Showing posts with label ဖေ့ ဘုတ် မှ ဟိုဟိုဒီဒီ. Show all posts
Showing posts with label ဖေ့ ဘုတ် မှ ဟိုဟိုဒီဒီ. Show all posts

Tuesday, November 20, 2012

ခါး ကုန်ကြပြီ....

 


 



မနေ့ကညက ရန်ကုန်မြို့ကမ်းနားရှိ ဘီယာဆိုင်တဆိုင်မှာ
မော်ဒန်ဟင်းလျာ အမည်တွေကို တွေ့ခဲ့ပါတယ်။

(ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)


 


နိုဝင်ဘာ ၁၉ရက်နေ့က လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသား ၆၆ယောက် တွင်ပါဝင်သည့် လွိုင်ကော်နှင့် သာယာဝတီ ထောင်မှ နိုင်ငံရေး အကျဉ်းသား ၆ယောက် က ၄င်းတို့ ထောင်ကျ ခဲ့ရသော အမှု နှင့် စပ်လျဉ်း၍ နိုဝင်ဘာ ၂၀ရက်နေ့၊ မွန်းလွဲ ၃နာရီ တွင် ဗဟန်း ရွှေဂုံတိုင် လမ်းပေါ်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် စာနယ်ဇင်းသမားများ နှင့် တွေ့ဆုံ ရှင်းလင်း ပွဲ ပြုလုပ်သည်။

  
China Prime minister Wen Jiabao arrived Bangkok.(တရုတ်ဝန်ကြီးချုပ် ဝေမ်ဂျင်းပေါင် ဘန်ကောက်ကိုရောက်ပြီ...)
 အားကျမခံသူလဲလာတယ်ဟ။
Wen Jiabao arrived Bangkok

 
 ချက်ချင်းသိသာလွန်းတယ်..


Friday, November 16, 2012

ဥပဒေကိုနားမလည်ကြဘဲ မြှောက်ပင့်ပေးသူတွေကြောင့် ဆန္ဒပြနေသူတွေတဲ့၊

ရန်ကုန်မြို့က ၀ါဝါ၀င်းကုမ္ပဏီရုံးချုပ်ရှေ့မှာ နေ့ရောညပါ ဆန္ဒပြနေသူတွေဟာ ဥပဒေကိုနားမလည်ကြဘဲ မြှောက်ပင့်ပေးသူတွေကြောင့် သူတို့လယ်မြေတွေ သိမ်းခံရတယ်ဆိုပြီး လျှော်ကြေးငွေ လိုချင်နေကြလို့ ဆန္ဒပြနေတာ လ၀က်တောင်ကျော်နေလို့ သနားပါတယ်တဲ့၊ တကယ်တမ်းတော့ အိုးအိမ်ကနေ တရားဝင်စာရွက်စာတမ်းတွေနဲ့ ကုမ္ပဏီကပိုင်ပြီးလို့ အဆင့်ဆင့်တောင် ရောင်းပြီးသားမို့ လယ်မြေလည်းပြန်မပေးနိုင်တော့သလို ဘာလျော်ကြေးမှလည်း မပေးနိုင်ဘူးတဲ့ဗျာ..၀ါဝါ၀င်းကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာဒေါ်စန်းစန်းဝင်း ( စန်းစန်းမြင်.) ကပြောနေပြီ ကောင်းကြသေးရဲ့လား

Ko Htike ကုမ္ပဏီအနေနဲ့ စီမံကိန်းမြေကို work schedule စံနစ်တကျရေးဆွဲပြီး အကောင်အထည်မဖေါ်ခဲ့သည့်အတွက် မလိုလားအပ်သည့် ပြသနာများဖြစ်ပေါ်ဖြေရှင်း နေရခြင်းကို အတုယူပြုပြင်နိုင်ကြပါစေ
Zaw Winn Naing စန်းစန်းမြင်.ပါဗျာ စန်စန်းဝင်မဟုတ်ပါဘူး။သူတို.ကဆင်းရဲရှာပါတယ် မလက်တို. ဘက်မှာဝါ၀ါဝင်းပိုင် ငါးကန်တွေပေါ်မှာ တောကြီးမျက်မဲထဲမှာ လင်ခရူဇာ ဆီနေတဲ. ဒေါ်စန်းစန်းမြင်.ပါ။ လျော.တော. မတွက်နဲ. မအူပင်ခရိုင် ။ပုသိမ်ခရိုင် ဟိုအရင်တုန်းက တိုင်းမှူးကနေ အောက်ခြေထိ (မိန်းကလေး)ဆိုတော. ထမီထဲထဲ.ထားတာ။
ချစ် အိမ် မြန်မာနာမည်ခံထားတဲ့ တရုတ်မကြီးဘဲ။
 Soe Nge ဘယ်ပြန်လျော်နိုင်ပါ့မလဲ.......တူတောင် ၀တ်ချာ မချိလို့ ဂါဝန်တိုတိုလေး ၀တ်နေရရှာဒါ........တနားပါလယ်....:P
ဥပဒေအတိုင်းလုပ်ရင် သူဌေးတွေ နဲ့ ၀န်ထမ်းတွေ နာမယ်
ဥပဒေအတိုင်းသာတကယ်လုပ်မယ်ဆိုရင် သူဌေးတွေအတွဲလိုက်ကြီးနာမယ် ။ ဘာလို့လည်းဆိုရင် အချို့ ၀န်ထမ်း တွေက အဂတိလိုက်စားပြီး လုပ်ခဲ့တာပေါ်လာမယ် ။ အချို့သူဌေးတွေက ရင်းနှီးမြှုပ်နှံထား တာတွေ ဆုံးကုန်မယ် ။
ဒပ်ပလော့ပါ လွတ်မလွတ်
ဒီနေရာမှာ ဒပ်ပလောပါ ဆိုသူက ၀ါဝါ၀င်း သူကကောဒီအမှုမှာ လွတ်မလွတ် - ဒပ်ပလော့ပါ အစစ်ဆိုရင် လွတ်ပါတယ် ။ အစစ်ဆိုတာက သူ့မှာ ဘာတာဝန်ရှိလည်းဆိုရင် -

