Monday, February 14, 2011
သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ပါနဲ့ တိုင်းပြည်အနာဂါတ် အရေးမို့ပါ
အပိုင်း (၁)
(ခေတ်နှစ်ခေတ် တိုက်ပွဲနှစ်ခုရဲ့ ခေါင်းဆောင်မှုကို နှိုင်းယှဉ်ဆန်းစစ် တင်ပြဖို့ကြိုးစားရင်း အနှစ် (၂၀) ကျော် တိုက်ပွဲရဲ့ သုံးသပ်ချက်အကျဉ်းချုပ် စာတမ်းငယ်လို ဖြစ်သွားပါတယ်။ အကိုးအကား စာအုပ်စာတမ်း ခေါင်းပါးတာကြောင့် ကျောင်းကြီးဆင်း လူတတ်များလို ဖုနုတ်(Foot-note) တွေ၊ အင်နုတ်(in-note)တွေ ဘေးနုတ်(margin-note) တွေနဲ့ သက်သေမထူနိုင်တော့ပါဘူး။ စိတ်သာရှင်စော ဘုရားဟောဆိုတဲ့ စကားကို အားကိုးတင်ပြလိုက်ပါတယ်။ အတ္တာနောမတိ အမြင်နဲ့သာ ဝေဘန်ဖတ်ရှုကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ အချက်အလက်အမှား၊ ကောက်ချက်အမှားများကို ထောက်ပြမယ်ဆိုရင် အထူးကျေးဇူးတင်ပါတယ်။)
ကျုပ်တို့အဖြစ်က မောင်းကြီးကျကွဲကာမှ ဥက္ကဋ္ဌကြီး လုပ်ပါဦးဆိုသလိုဖြစ်နေပြီ။ တခါတုန်းက ရွာတရွာမှာ ဘုရားပွဲလုပ်ဖို့ အလှူခံထွက်ကြတယ်။ ဘုန်းကြီးကျောင်းက မောင်းကြီးကိုငှားပြီး လူငယ်လူရွယ်တွေထွက်ကြတယ်။ အထိန်းအကျောင်းအဖြစ် လူကြီးတဦးလည်းပါတယ်။ ဒီလူကြီးကြောင့် ခရီးမတွင်ဘူးလို့ လူငယ်တွေက ထင်ကြတယ်။ လူကြီးကလည်း တုံ့နှေးနှေးနဲ့ စည်းကမ်းတကျရှိဖို့ ဟိုဟာမလုပ်နဲ့ ဒီဟာလုပ်နဲ့လို့ ထိန်းကျောင်းတယ်။ ဒါကို လူငယ်တွေက သူတို့ဘာသာ လုပ်နိုင်တဲ့ အလုပ်ကို ဒီလူကြီး ပါလာတာ အပိုပဲ။ ဗျစ်တောက် ဗျစ်တောက်နဲ့ နားငြီးတယ်လို့ ထင်တယ်၊ အလုပ်ရှုပ်တယ်လို့ ထင်တယ်။ ဒီလိုနဲ့ သွားကြရင်း တယောက်ကိုတယောက် တွက်ကပ်တွန်းတိုက်ကြရင်း ငှားလာတဲ့ မောင်းကြီး ကျကွဲသွားလေရော။ အဲဒီတော့မှ ဥက္ကဋ္ဌကြီးလုပ်ပါဦး၊ ဥက္ကဋ္ဌကြီး လုပ်ပါဦးနဲ့ ဝိုင်းအော်ကြသတဲ့။ အော်ရမှာပေါ့ မောင်းကြီးက ငှားလာတာဆိုတော့ လျှော်ရမှာကိုး။         
တန်ဘိုး မညှိအပ်တဲ့အရာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး ဝေဘန်ဆွေးနွေးကြရာမှာ မှတ်ချက်ပေးကြတဲ့ တချို့ သော စာဖတ်သူတွေကတော့ အမည်မဖော်သော်လည်း ရိုးသားစွာနဲ့ သူတို့အမြင်တွေကို တင်ပြထားတယ်လို့ မြင်ပါတယ်။ ဒီအမြင်တွေထဲမှာ တချို့သောလူတတ်ကြီးများရဲ့ သမိုင်းတဖြတ်အမြင်နဲ့ မနူးမနပ် စကားတွေကို နားယောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နှိုင်းယှဉ်ကာ ပြစ်တင် ဝေဘန်ထားတာ ဂုဏ်အရည်အသွေးကို ထိပါးတဲ့ ကောက်ချက်တွေ ပြုထားတာကို တွေ့ရပါတယ်။
ဒီကောက်ချက်တွေကို “ဆလံတင်တယ် မျိုးဆက်သစ်ရယ်ဆိုတဲ့ ငိုခြင်းတပုဒ် ရေးခဲ့ခြင်တယ်“ လို့ လူငယ်တွေကို အားမလို အားမရ မှတ်ချက်ချခဲ့တဲ့ တမလွန်က ဆရာကြီး ဒေါက်တာသန်းထွန်းသာကြားရင် ဆယ်ခါပြန် ဆလံတင်ပြီး ငိုခြင်းဆယ်ပုဒ်လောက်များ ရေးလေမလား မသိပါဘူး။
ဒါဟာ မနှိုင်းယှဉ်သင့်တာကို နှိုင်းယှဉ်တာဖြစ်တယ်။ နိုင်ငံရေးမှာ အကြောင်းအရာတခု (လူ၊ အဖြစ်အပျက်၊ လုပ်ငန်းစဉ်၊ အယူအဆစသည်) ကို တခြားအကြောင်းအရာတခုနဲ့ ပုံတူပြုနိုင်တာ ရှိသလို မပြုနိုင်တာလဲ ရှိတယ်။ နှိုင်းယှဉ်ချိန်ထိုးလို့ ရတာလည်း ရှိသလို မရတာလည်း ရှိတယ်။ တန်ဘိုးညှိလို့ ရတာရှိသလို တန်ဘိုးညှိမရတာတွေလည်း ရှိတယ်။ အရှိတရားအရ ဖြစ်တည်မှု (အချိန်၊ နေရာ၊ ဝန်းကျင်၊ အဖြစ်အပျက်) သီးခြားဖြစ်မှုကြောင့် ဖြစ်တယ်။ မတူညီမှုကြောင့် ဖြစ်တယ်။
အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့သမီး လက်ရှိလူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့ဟာ နေရာ (တိုင်းပြည်) တခုသာ တူညီပြီး ကျန်တဲ့အချက်တွေ ကွဲပြားခြားနားတဲ့ လူမှုလှုပ်ရှားမှု တခုကို ဦးစီးဦးဆောင် ပြုကြတယ်။ ဒီနှစ်ခုကို နှိုင်းယှဉ် ချိန်ထိုးလို့ မရပါဘူး၊ တန်ဘိုးညှိလို့ မရပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ခေါင်းဆောင်အဖြစ် တို့ဗမာအစည်းအရုံးမှာ အတွင်းရေးမှူးလုပ်ခဲ့တဲ့ (၁၉၃၉) ကနေ လုပ်ကြံခံရတဲ့(၁၉၄၇)အထိ(၈)နှစ်တာ ကာလအတွင်းမှာ ပြည်သူတွေလိုလားတဲ့ လွတ်လပ်ရေး အရယူပေးသွားနိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လူထုခေါင်းဆောင်အဖြစ် အနှစ်(၂၀) ကျော်လာ တာတောင် လူထုလိုလားတောင့်တမှုကို ပြည့်ဝအောင် မဆောင်ရွက်နိုင်သေးပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းလောက် မတော်ဘူး၊ တာဝန်မကျေဘူးလို့ ပြောရင် ဒါ ဟာမတရားဘူး။ သမိုင်းအမြင် နိုင်ငံရေးအမြင် ခေါင်းပါးတဲ့ ကောက်ချက်တခု ဖြစ်ပါတယ်။
လူပုဂ္ဂိုလ်က နှစ်ဦး
ဗိုလ်ချုပ်အောင်ဆန်း ဒီလို(၈)နှစ်တာကာလအတွင်းမှာ အမျိုးသားရည်မှန်းချက်ကို အောင်မြင်ပေါက် မြောက်အောင် ဆောင်ရွက်နိုင်ခဲ့တာမှာ သူကိုယ်တိုင်ရဲ့ ကိုယ်စွမ်းကိုယ်စတွေကြောင့်လဲ ပါသလို သူဦးဆောင်မှု ပေးခဲ့ရတဲ့ (သို့မဟုတ်) သူ့ကိုဝန်းရံထောက်ကူခဲ့တဲ့ ကျောထောက်နောက်ခံ ခေတ်စနစ် လူထုနဲ့ အဖွဲ့အစည်း များရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ အဲဒီ့ ကျောထောက်နောက်ခံ အခြေအနေများက အောင်ပွဲခံ နိုင်လောက်တဲ့ အခြေအနေတွေ ရှိပြီးဖြစ်တယ်။ တနည်းပြောရရင် အခြေအနေတွေက ရင့်မှည့် ပြည့်စုံနေပြီလို့ ပြောလို့ရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ ဘီအိုင်အေခေါင်းဆောင်၊ လွတ်လပ်ရေးယူခဲ့တဲ့ ဖဆပလခေါင်းဆောင် မဖြစ်ခင်တည်းက နိုင်ငံရေးတာဝန် အဖွဲ့အစည်းတာဝန်တွေ ထမ်းဆောင်ပြီး အတွေ့အကြုံတွေ ဖြည့်ဆည်းပြီး ဖြစ်တယ်။ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ထွက်လာကြတဲ့ တချို့သော ကျနော်တို့ (၈၈) မျိုးဆက်တွေက ကိုအောင်ဆန်း ဂျပန်တွေဆီမှာ လပိုင်းလောက် စစ်ပညာသင်ပြီး ဗိုလ်ချုပ်ဖြစ်လာတာလောက်ပဲ မြင်ကြတယ်။ ဒီ့အရင်က သူ့ရဲ့နိုင်ငံရေး ဖြည့်ဆည်းမှုတွေကို မမြင်ကြဘူး။ သူ့ကို အားကျပြီး သင်တန်းတက်၊ တပ်ထောင် ဗိုလ်ချုပ်လုပ်ဖို့လောက်ပဲ စိတ်ကူးယဉ်ကြတယ်။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းဟာဗိုလ်ချုပ်ဖြစ်လောက်တဲ့ အမျိုးသားတပ်ပေါင်းစုကြီးတခုရဲ့ ခေါင်းဆောင်ဖြစ်လောက်တဲ့ အတွေ့အကြုံများနဲ့ လေ့လာဆည်းပူးမှုတွေကို လုပ်ခဲ့ပြီးဖြစ်တယ်။ ဆိုချင်တာက သူဟာ သူယူမည့် အနာဂါတ်တာဝန်တွေကို ထမ်းဆောင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေကို ကျောင်းသားဘဝကတည်းကစလို့ တိုက်ပွဲရေစီးမှာ တဆက်တစပ်ထည်း လက်တွေ့ပါဝင် ဆည်းပူးဖြည့်ဆည်းခဲ့ပြီးဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အဖေနဲ့ ခြားနားတဲ့ ဖြတ်သန်းမှုတွေ ရှိခဲ့တယ်။ သူကိုယ်တိုင်က သူဦးဆောင်ရမည့် လူထုနဲ့ နှစ်ကာလရှည် ကင်းကွာနေရာက ပြင်းထန်တဲ့ နိုင်ငံရေးမုန်တိုင်းထဲကို ဗြုန်းစားကြီး ဝင်ရောက်လာရတာဖြစ်တယ်။ ဒါကြောင့်သူ့အနား ဝိုင်းအုံလာကြတဲ့သူတွေကို အဖြူအမည်း မခွဲခြားနိုင်ဘဲ တွေ့ရာအကုန် လက်ခံလိုက်ရတဲ့ အခြေအနေဖြစ်တယ်။ အချိန်က အဓမ္မတွန်းတိုက်တာကို ခံလိုက်ရတဲ့ အခြေအနေမျိုးဖြစ်တယ်။ သူကိုယ်စားပြုမည့် အဖွဲ့အစည်းကို စနစ်တကျ ပြင်ဆင်ဖွဲ့စည်းပြီး ဦးဆောင်ခဲ့ရတာ မဟုတ်ဘူး။
ခေတ်က နှစ်ခေတ်
ဗိုလ်ချုပ်အောင်ဆန်း ကျင်လည်လှုပ်ရှားခဲ့ရတဲ့ ခေတ်စနစ်နဲ့ နောက်ခံအခြေအနေတွေက ဒေါ်စုကျင်လည်ရတဲ့ အခြေအနေများထက် အများကြီးသာလွန်တယ်လို့ ဆိုနိုင်ပါတယ်။ အင်္ဂလိပ်က ဗမာပြည်ကို ကိုလိုနီပြု အုပ်ချုပ်နေတယ် ဆိုပေမယ့် လစ်ဘရယ်ဒီမိုကရေစီ အခွင့်အရေးတွေကို တစိတ်တပိုင်း ပေးထားတယ်။ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်ရှိတယ်။ တစုံတရာ ပွင့်လင်း လွတ်လပ်တဲ့ တရားစီရင်ရေး စနစ်တွေ ရှိတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ခုခံကာကွယ်ခွင့်တွေ ရှိတယ်။ ကိုလိုနီနယ်ချဲ့တွေရဲ့ စိတ်သဘောထားကောင်းမှုကြောင့် ဒီအခွင့်အရေးတွေကို ပေးထားတာ မဟုတ်ပါဘူး။ ဥပဒေကို ရိုသေ လေးစားတတ်တဲ့ အင်္ဂလိပ်လူမျိုး၊ အင်္ဂလိပ်လူထုတွေကြောင့် ဖြစ်တယ်။
လစ်ဘရယ်စနစ်အရ အင်္ဂလိပ်လူထုဆီမှာ တိုင်းပြည်ရေးရာကို မေးမြန်းခွင့်၊ စုံစမ်းခွင့်၊ ကန့်ကွက်ခွင့်နဲ့ ရွေးကောက်ပွဲမှာ မဲပေးဆုံးဖြတ်ခွင့်တွေရှိတယ်။ ဒါကြောင့် အဲဒီ့အချိန်က ဗြိတိသျှအင်ပါယာထဲက ကိုလိုနီ နိုင်ငံတွေရဲ့အရေးကိုပါ မေးမြန်းစုံစမ်းခွင့် ဆုံးဖြတ်ခွင့် ရှိကြပြန်တယ်။ ဗမာပြည်ကို နယ်ချဲ့သိမ်းပိုက်ပြီး သွေးစုပ် အမြတ်ထုတ်ခွင့်တွေ ရနေကြတဲ့ အရင်းရှင်များနဲ့ သူတို့ရဲ့ အပေါင်းအဖေါ် နယ်ချဲ့ဝါဒီ နိုင်ငံရေးသမားတွေ အလို အတိုင်းဆိုရင် ဒီအခွင့်အရေးတွေ ရစရာမရှိသလို လွတ်လပ်ရေးလည်း အဲဒီ့အချိန်က ရစရာမရှိပါဘူး။
အင်္ဂလန်ပါလီမန်မှာ ဗမာပြည်ဥပဒေကြမ်း တင်သွင်းတော့ အရင်းရှင်များနဲ့ သူတို့ကို ကျောထောက် နောက်ခံပြုထားတဲ့ ကွန်ဆာဗေးတစ်ပါတီက အပြင်းအထန် ကန့်ကွက်ပါတယ်။ သူတို့ခေါင်းဆောင် ဝင်စတန်ချာချီက ဗမာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်ဘူးလို့ ပြောခဲ့ပါတယ်။ ဒီမိုကရေစီအရ မဲရှုံးလို့ လက်ခံလိုက်ကြရတာ ဖြစ်တယ်။ ဗမာပြည်ကို လွတ်လပ်ရေး ပေးခဲ့ရတယ်။ (ဒါတောင် ဗမာပြည်မှာ သူတို့ရဲ့ သွေးစုပ်အမြတ်ထုတ်ခွင့်တွေ ဆုံးရှုံးခဲ့ရတဲ့ အရင်းရှင်တွေနဲ့ ပေါင်းပြီး လွတ်လပ်ပြီးစ ဗမာပြည်အစိုးရကို နှောက်ယှက်ဖို့ တောင်တန်းသား မိတ်ဆွေများအသင်းဆိုပြီး ထူထောင် လှုပ်ရှားခဲ့ကြပါသေးတယ်။)
ဒေါ်အောင်ဆန်းစုကြည် ရပ်တည်လှုပ်ရှားနေရတဲ့ နိုင်ငံရေးစနစ်ကတော့ ကမ္ဘာမှာ အကြမ်းဆုံး၊ အရက်စက်ဆုံးနဲ့ အယုတ်ဆုံးလို့ မှတ်တမ်းတင်ထားရတဲ့ စစ်အာဏာရှင်စနစ်ဖြစ်တယ်။ လွတ်လပ်တဲ့ တရားစီရင်ရေးတို့ အခြေခံ လူ့အခွင့်အရေးတို့ဆိုတာ လုံးဝဆိတ်သုဉ်းနေတယ်။ ကိုယ့်တံတွေးကိုယ် ပြန်မြိုရတဲ့ ပြိတ္တာလို စစ်အာဏာရှင်တွေဖြစ်တယ်။ ကိုယ်ကိုးကွယ်တဲ့ ဘာသာသာသနာကို ပြစ်မှား စော်ကားရဲတဲ့ မိစ္ဆာတွေ ဖြစ်တယ်။ လူစိတ်ကင်းပြီး လက်နက်အားကိုးနဲ့ ကြောက်ရမ်းရမ်းနေသူတွေ ဖြစ်တယ်။
