဟုတ် ၀န်ကြီးချုပ် ဖြစ်လာနိုင်တဲ့သူ၊ အတိုက်အခံပါတီ ဆိုတာလည်း အာဏာရပါတီ ဖြစ် လာနိုင် တဲ့ ပါတီ ဖြစ်တယ်ဗျ။
ဒါကြောင့် အတိုက်အခံ ခေါင်းဆောင်၊ အတိုက်အခံ ပါတီတွေဟာ ကိုယ် အာဏာရနေချိန်မှာ နိုင်ငံတော် အာဏာကို ကိုင်တွယ် သုံးစွဲ စီမံခန့်ခွဲ၊ ကိုယ် အတိုက်အခံ ဘ၀ ကျရောက်သွားတော့လည်း ကိုယ် အာဏာပြန်ရလာမယ့် အချိန်အတွက် မျှော်မှန်းပြီး အာဏာသုံးရပ် ကိုင်တွယ်သုံးစွဲမှုဆိုင်ရာ အလေ့ အကျင့်တွေကို မပြတ်မလပ် ဆက်လက် လုပ်ဆောင်နေကြရတာ ဖြစ်တယ်ဗျ။
ဗြိတိန်နိုင်ငံက အဓိက ပါတီကြီး နှစ်ခုဖြစ်တဲ့ လေဘာနဲ့ ကွန်ဆာဗေးတစ်တို့ဆိုရင် တစ်ပါတီက အာဏာရ
နေရင် ကျန်ပါတီကလည်း အစိုးရ ၀န်ကြီးဌာနတွေအတိုင်း သူ့ပါတီထဲမှာ ၀န်ကြီးဌာနတွေ ဖွဲ့စည်းထားပြီး၊ တာဝန်ခံတွေ ခန့်အပ်ကာ အာဏာရပါတီက ၀န်ကြီးတွေ လုပ်သလို နိုင်ငံ့အရေးအရာတွေကို (Shadow Cabinet) အဖြစ် လေ့လာသုံးသပ် မူဝါဒတွေ ချမှတ် ဖော်စပ်နေတာ ဖြစ်တယ်ဗျ။
အင်အား ကြီးမားတဲ့ အတိုက်အခံပါတီတွေကို သူတို့ဆီမှာ Would-be Next Government လို့တောင် မီဒီယာတွေက ဂုဏ်တင်ရေးသား ထုတ်လွှင့်လေ့ရှိတယ်ဗျ။ အကျိုးဆက် ကတော့ အတိုက်အခံ ပါတီ ဟာ ရွေးကောက်ပွဲ အနိုင်ရပြီး အာဏာရပါတီ ပြန်ဖြစ်သွားတာနဲ့ နိုင်ငံတော် အာဏာ စီမံခန့်ခွဲရေး လုပ်ငန်းများကို အဆင်သင့် လွယ်လင့်တကူ လွှဲပြောင်းရယူ လုပ်ဆောင်သွားရုံပေါ့ဗျာ။
(သည်နေရာမှာ အလျဉ်းသင့်လို့ ပြောရရင် ၁၉၉၀ ရွေးကောက်ပွဲ နိုင်ပြီးတော့ အနိုင်ရ ပါတီ NLD က နိုင်ငံတကာ ထုံးစံအတိုင်း နှစ်လအကြာမှာ လွှတ်တော်ခေါ်ပေးဖို့ တောင်းဆိုတယ်။ န၀တ အစိုးရ က ခေါ်မပေးတဲ့အပြင် အခြေခံဥပဒေ ရေးဆွဲပြီး သည်အထိ သူတို့ပဲ အာဏာကြီးသုံးရပ်ကို ဆက်ယူ ထားမယ်လို့ ကြေညာတယ်။
သည်အချိန်မှာ NLD ထဲက အစိတ်အပိုင်းတချို့က စိတ်မရှည်တော့ဘဲ စင်ပြိုင် အစိုးရဖွဲ့ဖို့ ကြိုးစား ခဲ့ကြတော့ အားလုံး သိမ်းကျုံးဖမ်းပြီး ထောင် နှစ် ၂၀၊ နှစ် အစိတ်တွေ ချခံခဲ့ရသဗျ။ အခြေခံ ဥပဒေ ရေး ဆွဲခဲ့တာကလည်း ကမ္ဘာမှာ စံချိန် တင်ပြီး ၂၀၀၈ ခုနှစ်ကြာမှ ပြီးဆုံးခဲ့တယ်ဗျာ)
စားဖို့တောင် မစဉ်းစားကောင်းတဲ့ အသီး
အဲဒီကာလ တစ်လျှောက်မှာတော့ အားလုံးသိကြတဲ့ အတိုင်းပဲဗျ။ နှစ်ငါးဆယ်လုံးလုံး စစ်အစိုးရ အဆက်ဆက် ဟာ သူတို့နဲ့ သဘောထားကွဲလွဲသူတွေကို အမှုန့်ကြိတ် မပစ်ရုံတမည် ပြင်းပြင်းထန်ထန် ဖိနှိပ်ဆက်ဆံခဲ့တာ မဟုတ်လားဗျာ။
ဒီတော့လည်း အဲဒီကာလအတွင်း စစ်အစိုးရတွေရဲ့ အတိုက်အခံတွေဟာ တစ်နေ့နေ့မှာ နိုင်ငံတော် အာဏာသုံးရပ်ကို ကိုင်တွယ်သုံးစွဲရမယ့် သူများအဖြစ် ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပြီး လေ့လာဖြည့်ဆည်းဖို့ဝေး စွ၊ ထောက်လှမ်းရေးတွေ ဘယ်အချိန်လာခေါ်မှာလဲ ဆိုတာ ကိုပဲ အချိန်ရှိသရွေ့ တွေးပူနေရပြီး စစ်အစိုးရနဲ့
“ပြေးတမ်း ပြေးတမ်း” (လိုက်တမ်း ပြေးတမ်းမဟုတ်) ကစားနေခဲ့ကြ ရတာချည်း ဖြစ်တယ်ဗျ။
နှစ်ငါးဆယ်လောက် အဲသလို စိုးထိတ်ရင်ဖိုဘ၀မှာ နေလာခဲ့ကြရတော့လည်း နိုင်ငံတော် အာဏာသုံးရပ် ဆိုတာ စစ်အစိုးရ အဆက်ဆက်ရဲ့ အတိုက်အခံများအတွက် “စားချင်ပါတယ် လို့တောင် မစဉ်းစားကောင်း တဲ့ အသီး”လို ဖြစ်ခဲ့တာပေါ့ဗျာ။
ခုတော့ အလားအလာတွေ ရှိနေပါပြီ
