Thursday, November 1, 2012

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ပူးပေါင်းလုပ်ကြရန် UNFC နှင့် NCUB သဘောထားထုတ်ပြန်


 on Thursday, 1 November 2012--
နိုဝင်ဘာလ ၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဂုဏ်သိက္ခာရှိသော ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင် ရွက်ကြရန် ရည်ရွယ်၍ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုး သားကောင်စီ-NCUBတို့က ယနေ့ ပူးတွဲသဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

မြန်မာအစိုးရသည် တိုင်းရင်းသားအတိုက်အခံအဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နေ ချိန်၌ ကချင်ပြည်နယ်အပြင် သျှမ်းပြည်နယ်တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများရပ်တန့်ပြီး နိုင်ငံရေးဆွေးနွေးပွဲ ထိရောက် အောင် ပူးပေါင်းလုပ်ဆောင်ကြရမည်ကို မီးမောင်းထွန်းပြလိုသောကြောင့် ယခုလို သဘောထားထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း UNFC တွဲဖက်အတွင်းရေးမှူး(၂) ခွန်ဥက္ကာက ပြောသည်။

ခွန်ဥက္ကာက “အပစ်အခတ်ရပ်စဲရေးတွေ ခိုင်မာအောင် လုပ်မယ်။ နိုင်ငံရေးဆွေးနွေးပွဲကို တက်မယ်ဆိုရင်တော့ ပြည်တွင်းက ထောက်ခံမှုကိုလည်း လိုပါတယ်။ ပြည်တွင်းအင်အားစုတွေ ကျနော်တို့အပေါ် ထောက်ခံရင် အစိုးရက အခွင့်ကောင်းယူပြီး လှည့် စား၊ အသုံးချလို့ မရအောင် ၀ိုင်းဝန်းဆောင်ရွက်မယ်ဆိုတဲ့ သဘောပါပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် UNFC နှင့် NCUB တို့၏ ပူးတွဲကြေညာချက်အရ မြန်မာနိုင်ငံတွင် တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ အနာဂတ် ဘ၀တစ်လျှောက် အေးချမ်းသာယာစွာ ရာသက်ပန် နေထိုင်နိုင်ရန်၊ သမ္မတဦးသိန်းစိန်၏ အဓိက ရည်ရွယ်ချက်ဖြစ်သော ဂုဏ် သိက္ခာရှိသည့် ငြိမ်းချမ်းရေးတည်ဆောက်ရန်နှင့် ၂၀၁၂ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်သည့် ရလာဒ်များကို ရရှိရန် ၎င်းတို့အနေဖြင့် ဆန္ဒပြုသည်ဟု ဖော်ပြထားသည်။
တစ်ဆက်တည်းမှာပင် သမ္မတနှင့် မြန်မာ့တပ်မတော်တို့သည် နိုင်ငံတော်၏ စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အဓိ က တာဝန်ရှိသူများ ဖြစ်သည့်အလျောက် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် အကြမ်းဖက် ပဋိပက္ခများကို ချွင်း ချက်မရှိ ရပ်စဲပေးရန်လည်း ထိုကြေညာချက်တွင် တောင်းဆိုထားသည်။
ဆက်လက်၍ ခွန်ဥက္ကာက “ကျနော်တို့ ပြည်တွင်း၊ ပြည်ပ အင်အားစုတွေ ပူးပေါင်းပြီးတော့ စစ်မှန်ပြီး ဂုဏ်သိက္ခာရှိတဲ့ ငြိမ်းချမ်း ရေးရရှိဖို့၊ ၂၀၀၈ဖွဲ့စည်းပုံကို မဖြစ်မနေ ၀ိုင်းပြင်မယ်။ ဒါတွေပြီးမှ ပဋိပက္ခတွေကြားထဲမှာ အဖက်ဖက်ကနေ ပျက်စီးနေတဲ့ တိုင်း ပြည်ကို ပြန်လည်ထူထောင်ဖို့ဆိုတဲ့ ဦးတည်ချက် ၃ခုနဲ့ ရှေ့ဆက် သွားကြပါမယ်”ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်မှ ၂၇ရက်နေ့အထိ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့သည့် UNFC ကိုယ်စားလှယ် အဖွဲ့သည် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် မြန်မာအစိုးရအဖွဲ့ဝင်များနှင့် ပြည်တွင်းမှ ခေါင်းဆောင်အ ချို့တို့ကို တွေ့ဆုံဆွေးနွေးခဲ့ရာ ငြိမ်းချမ်းရေးအတွက် ပြည်တွင်းပြည်ပ ပူးပေါင်းသွားရန် သဘောတူခဲ့မှုများ ရှိခဲ့သည်ဟု သိရ သည်။
အောက်တိုဘာလ ၂၈ရက်နေ့ကလည်း မြန်မာပြည်တွင်းအခြေစိုက် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)က တိုင်းပြည်၏ စစ်မှန်သည့်ထာဝရငြိမ်းချမ်းရေးရရှိရန် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့၊ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အား စုများအားလုံး အမြန်ဆုံး အကောင်အထည်ဖော်ကြရန် ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။
UNFC ကို ၂၀၁၀ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ရက်နေ့က ဖွဲ့စည်းခဲ့ပြီး လက်ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ သျှမ်းပြည်တပ်မ တော်မြောက်ပိုင်း(SSA-N)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါ တီ(NMSP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၊ ၀’အမျိုးသားအဖွဲ့ချုပ် (WNO)နှင့် လားဟူဒီမိုကရက် တစ်သမဂ္ဂ (LDU) အဖွဲ့တို့ ပါဝင်သည်။
အလားတူ NUCB ကို ၁၉၉၂ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့တွင် မာနယ်ပလော၌ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန် မြန်မာဒီမို ကရေစီအင်အားစုအပြင် ကရင်၊ ချင်း၊ ပအိုဝ်း၊ ပလောင်၊ မွန်၊ ရခိုင်၊ လားဟူနှင့် ‘၀’ တိုင်းရင်းသားအဖွဲ့တို့ ပါဝင်သည်။

သံသယဖြစ်ဖွယ် ဖုံးကွယ်ထားသည့်အလား ကျောင်းသားတစ်ဦး အသက်ဆုံးရှုံးမှု


by The Season News on Thursday, November 1, 2012 at 2:49pm ·

          ၂၇.၁၀.၂၀၁၂ ရက် စနေနေ့က ဒဂံတက္ကသိုလ်မှ ပထမနှစ် ဒဿနိက ကျောင်းသား မောင်ငြိမ်းဇံဖြိုး(ခ) သဲကြီးသည် နံနက် ၁၀နာရီခွဲခန့်တွင် မင်္ဂလာဒုံရှိသူငယ်ချင်းထံ သွားရောက်ခဲ့ပြီး ထိုနေ့က နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်း မရှိဘဲ တနင်္ဂနွေနေ့တွင်လည်း နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် ဖခင်ဖြစ်သူနှင့် မောင်ငြိမ်းဇံဖြိုး၏ ညီမလေးမှာ ဒဂုံတက္ကသိုလ်ကျောင်းသို့လိုက်လံ၍ သူငယ်ချင်းဖြစ်သူများထံ စုံစမ်းမေးမြန်းရာ စနေ့နေ့ ၃နာရီရထားဖြင့် ရန်ကုန်ဘက်သို့ပြန်လာကြောင်း သူငယ်ချင်းများထံမှ ကြားသိခဲ့ရ သည်။ ထိသို့ကြားသိခဲ့ရသည့်အပေါ် အမဖြစ်သူ မခိုင်သဇင်မိုးမှ  တံတားလေးဘူတာရုံပိုင်ထံ သွားရောက်မေးမြန်းခဲ့သည်။တံတားလေးဘူတာအနီးတွင် ၂၇.၁၀.၂၀၁၂ ရက်နေ့ကယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍မေးမြန်းရာ ရုံပိုင်မှလည်း ဖြစ်သွားခဲ့သည်ကိုသာသိရှိပြီး သေသေချာချာ သိရှိခြင်း မရှိကြောင်း သိခဲ့ရသည်။ ထိုသို့ ဖြစ်ပွားသွားခြင်း နှင့် ပတ်သက်ပြီး မှုခင်းမှတ်တမ်း လာရောက်ရယူသွားသော ရဲစခန်းအား မေးမြန်းကြည့်ရာ မြောက်က္ကလာ မြရတနာ ရဲစခန်းမှ ဓာတ်ပုံမှတ်တမ်း လာရောက်ရယူသွားသည်ဟု သိရှိရသဖြင့် သွားရောက်မေးမြန်းရာ သူ့ထံတွင် ပါလာသော ဓာတ်ပုံနှင့် ရဲစခန်းမှ မှတ်တမ်းဓာတ်ပုံကို ဖခင်ဖြစ်သူမှ တိုက်ဆိုင်ကြည့်ရာ မှန်ကန်နေကြောင်း တွေ့ရှိရပြီး မည်သို့  စီမံဆောင်ရွက်ထားပုံကို မေးမြန်းရာ ပိုင်ရှင်မဲ့ အနေဖြင့် ရေဝေးသုဿာန်သို့ ပို့ဆောင်ထားကြောင်း သိခဲ့ရှိခဲ့ရခြင်း ဖြစ်သည်။
          ထိုသို့ ဖြစ်ပွားခဲ့ပုံကြောင်းအရာနှင့် ပတ်သက်၍ သေဆုံးသူ၏ အမဖြစ်သူ မခိုင်သဇင်မိုးမှ ရှင်းလင်း သူ၏ မောင်လေး၏ လွယ်အိတ်အတွင်း ဆက်သွယ်ရန် လိပ်စာများ ပါရှိသော်လည်း ပိုင်ရှင်မဲ့အနေဖြင့် သုဿာန်သို့ ပို့ဆောင်လိုက်ခြင်းကြောင်း မိသားစုအနေဖြင့် မည်မျှခံစားရပုံကို ` မောင်လေးက ၂၇ ရက် စနေနေ့ ၁၀နာရီခွဲလောက်ကတည်းက ထွက်သွားလိုက်ကတည်း ကအိမ်ကို ပြန်မရောက်လာတာပါ။ မင်္ဂလာဒုံက သူ့သူငယ်ချင်းအိမ်ကို စာသွားလုပ်မယ်လို့ ပြောတယ်။ အဲဒီနေ့ညကတော့ ကျွန်မတို့က လိုက်မရှာသေးဘူး။ မောင်လေးက တစ်ခါတစ်လေ အိမ်ပြန်နောက်ကျတတ်တယ်။ အသက် ၂၀ ကျော် အရွယ်ဆိုတော့လည်း သူငယ်ချင်းတွေနဲ့ သွားတာလာတာရှိတယ်။ ဘယ်ကိုမှတော့ ဟိုဟိုဒီဒီမသွားဘူး။ ညအိပ်ညနေလည်း မနေဘူး။ တနင်္ဂနွေနေ့ ပြန်လာလို ပြန်လာငြား စောင့်သေးပေမယ့် ပြန်မလာတော့ အဖေနဲ့ ညီမလေး က ကျောင်းကိုလိုက်သွားပြီး စာမေးပွဲဖြေနေတဲ့ သူ့သူငယ်ချင်း နှစ်ယောက်ကိုမေးတယ်။ စနေနေ့ ကတည်းက မင်္ဂလာဒုံကနေ ရန်ကုန်ဘက်သွားတဲ့ ၃ နာရီ ရထားနဲ့ တင်ပေးလိုက်တယ်တဲ့။ သူတို့ဆီကတော့ အဲဒီလောက်ပဲ သိရတော့တယ်။ အဲဒီနေ့မှာတော့ သူသွားတတ်၊ လာတတ်တဲ့ အိမ်လေးတွေကိုပဲ သွားစုံစမ်းတယ်။ အင်္ဂါနေ့မှာတော့ ကျွန်မသူငယ်ချင်းတစ်ယောက်ကို ခေါ်ပြီး တံတားလေး နေ့ဈေး ဘူတာဘက်သွားစုံစမ်းမိတယ်။ အဲဒါကလည်း စနေ့နေ့က ယဉ်တိုက်မှု ဖြစ်တယ်ဆိုတဲ့ အသံလေး ကြားလို့။ ကျွန်မမောင်လေးကလည်း အဲဒီနေ့က ပျောက်သွားတယ်ဆိုတော့ ဖြစ်လို့ဖြစ်ငြား သွားစုံစမ်းတာပါ။ ရုံပိုင် ကြီးကို မေးကြည့်တော့ ဖြစ်တာတော့ ဟုတ်တယ်။ သူ့မှာ သက်သေဘာမှ မရှိဘူး။ သေသေချာချာ မမှတ်မိလိုက်ဘူး။ လွယ်အိတ်လေးတစ်လုံးပါတာကိုတော့ သူပြောတယ်။ အမှုပိုင်းဆိုင်ရာ လုပ်တဲ့သူရှိလားလို့ မေးတော့ ရဲစခန်းက ဓာတ်ပုံလာရိုက်သွားတယ်တဲ့။ မြောက်ဥက္ကလာ မြရတာရဲစခန်းက မှုခင်းမှုရာ အကုန်ယူသွားတယ်ဆိုလို့ လိုက်သွားတယ်။ စခန်းမှူးမရှိဘူးဆိုလို့ ဒုရဲအုပ်နဲ့ တွေ့ခွင့်ရတယ်။ ဘာဖြစ်လို့လဲလို့  မေးတော့ သမီးကို တစ်ခုလောက် အကူအညီပေးပါဆိုပြီး အကူအညီတောင်းကြည့်တယ်။ ၂၇ ရက် စနေနေ့က တံတားလေး မှာတိုက်သွားတဲ့ ယာဉ်တိုက်မှုမှာ အတိုက်ခံရသူဟာ ကျွန်မမောင်လေးကလည်း ပျောက်နေတဲ့အတွက် တူလို့ တူငြား  ပြပေးပါဆိုတော့ သမီးမှာ ပါလာတဲ့ပုံနဲ့ သူတို့ Photo စွဲထားတာကို ပြတယ်။ ကျွန်မက မယုံကြည်သေးဘူး။ အဖေ့ကို လှမ်းခေါ်တော့ အဖေက သူ့သားဆိုတာကို ပြောတာ။ မောင်လေးမှာ လွယ်အိတ် ပါတယ်လို့။ သူတို့က ဗကဗ ဘာညာလျှောက်ပြောတော့ ကျွန်မက မဟုတ်ဘူးလို့ ဂျင်းသားအညိုရောင်လေးလို့။ အဲဒီအိတ်ကို အဲဒီဒုရဲအုပ်ကိုယ်တိုင် ထုတ်ပြတယ်။ အဲဒီအထဲမှာ ကျောင်းသားကဒ် ပါတယ်။ ကဒ်မှာ အိမ်လိပ်စာ အပြည့်အစုံလည်း ပါတယ်။ စာအုပ်က မဟာစာအုပ်။ ကျွန်မတို့ရုံးက ထုတ်ပေးထားတဲ့ စာအုပ်လေးလဲ ပါတယ်။ နောက်ကျောမှာ လင်းအောင် ဖုန်းနံပါတ်ရယ် ။ တခြားသူငယ်ချင်း တစ်ယောက်ရဲ့ ဖုန်းနံပါတ်ရယ် ကျွန်မဖုန်းနံပါတ်ပါ ရေးထားတယ်။ အဲဒါတွေကို မဆက်သွယ်ဘဲနဲ့ ကျွန်မတို့တွေ့မှ ဒါဟုတ်လား။ ဟုတ်ရင် ရင်ခွဲရုံမှာ ဆိုတော့ ဖေကြီးက သွားကြည့်တယ်။ မောင်လေးဟုတ်တယ်။ ပိုင်ရှင်မဲ့ဆိုပြီး သူတို့က လုပ်ထားတယ်။´ လို့ ပြောပါတယ်။
          ဒီလိုဆက်သွယ်လို့ ရတဲ့ဖုန်းနံပတ်တွေ လိပ်စာတွေ ပါတာကို ပိုင်ရှင်မဲ့ပုံစံ လုပ်ထားရခြင်းနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ပါသလားလို့ မခိုင်သဇင်မိုးအား ထပ်မံမေးမြန်းမိရာ `အမှုအခင်းဖြစ်တဲ့ နေရာမှာ စခန်းမှူးကိုယ်တိုင် စစ်ဆေးပါတယ်လို့ ပြောတယ်။ လွယ်အိတ်ကို သွန်ချတဲ့အခါမှာ ကျောင်းသားကဒ်က ပထနှစ်က ကဒ်နဲ့ ဒီနှစ်ကဒ် နှစ်ကဒ်ရှိတယ်။ ဒါတောင် စခန်းမှူးက မသိဘူးလား။ စခန်းမှူးဆိုတာ ကျွန်မတို့ သိသလောက်တော့ စခန်းမှာ အကြီးဆုံးပဲလေ။ထိုနေ့က ရှာဖွေတွေ့ရှိခြင်းမရှိဘူးလို့ပြောတယ်´ဟု ပြန်လည်ဖြေကြားပါတယ်။