မြေယာကို ရှင်း လမ်းခင်း ရေမီးကိစ္စလုပ်ပေး နိုင်ရင်ပြီးပါပြီ ။ သူနဲ့ လယ်သမားနဲ့ ရှင်းစရာမရှိပါဘူး ။ သူ့တာဝန်မပီးရင် သူနဲ့ နိုင်ငံတော်ရှင်းရမှာပါ ။ မြေကွက်လွတ်တွေကျန်နေတာလည်း သူနဲ့မဆိုင်ပါဘူးစက်မှုလုပ်ငန်းရှင်ဆိုသူတွေက ၀ယ်ထားရင် ၀ယ်ထားသူခံရမှာပါ ။
ဒပ်ပလော့ပါ အတုဆိုရင်ခံရပါမယ် ဆိုလိုတာက - ၀ါဝါ၀င်းက နိုင်ငံတော်ကိုလိမ်ပြီး မူလလက်ငုတ်တောင်သူ တွေကို အဆင့်မြင့် ကျေနပ်စွာ ရွှေ့ပြောင်းနေရာချပြီးလို့ စာရင်းလိမ်ပြထားရင် ( တစ်ချက်မိပါပြီ )
နောက်တခါ မြေတွေကို စက်မှုလုပ်ငန်းလုပ်မဲ့သူတွေကိုမရောင်းဘဲ ပါတနာတွေဖွဲ့လို့ လက်ကိုင်ထားရင် မိပါပြီ နောက်တခါ ( ဒုတိယတစ်ချက်မိပြီ )
နိုင်ငံရေးဘောဂဗေဒ ဘက်က တရားခံရှာကြည့်ခြင်း
ကျနော့်လောက် အမြောက်အများထုတ်လုပ်ခြင်း နဲ့ စက်မှုဖွံ့ဖြိုးရေးကိုပြောတာ ကျနော်ပါဘဲ အချို့ သဘာဝ ၀န်းကျင် သမားတွေကတောင် သိပ်မကြည်ချင်ပါဘူး ။ ဒါပေမဲ့ အမှန်တကယ် စက်မှုမဖွံ့ဖြိုးအောင်လုပ်တဲ့သူကို ရှာပြပါ့မယ် ။ ကျနော့်မိတ်ဆွေ ကိုသန်းစိုးဟာ စက်မှုလုပ်ငန်းရှင်ပါဘဲ သူက စက်မှုဇုန်တွေမှာ မြေငှားပြီး စက်မှုလုပ်ငန်းလုပ်တာ တစ်လကို တစ်ဧကအတွက် ၁၅ သိန်းလောက်ပေးရပါတယ် ။
သွားဝယ်တော့မရောင်းပါဘူး ။ မြင်နေ၇တဲ့ မြေလွတ်ဧက ( ရန်ကုန်တိုင်းထဲမှာ ရွှေပြည်သာ ဧက တစ်သောင်း လှိုင်သာယာ သုံးထောင်ကျော် မင်္ဂလာဒုံ ငါးထောင်ကျော်မှာ ၁၀ ရာခိုင်နှုန်းမပြည့်ပါဘူး အလွတ်တွေချည်းပါဘဲ လယ်သမားတွေ နှောက်ယှက်လို့ အကောင်အထည် မပေါ်တာလို့ ဆင်ခြေပေးရင် နားရင်း အ၇ိုက် ခံရပါမယ် လုပ်ထားတာ နှစ်ပေါင်း ၂၀ နီးပါးတွေချည်းပါဘဲ ။ လယ်သမားက မနေ့တနေ့ကမှ တစခန်းထရတာပါ ။
အဓိက က ဒပ်ပလော့ပါဆိုသူနဲ့ပါတနာတွေဟာ မြေလုပြီးမြေဈေးကစားခွင့်ပါမစ်ရထားသူတွေဆိုတာပါဘဲ ။ သူတို့ဟာ မြေကွက်တွေကိုင်ထားပြီး အရင်းအနှီးသေမြေယာတွေအညဖစ်ကို ရောက်စေသူတွေပါ ။ တရားခံအစစ်တွေပါ ။ ဥပဒေအဟောင်းမှာကော - အခု ဥပဒေအသစ်မှာပါ မည်သည့်အကြောင်း ကြောင့်မှ ပလပ်ထားခွင့်မရှိပါဘူး ။ရည်ရွယ်ချက်က ဒက်ကပ်ပီတယ် မဖြစ်စေချင်တာပါ ။
ထပ်ပြောရရင် - ဘာမှမလုပ်ရသေးတဲ့ - သံလျင်ေ၇နက်ဆိပ်ကမ်းကမြေတောင်ကုန်နေပါပြိဗျား ပါမစ်ယူ ထားပြီးကြပါပြိ ။
ပဒံလယ်သမားတွေတောင်းတာမလွန်
ပဒံလယ်သမားတွေက ရှင်းပါတယ် မြေ ၁၀ % ဒါမှမဟုတ် ပေါက်ဈေးရဲ့ ၁၀ % ကိုပေးပါတဲ့ - ဘာမှဥပဒေကိုကိုင်ပြီး ဥပဒေနဲ့အညီအပိုင်သိမ်းဖို့ပြောနေတာမဟုတ်ပါဘူး ။

Monday, April 9, 2012

ဖေ့ ဘုတ် မှ ဟိုဟိုဒီဒီ


Ko Thi Ha's Photos

 
 



Popular Myanmar News Journal


"ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ပထမဆုံးအကြိမ် ရဟန်းခံရှင်ပြု"