အခုတော့ အခြေအနေတွေက ပြောင်းလဲစပြုနေပြီ ဖြစ်တယ်ဗျ။ တကယ်လို့ မမျှော်လင့်အပ်တဲ့ မုန်တိုင်းတစ်ခု မတိုက်ဘဲ၊ ဒီအတိုင်း ကျွန်တော်တို့နိုင်ငံ ရှေ့ကို မှန်မှန် ဆက်သွားနိုင်ခဲ့မယ်ဆိုရင် သိပ်မဝေးတဲ့ တစ်နေ့မှာ မြန်မာအတိုက်အခံတွေဟာ နိုင်ငံတော် အာဏာသုံးရပ်ကို ကိုယ်တိုင် ကိုင်တွယ် စီမံခန့်ခွဲနိုင်တော့မယ့် အလား အလာများကို မြင်တွေ့နေရတယ်ဗျ။
ဒီလို အချိန်မျိုးမှာ ကိုယ် ဘာလုပ်ကြရမယ် ဆိုတာကို အဆင့်ဆင့်သော အတိုက်အခံ ခေါင်းဆောင်တွေ သိနေကြလိမ့်မယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်ဗျာ။
အမေရိကန်မှာ တွေးခဲ့မိတာလေးတွေ
ကျွန်တော် ၂၀၁၀-၂၀၁၁ က ဖဲလိုးရှစ် အစီအစဉ်တစ်ခုနဲ့ အမေရိကန်နိုင်ငံကို ရောက်တုန်း တွေးမိတဲ့ အတွေးတစ်ခုအကြောင်း ပြောပြချင်တယ်ဗျ။ ကျွန်တော့် လေ့လာရေး အစီအစဉ်အရ ၀ါရှင်တန်ဒီစီက ကွန်ဂရက် လွှတ်တော် စာကြည့်တိုက်မှာ အသင်းဝင်ထားရပြီး တစ်ပတ်မှာ နှစ်ရက်လောက် စာ သွားသွား ဖတ်ရတယ်။
ကွန်ဂရက် လွှတ်တော်ရယ်၊ ကွန်ဂရက် စာကြည့်တိုက်ရယ်၊ တရားလွှတ်တော်ချုပ်ရယ် သုံးပွင့်ဆိုင် လမ်းလျှောက်သွားလို့ရတဲ့ အကွာအဝေးမှာ တည်ရှိနေတဲ့ အနေအထားကို ကြည့်ပြီး ကျွန်တော် သိပ် သဘောကျခဲ့တယ်။
အမေရိကန်နိုင်ငံရဲ့ ခေါင်းဆောင် လွှတ်တော် ကိုယ်စားလှယ်တွေဟာ ကွန်ဂရက် စာကြည့်တိုက်မှာ အသိပညာ ဗဟုသုတတွေ လေ့လာဆည်းပူး၊ ပြီးတော့ လွှတ်တော်ကို သွားပြီး ဥပဒေတွေပြုကြ၊ အဲဒီ ဥပဒေများနဲ့အညီ မတိမ်းမစောင်း တရားစီရင်ကြဖို့ အဆင့်ဆင့်သော တရားရုံး များကို လွှတ်တော်ကပဲ ခန့်အပ် ထားတဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးတွေက ထိန်းကျောင်းပေးကြ။
ဒီလိုနဲ့ အမေရိကန်နိုင်ငံ ဟာ ကမ္ဘာ့အချမ်းသာဆုံး၊ ကမ္ဘာ့ စစ်အင်အား အကြီးဆုံး နိုင်ငံကြီးအဖြစ်ကို ရောက် ရှိခဲ့တယ်။ ကျွန်တော်တို့နိုင်ငံက နိုင်ငံရေး ခေါင်းဆောင် များဟာလည်း အဲသလိုပဲပညာဗဟုသုတ
တွေ ကြွယ် ၀ကြ၊ ဉဏ်ပညာ အမြော်အမြင်တွေ ကြီးမားကြ၊ နိုင်ငံ့အကျိုးကို ဦးထိပ်ထားပြီး နိုင်ငံ့ရေးရာတွေ ကို စုပေါင်း တိုင်ပင် ဆွေးနွေးညှိနှိုင်းကြတဲ့ အခြေအနေကို ဘာကြောင့် မရောက်နိုင်ရမှာလဲ။
ကျွန်တော်တို့နိုင်ငံ ကမ္ဘာ့အလယ်မှာ ၀င့်ကြွားထည်ဝါစွာ ရပ်တည် နိုင်တဲ့ အနေအထားကို ရယူပိုင်ဆိုင်နိုင် မယ့် အဲဒီတစ်နေ့ကို ဘာကြောင့် မရောက် နိုင်ရမှာလဲ ဆိုတဲ့ အတွေးကို လေးလေး နက်နက် တွေးမိ
ခဲ့ကြောင်း ပါဗျာ။
ည
၂၀ ၀၁ ၂၀၁၃
maungwuntha@gmail.com
---
Posted in: သူ့အတွေး သူ့အမြင်

Monday, April 9, 2012
၂၀၁၂ မိုးမခသင်္ကြန်သံချပ်
ဂျော်ဒီး၊ ဧပြီ ၉ ၊ ၂၀၁၂
(Illustation - old cartoons from moemaka)
၂၀၁၂ သင်္ကြန်အခါ..
(အတာရေ နဲ့ ဆေးကြကြောကြ..)
သိကြားမင်းကြီး
လူ့ ပြည်လာ..(အတာကြပ်တာ ..လက်ပ်တော့ကြီးနဲ့ )
သိကြားမင်းကြီး
လက်ပ်တော့ ကိုင်….(.အင်တာနက်ဆိုင် မှာ.... မီးစက်ကိုနှိုး)
လိပ်ဖိုးဖိုးရဲ
့ ကိုးနတ်ရှင်….(သိကြားမင်းကိုတောင် အရေးမစိုက်)
ရွှေပုရပိုဒ်
နဲ့  ခွေးသားရေ..သာ..….(ရှေးဟောင်း အစဉ်အလာ… ပြန်ကာသုံးရ..)။
၂၀၁၂ သင်္ကြန်
အခါ..တို့ ပြည်မြန်မာ ..(ဘာတွေထူးသတုံး)
ဖုန်းလိုင်းတွေက
မကြည်လင်……(၂သိန်းတန်တောင် ရောင်းချင်သေးသတဲ့ )
တို့ ပြည်သူများတောင်းဆိုတာ…(၅၀၀၀တန်
ဖုန်းပါ ..လူအများသုံးဖို့ )
၅၀၀၀တန်
ဖုန်း အသာနေ…..(ထမင်းရေ တောင် နပ်မမှန်ကြ)
ထမင်းရည်လေးတော့…
လျှော့ သောက်ပါ…(ပြည်သူတွေရယ်..ခြိုးခြံမှပေါ့ )
အသက်ကလေး..