          ၎င်းတို့၏ မောင်လေးကို သေဆုံးပြီး ၄ ရက်အကြာ ၃၀.၁၀.၂၀၁၂ ရက်နေ့ကမှ သိရှိခွင့်ရခဲ့ပြီး ၃၁.၁၀.၂၀၁၂ ရက်နေ့တွင် ရေဝေးသုဿာန်တွင် မီးသဂြိုလ်လိုက်ကြောင်း သိရသည်။ ထိုနေ့က သေဆုံးသူ၏ ရုပ်ကလပ်ကို မိသားစုနှင့် ရင်းနှီးကျွမ်းဝင်သူ တစ်ဦးမှ ဓာတ်ပုံမှတ်တမ်း ရိုက်ယူထားရာ နဖူးတွင် ရိုက်နှက်ဒဏ်ရာဟု ယူဆရသော ဒဏ်ရာကို အထင်အရှားတွေ့မြင်ရသည်။ ထိုသို့မိသားစုမှ စုံစမ်းသိရှိပြီးကာမှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ကြော်ငြာပုံသဏ္ဍာန်ဖြင့် ဘူတာရုံတွင် လာကပ်သော ဓာတ်ပုံမှတ်တမ်းတွင် နဖူးပေါ်တွင် ဒဏ်ရာဒဏ်ချက်မပေါ်ဘဲ ဖြစ်နေသည့်အပေါ် သေဆုံးသူကျောင်းသား၏ ဖခင်မှ ၎င်း၏ သား သေဆုံးမှုမှာ ရိုးရိုးသားသား မဖြစ်နိုင်ကြောင်း သံသယဖြစ်ဖွယ်ယူဆမိသည်။
          သေဆုံးပြီး တိုက်ရိုက်ဆက်သွယ်ပြောကြားခြင်း မရှိသည့်အပြင် ဓာတ်ပုံမှတ်တမ်း နှစ်ခုမှာ ကွဲလွဲနေသည့်အပေါ် ၎င်းတို့အနေဖြင့် ဆုံးရှုံးခဲ့ပြီးဖြစ်သော သား/မောင်အတွက် မည်သို့မျှ တတ်နိုင်တော့မည် မဟုတ်သော်လည်း ဖြစ်စဉ်နှင့်ပတ်သက်၍ သေသေချာချာ သိရှိရခြင်းမရှိဘဲ အမျိုးမျိုးပြောဆိုနေခြင်းအပေါ် သံသယဖြစ်နေကြရခြင်း ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ `သဂြိုလ်တဲ့နေရကဒုရဲအုပ်အောင်မြင့်ဦး အဖေ့ကို လွယ်အိတ်ပြန်ပေးမယ်လို့ ကတိပေးတယ်။ ကျွန်မကို အဖေယူခိုင်းလို့ သွားယူတော့ စခန်းမှူး ဦးညီညီလွင်က တရားဖြေရှင်းဖို့လိုအပ်တဲ့အတွက် မပေးနိုင်ပါဘူးလို့ ပြောတယ်။ ကျွန်မတို့လည်း နားမလည်ဘူး။ မောင်လေးရဲ့ ပစ္စလေးတွေကို ကြည့်ချင်ပါသေးတယ်ဆိုတော့ စခန်းမှူးကိုယ်တိုင်ပဲ အိတ်ထဲကနေ သွန်ပြတယ်။ စာအုပ်နဲ့ ကျောင်းသားကဒ်က သက်သက် လွယ်အိတ်ကိုခေါက်ထားတယ်။ မောင်လေးမှာ ပါသွားတဲ့လက်စွပ်ကတော့ မရှိတော့ဘူး။ ´လို့ ပြောပါတယ်။



          လက်စွပ်မှာ မောင်းကွင်းလေးသာ ဖြစ်ပြီး တန်ဖိုးမများလှကြောင်း တပ်မတော် အငြိမ်းစား ဖခင်ဖြစ်သူ ကရှင်းပြပါတယ်။ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရတပ်ဖွဲ့ဝင်များက မည်သို့ရှင်းပြကြောင်း မေးမြန်းကြည့်ရာ ` တမျိုးစီပြောကြတယ်။ ဘူတာပိုင်က ပြောတော့ သေသွားသူက ခြေထောက်ကြီး နှစ်ချောင်းက ထောင်နေတာတဲ့။ ရဲစခန်းရောက်သွားတော့ စခန်းမှူးက ပြောတော့ ရထားမောင်းတဲ့သူက ပြေးသွားတာကို မြင်တယ်တဲ့။ အမျိုးမျိုးပြောကြပါတယ်။ အခုချိန်အထိတော့ အမှန်တရားမသိသေးပါဘူး။´လို့ ရှင်းပြပါတယ်။
          ဒီလိုကိစ္စမျိုးမှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ကူညီပါရစေဟု ပြောဆိုထားချက်နှင့်အညီ သေဆုံးသူတွင် ဆက်သွယ်ရန် လိပ်စာများ ၊ ဖုန်းနံပါတ်များ ပါရှိနေသည်ကို မဆက်သွယ်ဘဲ ပိုင်ရှင်မဲ့ ဆောင်ရွက်ခဲ့ခြင်း အပေါ်လည်း ၎င်းတို့၏ သားအနေဖြင့် ဆုံးရှုံးခဲ့ရပြီးဖြစ်တဲ့အပေါ်မှာ မည်သူ့ကိုမှ ၀န်ထုပ်ဝန်ပိုးမဖြစ်စေချင်သော်လည်း ထိုသို့လုပ်ကိုင်ဆောင်ရွက်ရန် မသင့်ကြောင်း ပြောဆိုလာကြပါတယ်။ ရဲတပ်ဖွဲ့မှ ကြော်ငြာကပ်မည့် ဓာတ်ပုံမှတ်တမ်းတွင် သေဆုံးသူ မောင်ငြိမ်းဇံဖြိုး၏ နဖူးပြင်ပေါ်က ဒဏ်ရာကို မတွေ့ရှိရဘဲ သဂြိုလ်သည့်နေ့က မိသားစုဝင်များ ရိုက်ကူးရရှိခဲ့သော ဓာတ်ပုံတွင် နဖူးပြင်ပေါ်၌ ရိုက်နှက် ဒဏ်ရာသဖွယ် တွေ့မြင်ရခြင်းအပေါ် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ မီးရထားတိုက် သေဆုံးဟု ဆိုထားသော်လည်း ၎င်းတို့အနေဖြင့် အခြေအနေမှန်ကို လုံးဝသိရှိရခြင်း မရှိသည့်အပေါ် ယူကြုံးမရ ဖြစ်နေကြရသည်။ ပိုင်ရှင်မဲ့ ကြော်ငြာကိုလည်း သွားရောက်စုံစမ်း သိရှိပြီးကာမှ ဘူတာရုံတွင် လာကပ်ကြောင်း သိရသည်။

The Season News

ရန်ကုန်တက္ကသိုလ်တွင် အွန်လိုင်းစာကြည့်တိုက် တည်ထောင်မည်



ရန်ကုန်၊ နိုဝင်ဘာ ၁


ရန်ကုန် တက္ကသိုလ်တွင် ပြည်တွင်းပြည်ပ တက္ကသိုလ် များနှင့် အချက်အလက် များ ဖြန့်ဖြူး နိုင်ရန် အတွက် အွန်လိုင်း စာကြည့်တိုက် တည်ထောင်ရန် စီစဉ် ဆောင်ရွက် နေကြောင်း ရန်ကုန် တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းက The Voice Weekly သို့ ပြောကြားသည်။


အဆိုပါ အွန်လိုင်း စာကြည့်တိုက် တည်ထောင်ရန် အတွက် Open Society Foundations က ကူညီ ပေးပြီး၊ အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့ရှိ Cornell University မှ စာကြည့်တိုက် ပညာ ကျွမ်းကျင်သူ တစ်ဦး ရန်ကုန် တက္ကသိုလ် တွင် လာရောက် လေ့လာလျက် ရှိကြောင်း ၄င်းက ထပ်လောင်း ပြောဆိုသည်။


"အွန်လိုင်း ကဆိုတော့ အချိန်နဲ့ငွေကုန် သက်သာ တာပေါ့။ သုတေသန လုပ်သူတွေ အတွက် လည်း တစ်နေရာ တည်းမှာ ရနိုင်တယ်။ မြန်မာနိုင်ငံ က အင်တာနက် လိုင်းက မကောင်းတော့ သိပ် အကျိုး မရှိ မှာလည်း စိုးတယ်" ဟု ဖိလစ်ပိုင် နိုင်ငံတွင် အွန်လိုင်း တက္ကသိုလ် တစ်ခုကို မြန်မာနိုင်ငံ မှ သင်ကြား နေသူ အသက် ၂၅ နှစ်အရွယ် လူငယ် တစ်ဦးက ပြောသည်။


ယခုလက်ရှိတွင် ရန်ကုန် တက္ကသိုလ် အနေနှင့် အကြီးစား ပြင်ဆင်မှုများ ပြန်လည် ပြင်ဆင် နေသည့် အပြင် နိုင်ငံခြား တက္ကသိုလ်များ ၊ အဖွဲ့အစည်း များနှင့် ချိတ်ဆက်ကာ သုတေသန လုပ်ငန်းများ ၊ ဧည့် ပါမောက္ခများ လာရောက် သင်ကြားရေး အစီအစဉ် များ ပြန်လည် စတင် နေကြောင်း ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ထံမှ သိရသည်။
ရန်ကုန်တက္ကသိုလ်တွင် အွန်လိုင်းစာကြည့်တိုက် တည်ထောင်မည်

ရန်ကုန်၊ နိုဝင်ဘာ ၁


ရန်ကုန် တက္ကသိုလ်တွင် ပြ...

"တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် တိုင်းနှင့် ပြည်နယ် အသီးသီးမှ တရားသူကြီးချုပ် များတွေ့ဆုံ "


ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီးတွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ မှ ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည်နှင့် တရားစီရင်ရေးကော်မတီ မှ ဥက္ကဌ သူရဦးအောင်ကို တို့မှ ပြည်နယ် နှင့်တိုင်း မှ တရားသူကြီးချုပ်များနှင့် တွေ့ဆုံနေကြောင်း သိရသည်။အဆိုပါတွေ့ဆုံပွဲတွင် ဒေါ်အောင
်ဆန်းစုကြည်က ဥပဒေရေးရာကိစ္စများတွင် တရားရေးမဏ္ဍိုင် ယိမ်းယိုင် တိမ်းစောင်းနေခြင်း၊လာဘ်ပေးလာဘ် ယူမှု များရှိနေခြင်းကို စီမံချက် တစ်ခု အနေဖြင့်ပပျောက်ရန် စီမံချက် တစ်ခု အနေဖြင့် ရှေ့ဆက် ပြောကြားနေကြောင်းသိရသည်။
တက်ရောက်သော တရားသူကြီးချုပ်များစာရင်းတွင် ဦးတူးဂျာ(ကချင်)
ဦးကျော်လင်းမောင် (ကယား)၊ဦးစောစံလင်း( ကရင်)၊ဦးမြင့်ကျော်(ချင်း)၊ဦး
စန်းကို(စစ်ကိုင်း)၊ဦးမြင့်ဝင်း (တနင်္သာရီ) ဦးစိန်ထွန်း (မကွေး) ဦးစိုးသိန်း(မန္တလေး) ဦးခင်မောင်ကြီး (မွန်) ဦးကျောက်(ရခိုင်) ဦးဝင်းဆွေ(ရန်ကုန်) ဦးကြွယ်ကြွယ်(ရှမ်း)ဦးသန်းထွန်း(ဧရာဝတီ) တို့ဖြစ်ကြောင်းသိရသည်။
Timeline Photos
"တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် တိုင်းနှင့် ပြည်နယ် အသီးသီးမှ တရားသူကြီးခ...
လှိုင်သာယာစက်မှုဇုန် အလုပ်သမားများ လုပ်ခလစာတိုးမြှင့်ရေး ဆန္ဒဖော်ထုတ်မှုအား မေလ ၂၂ ရက်တွေ့ရစဉ်

ဆည်းပူးလေ့လာ၊ နိုင်ငံရေးပညာ

ဆည်းပူးလေ့လာ၊ နိုင်ငံရေးပညာ
အခန်း (၃)
နိုင်ငံရေးအိုင်ဒီရော်လော်ဂျီများ (အပိုင်း - ၁)

နိဒါန်း

အိုင်ဒီရော်လော်ဂျီဆိုတဲ့ စကားလုံးကို (၁၈) ရာစုနှောင်းပိုင်းမှာ ပြင်သစ်ပညာရှင် Antonie Destutt de Tracy က Eléments d'Idéologie ဆိုတဲ့ ပရောဂျက်မှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ De Tracy က အိုင်ဒီရော်လော်ဂျီဆိုတာကို အတွေးအခေါ်များ၏ သိပ္ပံ (science of ideas) အဖြစ် ညွှန်းဆိုခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ဇီဝဗေဒ (ဘိုင်အိုလော်ဂျီ) ကဲ့သို့သော သိပ္ပံပညာရပ်တခုအဖြစ် အိုင်ဒီရော်လော်ဂျီဆိုတဲ့ သိပ္ပံပညာရပ် ပေါ်ထွက်လာစေရန်ဖြစ်ပါတယ်။ သို့ပေမယ့် (၁၉) ရာစု ကာလရောက်တော့ နိုင်ငံရေးဆိုင်ရာ စကားလုံးတရပ်အဖြစ် အသွင်ကူးပြောင်းသွားခဲ့ပါတယ်။ (၁၈၄၆) ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ The German Ideology ဆိုတဲ့ စာအုပ်မှာ မာ့စ်နဲ့ အိန်ဂယ်လ် တို့က အိုင်ဒီရော်လော်ဂျီရဲ့ သဘောတရားများကို စတင်ဖော်ပြခဲ့ပါတယ်။ အရင်းရှင်တွေရဲ့ bourgeois ideology ဟာ သွေးစုပ်ခြယ်လှယ်ခံရသူတွေအကြားမှာ delusion (သို့မဟုတ်) false consciousness ဖြစ်ပွားစေပြီး၊ သွေးစုပ်ခြယ်လှယ်နေမှုကို သတိမထားမိစေရန် ဖုံးကွယ်ထားကြောင်း မာ့စ်ဝါဒက ဖော်ပြထားပါတယ်။

အိုင်ဒီရော်လောဂျီဆိုတဲ့ စကားလုံးကို လစ်ဘရယ်ဝါဒီများကလဲ အသုံးပြုထားကြပါတယ်။ Karl Popper, J. Talmon နဲ့Hannah Arendt ဆိုသူတို့က အိုင်ဒီရော်လော်ဂျီဆိုတာကို နာခံမှုနဲ့ လိုက်နာ ဆောင်ရွက်မှုတွေပြုလုပ်ရန် ဖန်တီးထားတဲ့ လူမှုထိန်းချုပ်ရေး ကိရိယာတခုအနေနဲ့ ရှုမြင်သုံးသပ် ကြပါတယ်။ Michael Oakeshott စတဲ့ ကွန်ဆာဗေးတစ်ဝါဒီများကတော့ အိုင်ဒီရော်လော်ဂျီတွေဟာ စိတ်ကူးယဉ်အတွေးအခေါ်စနစ်တွေဖြစ်ပြီး၊ political reality နဲ့ ကင်းကွာကြောင်း ယူဆထားကြပြီး၊ ကွန်ဆာဗေးတစ်ဝါဒကို အိုင်ဒီရော်လော်ဂျီအဖြစ် မရှုမြင်ပဲ disposition အနေနဲ့ ရှုမြင်ဖို့ လိုအပ်ကြောင်း ဆိုထားကြပါတယ်။

ဒါကြောင့် အိုင်ဒီရော်လော်ဂျီနဲ့ ပတ်သက်ပြီး၊ ၀ါဒအမျိုးမျိုးကနေ ရှူမြင်ပုံတွေ ကွဲပြားပါတယ်။ မာ့စ်က သူ့ရဲ့အတွေးအခေါ်တွေဟာ သိပ္ပံနည်းကျဖြစ်ပြီး၊ အိုင်ဒီရော်လော်ဂျီမဟုတ်ကြောင်း ဆိုထားပါတယ်။ လစ်ဘရယ်ဝါဒီတွေက လစ်ဘရယ်ဝါဒ (liberalism) ကို အိုင်ဒီရော်လော်ဂျီအနေနဲ့ ရှူမြင်နိုင်ကြောင်း ဆိုကြပါတယ်။ ကွန်ဆာဗေးတစ်ဝါဒီတွေက ကွန်ဆာဗေးတစ်ဝါဒ (conservatism) ကို ideological style of politics မဟုတ်ပဲ၊ ဓလေ့ထုံးစံနဲ့ သမိုင်းအစဉ်အလာတွေပေါ်မှာ အခြေခံထားတဲ့ pragmatic style of politics အနေနဲ့ ရှူမြင်ဖို့ ဆိုထားခဲ့ပါတယ်။

လူမှုသိပ္ပံပညာရပ်ကတော့ အိုင်ဒီရော်လော်ဂျီဆိုတာကို နိုင်ငံရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နိုင်တဲ့ coherent set of ideas အနေနဲ့ ရှုမြင်ထားပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုဆိုရာမှာ လက်ရှိတည်ရှိနေတဲ့ စနစ်ကို ထိန်းသိမ်းမှု၊ ပြင်ဆင်မှု၊ ဖယ်ရှားမှုဆိုင်ရာ လှုပ်ရှားမှုများ ပါဝင်ပါတယ်။ ခေတ်သစ် လူမှုသိပ္ပံပညာအရ အိုင်ဒီရော်လော်ဂျီကို နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်နိုင်သည့် အတွေးအခေါ်များ စုစည်းထားသော လှုပ်ရှားမှုဦးတည်သော ယုံကြည်မှုစနစ် (action-oriented belief system) အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ နိုင်ငံရေးပညာရှင် Seliger ဆိုသူက အိုင်ဒီရော်လော်ဂျီအားလုံးမှာ existing order ကို ကမ္ဘာ့ရှုထောင့်ကနေ ရှုမြင်သုံးသပ်မှု၊ အနာဂတ်ကမ္ဘာမှာ အသုံးပြုသင့်တဲ့ နိုင်ငံရေးသဏ္ဍာန်၊ ကောင်းမွန်သော လူ့အဖွဲ့အစည်း တည်ဆောက်မှုဆိုင်ရာအမြင်များနဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုကို မည်သို့မည်ပုံ လုပ်ဆောင်သင့်ကြောင်း အကြံပြုချက်တွေ ပါဝင်ကြောင်း ဆိုထားပါတယ်။