ဝန်ကြီးချုပ်ဟောင်း ဦးခင် ညွန့်အပါအဝင် သားနှစ်ဦးသည် သိက္ခာထပ်၊ ရဟန်းခံရှင်ပြုပွဲကို ယနေ့နံနက် ၈ နာရီတွင် တာမွေမြို့နယ် တာမွေလေးရပ် ကွက်၊ ပင်ရွှေညောင်လမ်းရှိ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ေ ကျာင်းတိုက် တွင် ကျင်းပခဲ့သည်။အဆိုပါ ရဟန်းခံရှင်ပြုပွဲကို ဦးခင်ညွန့် နှင့် ဒေါက်တာဒေါ်ခင်ဝင်းရွှေ တို့မှ အမှူးပြု၍အလှူဒါနပြုလုပ်ခဲ့ ပြီး ဦးခင်ညွန့်အပါအဝင်သားနှစ်ဦး နှင့်မြေး ၅ ဦးတို့မှ သာသနာ့ဘောင် သို့ ဝင်ရောက်ကာ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ပြည်တွင်းပြည်ပသာသနာပြု အလိုတော်ပြည့် ဆရာတော်မှ ကိုယ်တော်တိုင်သာ သနာ့ဘောင်သို့ သွတ် သွင်းပေးခဲ့ သည်။''ဒါပထမဆုံးရဟန်းခံတာပါ။ ရဟန်း ဘဝနဲ့တစ် ပတ်လောက်နေမယ် လို့ပြောတယ်'' ဟု ဦးခင်ညွန့်၏ ဇနီးဖြစ်သူ ဒေါက် တာဒေါ်ခင်ဝင်းရွှေက ဆိုသည်။ယင်းရှင်ပြုရဟန်းခံပွဲသို့် တပ် မတော်မှ အရာရှိများ၊ အငြိမ်းစား အရာရှိကြီးများနှင့် ၄င်းနှင့်ဆက်စပ် သောအရာရှိ အသိုင်းအဝိုင်းမှ ဧည့်ပရိသတ်ပေါင်း ၂ဝဝ ခန့်တရားနာလာ ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံမှ ဧည့် သည်တော်များပါလာရောက်၍ သိမ်ဆင်းဆွမ်းလောင်း လှူခဲ့ကြသည်။
 


ကျွန်တော်တို့ ညီအစ်ကို တိုင်းရင်းသား များ ကို တစုတစည်း တစ်စည်းတလုံးတည်း ဖြစ်အောင် စည်းလုံးအောင် ပေါင်းစည်းပေးနေ သော အပြောမဟုတ် လက်တွေ့ လုပ်ဆောင် အကောင်အထည် ဖော်နေသည့် နိုင်ငံတော်သမ္မတကြီးကို ကေအန်ယူ စစ်ဦးစီးချုပ် စောမူတူးစေးဖိုးက ကရင်တိုင်းရင်းသား ၀တ်စုံ ဆင်မြန်းပေးနေစဉ် (ရင်အစုံကို မြင်ယုံနဲ့ ရင်တုန်စရာ ကောင်းလောက်တဲ့ ကြည်နူးစရာ မြင်ကွင်းလေးပါ ကျွန်တော်တို့ ညီအစ်ကိုတွေ စည်းလုံးကြပြီ)
 

Credit to နံ့သာ2012
 


Aung Pyi Sone Aye's Photos

မိုးကုတ်ဆရာတော်ဘုရားကြီး ၏ ဓါတ်တော်ပူဇော်ပွဲကြီး နှင့် ၇ ရက်တရားစခန်းပါ


(ကြုံတောင့်ကြုံခဲ အခွင့်အရေးကြီးကို မသိလိုက်ရမရှိလေအောင် ရှယ်ပေးကြပါ)


Function Room 1, The ARENA Country Club
511 Upper Jurong Road, Singapore 638366,
near (JooKoon MRT)
ဆက်သွယ်ရန်- မနီလာအောင် (၉၆၉၉ ၄၇၉၅)


အဂ္ဂမဟာ ဒီမိုဖက်တီး's Photos

ပြည်သူက မုန့်ဖိုးလိုချင်လို့ NLD ကို မဲပေးတာတဲ့ ......

ပြောတော့လည်း အောင်မင်း ... အဲလေ ဖက်တီး လွန်ရာကြမယ်
မပြောတော့ဘူး ... ဒီမှာ ၀၀ကြီး ထိုင်ထိုင်ပြောနေရတာ မောတယ် ....
၂၀၁၅ မှ ဖွတ်တွေနဲ့ ထပ်ချဲမယ် .....

(ကော့မှုး ဒေါက်တာစိုးမင်း (ဖွတ်) နှင့် Messenger Journal အင်တာဗျူးးးး)

 


ကမ္ဘာပေါ်မှာ ကုန်ကျစရိတ် အနည်းဆုံးဆိုပြီး နိုင်ငံတကာက တညီတညွတ်တည်း ထောက်ခံပေးထားတဲ့ ရေကြောင်း ကုန်စည်ပို့ဆောင်ရေးကို အကျိုးရှိအောင် အသုံးမချတတ်တာဟာ လူဖျင်းလူညံ့တွေရဲ့ စီမံကွပ်ကဲမှုကြောင့်ပါ ..။

အင်မတန်မှ ကြီးမားလေးလံတဲ့ ကုန်စည်တွေကို သယ်ပိုးထားပြီး ပြည်သူလူထု အကျိုးစီးပွားတွက် ဆောင်ရွက်နေတဲ့ ကျမကို အသေသတ်ဖို့ တွေးတောနေကြသူများက တိုင်းပြည်ကို ချစ်ပါတယ်လို့ ကြွေးကြော်နေကြပြီး .........ထိုလုပ်ရပ်များကို ပညာရှင်အမည်ခံသူများက ထောက်ခံပေးထားတာ မြန်မာနိုင်ငံသားတွေ လက်ခံကြတာ ၀မ်းနည်းလို့ကို မဆုံးဖြစ်မိပါတယ်.......။

ဧရာဝတီဆိုတဲ့ ကျမကို တခါက တိုင်တည်ခဲ့တဲ့ သစ္စာတွေ ပျက်ပြယ်သွားကြရတော့မှာလား ။

တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အရေးမှာ ထိုင်ပြီး မငေးနေကြပါနဲ့.....လို့ ပြည်သူလူထုကို အသိပေးရင်း ကျမ အသက်ရှင်နေသမျှ တိုင်းပြည်အကျိုးကို သယ်ဆောင့်ရင်း နီးစပ်ရာကို အသိပေးကာ ဆက်လက် စီးဆင်းခွင့်လေးတော့ ပေးကြပါနော်...........။