နဲနဲ လျှော့ ရှူ ပါ….(ပြည်သူတွေ ရယ်…ခြိုးခြံမှပေါ့ )
ပေါတာကြီးတို
့ ချမ်းသာအောင်….(ပြည်သူတွေရယ်..ခြိုးခြံမှပေါ့ )
မီးခွန်
ရေခွန်..တိုးလို့ ဆောင်….(ပြည်ပကြွေးတွေ ကြေအောင် တဲ့ လား)
ဟေ့ ..စိန်လား…ဟေ
့..ရွှေလား..(စာဖတ်နေတယ်..နော်)
ဟေ..လား
စိန် တို့ ဝါး…။
ပြည်ပ
ကြွေးတွေ တောင်လိုပုံ.. (.ဆပ်လို့ မကုန်..ဘယ်သူတွေ သုံးသလဲ)၂
ဆပ်မကုန်တဲ
့ အကြွေးတွေ….(နေပြည်တော်မှာတော့ ..တထီးတနန်း)
နေပြည်တော်ကြီး
ရွှေပြောင်ပြောင်…..(တို့ ပြည်သူတွေ ၀မ်းခေါင်ခေါင် ပေါ့ )
ဝမ်းခေါင်
ပေမယ့်  မနေသာ….…(အခွန်အဖြာဖြာ စည်းကြပ်ခံရ….)
အခွန်ရှောင်တဲ
့ သူဌေးတွေ သာ.. ..(ပိုက်ဆံတွေဟာ…ထားစရာရှိဘူး)
ထားစရာမရှိတဲ
့အတူတူ…သူများလယ်မြေ….( မတရားယူကြ)
လယ်သမားလယ်မြေ..….(မတရားသိမ်းကြ)
လယ်သမားတွေ…မြေမဲ
့ရင်….(တို့ တတွေ မှာ…ဘာပင်စားမလဲ)။
သိကြားမင်းကြီး
တငိုင်ငိုင် ….(ခွေးသားရေ မလောက်လို့ မှိုင်..)
မသူတော်တွေက..တလွှားလွှား….(ခေါင်းပေါင်းတကားကား)
ဟေ့..လား..စိန်..တို
့.. ၀ါး…။ဟေ့ လား…ရွှေ တို့ ဝါး..။
မိုး…မိုး..မိုး..လားမောင်တို
့..(သူခိုး..သူခိုး..သူခိုးများ ..ရှောင်ဗျို့ )
တိုင်းပြည်
ဘဏ္ဍာ မခိုးကောင်းပါ..(သန့် ရှင်းကောင်းမွန်…ဘာညာ ..ဆိုလား)
လေ..လေ..လေ..လားမောင်တို
့..(အသေ..အသေ..အသေချာ နားထောင်ဗျို့ )
သမတကြီး
က…. စကားကြွယ်…(နားထောင် ရတာ..တကယ်ကောင်းသဗျိုး)
အောက်ခြေ
အဆင့် ဆင့်  ၀န်ထမ်းတွေ..(သမတကြီး ပြောတာ.. ကြားကြမဟုတ်လား)
မကြားချင်ယောင်
ဆောင်တဲ့ ဝန်ထမ်းတွေ..(နားလေးနေရင်..ဆေးမြန်မြန်ကုကြ)
ခေတ်ကြီးကတော့
ပြောင်းနေပြီ…(မြောင်းထဲ မရောက်ခင်..သောက်ကျင့် ပြင်ကြ)
သမတကြီးလဲ..၀န်ထမ်းပါ..(ကိုယ်ပြောတာကို
..ကိုယ်မမေ့ နဲ့ )
တရားဥပဒေရဲ
့….. အထက်မှာ …(ငါက လွဲရင် ဘယ်သူမှ မရှိရ)
တရားဥပဒေ
ရဲ့  အထက်မှာ…(.ဖိထားနိုင်တာ..ငွေထုပ်ကြီးလား)
ပါးတခါရိုက်..ငွေတထောင်…(ဒဏ်ဆောင်လိုက်ရင်..အေးဆေးပဲတဲ
့)
ခေတ်မမီတော့
တဲ့  ဥပဒေတွေ..(လွှတ်တော်ထဲမှာ ပြင်ကြပါဦး)၂
လွှတ်တော်ထဲမှာ
ငိုက်သူတွေ..(ဒေါင်းတွေ အော်ပြီ…နိုးလော့ ..ထလော့ )
တမတ်တန်းက
အချောင်သမားတွေ (ပြည်သူ့ မဲ..မပါ..ရှက်စရာကြီး)
ရှက်စရာကြီးလို
့ အသိမှန်..(ပြည်သူ့ အသံ..နာခံကြလော့ )။
ဟေ့…စိန်လား…ဟေ
့…ရွှေလား.. (စာဖတ်နေတယ်..ရှူးးးတိုးတိုး)
ဟေ့ ..လား
ရွှေ တို့ ဝါး…။
ဓါတ်ငွေ
့သိုက်ကြီး ဖင်ခုထိုင်.. (ဖယောင်းတိုင်လေးမှာ… မှိတ်တုပ်…မှိတ်တုပ်)
ပြတ်တယ်..လာတယ်..တရားမှတ်ကာ..(တို
့ပြည်သူတွေ..ကျွတ်တမ်းဝင်နိုး)
မီးခွဲတမ်းကို
စောင့် ရတာ..(လေးသင်္ချေ နဲ့  ကမ္ဘာ တသိန်း)
ဝါယာရှော
့တွေ..ကြောက်စရာ…(ဈေးကြီးတွေ ရေ…သတိ..သတိ)
ဈေးသစ်ဆောက်ဖို
့..ဂွင်သစ်ရှာ…(ကန်ထရိုက်တာ..မင်းမြှောင် ကပ်ဖါး)
သူများမျက်ရည်..ချွေးနည်းစာ..
(မညှာ မတာ..သူတို့ ခြေဆေး)
အသက်ငင်နေတဲ
့ မြစ်ချောင်းတွေ…(သူများ တိုင်းပြည် …မီးလင်းဖို့ တဲ့ )
ပိုလျှံ
နေလို့ ..ရောင်းတာပါ…..(ပြောတတ်လိုက်တာ..သူ့ ပါးစပ်ကြီး)၂
သူ့ ဇနီးနဲ
့ သမီးတွေပါ…(စေတနာရှိရင်..အဆစ်ပေးလိုက်)၂
ဟေ့ ..စိန်လား…ဟေ
့…ရွှေလား..