ဗိုလ်ချုပ်တို့ခေတ် ဗိုလ်ချုပ်တို့ကမ္ဘာ
(၂၀) ရာစုက စတင်ရေတွက်ရမယ့် ခေတ်သစ်ကမ္ဘာ့နိုင်ငံရေးပုံစံထဲမှာ လူမျိုး နိုင်ငံတွေရဲ့တည်ရှိမှုနဲ့ အချုပ်အခြာနိုင်ငံရေးဟာ အပြန်အလှန်ဆက်နွယ်မှု တနေ့တခြား ပိုပြီးကျယ်ပြန့်ကြီးထွားလာနေတယ်။ ဒါကြောင့် တနိုင်ငံ ရဲ့နိုင်ငံရေးဖြစ်စဉ်ဟာ တခြားနိုင်ငံတွေကိုပါ ရိုက်ခတ်မှုလွှမ်းမိုး အကျိုးသက်ရောက်မှုတွေလည်း ပိုပြီးကြီးထွားလာတယ်။ ဘယ်နိုင်ငံမှ သီးခြားကင်းလွတ်စွာ ရပ်တည်ပြီးနေလို့မရတဲ့ အခြေအနေဖြစ်တယ်။  သဘာဝကျစွာပဲ အင်အားကြီးတဲ့ နိုင်ငံတွေက ကမ္ဘာ့နိုင်ငံရေးပုံစံနဲ့ နိုင်ငံတကာဖြစ်စဉ်တွေအပေါ်မှာ ပိုပြီးသြဇာ သက်ရောက်တယ်။ တခါတခါအဆုံးအဖြတ် တောင်ဖြစ်သွားတတ်တယ်။ ဒီတော့ ဗမာပြည်နိုင်ငံရေးဖြစ်စဉ်ကလည်း ဒီကမ္ဘာ့နိုင်ငံရေးပုံစံနဲ့နိုင်ငံတကာနိုင်ငံရေးဖြစ်စဉ် တွေကနေမကင်းလွတ်ဘူး။ သြဇာသက်ရောက်နေတယ်။
ဗိုလ်ချုပ်အောင်ဆန်းခေတ်အခါက ကမ္ဘာ့နိုင်ငံရေးမှာ ကမ္ဘာ့အင်အားကြီးတွေ ကိုလိုနီနယ်တွေကို ပြန် လည်ဝေခြမ်းရေးလုပ်ဖို့ အချင်းချင်း နယ်လုစစ်ပွဲတွေ ဆင်နွှဲနေပြီ။ ဒါကြောင့် ဘယ်တုန်းကမှ လူရာမသွင်းခဲ့တဲ့ အင်အားသေးငယ်တဲ့ နိုင်ငံတွေ၊ ကိုလိုနီလက်အောက်ခံ နိုင်ငံတွေကိုပါ သူ့ဘက်ကိုယ့်ဘက် အပါ အပြိုင်အဆိုင် စည်းရုံးနေရချိန်ဖြစ်တယ်။ ဒီအခြေအနေကို အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲနဲ့ ပီပြင်တဲ့ စည်းရုံးရေးရှိတဲ့ ကိုလိုနီလက်အောက်ခံနိုင်ငံတွေက အဲဒီ့ကမ္ဘာ့နိုင်ငံရေး ရေးစီးကို အသုံးချ အမြတ်ထုတ် နိုင်ခဲ့ကြတယ်။
ဗမာပြည်အနေနဲ့ကတော့ လွတ်လပ်ရေးခေါင်းဆောင်တွေဟာ ဒီကမ္ဘာ့နိုင်ငံရေးကို တွက်ချက်ပြီး “အင်္ဂလိပ်အခက် ဗမာ့အချက်” ဆိုတဲ့ ကြွေးကျော်သံနဲ့ စည်းရုံးပြင်ဆင်မှုတွေ လုပ်နိုင်ခဲ့ကြတယ်။ စစ်ပြီးချိန်မှာလည်း စစ်ပန်းနေတဲ့ အင်္ဂလိပ်ကိုလိုနီတွေကို အမျိုးသားညီညွတ်ရေးလည်း ရှိနေတော့ “ရရင်ရ မရရင်ချမယ်” ဆိုတဲ့ စိန်ခေါ်မှုနဲ့ အမျိုးသားရည်မှန်းချက် လွတ်လပ်ရေးကို ရယူနိုင်ခဲ့ကြတယ်။
ဒီနေ့ခေတ်ကမ္ဘာထဲက ဗမာ
ဒီနေ့ခေတ် ကမ္ဘာ့နိုင်ငံရေး အခြေအနေက ဗိုလ်ချုပ်အောင်ဆန်းခေတ်က အခြေအနေနဲ့ အခြားနားကြီး ခြားနားသွားခဲ့ပြီ။ ဗမာပြည်သူတွေရဲ့ လွတ်မြောက်ရေး ကြိုးပမ်းမှုကို မျက်နှာသာမပေးဘူး။ ဒီခေတ်ဟာ ကိုယ်ကျိုးစီးပွား ပဓာနဝါဒ လွှမ်းမိုးနေတယ်။ တဖက်ဖက်ကို ရပ်တည် အသုံးချပြီး ကိုယ့်တိုက်ပွဲကို အရှိန်မြှင့်ဖို့ နိုင်ငံရေး ဂိုဏ်းကွဲနေတဲ့ စစ်အေးခေတ်လည်း ကုန်ဆုံးသွားခဲ့ပြီဖြစ်တယ်။ ပီပြင်တဲ့ နိုင်ငံရေး စုဖွဲ့မှုတော့ မရှိသေးဘူး။ ဒီအခြေအနေက နိုင်ငံငယ်တွေက ပြည်သူတွေရဲ့ လုံခြုံရေးကို ပိုပြီးအန္တရာယ်ပေးလာနိုင်တယ်။ နိုင်ငံရေးဝါဒထက် ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတိုင်းက နိုင်ငံတိုင်းနဲ့ ပေါင်းပြီး တခြားနိုင်ငံတွေအပေါ် အသာစီး ရအောင် အားထုတ်နေကြတယ်။ ကဏ္ဍကွဲပြားမှု၊ ဒေသကွဲပြားမှုအလိုက် တူရာစုဖွဲ့မှုတွေ လုပ်နေကြတယ်။ အားလုံးရဲ့ အခြေခံကတော့ ကိုယ်ကျိုးစီးပွားပဲဖြစ်တယ်။ နိုင်ငံရေးဝါဒအရ စုဖွဲ့မှုတွေကလည်း သဏ္ဍာန် သဘောလောက်တော့ ကျန်သေးတယ်။
နိုင်ငံတကာ အစည်းအဝေးတွေမှာ မိတ်ဆွေများက ဗမာပြည် ပြဿနာမှာ လူထုကလည်း ထောက်ခံပါရက်နဲ့ ဘာကြောင့် မအောင်မြင်တာလဲလို့ မေးကြပါတယ်။ နိုင်ငံကြီးတချို့က ပြည်တွင်းရေး သက်သက်လို့ အသံကောင်းဟစ်နေကြပေမယ့် ဗမာပြည်ပြဿနာဟာ ပြည်တွင်းရေးသက်သက် မဟုတ်တော့ပဲ နိုင်ငံတကာအရေး ( International Issue) လို ဖြစ်သွားလို့ ဖြစ်တယ်။ ပြည်တွင်းရေး သက်သက်သာဆိုရင် ပြီးခဲ့တာ ကြာပြီလို့ ဖြေခဲ့ပါတယ်။ တကယ်တမ်းလဲ ဒီသဘောသာ ဖြစ်ပါတယ်။
ဗမာပြည်ဟာ ထိုက်သင့်တဲ့ သယံဇာတနဲ့ ပထဝီနိုင်ငံရေး (Geo-politic) အရ အချက်အခြာကျတဲ့ နေရာမှာ ရှိတယ်။ ကမ္ဘာ့နိုင်ငံရေးမြေပုံ (Geo-politico-map) သတ်မှတ်တဲ့နေရာမှာ အရေးပါတဲ့ ဒေသကြီးတွေ ဖြစ်တဲ့ တောင်အာရှနဲ့ အရှေ့တောင်အာရှ ဒေသကြီးနှစ်ခုကို ပေါင်းကူးပေးထားတဲ့ အနေအထားဖြစ်ပါတယ်။ တဖက်မှာလည်း ကမ္ဘာ့လူဦးရေအများဆုံးနဲ့ ထွန်းသစ်စ ကမ္ဘာ့အင်အားကြီး နိုင်ငံများ (Emerging Super Powers) လို့ ပြောနေကြတဲ့ အိန္ဒိယနဲ့၊ တရုတ်ကြားမှာ တည်ရှိသလို တခြားတဖက်မှာတော့ လူဦးရေ သန်း (၆၀၀) လောက်ရှိတဲ့ အာဆီယံ ဒေသကြီးကလည်း ရှိနေပြန်ပါတယ်။ ဒါတွေဟာ ဗမာပြည်အရေး နိုင်ငံတကာ ကိစ္စရပ် ဖြစ်သွားရတဲ့ အကြောင်းဖြစ်တယ်။
ဗမာပြည်ဟာ နိုင်ငံရေးအပြောင်းအလဲတခုကို ဦးတည်နေတယ်။ ဒီအပြောင်းအလဲဟာ မလွဲမသွေ ဖြစ်ပေါ်မှာလို့ ကမ္ဘာ့နိုင်ငံရေးမှာ ရှေ့တန်းကစားသမား နိုင်ငံကြီးတွေအားလုံး သိမြင်လက်ခံထားကြတယ်။ ဒီအပြောင်းအလဲ ဟာလည်း ဒေသတွင်းကိုသာမက ကမ္ဘာ့ပထဝီနိုင်ငံရေးကိုပါ အကျိုးသက်ရောက်မှု အားကောင်းတဲ့ အပြောင်းအလဲ ဖြစ်တယ်။ နိုင်ငံရေး ချိန်ခွင်လျှာကို ဆုံးဖြတ်နိုင်တဲ့  အပြောင်းအလဲတခုလည်း ဖြစ်နေပြန်တယ်။ ဒါကြောင့် ဒီနိုင်ငံကြီးတွေ ဗမာပြည်နိုင်ငံရေး အပြောင်းအလဲအပေါ် ကိုယ့်သြဇာလွှမ်းမိုးနိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်တယ်။ ကိုယ်ကျိုးစီးပွားကိုအခြေခံတဲ့ ပြိုင်ဆိုင်မှုဆိုတော့ ရေရှည်အကျိုးရလာဒ်(long-term interest) ထက် ရေတိုအကျိုးရလာဒ် (Short-term interest) ကို ဦးစားပေးကြတယ်။ ဗမာလူထုရဲ့ ဆန္ဒကို လစ်လျူရှုထား တယ်လို့ပြောရမယ့် အခြေအနေဖြစ်တယ်။ ဒီပြိုင်ဆိုင်မှုတွေကြောင့် စစ်အုပ်စုဟာ တစုံတရာသော အတိုင်း အတာအထိ အသက်ရှူချောင်ခဲ့တယ်။ သိသာအောင် အိမ်နီးခြင်း တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ဗမာပြည်အပေါ် ဆက်ဆံရေး သဘောထားကို လေ့လာကြည့်ပါ။ သူတို့အကြားက အားပြိုင်မှုကို တွေ့နိုင်ပါတယ်။
တရုတ် အိန္ဒိယ ပြိုင်ဆိုင်မှု
ဗမာပြည်ရဲ့ တည်နေရာ အနေအထားဟာ တရုတ်နဲ့ အိန္ဒိယတို့အကြား တဦးကို တဦး အကျောပေးခံလို့ မရတဲ့ အခြေအနေပါ။ (၈၈) အရေးတော်ပုံပြီးစကာလမှာ စစ်အုပ်စုဟာ နိုင်ငံတကာမှာ ဆေးဖော်ကြောဖက် မရှိသလောက် နိုင်ငံရေးအထီးကျန်ဖြစ်ခဲ့တယ်။ ဒီနိုင်ငံတကာရဲ့ မဆက်ဆံရေးမူနဲ့ အထီးကျန်ထား လစ်လျူရှုရေးမူကို စပြီး ချိုးဖောက်တာက အိမ်နီးခြင်းထိုင်းနိုင်ငံအစိုးရ ဖြစ်တယ်။ အဲဒီအချိန်က ထိုင်းနိုင်ငံဝန်ကြီးချုပ် (Chavalit Yungchaiyudh) ကိုယ်တိုင် ဦးစီးပြီး စီးပွားရေးသမား အများစုပါတဲ့ ကိုယ်စားလှယ်အဖွဲ့ကြီးနဲ့ ဗမာပြည်ကို သွားကြတယ်။ စစ်အုပ်စုက ငါးဖမ်းလုပ်ကွက်တွေ၊ သစ်လုပ်ကွက်တွေနဲ့ တခြားအမြတ်ထုတ်သွေးစုပ်ခွင့်တွေကို အောက်ကြေးနဲ့ လာဒ်ထိုးလွှတ်လိုက်တယ်။ အမေရိကန်နဲ့ နီးစပ်တဲ့ နိုင်ငံခြားရေးမူဝါဒရှိတဲ့ ထိုင်းနိုင်ငံရဲ့ အပြုအမူကိုကြည့်ပြီး အနီးကပ်စောင့်ကြည့်နေတဲ့ တရုတ်ကြီးကလည်း (၈၈) အရေးအခင်း မတိုင်မီလေး (၁၉၈၇) ကမှ စစ်အုပ်စုနဲ့ ရထားတဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေကို မီးကုန်ယမ်းကုန် အကောင်အထည်ဖော်တော့တယ်။ မလုပ်ရှင်းရှင်း လုပ်တင်းတင်းဆိုတဲ့ တရုတ်ကြီးဟာ နောက်ဆုံး စစ်အုပ်စုကို စစ်ရေးအကူအညီ ပေးတဲ့အဆင့်ထိ ရောက်လာတယ်။ နိုင်ငံတကာမှာ အားကိုးရာမဲ့ နေတဲ့ စစ်အုပ်စုကလည်း အားထားရာ တရုတ်ကြီးကျေနပ်ဖို့ ရေရှည်အမျိုးသား အကျိုးစီးပွားကိုတောင် မငဲ့ကွက်ပဲ အစွမ်းကုန် လိုက်လျောပြီး အပေးအယူ လုပ်ခဲ့တယ်။
ဒီလို စစ်အုပ်စုအောက်က ဗမာပြည်ထဲမှာ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးပါမကျန် တရုတ်သြဇာ လွှမ်းမိုး လာတာကို မြင်နေရတော့ ပြိုင်ဘက်အိန္ဒိယက နေမထိထိုင်မသာ ဖြစ်လာတယ်။ အိန္ဒိယဟာ (၈၈) အရေးတော်ပုံ ကာလအတွင်းမှာကော နောက်ပိုင်းကာလတွေမှာပါ ဗမာလူထုရဲ့ တိုက်ပွဲကို အခိုင်အမာ ထောက်ခံအားပေးခဲ့တယ်။ ဒါပေမဲ့ ဗမာပြည်အတွင်းမှာ စစ်အုပ်စုနဲ့ပေါင်းပြီး တရုတ်သြဇာ ကြီးထွားလာတော့ စိုးရိမ်သောက ဖြစ်လာတယ်။ ဒါကြောင့် ဗမာပြည်ဆိုင်ရာ သူ့ရဲ့မူဝါဒကို ပြန်ပြီး ဆန်းစစ်လာကြတယ်။ နောက်ဆုံး (၁၉၉၃) ခုနှစ်မှာ စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချွန်တော် လဲလှယ်ပြီး အပြုသဘော ဆက်ဆံရေးကို ပြောင်းလဲလိုက်ကြတယ်။
နှစ်နိုင်ငံ နယ်ခြား ကုန်သွယ်ရေး၊ (၂) နိုင်ငံနယ်ခြား နယ်ကျော် လက်နက်ကိုင်လှုပ်ရှားမှုနဲ့ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းကို ပူးပေါင်းနှိမ်နင်းဖို့လို့ သဘောတူညီချက်မှာဖေါ်ပြခဲ့တယ်။ အနှစ်သာရကတော့ ဗမာပြည်ထဲမှာ တနေ့တခြား ကြီးထွားလာနေတဲ့ တရုတ်သြဇာကို တန်ပြန်ထိန်းချုပ်ဖို့ ဖြစ်တယ်။ ဒါကလည်း လုံခြုံရေးဆိုင်ရာ သူ့နိုင်ငံ အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးဖြစ်တယ်။ ဒါပေမယ့် ပြောင်းလဲလိုက်တဲ့ အပြုသဘော ဆက်ဆံရေးမူဟာ သူမျှော်မှန်းသလောက် ခရီးမပေါက်ဘဲ အိန္ဒိယဟာ နေရာတကာမှာ တရုတ်နောက်ကို ရောက်နေခဲ့ရတယ်။ ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ပြိုင်ဆိုင်ရာမှာ အကြီးအကျယ် ရှုံးနိမ်ခဲ့ရတယ်။ ဒီလိုမျှော်မှန်းသလို မဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံခြားရေးဌာန အရာရှိကြီးတဦးက ဗမာပြည် ဒီမိုကရေစီအရေးကို အိမ်နီးချင်းတွေ အကြားမှာ တကိုယ်တည်း အားသွန်ထောက်ခံ ခဲ့တဲ့ “သံတမန်ရေး ခြေလှမ်းကျွံမှုအမှား” လို့ သုံးသပ်ခဲ့တယ်။
အနှစ် (၂၀) ကျော် ဗမာပြည် ဒီမိုကရေစီအရေး ထောက်ခံခဲ့တဲ့ အမေရိကန်၊ အီးယူ စတာတွေ အခုခါ စစ်အုပ်စုနဲ့ အပြုသဘော ဆက်ဆံရေး ထူထောင်မယ်လို့ ပြင်ဆင်နေကြတာတွေဟာ အိန္ဒိယရဲ့ ရှုမြင်သုံးသပ်ချက်နဲ့ တသဘောတည်း ဖြစ်ပါတယ်။ ကိုယ်ကျိုးစီးပွားကို အခြေခံတဲ့ တရုတ်သြဇာလွှမ်းမိုးမှုကို ဟန့်တားရေး ဖြစ်ပါတယ်။