ကျမ အမည် ဧရာဝတီပါ..... ။ မေခ နဲ့ မလိခဆိုတဲ့ မိဘနှပါးက မြန်မာနိုင်ငံမှာ မွေးဖွားခဲ့ပြီး ဒီတိုင်းပြည်မှာ ရှင်သန်ကြီးပြင်းကာ တိုင်းပြည်အကျိုးကို နေ့ညမရွေးဘဲ အစဉ်သယ်ပိုးခဲ့သူ ဆိုတာ လုပ်ရပ်များနဲ့ သက်သေပြခဲ့လို့ မြန်မာနိုင်ငံသားတိုင်း သိရှိပြီးသား ဖြစ်မှာပါ ။ အခုတော့လေ... သူတို့တတွေ အာဏာတည်မြဲရေး အတွက် ကြိုးစား လုပ်ဆောင်ဖို့ အတွက် ဧရာဝတီ ဆိုတာ မြန်မာပြည် အတွက် ထာဝရ ရှင်သန်နေမယ်ဆိုတဲ့ သမိုင်းမှာ တွင်တဲ့ စကားလုံးလေးကို ယနေ့ စစ်အာဏာရှင်များက ပြောင်းပြန်လှန်ဖို့လုပ်ဆောင်ရင်းက မိဘနှစ်ပါးကို အသေသတ်ကာ ကျမခွန်အားများကို တိုင်းတပါး ကို ထိုးအပ်ဖို့ ကြံရွယ်နေကြပြီလေ....။ ပြည်သူလူထု ကောင်းကျိုးချမ်းသာ အတွက် လုပ်ဆောင်နေသူ မှန်သမျှကို ဒုက္ခပေးကာ အသေသတ်ဖို့ ကြိုးစားနေတဲ့ စစ်အာဏာရှင်တွေ ကြီးစိုးတဲ့နိုင်ငံမှာ ငါ့ညီမ ဧရာဝတီ မင်းလည်း သတိထားလို့ ခေါင်းတုးပြောင်တောင် တုန်းပေးပြီး နေပူတဲ့ ကွင်းပြင်ထဲမှာ အမိုးမပါဘဲ ရပ်နေရတဲ့ အစ်ကိုကြီး ရိုးမက ငိုရှိုက်ရင်းနဲ့ ကျမ သူ့အနားက ဖြတ်သွားတိုင်း သတိပေးခဲ့ဘူးပါတယ် ။ ကျမကို ကယ်ဆယ်ပေးပါလို့ အားမတန်လို့ မာန်လျှော့နေရတဲ့ မြန်မာနိုင်ငံသားတွေကို တောင်းပန်စကားတွေ မဆိုတော့ပါဘူး.......။ ၀မ်းနည်းမှုတွေကို ရင်မှာ ဖက်တွယ်ရင်းက မြန်မာနိုင်ငံအတွင်းမှာ မွေးဖွားလာတဲ့ ကျမဟာ မြန်မာနိုင်ငံသားတွေရဲ့ ကြွေကွဲ မျက်ဝန်းကို ကာ ငေးကြည့်ရင်း နောက်ဆုံး အချိန်ထိ တိုင်းပြည် အကျိုးကို သယ်ပိုးရင်း စီးဆင်းနေပါရစေ.......။ နှုတ်ဆက်ပါတယ် မြန်မာပြည်လေးရယ်လို့ တိတ်တခိုးလေးေ၇ရွတ်ရင်းက ဒုက္ခနွံမှာ နစ်နေကြတဲ့ မြန်မာနိုင်ငံသား အပေါင်း ကျန်းမာ ချမ်းသာပါစေကြောင်း ဆုတောင်းရင်းက ကျမရဲ့ ခန္ဓာကိုယ်ကို ဒီနိုင်ငံအတွက် စတေးခံလိုက်ပါတယ်....။
 


 
အဂ္ဂမဟာ ဒီမိုဖက်တီး's Photos

ညက ပြည်သူ့ခေတ်ဖတ်ပြီး ဒီကာတွန်းကို မြင်တော့ ခွက်ထိုးလှန် ရီမိတယ်။ ကိုနေ၀င်းမောင်ကိုလည်း သတိတရ ဖြစ်မိပါတယ်။

ချောတိုင်တက် မိတယ်လို့ ထင်ထားတာ နောက်မှ ဖယောင်းတိုင်ကြီး ဖြစ်နေသတဲ့ဗျာ .... ဟား ဟား ဟားးးးးး

သတင်းရေးသားသူ အမည်အား ဖော်ထုတ်ခွင့်မရှိဟု The Voice Weeklyက တရားရုံးသို့ လျှောက်ထား

ရန်ကုန်၊ ဧပြီ ၉

သတ္ထုတွင်း ဝန်ကြီးဌာနက The Voice Weekly သတင်းစာစောင်မှ အယ်ဒီတာချုပ်၊ ထုတ်ဝေသူနှင့် သတင်း ရေးသား သူတို့အား ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၀ နှင့် တရားစွဲ ဆိုမှုကို ဧပြီလ ၉ရက်နေ့က ဆက်လက် စစ်ဆေးခဲ့ရာ The Voice Weekly အနေဖြင့် သတင်း ရေးသားသူ အမည်ကို စာနယ်ဇင်း ကျင့်ဝတ်အရ ဖော်ထုတ် သွားရန် တာဝန် မရှိကြောင်း၊ ဝန်ကြီးဌာနသည် သတင်းရေးသားသူ အမည်ကို အတိအကျ ဖော်ပြပြီး တရား စွဲဆို ရမည် ဖြစ်ကြောင်း အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ဒဂုံမြို့ နယ် တရားရုံးသို့ စာဖြင့် ရေးသား လျှောက်ထား ခဲ့ကြောင်း The Voice Weekly ဘက်မှ လိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော် ရှေ့ နေ ဦးသိန်းညွှန့်က ပြောကြားသည်။