(ငါ့ ဘကြီး..စာကျက်နေတယ်..ဘယ်ကောင်တွေလဲ)
ဟေ့လား..ရွှေတို
့ဝါး..။
အိမ်နီးနားချင်း..သူခိုးတွေ….(ကမ္ဘာ
့အလည်မှာမှာ…နံမယ် ဆိုးလွန်း)
သူခိုး..ဓါးပြ
နဲ့  ပေါင်းသင်းကာ..(တိုင်းပြည့် ရတနာ…ရောင်းမစားနဲ့ )
ပြည်သူ
့အသံ…တကယ်နားခံ…..(ဟန်ဆောင်ပန်ဆောင်..ချွေးမသိပ် နဲ့ )
တိုင်းပြည်ချစ်စိတ်
အရင်းခံ……(အမျိုးသား ပြန်လည် သင့် မြတ်ကြစို့ )
(အမျိုးသမီးတွေကော… မပါဘူးလား…တော့ )
အမျိုးသမီးထုက
ခေါင်းဆောင်လာ…(အမျိုးသားတွေ မှာ… မသက်သာ ဘူးလား)
အခွင်
့အရေး တန်းတူညီ….(တို့ တိုင်း မြန်ပြည်..စည်ပင်ဝပြော)
တိုင်းရင်းသားတွေ
အခွင့် အရေးညီ…..(ပြည်တွင်းစစ်တွေ..ခုချက်ချင်းရပ်)
ဟေ့ ..စိန်လား….. ဟေ့ ..ရွှေလား..(စာဖတ်နေပါတယ်..ဆို)
ဟေ့ လား…စိန်ရော ရွှေရော.. …၀ါး…။ ။
Thursday, March 29, 2012
‘စနစ်ဆိုးနဲ့ စစ်ဂျိုးခွါစို့’
‘စနစ်ဆိုးနဲ့ စစ်ဂျိုးခွါစို့’ အိန္ဒိယသံချပ် ထွက်ရှိ
နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏
၁၄ ခွေမြောက်ဖြစ်သည့် ‘စနစ်ဆိုးနဲ့ စစ်ဂျိုးခွါစို့’ သံချပ်ခွေအား
ကြာသပတေးနေ့ နံနက် ၁၁ နာရီက နယူးဒေလီမြို့တွင် စတင်ဖြန့်ချိလိုက်သည်။
၆၄ မိနစ်ကြာ စီဒီခွေကို ၂ဝ၁၂ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလအတွင်း ပြည်သူအများ နားဆင်နိုင်ရန်အတွက်
ဖြန့်ချိလိုက်ခြင်းဖြစ်သည်ဟု သံချပ်တာဝန်ခံ ကျောက်မဲကျော်ကြီး က ပြောသည်။
ယခုနှစ် သံချပ်များအတွက် ‘စနစ်ဆိုးနဲ့ စစ်ဂျိုးခွါစို့’ဟု ခေါင်းစဉ် ရွေးချယ်ပေးရခြင်းမှာ လက်ရှိမြန်မာပြည် နိုင်ငံရေး စနစ်အား ဝေဖန်ထောက်ပြ သရော်လိုက်သည့် သဘောဖြစ်ကြောင်း ဟင်းအိုးတခု ဥပမာပြု၍ သံချပ်တာဝန်ခံက မဇ္ဈိမကို ရှင်းပြသည်။

“သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီလမ်းကြောင်းပေါ် ပြောင်းလဲနေပါပြီဆိုပေမယ့် ၂ဝဝ၈ အခြေခံဥပဒေ အတိုင်းပဲ
ဖြစ်နေတဲ့အတွက် စစ်အာဏာရှင်စနစ် ရှိနေဆဲဆိုတာ ထောက်ပြချင်တာပါ။ ဒါကြီးက နှစ် ၅ဝ ကြာပြီ။ ဥပမာ ဟင်းအိုး တအိုးဟာ ဂျိုးတူးနေပြီးသားကြီးဆိုရင် အဲဒီဂျိုးအတူးကြီးကို မခွါဘဲနဲ့ နောက်ထပ် ဟင်းအသစ်တွေ ဘယ်လိုပဲချက် ချက် ဒီ တူးစော်နံကြီးကတော့ ပျောက်သွားမှာမဟုတ်ဘဲ ဟင်းသစ်ကို ဖျက်နေမှာပါပဲ။ ဒီဂျိုးတွေကို ခြစ်ထုတ်ခွါချပြီး အိုးအသစ်ကြီးမှာ ဟင်းအသစ်တွေ ချက်နိုင်မှသာ ရနံ့လည်းမွှေး၊ အရသာလည်းရှိတဲ့ဟင်းတွေ ရနိုင်မှာပါ” ဟု
ကျောက်မဲကျော်ကြီး က ပြောသည်။
အိန္ဒိယရှိ သံချပ်ဝါသနာရှိသူများက ၁၉၉၆ ခုနှစ်ကတည်းက သံချပ်များ ရေးထိုး တိုင်တည်လာကြသည်မှာ ၁၅ နှစ် အတွင်း ၁၄ ခွေ ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်သည်။
‘ခြောက်စား ဟောက်စား ခေါက်ထားစမ်းပါ’ မှ စ၍ ‘ထားပချေမိ ငါ့ဝန်ရှိလိမ့်’၊ ‘မိုးကိုဒူးနဲ့ တက်တိုက်စို့’၊ ‘သစ္စာ
ကျောက်တုံး မြှောက်လိုက်ပြီ’၊ ‘အိပ်ငိုက်ခြင်းမှ ချက်ခြင်းထလော့’၊ ‘ရပ်ကြည့်လို့ အမြတ်မရှိ’၊ ‘ဗမာပြည်ကို တံတိုင်းခတ်လိုက်’၊ ‘ဘယ်ပုရပိုဒ် မင်းကြိုက်သလဲ”၊ ‘ထုလေမာလေ ဒို့လူတွေ’၊ ‘အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့’နှင့် ‘ဘုန်းဘုန်းချမှ လုံးလုံးရမယ်’ အခွေများအထိ သံချပ်များကို ကဗျာဆရာ မြတ်ထက် က တဦးတည်း ပင်တိုင်ရေးသား လာခဲ့ရာမှ ဆရာမြတ်ထက် ကျန်းမာရေးချို့ယွင်းလာ၍ ‘သူသေကိုယ်ရှင် တိုက်ပွဲဝင်’၊ ‘ငုံ့မခံရဖို့ တုန့်ပြန်ကြစို့’ နှင့် ‘စနစ်ဆိုးနဲ့ စစ်ဂျိုးခွါစို့’ တို့ကို အခြားသူများက ဝိုင်းဝန်းဟူ၍ ရေးသားခဲ့ကြရသည်။