ဗမာ့အိမ်နီးခြင်းများ
ကိုယ့်တိုင်းပြည် ကိုယ့်ပြဿနာကို ကိုယ်တိုင်ပဲ ဆုံးဖြတ်အဖြေရှာရမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဗမာပြည်အရေးနှင့် ပတ်သက်လာရင် အိမ်နီးခြင်း အစိုးရတွေရဲ့ တာဝန်မဲ့သဘောထားနဲ့ ရပ်တည်ချက်တွေက ဒီပြဿနာ အဖြေရှာရေးမှာ အခက်အခဲကြီးစေခဲ့တယ်။ စစ်အုပ်စုရဲ့တင်းမာတဲ့ သဘောထားကို အားပေး အားမြှောက်ဖြစ်စေခဲ့တယ်။ ဗမာအိမ်နီးခြင်းတွေရဲ့တာဝန်မဲ့မှုကို တောင်အမေရိက က ဟွန်ဒူးရတ် (Hunduras) နိုင်ငံပြဿနာနဲ့ ပတ်သက်ပြီး အိမ်နီးခြင်းတိုင်းပြည်တွေရဲ့ ရပ်တည်ချက်နဲ့ ကြားဝင်ဆောင်ရွက်မှုတွေနဲ့ ယှဉ်ကြည့်ရင် အထင်အရှား မြင်တွေ့နိုင်ပါတယ်။
မနှစ်က (၂၀၁၀)မှာ ဟွန်ဒူးရတ်နိုင်ငံ သမတကို ပါလီမန်ဥက္ကဋ္ဌက စစ်တပ်နဲ့ပေါင်းပြီး အာဏာသိမ်း ခဲ့တယ်။ သမ္မတကို အဓမ္မ လေယာဉ်ပေါ်တင်ပြီး ပြည်နှင်ဒဏ်ပေးခဲ့တယ်။ ဒီအာဏာသိမ်းအစိုးရကို ဘယ်အိမ်နီးခြင်းတွေကမှ အသိအမှတ် မပြုကြဘူး။ သမ္မတကို အာဏာပြန်အပ်ဖို့ ဖိအားပေး တောင်းဆိုကြ တယ်။ အမေရိကန်နိုင်ငံများ အသင်း (OAS- Organisation of American States) ကပါ ထုတ်ပစ်လိုက်တယ်။ နောက်ဆုံး ဘရာဇီးသမတနဲ့ ကော်စတာရီကာသမတတို့ ခြံရံပြီး အာဏာသိမ်းခံထားရတဲ့ သမတကို ပြည်တော်ပြန်နိုင်ဖို့ စီစဉ်ကြတယ်။ အာဏာသိမ်း အစိုးရက လေဆိပ်လေယာဉ်ပြေးလမ်းတွေကို ဓာတ်ဆီတင်ကားတွေနဲ့ ပိတ်ဆို့ထားတာကြောင့် မအောင်မြင်ပြန်ဘူး။ ဒါကြောင့် ကုန်းလမ်းကနေ လျှို့ဝှက် ပြန်ပို့လိုက်ကြတယ်။ ပြန်ဝင်လာတဲ့သမ္မတကို ဘရာဇီးသံရုံးက ကာကွယ်စောင့်ရှောက်ထားတယ်။ ခေါင်းဆောင် သမတ ပြန်ရောက်လာတာကြောင့် အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ လူထုတွေ စိတ်အားတက်ကြွလာတယ်။ ဆန္ဒပြ အုံကြွမှုတွေ ပိုပြီးပြင်းထန်လာတယ်။ နောက်ဆုံးမှာ အာဏာသိမ်း အစိုးရက စေ့စပ်ရေး စားပွဲဝိုင်းကို ရောက်လာခဲ့ရတယ်။ (၃) လအတွင်း ရွေးကောက်ပွဲလုပ်ပြီး အာဏာစွန့်ဖို့ သဘောတူခဲ့ကြရတယ်။ ဗမာ့အိမ်နီးခြင်းတွေကတော့ စစ်အုပ်စုကို ဘက်မလိုက်အဖွဲ့တို့ အာဆီယံအဖွဲ့တို့ အပြင် အသစ်ဖွဲ့လိုက်တဲ့ ဒေသတွင်း အဖွဲ့အစည်းတွေမှာပါ ဖိတ်ခေါ်ထည့်သွင်းလိုက်ကြသေးတယ်။
မတူတဲ့ ခေတ်နှစ်ခုက လူထုနှစ်ရပ်
ဒီလိုနိုင်ငံတကာ အခြေအနေတွေက အခွင့်မသာတာနဲ့ နိုင်ငံတခုရဲ့ အပြောင်းအလဲက မဖြစ်နိုင်တော့ ဘူးလား။ လူထုတိုက်ပွဲတွေက မအောင်နိုင်တော့ဘူးလား။ ဒီလိုတော့ မဟုတ်ပါ။ နိုင်ငံတကာ အခြေအနေတွေက ထည့်သွင်းစဉ်းစား တွက်ချက်ရလောက်အောင် သြဇာလွှမ်းတဲ့ကဏ္ဍမှာ ရှိနေပါတယ်။ အကျိုးသက်ရောက်ပါတယ်။ တကယ်တမ်း အဆုံးအဖြတ်ကတော့ သက်ဆိုင်ရာ နိုင်ငံရဲ့ လူထုသာ ဖြစ်ပါတယ်။ လူထုအဆုံးအဖြတ်နဲ့ တိုက်ပွဲတွေကြောင့် နိုင်ငံတကာရဲ့ ရပ်တည်ချက်တွေကလည်း အဲဒီ့လူထု သယ်ဆောင် သွားတဲ့ နိုင်ငံရေးရေစီးကြောင်းနောက်ကို လိုက်ပြောင်းလဲရပါတယ်။ လောလောလတ်လတ် ဖြစ်ပွားနေတဲ့ တူးနီးရှား၊ အီဂျစ်၊ ယီမင်နဲ့ အာရပ်ကမ္ဘာမှာ ဖြစ်ထွန်းနေတဲ့ လူထုတိုက်ပွဲတွေက သက်သေပါပဲ။
တော်လှန်ရေးပြောပြော၊ နိုင်ငံရေးပြောပြော လူမှုအဆောက်အဦတခု ပြောင်းလဲရေး လှုပ်ရှားမှုတွေမှာ လူထုသာ ပဓာန ဖြစ်ပါတယ်။ လူထုရဲ့ နိုင်ငံရေး ရေချိန် စည်းရုံးရေးရေချိန်စတဲ့ နိုးကြားမှု အတိုင်းအတာဟာ တိုက်ပွဲရဲ့ အဆုံးအဖြတ်ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့ရတဲ့ ဗမာလူထုဟာ ဒီကနေ့လူထုထက် နိုင်ငံရေး ရေချိန် မြင့်မားတယ် လို့ဆိုရပါမယ်။ လူထုရဲ့ နိုင်ငံရေးရေချိန်ဆိုရာမှာ နိုင်ငံရေးနိုးကြားမှုနဲ့ နိုင်ငံရေးစည်းရုံးမှုတို့ဖြစ်တယ်။ ဗိုလ်ချုပ် ခေတ်က လူထုနဲ့ ဒီနေ့ခေတ်လူထုဟာ နိုင်ငံရေးနိုးကြားမှု တူပါတယ်။ ဒီနေ့ခေတ်လူထုက ပိုတယ်လို့တောင် ပြောချင်ပြောလို့ ရပါတယ်။ အမျိုးသားလွတ်မြောက်ရေးအတွက် အင်္ဂလိပ်နဲ့ စစ်အုပ်စုကို အဓိကရန်သူလို့ ရှင်းရှင်းလင်းလင်း ရှုမြင်ကြပါတယ်။ ဆန့်ကျင်ကြပါတယ်။ ဒါပေမယ့် ဒီဆန့်ကျင်မှုကို တလုံးတစည်းထဲ ဖြစ်အောင် စုစည်းတဲ့ နိုင်ငံရေးစည်းရုံးမှုရေချိန်မှာတော့ ဒီနေ့ခေတ်လူထုဟာ အလွန်အမင်း ချိနဲ့နေတယ်လို့ မြင်ပါတယ်။ စစ်အုပ်စုရဲ့ အစဉ်တစိုက် စောင့်ကြည့်ပြီး ကြမ်းကြမ်းရမ်းရမ်း နှိပ်ကွပ်တာက အဓိက အကြောင်းတချက် ဖြစ်ပါတယ်။
လူမှုစီးပွားရေးအရလည်း ဒီနေ့ခေတ် ဗမာလူထုဟာ အနိမ့်ဆုံးအထိ ကျဆင်းနေတယ်။ ဒီစီးပွားရေး ချွတ်ခြုံကျမှုကတဆင့် အမျိုးသားရေး စာရိတ္တမဏ္ဍိုင်ဟာ ဘယ်ခေတ်နဲ့မှ မတူအောင် ကျဆင်းနေတယ်။ နိုင်ငံ့ခေါင်းဆောင်အမည်ခံ စစ်ဗိုလ်ချုပ်တွေကလည်း ထိပ်ကနေပြီး ခိုးဝှက်လုယက်နေတာကို ပြောင်ပြောင် တင်းတင်းလုပ်ပြီး စံနမူနာထူနေကြတယ်။ တဖက်မှာလည်း တချို့သော နိုင်ငံရေးသမား၊ နိုင်ငံရေးခေါင်းဆောင် အမည်ခံတွေကလည်း ရသမျှ အခွင့်အရေးတွေကို သီလဖျက်ပြီး အမိအရ လက်မလွှတ်တမ်းယူနေကြတယ်။ ဒီလိုလူ့အဖွဲ့အစည်းရဲ့ ရှေ့တန်းပုဂ္ဂိုလ်များရဲ့ မကောင်းတဲ့ စံနမူနာတွေက အမျိုးသားစာရိတ္တမဏ္ဍိုင်ကို ယုတ်လျော့ကျဆင်း (De-moralised National Morality) စေတယ်။ ဒီတော့ နိုင်ငံရေးရဲ့ အဓိက စံတရားတွေ ဖြစ်တဲ့ စွန့်လွှတ်ခြင်း၊ အနစ်အနာခံခြင်းနဲ့ စာရိတ္တခိုင်မာခြင်းဆိုတာတွေက လူထုကြားမှာ နောက်တန်းရောက် သွားခဲ့ရတယ်။ ဒီစံတရားတွေဟာ အတဲ့သူ မိုက်တဲ့သူတွေရဲ့ အလုပ်လို့ ရှုမြင်လာကြတယ်။
တချို့ဆို ထောင်မကျတဲ့ နိုင်ငံရေး လုပ်ကြလို့ အရှက်မရှိ ဗြောင်ဝါဒဖြန့်နေကျတယ်။ သင်တန်းတွေ ပေးနေကြတယ်။ ဒါဟာ ဒီမိုကရေစီတိုက်ပွဲအပေါ်မှာ ကြံ့ကြံ့ခံရင်း နှစ်ရှည်ထောင်ဒဏ်တွေ ကျခံသွားကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာစတဲ့ (၈၈) ကျောင်းသားခေါင်းဆောင်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ပျက်ရယ်ပြုတာပဲ။ အာဏာရှင်စနစ်ကို အရူးအမူး ဖက်တွယ်ထားတဲ့ စစ်အုပ်စုကို ဒီမိုကရေစီတောင်းဆို တိုက်ပွဲဝင်တဲ့ အခါမှာ ထောင်မကျအောင်၊ အသက်မသေအောင်၊ ရှောင်လွဲလို့ မဖြစ်နိုင်တဲ့ အခြေအနေပါ။ ဒီတော့ သာမန်လူထုအကြားမှာ အာဏာရှင်ဗိုလ်ချုပ်များ အပါအဝင် နိုင်ငံရေးလုပ်သူများ (ပတ်သက် နေသူများ) ကို လူကြီး သို့သော် မကောင်းတဲ့ သူခိုးဓားပြ၊ လူလည်လူလိမ်၊ လွယ်လွယ်ပြော လွယ်လွယ်ဖျက် စကားမတည်တဲ့ ကတိပျက်သူတွေလို့ မြင်နေသလားတောင် ထင်မိတယ်။
ဗိုလ်ချုပ်တို့ခေတ် ဗမာလူထုရဲ့ စီးပွားရေးအခြေအနေက ဒီနေ့အခြေအနေထက် အများကြီးသာ ပါတယ်။ တစုံတရာ လွတ်လပ်တဲ့ ကုန်သွယ်စီးပွားရှာခွင့်နဲ့ အသိပညာတွေ ဖြန့်ချီခွင့်၊ လေ့လာလိုက်စားခွင့် ရှိတယ်။ ဒီ့အပြင် လစ်ဘရယ်ဒီမိုကရေစီအရ တစုံတရာ လွတ်လပ်တဲ့ စည်းရုံးလှုပ်ရှားခွင့်တွေ ရှိတယ်၊ အသင်းအပင်း ဖွဲ့စည်းခွင့်တွေရှိတယ်။ ဒါ့ကြောင့် လူအများ စုပေါင်းလှုပ်ရှားမှုနဲ့ အဖွဲ့အစည်းတခုကို ဟန်ချက်ညီ ထိန်းကျောင်းလှုပ်ရှားတဲ့ အလေ့အကျင့်တွေ ရှိတယ်။ အဖွဲ့အစည်း တခုအတွင်း ဘယ်လိုစည်းဝေး မယ်၊ ဘယ်လိုဆွေးနွေးငြင်းခုံမယ်၊ ဘယ်လို ဆုံးဖြတ်ချက်ကို ရယူပြီး ဘယ်လိုစုပေါင်း အကောင်အထည် ဖေါ်မယ်ဆိုတဲ့ အတွေ့အကြုံနဲ့ အလေ့အကျင့်ကောင်းတွေ ရှိကြတယ်။ ဒါတွေဟာ ဒီနေ့ခေတ် ကျွန်တော်တို့ ဗမာလူ့အဖွဲ့အစည်းမှာ မတွေ့ရတော့သလောက် ဖြစ်နေတဲ့ အလေ့အကျင့်တွေ ဖြစ်တယ်။ ဒီအချက်တွေဟာ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းတခုရဲ့ အရေးပါတဲ့ လက္ခဏာဖြစ်တယ်။
ဒီနေ့ခေတ်မှာ စစ်အာဏာရှင်တွေ ဖိနှိပ်မှုအောက်က လူထုကြားမှာ မဆိုထားနဲ့ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားနိုင်တဲ့ ပြင်ပအင်အားစုတွေကြားမှာတောင် ဒီအလေ့အကျင့်တွေကို မတည်ဆောက်နိုင် သေးဘူး။ ဒီလက္ခဏာတွေကို မဖြည့်ဆည်းနိုင်သေးဘူး။ အစုအဖွဲ့အရေးနဲ့ လူပုဂ္ဂိုလ်အရေးတွေကို မခွဲခြားနိုင်သေးဘူး။ မူနဲ့လူကို မခွဲခြားနိုင်သေးဘူး။ မူနဲ့ ဘောင်နဲ့ အလုပ်လုပ်တဲ့ အလေ့အကျင့်တွေ မထူထောင်နိုင်သေးဘူး။ အာဏာရှင်ဝါဒရဲ့ လက္ခဏာတွေဖြစ်တဲ့ သူလုပ်ရင် ငါမပါ၊ မကြိုက်သူချန်ထား၊ အဖွဲ့တွင်းမှာ လွတ်လပ်စွာ ဆွေးနွေးငြင်းခုံရမယ့်အစား အပြင်မှာ လက်တို့ဆွေးနွေး ဂိုဏ်းဖွဲ့လှုပ်ရှား၊ ဆုံးဖြတ်ချက်ကို မလေးစားတဲ့ စရိုက်ဆိုးတွေက မလွတ်မြောက်နိုင်သေးဘူး။
ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်စားပြု လှုပ်ရှားရတဲ့ လူထုအခြေအနေ ခြားနားချက် အကျဉ်း ဖြစ်ပါတယ်။ ဒါ့အပြင်  ရင်ဆိုင်ရတဲ့ ရန်သူအမျိုးအစားကလည်း မတူပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဲဒီအချိန်က ဗမာလူထု ရင်ဆိုင်ခဲ့ရတာက လူမျိုးခြား အသွေးအရောင်ပါ ကွဲပြားတယ်။ ဒီကနေ့ ရင်ဆိုင်နေရတဲ့ ရန်သူကတော့ လူထုထဲက လူတွေသာဖြစ်တယ်။ အသွေးတူ အသားတူ အမျိုးသားချင်းထဲက လောက်ကောင်လို ရန်သူဖြစ်တယ်။ ဒါကြောင့် လူထုအကြားမှာ ရန်ငါစည်း ခွဲခြားဖို့ ခက်ခဲတယ်။ အားလုံးက တကြောင်းမဟုတ် တကြောင်း ဆက်နွယ်ပတ်သက်နေကြတယ်။
(ဆက်လက်တင်ပြပါဦးမယ်)
ရဲဘော်ကျော်သန်း (kyaw_than2004@yahoo.com)
၁၄.၂.၂၀၁၁
__._,_.___
Attachment(s) from M.THIHA MYAT
1 of 1 File(s)
Tuesday, February 8, 2011
Ex-Burmese businessman faces insider trading allegations Michael Hua Hu denies he traded shares through friend’s online account By David Baines, Vancouver Sun
Alleged Burmese drug warlord Michael Kyaw Myint Hua Hu also faces allegations of insider trading.
Alleged Burmese drug warlord Michael Kyaw Myint Hua Hu also faces allegations of insider trading.