The Voice Weekly အယ်ဒီတာချုပ်၏ တရားရုံး သို့ တင်ပြလျှောက်ထား လွှာတွင် “သတင်း ရေးသား သူသည် မည်သူ မည်ဝါ ဖြစ်နေ စေကာမူ ထိုသတင်းကို ဖော်ပြရန် ရွေးချယ်ခဲ့သည့် သက်ဆိုင်ရာ တာဝန်ခံ အယ်ဒီတာ သို့မဟုတ် အယ်ဒီတာချုပ် ပေါ်တွင်သာ တာဝန်ရှိပြီး သမိုင်းအစဉ်အလာ တင်ပြရလျှင် ၁၉၃၆ ခုနှစ်က ရန်ကုန် တက္ကသိုလ် ကျောင်းသား ကိုအောင်ဆန်း ( အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း) အယ်ဒီတာ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသော အိုးဝေ ဂျာနယ်တွင် ‘ငရဲ ခွေးကြီး လွတ်နေသည်’ ဟူသော ဆောင်းပါး ရေးသားသူ အား တက္ကသိုလ် ဗြိတိသျှ အာဏာပိုင် တို့က ဖော်ထုတ် ပေးရန် အယ်ဒီတာ ကိုအောင်ဆန်းကို ပြောရာ ကိုအောင်ဆန်းက ရေးသူ ကိုညိုမြမှန်း သိနေသော်လည်း စာနယ်ဇင်း ကျင့်ဝတ် အရ ဖော်ထုတ်ရန် မဖြစ်နိုင်ကြောင်း ငြင်းဆန်းခဲ့သည်” ဟု ပါရှိသည်။

သတ္ထုတွင်း ဝန်ကြီးဌာနနှင့် The Voice Weekly ၏ ယနေ့ ပြုလုပ်သော တရားခွင်သို့ Eleven Media Group မှ သတင်းထောက် နှစ်ဦးနှင့် ဥပဒေ အထူးပြု ဘာသာရပ် သင်ယူနေသော ကျောင်းသားများ တက်ရောက်ခဲ့ပြီး ဧပြီလ ၄ရက်နေ့က ပြုလုပ်ခဲ့သော တရားခွင် သို့လည်း ပြည်ပ သတင်း မီဒီယာမှ သတင်းထောက် သုံးဦး တက်ရောက်ခဲ့ဟု အဆိုပါ တရားခွင်သို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောကြားသည်။



နီပေါ နိုင်ငံက ကျောင်းသူများရဲ့  နေ့စဉ် ဘ၀ပါ....ကျွန်ုပ်တို့ ပညာရှာဖွေရာမှာ သူတို့လောက်သာခက်ခဲခဲ့ရင်..............???

Picture: Girls on the Way to school in Remote Nepal !!!
There is no bridge and they have to daily risk their lives for education.

hit "SHARE" if These brave girls need to be appreciated...

 

မြန်မာပြည်သား..ဟေ့..မြန်မာပြည်သား.........။ (eleven media မှကူးယူသည်)


နိုင်ငံတော်သမ္မတကြီးနှင့် ကေအန်ယူ ကိုယ်စားလှယ်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနေစဉ်နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဓာတ်ပုံများ

အိမ်ဖော်လာရှာ တာတဲ့.....


ဒီသတင်း ကို ဖတ်ကြည့် ... နိုင်ငံနဲ့ လူမျိုး ကို သိက္ခာ ချတဲ့ သမ္မတ ၊ တော်တော် ရှက်စရာ ကောင်း တယ်။ သမ္မတ ကို ဆန္ဒ ပြ ဖို့ တောင်
မကောင်း ဘူး ၊ -ီး နဲ့  ပြေးထိုး ဖို့ ကောင်း နေပြီ။