နိုင်ငံရေးပညာရှင် Matthew Festenstein နဲ့ Michael Kenny ဆိုသူတို့က နိုင်ငံရေးအိုင်ဒီရော်လော်ဂျီဆိုတာ ဒီမိုကရေစီ၊ နိုင်ငံတော်၊ သဘာဝ၊ ယဉ်ကျေးမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု စတဲ့နိုင်ငံရေးသဘောတရား (political concept) တွေကို ရှူထောင့်တခုချင်းစီကနေ interpret လုပ်ထားတဲ့ framework ဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။ ဥပမာအားဖြင့် ဒီမိုကရေစီဆိုတဲ့ သဘောတရားမှာ အလုပ်သမားများက ကြီးစိုးထားတဲ့ ပြည်သူ့ဒီမိုကရေစီ (people's democracy)၊ nation ကကြီးစိုးထားတဲ့ national democracy ၊ လူမှုအစုအဖွဲ့များက နိုင်ငံရေးရာဆုံးဖြတ်ချက်များမှာ ပါဝင်ပြောဆိုပိုင်ခွင့်ရှိတဲ့ pluralist democracy ၊ လူအများပါဝင်မှုကို ကန့်သတ်ထားတဲ့ elitist democracy နဲ့ ကိုယ်စားပြုဒီမိုကရေစီ စပြီး အမျိုးအစားများစွာ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး Communism ဆိုတဲ့ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီက ပြည်သူ့ဒီမိုကရေစီကို interpret လုပ်ထားပြီး၊ Liberalism ဆိုတဲ့ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီကတော့ ကိုယ်စားပြုဒီမိုကရေစီကို interpret လုပ်ထားပါတယ်။

နိုင်ငံရေးအိုင်ဒီရော်လော်ဂျီ အမျိုးအစားများကို ပညာရှင်များက ခွဲခြားဖော်ပြကြရာမှာ ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ လစ်ဘရယ်ဝါဒ၊ ကွန်ဆာဗေးတစ်ဝါဒ၊ ဖက်ဆစ်ဝါဒ စတာတွေပါဝင်တဲ့ linear spectrum၊ ဆိုရှယ်ဒီမိုကရေစီ၊ လက်က်ျာသစ်၊ လက်ဝဲသစ်နဲ့ မင်းမဲ့အရင်းရှင်ဝါဒ စတာတွေ ပါဝင်တဲ့ alternative spectrum၊ အမျိုးသားကွန်မြူနစ်ဝါဒ၊ နိုင်ငံတကာကွန်မြူနစ်ဝါဒ၊ အမျိုးသားဆိုရှယ်လစ်ဝါဒ၊ နိုင်ငံတကာဆိုရှယ်လစ်ဝါဒ၊ လူမှုဒီမိုကရက်တစ်ဝါဒ၊ လူမှုရီပတ်ပလီကန်ဝါဒ၊ အရင်းရှင်ဒီမိုကရက်တစ် ၀ါဒ၊ အရင်းရှင်ရီပတ်ပလီကန်ဝါဒ၊ တိုးတက်သောနီရိုလီဘရယ်ဝါဒ၊ ကွန်ဆာဗေးတစ် နီရိုလစ်ဘရယ်ဝါဒ၊ နီရိုလစ်ဘရယ်ဝါဒ၊ အမျိုးသားရေးဝါဒ၊ Fundamentalism စတာတွေ ပါဝင်တဲ့ Moral Matrix စသဖြင့် သဏ္ဍာန်အမျိုးမျိုးကွဲပြားပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၁၊ ၁၁၊ ၂၀၁၂)

The Republic of the Union of Myanmar

The Republic of the Union of Myanmar
President Office
Announcement (2/ 2012)
31 October 2012
1st Waning of Thadingyut, 1374 ME
Announcement regarding conflicts in Rakhine State
1. President Office has already issued Ann o u n c emn e t No (1/2012) that individuals and organizations who were behind the incidents in Rakhine State will be exposed and legal action will be taken against them.
2. Starting from 21 to 30 October 2012, 89 people were killed, 136 wounded and 5351 houses burnt down, leaving 32231 people homeless in the renewed waves of conflicts.
3. The conflicts between the two communi t ies showed signs of evolving into an armed violence, even threatening security forces. A total of 180 percussion lock firearms were seized in the violent incidents. Besides, actions are being taken against some arms-markers and evidences used in making arms were seized.
4. It is found that organization on the other side well prepared their activities with organized arrangements using localmade arms to commit mob threats, terrorist attacks and violence and arson attacks. It is obvious that not only political parties and organizations that made peace with the government but also some local and foreign organizations that are on the side of the other organization involved in the incidents.
5. In addressing the conflicts in a peaceful way, it is required to be wise enough to take measures that benefitboth sides in accordance with the law.
With regard to the recent incidents, all monks and people are urged to join hand with the aim of preventing the image of the State from being tarnished so that the nation can stand tall among the world nations.
6. It is announced that now is the time when the government is taking actions against those who are involved in conflicts and individuals and organizations who are behind the scene so that such kinds of incidents with the devastating impacts on lives and property of the people not occur again.

Politicide (သို့) လူ့အဖွဲ့အစည်းတစ်ခုအား နိုင်ငံရေးအရ အသေသတ်ခြင်း (အပိုင်း - ၁)


by U U Mhaw Sayar on Tuesday, October 30, 2012 at 11:13pm ·
Politicide  ဟူသည်မှာ လူ့အဖွဲ့အစည်းတစ်ခုအား လူမှုရေး ၊ နိုင်ငံရေး ၊ စစ်ရေး စသည်ဖြင့် ဘက်ပေါင်းစုံမှ ဖိအားပေးဖြိုခွင်းခြင်းအားဖြင့် ယင်းလူ့အဖွဲ့အစည်းသည် မိမိကြမ္မာ မိမိဖန်တီးနိုင်စွမ်း မရှိစေခြင်းငှာ စနစ်တကျနှင့် ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရ အသေသတ်ခြင်းမျိုးကို ဆိုလိုပေသည် ။ Politicide ကို မြန်မာမှုပြုလျှင် နိုင်ငံရေးအရ အသေသတ်ခြင်း ဟူ၍ ခေါ်ဆိုရမည်ပင် ဖြစ်သည်။


Politicide ဟူသောခေါင်းစဉ်နှင့်ပက်သက်၍ စာဖတ်သူများ ရှင်းလင်းစွာသဘောပေါက်စေရန် အလွယ်တကူ သိမြင်နိုင်သော ကမ္ဘာကျော် အစ္စရေး-ပါလက်စတိုင်းအရေးနှင့် ဥပမာပေး၍ ရေးသားပါမည် ။ အစ္စရေး-ပါလက်စတိုင်း အရေးနှင့် ပက်သက်ပြီး ဂဃနဏ မသိသူများကမူ “ ဦးဦး မှော်ဆရာ ဒီတခါလည်း ပါလက်စတိုင်းဘက်က ပါပြန်ပြီ။ အစ္စရေးက သူတို့နိုင်ငံကို သူတို့ ကာကွယ်ဖို့အတွက်ကလွဲပြီး ပါလက်စတိုင်းကို ဘာများဆိုးဆိုးရွားရွား လုပ်ခဲ့လို့လည်း” ဟု တွေးနိုင်ပါသည် ။ - ဟုတ်ကဲ့ပါခင်ဗျာ ။ အစ္စရေးနိုင်ငံ စတင်တည်ထောင်သည့် ၁၉၄၈ ခုနှစ်မှစ၍ ယနေ့ချိန်ထိ သူတို့နိုင်ငံကို သူတို့ကာကွယ်ဖို့အတွက်ရော ၊ စိတ်ကူးထဲမှ ဂျူးသမ္မတနိုင်ငံစစ်စစ်အဖြစ် ထူထောင်ဖို့ အတွက်ပါ ပါလက်စတိုင်းလူမျိုးများအပေါ်တွင် Politicide ခေါ်  နိုင်ငံရေးအရ အသေသတ်ခြင်းကို နည်းလမ်းပေါင်းစုံဖြင့် စနစ်တကျ လုပ်ဆောင်ခဲ့တယ်လို့သာ ဖြေရပါမည်။ ယခုဆောင်းပါးတွင် အစ္စရေး၏လုပ်ရပ်များ အောင်မြင်သည်၊ မအောင်မြင်ဘူးဆိုတာကို ဆန်းစစ်ဝေဖန်လိုသည်မဟုတ်ဘဲ Politicide လုပ်ခြင်း အကြောင်းကိုသာ သီးခြားဖေါ်ပြလိုသော ရည်ရွယ်ရင်းသာဖြစ်ပါသည် ။


Politicide လုပ်ခြင်းနှင့်ပက်သက်၍ ရှင်းလင်းစေရန် ခေါင်းစဉ်ခွဲ၍ ရေးသားပါမည်။

(၁) လူအဖွဲ့အစည်းတစ်စုအပေါ် ဘာကြောင့် Politicide လုပ်ရတာလဲ ?

(၂) Politicide ဘယ်လိုလုပ်တာလဲ ?

(၃) လူအဖွဲ့အစည်းတစ်စုအပေါ် Politicide လုပ်တာကို ပြည်သူတွေယုံကြည်လက်ခံအောင်
        ဘယ်လိုဝါဒဖြန့်သလဲ?

ဤ မေးခွန်းများကိုဖြေရန် အစ္စရေးနိုင်ငံကို ဥပမာပြရင်းရေးသားပါမည် ။


(၁) လူအဖွဲ့အစည်းတစ်စုအပေါ် ဘာကြောင့် Politicide လုပ်ရတာလဲ ?

ဤအချက်ကိုအရှင်းဆုံးဖြေရလျှင် လူမျိုးရေး ၊ ဘာသာရေးအရ ကွဲပြားမှုကိုအခြေခံသည့် မုန်းတီးမှုကြောင့် ဖြစ်သည်။ ထိုမှတဆင့်တက်ကာ ကိုယ့်လူမျိုးသီးသန့်သာရပ်တည်သော ကိုယ်ပိုင်ဟန်ရှိသည့်နိုင်ငံမျိုး ထူထောင်လိုသည့် (ယနေ့ခေတ်အမြင်အရ) အံ့သြစရာကောင်းသော လိုလားချက်ကြောင့် ဖြစ်သည်။





ပါလက်စတိုင်းဒေသမှ ဂျူးများအတွက်နယ်မြေအား ကုလသမဂ္ဂဆုံးဖြတ်ချက်ဖြင့် ၁၉၄၇ ခုနှစ် ၊ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် သတ်မှတ်ပေးခဲ့သည် ။ သို့ရာတွင် ၁၉၄၈ ခုနှစ်ရောက်သောအခါ ယင်းနယ်မြေမှာ ကုလသမဂ္ဂသတ်မှတ်ပေးထားသည်ထက် များစွာပင် နယ်ကျော်နေပြီဖြစ်သည် ။ ထိုစဉ်က ပါလက်စတိုင်းဒေသ တွင် အခြေချနေထိုင်သော ဂျူးတို့၏အမြင်၌ မိမိတို့အတွက် သတ်မှတ်ပေးထားရာ နယ်မြေအတွင်း အာရပ်များ မရှိစေရ ဟူ၍လည်းကောင်း ၊ ဂျူးတို့နယ်မြေတွင် မူလရှိနှင့်ပြီးသော အာရပ်နှင့်ပါလက်စတိုင်းများ လူမှုရေး အင်အားစုတစ်ရပ်အဖြစ် လည်းကောင်း၊ နိုင်ငံရေးအင်အားစုတစ်ရပ် အဖြစ်လည်းကောင်း ရပ်တည်နေခြင်းကို လက်မခံနိုင်ကြချေ ။ အစ္စရေးနိုင်ငံ၏ ဒီမိုကရေစီဆိုသည်မှာလည်း ဂျူးလူမျိုးများအတွက်သာ သီးသန့်ပြဌါန်း ထားသော လူမျိုးရေးခွဲခြားသည့် ဒီမိုကရေစီသာ ဖြစ်သည် ။




(၁၉၄၇ခုနှစ်တွင် ကုလသမဂ္ဂမှ သတ်မှတ်ပေးခဲ့သော အစ္စရေးနိုင်ငံ)




( ၁၉၄၈ခုနှစ်နောက်ပိုင်း  နယ်မြေချဲ့ထွင်ခဲ့သောအစ္စရေးနိုင်ငံ)



ဤနေရာတွင် အစ္စရေးနိုင်ငံရေးလောက၌ ရေပန်းစားခဲ့သော အဆိုနှစ်ရပ်ကို ဆွေးနွေးရန် လိုအပ်လာပေသည် ။

တစ်အချက်မှာ အစ္စရေးနိုင်ငံရေးသမားများနှင့် ပညာတတ်ပုဂ္ဂိုလ်များ၏ လက်သုံးစကားဖြစ်သော အစ္စရေးနိုင်ငံ မြေပုံပေါ်မှ ပျောက်ကွယ်သွားသည်အထိ ချေမှုန်းခံရနိုင်သည်ဟူသော အန္တရာယ်သတိပေးချက် ဖြစ်သည်။ (အမှန်တကယ်လည်း ရန်သူအာရပ်နိုင်ငံများအလယ်တွင် ရပ်တည်နေသော အစ္စရေးနိုင်ငံအဖို့ ထိုသို့သော သတိပေးချက်သည် လွန်ကျူးသည်ဟု မဆိုသာပေ)


ဒုတိယအချက်မှာမူ အစ္စရေးနိုင်ငံအတွင်းရှိ ဂျူးတို့၏လူဦးရေ အချိုးအစားအရ အသာစီးရမှုသည်ပင် အစ္စရေးနိုင်ငံအား ဂျူးနိုင်ငံဖြစ်သည်ဟူသော အမျိုးသားရေးလက္ခဏာဖြစ်ရာ၊ လူဦးရေအချိုးအစား၌ ဂျူးတို့လျော့နည်းလာသည်နှင့်အမျှ အစ္စရေးနိုင်ငံမှ ဂျူးတို့၏ လူမျိုးရေးစရိုက်လက္ခဏာများ တိမ်းပါး သွားနိုင်သည်ဟူသော အယူအဆဖြစ်သည် ။


ယင်းအချက်နှစ်ချက်ကို ပြန်လည်ပေါင်းစပ်လိုက်သော် အစ္စရေးနိုင်ငံတွင်း၌ ဂျူးတို့၏လူဦးရေအချိုးအစား လျော့ပါးလာခြင်းသည်ပင် အစ္စရေးနိုင်ငံ လုံးဝပျက်သုဉ်းခြင်းသို့ ဦးတည်သွားစေနိုင်သည်ဟူသော ယူဆချက် ဖြစ်သည်။ ထိုအကြောင်းကြောင့်လည်း သိမ်းပိုက်ရရှိသောအာရပ်နယ်မြေတစ်ချို့ကို ငြိမ်းချမ်းရေးအတွက်ဟု အကြောင်းပြ၍ ပြန်လည်ပေးအပ်ခဲ့သည် ။ အမှန်မှာ ထိုသိမ်းပိုက်ခံဒေသများမှ သန်းပေါင်းများစွာသော ပါလက်စတိုင်းလူမျိုးများကိုပါ အစ္စရေးနိုင်ငံသားများအဖြစ်ထည့်သွင်းခြင်းဖြင့် လူဦးရေအချိုးအစား ကွာခြားသွားနိုင် သောကြောင့် ဖြစ်သည်။


မှတ်သားဖွယ်ရာတစ်ချက်မှာ ယခင်ကတည်းက ပါလက်စတိုင်းဒေသ၌ နေထိုင်လာခဲ့သော ဂျူး လူ့အဖွဲ့အစည်းများမှာ သီးသန့်စီတည်ထောင်ထားခဲ့ခြင်းဖြစ်ပြီး ဒေသခံပါလက်စတိုင်းများနှင့် ရောရောနှောနှော မရှိခဲ့ဟူသော အချက်ဖြစ်သည် ။ နောင်တွင် ထူထောင်ကောင်း ထူထောင်နိုင်ဖွယ်ရှိသည့် ဂျူးနိုင်ငံဆိုသည်ပင် ဂျူးများအတွက်သာ သီးသန့်ဖြစ်ပြီး၊ ယင်းနယ်မြေဒေသအတွင်း မူလထဲကနေထိုင်ခဲ့ကြသည့် ပါလက်စတိုင်းများ အရေးကို လုံးဝထည့်သွင်းစဉ်းစားထားခြင်း မရှိချေ ။ ဤမျှမက အစ္စရေးနိုင်ငံမပေါ်ပေါက်မှီကတည်းက ယင်းဒေသတွင် ဂျူးလူမျိုးစုအပြင် အာရပ်လူမျိုးများပါ အခြေချနေထိုင်ခဲ့သည် ဆိုသည်ကိုပင် လုံးဝလက်မခံနိုင်ဘဲ ကျူးကျော်သူများအဖြစ်သာ ယူဆထားကြသည် ။ ဤသည်မှာပင် ယနေ့ပြဿနာများ၏ အခြေအမြစ်ဟု ဆိုကောင်း ဆိုနိုင်ပေသည် ။


၎င်းတို့၏အယူအဆအရဆိုလျှင် ဂျူးနိုင်ငံတစ်နိုင်ငံ ရှင်သန်လွတ်မြောက်ရေးဟူသည်မှာ နိုင်ငံတွင်းမှဒေသခံ ပါလက်စတိုင်းများကို အမြန်ဆုံး ရှင်းလင်းနိုင်ရေးအပေါ်တွင် မူတည်သည်ဆို၏။ တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ အစ္စရေးစစ်ဦးအရာရှိချုပ် မိုရှေယာလွန်က ပါလက်စတိုင်းတို့အား ကင်ဆာရောဂါနှင့်တူသည်ဟု ခိုင်းနှိုင်းခဲ့သည်။ ၄င်းပြင် သိမ်းပိုက်နယ်မြေများအတွင်း အစ္စရေးတို့၏ စစ်ရေးအရလုပ်ဆောင်မှုများအား ကင်ဆာရောဂါသည် များကို ကုသသည့် ကီမိုဆေးသွင်းနည်း (Chemotheraphy)
နှင့် နှိုင်းယှဉ်ခဲ့သည် ။ ၄င်းဆိုလိုသည်မှာ ပါလက်စတိုင်းတို့အား ပို၍ပြင်းထန်သော နည်းလမ်းများဖြင့် ကိုင်တွယ်သင့်သည် ဆို၏။ ဤသည်ကို ထိုစဉ်က ၀န်းကြီးချုပ်ဖြစ်သူ ရှာရွန်ကလည်း ထောက်ခံခဲ့သည် ။ ထို့ကြောင့်လည်း အစ္စရေးနိုင်ငံအတွင်းရှိ ဒေသခံပါလက်စတိုင်းတို့မှာ အခွင့်အခါကောင်းနှင့်ကြုံပါက
ပြင်းထန်စွာဖိနှိပ်ခံရရုံမျှမက နိုင်ငံအတွင်းမှပင် မောင်းထုတ်ခံရမည့် အလားအလာများ ရှိနေပေသည် ။