Photograph by: Arlen Redekop, PNG
A former Burmese businessman appeared before a B.C. Securities Commission tribunal on Monday to face allegations of illegal insider trading.
BCSC enforcement staff alleges that Michael Kyaw Myint Hua Hu, who now lives in Surrey, bought nearly $900,000 worth of shares of Maple Leaf Reforestation Inc. in 2007 on the basis of information that had not been generally disclosed to the public.
Maple Leaf is a Calgary-based company whose shares trade on the TSX Venture Exchange. At the time of the alleged offences, Hu served as the company’s chairman.
BCSC enforcement lawyer Derek Chapman, who is acting as co-counsel with Joyce Johner, told the hearing panel that evidence would show that:
• Hu met a woman named Lin Ping Tian through a Vancouver dating agency in 2006. Tian set up a CIBC online trading account, then gave Hu her password so that he could buy Maple Leaf shares for her.
• Hu told her the share price would increase and she would make money. For his efforts, Hu would take 10 per cent of the profits.
• Hu, meanwhile, was helping Maple Leaf develop a memorandum of understanding to establish a biodiesel plant in China.
• On Sept. 22, 2007, Hu sent an email to Maple Leaf president Raymond Lai: “Ask Chen Zhen give you the MOU to review it. Translate it, then make news. I will take the stock to $2 to get cash and pp [private placement] financing.”
• From Sept. 21 to Oct. 12, 2007, a total of 877,800 shares were purchased in Tian’s online trading account.
• The shares were purchased through computers with two different IP addresses, one registered in Hu’s name at his Surrey address, and the other in Maple Leaf’s name at its office address in downtown Vancouver.
• The shares were purchased for an average price of $1. By the end of the trading period, the share price had risen to $1.30
• On Oct. 16, 2007, Maple Leaf announced the MOU and heralded it as a “new milestone” in the company’s development. When trading resumed that day, the stock jumped to $1.60 on heavy volume.
• Although the share price rose, as Hu had predicted, it declined before Tian sold any shares. As a result, she ended up losing a “substantial amount of money.”
Chapman said evidence would also show that, when Hu was interviewed by investigators under oath, he lied when he told them that he did not know Tian.
Chapman did not cite any evidence to show that Hu sold any of the shares in question, either in this account or any other account.
Hu’s lawyers, Sean Boyle and Alexandra Luchenko, are expected to argue that the evidence is circumstantial, that there is no evidence to directly link their client to the trades in question.
Hu is a controversial figure quite aside from his stock dealings. Several publications have linked him to drug trafficking and money laundering activities in Burma during the 1990s.
Jane’s Intelligence Review reported in November 1998 that Hu claimed to be a deputy minister of finance of the United Wa State Army.
This was an insurgent group that was fighting against the Burmese Communist party. The U.S. State Department described it as the world’s largest armed narcotics trafficking organization.
AsiaWeek magazine reported that the United Wa State Army set up a firm called Kyone Yeom Group, with Hu as group chairman. The magazine said the firm was used to launder drug proceeds.
During an interview in February 2009, Hu told me these allegations were false. He denied he has been involved in any illicit drug dealings.
On the contrary, he said he worked as a consultant for the U.S. Drug Enforcement Agency, and the DEA helped him obtain political asylum in the United States in 2000.
•
Too little, too late. Again.
A BCSC hearing panel has fined former B.C. resident Luc Castiglioni $6 million and permanently banned him from the B.C. securities market after he defrauded six investors of $1.3 million.
Castiglioni is a 49-year-old French citizen. He and his wife, Valerie, came to Vancouver six years ago. He initially began raising money through CPLC Management Group Ltd., and later through CPLC Limited Partnership.
He told investors he would invest their money in private and publicly traded companies. One investor told me that Castiglioni cast himself as a “momentum trader” who could make money on the stock market regardless of whether a stock was going up or down.
He also told investors that CPLC Management Group was a registered portfolio manager, and that he was a registered adviser.
“This was a lie, and a serious one,” the panel said. “Registration is one of the key investor protection mechanisms in the [Securities Act], and a representation of registration leads investors to a degree of trust and reliance they otherwise would not have.”
The panel found that Castiglioni prepared false account statements for investors, and misrepresented the structure and operation of the companies to them. He also forged bank statements in order to frustrate commission staff’s attempt to discover the truth.
Commission staff traced $1.3 million he solicited from six investors. They found that, of this amount, he kept $740,000 for himself; he gave $100,000 to a company controlled by his wife; $186,000 went to credit card companies; $91,000 went to other investors; and the remaining $183,000 went for purposes not related to investing, including lawyers’ fees and payments to collection agencies.
“ In other words, all of the $1.3 million the investors put into CPLC was spent on things other than the purposes to which Castiglioni told investors their money would be put,” the panel found.
The RCMP Commercial Crime Section is now on the case, but it may be too late. Castiglioni has fled the country and his current whereabouts is not known.
dbaines@vancouversun.com
Sunday, February 6, 2011
DVB - 30.01.2011 - Nay Zaw Naing
ဒေါက်တာလွဏ်းဆွေသို့အိတ်ဖွင့်ပေးစာ
Posted: 05 Feb 2011 08:32 PM PST
Posted: 05 Feb 2011 08:22 PM PST
ရေးသူရဲ့အာဘော်သာဖြစ်ပါတယ်။ အညာနွေတမာမြေက ဒီမိုကရေစီဆိုပြီး ပါးစပ်ကပြောနေသူများ စဉ်းစားဆင်ခြင်ရန်အလို့ငှာ တင်ဆက်လိုက်ခြင်းဖြစ်ပါတယ်။
dr lun swe
နောက်ဆုံးအနေနဲ့ ကိုလွဏ်းဆွေကို ဆရာမောင်ထင်ရဲ့ စကားလက်ဆောင်လေး ထပ်ဆင့်ပါးလိုက်ချင် ပါတယ်။ ဆရာမောင်ထင်က ကျနော် နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေမှန်းသိတော့ ဟေ့ကောင် မင်းနိုင်ငံရေးမှာ သတ္တိမရှိရင် သစ္စာဖောက် ဖြစ်တတ်တယ် မှတ်ထား ပြောပါတယ်။ ဒီအဓိပ္ပါယ်က ဗိုလ်ငါးပါးနဲ့ ယှဉ်ပြီး ယူရပါတယ်။ ဒါတွေက ကာယသတ္တိ၊ ဉာဏသတ္တိ၊ ဝီရိယသတ္တိ၊ စာရိတ္တသတ္တိနှင့် ဘောဂ သတ္တိတို့ ကွဲသွားပါတယ်။ ကာယသတ္တိမရှိရင် ကြောက်ပြီး သူများခိုင်းတိုင်း မှားမှားမှန်မှန် လုပ်မိပြီး သစ္စာဖောက် ဖြစ်တတ်တယ်။ ဉာဏသတ္တိနည်းရင် အသိအဉာဏ် ဆင်ခြင်တုံတရား ခေါင်းပါးတော့ အမှားအမှန် မခွဲခြားနိုင်ပဲ သစ္စာဖောက်ဖြစ်တတ်တယ်။ ဝီရိယသတ္တိနည်းလို့ ပျင်းရိငိုင်မော ပျင်းကျောဆွဲရင်း ရေသာခိုအချောင်လိုက် ရင်း ကလည်း သစ္စာဖောက်ဖြစ်တတ်တယ်။ ဘောဂသတ္တိဆိုတဲ့ စွန့်သင့်တာ မစွန့်ရဲ ပေးကမ်းသင့်တာ မပေးကမ်းရဲ လိုချင်လောဘတွေ မထိန်းနိုင်ရင် ရုပ်ဝတ္ထု ငွေကြေးတွေရဲ့ လွှမ်းမိုးမှု ခံရတတ်ပြီး အဲဒါတွေနောက် တကောက် ကောက်လိုက်ရင်း သစ္စာဖောက်ဖြစ်တတ်တယ်။ နောက်ဆုံးကတော့ စာရိတ္တသတ္တိပဲ သူမရှိရင် သူ့က သတ္တိတွေ ဘယ်လောက်ပဲ ပြည့်စုံပါစေ စာရိတ္တိမခိုင်ရင် အကုန်ယိုင်လဲသွားတတ်တယ်။ အကျင့်သီလ ကင်းတဲ့သူကို လူမကြည်ညိုဘူး၊ အသရေမဲ့တယ်။ စာရိတ္တအမည်းစက်တွေကြောင့် သူတပါးက အကြပ်ကိုင် ဗိုလ်ကျခံရရင်း သစ္စာဖောက် ဖြစ်တတ်တယ်။ ဒါကြောင့် တကယ့်နိုင်ငံရေး လူထုကို အလုပ်ကြွေးပြုမဲ့ နိုင်ငံရေး လုပ်မယ်ဆိုရင် ဒီသတ္တိငါးပါးကို အစဉ်တစိုက် အားဖြည့်နေရ ပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင် ဆရာမောင်ထင်ပြောသလို သစ္စာဖောက် ဖြစ်တတ်ပါတယ်။ သာဓကအနေနဲ့ လေ့လာဖို့ လူထုဦးလှရဲ့ နိုင်ငံတော် လုပ်ကြံမှုထဲက ကိုသုခအကြောင်း စာကလေး ထည့်ပေးလိုက်တယ်။
thukha
မောင်လွဏ်းဆွေအနေနဲ့ ထင်နေတာက..
လူတချို့ဟာမျက်လုံးစုံမှိတ်ပြီး “ဘုမသိ ဘမသိနဲ့”ဒေါ်စုအပေါ်ထောက်ခံနေတယ်
လို့ထင်နေပါတယ်။ဘယ်သူကမှ စင်းလုံးချောမရှိပါဘူး မောင်လွဏ်းဆွေ၊ ခင်ဗျား-ကျနော် ဦး(၃)ကြိမ်ချနေတဲ့“ဘုရား”တောင်
အမှားနဲ့မကင်းခဲ့ပါဘူး။
ဒါပေမယ့်...ဝေဖန်ထောက်ပြ အကြံပြုတာဟာ..အပြုသဘောဘောင်ထဲကပဲကောင်းပါတယ်..။ တဖက်သားကိုမိမိဖြစ်ချင်တဲ့ဆန္ဒမလုပ်
ရနိုး ဆိုပြီ..ပြစ်တင်သံနှောပြီ..အပျက်သဘောနဲ့ ရေးသားဝေဖန်ထောက်ပြတာဟာ...မိမိအဆင့်တန်းကိုမိမိကိုယ်တိုင်“ငါ”ဘာလဲ
ဆိုတာ“မီးမောင်း”ထိုးပြလိုက်သလိုပါပဲ..။ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုရပ်တန့်မသွားရေးနဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံတကာမှာခြေချပြီရပ်
တည်နေနိုင်တာဟာလည်း ဒေါ်စုရဲ့ နိုင်ငံရေးလုပ်ဆောင်မှုမကင်းဘူးဆိုတာလက်ခံနိုင်ရမယ်..။ လူအနည်းကျဉ်းလောက်သာ မိမိ
အရည်ချင်းနဲ့ တတိယနိုင်ငံကိုရောက်နေပြီ မိမိနိုင်ငံရေးကို ရိုးရိုးသားသား လုပ်ကိုင်ကြတာပါ။ ဒီအထဲမှာတော့ မောင်လွမ်းဆွေပါမယ်မထင်ဘူး။ ရဲဘော်ကျော်သန်းဆီ အိမ်မက်လိုလို ဘာလိုလိုနဲ့ဇတ်ကွက်ထွင်ပြီ ဇတ်လမ်းရေးတာ ဝတ္ထုတို့ ရုပ်ပြစာစောင်တွေမှာပဲကောင်းပါတယ် မောင်လွမ်းဆွေ..။ ဒါကို ရဲဘော်ကျော်သန်းလည်းရိပ်မိလောက်မှာပါ..။
အောက်မှာပါတဲ့ စာသားတပုဒ်ကြိုက်လို့..မောင်လွမ်းဆွေသိအောင်ထပ်လောင်းဖြည့်စွတ်ပြီရေးလိုက်ပါရစေ။
ကျည်လွတ်နယ်မြေ..အချုပ်နှောင်နဲ့ အဖမ်းအဆီး၊ ညှင်းပမ်း၊ နှိပ်စက်သတ်ဖြတ်ခြင်းမရှိတဲ့နယ်မြေကနေ..တိုက်ပွဲထဲက ခေါင်း
ဆောင်တွေကို ဖြစ်ကတတ်ဆန်း ရေးသားဝေဖန်တာဟာ..မြင်သူမရှက် ယိုသူရှက်တဲ့...။
အမြင်သစ်နဲ့ လောကကြီးကို ဆန်းသစ်လာအောင်ကြည့်နိုင် မြင်နိုင်ပါစေ..။
ကိုဗလိုင်(ဒိန်းမတ်)
Subject: FW: [8888peoplepower] ရဲဘော်ကျော်သန်း၏ ဒေါက်တာလွဏ်းဆွေသို့ အိတ်ဖွင့်ပေးစာနှင့် ဒေါက်တာ လွဏ်းဆွေ၏ ပြန်လည်ဖြေကြားစာ
သို့ 
    ဒေါက်တာလွဏ်းဆွေ(သို့ မဟုတ်) အက်ဆစ် ဆိုသူသို့ 
  စေတနာ ဆိုပြီး အရမ်းမပြောပါနဲ့ ဗျာ။
  စာနဲ့  စိတ်၊ တထပ်တည်းကျမှ
  တာရှည်ခံမှာပါ
  စေတနာမှန်မှလည်း တာရှည်ခံနိုင်မယ်။
  ဝေဖန်တယ်ဆိုရာမှာလည်း
  အခြေအနေမှန်ကို တွက်ပြီး
  ဝေဖန်မှ သမာသမတ်ကျတယ်။
    ဘာသာရေးပဲဖြစ်ဖြစ်၊နိုင်ငံရေးပဲဖြစ်ဖြစ် မိစ္ဆာဒိဌိတွေရှိတယ်။ ကျနော်တို့  လူထုကြီးကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှု ကို မျက်စိမှိတ်ပြီးယုံနေတယ်။ဒါကြောင့်မို့ လည့်း ဒေါ်စုလွတ်တော့ ပြည်သူထောင်ပေါင်းများစွာ သွားရောက်အားပေးခဲ့တယ်။ မြန်မာပြည်မှာ  ခေါင်းဆောင်ရှားလို့ မဟုတ်ပါဘူး။ ဒီမိုကရေစီတိုက်ပွဲစဉ်ကြီးက မှတ်ကျောက်တင်ပြီး ဒေါ်စုကိုရွေးချယ်ခဲ့တာပါ။ တော်လှန်ရေးတရပ် ကျဉ်းထဲကျပ်ထဲကို ရောက်တဲ့ အချိန်မှာ တရားခံရှာတက်ကြတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ကျည်လွတ်နယ်မြေတွေ၊ လွတ်မြောက်နယ်မြေတွေကနေ တိုက်ပွဲထဲက ခေါင်းဆောင်တွေကို ဝေဖန်တယ်ဆိုပြီး စော်ကားနေတာကတော့ ယိုသူမရှက်၊ မြင်သူရှက် ဆိုသလိုဖြစ်နေတယ်။ ဒီကနေ့  တော်လှန်စစ်မှာ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ကတောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဦးဆောင်မှုကို ယုံကြည်ထောက်ခံကြကြောင်း DKBA ခေါင်းဆောင်တဦးက ယခုလိုပြောလိုက်ပါတယ်။
   ကိုဇော်သူရ (မဲဆောက်)မှ HRM သို့ပေးပို့လာသော ၂၀၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ DKBA ဗိုလ်မှူးချုပ် စောလှဘွယ် ၏ အမှာစကား ကို ပြန်လည်မျှဝေပေးလိုက်ပါသည်။
ဗိုလ်မှူးချုပ် စောလှဘွယ် ၏ အမှာစကား - > ဒီမိုကရေစီစနစ်သာလျင် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ လွတ်လပ်မှုနဲ့ တန်းတူမှုကို အာမခံချက်ပေးနိုင်တယ်၊ ဒီမိုကရေစီရဖို့ က ကျနော်တို့ တိုင်းရင်းသားအဖွဲ့ အစည်းတွေက တက်ညီလက်ညီ တပြိုင်တည်း ဒီစစ်အာာရှင်စနစ်ကို တိုက်မှရမယ်၊ ဟိုတပေါက် ဒီတပေါက် လုပ်လို့မဖြစ်ဘူး၊ ညီညီညွတ်ညွတ် လုပ်မှရမယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ထောက်ခံတယ်၊ ကျနော်တို့ထောက်ခံတယ်ဆိုတာ တိုက်ပွဲနဲ့ အသက်နဲ့ရင်းပြီး ထောက် ခံတာဖြစ်တယ်၊ တိုက်ပွဲပုံစံမတူပေမယ့် စိတ်တူကိုယ်တူ တထပ်တည်းပဲ၊ ဒါကြောင့် ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်း တွေနဲ့ ပြည်တွင်းအင်အားစုတွေ ညီညီညွတ်ညွတ်နဲ့ ပြန်စုစည်းမှရမယ်၊ ဘယ်နည်းနဲ့ဘဲတိုက်တိုက် ဒီစစ်အာရှင်စနစ်က တိုက်မှရမယ်၊ ဒါကြောင့် ကျနော်တို့တိုက်ပွဲဝင်တဲ့ အင်အားစုအားလုံးစုစည်းညီညွတ်ဖို့လိုတယ်။
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲကိုဘဲ တာဝန်ပေးလို့မဖြစ်ဘူး၊ ကျနော်တို့ တိုင်းရင်းသားတွေကလည်း အပြည့်အဝ ကိုယ်တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ ဝိုင်းရံပံ့ပိုးပေးရမယ်။
နောက်ပြီး နိုင်ငံတကာမှရှိကြတဲ့ ကျနော်တို့ အင်အားစုတွေကလည်း အဲ့ဒီနိုင်ငံတွေမှရှိနေတဲ့ နအဖ သံရုံးတွေကို ဝိုင်းဝန်း ပိတ်ဆို့ပြီး အပြင်းအထန် ဆန္ဒပြကြဖို့လိုပါတယ်။
အဲဒီလို ဘက်ပေါင်းစုံက တက်ညီလက်ညီ လုပ်ရင် ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီ။ လွတ်လပ်မှုနဲ့ တန်းတူမှုအခွင့်အရေးတွေ အမြန်ဆုံးရ မှာသေချာတယ်လို့ ကျနော်ယုံကြည်တယ်၊
ဗိုလ်မှူးချုပ်စောလှဘွယ်
  အချုပ်ဆိုရရင် မြန်မာပြည်သူတွေဟာ သတင်းနဲ့ အလင်းကို နှစ်ပေါင်းများစွာ ငတ်မွတ်နေလို့  အမှန်တရားကိုဇောင်းပေးတဲ့ စာတွေ၊သတင်းတွေကိုပဲ လိုလားပါတယ်။  ။
ဧရာ
၆၊၂၊၂၀၁၁
Dear All
                  Listen to this audio file.