 
အာဏာရ ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်


မြန်မာ့ နိုင်ငံရေးတွင် ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းယူခဲ့ပြီး နောက်ပိုင်းမှစ၍ လက်ရှိ စစ်ဝတ်ချွတ်ထားသော တချို့အာဏာရ ခေါင်းဆောင်များ အထိ ပြည်သူများအရေးထက် မိမိတို့၏ လုပ်ပိုင်ခွင့်အာဏာ ဆက်လက်မြဲမြံရေး နည်းမျိုးစုံဖြင့် ဆောင်ရွက်နေသည်ကို မြင်တွေ့ရသည်။ စာရေးသူ မမီလိုက်သော်လည်း ကြားသိရသလောက်မှာ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီ အဖွဲ့ဝင်များအတွင်း သဘောထားကွဲပြားသူများ၊ အမိန့်မနာခံသူများကို အဖွဲ့အတွင်း အန္တရာယ်ရှိသူများဟု သတ်မှတ် ကာဖယ်ရှားခဲ့သည့် ဖြစ်စဉ်များရှိခဲ့ဖူးသည်။ အလားတူ ၁၉၇၀ ခုနှစ်ဝန်းကျင် မြန်မာ့ဆိုရှယ်လစ် ပါတီညီလာခံတွင် ဥက္ကဋ္ဌကြီး ဦးနေဝင်းကိုယ်တိုင် မဲမရသောကြောင့် ပါတီအတွင်း ဖြုတ်ထုတ်ရှင်းခဲ့မှုများ ရှိခဲ့သည်။ နောက်ဆုံး ၁၉၈၈ ခုနှစ် အရေးအခင်း မတိုင်ခင် ဦးနေဝင်းက အစိုးရ နောက်ကွယ်သို့ ပြောင်းရွှေ့နေရာယူခဲ့သည်။ ၁၉၈၈ ခုနှစ် အရေးအခင်းတွင် မအောင်မြင်သော လက်ရင်းတပည့် ဗိုလ်ချုပ်ဟောင်းများကို ဘေးဖယ်ခိုင်းပြီး တပည့်လက်သစ် ဗိုလ်ချုပ်ကြီး စောမောင်နှင့် ဗိုလ်ချုပ် ခင်ညွန့်တို့ကို မြန်မာ့နိုင်ငံရေးတွင် ဆက်လက်ဦးဆောင်ရန် စစ်တပ်အုပ်ချုပ်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ကိုမွေးဖွားပေးခဲ့ကာ နှစ်အတန်ကြာ နဝတ၏ နောက်ကွယ်မှ ထိန်းကျောင်း အကြံပေးခဲ့ပါသည်။ ဗိုလ်ချုပ်ကြီးစောမောင် အာဏာ စတင်ရယူစဉ်ကာလသည် ပြည်တွင်းပြည်ပ ဖိအားအများဆုံးအချိန် ဖြစ်ခဲ့သည့် အတွက်ကြောင့်လည်း အဖွဲ့အတွင်း အာဏာတည်ဆောက်မှုကို မဆောင်ရွက်နိုင်ခဲ့ပါ။ ထိုစဉ်က နဝတအဖွဲ့ဝင် ဗိုလ်ချုပ်အများစုသည် ဗိုလ်ချုပ်ကြီး စောမောင်ထက် ဒု စစ်ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး သန်းရွှေနှင့် ပိုမိုအနေနီးစပ်ခဲ့သူများ ဖြစ်ကြသည်။ ထို့အတွက်ကြောင့်လည်း ဗိုလ်ချုပ်ကြီး စောမောင်သည် ဒု ဗိုလ်ချုပ်ကြီး သန်းရွှေကို နိုင်ငံရေးအရ အရေးပါသော နဝတ ဒုတိယဥက္ကဋ္ဌ ရာထူးကိုပေးရန် အချိန်အတော် ကြာစဉ်းစားခဲ့ပြီးမှ ခန့်အပ်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး စောမောင် စိတ်ကျန်းမာရေး ဖြစ်လာသည့်အချိန်အခါတွင်မူ အလွယ်တကူပင် ဗိုလ်ချုပ် ခင်ညွန့်၏ ကူညီပံ့ပိုးမှုဖြင့် ဒု ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတော်အာဏာကို သွေးထွက်သံယိုမရှိဘဲ ရယူနိုင်ခဲ့သည်။ အာဏာရပြီး ရက်ပိုင်းအတွင်းမှာပင် ဦးနေဝင်း၏ တပည့်လက်ရင်း ဗိုလ်ချုပ် ခင်ညွန့်ကို ထိန်းကျောင်းသည့်အနေဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သားတပည့် ဗိုလ်ချုပ် ကျော်ဝင်းကို ဒု ထောက်လှမ်းရေးအကြီးအကဲအဖြစ် ခန့်အပ်ခဲ့ပါသည်။ “ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ခင်ဗျားတို့ လျှော့မတွက်နဲ့” ဟု ဗိုလ်ချုပ် ကျော်ဝင်းက ၁၉၉၃ ခုနှစ်ပတ်ဝန်းကျင်က ပြောခဲ့ပါသည်။ ယနေ့အချိန်တွင်လည်း မြန်မာ့နိုင်ငံရေး၌ ထိပ်ပိုင်းခေါင်းဆောင် စစ်ဝတ်ချွတ် ဗိုလ်ချုပ်ကြီးဟောင်းများ၊ စစ်ဝတ်ဝတ်ထားဆဲ ဗိုလ်ချုပ်ကြီးများကို မည်ကဲ့သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နေရာချသွားသည်ကို လေ့လာမှတ်သား ရရှိသောသတင်းများကို အခြေခံ၍တင်ပြသွားမည် ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းတွင် နိုင်ငံရေးအရ ကြီးမားသော အမှားကြီးတခုကို ဦးဆောင်ကျူးလွန်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်က ရပ်စဲခဲ့သော အမျိုးသားညီလာခံကို ၂၀၀၄ ခုနှစ်တွင် မဖြစ်မနေ ပြန်လည် ကျင်းပခဲ့ရသည်။ အမျိုးသားညီလာခံ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌအဖြစ် လက်ရှိသမ္မတ ဦးသိန်းစိန်ကို ခန့်အပ် တာဝန်ပေးခဲ့သည်။ ထိုစဉ်က သမ္မတဦးသိန်းစိန်သည် နအဖ အတွင်းရေးမှူး (၂) နှင့် စစ်ရေးချုပ် တာဝန်ကို ယူနေရသူဖြစ်ပါသည်။ အလားတူ ၂၀၀၄ ခုနှစ် အမျိုးသားညီလာခံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမျိုးသားညီလာခံ ပြန်လည်ဝင်ရောက်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ယူ စေ့စပ်ဆွေးနွေးခဲ့ရသူ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ထောင်ချပြီး ဒီပဲယင်းအရေးခင်းကို ဦးဆောင်ခဲ့သူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ ဒု ဥက္ကဋ္ဌ၊ နအဖ အတွင်းရေးမှူး (၁)၊ လေကြောင်းရန်ကာကွယ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း (ကွယ်လွန်) ကို ဝန်ကြီးချုပ်တာဝန် ပေးခဲ့သည်။ ထိုစဉ်က နအဖ ဒု ဥက္ကဋ္ဌနှင့် ဒု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး မောင်အေးအား ဗိုလ်ချုပ်ကြီး