(ပါလက်စတိုင်းဒုက္ခသည်မြေးအဘိုးနှစ်ဦးပုံ)




The body of 6-month-old Palestinian baby Mohammed al-Borai who was killed when an Israeli aircraft blasted Hamas government offices and metal shops in the Gaza Strip late Wednesday, lays on the ground in a mosque before his funeral in Gaza City, Thursday, Feb. 28, 2008. Seventeen Palestinians and one Israeli man were killed in the last two days of fighting between Israel and the Palestinians. The bloodshed threatened to worsen the ongoing violence in the area, which involves near-daily Palestinian rocket attacks from Gaza and harsh Israeli reprisals. (AP Photo/Khalil Hamra) AP
(အစ္စရေးတို့တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးရသော ပါလက်စတိုင်းကလေးငယ်)




ပါလက်စတိုင်းလူမျိုးများအပေါ် Politicide လုပ်ခဲ့ရာတွင် အလွန်ရက်စက်သည်ဟု နာမည်ကြီးသော
အစ္စရေးဝန်ကြီးချုပ်ဖြစ်ခဲ့သူ အေရီယယ် ရှာရွန်


(ဒုတိယပိုင်းဆက်လက်ဖတ်ရှုပါရန်)

ဦးဦး မှော်ဆရာ

--
Ƭнαиκƨ,


                         \\\ ///

                       /        \

                      | \\    // |

                    ( | (.)  (.) | )

----------o00o-- (_)--o00o------------
         ======ஜ۩۞۩ஜ=======
◄██▓░  Ѧя Ƨσяcɛяɛя  ░▓██►
         ======ஜ۩۞۩ஜ=======    
------------ooo0---------------------------------

               (   )        0ooo

                \ (          (   )

                 \_)         )  /
                             (_/

သမိုင်းတကွေ့မှ ဦးတင်ဧ (ရှမ်းပြည်)


By သန်းဝင်းလှိုင်

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု
သမိုင်းတွင် ရှမ်းလူထုခေါင်းဆောင်နှင့် သမိုင်းဝင်ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သော ဦးတင်ဧ (ရှမ်းပြည်)အား ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ ကန်သာရပ်တွင် အဖရှမ်းတိုင်းရင်းသား ဦးဝိုင်း၊ အမိအင်းတိုင်းရင်းသူဒေါ်သွယ်တို့မှ ၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက် စနေနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းနှစ်ယောက်တွင် အကြီးဖြစ်သည်။ ငယ်မည်
မှာ မောင်ဘအေးဖြစ်သည်။
ငယ်စဉ်က အင်းလေးဟဲယာရွာမ ဆရာကြီးဦးမြ၏ မြန်မာမူလတန်းကျောင်း၊ ညောင်ရွှေမြို့ဆရာညှာ၏ မြန်မာမူလတန်းကျောင်းတို့၌ (၄)တန်းအောင်သည်အထိ ပညာသင်ကြားခဲ့သည်။ ယင်းနောက် ညောင်ရွှေ အင်္ဂလိပ်-မြန်မာအလယ်တန်းကျောင်း၊ တောင်ကြီးအေဘီအမ်အထက်တန်းကျောင်
းတို့တွင် ဆက်လက်ပညာသင်ယူ ခဲ့သည်။ ငယ်စဉ်ကပင် ဉာဏ်ပညာထူးထူးချွန်ထက်မြက်၍ စာမေးပွဲတိုင်းတွင် ပထ မဆင့်မှအောင်သည်။ အ လယ်တန်းအောင်စဉ်က ရှမ်းပြည်နယ်အစိုးရ၏ ထောက်ပံ့ကြေးရသည်။ ၁၉၃၄ တွင် (၁၀) တန်းစာမေးပွဲကို ထူး ထူးချွန်ချွန်အောင်မြင်၍ ရှမ်းပြည်နယ်အစိုးရ၏ ထောက်ပံ့ကြေးထပ်မံရရှိသည်။
၁၉၃၄ တွင် ရန်ကုန်တက္ကသိုလ်တွင်ဆက်လက်ပညာ
သင်ကြားရာ ၁၉၄၀ ပြည့်နှစ်တွင် မြန်မာစာဂုဏ်ထူးတန်း၊ ပထမဆင့်ဖြင့် ဝိဇ္ဇာဘွဲ့(B.A) အောင်ခဲ့သည်။ ထိုစဉ်က ဒုတိယကမ္ဘာစစ်မတိုင်မီ ရန်ကုန်တက္ကသိုလ် တွင်မြန်မာစာဂုဏ်ထူးတန်း ပထမဆင့်ဖြင့်အောင်ခဲ့သူမှာ (၄)ဦးသာရှိပြီး ယင်းတို့မှာ မောင်စိန်တင် (သိပ္ပံမောင်ဝ)၊ မောင်ဝန် (မင်းသုဝဏ်)၊ မောင်လှဖေ၊ မောင်တင်ဧ (ဦးတင်ဧ – ရှမ်းပြည်) တို့ဖြစ်သည်။
၁၉၄၀ မှ ၁၉၄၂ ထိ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနနည်းပြအဖြစ်အမှုထမ်း၍ မဟာဝိဇ္ဇာတန်းဆက်တက်ခဲ့သည်။ စစ်ကြောင့် မဟာဝိဇ္ဇာ စာမေးပွဲကို မြန်မာစာပါမောက္ခ ဦးဧမောင် (တက္ကသိုလ်မောင်သန့်စင်) က ကျိုက်လတ်မြို့တွင်ကျင်းပရာ ဖြေဆိုရန်အသွား ကျန်းမာရေးချို့ ယွင်း၍ မဖြေဖြစ်တော့ချေ။ ထိုစဉ်က မဟာဝိဇ္ဇာစာမေးပွဲဖြေဆိုအောင်ြ
မင်ခဲ့သူမှာ မောင်မောင်ကြီး (နောင်မြန်မာစာပါမောက္ခ တက္ကသိုလ် မောင်မောင်ကြီး) ဖြစ်သည်။
တက္ကသိုလ်ကျောင်းသားဘဝတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအသင်းဝင်၊ ရှမ်းပြည်ကျောင်းသားများတည်ထော
င်သူနှင့် ဥက္ကဋ္ဌ၊ လူငယ်များကြီးပွားရေးအသင်းဝင်၊ နဂါးနီစာအုပ်အသင်းဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။
လက်ဝဲဝါဒစာအုပ်များကိုလေ့လာ၍ လက်ဝဲဝါဒကို စိတ်ညွတ်ခဲ့သည်။ ၁၉၃၆ ဖေဖေါ်ဝါရီ ၂၅ တွင်ဖြစ်ပွားခဲ့သော ဒုတိယကျောင်းသား သပိတ်တွင်ပါဝင်၍ သပိတ်အပြီးတွင် ဇာတိညောင်ရွှေမြို့၌ အလင်းရောင်စာကြည့်တိုက်ကို ဦးဆောင်ဖွင့်လှစ်ခဲ့သည်။ စာကြည့်တိုက်တွင် ဟောပြောပွဲ၊ ဆွေးနွေးပွဲများ မကြာခဏကျင်းပကာ ရှမ်းပြည်တွင်စနစ်ကျသော ပထမဆုံးစာကြည့်တိုက်အဖြစ် မှတ်တမ်းတင်ရစ်ခဲ့သည်။
စာပေဝါသနာထုံ၍ ရွှေနှင်းဆီ၊ တင်ဧ (ရှမ်းပြည်) ကလောင်ကွဲများဖြင့် တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း၊ အိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေးမဂ္ဂဇင်းတို့တွင် ပါဝင်ရေးသားသည်။ ထို့ပြင် ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်းတွင် ၁၉၄၀ မှ ၁၉၄၁ ထိ မြန်မာစာ စာတည်းအဖြစ်ဆောင်ရွက်ခဲ့သည်။
၁၉၃၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဟဲဟိုးမြို့ သနပ်ဖက်ပွဲစားကြီး ဦးခေါင်နှင့် ဒေါ်ဒေါ်မျှင်တို့၏သမီးငယ် မဧတင်နှင့် လက်ထပ် ခဲ့သည်။
ဂျပန်ခေတ် (၁၉၄၂-၄၅)တွင် ဗိုလ်ချုပ်အောင်ဆန်း၏တာဝန်ပေးချ
က်အရ ရှမ်းပြည်နယ်ဗဟိုစစ်သားစု ဆောင်းရေးအဖွဲ့ဝင်၊ တောင်ကြီး အာရှ လူငယ်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျပန်ခေတ် လယ်ယာစိုက်ပျိုးရေးဝန်ကြီး သခင်သန်းထွန်းနှင့်ဆက်သွယ်၍ ဖက်ဆစ်တော်လှန်ရေး ရှမ်းပြည်နယ်နိုင်ငံရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။
စစ်ပြီးခေတ် ၁၉၄၆ ဇန်နဝါရီလ ၁၇ မှ ၂၃ ရက်အထိ ရွှေတိဂုံစေတီတော်အလယ်ပစ္စယံတွင် ကျင်းပခဲ့သည့် ဖဆပလနိုင်ငံလုံးဆိုင်ရာညီ လာခံတွင် ရှမ်းပြည်လူငယ်နိုင်ငံရေးသမားမျ
ားကို ဦးဆောင်၍တက်ရောက်ခဲ့သည်။ ညီလာခံအပြီးတွင် သခင်စိုး၊ ကိုသိန်းဖေ (သိန်းဖေမြင့်)၊ သခင်တင်မြတို့ပို့ချသော လက်ဝဲသဘောတရား သင်တန်း တက်ရောက်ခဲ့သည်။ ဖဆပလအဖွဲ့ချုပ်ခေါင်းဆောင်များနှင့် ရှမ်းပြည်အနာဂတ် အရေး ဆွေးနွေးခဲ့သည်။
ဦးတင်ဧသည် ၁၉၄၆ ဧပြီလတွင် တောင်ကြီးမြို့လူငယ်အစည်းအရုံး
ကို ဦးဆောင်တည်ထောင်ခဲ့သည်။ ထို့ပြင် ရှမ်းပြည်လွတ်လပ်ရေး အဖွဲ့ချုပ်၏ ပညာရေးမှူးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
၁၉၄၆ မေလ ၁ ရက်တွင် တောင်ကြီးပဒေသရာဇ်ကျောင်း (ယခင်ရှမ်းစော်ဘွား သားသမီးများစာသင်ကျောင်း) ၏ ကျောင်းအုပ်အဖြစ် အမှု ထမ်းသည်။ ထိုသို့တာဝန်ထမ်းဆောင်နေစဉ်အတွ
င်း ဗိုလ်ချုပ်၏ဆန္ဒအရ ဒီဇင်ဘာ ၂၄ ရက်တွင် ဗိုလ်ချုပ်၏တောင်ကြီးလူထုတရားပွဲတွင် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ရာ နောက်တနေ့ (ဒီဇင်ဘာ ၂၅) တွင် ကျောင်းအုပ်ကြီးရာထူးမှ နုတ်ထွက်ခဲ့ရသည်။
ထို့နောက် ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ်
ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဦးတင်ဧသည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေခိုက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ် မြန်မာ့လွတ်လပ်ရေးအတွက် လန်ဒန်မြို့ အမှတ် (၁၀) ဒေါင်းနင်းလမ်းရှိ ဗြိတိ သျှနန်းရင်းဝန်ရုံး၌ ဆွေးနွေးနေစဉ်အတွင်း စော်ဘွားအချို့၏ “ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းဒေသကို ကိုယ်စားမပြု” ဟူသော ၁၉၄၇ ဇန်နဝါရီ ၂၁ ရက်တပ်ထားသောကြေးနန်းရောက်ရှိလာရာ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှအစိုးရကိုယ်စားလှယ်တို့ ဆွေးနွေး နေမှုကို အကျပ်ရိုက်ခတ်ကာ အနှောက်အယှက်ဖြစ်လာသည်။ ထိုအခြေအနေတွင် ဖဆပလအဖွဲ့ချုပ်၏အကူအညီဖြင့် ဦးတင်ဧ၊ ဦးထွန်း မြင့် (လင်းစေး) ဦးဆောင်၍ တောင်ကြီး၌ လူထုအစည်းအဝေးကျင်းပကာ ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန်ဖဆပလအဖွဲ့သို့လည်းကောင်း၊ လန်ဒန်ရှိဗိုလ်ချုပ်အောင်ဆန်းထံသို့လည်းကောင်း၊ ဗြိတိသျှနန်းရင်းဝန်အက်တလီထံသို့လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံ သည်ဆိုသော ကြေးနန်းရိုက်ကြားစာပေးပို့ခဲ့သည်။ ဤဖြစ်ရပ်၏နောက်ဆက်တွဲအဖြစ် ပြည်မနှင့်အတူ တောင်တန်းဒေသပါ လွတ်လပ် ရေးရယူလိုကြောင်း သက်သေပြသည့်အနေဖြင့် ၁၉၃၇ ဖေဖေါ်ဝါရီ ၁၂ တွင် ရှမ်းပြည်နယ်ပင်လုံမြို့၌ သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုခဲ့ရသည်။ ပင်လုံညီလာခံခေါ်ယူခဲ့ရသည်။
သမိုင်းဝင်ပင်လုံစာချုပ် အောင်မြင်စွာချုပ်ဆိုနိုင်ရေး
အတွက် ဦးတင်ဧဦးဆောင်သော ရှမ်းပြည်လွတ် လပ်ရေးအဖွဲ့ချုပ်သည် ရှမ်းပြည်သူ လူထုကို စည်းရုံးလှုံ့ဆော်ခဲ့ရသည်။ နောက်ဆုံးတွင် ပြည်ထောင်စု၏အုတ် မြစ်ပင်လုံစာချုပ်တွင် ရှမ်းပြည်လူထုကိုယ်စားလှယ်အဖြစ် ဦး တင်ဧသည် လက်မှတ်ရေးထိုးခဲ့သည်။
ထို့ပြင် ဦးတင်ဧသည် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာ
တွင် ကော်မတီအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင် ရွက်ခဲ့သည်။ ထိုနှစ် အောက်တိုဘာလတွင် ရှမ်းပြည်တိုင်းထောက်ပံ့ရေး အရာရှိ (လစာ ၁၀၀၀ ကျပ်)ပေးအပ်ရာတွင် ငြင်းပယ်ခဲ့သည်။
ရှမ်းပြည်နယ်လွတ်လပ်ရေးအဖွဲ့ချု
ပ် ဥက္ကဋ္ဌတာဝန်ကိုမူ ဆက်လက်တာဝန်ယူခဲ့သည်။ ဦးဗဆွေ၏တာဝန်ပေးချက်အရ ဗီယက်နမ်လွတ် မြောက်ရေးတိုက်ပွဲကို အကူအညီပေးရန်ကိစ္စများကို စီစဉ်ပေးခဲ့သည်။
၁၉၄၈ မေလတွင် နိုင်ငံရေးကိုစွန့်၍ ရန်ကုန်တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန ဌာနမှူး ဦးဝန် (မင်းသုဝဏ်) ၏လက် အောက်၌ လက်ထောက်စာတည်းရာထူးကို ဝင်ရောက်ဆောင်ရွက်ခဲ့သည်။ ၁၉၄၈ မှ ၁၉၅၁ ထိ လက်ထောာက်စာတည်း၊ ၁၉၅၀ မှ ၁၉၅၁ အထိ သြစတြေးလျနိုင်ငံ ပညာရေးလေ့လာသူ၊ ၁၉၅၁ မှ ၁၉၆၈ တွင် စာတည်း၊ ၁၉၅၇ မှ ၁၉၅၈ တွင် အင်္ဂလန်ပြန်အဘိဓါန်လေ့လောရေး ပညာတော်သင်။ ၁၉၆၈ မှ ၁၉၇၆ အထိ စာတည်းမှူး၊ ၁၉၇၄ မှ ၁၉၇၅ ထိ ရန်ကုန်တက္ကသိုလ် မြန်မာစာပါမောက္ခအဖြစ် ဆောင် ရွက်ခဲ့သည်။
၁၉၇၆ မှ ၁၉၇၇ ထိ မြန်မာစာအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်အဖြစ် ဆောင်ရွက်သည်။ ထို့နောက် ၁၉၇၇ တွင် မြန်မာစာအဖွဲ့ညွှန်ချုပ်အဖြစ်မှ အငြိမ်းစားယူခဲ့သည်။ အငြိမ်းစားယူပြီးနောက် ၁၉၇၇ မှ ၁၉၇၈ ထိ မြန်မာ စာအဖွဲ့အကြံပေး ဆက်လက်ဆောင်ရွက်ခဲ့သည်။
၁၉၇၈ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်ရွေးကော
က်ပွဲတွင်း ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသည်။
ယင်းနောက် ၁၉၇၈ တွင် နိုင်ငံတော်ကောင်စီဝင်အဖြစ် တာဝန်ပေးအပ်ခံရသည်။ ၁၉၈၁ နိုဝင်ဘာလ ၉ ရက်တွင် နိုင်ငံတော်ကောင်စီဝင်အဖြစ်မှ အငြိမ်းစားယူခဲ့သည်။
ဝန်ထမ်းအဖြစ်ထန်းရွက်နေစဉ် တက္ကသိုလ်များ စာအုပ်ပြုစုထုတ်ဝေရေးကော်မတီ အတွင်းရေးမှူး၊ သင်ရိုး၊ မာတိကာနှင့် ကျောင်းသုံးစာ အုပ်ကော်မတီဝင်၊ တက္ကသိုလ်များတိုင်းရင်းသားစာပေန
ှင့် ယဉ်ကျေးမှုဗဟို ကော်မတီဥက္ကဋ္ဌ၊ မြန်မာစာအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားစာပေဆုစီစစ်ရွေးချယ်ရေးကော်မတီဝင်၊ မြန်မာနိုင်ငံသုတေသနအသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
ဦးတင်ဧသည် မြန်မာနိုင်ငံသုတေသနအသင်းအတွက် ရှင်ဥက္ကံသမာလာ၏ “ဝဏ္ဏဗောဓနသတ်အင်း” ကို တည်းဖြတ်၍ မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်
တွင် သုတေသနဆောင်းပါးများ ရေးသားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံသုတေသနဆွေးနွေးပွဲနှင့် စာပေဗိမာန်စာတမ်း ဖတ်ပွဲများနှင့် စာတမ်းများ ရေးသားဖတ်ကြားခဲ့သည်။
ထို့နောက် ဦးတင်ဧသည် ၁၉၉၅ အောက်တိုဘာလ ၁၆ ရက်တွင် တောင်ကြီးမြို့ စဝ်စံထွန်းရပ်၊ မင်းလမ်းအမှတ် စ/၃ နေအိမ်၌ ကွယ်လွန် သွားခဲ့လေသည်။ ကြွင်းကျန်သောရုပ်ကလာပ်ကို တောင်ကြီးမြို့ မြို့မသုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်အေးတင်၊ သမီး တောင်ကြီးတက္ကသိုလ် သင်္ချာပါမောက္ခ ဒေါ်ခင်နေဝင်းတို့ ကျန်ရစ်ခဲ့သည်။
ဦးတင်ဧ (ရှမ်းပြည်) သည် နိုင်ငံတော်၏ကြီးလေးသောတာဝန်မျာ
းကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သောကြောင့် နိုင်ငံတော်မှချီးမြှင့်သော မော်ကွန်းဝင် (တတိယဆင့်) နှင့် နိုင်ငံဂုဏ်ရည်ဘွဲ့(ပထမဆင့်) တို့ကို ရရှိခဲ့သည်။

NLABR

Web-site: www.nlabr.com
Facebook: Sa Maung
Timeline Photos
သမိုင်းတကွေ့မှ ဦးတင်ဧ (ရှမ်းပြည်) By သန်းဝင်းလှိုင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ရှမ်...