“ဒီနှစ်အတွက် အသစ်ရေးထားကြတာကတော့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကိစ္စရယ်၊ အထူးသဖြင့်တော့ ဘယ်နှစ်ကမှ မပါဖူးတဲ့ ‘ပြည်တော်ပြန်’တွေရဲ့အကြောင်းလည်း ထည့်ရေးထားပါတယ်” ဟု ကဏ္ဍသစ်များကို
ကျောက်မဲကျော်ကြီးက ပြောပြသည်။
နှစ်စဉ်နှစ်တိုင်း ပင်တိုင်ကဏ္ဍတခုဖြစ်သည့် လူထုဘဝ အခြေအနေကဏ္ဍတွင် ပါဝင်ရေးသားခဲ့သူလည်းဖြစ်၊ ဒိုးပတ်ဝိုင်း
ခေါင်းဆောင်လည်းဖြစ်သည့် မုတ်သုန် (ယောရပ်ရွာ)ကလည်း “ပြည်သူလူထု တကယ်ကြုံတွေ့နေရတဲ့ အခက်အခဲ
တွေကို အခြေခံပြီးတော့မှ ရေးရတာပါ။ ရေးတာတွေကတော့ အများကြီးပဲဗျ။ အသံ သွင်းဖြစ်တာကတော့ ပညာရေး၊ ကျန်းမာရေး၊ ရေမီး မလာတာ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ အကုန်ထည့်ရေးထားတာပဲ။ ရေးထားတာ
ခြောက်မျက်နှာလောက် ရှိတာကိုး။ ရှည်လွန်းတယ်ဆိုပြီး ဖြတ်ပစ်လိုက်တာ” ဟု မဇ္ဈိမကို ပြောသည်။
“ဆင်းရဲခြင်းပဲ ချမ်းသာတယ် --- တို့များ ဘဝမယ်၊ အလှူခံပုဂ္ဂိုလ် ရှောင်ရတယ် --- ကန်တော့ပါသေးရဲ့ကွယ်၊ ညအိပ် ဧည့်သည် ရှောင်ရတယ် --- So Sorry ပါဟယ် မနက်ညစာ ပေါင်းစားတယ် --- ဝေရာမဏိပါကွယ်၊ အလုပ်အကိုင်
တွေ ရှားပါးတယ် --- ဒီခေတ်စုတ်ကြီးမယ်” ဟူ၍ လူထုဘဝအခြေအနေအား သံချပ်တွင် တစိတ်တပိုင်း တင်ပြထား သည်။
လက်ရှိ နိုင်ငံရေး အဖြစ်အပျက်များအား စောင့်ကြည့်ရေးသားနေရသဖြင့် ၂ဝ၁၂ သံချပ်များ ထုတ်ဝေနိုင်ရေးအတွက်
နှောင့်နှေးကြန့်ကြာခဲ့ရကြောင်းလည်း ကျောက်မဲကျော်ကြီးက ပြောသည်။
“ဝိုင်းပြီး ရေးပေးကြပါတယ်။ ဒီနှစ်က နိုင်ငံရေး အပြောင်းအလဲတွေ ရှိနေတဲ့အတွက် အကြောင်းအရာတွေ အပေါ် လိုက်ပြီး သံချပ်ရေးသားရတာ နောက်ကျပါတယ်။ အဲဒါတော့ ကသီလင်တ ဖြစ်ပါတယ်” ဟု ပြောသည်။
အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း တာဝန်မပျက်စေဖို့ ကြိုးစားတီးခတ်ပေးခဲ့ကြောင်း ဒိုးဆရာ က ပြောသည်။
“ကျနော်က ၂ဝဝ၉ လောက်က စပါခဲ့။ ပျော်ပါတယ်။ စိတ် တက်တက်ကြွကြွရှိပါတယ်။ ဒိုးတိုက်ရတာ ရက်နည်းတော့ ကမောက်ကမလေးတွေတော့ ကြုံရတာပေါ့။ ဒါပေမယ့် ကိုယ် တတ်နိုင်သလောက် ရေးပေး၊ ဆိုပေး၊ တီးပေးရတာ
ပျော်စရာလည်း ကောင်းပါတယ်။ နှစ်စဉ် အိန္ဒိယဘက်က ထွက်နေကျဆိုတော့ ပြည်သူတွေက ဒီနှစ်လည်း မျှော်နေမှာ မို့ တီးပေးရတာ ပျော်တယ်” ဟု မုတ်သုန် (ယောရပ်ရွာ)က မဇ္ဈိမကို ပြောသည်။
ယခုနှစ်သံချပ်များအား အသံသွင်း စီဒီခွေအပြင် ရုပ်သံ ဗီစီဒီခွေအဖြစ်လည်း ထုတ်ဝေဖြန့်ချိသွားမည်ဟု သိရသည်
အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေရဲ့ ၂၀၁၂ သင်္ကြန်အတွက် သံချပ် သီချင်းတွေပါ။
ဘာကြောင့် ဒီခေါင်းစဉ်ကို ပေးရသလဲလို့ မေးကြည့်တော့ သံချပ် စီစဉ်သူ ကျောက်မဲ ကျော်ကြီးက …
“ဟင်းတွေဘာတွေချက်ရင် အိုးတူးသွားလို့ ချိုးကပ်သွားတာကို သေချာမခွာ၊ မဆေးကြောရင် နောက်ဟင်းတွေချက်တဲ့အခါကျတော့ တောက်လျှောက်ကပ်ကုန်တဲ့အပြင် ဟင်းအရသာလည်း မကောင်းနိုင်တော့ဘူး။ ဒီလိုပဲ သမတ သိန်းစိန်အစိုးရက သူတို့ကိုယ်သူတို့ အရပ်သားအစိုးရပါလို့ ပြောနေပေမယ့် စစ်အစိုးရလက်ကျန်စနစ်ချိုးတွေကို သေချာမခွာဘူး၊ မဆေးကြောဘူးဆိုရင် ဘယ်လိုပဲ သန့်ရှင်းတဲ့အစိုးရပါလို့ပြောပြော သန့်ရှင်းတဲ့အစိုးရဖြစ်မှာမဟုတ်ဘူးတဲ့အတွက် စနစ်ဆိုးတွေ၊ စစ်ချိုးတွေကို သေချာခွာပါလို့ ပြောချင်တာပါ” လို့ ပြောပါတယ်။
ပါဝင်တဲ့ သံချပ်သီချင်းတွေကတော့ မကြာခင်ရက်ပိုင်းအတွင်း ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲ အကြောင်း၊ သမတသိန်းစိန်ရဲ့ ဖိတ်ခေါ်ချက်နဲ့ ပြည်တော်ပြန်ကြတဲ့သူတွေအကြောင်း၊ ပြည်တွင်းပြည်ပ မီဒီယာတွေအကြောင်း၊ မြန်မာ့သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးယိုယွင်းလာနေတဲ့အကြောင်း စတာတွေဖြစ်ပါတယ်။