May Eai  Khin( LEWE)
__._,_.___
Attachment(s) from mek ess
1 of 1 File(s)
 ငါးမင်းဆွေ ကိုယ်တိုင် ရုံးချုပ်ရှေ့ ဆန္ဒလာပြတာတောင် လူကြီးတွေက စည်းကမ်းတကျ
ဆက်ဆံခဲ့သေးတာဘဲ၊ အခုလို အွန်လိုင်းပေါ်က စာလောက်တော့ အပျော့ပေါ့။
ဒေါ်စု လုပ်ဆောင်မယ့် နိုင်ငံရေးလမ်းစဉ်တွေကို မပြောထားတာမဟုတ်ပါ၊ ပြန်လွတ်လာပြီး
နောက်နေ့မှာဘဲ ပြည်သူကို အတိအလင်းပြောကြားခဲ့တာ ပြန်လည်ဖတ်ရှု့  ကြည့်ရအောင်.......
ကျမတို့မတွေ့ရတာ ကြာပါပြီ ၊ ပြည်သူတွေ ဘာကို ယုံကြည်သလဲ လိုချင်သလဲ ဆိုရင် 
( ဒီမိုကရေစီ..... ပြည်သူ့အသံများ)
ကျမတို့ လိုချင်တဲ့အရာကို စနစ်တကျ သင်ယူရမယ် ၊သင်လို့ရတဲ့သူနဲ့ သင်လို့မရတဲ့သူမှာ ပြည်သူတွေက 
သင်လို့ရတဲ့သူတွေဖြစ်ပါတယ်။
ရည်ရွယ်ချက်ကို လျောက်လှမ်းရာမှာ နည်းလမ်းမမှန်ရင် ကွေ့ကောက်နေတတ်ပါတယ်
ပြည်သူတွေရဲ့အသံကို ကျမ အထိန်းသိမ်းခံနေရစဉ် တနေ့ကို ၅၊၆ နာရီလောက်နေ့စဉ်နား ထောင်နေပါတယ်။
ပြည်သူမပါဘဲ ဘာကိစ္စမှ မပြီးပြတ်ပါဘူး၊ ပြည်သူမပါဘဲ တစ်ယောက်တည်း ဆိုရင်တော့ ဒီမိုကရေစီနဲ့ 
ဆန့်ကျင်ရာရောက်ပါတယ်။
ပြည်သူတွေက လိုချင်တဲ့လမ်းကို ကျမတို့နဲ့အတူ ဖောက်ကြမယ်၊ ခင်းကြမယ်၊လျောက်ကြရပါ မယ်။
ပြည်သူတွေအားလုံးမျှော်လင့်ချက် နဲ့အားပေးကြတာ ကျမတို့မှာ တာဝန်အလွန်ကြီးပါတယ်၊
ကျမ တာဝန်ကြီးတာကို မကြောက်ပါဘူး ၊ တာဝန်မကြေမှာကိုဘဲ ကြောက်မိတယ်။
ဒီမိုကရေစီမှာ အခြေခံသဘောကိုက လွတ်လပ်စွာ ပြောဆိုခွင့်ရှိပါတယ်၊ လွတ်လပ်စွာ ပြောဆို ခွင့် ဆိုတာ 
လွတ်လပ်စွာ ဆဲဆိုခွင့်နဲ့မတူပါဘူး။
၁၂း၂၃တွင်  “ ကျမကလည်း ပြည်သူတွေကို ချစ်ပါတယ် ” မင်ဖြင့်ရေးသားထားသော ဆိုင်း ဘုတ်ကို 
ထောင်ပြသောအခါ လူပင်လယ်ကြီး၏အသံမှာ မိုးထက်သို့တိုင်ညံသွားပါသည်။
၁၂း၂၆တွင် ဒေါ်အောင်ဆန်းစုကြည် လက်ညှိုးညွှန်လျက် ပြည်သူထဲမှ လူ၃ဦးကို မိမိတို့၏ ခံစားချက်များကို
ပြောကြားစေခဲ့သည်။
“ ပင်ပန်းတယ်ဆိုတာ ပင်ပန်းရကြိုးနပ်ဖို့လိုပါတယ် ”
“ ၀ီရိယကို ထပ်တလဲလဲ အားထုတ်လုပ်ယူရမယ် ”
“ ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် ”
“ ကျမတို့သတ္တိကို အကျိုးရှိအောင်သုံးရမယ် ”
“ နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့ ၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက် ရောက် 
လာပါလိမ့်မယ် ”
“ ကျမကို အခုလို ပြည်သူတွေက အားပေးတယ်ထိန်းသိမ်းနေကြတာ ကျမကျေနပ်တယ်၊
ပြည်သူမဟုတ်တဲ့သူတွေက ထိန်းသိမ်းတာကိုတော့ကျမလက်မခံေ တာ့ဘူး ”
“ ကျမကို ထိန်းသိမ်းထားစဉ်ကာလတုန်းက စောင့်ရှောက်ကြတဲ့သူတွေကို ကျမကျေးဇူးတင်ပါ တယ် ”
“ ကျမလွတ်ရင်ဘာလုပ်မလဲလို့ မေးကြတယ် ၊ အခုမှ အပြင်ရောက်ကာစရှိသေးတယ် ၊ အပြင်က 
သူတွေမေးတာတော့ စဉ်းစားသင့်တယ်၊ ကျမဘာလုပ်မလဲဆိုတော့ ”
“ အမျိုးသားရင်ကြားစေ့ရေးကိစ္စကို ဆက်လုပ်သွားမယ်  ”
“ ကျမက ဒီချုပ်အဖွဲ့တခုတည်းနဲ့ လုပ်တာမဟုတ်ဘူး၊ ဘယ်သူဘဲဖြစ်ဖြစ် လာရောက်အကြောင်း
ကြားရင် အဆင်ပြေစွာဆက်ဆံပြီးနိုင်ငံအတွ က် လုပ်မယ် ”
“ ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် ”
“ ဒီမိုရေစီ အင်အားစုအကုန်ဖြင့် လက်တွဲပြီးလုပ်မယ် ”
“ ပြည်သူလူတန်းစေ့နေထိုင်ရေးကို လုပ်မယ် ”
“ ပြည်သူနာတဲ့ နည်းကို ရှောင်လွှဲလုပ်မယ် ”
“ လောလောဆယ်တော့ ပြည်သူတွေက အနာခံပေးကြပါ ”
 ဘောင်းဘီချွတ်ဘဲပြောပြော...ဘာဘဲဖြစ်ဖြစ် ....ကြိုတင်မဲ အစိုးရကို ပြည်သူတွေအနေဖြင့် 
အခုလည်းမထောက်ခံပါ ....နောက်လည်းထောက်ခံမှာမဟုတ်.... ဒါကြောင့် ကျတော်တို့မျိုးဆက် 
သစ်တွေလည်း ဆက်လက်ပေါက်ဖွားနေအုံးမှာပါ။ စနစ်မမှန်သရွှေ့  တိုက်ပွဲ မဆုံးသေးပါ။
ခေါင်းဆောင်ကိုဝေဖန်ခြင်းသည် လွန်စွာကောင်းမွန်ပါသည်၊ သို့သော် စနစ်တကျရှိဖို့တော့ လိုအပ်ပါသည်။ 
ဒေါ်စု အင်တာနက်သုံးနေပါပြီ၊ ရေဒီယိုတွေမှ တိုက်ရိုက်မေးမြန်းဆွေးနွေးနေပါသည်၊ 
ရုံးချုပ် ပြန်ကြားရေးဌာနကို စာပို့ဆက်သွယ်လို့ရပါသည်။
Sunday, February 6, 2011
ဒါကတော့ ကိုကျော်သန်းအတွက် ... 
ဒေါက်တာရဲ့ သက်ရှည်ဆေးတခွက်
ကိုကျော်သန်းကြီးခင်ဗျား …
အက်ဆစ်ရဲ့ဆောင်းပါးနဲ့ ပတ်သက်ပြီး တကူးတက အချိန်ကုန်ခံ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့အတွက်
အ ထူးကျေးဇူးတင်ရှိကြောင်း ဦးစွာပြောကြားလိုပါတယ်။ ကျနော်လည်း ညက ကိုစိန်ဟန်နဲ့
စကားသွားပြောရင်း အိမ်ပြန်နောက်ကျလို့ ကိုကျော်သန်း ပို့တဲ့ မေးလ်ကို ဖတ်ရတဲ့အချိန်မှာ
အရမ်းအိပ်ချင်နေတယ်။ အဲဒါကြောင့် ဘလော့ဂ်ပေါ် ချက်ချင်းတင်မပေးနိုင်ဘဲ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားခဲ့တယ်။ ထူးတာက အိပ်မက် မက် လေ့မက်ထ အင်မတန်နည်းတဲ့ ကျနော် ညက
ထူးထူးခြားခြား အိပ်မက်တယ်ဗျာ။ အိပ်မက်ထဲမှာ ကျနော်တို့ လေးစားကြည်ညိုတဲ့
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းပြောနေတယ်ဗျ။ အဲဒါနဲ့ ကျ နော်လည်း
စိတ်ဝင်တစား နားထောင်မိတယ်။ အဲဒီအိပ်မက်က ကိုကျော်သန်းရဲ့ စာကို ဖတ်ပြီး မက်တဲ့
အိပ် မက်လို့ ယူဆလို့ အိပ်မက်ထဲမှာ ဗိုလ်ချုပ် ပြောသွားတဲ့ မိန့်ခွန်းကို (စကားလုံးအတိအကျမဟုတ်ဘဲ)
ကျနော် ပြန်မှတ်မိသလောက် ကိုကျော်သန်းကို မျှဝေလိုက်ပါတယ်။ ကျနော် မှတ်မိသလောက်ကတော့ …
“ရဲဘော်တို့ … ငါတို့ဟာ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေကြတာဖြစ်တယ်။
တိုက်ပွဲဝင်တဲ့နေရာမှာ ကျုပ်က ခေါင်းဆောင်ဆိုပေမယ့် ကျုပ်လုပ်တာ မှန်တာရှိသလို မှားတာလည်းရှိမှာပဲ။
ကျုပ်လည်း လူ၊ ဘုရား မဟုတ်ဘူး။ အဲဒီတော့ ကျုပ်မှားတာရှိရင် ခင်ဗျားတို့ ကျုပ်ကို ပြောရဲရမယ်။
ဝေဖန်ရဲရမယ်။ အဲ … ဒါပေမယ့် တခုတော့ရှိတယ်။ ဝေဖန်ရေးဆိုပြီး နအဖသတင်းစာတွေမှာပါတဲ့
ဆောင်းပါးတွေလို အခြေအမြစ်မရှိ အရူး ချေးပန်း ချက်အောက်လိုက်ကန်နေတဲ့ ဝေဖန်ရေးမျိုးကို
ကျုပ်က ဆိုလိုတာမဟုတ်ဘူး။ ကျုပ်တို့လူအဖွဲ့အ စည်းအကျိုးအတွက် ဘယ်သူ့မျက်နှာမှမထောက်ဘဲ
ကိုယ်မှန်တယ်ထင်တာကို ထင်တဲ့အတိုင်း စေတနာပါပါနဲ့ ပြောရဲတာ၊ ဝေဖန်ရဲတာ၊ ထောက်ပြရဲတာကို
ကျုပ်က ဆိုလိုတာဖြစ်တယ်။ အဲလိုလူမျိုးကို မောင်ကကြီးပဲ ဖြစ်ပါစေ၊ မောင်ခခွေးပဲဖြစ်ပါစေ ကျုပ်တို့က
အသက်နဲ့လဲပြီး ကာကွယ်ပေးရမယ်။ ကိုညိုမြကြီးတုန်းကလည်း ကျုပ် ဒီလိုပဲ ကာကွယ်ပေးခဲ့တာပဲ။
ဒါဟာ လွတ်လပ်စွာရေးသားပြောဆိုခွင့်ဆိုတဲ့ (ကျုပ်တို့ ခင်ဗျားတို့ လိုချင် လှပါတယ်ဆိုတဲ့)
ဒီမိုကရေစီအခွင့်အရေးတခုကို လေးစားလိုက်နာတာဖြစ်သလို သစ္စာရှိရှိ အကာအကွယ်ပေး
တာမျိုးလည်းဖြစ်တယ်။ ဒီနေရာမှာ တခုတော့ရှိတယ်။ လူတယောက်နဲ့ တယောက် ဘ၀ဖြတ်သန်းမှုချင်း
မတူ တော့ ရှုမြင်သုံးသပ်ပုံချင်းလည်း တထပ်တည်း မကျနိုင်ဘူးပေါ့။ အက်ဆစ်လည်း အက်ဆစ်အမြင်နဲ့
သူမှန် တယ်ထင်တာကို ပြောမှာ ဝေဖန်မှာ ဖြစ်သလို ရဲဘော်ကျော်သန်းလည်း ရဲဘော်ကျော်သန်းအမြင်နဲ့
သူမှန် တယ်ထင်တာကို ပြောမှာ ဝေဖန်မှာပဲဖြစ်တယ်။ ဥပမာတခုပေါ့ဗျာ ဘ၀မှာ ဂျီသြမေတြီ
သင်ဖူးတဲ့လူလည်း ရှိ မယ်၊ မသင်ဖူးတဲ့လူလည်း ရှိမယ်။ ကဲကုလသင်္ချာကို သင်ဖူးတဲ့လူလည်း ရှိမယ်၊
မသင်ဖူးတဲ့လူလည်း ရှိမယ်။ ဆက်သီအိုရီကို သင်ဖူးတဲ့လူလည်းရှိမယ် မသင်ဖူးတဲ့လူလည်းရှိမယ်။
အဲသလို သင်ဖူးခြင်း မသင်ဖူးခြင်းအ ပေါ်မှာတော့ တွေးထောင့်တွေ၊ ရှုမြင်ပုံတွေ တယောက်နဲ့
တယောက် ကွာနိုင်တာပေါ့။ ဘယ်လိုပဲကွာကွာ အ ရေးကြီးတာက စေတနာပဲ။ စေတနာကို
မြင်အောင်ကြည့်တတ်ဖို့ လိုတယ်။ စေတနာဆိုတာမျိုးက လူတိုင်း မြင်တတ်တဲ့ အရာမျိုးမဟုတ်ဘူး။
ပညာတတ်တိုင်းလည်း မြင်တာမဟုတ်ဘူး။ စာတွေ အများကြီး ဖတ်ထား တိုင်းလည်း မြင်တာမဟုတ်ဘူး။
အစွဲကင်းကင်း စိတ်ရှင်းရှင်း အကြည်ဓာတ်ရှိရှိနဲ့ ကြည့်တတ်မှ မြင်ရတဲ့အရာ မျိုး။ အဲဒီတော့
ကျုပ်ပြောချင်တာက ဗိုလ်ချုပ်လုပ်တာ အကုန်ကောင်း၊ အကုန်မှန် အားလုံးဂွတ်ဒ်ပါတယ်
ခင် ဗျားဆိုရင်တော့ ခင်ဗျားတို့အားလုံး ဒီမိုကရေစီနဲ့ ဝေးနေကြဦးမှာပဲ။ အဲလိုလူတွေကို ကျုပ်က
ကျုပ်ကို ချီးကျူး တယ်လို့ မမြင်ဘူး။ ကျုပ်ကို ဘောမနေတဲ့ကောင်တွေလို့ပဲ ကျုပ်က ရိုင်းရိုင်းပြောချင်တယ်။
အဲလိုဘောမတဲ့ လူတွေဟာ ကျုပ် အိပ်ငိုက်ငိုက်နဲ့ စတီယာတိုင် မှားကွေ့ပြီး ချောက်ထဲကို ဦးတည်မယ်ဆိုရင်
အကုန်ဆင်းပြေး မယ့် လူတွေလို့ပဲ ကျုပ်က မြင်တယ်။ ကျုပ်ဖြစ်စေချင်တာကတော့ ဆင်းမပြေးဘဲ
“ဗိုလ်ချုပ်ရေ ဘယ်ကို မောင်းနေတာလဲ၊ ဘယ်လိုမောင်းနေတာလဲ၊ ရှေ့မှာ ချောက်ကြီးဗျ” လို့
အော်ဟစ်ပြီး သတိပေးချင်ပေး၊ လက်မောင်းကို ပုတ်ပြီး နှိုးချင်နှိုး၊ ကျုပ်က ဒါမျိုးပဲဖြစ်စေချင်တယ်။
ဒါမှသာ ကျုပ်တို့ လမ်းမှန်ပေါ်ဆက်လက် မောင်းနှင်နိုင်ပြီး ကျုပ်တို့ လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကို
အရောက်ချီတက်နိုင်မယ်”အိပ်မက်က ရှည်တော့ ကျနော် အဲသလောက်ပဲ အကြမ်းဖျင်း မှတ်မိတော့တယ်
ကိုကျော်သန်းရေ။ ကျနော်က တော့ ကျနော့်အိပ်မက်ကို “ဗိုလ်ချုပ်အောင်ဆန်းရဲ့ မော်ဒန်ဒီမိုကရေစီမိန့်ခွန်း”
လို့ပဲ ကင်ပွန်းတပ်ချင်တော့ တာပဲ ဟဲ … ဟဲ။ ကိုကျော်သန်းကြီးတယောက် ကျန်းမာရေးအတွက်
ဆေးတခွက်ကို ကြိုကြားကြိုကြား မှီဝဲ ရင်း အသက်ရာကျော်ရှည်စွာနဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းအကျိုးကို
ရွပ်ရွပ်ချွံချွံ သယ်ပိုးထမ်းဆောင်နိုင်ပါစေ။
ချစ်ခင်လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
ဒေါက်တာလွဏ်းဆွေသို့ အိတ်ဖွင့်ပေးစာ
          ကိုလွဏ်းဆွေရဲ့ဘလော့ဂ်မှာပါတဲ့ အက်စစ်ရဲ့ လက်ပေးသတ်တဲ့အပုပ်ချစာကို 