ငြိမ်းချမ်းရေးအတွက် သမိုင်းမှတ်တိုင် စိုက်မလား၊ သမိုင်း တရားခံ အဖြစ်ခံမလာ့း


by Shwe Pyi Soe on Wednesday, October 31, 2012 at 5:55pm ·

ကျွန်တော်ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို စိတ်ဝင်တစား စောင့်ကြည့်နေမိတဲ့ နိုင်ငံသား တယောက်ပါ။ မနေ့က (၃၀.၁၀.၂၀၁၂) ရက်က ရွှေလီမှာ KIO နဲ့ မြန်မာ အစိုးရအဖွဲ့တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ကြတယ်ဆိုတော့ စိတ်ဝင်တစားနဲ့ ရလဒ်ကို အကောင်းဖက်က မျှော်လင့်မိတယ်။ Online စာမျက်နှာပေါ်က သတင်းတွေ ဖတ်လိုက်ရတဲ့ အချိန်မှာတော့ ထင်ထားတာနဲ့ တလွဲဖြစ်နေပါတယ်။


ငြိမ်းချမ်းရေးကို ငံ့လင့်နေတဲ့ နိုင်ငံသား တယောက်အနေနဲ့ မချင့်မရဲ ဖြစ်မိတယ်။ တဆက်ထဲမှာဘဲ ဒီငြိမ်ချမ်းရေး ဖော်ဆောင်ရေး (Peace Building) ကိစ္စအတွက် တိုက်ရိုက်တာဝန်ရှိနေတဲ့ နှစ်ဖက်ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးကို အောင်မြင်အောင် ဖော်ဆောင်ကြပြီး သမိုင်းမှတ်တိုင်စိုက်နိုင်တဲ့ အခွင့်အလမ်း နဲ့ တာဝန်တွေ ရှိနေကြပါလျက်နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ဖြစ်စဉ်ကို ၀င်မပါဘဲ ကိုယ်ကျိုးစီးပွါး တစုံတရာကြောင့် ရှောင်တယ်ဆိုရင်တော့ သမိုင်း တရားခံ ဖြစ်တော့မှာဘဲ လို့လည်း အတွေးဝင်မိပါတယ်။


ကျွန်တော်တို့ နိုင်ငံမှာ နှစ် ၆၀ ကျော်ကြာ ဖြစ်ခဲ့တဲ့၊ ဖြစ်နေဆဲ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေနိုင်မယ့် တနည်းအားဖြင့် ကာလကြာရှည် ဖြစ်နေတဲ့ ပြဿနာကို ပြေလည်နိုင်စေမယ့် နည်းလမ်းကို ရှာခြင်း အလုပ်ဟာ ဒီ ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ လာပြီး ဆွေးနွေး အဖြေရှာခြင်းက လွဲလို့ တခြားနည်းလမ်း မမြင်ပါဘူး။ ယခင်က ဒီအခြေနေမျိုး မဖန်တီးနိုင်ခဲ့စဉ်က အကြောင်းမဟုတ်သော်လည်း ယခု ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံးက ပြဿနာများကို စားပွဲပေါ်တင်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေး ညှိုနှိုင်းနိုင်ဖို့ အခြေနေပေးနေစဉ်မှာ အောင်မြင်အောင် လုပ်နိုင်ကြဖို့ လိုပါတယ်။


၃၀.၁၀.၂၀၁၂ ရက်နေ့မှာ ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် နှစ်ဖက်ခေါင်းဆောင်များဟာ အကြို သဘောတူ စီစဉ်ပြီးမှ KIO ဖက်က ဗိုလ်ချုပ်ဂွမ်မော် မတက်တော့ဘူးဆိုတာကို ၂၉.၁၀.၂၀၁၂ ည မှာမှ သတင်းရတယ်လို့ Facebook စာမျက်နှာတွေမှာ တွေ့ရပါတယ်။ စစ်ပွဲတွေရပ်ဖို့၊ အပစ်အခတ်တွေ ရပ်ကြဖို့ နှစ်ဖက်က စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေ ဆွေးနွေးကြရမယ့် အရေးမှာ KIO အနေနဲ့ စစ်ဖက်အတွက် တာဝန်ရှိတဲ့ ဗိုလ်ချုပ်ဂွမ်မော်က ဒီပွဲကို လာမတက်တော့ဘူးဆိုတော့ ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဘယ်မှာသွားပြီး အဓိပ္ပါယ်ရှိတော့မှာလဲ။ ဒီဆွေးနွေးပွဲကို Webcast လုပ် စောင့်ကြည့် ကြိုးကိုင်တော့ လုပ်နိုင်ပြီး တရားဝင်ဆွေးနွေးဖို့ စီစဉ်ထားတဲ့ စားပွဲဝိုင်းကိုတော့ စစ်ပွဲ အကြောင်းပြပြီး လာမတက်ဘူးလို့ Online သတင်း စာမျက်နှာမှာ တွေ့ရပါတယ်။


ငြိမ်းချမ်းရေး ဖော်ဆောင်နေကြရတဲ့ အဖွဲ့အသီးသီးက ခေါင်းဆောင်များဟာ ငြိမ်းချမ်းရေးကို တကယ်လိုလားကြတယ်ဆိုရင် အခြေနေမှန်ကို နားလည်သဘောပေါက်ပြီး ရိုးသားပွင့်လင်းကြဖို့ လိုပါတယ်။ နှစ်ဖက်ခေါင်းဆောင်တွေ ယုံကြည်မှု မတည်ဆောက်နိုင်ကြသေးတာလား။ ဒါမှမဟုတ် တည်ဆောက်နေဆဲ ကာလ မိုလို့လား။ ဒါမှမဟုတ် KIO ခေါင်းဆောင်များဟာ KNU ခေါင်းဆောင်တွေလောက် လိမ္မာပါးနပ်မှု မရှိတာလား၊ ဒါမှမဟုတ် ပါးနပ်လွန်းနေတာလား။ ကျွန်တော့်အတွက် "လား" ပေါင်းများစွာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိစ္စကို မချင့်မရဲဖြစ်ရပါတယ်။ ငြိမ်းချမ်းရေးကို မျှော်လင့်တောင့်တနေတဲ့ ကျွန်တော့်လို နိုင်ငံသားတွေရော ဒီသတင်းကြားရတဲ့ အချိန်မှာ ဘယ်လို ခံစားကြမလဲ။ ငြိမ်းချမ်းရေးကို အပူတပြင်း တောင့်တနေတဲ့ မြေဇာပင် ကချင် တိုင်းရင်းသားများ ဘယ်လို ခံစားကြမလဲ။


ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဒုဥက္ကဋ္ဌ ဦးအောင်မင်းဟာ အခု ဒီပွဲမတိုင်ခင် KIO နဲ့ ရှေ့ပိုင်း တွေ့ဆုံမှုတွေမှာ KIO က စီစဉ်တဲ့ နေရာကို ညီနောင်တိုင်းရင်းသားတွေကို ယုံကြည်စွာနဲ့ အရောက်သွားခဲ့တယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးနဲ့ နီးစပ်သူက ပြောဖူးပါတယ်။ တကြိမ်က ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အတွက် KIO က ချိန်းဆို တဲ့နေရာကို သွားတာ စစ်ပွဲဖြစ်ပြီးစအချိန် စစ်ပွဲကြောင့် ဖြစ်ရတဲ့ အနံ့ဆိုးတွေတောင် မစဲသေးတဲ့ စစ်မြေပြင်ကို ဖြတ်သွားရတယ်လို့ ဆိုပါတယ်။ ယုံကြည်မှုကို တည်ဆောက်တဲ့အခါ ကိုယ်ကစပြီး ယုံကြည်ကြောင်း ပြတဲ့အနေနဲ့ ဦးအောင်မင်းခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ အဲဒီစစ်မြေပြင်ကို လက်နက်မဲ့နဲ့ ဖြတ်ခဲ့ကြတာလို့ ဆိုပါတယ်။ ဘာမဆို ဖြစ်သွားနိုင်ချေ ရှိတဲ့ နေရာပေါ့။ ငြိမ်းချမ်းရေး အောင်မြင်ဖို့အတွက်ဆိုရင် အသက်ကိုတောင် ပဓါန မထားတော့တဲ့ ဦးအောင်မင်းနဲ့ အဖွဲ့ကို မလေးစားဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။


မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး နဲ့ သက်တမ်း အကြာဆုံး လက်နက်ကိုင်လာခဲ့ကြတဲ့ KNU ခေါင်းဆောင်များနဲ့ အခြားတိုင်ရင်းသား လက်နက်ကိုင် အဖွဲ့များဟာ ငြိမ်းချမ်းရေး ကို တည်ဆောက်နိုင်မယ့်၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့် နည်းလမ်းများကို ရှာကြံခြင်းဟာ နှစ်ဖက်တာဝန်ရှိ ခေါင်းဆောင်တွေ စားပွဲဝိုင်းမှာ မျက်နှာချင်းဆိုင် ဆွေးနွေး အဖြေရှာခြင်းမှသာ ရနိုင်စရာရှိတယ် ဆိုတာကို ကောင်းစွာ နားလည်သဘောပေါက်ကြတဲ့အတွက် အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းလာခဲ့ကြတာ အကျိုးဆက်အနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ခရီးဟာ အတော်အောင်မြင်နေတာကို အားလုံး အသိဘဲ ဖြစ်ပါတယ်။ နာတာရှည်ရောဂါကို ကုရတာ တကြိမ်တည်းနဲ့တော့ ဘယ်ပျောက်နိုင်ပါ့မလဲ။ တခါတည်းတွေ့ရုံနဲ့ အဖြေ ဘယ်ရနိုင်မလဲ။ စိတ်ရှည်နိုင်ရမယ်။ သီးခံကြရပါမယ်။ အပြစ်ဆိုစရာရှိရင်တောင် ငြိမ်းချမ်းရေးကို အထိခိုက်မခံဘဲ အပြုသဘောဆောင်ပြီး ပြောဆို အကြံပြု ကြရမယ်။ အပြန်အလှန် လေးစားမှု ရှိကြရမယ်။ ဒါမှသာ ကျွန်တော်တို့ဟာ ငြိမ်ချမ်းရေးကို အမြန်တည်ဆောက်နိုင်ပြီး နိုင်ငံတည်ဆောက်ရေးကို ၀ိုင်းဝန်း လုပ်ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။


နှစ်ဖက်စလုံးမှ တာဝန်ရှိ လူကြီးမင်းများကို မေတ္တာရပ်ခံလိုတာကတော့ လက်ရှိရှေ့တန်းမှာ ရောက်နေတဲ့ တပ်တွေကို ပြန်ရုတ်သိမ်းပေးကြပါ။ စစ်ပွဲများကို ရပ်လိုက်ကြပါ။ ငြိမ်းချမ်းရေးကို တကယ်လိုလားတယ်ဆိုရင် ငြိမ်းချမ်းရေး အတွက် မျက်နှာချင်းဆိုင် ဆွေးနွေးအဖြေရှာနိုင်မယ့် စားပွဲဝိုင်းတွေ များများဖြစ်အောင် ဖန်တီးပေးကြပါ။ ဒီ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်ဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံသားအားလုံး မျှော်လင့်တောင့်တနေတဲ့ ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းသွားပြီး တိုင်းရင်းသားအားလုံး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ဖို့ ဆိုတဲ့ အကောင်းဆုံးရလဒ်ကို ဖော်ဆောင်ပေးပေးနိုင်မယ့် သူများဟာ နှစ်ဖက် တာဝန်ရှိ လူကြီးမင်းများဘဲ ဖြစ်ကြပါတယ်။ ငြိမ်းချမ်းရေးကို ရအောင် ဖော်ဆောင်နိုင်တဲ့ အခွင့်အလမ်းနဲ့ တာဝန်များဟာ ယင်းလူကြီးမင်းများမှာသာ အပြည့်အ၀ရှိနေပါတယ်။ အခွင့်အလမ်း နဲ့ တာဝန်ရှိနေစဉ်မှာ သမိုင်းမှတ်တိုင် စိုက်နိုင်အောင် လုပ်ဆောင်ပေးကြပါ။ လုပ်နိုင်ပါလျှက်နဲ့ လုပ်ခွင့်ရနေပါလျှက်နဲ့ ဖြစ်အောင်မလုပ်ပေးခဲ့ရင်တော့ လူကြီးမင်းတို့ဟာ သမိုင်းတရားခံ ဖြစ်သွားပါလိမ့်မယ်။


လူကြီးမင်းအနေနဲ့ လူကြီးမင်းရဲ့ တိုင်းရင်းသားများကို ငြိမ်းချမ်းစေလိုပါသလား၊ လူကြီးမင်းရဲ့ ပြည်နယ်/နိုင်ငံကို ငြိမ်းချမ်းစွာနဲ့ ဖွံ့ဖြိုးတိုးတက်စေလို ပါသလား။ တဖက်က တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးညှိနှိုင်း အဖြေရှာပါ။ ဒါမှသာ ပြဿနာများကို ပြေလည်စေမယ့် နည်းလမ်းများရရှိပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် ရရှိမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို အချိန် ဘယ်လောက်အတွင်း ရအောင်ယူမယ်ဆိုတာဟာ လူကြီးမင်းတို့နဲ့သာ တိုက်ရိုက် သက်ဆိုင်နေပါတယ်။ တနည်းအားဖြင့် လူကြီးမင်းတို့ဟာ ငြိမ်းချမ်းရေးရဲ့ အရှင်သခင်များ ဖြစ်ကြပါတယ်။ ဒီ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းနိုင်စေရေး နဲ့ ငြိမ်းချမ်းရေးကို အောင်မြင်အောင် ဖော်ဆောင်ရေး ဟာ လူကြီးမင်းတို့ရဲ့ သမိုင်းမှတ်တိုင် ဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံးရဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်ပါတယ်။


နိဂုံးချုပ် အနေနဲ့ ကျွန်တော်ဟာ အပြစ်တင်လိုတဲ့ စိတ် စိုးစဉ်းမျှ မရှိကြောင်း ၀န်ခံအပ်ပါတယ်။ ငြိမ်းချမ်းရေးကို လိုလားတောင့်တနေတဲ့ နိုင်ငံသားတယောက်အနေနဲ့ နိုင်ငံသားတာဝန် ထမ်းဆောင်ခြင်းသာ ဖြစ်ပါတယ်။


ငြိမ်းချမ်းရေးအတွက် မငြိမ်းချမ်းနိုင်ကြတဲ့ ငြိမ်ချမ်းရေး ဖော်ဆောင်ရေးကို ပါဝင်ကူညီ ဆောင်ရွက်နေသူ အားလုံးအား အစဉ် ဦးညွတ်လျှက်….






ရွှေပြည်စိုး


၃၁.၁၀.၂၀၁၂
ငြိမ်းချမ်းရေးအတွက် သမိုင်းမှတ်တိုင် စိုက်မလား၊ သမိုင်း တရားခံ အဖြစ်ခံမလာ့း

ကျွန်တော်ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို စိတ်ဝင်တစား စောင့်ကြည့်နေမိတဲ့  နိုင်ငံသား တယောက်ပါ။ မ...