နယူးဒေလီက သံချပ်ဝိုင်းတော်သားများ
ဘာကြောင့် ဒီခေါင်းစဉ်ကို ပေးရသလဲလို့ မေးကြည့်တော့ သံချပ် စီစဉ်သူ ကျောက်မဲ ကျော်ကြီးက …
စီစဉ်သူ ကျောက်မဲ ကျော်ကြီး
“ဟင်းတွေဘာတွေချက်ရင် အိုးတူးသွားလို့ ချိုးကပ်သွားတာကို သေချာမခွာ၊ မဆေးကြောရင် နောက်ဟင်းတွေချက်တဲ့အခါကျတော့ တောက်လျှောက်ကပ်ကုန်တဲ့အပြင် ဟင်းအရသာလည်း မကောင်းနိုင်တော့ဘူး။ ဒီလိုပဲ သမတ သိန်းစိန်အစိုးရက သူတို့ကိုယ်သူတို့ အရပ်သားအစိုးရပါလို့ ပြောနေပေမယ့် စစ်အစိုးရလက်ကျန်စနစ်ချိုးတွေကို သေချာမခွာဘူး၊ မဆေးကြောဘူးဆိုရင် ဘယ်လိုပဲ သန့်ရှင်းတဲ့အစိုးရပါလို့ပြောပြော သန့်ရှင်းတဲ့အစိုးရဖြစ်မှာမဟုတ်ဘူးတဲ့အတွက် စနစ်ဆိုးတွေ၊ စစ်ချိုးတွေကို သေချာခွာပါလို့ ပြောချင်တာပါ” လို့ ပြောပါတယ်။
ပါဝင်တဲ့ သံချပ်သီချင်းတွေကတော့ မကြာခင်ရက်ပိုင်းအတွင်း ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲ အကြောင်း၊ သမတသိန်းစိန်ရဲ့ ဖိတ်ခေါ်ချက်နဲ့ ပြည်တော်ပြန်ကြတဲ့သူတွေအကြောင်း၊ ပြည်တွင်းပြည်ပ မီဒီယာတွေအကြောင်း၊ မြန်မာ့သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးယိုယွင်းလာနေတဲ့အကြောင်း စတာတွေဖြစ်ပါတယ်။
Saturday, August 7, 2010
ရှစ်လေးလုံးသံချပ်
မိုး မိုး မိုးလား မောင်တို့ လေ လေ လေလားမောင်တို့
ရှစ်လေးလုံးကြီးဖြစ်ခဲ့တာ နှစ်နှစ်ဆယ်ကျော် နှစ်နှစ်စွန်းပေါ့
ဟောဒီလိုမျိုးAချိန်Aခါ တင်ပြချင်တာ မောင်တို့ Aမြင်များ
လွန်တာရှိရင် ခွင့်လွှတ်ပါ ပြောမိတာဟာ တိုင်းပြည်Aတွက်
မှားတာရှိလည်း ဆုံးမပါ နာခံဖို့ရာ မောင်တို့Aသင့် 
နိုင်ငံတော်ကြီး ချောက်ကျမှာ စိုးရိမ်မိတာ မောင်တို့သဘော
ပြည်သူAများ ဆင်းရဲတာ ၀မ်းနည်းမိတာ မောင်တို့မနော
တိုင်းပြည်လူထု ကောင်းဖို့ရာ ရည်သန်ပါတယ် မောင်တို့စိတ်ထား
တော်လှန်ရေးကြီးေAာင်ဖို့ရာ တင်ပြပါတယ် မောင်တို့Aမြင်များ
ရှစ်ဆယ့်ရှစ် ရှစ်ဆယ့်ရှစ် ပြည်သူချစ်တဲ့ ရှစ်ဆယ့ရှ်စ်
Aာဏာရှင်စံနစ် တိုက်ဖျက်တာ တို့ကျောင်းသားတွေ AစU်Aလာပေါ့
မဆလကို ဖြိုဖျက်တာ ခွပ်ဒေါင်းကျောင်းသား သံမဏိAစစ်
သံဃာတော်များ ရှေ့တန်းမှာ တိုင်းရင်းသားAစုံ Aုံကြွပါခဲ့
ရှစ်လေးလုံးလို့ ကမ္ဘာကျော် ကျောင်းသားပြည်သူ လက်တွဲညီခဲ့
နAဖကို တိုက်ဖျက်မှာ ခွပ်ဒေါင်းကျောင်းသား ရဲရဲနီဟေ့
နှစ် (၂၀) ကျော် တိုက်ပွဲဟာ ရှေ့မတိုးပါ နောက်သာဆုတ်ခဲ့
ဆန်းစစ်ကြည့်တော့ ထိပ်ဆုံးမှာ Aချောင်သမားတွေ ခွထိုင်လုပ်စား
ဖောက်ပြန်သူတွေ တိုက်ဖို့ရာ တို့ကျောင်းသားတွေ ညီညာကြဟေ့
ဖောက်ပြန်သူက များလိုက်တာ နေရာတကာ သူတို့Aပြည့်
ပြောနေတာတော့ တော်လှန်ရေး လုပ်နေတာက ကိုယ့်Aရေး
နAဖတော့ ရှုတ်ချခြင် ကိုယ့်သောက်ကျင့်တော့ မပြင်ကြဘူး
တိုင်းပြည်ကြီးကို လက်ညှိုးထိုး NGO နဲ့ ပေါင်းကာခိုး
ပြည်သူတွေကို လက်ညှိုးထိုး Aလီဘာဘာ ကမ်းပေါ့ဓားရိုး
NGO ကို Aဖေခေါ် Aမေမလိုချင် ဖင်တောင်ကုန်းပေး
NGO များ လာပြီဆို Aမဲရိုးကို ခွေးဝိုင်းသလိုပဲ
Aခွင့်Aရေးများ မြင်ပြီဆို ခိုင်းကြပါနော် ကျနော်ကျမ
ပြောလိုက်တာက ခေါင်းဆောင်ဆို NGO ဆို ဘုရားဘုရား
NGO ကို သူရှစ်ခိုး (သူခိုး သူခိုး သူခိုး)
လူထုAရေး သူချောင်ထိုး ။
ကားကြီးထဲက UီးAဝှာ ။
ဝိုင်ချိုသောက်တဲ့ ဒေါ်Aဝှာ ။
မျက်မှန်မဲနဲ့ ကိုAဝှာ ။
ပါတီပေးတဲ့ မAဝှာ ။
သူတို့နားက မောင်ပြာယာ ။
သူတို့နားက မသံပြာ ။
တိုးတိုးပြောပါ မောင်တို့ရယ်NGO တွေ ကြားပါ့မယ်
…သူတို့ကိုတော့မကြောက်ပါသောက်ဖော်စားဖက်ပါ