ခင်ညွန့်ကိစ္စတွင် ခေါ်ယူ၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ သတိပေးခဲ့ပြီးနောက် စစ်တပ်၏ ကွပ်ကဲမှုကို ညှိနှိုင်းကွပ်ကဲရေးမှူး၊ လက်ရှိပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး သူရရွှေမန်းမှ တာဝန်ယူကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသို့ တိုက်ရိုက်တင်ပြခြင်းဖြင့် နိုင်ငံတော်အာဏာကို ထိန်းကျောင်းသွားခဲ့သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး၊ ၂၀၀၈ ခုနှစ် နာဂစ် လေမုန်းတိုင်း ပြဿနာများပြီးနောက် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်တို့၏ နိုင်ငံအပေါ် ရှုမြင်ပုံအမြင်များနှင့် ပတ်သက်၍ တိုးတိုးတိတ်တိတ် သတင်းများဖြစ်ပေါ်ခဲ့သေးသည်။ ယင်းကိစ္စများ ကိုင်တွယ်မှုအပေါ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တည့်တည့် မဝေဖန်ဝံ့သော်လည်း ထိုကိစ္စများသည် ဦးအောင်သောင်း (လက်ရှိ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်) ကြောင့်ဟု အားလုံးက မှတ်ချက်ပြုကြောင်း သိရသည်။ သို့သော် အဆိုပါဖြစ်စဉ်များအပြီး စစ်ခေါင်းဆောင်ကြီးငယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ လောကတွင် အကယ်၍ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသာ နိုင်ငံကိုဦးဆောင်လျှင် တိုင်းပြည်အတွက်ကောင်းမည်၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းက အခြေအနေမှန်ကို တင်ပြလျှင် လက်ခံနားထောင်ပြီး စဉ်းစားပေးတတ်သည့်သူ ဖြစ်မည်ဟု ထိုအချိန်က နေပြည်တော်တွင် သတင်းများ ဖြစ်ခဲ့ပါသည်။ ထိုသို့ တိုးတိုးတိတ်တိတ် သတင်းများ စိမ့်ထွက်လာပြီး နောက်ကြားသိရသော သတင်းများအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဇနီး မှ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ဇနီးကို ခေါ်ယူ၍ သတိပေးခဲ့ကြောင်း သိရသည်။ ၄င်းနောက် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် အနာဂတ်တွင် နံပတ် (၁) မဖြစ်နိုင်ကြောင်း သုံးသပ်မှုများ အတွင်းပိုင်းမှ တီးတိုးထွက်ရှိလာသည်။ မြန်မာနိုင်ငံ၏ အနာဂတ်နံပတ် (၂) ဟု မှန်းဆထားခြင်းခံရသူ ဗိုလ်ချုပ်ကြီး စိုးဝင်းမှာမူ သေမင်းမှ စောစောခေါ်ယူသွားသည့်အတွက် မြန်မာ့နိုင်ငံရေးမှ စွန့်ခွာသွားရသည်။ နဝတ၊ နအဖ လက်ထက် ပြုလုပ်ခဲ့ရသော မကောင်းမှု အကုသိုလ်များကို သေခါနီးမှ သံဝေဂတရားရပြီး စင်ကာပူတွင် ဆေးကုသနေစဉ် တိတ်ခွေအတွင်း အသံသွင်းထားခဲ့ကြောင်း သိရသည်။ သတင်းများအရကမူ ၈ လေးလုံး အရေးအခင်း၊ ဒီပဲယင်းအရေးအခင်း၊ သံဃာအရေးအခင်းများတွင် ပါဝင်ပတ်သက်မှုများကို ဝန်ခံထားသည်ဟု သိရပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မူလက အသက်ငယ်ရွယ်သူ၊ ကျန်းမာရေးကောင်းမွန်သူကို အနာဂတ်ခေါင်းဆောင်အဖြစ် ရည်ရွယ်ခဲ့သော်လည်း အခြေအနေအရ ၄င်း၏ စိတ်ကြိုက်မဖြစ်ခဲ့ပါ။ နောက်ဆုံး ကျန်းမာရေးသိပ်မကောင်း၊ နှလုံးရောဂါရှိသူ ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ရွေးချယ်ခဲ့ရသည်။ စစ်တပ်အတွင်း ဗိုလ်ချုပ်ကြီး သိန်းစိန်သည် နာမည်ကောင်းရှိသူတဦး ဖြစ်ပါသည်။ အလုပ်နှင့်ပတ်သက်၍ အထက်လူကြီးများ၊ ဘေးဘယ်ညာ လုပ်ဖော်ကိုင်ဖက်များ၊ လက်အောက်ငယ်သားများ၏ လေးစားချစ်ခင်မှုကို ရသောသူတဦး ဖြစ်ပါသည်။ စာရေးသူ စစ်ရုံးတွင် တာဝန် ထမ်းဆောင်စဉ် စစ်ဦးစီးဗိုလ်မှူးကြီး (Col. GS) ဗိုလ်မှူးကြီး သိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရုံးတွင် ရှိနေသရွေ့ နေ့ရောညပါ အနားတွင် ရှိနေသူဖြစ်သည်။ နှစ်ပေါင်းများစွာ စစ်ရုံးချုပ်တွင် ဦးစီးအရာရှိ (Staff) တာဝန် ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ယနေ့ မြန်မာနိုင်ငံကို ဦးဆောင်မည့်သူ (Commander) တာဝန်ကို ထမ်းဆောင်နေပြီ ဖြစ်ပါသည်။ စိတ်ရင်းစေတနာကောင်းဖြင့် မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲမည်ဟု ကြုံးဝါးပြောဆို မိန့်ကြားနေသည်ကို ကြားသိမြင်တွေ့နေရသော်လည်း စိတ်ထင်တိုင်း မလှုပ်ရှားနိုင်သည့် အခြေအနေနှင့် ကြုံတွေ့နေသည်ဟု ခန့်မှန်းရသည်။ စာရေးသူ ရရှိသော သတင်းအရမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက “ငါခင်းပေးသောလမ်းကြောင်း အတိုင်း မင်းတို့အချင်းချင်း ညှိနှိုင်းပြီးလုပ်ကြ။ ဒါပေမယ့် ငါနဲ့ ကိုအေးတို့ရဲ့ မိသားစုကိုတော့ လာပြီးမထိနဲ့” ဆိုသည့် မှတ်ချက်ကို လက်ရှိခေါင်းဆောင်များ ပေးခဲ့သည်ဟု သိရသည်။ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို လေ့လာလျှင် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသည်ကို တွေ့မြင်ရသည်။ သဘောထားမကွဲပါဟု ပြောနေသော်လည်း အထက်ပါ သုံးဦးသည် တသဘောတည်း ဆောင်ရွက်၍ မရအောင် အခြေအနေများက