Road to Asia

အာဆီယံကားမောင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မေသဉ္ဇာဦး


Thursday, November 01, 2012

အနုပညာလောကမှာ ကိုယ်ပိုင် မှတ်တိုင်တစ်ခု တည်ထောင်နိုင် ခဲ့သူ မေသဉ္ဇာဦးက ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ ကျရာ ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သလို အငိုခန်းမှာလည်း
မျက်ရည် အစစ်နဲ့ ငိုခဲ့ပြီး၊ ဟာသဘက်မှာလည်း အိုဗာတွေ မလုပ်ကြောင်း
ပြောပြလာတဲ့ မေသဉ္ဇာဦးက “ဒရာမာ ဇာတ်ကားဆိုလည်း စိတ်ထဲနှလုံးထဲ သွင်းထားသလို ဟာသလည်း ဒီအတိုင်းပဲ။ အလုပ်ကို ဘယ်သောအခါမှ
ပေါ့ပေါ့တန်တန် မလုပ်ပါဘူး။ ဒီအလုပ်က ဝါသနာ ပါပြီး မြတ်နိုးတဲ့ အလုပ် ဖြစ်တဲ့အတွက် ကျရာနေရာမှာ အကောင်း ဆုံးဖြစ်အောင် လုပ်တယ်” လို့ ပြောပြခဲ့ပါတယ်။

“အိုးကြီး ၃ဝ အိုးလေး ၅ဝဝ” ဇာတ်ကားမှာ သူငယ်ချင်းတွေ စုံစုံညီညီ
ပြန်တွေ့ ရတော့ တ အားပျော်ဖို့ ကောင်းကြောင်း ရိုက်ကွင်းမှာ ရန်ကျော်နဲ့ မင်းဦး ယောင်တာကို ဟာသဖွဲ့ပြီးရယ်ကြတာလည်း ပျော်ဖို့ကောင်းကြောင်း၊
ဒီလိုမျိုး စုံစုံ ညီညီပြန်တွေ့ ဖို့ မလွယ်ကြောင်း၊ ဇာတ်ကားတွေမှာ လူများတိုင်း မကောင်းနိုင်ကြောင်း၊ အပေးအယူ ညီမျှပြီး တစ်ယောက်နဲ့ တစ်ယောက် လုပ် ကွက်တွေ ညီမျှမှကြည့်လို့ ကောင်း တာဖြစ်ကြောင်း “အိုးကြီး ၃ဝ၊ အိုးေ လး ၅ဝဝ ” ဇာတ်ကား မှ ရိုက်ကွင်း အမှတ်တရ ကို မေသဉ္ဇာဦးက ပြန်ပြောပြပါ တယ်။

အာဆီယံ ကားမောင်းပြိုင်ပွဲမှာ မြန်မာနိုင်ငံသားအနေ နဲ့ပါဝင်ယှဉ်ပြိုင် ဖို့ဘယ်အတိုင်းအတာအထိပြင်ဆင်ပြီးပြီလဲလို့မေးကြည့်တော့ မေသဉ္ဇာဦးက “ဘာမှကို မလုပ်ရသေးဘူး။ အကြောင်းလည်း မကြားသေးဘူး။ အခုစောင့်နေ တာပေါ့။ နိုဝင်ဘာ၂ဝရက်နေ့ထွက်ရမှာဆိုတော့ မကြာတော့ပါဘူး၊အကြောင်း ကြားစာတော့ ရောက်လာမှာပါ။ ကားမောင်းတာကို အသက် ၁၉၊ ၂ဝလောက်မှာ စမောင်းတယ်။ ကားကို အရှိန် ပြင်းပြင်း နဲ့ မောင်းရတာကို ကြိုက်တယ်။ အခု အဲဒီလို သွားမောင်း ရမှာ ဆိုတော့ ပျော်တာပေါ့။ တအားမောင်းပြီးပြိုင် ရတာ မဟုတ်တဲ့အတွက် အန္တရာယ် လည်း ကင်းမှာပါ။ ချစ်ကြည်ရေး ပုံစံနဲ့သွားမှာပါ” လို့ ပြောပြခဲ့ ပါတယ် ။

မေသဉ္ဇာ ဦး က ဒါရိုက်တာမိုးကြိုး ရိုက်ကူးတဲ့ “ရပ်ကွက်ထဲက ဘဝ များ” ဇာတ်ကား မှာ ဟိန်းဝေယံ၊ သဉ္ဇာဝင့်ကျော် တို့နဲ့ အတူ ပါဝင် သရုပ်ဆောင် ထားကြောင်း ပြောပြခဲ့ပါတယ်။

Popular Myanmar News Journal
အာဆီယံကားမောင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မေသဉ္ဇာဦး 
Thursday, November 01, 2012

အနုပညာလောကမှာ ကိုယ်ပိုင် မှတ်တိုင်တစ်ခု တည်ထောင်နိုင် ခဲ့သူ မေသဉ္ဇာဦးက ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ ကျရာ ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သလို အငိုခန်းမှာလည်း
မျက်ရည် အစစ်နဲ့ ငိုခဲ့ပြီး၊ ဟာသဘက်မှာလည်း အိုဗာတွေ မလုပ်ကြောင်း
ပြောပြလာတဲ့ မေသဉ္ဇာဦးက “ဒရာမာ ဇာတ်ကားဆိုလည်း စိတ်ထဲနှလုံးထဲ သွင်းထားသလို ဟာသလည်း ဒီအတိုင်းပဲ။ အလုပ်ကို ဘယ်သောအခါမှ
ပေါ့ပေါ့တန်တန် မလုပ်ပါဘူး။ ဒီအလုပ်က ဝါသနာ ပါပြီး မြတ်နိုးတဲ့ အလုပ် ဖြစ်တဲ့အတွက် ကျရာနေရာမှာ အကောင်း ဆုံးဖြစ်အောင် လုပ်တယ်” လို့ ပြောပြခဲ့ပါတယ်။

“အိုးကြီး ၃ဝ အိုးလေး ၅ဝဝ” ဇာတ်ကားမှာ သူငယ်ချင်းတွေ စုံစုံညီညီ
ပြန်တွေ့ ရတော့ တ အားပျော်ဖို့ ကောင်းကြောင်း ရိုက်ကွင်းမှာ ရန်ကျော်နဲ့ မင်းဦး  ယောင်တာကို ဟာသဖွဲ့ပြီးရယ်ကြတာလည်း ပျော်ဖို့ကောင်းကြောင်း၊
ဒီလိုမျိုး စုံစုံ ညီညီပြန်တွေ့ ဖို့ မလွယ်ကြောင်း၊ ဇာတ်ကားတွေမှာ လူများတိုင်း မကောင်းနိုင်ကြောင်း၊ အပေးအယူ ညီမျှပြီး တစ်ယောက်နဲ့ တစ်ယောက် လုပ် ကွက်တွေ ညီမျှမှကြည့်လို့ ကောင်း တာဖြစ်ကြောင်း “အိုးကြီး ၃ဝ၊ အိုးေ လး ၅ဝဝ ” ဇာတ်ကား မှ ရိုက်ကွင်း အမှတ်တရ ကို မေသဉ္ဇာဦးက ပြန်ပြောပြပါ တယ်။ 

အာဆီယံ ကားမောင်းပြိုင်ပွဲမှာ မြန်မာနိုင်ငံသားအနေ နဲ့ပါဝင်ယှဉ်ပြိုင် ဖို့ဘယ်အတိုင်းအတာအထိပြင်ဆင်ပြီးပြီလဲလို့မေးကြည့်တော့ မေသဉ္ဇာဦးက “ဘာမှကို မလုပ်ရသေးဘူး။ အကြောင်းလည်း မကြားသေးဘူး။ အခုစောင့်နေ တာပေါ့။ နိုဝင်ဘာ၂ဝရက်နေ့ထွက်ရမှာဆိုတော့ မကြာတော့ပါဘူး၊အကြောင်း ကြားစာတော့ ရောက်လာမှာပါ။ ကားမောင်းတာကို အသက် ၁၉၊ ၂ဝလောက်မှာ စမောင်းတယ်။ ကားကို အရှိန် ပြင်းပြင်း နဲ့ မောင်းရတာကို ကြိုက်တယ်။ အခု အဲဒီလို သွားမောင်း ရမှာ ဆိုတော့ ပျော်တာပေါ့။ တအားမောင်းပြီးပြိုင် ရတာ မဟုတ်တဲ့အတွက် အန္တရာယ် လည်း ကင်းမှာပါ။ ချစ်ကြည်ရေး ပုံစံနဲ့သွားမှာပါ” လို့ ပြောပြခဲ့ ပါတယ် ။

မေသဉ္ဇာ ဦး က ဒါရိုက်တာမိုးကြိုး ရိုက်ကူးတဲ့ “ရပ်ကွက်ထဲက ဘဝ များ” ဇာတ်ကား မှာ ဟိန်းဝေယံ၊ သဉ္ဇာဝင့်ကျော် တို့နဲ့ အတူ ပါဝင် သရုပ်ဆောင် ထားကြောင်း ပြောပြခဲ့ပါတယ်။

Popular Myanmar News Journal

“ အရှုံးမပေးနဲ့ မိငယ်ရေ . . ရဲရင့်မှ ကျော်ဖြတ်သွား ”

“ အရှုံးမပေးနဲ့ မိငယ်ရေ . . ရဲရင့်မှ ကျော်ဖြတ်သွား ”

ယမုံရေ . . နံနက်ခင်းရဲ့ နေခြည်အောက်မှာ
မင်းအိပ်မက်တွေများ ကျပျောက်နေခဲ့မလား
ဘ၀နဲ့ အခြေအနေကြား
မင်းသွားနေခဲ့တဲ့ခရီးဟာ တစ်ကမ္ဘာမကခဲ့
နေရာတကာမှာ မြန်မာဟဲ့ လို့ ကြွေးကျော်
မင်းအတွေးအခေါ်တွေ .. ငါ ချီးကျူးတယ်

တကယ်ပဲ မင်းဟာ ရုပ်ဆိုးသတဲ့လား
တကယ်ပဲ မင်းဟာ အကျည်းတန်သတဲ့လား
ဒါဆို မင်းကို ဘယ်သူတွေကများ Miss ဘွဲ့ပေးခဲ့သလဲ
ဒါဆို မင်းကို တလေးတစား နဲ့ ၀င်ပြိုင်ဖို့ ဘယ်သူတွေက ဖိတ်ခဲ့သလဲ
မှားယွင်းနေတဲ့ ကျိုးကြောင်းဆက်စပ်မှုတွေကြား
မင်းဟာ မြေစာပင်ဖြစ်ခဲ့ရ
ငါသနားလိုက်တာ . . . ညီမငယ် ရဲ့ ။

အလှအပဆိုတာ ဘ၀ပေးကုသိုလ်ကံပါသူငယ်ချင်းတို့ရဲ့
ငါတို့ဟာ အရာရာကိုခြုံငုံသုံးသပ်
အဖက်ဖက်က တွေးတတ်ရမယ်
သူတစ်ပါးကို လည်းဝိုင်းမနှိမ်နဲ့
သူတစ်ပါးကိုလည်း ၀ိုင်းမတိုက်ခိုက်နဲ့
သူတစ်ပါးကိုလည်း မစော်ကားမိစေနဲ့
မင်းအစား . . ငါ စိတ်မကောင်းမိဘူး ညီမငယ်ရဲ့ ။

အားပေးမှုအနည်းငယ်ကိုပဲ မင်းကိုင်ဆုပ်
အလုပ်တွေ လုပ်ပြနေလိုက်တာ တကယ့်ကို ပရိုဆန်ခဲ့
ပို့သမျှ မက်ဆေ့တိုင်းကို တလေးတစားပြန်ဖြေ
မင်းအမေက မန္တလေး သူ
ကဲ ဘယ်သူက မြန်မာမဟုတ်ဘူးပြောခဲ့သလဲ
ဘ၀ရဲ့ ဇတ်ဆရာ စေညွှန်ရာနောက်
ငါတို့ကောက်ကောက်ပါအောင်လိုက်ခဲ့ရ
ဆေးစက်ကျရာ အရုပ်ထင် .. မင်းခင်တွယ်တဲ့ အမျိုး
တို့ဟာ “ မြန်မာကွဲ့ . . မြန်မာ ”

ယမုံရေ
မုန်တိုင်းသင့်ဒေသမှာ မင်းကူညီနေတာတွေ
ငါမြင်နေရတယ်
ငါကြားနေရတယ်
ပရနဲ့ဟိတကို ညီညွှတ်စွာ ဆောင်ရွက်လို့
အားငယ်မှု အလျဉ်းမရှိ . . ဒါဏ်ရာတွေမှန်သမျှ
ပြန်လည်ချေပမှု အလျဉ်းမရှိ
မင်းကို ငါလေးစားမိတယ်

ငါတို့ပေးတဲ့ ၁၀ % ဟာ မင်းအတွက် တကယ် အဖိုးတန်မှန်း
မင်းသိတယ် . . ရိုးသား ကြိုးစားညီမငယ်
ဘယ်နေရာမှာ နေနေ ဒီမြေဒီရေ ကို မမေ့စေနဲ့
မြန်မာ့မူ မြန်မာ့ဟန် မပျောက်စေနဲ့
အမျိုးကို ခင်တွယ် တရားကို ကိုးကွယ်
အရာရာကို မင်း ခပ်လွယ်လွယ်မတွေးမှန်းငါသိတယ်
ယမုံရေ . . .
နေခြည်ဖျန်းတဲ့ ပန်းကလေးတွေ ပွင့်တော့မယ် . .

အရှုံးမပေးနဲ့ မိငယ်ရယ် . . ရဲရင့်မှ ကျော်ဖြတ်သွား . .

သက်တန့်ချို
1st Nov 2012
“ အရှုံးမပေးနဲ့ မိငယ်ရေ . . ရဲရင့်မှ ကျော်ဖြတ်သွား ” 

ယမုံရေ . . နံနက်ခင်းရဲ့ နေခြည်အောက်မှာ 
မင်းအိပ်မက်တွေများ ကျပျောက်နေခဲ့မလား 
ဘ၀နဲ့ အခြေအနေကြား 
မင်းသွားနေခဲ့တဲ့ခရီးဟာ တစ်ကမ္ဘာမကခဲ့
နေရာတကာမှာ မြန်မာဟဲ့ လို့ ကြွေးကျော်
မင်းအတွေးအခေါ်တွေ .. ငါ ချီးကျူးတယ် 

တကယ်ပဲ မင်းဟာ ရုပ်ဆိုးသတဲ့လား
တကယ်ပဲ မင်းဟာ အကျည်းတန်သတဲ့လား
ဒါဆို မင်းကို ဘယ်သူတွေကများ Miss ဘွဲ့ပေးခဲ့သလဲ
ဒါဆို မင်းကို တလေးတစား နဲ့ ၀င်ပြိုင်ဖို့ ဘယ်သူတွေက ဖိတ်ခဲ့သလဲ
မှားယွင်းနေတဲ့ ကျိုးကြောင်းဆက်စပ်မှုတွေကြား
မင်းဟာ မြေစာပင်ဖြစ်ခဲ့ရ
ငါသနားလိုက်တာ . . . ညီမငယ် ရဲ့ ။ 

အလှအပဆိုတာ ဘ၀ပေးကုသိုလ်ကံပါသူငယ်ချင်းတို့ရဲ့
ငါတို့ဟာ အရာရာကိုခြုံငုံသုံးသပ်
အဖက်ဖက်က တွေးတတ်ရမယ် 
သူတစ်ပါးကို လည်းဝိုင်းမနှိမ်နဲ့
သူတစ်ပါးကိုလည်း ၀ိုင်းမတိုက်ခိုက်နဲ့
သူတစ်ပါးကိုလည်း မစော်ကားမိစေနဲ့
မင်းအစား . . ငါ စိတ်မကောင်းမိဘူး ညီမငယ်ရဲ့ ။ 

အားပေးမှုအနည်းငယ်ကိုပဲ မင်းကိုင်ဆုပ်
အလုပ်တွေ လုပ်ပြနေလိုက်တာ တကယ့်ကို ပရိုဆန်ခဲ့
ပို့သမျှ မက်ဆေ့တိုင်းကို တလေးတစားပြန်ဖြေ
မင်းအမေက မန္တလေး သူ 
ကဲ ဘယ်သူက မြန်မာမဟုတ်ဘူးပြောခဲ့သလဲ
ဘ၀ရဲ့ ဇတ်ဆရာ စေညွှန်ရာနောက် 
ငါတို့ကောက်ကောက်ပါအောင်လိုက်ခဲ့ရ
ဆေးစက်ကျရာ အရုပ်ထင် .. မင်းခင်တွယ်တဲ့ အမျိုး
တို့ဟာ “ မြန်မာကွဲ့ . . မြန်မာ ”

ယမုံရေ 
မုန်တိုင်းသင့်ဒေသမှာ မင်းကူညီနေတာတွေ 
ငါမြင်နေရတယ်
ငါကြားနေရတယ်
ပရနဲ့ဟိတကို ညီညွှတ်စွာ ဆောင်ရွက်လို့ 
အားငယ်မှု အလျဉ်းမရှိ . . ဒါဏ်ရာတွေမှန်သမျှ
ပြန်လည်ချေပမှု အလျဉ်းမရှိ
မင်းကို ငါလေးစားမိတယ် 

ငါတို့ပေးတဲ့ ၁၀ % ဟာ မင်းအတွက် တကယ် အဖိုးတန်မှန်း
မင်းသိတယ် . . ရိုးသား ကြိုးစားညီမငယ်
ဘယ်နေရာမှာ နေနေ ဒီမြေဒီရေ ကို မမေ့စေနဲ့ 
မြန်မာ့မူ မြန်မာ့ဟန် မပျောက်စေနဲ့ 
အမျိုးကို ခင်တွယ် တရားကို ကိုးကွယ် 
အရာရာကို မင်း ခပ်လွယ်လွယ်မတွေးမှန်းငါသိတယ် 
ယမုံရေ . . .
နေခြည်ဖျန်းတဲ့ ပန်းကလေးတွေ ပွင့်တော့မယ် . .

အရှုံးမပေးနဲ့ မိငယ်ရယ် . . ရဲရင့်မှ ကျော်ဖြတ်သွား . . 