တိုးတိုးပြောပါ မောင်တို့ရယ်မီဒီယာ တွေ ကြားပါ့မယ်
…သူတို့ကိုတော့မကြောက်ပါသောက်ဖော်စားဖက်ပါ
တိုးတိုးပြောပါ မောင်တို့ရယ် နAဖ တွေ ကြားပါ့မယ်
…..သူတို့ကိုလည်း မကြောက်ပါသိပြီးသားမို့ပါ
တိုးတိုးပြောပါ မောင်တို့ရယ်ဘေးဝန်းကျင်တွေ ကြားပါမယ်
…….သူတို့ကို မမူပါ ပေးကျွေးဆို့ထားတာ။
မကြောက်တရားတွေ များလိုက်တာ သူခိုးသေဖော် ညီလို့ပါလား
ကြောက်တာပေါ့ ကြောက်တာပေါ့ စားခွက်ပျောက်မှာတော့ ကြောက်တာပေါ့
မကြောက်တရားတွေ များလိုက်တာ သူခိုးသေဖော် ညီလို့ပါလား
ကြောက်တာပေါ့ ကြောက်တာပေါ့ လုပ်စားမရမှာတော့ ကြောက်တာပေါ့
မကြောက်တရားတွေ များလိုက်တာ သူခိုးသေဖော် ညီလို့ပါလား
ကြောက်တာပေါ့ ကြောက်တာပေါ့ ဒေါ်စုကြားမှာတော့ ကြောက်တာပေါ့
မကြောက်တရားတွေ များလိုက်တာ သူခိုးသေဖော် ညီလို့ပါလား
ကြောက်တာပေါ့ ကြောက်တာပေါ့ လူထုကြားမှာတော့ ကြောက်တာပေါ့
မကြောက်တရားတွေ များလုကိတာ တိုင်းပြည်Aတွက် သုံးကြည့်ပါလား
ဒါမျိုးကိုတော့ ကြောက်ပါတယ် ပျော်စရာလေးတွေ ကျန်သေးတယ်
မကြောက်တရားတွေ များလိုက်တာ လူထုAတွက် သုံးကြည့်ပါလား
ဒါမျိုးကိုလည်း ကြောက်ပါတယ် ဆောရီးပါပဲကွယ်။
ဒါမျိုးကြတော့ ကြောက်ကြသလား ဝါးဟားဟား ဝါးဟားဟား။
လူထုတွက်တော့ ကြောက်ကြသား ဝါးဟားဟား ဝါးဟားဟား။
တိုင်းပြည်တွက်တော့ ကြောက်ကြသား ဝါးဟားဟား ဝါးဟားဟား။
ခိုးတာ ဝှက်တာ ရှက်ဖူးလား ဒါလေးများ ဒါလေးများ။
လိမ်တာကောက်တာ ရှက်ဖူးလား ဒါလေးများ ဒါလေးများ။
ခေါင်းဆောင်Aများ Aနှိပ်ခန်းသွား ဒါလေးများ ဒါလေးများ။
ဟောက်စား ချောက်စား Aာပလာများ နားနားနား နားနားနား
စားဖား ကြောင်ပါး Aချောင်သမား နားနားနား နားနားနား
မှတ်ထားကြဟေ့ NGO တကယ်တမ်းဆို Aပြင်လူပဲ
ကူညီတာတော့ ကျေးဇူးပါ ဆရာလုပ်တာ လက်မခံကြနဲ့
ကိုယ့်Aရေးမို့ ကိုယ့်ဘာသာ ဖြေရှင်းရမှာ မျိုးချစ်တရားနဲ့
ပြည်သူသည်သာ Aဓိက ပြည်သူသည်သာ AမိAဖ
ကြောက်တတ်ရင်တော့ ပြင်ကြပါ ပြည်သူကိုသာ မျက်နှာမူကြ
ရှက်တတ်ရင်တော့ ပြင်ကြပါ ဒေါ်စုလမ်းညွန် လိုက်နာတိကျ
လူထုဆုံးမ မသက်သာေAာ့နှလုံးနာ ပြည်သူ့ချU်ဖတ်
နAဖတို့ နမူနာ ယူတတ်ရင်ကွယ် သင်္ခန်းစာပေါ့
ဘာပဲလုပ်လုပ် Aရာမထင် ရာဇဝင်တွင်ပြီ မိစ္ဆာမျိုးဖျက်
နေဝင်း၊ စောမောင် နိဂုံးချုပ် ပုပ်ဟောင်လိုက်တာ ခုထိနံတုန်း
မသေခင်က ပုပ်နေတာ သန်းရွှေမိစ္ဆာ လူသတ်သမား
သူ့Aလှည့်ကြ ကြောက်လိုက်တာ ဂါယာကိုလာ ယတြာချေရ
ယတြာချေလည်း မကျေပါ ငရဲကျမှ AသေAချာပေါ့
မသေခင်က မပုပ်စေချင် သင်္ခန်းစာယူ ရဲဘော်Aပေါင်း
မကောင်းမှုရှောင် ကောင်းမှုဆောင် ဆင်ခြင်ကြကွယ် ရဲဘော်Aပေါင်း
သူတို့နမူနာ ယူပြီးကာ တို့ခေါင်းဆောင်တွေ စိတ်ကောင်းမွေးကြ
သူများလုပ်တဲ့ တိုင်းပြည်Aကျိုး မပေါင်းချင်နေ မဖျက်ချင်ကြနဲ့
သူများလုပ်တဲ့ လူထုAကျိုး မကူချင်နေ မနှောင့်ယှက်ကြနဲ့
လူထုAကျိုး သယ်ပိုးချင် ကိုယ်ရေးကိုယ်တာ ဘေးချိတ်ထားလိုက်
တော်လှန်ရေးသမား ဖြစ်ချင်ရင် လူထုAကျိုးသာ Uီးထိပ်ထားကွဲ့
တော်လှန်ရေးသမား ဖြစ်ချင်ရင် Aချောင်လမ်းစU် ရှောင်ကြရှားကြ
တော်လှန်ရေးကြီးေAာင်ချင်ရင် ညီညွတ်ရေးကို Aရင်လုပ်ကြ
ညီညွတ်ရေးကို လိုချင်ရင် ညစ်ပုပ်ကပ်ကျယ် မလုပ်ကြနဲ့
ညီညွတ်ရေးကို လိုချင်ရင် Aခွင့်Aရေးတွေ တူမျှစေကွဲ့
ညီညွတ်ရေးကို လိုချင်ရင် တိုင်းပြည်Aပေါ် ရိုးသားကြကွဲ့
ညီညွတ်ရေးကို လိုချင်ရင် Aချင်းAချင်းပေါ် ရိုးသားကြကွဲ့
ညီညွတ်ရေးကို လိုချင်ရင် တာဝန်ကိုယ်စီ ကျေကြစေကွဲ့
မှန်ဘောင်သွင်းပြီး ဘန်းပြထား၊ လုပ်စားကြတာ ဒေါ်စု မကြိုက်ဘူး
Aမေစုကို ချစ်တယ်ဆို နားထောင်လိုက်နာ သူ့ရဲ့စကား