တင်ပေးနိုင်တဲ့ ကိုလွဏ်းဆွေရဲ့ နိုင်ငံရေးအမြင်နဲ့ပါတ်သက်ပြီး အတော်စိတ် 
မသက်မသာခံစားမိလို့ ဒီစာကို ရေးလိုက်ပါတယ်။ 
ကိုလွဏ်းဆွေရဲ့ ဒီမိုကရေစီသမားတွေ ဆင်ခြင်နိုင်ရန်အတွက် တင်ဆက်ပါတယ်။ 
စာရေးသူရဲ့ အာဘော်လို့ အမှာစကားနဲ့ တင်ဆက်ထားပေမဲ့ စာပါအကြောင်းအရာတွေကတော့
ဒီစာကို ကိုယ့်ဘလော့ဂ်မှာ တင်ဆက်နိုင်တဲ့ ကိုလွဏ်းဆွေရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို 
မေးခွန်းထုတ်ခြင်စိတ် ပေါ်မိတာ အမှန်ပါပဲ။
          အက်စစ်ဆိုတဲ့ အမှောင်ထဲက ဟောင်သံတခုအတွက်တော့ တုံ့ပြန်စရာ မရှိပါဘူး။ 
ဒီလို ဒီမိုကရေစီလိုလားသလိုလိုပြောပြီး အလင်းကြောက်တဲ့ အမှောင်ထဲက ဟောင်သံတခုအတွက်
အညံ့ဆုံး ကျောက်ခဲတလုံးနဲ့တောင် မထိုက်တန်ပါဘူး။ အဲဒီကျောက်ခဲကမှ 
လမ်းခင်းဖို့ အသုံးဝင်နိုင်ပါသေးတယ်။
          ကိုလွဏ်းဆွေရဲ့ ဘလော့ဂ်ဟာ ဒီမိုကရေစီ ချိန်ပီယံလို့ အမည်ခံနေကြတဲ့
လင်းနို့လိုလို ကြွက်လိုလို ရေဒီယိုနဲ့ အွန်လိုင်းသတင်းဌာန ဆိုတာတွေကြားမှာ 
ပြည်တွင်းပြည်ပက ဗမာလူထုအတွက် သတင်းအချက်အလက်နဲ့ အသိပညာတွေကို
အကောင်းဆုံး တင်ဆက်ပေးနေတယ်လို့ မြင်ပါတယ်။ သို့သော်လည်း ဒီတခါတော့
သမီး ဟိုစစ်တပ်ကြီးနဲ့ တခါတည်းမှားတာပါ ဆိုသလို ဖြစ်သွားပြီပေါ့ဗျာ။ 
ကိုလွဏ်းဆွေအနေနဲ့ ဒီအပုပ်ချစာ တင်ခြင်းအားဖြင့် ဗမာပြည် ဒိမိုကရေစီထူထောင်ရေးမှာ 
ဘယ်လို အကျိုးရလာဒ်တွေ ရနိုင်လေမလဲ ဆိုတဲ့ မျှော်လင့်ချက် တင်လေသလဲတော့ မသိပါဘူး။
          ကျနော်သာ သန်းရွှေဆိုရင်တော့ ကိုလွဏ်းဆွေကို ဆုတော်လာဒ်တော်တွေ ချီးမြှင့်မိမှာ 
အမှန်ပါ။ အက်စစ်ဆိုတဲ့ အမှောင်ထဲက သူရဲဘောကြောင် ငတိအတွက်တော့ 
အတိုင်းထက်အလွန်ပေါ့ဗျာ။ ပြီးတော့ ဒီစာကို ကော်ပီသန်းချီရိုက်ပြီး ဗမာအနှံ့ 
လေယာဉ်ပျံနဲ့ ကြဲချလိုက်ဦးမယ်။
          လူမှုအဆောက်အဦ တခုကို ပြုပြင်ပြောင်းလဲဖို့ လှုပ်ရှားဆောင်ရွက်မှုတိုင်းမှာ 
လူထုကိုယ်တိုင် မဖြစ်မနေ ပါဝင်ရမှာဖြစ်သလို ခေါင်းဆောင်မှု (Leadership) 
ဆိုတာကလည်း အရေးကြီးပါတယ်။ ကျုပ်တို့ ကိုယ်တိုင်ပါခဲ့ကြတဲ့ 
ရှစ်လေးလုံးအရေးတော်ပုံကြီးထက် ကြီးမားကျယ်ပျံ့တဲ့ လူထုလှုပ်ရှားမှုမျိုး 
ဗမာပြည် သမိုင်းမှာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ခေါင်းဆောင်မှုကင်းမဲ့တဲ့အတွက် 
ဘာတွေဖြစ်သွားသလဲ သမိုင်းက သက်သေ ပါပဲ။ ခေါင်းဆောင်မှုဆိုတာ 
အဲဒီလှုပ်ရှားမှုထဲက လူထုရဲ့ ရင်းနှီးပေးဆပ်မှုတွေ လှုပ်ရှားဆောင်ရွက်မှုတွေရဲ့ 
ဆုံချက်ဖြစ်တယ်။ လူထု မျှော်မှန်းချက်ကို ရောက်အောင် လမ်းညွှန်ထိမ်းကျောင်းပေးရေးဖြစ်တယ်။
လိုအပ်ချက် ကတော့ ခေါင်းဆောင်မှုနဲ့ လူထုအကြား ပေါင်းကူးဆက်သွယ်ရေးဖြစ်တယ်။ 
ခိုင်မာပြတ်သားပြီး သစ္စာရှိ ရဲရင့်တဲ့ ဒုတိယတန်း၊တတိယတန်းခေါင်းဆောင်တွေဟာ 
ခေါင်းဆောင်မှုနဲ့လူထုအကြားက အသက်သွေးကြောပေါင်းကူး တံတားဖြစ်တယ်။ 
ဒီလိုပေါင်းကူးမှု မရှိတဲ့ ခေါင်းဆောင်မှုဆိုတာ ဘယ်လို စွမ်းရည်မှ မပြနိုင်ဘူး။ 
လူထုနဲ့ ကင်းကွာတဲ့ ခေါင်းဆောင်၊ လူထုနဲ့ ဆက်စပ်ခွင့်မရှိတဲ့ ခေါင်းဆောင်ဆိုတာ တပ်မရှိတဲ့ 
စစ်သေနာပတိလိုပါပဲ။
          ဒီသဘောတရားကို ခပ်ညံ့ညံ့ ဗိုလ်ချုပ်တွေတောင် သိပါတယ်။ 
ဒါကြောင့်လဲ ဒေါ်အောင်ဆန်းစုကြည်က လူထုနဲ့ ဆက်စပ်ဖို့ ကျိုးစားတိုင်း 
စစ်အာဏာရှင်တွေက ဖမ်းထိန်းလိုက်တယ်။ ပေါင်းကူးလို ဖြစ်တဲ့ ဒုတိယတန်း၊ 
တတိတန်း ခေါင်းဆောင်တွေ ဆိုတာ ထောင်ထဲက ထွက်ရတယ်လို့ကို မရှိဘူး။ 
တချို့ထောင်ထဲမှာ ရိုက်သတ်ခံရတယ်။ 
တချို့ အပြင်မှာ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ရိုက်သတ်တာ ခံရတယ်။
          ဗမာပြည် နိုင်ငံရေးကို ဝေဘန်ချင်ရင် ပထမအချက်အနေနဲ့ မထူးဇာတ်ခင်းနေတဲ့
ပြည်တွင်းဖြစ် စစ်အာဏာရှင်တွေ အကြောင်း သိဖို့လိုတယ်။ ဒုတိယ ဗမာလူထုရဲ့ 
ဘဝအမြင်နဲ့ အချောင်သမားပေါလှတဲ့ ဗမာပြည်နိုင်ငံရေး လောကအကြောင်း
အကြမ်းဖျင်း သိဖို့လိုတယ်။ နောက်ဆုံး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို 
ဝေဘန်ချင်ရင်တောင် သူ့အကြောင်းကိုလည်း သိဖို့ လိုပါသေးတယ်။ 
တခုတော့ ရှိပါတယ်။ သူ့ကို လူထဲက လူတယောက်၊ လူထုထဲက လူထုခေါင်းဆောင်
တယောက်ထက် ပိုပြီး တန်ခိုးရှင်လို၊ ကယ်တင်ရှင်လို မမျှော်လင့်ဖို့တော့ လိုတာပေါ့။ 
သိတဲ့အတိုင်း ကျုပ်တို့ ဗမာလူမျိုး ဆိုတာကလည်း တဖက်သားကို သူဘာကြောင့် အဲသလိုလုပ်သလဲ၊
သြော်.. သူဒီလိုလုပ်တာ ဒါ့ကြောင့်ကိုးလို့ မတွေးသလို သူဒါလုပ်တာတော့ 
အတော်ကောင်းသွားပါလား ဆိုပြီး အသိအမှတ်ပြုဖို့ထက် ငါဆိုရင် ဘာကြီးဖြစ်အောင် 
ဘယ်လိုလုပ်လိုက်မယ်ဆိုပြီး အပြောသန်တဲ့ လူမျိုး ဖြစ်နေတယ်။
          ဒီနေ့ ဗမာစစ်အုပ်စုဆိုတာ ပြည်တွင်းဖြစ် စစ်စစ်ဖြစ်တယ်။ ဘယ်နိုင်ငံ ဘယ်အင်အားကြီးကမှ
မွေးထုတ်ခဲ့တာ မဟုတ်သလို ဘယ်နိုင်ငံကိုမှလည်း မှီခိုရပ်တည်နေတာ မဟုတ်ဘူး။
ဒီနေ့ တရုတ်ကြီးနဲ့ ပြေလည်နေတယ် ဆိုတာလည်း အပြန်အလှန် အကျိုးစီးပွားအတွက်ပဲ ဖြစ်တယ်။ 
သူ့အာဏာကို ထိပါးလာရင်တော့ တရုတ်ကြီးလဲ နိုးပဲလုပ်မှာ သေချာတယ်။ 
ကျန်တာမကြည့်နဲ့ သူ့အာဏာကို ထိပါးမဲ့ အခြေအနေ ရောက်လာတော့ ကိုယ်ကိုးကွယ်တဲ့
ရဟန်းသံဃာတွေကိုသတ်၊ ဘုန်းကြီးကျောင်းတွေကို ရန်သူ့ စခန်းတခုလို ဝင်စီး 
တိုက်ခိုက်ဖျက်ဆီးခဲ့တာ တကမ္ဘာလုံး အမြင်ပါပဲ။ 
ဒီနေ့ နိုင်ငံတကာ အရေးအယူ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းဘို့ နည်းအမျိုးမျိုးနဲ့ 
လှည့်ပတ်ဟောင်နေကြတဲ့ အချောင်သမား လုပ်စားတွေ သိဖို့က အမေရိကန်တို့၊ 
အီးယူတို့က အဲဒီ့ဆန်ရှင်တွေ ရုတ်ပြီး အပြုသဘော ဆက်ဆံမယ်ဆိုရင်လည်း ဒီသဘောပဲ။ 
အမေရိကန်သော အီးယူသော ဘာမှ ထည့်မတွက်ပဲ သူ့အာဏာထိရင် နိုးပဲ ပြောမှာပဲ။ 
ဒီတော့ ဆန်ရှင် ရုတ်သိမ်းရေး ဆိုတာ စစ်အုပ်စု အကျိုးသက်သက်သာ ဖြစ်တယ်။ 
အရေးအယူ ပိတ်ဆို့မှုတွေ ရုတ်သိမ်းရေးက တဆင့် ပေါင်းပြီး ပြောင်းဖို့ စစ်အုပ်စုကို 
ဖျောင်းဖျမယ်ဆိုတာ အရူးအိပ်မက် သက်သက်သာ ဖြစ်တယ်။
          အဆက်ဆက်သော စစ်အာဏာရှင်တွေဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာအရင်းအမြစ် မှန်သမျှကို 
ထင်တိုင်းကြဲ ခိုးဝှက်လုယက်ရုံမက သောင်းသိန်းချီတဲ့ ကိုယ့်ပြည်သူ၊ ကျောင်းသား၊ အလုပ်သမားနဲ့ 
ရဟန်း သံဃာ မကျန် သတ်ဖြတ်လာခဲ့သူတွေ ဖြစ်တယ်။ ဒီလို ဆွေစဉ်မျိုးဆက် ဆပ်မကုန်နိုင်တဲ့ 
သူတို့ရဲ့ နိုင်ငံတော်နဲ့ ပြည်သူတွေအပေါ် ကျူးလွန်းခဲ့တဲ့ ရာဇဝတ်ကြွေးတွေကို သူ့တို့သာလျင် 
အသိဆုံး ဖြစ်တယ်။ စစ်သည် စစ်သား တပ်မတော်ဆိုတာကတော့ ဓားစာခံသက်သက်ပဲ။ 
ဒါကြောင့်လည်း ဒီဗိုလ်ချုပ်တွေ အကြောက်ကြီးကြောက်ပြီး အာဏာကို ရတဲ့နည်းနဲ့ 
ဖက်တွယ်ထားကြတာ ဖြစ်တယ်။ တခုတည်းသော သူ့တို့ရဲ့ ရည်မှန်းချက်လည်း ဖြစ်တယ်။ 
ပြောရရင်တော့ သေမထူး နေမထူး ဇာတ်ခင်းနေကြတာပဲ။ ဒီဗိုလ်ချုပ်တွေရဲ့ အကြောက်တရားနဲ့ 
အတ္တလောဘကတော့ ဘုရား၊ တရား၊ သံဃာတောင် စော်ကားရဲတဲ့အထိ ဆိုးသွမ်း 
ယုတ်ကန်းနေကြတယ်။ ဒီလို မထူးဇာတ်ခင်းနေတဲ့ စစ်အုပ်စုကို ရင်ဆိုင်ဖို့ ဆိုတာ တော်တန်ရုံ 
ကျစ်လစ်တဲ့ စည်းရုံးရေး အင်အားနဲ့ မဖြစ်နိုင်ဘူးဆိုတာ တကယ်တမ်း တိုက်ပွဲထဲမှာ 
ပါဝင်နေသူတိုင်း မြင်နိုင်ပါတယ်။
          တကယ်တော့ ဒီစစ်အာဏာရှင် ငရဲသားတွေကို ဗမာပြည် နိုင်ငံရေး လောကထဲ 
ကျောပိုးသည်လာ သူဟာ နိုင်ငံရေးသမားတွေပဲ ဖြစ်တယ်။ လူထု မဟုတ်ဘူး။ 
အဲဒီ့ မစွန့်ဘဲ စားချင်တဲ့ နိုင်ငံရေးသမားတွေ ကိုယ်အာဏာမြဲဘို့အတွက် နိုင်ငံရေး ပြဿနာကို 
အာဏာအရင်းအခံဖြစ်တဲ့ လူထု အကြားမှာ ဖြေရှင်းဖို့ မကြိုးစားပဲ လူထုအစေခံ 
လက်နက်ကိုင်တပ်ကို အသုံးချခဲ့ကြလို့ စစ်ခေါင်းဆောင်တွေ ဇာတ်ပျက်သစ္စာ ဖောက်ပြီး 
အာဏာရှင်စနစ် ပေါ်ပေါက်လာတာဖြစ်တယ်။ ဒီအန္တရာယ်ကိုသိလို့ လူထုက 
၁၉၅၆ နဲ့ ၁၉၆၀ ရွေးကောက်ပွဲတွေမှာ စစ်တပ်နဲ့ နိုင်ငံရေး လုပ်တဲ့ ပါတီတွေကို မဲမပေးပဲ 
စစ်အာဏာရှင် အန္တရာယ်ကို တားဆီးဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ ဒါပေမဲ့ အချိန်က မမှီတော့ဘူး။ 
စကားတခုရှိတယ်၊ ( The State ruin by   politic and politicians, but not by nature,
culture and religion) နိုင်ငံတော်ကို ဖျက်ဆီးတာ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု ဘာသာရေးနဲ့ 
သဘာဝတရားတွေ မဟုတ်ဘူး။ နိုင်ငံရေးနဲ့ နိုင်ငံရေးသမားတွေသာဖြစ်တယ်။
          ဒီနေ့ခေတ် တချို့သော အမည်ခံနိုင်ငံရေးသမားတွေရော ဟိုဖက် လွတ်လပ်ရေးခေတ်က 
အချောင် သမားတွေနဲ့ ဘာကွာလို့လဲ။ ဟိုကွေ့ ဟိုတက်နဲ့လှော်၊ ဒီကွေ့ ဒီတက်နဲ့ လှော်နေကြတာပဲ 
မဟုတ်လား။ လူထုဆိုတာကတော့ လက်ညှိုးထိုးခံ သက်သက်ပဲ။ ၈၈ ပြီးစ ဒီမိုကရေစီ 
ရေစီ်းမြင်တုန်းကလည်း ဒီမိုကရေစီ ဆိုပြီး ပါလိုက်တာပဲ။ အခု စစ်ကျွန်ရွေးကောက်ပွဲ 
ဆိုတော့လည်း ခွေးမစင်ငတ်သလို ပြေးဝင်ဟပ်လိုက် ကြတာပဲ။ 
ပြီးတော့ သူတို့လို ခွေးဇာတ်မခင်းနိုင်တဲ့ သူတွေကို ကိုယ့်ခေါင်းဆောင်ပါမချန် ဟောင်ကြ 
အူကြသေး တယ်။ ဒီလိုခွေးတစီစီနဲ့ တော်လှန်ရေးရထားကြီးကို ဘယ်လို ခေါင်းတွဲမောင်း 
ခေါင်းဆောင်က လိုရာခရီးရောက် အောင် မောင်းနိုင်ပါ့မလဲ။ 
ဒီကြားထဲ ကတ္တီပါအိတ်စွပ်ထားတဲ့ သံလက်သီး အက်စစ်လို ခွေးဆိုးက ပါသေးတယ်။
          ဒီခေါင်းဆောင် ဆိုသူတွေပဲ ကိုးဆယ်ခု ရွေးကောက်ပွဲမှာ လူထုက အာဏာအပ်နှင်းထားတာ
ကိုတောင် စစ်အာဏာရှင်တွေ ကြောက်ပြီး တာဝန်ရှောင်ခဲ့ကြတာ၊ လက်နက်ကိုင်မယ်ဆိုပြီး 