သက်တန့်ချို
1st Nov 2012

အဖိုးမဖြတ်နိုင်သော အစားထိုးရလာဒ် (ကျော်သူ)


Photo
ကျွန်တော်သည် ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလတွင် အမေရိကန်နိုင်ငံရှိ ဝါရှင်တန်မြို့တော်တွင် အမေရိကန်အစိုးရအဖွဲ့၏ အထောက်အပံ့ဖြင့် ဖွဲ့စည်းထားသော National Endowment for Democracy (NED) အဖွဲ့မှချီးမြှင့်သော ဒီမိုကရေစီ စွမ်းဆောင်သူများဟူသော 2012 Democracy Award ဆုအား လက်ခံရယူရန် သွားရောက်စဉ်က ကျွန်တော်၏လွယ်အိတ်တွင် ချိတ်ဆွဲထားသော အမ
ျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါ ရင်ထိုးတံဆိပ်အား အမေရိကန်နိုင်ငံတွင် TAXI မောင်း နေသော အီသီယိုပီးယားလူမျိုး၏ တောင်းဆိုချက်ကြောင့် ကျွန်တော်အမြတ်တနိုး ဂုဏ်ယူစွာချိတ်ဆွဲ ထားသော အမေစု (ဒေါ်အောင်ဆန်းစုကြည်)၏ ရုပ်ပုံပါရင်ထိုးအား ပေးလိုက်ခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်၍ ယခင် ကျွန်တော်ကိုယ်တိုင်ရေးသားခဲ့သော “လွမ်းလို့ကျန်ရစ်ခဲ့ရပြီ အမေ” ဟူသော ဆောင်းပါးတွင် ရေးသားခဲ့ပြီးဖြစ်သည်။ အမေစုကို မြန်မာပြည်သူလူထု၊ လူကြီး၊ ကလေးမကျန် သိရှိကြသလို ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံ တိုင်းပြည်များရှိ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များအပြင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် အီသီယိုပီးယား နိုင်ငံရှိ ပြည်သူများပါမကျန် သိရှိကြခြင်း၊ ကြည်ညိုကြခြင်းတို့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်သူ/သား များအဖို့ များစွာဂုဏ်ယူဖွယ်ဖြစ်သည်။ ထို့ပြင် “လွမ်းလို့ကျန်ရစ်ခဲ့ရပြီ အမေ” ဆောင်းပါးတွင် ရေးသား ခဲ့သော ဖြစ်ရပ်မှန်တွင် (အီသီယိုပီးယားလူမျိုး TAXI DRIVER အလွန်တောင်းတ လိုအပ်နေသော ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါရင်ထိုးအား ကျွန်တော်သည် သူ၏လက်ထဲသို့ ပေးလိုက်သောအခါ သူသည် ချက်ချင်းဆိုသလို သူ၏မော်တော်ကားရှေ့ရှိ သူတို့၏ သူရဲကောင်းများ၊ ခေါင်းဆောင်များ၊ သူတို့၏ ကိုးကွယ်ရာဖြစ်သော ဘုရားသခင်ပုံတော်တို့အား မြတ်မြတ်နိုးနိုး ချိတ်ဆွဲကာ မော်တော်ကား Dash Board နေရာတွင် အမေစုရုပ်ပုံ ရင်ထိုးအား ချိတ်ဆွဲထားလိုက်သည်။ အမေစုအား ကမ္ဘာ့ပြည်သူ အပေါင်း ဆင်းရဲချမ်းသာမရွေး၊ ကမ္ဘာ့နိုင်ငံခေါင်းဆောင်ဟူသမျှ လေးစား အသိမှတ်ပြုကြသည်မှာ အမေစု ရဲ့ ပြည်သူလူထုအပေါ်ထားရှိသော မှန်ကန်သည့် သစ္စာတရား၊ တိုင်းပြည်နှင့်လူမျိုးအပေါ်ထားရှိသော စစ်မှန်သည့် မေတ္တာတရားတို့၏ စွမ်းပကားတို့မှာ အရှိန်အဝါ ထုထည်ကြီးမားမှုကို လက်တွေ့ပြသ လိုက်ခြင်းဖြစ်သည်။ “ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဆိုသည့်စကား မှန်ကန်လှပေတော့ သည် အမေရယ်” ဟူ၍ ကျွန်တော်ရေးသားခဲ့ဖူးသည်။ ထိုစဉ်အခါက ကျွန်တော်၏ သက်မဲ့ ပိုင်ဆိုင်မှု တစ်ခုအား အခြားလူစိမ်းတစ်ဦးအား ပေးလိုက်ရ၍ တဒင်္ဂဆုံးရှုံးမှု ကွက်လပ်တစ်ခု ဖြစ်ပေါ်ခံစားခဲ့ရသည်။ သို့သော် ယင်းတဒင်္ဂ ဆုံးရှုံးမှုသည် လူစိမ်းတစ်ယောက်၏ မြတ်နိုးစွာတန်ဖိုးထားရှိမှုကို မြင်တွေ့ခဲ့ရ၍ ဝမ်းသာပီတိ ကျေနပ်စွာဖြစ်မိသည်။ တစ်စုံတစ်ယောက်မှ မိမိပိုင်ဆိုင်သော အရာဝတ္ထုတစ်ခုအား လိုချင် တောင်းတမှုကို မိမိမှ ပြန်လည်၍ ပေးအပ်ခြင်း (ပေးဆပ်ခြင်း)တို့ကို ဆောင်ရွက်ခြင်းကြောင့် မိမိတွင် ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပေါ်ခဲ့သော်လည်း တစ်စုံတစ်ယောက်သောသူမှာ သူ၏ဆန္ဒပြည့်ဝသွားမှုကို ကြည့်ရှု မြင်တွေ့ခဲ့ရသောအခါ မိမိသည်လည်း ထိုတစ်စုံတစ်ယောက်၏ ကြည်နူးဝမ်းသာမှုတို့ကို ပြန်လည်၍ ကူးစက်ခံစားစေနိုင်သကဲ့သို့ ကျွန်တော်တို့ လူမှုရေးသမားများအနေဖြင့် ယင်းကဲ့သို့ ပေးဆပ်မှု၏ ရလဒ် ဖြစ်သော ပီတိကိုယ်သာ စားသုံးရသည် မဟုတ်ပါလား။ ယင်းဖြစ်ရပ်မှန် ဖြစ်စဉ်ဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း ကျွန်တော်တို့၏ NED ဆုပေးပွဲနှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် အမေရိကန်နိုင်ငံအစိုးရမှ ချီးမြှင့်သော DEDICALTED TO PROMOTING FREEDOM AND DEMOCRACY IN BURMA ဟူသော ရွှေတံဆိပ်ဆုပေးပွဲတို့ ပြီးဆုံး သွားသောအချိန်တွင် ကျွန်တော်သည် အမေရိကန်နိုင်ငံရှိ သုဿန်များကို လိုက်လံလေ့လာပြီး မြန်မာ နိုင်ငံသို့ ပြန်ရတော့မည်ဖြစ်သောကြောင့် ကျွန်တော်၏ ညီဝမ်းကွဲရှိရာ လော့အိန်ဂျလစ်မြို့ နေအိမ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ရန်ကုန်မြို့သို့ မထွက်ခွာမှီ (၂) ရက်ခန့်အလိုတွင် ကျွန်တော်နေထိုင်ရာ လော့အိန် ဂျလစ်မြို့ နေအိမ်သို့ စာတိုက်မှတဆင့် ပါဆယ်ထုတ်တစ်ထုတ် ကျွန်တော့်နာမည်နှင့် ရောက်ရှိလာခဲ့ သည်။ ကျွန်တော်သည် ထိုပါဆယ်ထုတ်အား ဖွင့်ကြည့်သောအခါ ကျွန်တော် မမျှော်လင့်သော၊ မထင် မှတ်သော၊ တန်ဖိုးထားသော ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါ ဆုတံဆိပ်ကြီးအား မြင်တွေ့ရတော့သည်။ ယင်း ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါ ဆုတံဆိပ်ကြီးအား ကျွန်တော် ရင်းနှီးစွာ၊ အကျွမ်းဝင်စွာ၊ မကြာခဏ ယခုရက်ပိုင်းအတွင်း မြင်တွေ့ခဲ့ဖူးသည်။ စင်စစ် ယင်းဆုတံဆိပ်ကြီးသည် ဒေါ်အောင်ဆန်းစုကြည် အတွက် အမေရိကန်နိုင်ငံအစိုးရမှ ချီးမြှင့်သော DEDICALTED TO PROMOTING FREEDOM AND DEMOCRACY IN BURMA ဟူသော ရွှေတံဆိပ်ပုံစံတူ တစ်ခုပင်ဖြစ်တော့သည်။ ယင်းပါဆယ်ထုတ်နှင့် အတူ တွဲပါလာသော စာအိတ်အား ဖွင့်ဖတ်ကြည့်သောအခါ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ (ဗာဂျီးနီးယား) မြို့နေ မြန်မာလူမျိုးဖြစ်သော ဒေါက်တာစိန်ဝင်းနှင့် ဇနီး ဒေါက်တာတင်မိုးသူတို့မှ ကျွန်တော်နှင့် ကျွန်တော် ၏ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်တို့၏ လူမှုရေး လုပ်ဆောင်မှုများအား အထူးကျေးဇူးတင် ဂုဏ်ယူ မိပါကြောင်းနှင့် ယခုပေးလိုက်သော လက်ဆောင်ပစ္စည်းမှာလည်း အမေရိကန်နိုင်ငံအစိုးရမှ ချီးမြှင့်သော DEDICALTED TO PROMOTING FREEDOM AND DEMOCRACY IN BURMA ဟူသော ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်သော ရွှေတံဆိပ်ဆု ပုံစံတူတစ်ခုဖြစ်သည့်အပြင် ယင်းရွှေတံဆိပ်ပုံစံတူ စုစုပေါင်း (၁ဝဝ) ခုသာ အမေရိကန်နိုင်ငံ အစိုးရ US Government Mint မှထုတ်လုပ်ခဲ့ကြောင်းနှင့် ယင်း ကုမ္ပဏီမှ ဆုတံဆိပ် (၁ဝဝ) ထဲမှ မိမိတို့ ကြိုတင်မှာယူဝယ်ထားခဲ့ကာ ဦးကျော်သူတို့ ဇနီးမောင်နှံအား မိမိတို့မှ ဂုဏ်ပြုသည့်အနေဖြင့် အမှတ်တရ ပို့ပေးခြင်းဖြစ်ကြောင်း ရေးသားထားသည်ကို အံ့သြဝမ်းသာ စွာဖြင့် ဖတ်ရှုရတော့သည်။ ထို့ကြောင့် ယခင်ကျွန်တော်၏ လွယ်အိတ်တွင် ချိတ်ဆွဲထားသော အမေဒေါ်စု ရုပ်ပုံရင်ထိုးမှ နေ့ချင်းညချင်း ကမ္ဘာ့နိုင်ငံကြီးဖြစ်သော အမေရိကန်နိုင်ငံအစိုးရမှ ချီးမြှင့်သည့် အမေစုရုပ်ပုံပါ ပုံစံတူတံဆိပ်ကြီးအဖြစ် ပြောင်းလဲသွားမှုကို တွေ့မြင်ခံစားမိတော့သည်။ ကျွန်တော်၏ သက်မဲ့ပိုင်ဆိုင်မှု တစ်ခုအား အခြားလူစိမ်းတစ်ဦးအား ပေးလိုက်ရ၍ တဒင်္ဂဆုံးရှုံးမှု ကွက်လပ်တစ်ခုသည် နေ့ချင်းရက်ချင်း အတွင်း ကျွန်တော့်အဖို့ အဖိုးမဖြတ်နိုင်သော ရလာဒ်တစ်ခု၊ တန်ဖိုးကြီးမားလှသော ကွက်လပ်တစ်ခုကို ပြန်လည်အစားထိုး ရရှိခဲ့ခြင်းပင်ဖြစ်ပေသည်။ ကျွန်တော်ရေးသားခဲ့သော “လွမ်းလို့ကျန်ရစ်ခဲ့ရပြီ အမေ” ဖြစ်ရပ်မှန်ဆောင်းပါး၏ နောက်ဆုံးစာပိုဒ်ဖြစ်သည့် “ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဆိုသည့်စကား မှန်ကန်လှပေတော့သည် အမေရယ်” ဟူသောစကားသည်လည်း ကျွန်တော့်အဖို့ လုံးဝ ဥဿုံ မှန်ကန်လှပေတော့သည်။ ကျော်သူ

“ရော့ဟေ့ ... ပညာရေးနဲ့ ကျန်းမာရေးအတွက် လောက်အောင်သုံးကြ”

"အခုချက်ချင်းခုံပေါ်ကဆင်းကြပါလို့"

‎"အခုချက်ချင်းခုံပေါ်ကဆင်းကြပါလို့"

သမ္မတကဘာအတွက်လဲ၊သူ့အောက်ကလူတွေကဟိုပြောဒီပြော၊ပြည်သူတွေလမ်းပေါ်ထွက်တာကိုမမြင်ဘူးလား၊၁၉၈၂ဥပဒေနဲ့အညီနိုင်ငံသားရခွင့်ရှိတာအားလုံးလက်ခံပြီးသားပါ။တိုင်းရင်းသားမဟုတ်ဘူးလို့ပြောထားတာကိုအရှက်မရှိတိုင်းရင်းသားပါလို့စာရင်းသွင်းလုပ်ရင်တတိုင်းပြည်လုံးမိုးမီးလောင်သွားနိုင်ပါတယ်၊ လက်မခံနိုင်တာကိုကြေလည်အောင်မရှင်းရင်အားလုံးအရုပ်ဆိုးကုန်လိမ့်မယ်။တိုင်းပြည်ကိုဒီထက်ရောင်းစားဖို့နဲ့လုံခြုံမှုမပေးနိုင်ဘူးဆိုရင်ပွင့်ပွင့်လင်းလင်းပဲပြည်သူတွေတောင်းစရာတခုပဲရှိတယ်၊

"အခုချက်ချင်းခုံပေါ်ကဆင်းကြပါလို့"

The government is also understood to be considering whether to accept the Rohingya as a 'national race', but progress is expected to be slow because of Rakhine opposition.

http://www.telegraph.co.uk/news/worldnews/asia/burmamyanmar/9648329/Burma-considers-citizenship-for-Rohingya-Muslims.html

Photo: When the generals who had ruled the country for 26 years refused to step down and hold elections in the wake of the August 1988 student protests, demonstrators returned to the streets of Rangoon in September, days before the movement was violently crushed.
"အခုချက်ချင်းခုံပေါ်ကဆင်းကြပါလို့"

သမ္မတကဘာအတွက်လဲ၊သူ့အောက်ကလူတွေကဟိုပြောဒီပြော၊ပြည်သူတွေလမ်းပေါ်ထွက်တာကိုမမြင်ဘူးလား၊၁၉၈၂ဥပဒေနဲ့အညီနိုင်ငံသားရခွင့်ရှိတာအားလုံးလက်ခံပြီးသားပါ။တိုင်းရင်းသားမဟုတ်ဘူးလို့ပြောထားတာကိုအရှက်မရှိတိုင်းရင်းသားပါလို့စာရင်းသွင်းလုပ်ရင်တတိုင်းပြည်လုံးမိုးမီးလောင်သွားနိုင်ပါတယ်၊ လက်မခံနိုင်တာကိုကြေလည်အောင်မရှင်းရင်အားလုံးအရုပ်ဆိုးကုန်လိမ့်မယ်။တိုင်းပြည်ကိုဒီထက်ရောင်းစားဖို့နဲ့လုံခြုံမှုမပေးနိုင်ဘူးဆိုရင်ပွင့်ပွင့်လင်းလင်းပဲပြည်သူတွေတောင်းစရာတခုပဲရှိတယ်၊ 

"အခုချက်ချင်းခုံပေါ်ကဆင်းကြပါလို့"

The government is also understood to be considering whether to accept the Rohingya as a 'national race', but progress is expected to be slow because of Rakhine opposition.

http://www.telegraph.co.uk/news/worldnews/asia/burmamyanmar/9648329/Burma-considers-citizenship-for-Rohingya-Muslims.html

Photo: When the generals who had ruled the country for 26 years refused to step down and hold elections in the wake of the August 1988 student protests, demonstrators returned to the streets of Rangoon in September, days before the movement was violently crushed.