ဖန်တီးထားသည်ကို တွေ့မြင်နေရသည်။ လက်ရှိအခြေအနေအရလည်း ခေါင်းဆောင် သုံးဦး၏ ဆောင်ရွက်နေရပုံများကို စာဖတ်သူများ ကြားသိ မြင်တွေ့နိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သည် မြန်မာ့နိုင်ငံရေး၏ ဦးဆောင်မှုတွင် ပါဝင်ရမည့် ဦးတည်ချက်ကို လက်ရှိအချိန်တွင် အဆိုပါ သုံးဦး အာခံရဲကြမည် မဟုတ်ပါ။ သို့သော်နောင်တချိန် မပြောင်းလဲနိုင်ဘူးဆိုသည်ကိုမူ အပြတ်ပြော၍မရပါ။ ယခင်ကာလများနှင့်မတူ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးတို့သည် အချိန်နှင့်တပြေးညီ ပြောင်းလဲနေသောကြောင့် ဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ပစ်ပယ်၌မရဆိုသည်ကို စစ်ခေါင်းဆောင် အဆက်ဆက် ကောင်းကောင်း နာလည်ကြပါသည်။ ထို့ကြောင့်လည်း နဝတ၊ နအဖ ခေတ်အဆက်ဆက် နည်းမျိုးစုံနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးခဲ့ကြသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပြီး၂၀၀၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ရက်စေ့၍ ပြန်လွှတ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စဉ်းစားခဲ့သေးသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၂၀၁၀ ရွေးကောက်ပွဲဝင်လာလျှင် ၄င်းတို့၏ ရည်ရွယ်ချက် ပျက်သွားနိုင်သည်ဟု ဆုံးဖြတ်ခဲ့သဖြင့် အမေရိကန်နိုင်ငံသား ယက်တောကို အကြောင်းပြုကာ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲအပြီးအထိ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည်။ စာရေးသူအနေဖြင့် “၁၉၉၀ ရွေးကောက်ပွဲမှသည် ၂၀၁၀ ရွေးကောက်ပွဲဆီသို့” ဆောင်းပါးဖြင့် ဖြစ်လာနိုင်ခြေ နည်းလမ်း သုံးလမ်းကို ထိုစဉ်က နအဖ၏ စဉ်းစားပုံအား တင်ပြခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို မြန်မာ့နိုင်ငံရေးတွင် ပစ်ပယ်၍မရဆိုသည့် စစ်ခေါင်းဆောင်များ၏ မူဝါဒအရ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဖြင့် လမ်းဖွင့်ပေးခဲ့သည်ကို ယနေ့ တွေ့မြင်ရမည်ဖြစ်သည်။ သို့သော် ယနေ့ ဒေါ်အောင်ဆန်းစုကြည်အား တပ်မတော်သားများ အပါအဝင် ပြည်သူလုထု၏ ထောက်ခံမှုသည် ယခင်ကာလများကထက်ပင် ပိုမိုအားကောင်းလာသည့်အတွက် မူဝါဒရေးဆွဲသူကြီးအနေဖြင့် အတော် တုန်လှုပ်သွားသည်ဟု အတည်ပြုဆဲ သတင်းများအရ သိရပါသည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ရွေးကောက်ပွဲ ဝင်ရခြင်းရည်ရွယ်ချက် သုံးချက်ဖြစ်သည့် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ ဥပဒေပြင်ရေးသည် အငြိမ်းစားယူပြီဆိုသော စစ်ခေါင်းဆောင်ကြီးများနှင့် လက်ရှိစစ်ဝတ်ချွတ် စစ်ခေါင်းဆောင်များအတွက် အထူးတုန်လှုပ်နေကြသည်ဟု သိရသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD လွှတ်တော်အတွင်း ရောက်သွားခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတွက် သင်ပုန်းခြေရေးလမ်းစဉ်ကို ကိုင်ဆွဲကာ လက်ရှိခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည် ဆိုပါက အခြေအနေကောင်းများ ဖြစ်လာနိုင်ပါသည်။ စစ်ခေါင်းဆောင်များဘက်ကလည်း ဒီပဲယင်းကဲ့သို့သော ဖြစ်စဉ်များ မလုပ်တော့ပါဆိုသည့် ကတိကဝတ်များ ရထားရန် လိုအပ်သည်။ လုံခြုံရေးသတိ အမြဲရှိရန် လိုအပ်သည်။ အချုပ်အားဖြင့် လက်ရှိ အာဏာရှိနေသော သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ တိုင်းပြည်အပေါ်ထားသည့် စိတ်ရင်းစေတနာသည် ယခင် စစ်အာဏာရှင်ကြီးများနှင့် မတူဆိုသည်ကတော့ သေချာပါသည်။ သို့သော် ယခင် အငွေ့အသက်များကမူ ယခုအထိ ရှိနေကြဆဲပင်။ အငွေ့အသက်များ ပျောက်အောင် ချက်ချင်းတော့ လုပ်၍မရပါ။ အချိန်ယူရလိမ့်မည် ထင်ပါသည်။ လက်ရှိအခြေအနေတွင် တိုင်းရင်းသားအရေးသည် အဓိကဖြေရှင်းရမည့်ကိစ္စဟု မြင်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို ပီပြင်အောင် ဆောင်ရွက်ရပါလိမ့်မည်။ လက်ရှိ အာဏာရခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ပါတီများနှင့် လက်နက်ကိုင်များ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်မှ ရလိမ့်မည်ဟု မြင်ပါသည်။ (ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိမြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင်အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)


NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

Credit : Original Cartoonist 




ကိုမြအေး ကိုပြုံးချို ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများ၏ကယန်းဒေသ ငြိမ်းချမ်းရေးခရီးစဉ်တွင် ဆီဘူးကျေးရွာမှကယန်းပြည်သစ်ပါတီဌာနချုပ်ရှိ ကျဆုံးသွားသော ကယန်းအမျိုးသားခေါင်းဆောင်နှင့် ကယန်းအာဇာနည်ရဲဘော်များအား ပန်းခွေချအလေးပြုစဉ် (၇.၄.၂၀၁၂)