နယ်ခြားထွက်လာကာ အင်ဂျီအို ခိုင်းတာတွေပဲ ရွေးလုပ် ပြီးတော့ အကျဉ်းကျနေတဲ့ ဒေါ်စုကို 
လက်ညှိုးထိုး ဆင်ခြေရှာကြတယ်။ ၈၈ ပြီးစ ပုသိမ်မှာ ရန်ကုန်မြေနီကုန်းမှာ အသက်ဘေးအန္တရာယ်
ကို ရင်ဆိုင်ပြီး လူထုကို ဦးဆောင်ဖို့ ကြိုးစားတယ်။ ဘယ်မှာလဲ သူ့နောက်လိုက် သူ့ပါတီဝင်တွေ။ 
၉၈ က အညာစုမှာ ပိတ်မိနေတယ်။ ကိုးဆယ်ခြောက် ရန်ကုန်မှာ၊ ၂၀၀၃ ဒီပဲရင်းမှာ ကြံ့ဖွတ်တွေက
သတ်ဖို့လုပ်တယ်။ ဘယ်မှာလဲ သိန်းချီရှိတယ်ဆိုတဲ့ ပါတီဝင်တွေ။ ခေါင်းဆောင်ဆိုသူတွေ။ 
နယ်စပ်က လက်နက်ကိုင် ဆိုသူတွေကကော အဲဒါတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ တိုက်ပွဲ 
ဘယ်နှပွဲ တိုက်ခဲ့သလဲ။ ပြည်တွင်းမှာကော ဘာတွေ ဖောက်ခွဲ ပြခဲ့ကြသလဲ။ ကိုယ်ကဖြင့် 
တူတူတန်တန် ဘာမှ မလုပ်ပဲ ခေါင်းဆောင်းကို အပြစ်ရှာတယ်။ ဒါဟာ ဖောက်ပြန်တာပဲ။ 
ရန်သူကို အလုပ်ကြွေးပြုတာပဲ။
          လူတကာသိပြီးသား ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး စွန့်လွှတ်မှုတွေကို 
ဒီမှာ မပြော တော့ပါဘူး။ တော်လှန်ရေး အကျိုးကို မျှော်ကိုးပြီး သူ့အခန်းကဏ္ဍကိုပဲ 
ပြောချင်ပါတယ်။ စစ်အုပ်စုဟာ သူ့စိတ်တိုင်းကြ နိုင်ငံရေး အခင်းအကျင်းကို ဖန်တီးသွားခဲ့ပါပြီ။ 
ရုပ်သေး အစိုးရတခုကို ရွေးကောက်ပွဲ တခုနဲ့ လုပ်သွားတယ်။ လူထု မျှော်လင့်တောင့်တတဲ့ 
ဒီမိုကရေစီ မဆိုထားတဲ့ နိုင်ငံရေး ပုံစံတခုလို့တောင် ပြောမရတဲ့ အခင်းအကျင်းဖြစ်တယ်။ 
စစ်အာဏာရှင်က စစ်အာဏာရှင်ပါပဲ။ နိုင်ငံတကာကို ဝင်ဆန့်ရုံ သက်သက်အတွက် 
လုပ်ခဲ့တယ်ဆိုတာ ကလေးအစ ခွေးအဆုံး တလောကလုံး သိပါတယ်။ နိုင်ငံတကာ 
ဆိုတာတွေကလည်း သိပါတယ်။ သို့သော်လည်း ကိုယ်ကျီုးစီးပွား ပဓာန လွှမ်းမိုးနေတဲ့ 
ဒီနေ့ ကမ္ဘာ့နိုင်ငံရေးမှာ ဘယ်တိုင်းပြည်ကမှ ဒီဗိုလ်ချုပ်တွေရဲ့ ကလိမ်ခြုံဇာတ်ထုတ်ကို 
အရေးမလုပ်ကြတော့ပါဘူး။ ပြေလည်အောင် ပေါင်းဖို့ပဲ စိုင်းပြင်းနေကြပါပြီ။ တချို့သော 
နိုင်ငံကြီးတွေကတော့ မသူတော် ဗမာဗိုလ်ချုပ်တွေနဲ့ ပေါင်းဖက်ရတာကို သိပ်စိတ်မသန့်ဘူးနဲ့ 
တူပါတယ်။ သူတို့ လက်ဝေခံတွေရဲ့ ပါးစပ်ကတဆင့် ဒီအရပ်သား ရုပ်သေးအစိုးရမှာ 
ဒေါ်စုကပဲ နိုင်ငံခြားဆက်ဆံရေးတာဝန် ယူတော့မယောင်၊ ဒေါ်စုရဲ့ ဦးဆောင်မှုက 
မပြည့်ဝသယောင် တီးတိုးဝါဒဖြန့်နေကြတယ်။ တဖက်ကလည်း စစ်အုပ်စုနဲ့ ပေါင်းသင်းတာ၊ 
စစ်အုပ်စု မကြိုက်တာ မလုပ် မပြောတာ လက်တွေ့ နိုင်ငံရေးလိုလို ဆိုနေကြတယ်။
          ဒါပေမဲ့ စစ်အုပ်စု ကိုယ်တိုင်ကတော့ ဒီအခင်းအကျင်းသစ်ဟာ သူတို့အာဏာ တည်မြဲရေး 
အတွက် မခိုင်မာဘူးဆိုတာ သိပါတယ်။ ဒါက နိုင်ငံရေး အန္တိမ မဟုတ်သလို သူတို့ရဲ့ အောင်ပွဲလို့လဲ 
မပြောနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD, CRPP ထဲက ခိုင်မာ ပြတ်သားတဲ့ 
ခေါင်းဆောင်တွေ၊ အကျဉ်းထောင်တွေထဲက ၈၈ ကျောင်းသားခေါင်းဆောင်တွေ ရှိနေသေးသရွေ့ 
ဗမာလူထုရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီ တိုက်ပွဲတွေ ရှိနေတုန်းပဲဆိုတာ 
စစ်အုပ်စုသိထားပါတယ်။ ဒီတော့ အတုအယောင်ရွေးကောက်ပွဲနဲ့ ရုပ်သေး အစိုးရ 
ထူထောင်နိုင်တာဟာ စစ်အုပ်စုအတွက် အောင်ပွဲ မဟုတ်သလို ဒီမိုကရေစီအရေးအတွက်လည်း 
လမ်းဆုံးမဟုတ်ပါဘူး။
          စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည် အမှူးရှိတဲ့ လူထု ဒီမိုကရေစီတိုက်ပွဲ ခေါင်းဆောင်မှုရဲ့ 
အခန်းကဏ္ဍကို သေးသိမ်း မှေးမှိန်အောင် အားထုတ်နေတယ်။ ဒါဟာ သူ့တို့ လက်ငင်း 
မဟာတာဝန် ဖြစ်တယ်။ နောက်တချက်ကလည်း စစ်အုပ်စုအတွက် မခံချင်စရာကောင်းတာက 
ဗမာလူထုသာမက ကမ္ဘာ့လူထုကပါ ဒေါ်အောင်ဆန်းစုကြည်ကို ဗမာပြည်လူထုခေါင်းဆောင်အနေနဲ့ 
လက်ခံ အသိအမှတ်ပြုထားတာ ဖြစ်တယ်။ ဒါကို ခြေဖျက်နိုင်မှသာ စစ်အုပ်စုရဲ့ ရုပ်သေးအစိုးရက 
လူရာဝင်နိုင်မှာ ဖြစ်တယ်။
          ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်မှုကို သေးသိမ်း မှေးမှိန်အောင် စစ်အုပ်စုက လက်ရှိ 
အချိန်အထိ ကိုယ်တိုင် မလုပ်နိုင်သေးဘူး။ အခင်းအကျင်းသစ်ကြောင့် သူတို့ထဲက လူအပြောင်းလဲ 
နေရာ အပြောင်းလဲတွေ အသားကျအောင် စီမံနေရတုန်းပဲ။ လောလောဆယ် ဒီတာဝန်ကို 
ဆောင်ရွက်နေတာက လက်ရှိ အခင်းအကျင်းသစ်ကို တကယ်ခိုင်မာတဲ့ အပြောင်းအလဲတို့ 
ထင်ယောင်မှားနေကြတဲ့ လုပ်စားသမား တွေပဲဖြစ်တယ်။ ငါးမင်းဆွေဆိုတဲ့ နိုင်ငံရေး 
အုတ်ကြားမျက်ပေါက်က စတယ်။ ဟိုတလောကလည်း ဧရာဝတီမှာ ဗမာကြီးဆိုတဲ့ နာမည်နဲ့ 
ဒေါ်စုနဲ့ NLD ရဲ့ နိုင်ငံ ရပ်တည်ချက်ကို မထိတထိ လှီးဖဲ့သွားတယ်။ အခု အက်စစ်ရဲ့ 
အပုပ်ချစာကတော့ ဗြောင်အကျဆုံးပဲ။ လူထုဘဝကိုစာနာသယောင် သကြားလေးတော့ 
အုပ်ထား တယ်။ အရင်ကတော့ ဦးဝင်းတင်ကိုအဓိက ဦးတည်တိုက်ကြတယ်။ အခုတော့ 
ဒေါ်စုကိုပါ ဖွင့်တိုက် လာတာဖြစ်တယ်။
          အကြောင်းကို စီစစ်ကြည့်ရင် ဒီအချောင်သမားတွေ စစ်အုပ်စုနဲ့ ပေါင်းပြီးသွားချင်နေတဲ့ 
လူထုအတွက် မပါတဲ့ “ငါ့ဒီမိုကရေစီ” လမ်းကြောင်းမှာ ဒီခေါင်းဆောင်တွေက အတားအဆီးဖြစ်နေ
တယ်။ ဒီခေါင်းဆောင်တွေ ရှိနေသရွေ့ လူထုကို နှပ်ချနှပ်စား လုပ်လို့ မရနိုင်ဘူးလေ။ 
ဒီတော့ ခေါင်းဆောင်မှုကို ဖြိုဖျက်ရတော့တာပဲ။ သေးသိမ်အောင် လုပ်ကြရတော့တာပဲ။ 
ဒါမှလဲ ခေါင်းဆောင် လုပ်စားခွင့် ရလာမှာ ဖြစ်သလို စစ်အုပ်စုကလည်း သဘောကျ 
တော်ကောက်ခံရမှာကိုး။
          ဒီတော့ ကိုလွဏ်းဆွေရေ၊ ပြည်တွင်း ပြည်ပက အချောင်သမား ပေါင်းစုံတို့ရဲ့ မထိတထိ 
ထိုးနှက်တာ ခံနေရတဲ့ ကျွန်တော်တို့ တိုက်ပွဲရဲ့ ခေါင်းဆောင်မှု (Leadership) ကို နိုင်ငံရေးအရ 
ဝိုင်းဝန်းကာကွယ်ဖို့ရာ ဒီမိုကရေစီလိုလားသူတိုင်းရဲ့ တာဝန်ပါပဲ။ လက်နက်၊ ထောင်၊ တရားရုံးနဲ့ 
မတရားဥပဒေ အဆောင်အယောင် ယန္တယားတွေနဲ့ တိုင်းပြည်ဘဏ္ဍာတိုက်ကို ဖင်ခုထိုင်ထားတဲ့ 
ရန်သူကို တိုက်ဖို့ ဆိုတာက လူထုပါရုံနဲ့တင် မပြီးနိုင်ဘူး။ ခေါင်းဆောင်မှုဆိုတာလည်း အရေးတကြီး 
လိုအပ်ချက် ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တချို့က ခေါင်းဆောင်မှုကို မျက်လုံးအိမ်သဖွယ် 
စောင့်ရှောက်ကြလို့ ဆိုကြတာပဲ။ လက်ရှိ ခေါင်းဆောင်မှု ဆိုတာဟာ ၈၈ အရေးတော်ပုံရဲ့ 
လက်ကျန် ရလာဒ်တခုလည်း ဖြစ်တယ်မဟုတ်လား။ သူတို့ရဲ့ နိုင်ငံရေး အမြင်ကို 
သဘောမတူနိုင်ရင်တောင် ကိုယ်ယုံကြည်ရာလမ်းကို ရွေးလျှောက်ကြရင်း ဒီခေါင်းဆောင်မှုကို 
နိုင်ငံရေးအရ ကာကွယ်ထိန်းသိမ်းသွားကြရမှာပဲ။ ဒီနေ့ အထိတော့ လူထုက သူတို့အပေါ် 
ယုံကြည်နေဆဲပါပဲ။ ဒီယုံကြည်မှုက အခွင့်အခါ ပေါ်တဲ့အခါ အလွယ်စည်းရုံး လှုံ့ဆော်ပြီး 
အောင်ပွဲကို သယ်ဆောင်သွားနိုင်ပါတယ်။ နိုင်ငံရေး ဆိုတာကလည်း အခွင့်အခါ မကျဘဲ 
ကိုယ်ထင်ရာ ဇွတ်လုပ်ပြန်ရင်လည်း တဖျတ်ဖျတ်ခုန်တဲ့ငါး လှော်တက်စာ မိသွားသလို 
ကြုံရတတ်တယ် မဟုတ်လား။
နောက်ဆုံးအနေနဲ့ ကိုလွဏ်းဆွေကို ဆရာမောင်ထင်ရဲ့ စကားလက်ဆောင်လေး 
ထပ်ဆင့်ပါးလိုက်ချင် ပါတယ်။ ဆရာမောင်ထင်က ကျနော် နိုင်ငံရေးမှာ 
ပါဝင်ပတ်သက်နေမှန်းသိတော့ ဟေ့ကောင် မင်းနိုင်ငံရေးမှာ သတ္တိမရှိရင် 
သစ္စာဖောက် ဖြစ်တတ်တယ် မှတ်ထား ပြောပါတယ်။ ဒီအဓိပ္ပါယ်က ဗိုလ်ငါးပါးနဲ့ ယှဉ်ပြီး 
ယူရပါတယ်။ ဒါတွေက ကာယသတ္တိ၊ ဉာဏသတ္တိ၊ ဝီရိယသတ္တိ၊ စာရိတ္တသတ္တိနှင့် 
ဘောဂ သတ္တိတို့ ကွဲသွားပါတယ်။ ကာယသတ္တိမရှိရင် ကြောက်ပြီး သူများခိုင်းတိုင်း 
မှားမှားမှန်မှန် လုပ်မိပြီး သစ္စာဖောက် ဖြစ်တတ်တယ်။ ဉာဏသတ္တိနည်းရင် အသိအဉာဏ် 
ဆင်ခြင်တုံတရား ခေါင်းပါးတော့ အမှားအမှန် မခွဲခြားနိုင်ပဲ သစ္စာဖောက်ဖြစ်တတ်တယ်။ 
ဝီရိယသတ္တိနည်းလို့ ပျင်းရိငိုင်မော ပျင်းကျောဆွဲရင်း ရေသာခိုအချောင်လိုက် ရင်း 
ကလည်း သစ္စာဖောက်ဖြစ်တတ်တယ်။ ဘောဂသတ္တိဆိုတဲ့ စွန့်သင့်တာ မစွန့်ရဲ 
ပေးကမ်းသင့်တာ မပေးကမ်းရဲ လိုချင်လောဘတွေ မထိန်းနိုင်ရင် ရုပ်ဝတ္ထု ငွေကြေးတွေရဲ့
လွှမ်းမိုးမှု ခံရတတ်ပြီး အဲဒါတွေနောက် တကောက် ကောက်လိုက်ရင်း သစ္စာဖောက်ဖြစ်
တတ်တယ်။ နောက်ဆုံးကတော့ စာရိတ္တသတ္တိပဲ သူမရှိရင် သူ့က သတ္တိတွေ 
ဘယ်လောက်ပဲ ပြည့်စုံပါစေ စာရိတ္တိမခိုင်ရင် အကုန်ယိုင်လဲသွားတတ်တယ်။ 
အကျင့်သီလ ကင်းတဲ့သူကို လူမကြည်ညိုဘူး၊ အသရေမဲ့တယ်။ စာရိတ္တအမည်းစက်တွေ
ကြောင့် သူတပါးက အကြပ်ကိုင် ဗိုလ်ကျခံရရင်း သစ္စာဖောက် ဖြစ်တတ်တယ်။ 
ဒါကြောင့် တကယ့်နိုင်ငံရေး လူထုကို အလုပ်ကြွေးပြုမဲ့ နိုင်ငံရေး လုပ်မယ်ဆိုရင် 
ဒီသတ္တိငါးပါးကို အစဉ်တစိုက် အားဖြည့်နေရ ပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင် 
ဆရာမောင်ထင်ပြောသလို သစ္စာဖောက် ဖြစ်တတ်ပါတယ်။ သာဓကအနေနဲ့ 
လေ့လာဖို့ လူထုဦးလှရဲ့ နိုင်ငံတော် လုပ်ကြံမှုထဲက ကိုသုခအကြောင်း စာကလေး 
ထည့်ပေးလိုက်တယ်။
          ကိုလွဏ်းဆွေရဲ့ ဘလော့ဂ်မှာ နတ်သုဒ္ဓါထဲ မစင်တခဲ မြင်လိုက်ရသလို 
အော့နှလုံးနာမိလို့ ဒီစာကို ရေးမိပါတယ်။ ဘာပဲပြောပြော ကိုလွဏ်းဆွေဘလော့ဂ်ဟာ 
ဗမာလူထုအတွက် အတိုင်းအတာ တခု အထိ အသိဉာဏ်အလင်းဆောင်ခဲ့သလို 
ဆက်လက်ထွန်းလင်းနိုင်ဖို့ ဆန္ဒပြုပါတယ်။ နောက်ဆုံးအနေ နဲ့က တော့ ရန်သူရဲ့ရန်သူဟာ
မိတ်ဆွေလို့ဆိုငြားသော်လည်း တချို့သော ရန်သူ့ရန်သူတွေဟာ ကိုယ့်အတွက်လည်း 
ရန်အန္တရာယ်ဖြစ်တတ်ပါတယ် ဆိုတဲ့အကြောင်းမေတ္တာစကား လက်ဆောင်ပါးအပ်ပါတယ် ကိုလွဏ်းဆွေ။
ရဲဘော်ကျော်သန်း
၅၊ ၂၊ ၂၀၁၁။
Attachment(s) from Kyaw Than
3 of 3 File(s)
Friday, February 4, 2011
လွတ်လပ်ရေးကို လိုချင်ရင်............