နိုင်ငံကူးလက်မှတ် သက်တမ်း ၅ နှစ်ထိ တိုး



Thursday, November 01, 2012 အိမ့်သံစဉ်


မြန်မာနိုင်ငံမှာ နိုင်ငံကူးလက်မှတ် သက်တမ်းကို အရင်က ၃ နှစ် သတ်မှတ်ခဲ့ရာက ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့က စတင်ပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေ၊ သက်တမ်းတိုး လျှောက်ထားသူတွေ အားလုံးကို ၅ နှစ်သက်တမ်း ရှိတဲ့ နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။

တချိန်က သင်္ဘောသားတွေအတွက် နိုင်ငံကူးလက်မှတ် သက်တမ်း ၅ နှစ်၊ အလုပ်သမားတွေအတွက် ၄ နှစ်နဲ့ အခြား နိုင်ငံကူး လက်မှတ် သက်တမ်း ၃ နှစ် သတ်မှတ်ထားရာက အခုတော့ အဆိုပါ အမျိုးအစား အားလုံး သက်တမ်း ၅ နှစ် သတ်မှတ်ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ယနေ့ထုတ် ကြေးမုံ သတင်းစာ မှာ ဖော်ပြထားပါတယ်။



အခုလို သက်တမ်း တိုး သတ်မှတ်ပေးလိုက်ပေမယ့် ပါ့စ်ပို့ လုပ်ရာမှာ ကုန်ကျစာရိတ်တွေကို တိုးမြှင့် ကောက်ခံသွားဖို့ မရှိဘူးလို့ လည်း ဆိုထားပါတယ်။

အခုဆိုရင် ပါ့စ်ပို့ လျှောက်ထားသူတွေဟာ တချိန်တုန်းကလို မြို့နယ်က အခွန်ကင်းရှင်းကြောင်း ပုံစံ ၁၇ နဲ့ ပြည်ပထွက်မယ့်သူတွေကို ထိုအခွန်ကင်းရှင်းကြောင်း ထောက်ခံသက်သေခံ ပုံစံ ၁၉ ဆိုတာတွေ မလိုအပ်တော့တဲ့အတွက် ပါ့စ်ပို့ လျှောက် ထားသူတွေအတွက် ပိုပြီး အဆင်ပြေမှာဖြစ်ပါတယ်။

နိုင်ငံကူး လက်မှတ် လျှောက်ထားသူတွေအနေနဲ့ ထုံးစံအတိုင်း နိုင်ငံသားမှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းဝင် ( ပုံစံ- ၁၀ )၊ တက္ကသိုလ် ဘွဲ့ရ ဖြစ်ပါက ပညာရေး ကင်းရှင်းကြောင်း ထောက်ခံချက်၊ အသက် ၁၀ နှစ်အောက် ကလေးများဖြစ်ပါ က မွေးစာရင်းပါရှိရမှာဖြစ်ပြီး အငြိမ်းစား ၀န်ထမ်းများ ဖြစ်ပါက အလုပ်မှ အလုပ်မှ နုတ် ထွက်စာ သို့မဟုတ် ပင်စင်စားများ ဖြစ်ပါက ပင်စင်စာအုပ်ယူဆောင်လာရမှာဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံကူးလက်မှတ် သက်တမ်း ၅ နှစ်ထိ တိုး

Thursday, November 01, 2012  အိမ့်သံစဉ်  


မြန်မာနိုင်ငံမှာ နိုင်ငံကူးလက်မှတ် သက်တမ်းကို အရင်က ၃ နှစ် သတ်မှတ်ခဲ့ရာက ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့က စတင်ပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေ၊ သက်တမ်းတိုး လျှောက်ထားသူတွေ အားလုံးကို ၅ နှစ်သက်တမ်း ရှိတဲ့ နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။ 

တချိန်က သင်္ဘောသားတွေအတွက် နိုင်ငံကူးလက်မှတ် သက်တမ်း ၅ နှစ်၊ အလုပ်သမားတွေအတွက် ၄ နှစ်နဲ့ အခြား နိုင်ငံကူး လက်မှတ် သက်တမ်း ၃ နှစ် သတ်မှတ်ထားရာက အခုတော့ အဆိုပါ အမျိုးအစား အားလုံး သက်တမ်း ၅ နှစ် သတ်မှတ်ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ယနေ့ထုတ် ကြေးမုံ သတင်းစာ မှာ ဖော်ပြထားပါတယ်။



အခုလို သက်တမ်း တိုး သတ်မှတ်ပေးလိုက်ပေမယ့် ပါ့စ်ပို့ လုပ်ရာမှာ ကုန်ကျစာရိတ်တွေကို တိုးမြှင့် ကောက်ခံသွားဖို့ မရှိဘူးလို့ လည်း ဆိုထားပါတယ်။ 

အခုဆိုရင် ပါ့စ်ပို့ လျှောက်ထားသူတွေဟာ တချိန်တုန်းကလို မြို့နယ်က အခွန်ကင်းရှင်းကြောင်း ပုံစံ ၁၇ နဲ့ ပြည်ပထွက်မယ့်သူတွေကို ထိုအခွန်ကင်းရှင်းကြောင်း ထောက်ခံသက်သေခံ ပုံစံ ၁၉ ဆိုတာတွေ မလိုအပ်တော့တဲ့အတွက် ပါ့စ်ပို့ လျှောက် ထားသူတွေအတွက် ပိုပြီး အဆင်ပြေမှာဖြစ်ပါတယ်။ 

နိုင်ငံကူး လက်မှတ် လျှောက်ထားသူတွေအနေနဲ့ ထုံးစံအတိုင်း နိုင်ငံသားမှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းဝင် ( ပုံစံ- ၁၀ )၊ တက္ကသိုလ် ဘွဲ့ရ ဖြစ်ပါက ပညာရေး ကင်းရှင်းကြောင်း ထောက်ခံချက်၊ အသက် ၁၀ နှစ်အောက် ကလေးများဖြစ်ပါ က မွေးစာရင်းပါရှိရမှာဖြစ်ပြီး အငြိမ်းစား ၀န်ထမ်းများ ဖြစ်ပါက အလုပ်မှ အလုပ်မှ နုတ် ထွက်စာ သို့မဟုတ် ပင်စင်စားများ ဖြစ်ပါက ပင်စင်စာအုပ်ယူဆောင်လာရမှာဖြစ်တယ်လို့ သိရပါတယ်။

စိတ်ပျက်စရာ ကောင်းလောက်တဲ့  ဒေါ်အောင်ဆန်းစုကြည်လို့  ဧရာဝတီအောင်ဇေါ်က စော်ကား လိုက်ပြီ



------------------------------------------

မြန်မာနိုင်ငံ သမ္မတရုံးမှ ထုတ်ပြန်တဲ့  ရခိုင်အရေးနဲ့ ပတ်သက်လို့  နောက်ကွယ်က ကြိုးကိုင်သူများကို ဖမ်းဆီးအရေးယူ ဖေါ်ထုတ်တော့မည်ဟု ကြေညာချက်ထုတ်ပြန်လိုက်ပါတယ် ။ ဒီိလို သမ္မတရုံးက ကြေညာချက်ထုတ်ပြန်တာကို အခုဖြစ်ပျက်နေတဲ့  ရခိုင်ပြည်နယ်အရေးမှာ နောက်ကွယ်က ကြိုးကိုင် သွေးထိုးလှုံ့ 
ဆော်နေသူ တဦးဖြစ်တဲ့  ဧရာဝတီဂျာနယ် အယ်ဒီတာ အောင်ဇေါ်က သူ့ သက်လုံ သူကိုယ်တိုင် မလုံမလဲဖြစ်လာတဲ့ အခါ မနေ့ က ရခိုင်ပြည်နယ်အရေး ပြုပြင်ပြောင်းလဲမှု အတွက် နိမိတ်ဆိုး ဆိုပြီး ဆောင်းပါး တပုဒ် ရေးသား ဖေါ်ပြလိုက်ပါတယ် ။
အင်္ဂလိပ်ဘာသာနဲ့  ရေသားဖြန့် ချီပြီး သူကိုယ်တိုင်ဘာသာပြန်တဲ့  အဲဒီဆောင်းပါးမှာ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်ဝေဖန်ရေးသားလိုက်တာဖြစ်ပါတယ် ။ သူက ( စိတ်ပျက်စရာ ကောင်းလောက်အောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  နိုင်ငံရေးပါတီအဖွဲ့ အစည်းတွေက ရခိုင်အရေးနဲ့  ပတ်သက်လို့  ဘာတခွန်းမှ ၀င်ရောက်ပြောဆိုခြင်း မပြုလုပ်ဘူး ) လို့  အဲဒီလို ဒေါ်အောင်ဆန်းစုကြည် နာမည်ကို တိတိကျကျ ဖေါ်ပြပြီး စွပ်စွဲရေးသား တိုက်ခိုက် ထားတာဖြစ်ပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးအနေနဲ့  ဥရောပနိုင်ငံများသို့  ပြည်ပခရီးစဉ်အဖြစ် ထွက်ချိန်မှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့  အရေးနဲ့  ပတ်သက်လို့  မွတ်ဆလင်ဘာသာကို ကိုးကွယ်တဲ့  ဘင်္ဂလီလူမျိုးများရဲ့  နာမည်သစ်ဖန်တီးထားတဲ့ လူမျိုးနဲ့ ပတ်သက်လို့  ( I don”t know ) လို့  တခွန်းထဲ ဖြေဆိုခဲ့ သူုဖြစ်ပါတယ် ။ တကယ်လဲ မြန်မာနိုင်ငံမှာ အဲဒီလူမျိုးဟာ တိုင်းရင်းသားလူမျိုး မဟုတ်ဘူးဆိုတာ ခလေးကအစ လူတိုင်းသိကြပါတယ် ။ ဘင်္ဂလီလူမျိုးကို တချို့ က ကုလားလို့  ခေါ်ပြီး တချို့ က ခေါ်တောကုလားလို့  ခေါ်ကြပါတယ် ။
အမေရိကနိုင်ငံကို ရောက်လာတဲ့ အခါမှာလဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဘင်္ဂလီလူမျိုးများကို မသိရှိတဲ့ အကြောင်းနဲ့  တရားဥပဒေအရ ဆောင်ရွက်မှသာ ဖြစ်မယ်ဆိုတဲ့  အကြောင်း ဟောပြောသွားတာတွေ ရှိခဲ့ ပါတယ် ။ ဒါပေမဲ့  မွတ်ဆလင်ဘာသာဝင်ကိုးကွယ်တဲ့  ဘင်္ဂလီကုလားလူမျိုးတွေက ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ လူမျိုးကို အသိအမှတ် ပြုလို့  မပြောတဲ့ အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုနဲ့ တောင် မတန်တဲ့  မိန်းမတယောက်ဖြစ်တယ် ။ ဒါ့ကြောင့် အဲဒီဆုကို ပြန်လည်ရုပ်သိမ်းသင့်တယ် ဆိုပြီး စာတွေ ထုတ်ပြန်နေကြတာတွေ့ ရပါတယ် ။
အဲဒီလိုဘဲ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့  နိုင်ငံရေးပါတီတွေ ပြည်ပမှာ ရှိနေတဲ့  တိုင်းရင်းသားနိုင်ငံရေးပါတီတွေကလဲဘဲ ရခိုင်ပြည်နယ်အရေးမှာ အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရပ်တန့် စေဖို့  နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို အကြံပေးတင်ပြနေကြပါတယ် ။ သိက္ခာရှိကြတဲ့  နိုင်ငံရေးသမားများ ၊ စာရေးဆရာများနဲ့  တတ်သိပညာရှင်များတွေဟာ ရခိုင်ပြည်နယ် အရေးကို တည်ငြိမ်အေးချမ်းစေဖို့  နည်းလမ်းပေါင်းများစွာကို ချပြထောက်ပြနေကြပါတယ် ။
ဒီတော့ခါ ဘာ့ကြောင့်များ ဧရာဝတီ အောင်ဇေါ်က သွေးရူးသွေးတန်း ပြောလာရပါသလဲ ။ ဒီလို ဝေဖန်ပြောလိုက်တဲ့ အခါမှာ သူဟာ သွေးထိုးလှုံ့ ဆော် ဖန်တီးနေသူ မဟုတ်တော့ဘူးဆိုတာ သက်သေပြလိုက်သူဖြစ်တယ် ဆိုပြီး လှည့်လုံးလှည့်ကွက်တွေနဲ့  ရေးသားပြတာဖြစ်ပါတယ် ။ တကယ်တော့ သူ့ ရဲ့ ဆောင်းပါးဟာ တကယ့်ကို သွေးထိုး လှုံ့ ဆော်သူ တဦးရဲ့  ဝေါဟာရတွေ တိတိကျကျ ပါဝင်နေလို့ ပါဘဲ ။ ထိုင်းနိုင်ငံ နယ်စပ်မှာ နေတဲ့  ( Arakan Project ) ဒါရိုက်တာ မစ္စခရစ် လေးဝါး ( Ms Cheric Lewa ) ဟာ မြန်မာနိုင်ငံရခိုင်ပြည် နယ်ကို တခေါက်တလေမျှ မရောက်ဖူးပါလျှက်နဲ့  ရခိုင်စီမံကိန်းကို အကြောင်းပြပြီး လုပ်ကြံစားသောက်နေသူဖြစ်တယ် ။ သူမဟာ သမိုင်းလိမ်ဘင်္ဂလီလူမျိုးတွေအတွက် အကောင်းဆုံးသွေးထိုး လှုံ့ ဆော်သူဖြစ်တယ် ။ သူမပြောတာက အခုအရေးဟာ ရိုဟင်ဂျာ အရေးမဟုတ်တော့ဘဲ မွတ်ဆလင်ဘာသာရေး ပြသနာဖြစ်နေပြီလို့  ပြောဆိုလိုက်တာဟာ အင်မတန်မှာ ပဋိပက္ခကို ဖန်တီးစေဖို့  စကားလုံးဖြစ်ပြီး မနေ့ က ရိုက်တာသတင်းဋ္ဌါနကို ထုတ်ဖေါ်ပြောလိုက်တာဖြစ်တယ် ။ ဒါဟာ မြန်မာနိုင်ငံကို ဘာသာရေးစစ်ပွဲ တခုဆီသို့  မီးလောင်တိုက်သွင်းလိုက်တဲ့  သွေးထိုးလှုံ့ ဆော်ခြင်း တခုဖြစ်တယ် ။ သူမနဲ့ ပါတ်သက်လို့  အောင်ဇေါ်က အဲဒီဆောင်းပါးမှာ တရားဝင် ရေးထားတာကို ကြည့်ရင် အောင်ဇေါ်ဟာ သွေးထိုးလှုံ့ ဆော်သူဖြစ်ကြောင်း ထင်ရှားနေပါတယ် ။
သူ့ ရဲ့  ဧရာဝတီစာမျက်နှာကို ကြည့်လိုက်ရင် သူဟာ ဗုဒ္ဒဘာသာဝင် မြန်မာနိုင်ငံတော်အတွက် ဘာတခုမှ ရေးသားနေခဲ့ သူမဟုတ်ဘဲ သူကိုယ်တိုင် ရခိုင်လူမျိုးတွေရဲ့  နေထိုင်ရာ ရခိုင်ပြည်နယ်ကို မရောက်ဖူးသလို ရခိုင်တို့ ရဲ့  ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကိုလဲ မသိကျိုးကျွံ ပြုနေသူဖြစ်တယ် ဆိုတာ တွေ့ ရပါလိမ့်မယ် ။ သူသိနေတာဟာ ဘင်္ဂလီကုလားတွေကို အသိအမှတ်ပြုပေး ရေးသားနေတာနဲ့ ဘဲ ပိုက်ဆံမျက်မျက်ကလေး ရနေတယ် ဆိုတဲ့  အချက်ဘဲ ဖြစ်ပါတယ် ။ ဘာ့ကြောင့်ဆိုတော့ သူ့ ဆရာ ဦးဟန်ညောင်ဝေက သူတို့ ကို ဖန်တီးကျွေးမွေးထားလို့ ပါဘဲ ။
ဘာဘဲဖြစ်ဖြစ် အောင်ဇေါ်ဟာ ခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ပျက်စရာကောင်းလောက်အောင် ကောင်းတဲ့  ဒေါ်အောင်ဆန်းစုကြည်လို့  ဝေဖန်ပြောဆိုလိုက်တာဟာ ပြည်ပက ပြောနေတဲ့  ဘင်္ဂလီကုလားတွေရဲ့  အသံနဲ့  တထေရာတည်း တူညီနေပါတယ် ။ ဒီတော့ ကျနော်တို့ တွေ သဘောပေါက်သင့်ပါပြီ ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးထဲမှာ ဘင်္ဂလီကုလားလူမျိုး မပါဘူးလို့  အတိအလင်း ကြေညာထားတယ်ဆိုတာ မြန်မာနိုင်ငံသားတိုင်း လက်ခံထားကြပါတယ် ။ လက်မခံတဲ့  အောင်ဇေါ်လို လူမျိုးတွေက ဘာဖြစ်လို့  မြန်မာနိုင်ငံသားတွေနဲ့  သစ္စာတရားကို မကိုင်တွယ်နိုင်ကြရတာလဲ ။ ပြည်ပက ဘင်္ဂလီကုလားတွေဟာ ပြည်တွင်းမှာ ဆူပူမှုတွေ ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွါးအောင် ဖန်တီး ခိုင်းစေနေတာဖြစ်တယ် ဆိုတာ ထင်ရှားနေပါတယ် ။ သူတို့ တွေဟာ ရှေးဦးစွာ ရွာလုံးကျွတ် ပြေးရတဲ့  ဒုက္ခသည်များအဖြစ် ဖန်တီးခြင်း ၊ လှေစီးပြေး ဒုက္ခသည်များအဖြစ် ဖန်တီးခြင်း ၊ ပြည်တွင်းဒုက္ခသည်များ အဖြစ် ဖန်တီးခြင်း ၊ ပြည်တွင်းမှာ ကိုယ့်အိမ်ကို ကိုယ်ကိုတိုင်မီးရို့ ပြီး ရခိုင်တွေက မီးရို့ လို့  နေစရာမရှိဟု ရေးသား ဖေါ်ပြခြင်း ၊ ရခိုင်လူမျိုးတွေကို လည်လှီးသတ်ဖြတ်ပြီးမှ သူတို့ ကို ရခိုင်လူမျိုးတွေက သတ်ဖြတ်ခြင်း ဆိုပြီး လုပ်ကြံ လိမ်ညာ ၀ါဒဖြန် ခြင်း ၊ သူတို့ တွေဟာ တိုင်းရင်းသားလူမျိုး တယောက်အဖြစ် အသိအမှတ် ပြု မခံရခြင်း တို့ ကို အသိအမှတ်ပြု ခံရအောင် ပြည်ပအဖွဲ့ အစည်းတွေနဲ့ အကွက်ချ စီမံကိန်းတွေ ရေးဆွဲ ပြီး လုပ်ကိုင်ကြသူများဖြစ်ပါတယ် ။ အဲဒီလိုဘဲ ဧရာဝတီစာမျက်နာတွေမှာ ဘင်္ဂလီကုလားတွေရဲ့  ဓါတ်ပုံတွေကိုသာ ဖေါ်ပြပြီး နိုင်ငံခြားသားများသိအောင် အင်္ဂလိပ်ဘာသာနဲ့  ရေးသားဖေါ်ပြခြင်းများကို အစဉ်တစိုက်ပြုလုပ်ဆောင်ရွက်ရာမှာ ပူးပေါင်းပါဝင် နေခဲ့ သူများ ဖြစ်ပါတယ် ။
ဒီတော့ အောင်ဇေါ်ဟာ နိုင်ငံတော် သစ္စာဖေါက် တယောက်ဖြစ်သလို အခုလို အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွါးနေတဲ့  ပဋိပက္ခတွေမှာလဲ အဓိက တာဝန်ရှိသူ တဦးဖြစ်ပါတယ် ။ သူ့ ကို ဖမ်းဆီးအရေးယူဖို့  လိုအပ်ကြောင်း အကြံပြု တင်ပြလိုက်ရပါတယ် ။

စံထွန်းခိုင် ( မဟာအောင်မြေ )