Aများတကာတို့ ဆင်းရဲချိန် ကိုယ်ချမ်းသာတာ ရှက်စရာတဲ့
တာဝန်ကိုယ်စီ ကျေကြရင်ေAာင်ပွဲဆိုတာ AသေAချာတဲ့
စည်းကမ်းရှိပြီး ညီညွတ်ရင် ဒီမိုကရေစီ ရမှာမလွဲ
Aမေစုစကားတွေ Uီးထိတ်ထား တာဝန်ကိုယ်စီ ကျေကြစို့လား
ရှစ်ဆယ့်ရှစ် ရှစ်ဆယ့်ရှစ် လူထုAားကိုး ရှစ်ဆယ့်ရှစ်
လူထုAကျိုးသယ်ပိုးတာ ကိုဗဟိန်းတို့ AစU်Aလာ
မြင်းခွာတချက် ပေါက်ခဲ့ရင် မီးတောက်ရမယ် ဒို့ရဲ့ဝါဒ
ဖောက်ပြန်မှုတွေ မှန်သမျှ တိုက်ဖျက်ပစ်မယ် ကင်းစင်ေAာင်ပ
တိုက်ရဲသေရဲ စွန့်လွတ်တာ တို့ကျောင်းသားဟာ စံပြပါပဲ
တချီတမောင်း လာပြန်ပြီ စည်းကမ်းရှိတဲ့ ဒီမိုကရေစီတဲ့
ဒီ Aပြောမျိုးတွေ ရိုးနေပြီ သုမနကျောမှာ ဒဏ်ရာတွေနဲ့
ဟိုတခေတ်က မဆလ မြန်မာ့နည်းဟန် ဆိုရှယ်လစ်တဲ့
နှစ် နှစ်ဆယ်ကြာတော့ တို့တိုင်းပြည် စာရင်းဝင်ပြီ ကမ်ဘာ့ လူမွဲ
ရွေးကောက်ပွဲလို့ မောင်းထုပြီ စကြဝဠာချီ လိမ်ဖို့ ကောက်ဖို့
Aချောင်သမားတို့ ဝင်တန်းစီ ထောက်ခံပါတယ် ဝုတ်ကဲ့ ဝုတ်ကဲ့
တချိုကတော့ လည်ကြသည် မကန့်ကွက်ပါ NGO မကြိုက်လို့
တော်လှန်ရေးလို့ တကျော်ကျော် Aနှစ် (၂၀) ကျော် သူတို့ေAာ်ခဲ့
Aခုကျတော့ ရှော်လေပြီ ရွေးကောက်ပွဲဟာ ရီယယ်လတီတဲ့
စစ်ဖွဲ့စည်းပုံ လက်ခံတာ ကြားရသူမှာ တAံ့တသြ
ကြည့်လိုက်စမ်းပ ဖွဲ့စည်းပုံ Aခွင့်AရေးAကုန် စစ်တပ်ယူထား
ရွေကောက်ပွဲက ဟန်ပြပါ လွှတ်တော်ထဲမှာ စစ်ဗိုလ်တမတ်သား
Aကြံပိုင်တဲ့ စစ်ဗိုလ်ငခွေး မကျေနပ်ယင်တောင် Aာဏာသိမ်းမတဲ့
စစ်ဗိုလ်မပါ ပြင်မရပါ ဖွဲ့စည်းပုံဟာ စစ်ကျွန်Aစစ်
စစ်ကျွန်ေAာက်က ရွေးကောက်ပွဲ ဒီမိုကရေစီ သင်းကွပ်မဲ့ပွဲ
စစ်ကျွန်ေAာက်က ရွေးကောက်ပွဲ လူ့သိက္ခာကို ချိုးနှိမ်တဲ့ပွဲ
စစ်ကျွန်ေAာက်က ရွေးကောက်ပွဲ ဗမာ့သိက္ခာ ချပြမဲ့ပွဲ
စစ်ကျွန်ေAာက်က ရွေးကောက်ပွဲ လက်ခံနိုင်တာ AာဂAချောင်သမား
ရွေးကောက်ပွဲလဲ ဆိုသေးတယ် ဟိုလူဒီလူ မပါရဆိုပဲ
ရွေးကောက်ပွဲလဲ ဆိုသေးတယ် စစ်တပ်မကြိုက်တာ မလုပ်ရဆိုပဲ
ရွေးကောက်ပွဲလဲ ဆိုသေးတယ် Aလံမထောင် လမ်းမလျှောက်ရတဲ့
ပိတ်ပင်ချုပ်ချယ် ကန့်သတ်တယ် သိန်းစိုကော်မီရှင် ခွေးသာသာပေါ့
ခွေးကော်မီရှင်က လုပ်တဲ့ပွဲ ဘယ်မှာလဲဟေ့ ဒီမိုကရေစီ
ခွေးကော်မီရှင်က လုပ်တဲ့ပွဲ ဘယ်မှာလဲဟေ့ လူထုဆန္ဒ
ဒေါ်စုမပါတဲ့ ရွေးကောက်ပွဲ AတုAယောင် လုပ်ကြံဇာတ်ပွဲ
(၈၈) တွေ မပါတဲ့ ပွဲ AတုAယောင် လုပ်ကြံဇာတ်ပွဲ
တိုင်းရင်းသားတွေ မပါတဲ့ပွဲ AတုAယောင် လုပ်ကြံဇာတ်ပွဲ
လူထုဆန္ဒမပါတဲ့ပွဲ ကန့်ကွတ် ရှုတ်ချ သပိတ်မှောက်ကြဟေ့။
ဒေါ်စုမပါတဲ့ ရွေးကောက်ပွဲ ကန့်ကွတ် ရှုတ်ချ သပိတ်မှောက်ကြဟေ့။
(၈၈) တွေ မပါတဲ့ပွဲ ကန့်ကွတ် ရှုတ်ချ သပိတ်မှောက်ကြဟေ့။
တိုင်းရင်းသားတွေ မပါတဲ့ပွဲ ကန့်ကွတ် ရှုတ်ချ သပိတ်မှောက်ကြဟေ့။
++++++++++++++++++++++++++++++++++++
သန်းရွှေမိစ္ဆာ လူယုတ်မာ Aပယ်ငရဲ ကျမည် မလွဲ
မျိုးဖျက်မိစ္ဆာ စစ်Aာဏာ ဝိုင်းဝန်းချေမုန်း တိုက် ရမဲ့ပွဲ
Aချောင်သမား လူလိမ်များ ဖော်ထုတ် ရှုတ်ချ မောင်းထုတ်ကြဟေ့
AတုAယောင် ရွေကောက်ပွဲ ကန့်ကွက်ကြ ကန့်ကွက်ကြ
ဒေါ်စုမပါတဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ကြ သပိတ်မှောက်ကြ
ဒီမိုကရေစီ ရရှိရေး ဒို့ Aရေး ဒို့Aရေး
Aာဏာရှင်စနစ် တိုက်ဖျက်ရေး ဒို့Aရေး ဒို့ Aရေး__
အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများရဲ့ ၂၂ နှစ်မြောက် ရှစ်လေးလုံး လူထုအုံကြွမှု အထိမ်းအမှတ်သံချပ်
(၂၂) နှစ်မြောက်ရှစ်လေးလုံးအထိမ်းအမှတ်သံချပ် (အပိုင်း ၁).mp3
(၂၂) နှစ်မြောက်ရှစ်လေးလုံးအထိမ်းအမှတ်သံချပ် (အပိုင်း ၂).mp3
၈၈၈၈ နှစ်ပတ်လည်သံချပ်.mp3
Subscribe to:
Posts (Atom)