ဒုတိယ သမ္မတ သုံးဥင်္ီး အပြီးသတ်ရွေးချယ်
ရန်ကုန်၊ဖေဖေါ်ဝါရီ (၃)
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် စစ်တပ်ကိုယ်စားလှယ်များ အစုအဖွဲ့ (၃)ခုတို့၏ ရွေးချယ်မှုများအပြီးတွင် ယခင်ဝန်ကြီးချုပ်ဟောင်း ဥိးသိန်းစိန်၊ ယခင် နအဖ အထွေထွေအတွင်းရေးမှူး (၁) သီဟသူရ တင်အောင်မြင့်ဦးနှင့် ကြံဖွံပါတီမှ ဒေါက်တာစိုင်းမောက်ခမ်းတို့အား ဒုတိယ သမ္မတများအဖြစ် အပြီးသတ် ရွေးချယ်လိုက်ပြီ ဟုသိရပါသည်။
ဖုန်းအင်တာဗျူးတစ်ခုတွင် NDF ပါတီ၏ ပြည်သူ့လွှတ်တော်၏ ရွေးကောက်ခံကိုယ်စားလှယ် ဦးခင်မောင်ရီက ပြည်သူ့လွှတ်တော် အစုအဖွဲ့က ဦးသိန်းစိန်ကိုရွေးချယ်ခဲ့ပြီး၊ အမျိုးသားလွှတ်တော် အစု အဖွဲ့က ကြံဖွံ့မှ ဒေါက်တာ စိုင်းမောက်ခမ်းကို ရွေးချယ်ခဲ့ကာ၊ စစ်တပ်အစုအဖွဲ့မှ ရွေးချယ်ထားသော အတွင်းရေးမှူး(၁) သီဟသူရ တင်အောင်မြင့်ဦးသည်လည်း ဒုတိယ သမ္မများအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်ဟု ပြောပြသွားခဲ့ပါသည်။ 
ပလောင် ဒီမိုကရက်တစ်ပါတီမှ ဦးစောသိန်းမောင်နှင့် ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်တို့မှာမူ ရွေးချယ်ခြင်းမခံခဲ့ကြရပါ။ 
ဦးခင်မောင်ရီက ဆက်လက်ပြောဆိုရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ မနက်ဖြန်မနက် (၁၀)တွင် ပူးပေါင်းပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်တွင် ထိုဒုတိယ သမ္မတ သုံးဦးအနက်မှ သမ္မတကို ရွေးချယ်မည်ဖြစ်ပါသည်။
ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ် အများစုကမူ လက်ရှိ နအဖရာထူးများအရ သိန်းစိန်ပင်နိုင်ငံတော် သမ္မတ ဖြစ်လာလိမ့်မည်ဟု ပြောဆိုနေကြပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)
လွတ်လပ်ရေးကို လိုချင်ရင်............
အဲဒီတော့ကာ ခင်ဗျားတို့ဟာ လွတ်လပ်ရေးကို လိုချင်ရင်၊ လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်းကိုရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်သမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကိုလုပ်ကြပါ။ 
အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ ကိုလွတ်လပ်ရေး အရသာကို ခံစား စံစားချင်ကြတယ်ဆိုရင်၊ အလုပ်လုပ်ကြဖို့၊ စည်းကမ်း ရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီဆိုတာ ကျွန်တော်ကနေ့ပြောခဲ့ချင်တယ်။
*ဗိုလ်ချုပ်အောင်ဆန်း*
မြန်မာ နိုင်ငံ၏ သမ္မတ ရွေးချယ် သည့် နေ့ ဉ် စစ်ကိုင်း တွင် ပြင်းအား ၆.၄ အဆင့် ရှိ ငလျှင် တစ်
ခု ၁၂ မိနစ် ခန့် လှုပ်သွား ခဲ့ရာ တစ်ဦးသေဆုံး ပြီး တံတား နှင့် လူနေ အိမ်ခြေများ ပျက်စီး သည်
မဏီပူရ ပြည်နယ် အင်ဖာ မြို့ နှင့် မြန်မာ နိုင်ငံ တမူး မြို့ ကြား နေရာ ကို ဗဟို ပြု၍ လှုပ်ခတ်ခြင်း
ဖြစ်ပြီး တမူးမြို့ နှင့် အခြား စစ်ကိုင်း တိုင်း ရှိ မြို့ များ တွင် အဆောက် အဦ များ ပြိုကျမှု များ ရှိခဲ့
သည်။
အတည် မပြု နိုင်သည့် သတင်းများ အရ တမူး-မိုရေး တံတား မှာ မြန်ဘက်ခြမ်း ရှိ အားဖြည့်
ကွန်ကရစ် တိုင် များ ပြိုကျခဲ့သည် ဟု သတင်းရရှိသည်။
Myanmar Earthquake, Sagaing, Imphal
စစ်ကိုင်း မှာ ပြင်ထန်းသည့် မြေငလျင်လှုပ်
မြန်မာပြည် အရေးပေါ်သတင်း အထူးထုတ်ပြန်ချက်
-WFWW-
၀၂.၀၄.၂၀၁၁
လူဦးရေ ၄.၇ သန်း ထူထပ်တဲ့ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း မှာ အင်အား ရစ်ချက်စတာ ၆.၄ ပြင်းထန်တဲ့ မြေငလျင်ဟာ အနက် ၈၈.၈ ကီလိုမီတာ ကနေ ဒေသစံချိန် ည ၁၀ နာရီ မှာ လှုပ်ခတ်သွားကြောင်း၊ အသေအပျောက်သတင်းနှင့် အပျက်အစီးသတင်း အတိအကျကို မသိရှိရသေးကြောင်းကမ္ဘာ့ သဘာဝဘေးအန္တရာယ် ကြိုတင်အသိပေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (The Global Disaster Alert and Coordination System - GDAC) က အရေးပေါ်သတင်းထုတ်ပြန် ကြေညာသွားခဲ့ပါသည်။ ဒီ အင်အားပြင်းထန်သည့် မြေငလျင်ဟာ အိန္ဒိယ နှင့် မြန်မာနိုင်ငံ အကြားမှာ လှုပ်ခတ်သွားပြီး၊ လူနေအိမ် အမြောက်အများ၊ လမ်းမကြီးများ၊ တံတားများ ပြိုကျသွားနိုင်ကြောင်း သတင်းထဲမှာ ဖော်ပြထားပါသည်။ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ နှင့် လူသားချင်းစာနာသည့် ကူညီထောက်ပံ့မှုများ အမြင့် ဆုံး အနေအထားမှာ အဆင်သင့် ပြင်ဆင်ကြဖို့ တိုက်တွန်း ထားကြောင်း သိရှိရပါသည်။
ပြည်တွင်းမှာကြုံတွေ့နေရတဲ့ အပျက်အစီးသတင်းနှင့် အသေအပျောက် သတင်းများကို ပို့ပေးကြပါ။ ဆက်လက်ဖော်ပြသွားပါမည်။
အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေမပြဋ္ဌာန်းခင် ဒီကိစ္စဖြေရှင်းကြပါဦး. စစ်အာဏာရှင်များ ခင်ဗျား..
စစ်အာဏာရှင်များမှ အရွယ်ရောက်သူတိုင်း စစ်မှု မထမ်းမနေရ ဥပဒေကို တရားဝင် ပြဋ္ဌာန်းလိုက်တယ်လို့ ဂျပန်သတင်းဌာန NHK က ဖော်ပြပါရှိပါတယ်..။ ကဲ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဆိုတာထက် တိုင်းပြည်မှာ လက်ရှိခံစားနေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲ ကြပ်တည်းမှု အဖုံဖုံကို ဖြေရှင်းပြီးမှ ဒီဥပဒေကို စဉ်းစားပါဦး အာဏာရှင်ကြီးများခင်ဗျား..။
 စားစရာ ဗလာနတ္ထိ ဝတ်စရာမရှိ ရွှံ့ဗွက်အိုင်ထဲက နအဖခေတ် အနာဂတ်မဲ့ 
သနားစဖွယ် ကလေးငယ် တစ်ဦး
ဒီပုံမှာကတော့ မန္တလေးမြို့ ဘုရားပွဲတစ်ခုရဲ့ မိုးရေထဲ ရွှံ့ဗွက်ထဲမှာ အဝတ်ဗလာနဲ့ အစာရေစာ ငတ်ပြတ်ပြီး မိန်းမောနေတဲ့ ကလေးငယ်နဲ့ မိခင်တို့ရဲ့ ကြေကွဲဖွယ် မြင်ကွင်းပါ..။ မြန်မာပြည်သူ ပြည်သားတွေပါ..။ ကိုယ့်မြေးအရွယ်လေးပါ... ကိုယ်ချင်းစာကြည့်ပါ အာဏာရှင်ကြီးခင်ဗျား..။ ဒီလို မြင်ကွင်းတွေဟာ မြန်မာပြည်ရဲ့ နေရာအနှံအပြားမှာ လတ်တလော မြင်တွေ့နေရတဲ့ မြင်ကွင်းတွေပါပဲ။ နိုင်ငံရဲ့ ဘဏ္ဍာငွေတွေကို စစ်တပ်ရဲ့ ခေါင်းစဉ်အမျိုးမျိုးအောက်မှာ အာဏာရှင်ဗိုလ်ချုပ်ကြီးများ ခွဲဝေယူနေကြတာ ရပ်တန်းက ရပ်သင့်နေပါပြီ။ မိမိအသက်အရွယ်ရဲ့ နောက်ဆုံးအချိန်မှာ ကောင်းတာလေးတော့ ရှိဘူးတယ်ဖြစ်အောင် လုပ်ပြသွားပါဦး။
ကိုယ့်သားမြေးတွေကို ချစ်တတ်သလို ပြည်သူတွေကိုလည်း ပြန်ကြည့်ပါဦး အာဏာရှင်ကြီးများ ခင်ဗျား.. အာဏာရှင်ကြီးတို့ရဲ့ မြေးလေးတွေ အထက်က ပုံပါအတိုင်း စားစရာ ဝတ်စရာမရှိ မြင်ရရင် ဘယ်လိုနေမလဲဗျာ.. ကိုယ်ချင်းစာကြည့်ကြပါ.။
စစ်မှုထမ်းမည့် တေဇသားများ
အာဏာရှင် ပေါက်စလေးတွေရဲ့ မူးမူရူးရူး မြင်ကွင်းပုံတွေပါ..
ဓာတ်ပုံ ကိုနစ်နေမန်း
ဓာတ်ပုံ ဒီမိုဝေယံ
မိမိသားမြေးတွေကို ချစ်တတ်သလို တိုင်းသူပြည်သားတွေ အပေါ်မှာလည်း ကိုယ်ချင်းစာ စိတ်လေး ထားပေးပါဦး။ မနာလို မရှုစိမ့်နဲ့ ရေးသားနေခြင်းမဟုတ်ပဲ ပြည်သူပြည်သားတွေ စားနိုင်သောက်နိုင် နေနိုင်လောက်တဲ့ အခြေအနေလေး တစ်ခုကို ဖန်တီးပေးနိုင်လောက်တဲ့ အခြေအနေတောင် မတတ်နိုင်သေးဘဲ စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းပါဦးမယ်တဲ့။ ဗိုလ်ချုပ်ကြီးတို့ရဲ့ သားသမီး မြေးမြစ်တွေကော စစ်မှုထမ်းနိုင် မထမ်းနိုင် အရင်မေးမြန်း စုံစမ်းကြည့်ပါဦး။ မည်သူမဆို မဝင်မနေရ စစ်မှုထမ်းရမယ် ဆိုတဲ့ဖြစ်ပေါ်လာမဲ့ ပြဋ္ဌာန်းမှုရဲ့ နောက်ကွယ်မှာ လူအစားထိုးမှုတွေ၊ ငွေကြေးရယူမှူတွေနဲ့ ဗိုလ်ချုပ်ကြီးတွေ အတွက် ဂွင်အသစ်တွေများ ဖန်တီးပေးနေတာလားဗျာ။ ကျွန်တော်တို့လို စစ်ရေးအမြင်မရှိသူ တစ်ယောက်အနေနဲ့ ပြောချင်တာကတော့ အထက်ကပုံပါ ကိုယ့်ပြည်သူ၊ ပြည်သားတွေရဲ့ ဆင်းရဲကြပ်တည်းမှုတွေ အတွက် သောကမအေး ဖြစ်ရပါတယ်။ အဲ့ဒီအတွက်ကြောင့် အာဏာရှင် ဗိုလ်ချုပ်ကြီးတွေ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေမပြဋ္ဌာန်းခင် ဗိုလ်ချုပ်တွေ ပြောင်ပြောင်ရောင်ရောင်နဲ့ ပြည်သူတွေ ဝမ်းခေါင်ခေါင် ဖြစ်နေရတဲ့ ကျွန်တော့်တို့ ပြည်သူပြည်သားတွေရဲ့ ဝမ်းရေးကိစ္စကို အရင် ဖြေရှင်းပေးကြပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်.. အာဏာရှင်ကြီးများ ခင်ဗျား...။
ဒီမိုဝေယံ
Thursday, February 3, 2011
ဖေဖေါ်ဝါရီ ၁၃ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) ထာဝရ တို့မမေ့
မြန်မာပြည်၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း (၉၆-နှစ်) မွေးနေ့အားဂုဏ်ပြုအပ်ပါသည်။
အာဇာနည်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ပြည့်
စုံသာလွန်တဲ့ သူရဲကောင်း ...
အတုမရှိသူရဲကောင်း ...
ကျွန်တော်တို့လေးစားအာကျတဲ့ သူရဲကောင်း ...
အစားထိုးလို့မရတဲ့ သူရဲကောင်း ...
ဗိုလ်ချုပ်အောင်ဆန်း ရောက်ရာဘုံဘ၀မှနေပြီး ကြားသိနိုင်ပါစေ။
လေးစားစွာဖြင့်
SaiPhyoWaiLin
Wednesday, February 2, 2011
ပြည်သူ့စစ်တပ်
  “စစ်တပ်ဟာ ရုပ်သေးမဟုတ်သလို၊ နွားလည်း မဟုတ်ဘူး။ မူဘာရခ်အပါအ၀င် ဘယ်သူ့လက်ထဲမှာမှ စစ်တပ် မရှိဘူး။ ပြည်သူ့စစ်တပ်ပဲ ဖြစ်ရမယ်။ စစ်တပ်ဟာ လူငယ်တွေနဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်စရာ ဘာအကြောင်းမှ မရှိဘူး။ လူထုကို ပစ်သတ်ဖို့နဲ့ ပြည်တွင်းစစ် ဖြစ်ဖို့ထက်၊ ဗိုလ်ချုပ်တွေက မူဘာရခ် နှုတ်ထွက်ဖို့ပဲ တောင်းဆိုလိမ့်မယ်” ဟု The News York Times ကို ပြောဆိုခဲ့သည်။
 ဒုတိယသမ္မတရဲ့ မိတ်ဆွေ အငြိမ်းစား သံတမန်ကြီး မိုဟာမဒ် ရှိုခရေး
How about Burmese Force. Useless for people of Burma.
အမေရိကန်ပတ်စပို့ကိုင်ထားတဲ့ အီဂျစ်များက အဝေးက ညာသံပေးမနေဘဲ တိုင်းပြည်ပြန်လာပြီး ဆန္ဒပြပွဲ ၀င်နွှဲကြသည်။ စစ်တပ်နဲ့ လူထုမှာ တော်လှန်ရေးတွင် တစ်သားထဲ ဖြစ်သွားသည်။